To Love❤(Complete)

By TommyBell92

2.1M 143K 2.7K

မမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ More

Intro
Part 1*
Part 2*
Part 3*
Part 4*
Part 5*
Part 6*
Part 7*
Part 8*
Part 9*
Part 10*
Part 11*
Part 12*
Part 13*
Part 14*
Part 15*
Part 16*
Part 17*
Part 18*
Part 19*
Part 20*
Part 21*
Part 22*
Part 23*
Part 24*
Part 25*
Part 26*
Part 27*
Part 28*
Part 29*
Part 30*
​ဖြေရှင်းချက်*
Part 31*
Part 32*
Part 33*
Part 34*
Part 35*
Part 36*
Part 37*
Part 38*
Part 39*
Part 41*
Part 42*
Part 43*
Part 44*
Part 45*
Part 46*
Part 47*
Part 48*
Part 49*
Part 50*
Part 51*
Part 52*
Part 53*
Part 54*
Part 55*
Part 56*
Part 57*
Part 58*
Part 59*
Part 60*
Part 61*
Part 62*
Part 63*
Part 64*
Part 65*
Part 66*
Part 67*
Part 68*
Part 69*
Part 70*
Part 71*(Final)
ကျေးဇူးတင်လွှာ*
To My Dear Readers ❤
Extra*
Book Announcement!!
Book Cover
Book Order Time💙

Part 40*

23.7K 1.6K 48
By TommyBell92

ကလေးငယ်က ဘာစကားမှမပြောပဲ ကျွန်တော့်ကိုသာ ဖက်တွယ်ထားသည်ကြောင့် ဘာမှမမေးတော့ပဲ ကလေးငယ်ကို ပွေ့ချီကာ အိမ်ကိုသာ ပြန်လာလိုက်သည်။

အိမ်ရောက်တော့ ဉီးထင်က

"သခင်ကြီး အဆင်ပြေရဲ့လား"
ဉီးထင်လည်း သတင်းတွေကို တွေ့လိုက်သည့်ပုံပင်...တကယ်လည်း ကျွန်တော် အဆင်ပြေသည်မို့ ခေါင်းကို ငြိမ့်ပြကာ အိပ်ခန်းထဲကိုသာ ဝင်လာလိုက်သည်။

အိပ်ရာပေါ်သေချာထိုင်လိုက်ကာ နေလင်းယူလာပေးသော ဆေးဘူးကို ဖွင့်လိုက်ပြီး ဂွမ်းတွင် ဆေးကိုတို့လိုက်သည်။

"ကလေးငယ် ကိုကို့ကို လွှတ်ပါဉီး၊ ကိုကို ဆေးထည့်ပေးမယ်"ဆိုတော့ ခေါင်းကို ခါပြသည်။ ငိုတော့မငိုပေမယ့် စိတ်ထဲ ဝမ်းနည်းနေသေးပုံ ရသည်။

ကျွန်တော့်အတွက် အဆင်ပြေပေမယ့် ကလေးငယ်အတွက် အများပြောတဲ့ဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ၊ အားလုံးက ဖူးဖူးမှုတ်ထားခြင်းခံရတဲ့ ကလေးငယ်ကို

"ဘာတွေ ဝမ်းနည်းနေတာလဲ ကလေးငယ်ရဲ့..ဟမ် ကိုကို့်ကို ပြောပြ"

"သားကြောင့် ကိုကို့ကို သူများတွေ ပြောကုန်ကြပြီ"

ကလေးငယ်က သူ့ကြောင့်ဆိုတာကြီးကို ခေါင်းထဲ ထည့်ထားတာ ဖြစ်မည်။

"မဟုတ်တာ ကလေးငယ်ကြောင့် မဟုတ်ရပါဘူး၊ ဒါက ဘယ်သူကြောင့်မှမဟုတ်ဘူး ဒီနေ့မဟုတ်ရင်တောင် တနေနေ့တော့ သူတို့ သိရမှာပဲ၊ သိတာ နောက်ကျတာနဲ့ စောတာပဲ ကွာတာ၊ ကိုကို့အတွက် ကလေးငယ်က ဘာအပြစ်မှ မရှိတဲ့သူ၊ကလေးငယ်အပြစ်လုပ်ထားရင်တောင် ကိုကို စိတ်မပျက်သွားဘူး၊ အဲ့အပြစ်ကိုတောင် ကိုကိုလုပ်တာပါလို့ ခံယူသွားဉီးမှာ"

"............."

"ပြီးတော့ ကလေးငယ် ကိုကို့ကို ဘာမှ ဖုံးကွယ်ထားစရာမလိုဘူး၊ ကလေးငယ်ဆီ ပို့နေတဲ့ စာတွေ ကိစကိုလည်း ကိုကို စုံစမ်းခိုင်းထားတာမို့ စိတ်မပူနဲ့တော့နော်"

"သားလေ...သား ကလေးမဆန်အောင် ဘယ်လိုလုပ်ရမလဲဟင် "

မျက်ဝန်းအိမ်ထဲက ရွန်းလဲ့နေတဲ့ မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့ ကလေးငယ်၊ စကားလုံးတိုင်းက ကလေးငယ်ကို နာကျင်စေသည်။ ကျွန်တော်ကိုယ်တိုင် နူးနူးည့ံည့ံနေဖို့ သင်ပေးထားခဲ့သလို နာကျင်မှုတွေ မရှိအောင် ဂရုစိုက်ခဲ့သည်။ပတ်ဝန်းကျင်ဆိုတဲ့ အရာကိုတောင် ဂရုမစိုက်ပဲပေါ​့။

"ကိုကို့အတွက် ကလေးငယ် ဘာမှ ပြောင်းလဲပေးစရာမလိုဘူး၊ အရှိတိုင်းသာနေပါ ကလေးငယ်၊ ဒါ ကိုကို့ရဲ့ တောင်းဆိုချက်ဆိုတာ ပိုမှန်မယ်၊တခြား ဘယ်အရာမှမလိုဘူး ကလေးငယ်နဲ့ တူတူ ရှိနေရရင် တော်ပြီ၊ ကိုကို့အတွက် ဘာကိုပဲ စွန့်လွှတ်ရ စွန့်လွှတ်ရ ကလေးငယ်ကိုတော့ မစွန့်လွှတ်နိုင်ဘူး"

"..........."

"နာကျင်စရာတွေကို မေ့လိုက်ပါ ကလေးငယ်၊ကိုကိုက ကလေးငယ်ဘက်မှာ ရှိနေတယ်၊ ကိုကိုကလည်း ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာ မဟုတ်တဲ့သူ၊ ဒါကြောင့် ကလေးငယ်က ကိုကိုနဲ့ တူတူ ပျော်ပျော်ရွှင်ရွှင်လေးသာ နေပေး၊ ကျန်တာ ကိုကို့ကိစမို့ ကလေးငယ် စိတ်မညစ်ပါနဲ့ ဝမ်းလည်းမနည်းပါနဲ့"

"သားနဲ့ ကိုကို့နဲ့ကို ခွဲဖို့ လူတွေ ရှိလာခဲ့ရင်ရော၊ အဲ့လူတွေက ကိုကို့ကို တနည်းနည်းနဲ့ ခေါ်သွားရင်ရော"

ဒီစကားအတွက် ကလေးငယ်ဟာ အားယူပြောနေရမှန်း သိသာသည်။ တုန်ယင်နေသော အသံကို ထိန်းချုပ်ပြီး အဆုံးနားရောက်တော့ တိမ်ဝင်သွားတဲ့အသံနဲ့အတူ ကျဆင်းလာတဲ့ မျက်ဝန်းထဲက မျက်ရည်

တခြားသူအတွက်တော့ မသိ၊ ထို မျက်ရည်ဟာ ကျွန်တော့်အတွက် တန်ဖိုးရှိလှသည်။ ကျွန်တော့်ရဲ့ နှလုံးသားကိုပင် နာကျင်သွားအောင် လုပ်နိုင်တဲ့ မျက်ရည်၊ တခြားသူကြောင့် မနာကျင်ရပေမယ့် ကလေးငယ်ကြောင့် ကျွန်တော် နာကျင်ရသည်။

"ကဲ ဘာလို့ တွေးနေတာတုန်းကလေးငယ်ရဲ့၊ ကိုကိုနဲ့ ကလေးငယ်ကို ဘယ်သူက လာခွဲရဲမှာလဲ၊ ကိုကို့ကို ယုံ၊ ကလေးငယ်ကော ကိုကို့ကိုရော ဘယ်သူ့ကိုမှ လာမထိစေရဘူး"

*ဘာလို့ဆို လာထိတာနဲ့ အားလုံးကို သတ်ပစ်မှာမို့*

ဝမ်းနည်းနေတဲ့ ကလေးငယ်အား ဘာမှ မပြောပေမယ့် ကျွန်တော့်ကို မှီကာ မျက်လုံးကို မှိတ်ထားသည်။

"ကလေးငယ် လိမ်မာပါတယ် ကိုကို ဆေးထည့်ပေးမယ်နော်"

ကလေးငယ်ရဲ့ ဒဏ်ရာတွေအား ဆေးထည့်ပေးကာ စပ်နေမှာစိုးတာကြောင့် လေအေးနဲ့ မှုတ်ပေးလိုက်သည်

"အရမ်း မစပ်တော့ဘူးမလား"ဆိုတော့ ခေါင်းလေးတော့ ညိမ့်ပြသည်။

"ခနလေး အိပ်လိုက်နော်၊ ကိုကို ချော့သိပ်မယ်"

"ဘယ်မှ မသွားနဲ့နော်"ဆိုကာ ကျွန်တော့် အကျီစလေးကို ဆွဲထားပြန်သည်။

ဘယ်လို လုပ်ရမလဲ ၊ကလေးငယ်ရဲ့ အပြုအမူတိုင်းက ကျွန်တော့်ကို နာကျင်စေသည်။ကျွန်တော်လည်း ကလေးငယ်ကို လှဲအိပ်စေကာ ဘေးမှာ ဝင်အိပ်လိုက်ပြီး

"ကိုကို ဘယ်မှ မသွားပါဘူး စိတ်ချနော်"လို့ ပြောပြီးသည်အထိ စိုးရိမ်နေသေးကြောင်းက ကလေးငယ်ရဲ့ မျက်လုံးကို ကြည့်လိုက်သည်နှင့် သဘောပေါက်လိုက်သည်။ ကျွန်တော့်လက်အား ကလေးငယ်ရဲ့ ခေါင်းအောက်အား လျှိုသွင်းလိုက်ကာ တကုိယ်လုံးမြုပ်နေအောင် ဖက်ထားလိုက်သည်။

စိတ်ချသွားဟန်ရှိတော့မှ မျက်လုံးလေးမှိတ်ကာ အိပ်သွားသော ကလေးငယ်၊ ဆံပင်လေးကို လက်လေးနဲ့ ဖယ်လိုက်ပြီး ရှင်းလင်းလာတဲ့ မျက်နှာလေးကို အမြတ်တနိုးကြည့်လိုက်သည်။

ကျွန်တော့်အတွက် အဆင်ပြေနိုင်တဲ့အရာဆိုပေမယ့် ကလေးငယ်အတွက်ကတော့ နာကျင်စရာ တစ်ခုလို ဖြစ်နေသည်။ အခုတော့ အိပ်သွားပြီဆိုပေမယ့် နိုးလာတဲ့အခါ စိုးရိမ်စိတ်တွေ ထပ်ရှိလာဉီးမည်ထင်သည်။ ဖျောက်ဖျတ်ပေးဖို့ရာ ကျွန်တော့်တာဝန်သာဖြစ်သည်။

အိတ်ကပ်ထဲက တုန်ခါလာသော ဖုန်းကြောင့် ကြည့်လိုက်တော့ နေလင်းဆက်တာပင်....

"သခင်ကြီး နှစ်ဖက်မိဘတွေ ရောက်နေပါတယ်"

"ဟုတ်ပြီ ငါဆင်းခဲ့မယ်"

ကျွန်တော် ကလေးငယ် အခြေအနေကို ကြည့်ပြီး လက်ကို သေချာဆွဲထုတ်ကာ အိပ်နေရာမှ သေချာထလိုက်သည် ပြီးနောက် အခန်းထဲက ထွက်လာကာ လူကြီးတွေနဲ့ တွေ့ဖို့ သွားလိုက်သည်။

ဧည့်ခန်းထဲရောက်တော့ အားလုံးက စိုးရိမ်နေကြသည်။

"သား အဆင်ပြေရဲ့လား"

"ပြေပါတယ် ေမမေ"

"မြေးလေး အဆင်ပြေရဲ့လား"ဆိုကာ မေးလာသူကိုကြည့်လိုက်တော့ ကလေးငယ်ရဲ့ အဘွား ဖြစ်သည်။

"ကျွန်တော်တောင်းပန်ပါတယ် ကလေးငယ်ကို မျက်ရည်ကျအောင် လုပ်မိလို့"

"အိုကွယ် မြေးတောင်းပန်စရာမလိုပါဘူး၊ မြေး အဆင်မှ ပြေပါ့မလားလို့ မေးကြည့်တာပါ၊ ဖွားဖွားတို့်ကို တောင်းပန်စရာမလိုဘူး"

"ဟုတ်တယ်သား.....ဂျစ်ဂျစ်လေးကို သားဘယ်လောက်ချစ်လဲဆိုတာ အဖေတို့ အသိပဲ၊ သားပင်ပန်းနေမှာစိုးလို့ အဖေတို့ လာတွေ့တာ၊သားတို့ အမှားမဟုတ်ပါဘူး"

"ကျွန်တော် အဆင်ပြေပါတယ် ဒါပေမယ့် ကလေးငယ်ကတော့ ကျွန်တော့်ကို အရမ်းစိတ်ပူနေတယ် ပြီးတော့ သတင်းကြောင့် ကျွန်တော့်ဆီ ပြေးလာတယ်လို့ကြားတယ် ပွန်းရာပဲ့ရာလေးတွေတော့ ဖြစ်သွားတယ်"

"အေးပါကွယ် ဖွားဖွားတို့ ဉီးထင်ပြောလို့ သိရပြီးပါပြီ"

"သား ဂျစ်ဂျစ်လေးကို ဂရုစိုက်နော်၊ မနက်ဖြန် မေမေတို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်ထားတယ်"

"ဟုတ်ကဲ့ပါ မေမေ၊ သားလည်း အဲ့တာဘက်ကိုတောင် မလှည့်ဖြစ်ဘူး၊ ကလေးငယ် ဝမ်းနည်းနေတာနဲ့"

"အမေတို့ ညထိ ရှိနေမှာ၊ ဂျစ်ဂျစ်လေးလည်း အဆင်ပြေသွားအောင်လို့"

"ဒါဆို ကျွန်တော် အခု ကလေးငယ်ဆီသွားလိုက်ဉီးမယ်၊ တော်ကြာ နိုးလာရင် ရှာနေမှာစိုးလို့"

"အေးအေး"

...................

အဆင်ပြေကြရဲ့လား😁

Love you all of my readers❤
~~~~~~~~~~~~~~~~~~

Zawgyi!!!!!!

ကေလးငယ္က ဘာစကားမွမေျပာပဲ ကြၽန္ေတာ့္ကိုသာ ဖက္တြယ္ထားသည္ေၾကာင့္ ဘာမွမေမးေတာ့ပဲ ကေလးငယ္ကို ေပြ႕ခ်ီကာ အိမ္ကိုသာ ျပန္လာလိုက္သည္။

အိမ္ေရာက္ေတာ့ ဉီးထင္က

"သခင္ႀကီး အဆင္ေျပရဲ႕လား"
ဉီးထင္လည္း သတင္းေတြကို ေတြ႕လိုက္သည့္ပုံပင္...တကယ္လည္း ကြၽန္ေတာ္ အဆင္ေျပသည္မို႔ ေခါင္းကို ၿငိမ့္ျပကာ အိပ္ခန္းထဲကိုသာ ဝင္လာလိုက္သည္။

အိပ္ရာေပၚေသခ်ာထိုင္လိုက္ကာ ေနလင္းယူလာေပးေသာ ေဆးဘူးကို ဖြင့္လိုက္ၿပီး ဂြမ္းတြင္ ေဆးကိုတို႔လိုက္သည္။

"ကေလးငယ္ ကိုကို႔ကို လႊတ္ပါဉီး၊ ကိုကို ေဆးထည့္ေပးမယ္"ဆိုေတာ့ ေခါင္းကို ခါျပသည္။ ငိုေတာ့မငိုေပမယ့္ စိတ္ထဲ ဝမ္းနည္းေနေသးပုံ ရသည္။

ကြၽန္ေတာ့္အတြက္ အဆင္ေျပေပမယ့္ ကေလးငယ္အတြက္ အမ်ားေျပာတဲ့ဒဏ္ကို ဘယ္ခံနိုင္ပါ့မလဲ၊ အားလုံးက ဖူးဖူးမႈတ္ထားျခင္းခံရတဲ့ ကေလးငယ္ကို

"ဘာေတြ ဝမ္းနည္းေနတာလဲ ကေလးငယ္ရဲ႕..ဟမ္ ကိုကို့္ကို ေျပာျပ"

"သားေၾကာင့္ ကိုကို႔ကို သူမ်ားေတြ ေျပာကုန္ၾကၿပီ"

ကေလးငယ္က သူ႕ေၾကာင့္ဆိုတာႀကီးကို ေခါင္းထဲ ထည့္ထားတာ ျဖစ္မည္။

"မဟုတ္တာ ကေလးငယ္ေၾကာင့္ မဟုတ္ရပါဘူး၊ ဒါက ဘယ္သူေၾကာင့္မွမဟုတ္ဘူး ဒီေန႕မဟုတ္ရင္ေတာင္ တေနေန႕ေတာ့ သူတို႔ သိရမွာပဲ၊ သိတာ ေနာက္က်တာနဲ႕ ေစာတာပဲ ကြာတာ၊ ကိုကို႔အတြက္ ကေလးငယ္က ဘာအျပစ္မွ မရွိတဲ့သူ၊ကေလးငယ္အျပစ္လုပ္ထားရင္ေတာင္ ကိုကို စိတ္မပ်က္သြားဘူး၊ အဲ့အျပစ္ကိုေတာင္ ကိုကိုလုပ္တာပါလို႔ ခံယူသြားဉီးမွာ"

"............."

"ၿပီးေတာ့ ကေလးငယ္ ကိုကို႔ကို ဘာမွ ဖုံးကြယ္ထားစရာမလိုဘူး၊ ကေလးငယ္ဆီ ပို႔ေနတဲ့ စာေတြ ကိစကိုလည္း ကိုကို စုံစမ္းခိုင္းထားတာမို႔ စိတ္မပူနဲ႕ေတာ့ေနာ္"

"သားေလ...သား ကေလးမဆန္ေအာင္ ဘယ္လိုလုပ္ရမလဲဟင္ "

မ်က္ဝန္းအိမ္ထဲက ႐ြန္းလဲ့ေနတဲ့ မ်က္ရည္ေတြနဲ႕ ေမာ့ၾကည့္လာတဲ့ ကေလးငယ္၊ စကားလုံးတိုင္းက ကေလးငယ္ကို နာက်င္ေစသည္။ ကြၽန္ေတာ္ကိုယ္တိုင္ ႏူးႏူးည့ံည့ံေနဖို႔ သင္ေပးထားခဲ့သလို နာက်င္မႈေတြ မရွိေအာင္ ဂ႐ုစိုက္ခဲ့သည္။ပတ္ဝန္းက်င္ဆိုတဲ့ အရာကိုေတာင္ ဂ႐ုမစိုက္ပဲေပါ့။

"ကိုကို႔အတြက္ ကေလးငယ္ ဘာမွ ေျပာင္းလဲေပးစရာမလိုဘူး၊ အရွိတိုင္းသာေနပါ ကေလးငယ္၊ ဒါ ကိုကို႔ရဲ႕ ေတာင္းဆိုခ်က္ဆိုတာ ပိုမွန္မယ္၊တျခား ဘယ္အရာမွမလိုဘူး ကေလးငယ္နဲ႕ တူတူ ရွိေနရရင္ ေတာ္ၿပီ၊ ကိုကို႔အတြက္ ဘာကိုပဲ စြန့္လႊတ္ရ စြန့္လႊတ္ရ ကေလးငယ္ကိုေတာ့ မစြန့္လႊတ္နိုင္ဘူး"

"..........."

"နာက်င္စရာေတြကို ေမ့လိုက္ပါ ကေလးငယ္၊ကိုကိုက ကေလးငယ္ဘက္မွာ ရွိေနတယ္၊ ကိုကိုကလည္း ဘယ္သူ႕ကိုမွ ဂ႐ုစိုက္ေနမွာ မဟုတ္တဲ့သူ၊ ဒါေၾကာင့္ ကေလးငယ္က ကိုကိုနဲ႕ တူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလးသာ ေနေပး၊ က်န္တာ ကိုကို႔ကိစမို႔ ကေလးငယ္ စိတ္မညစ္ပါနဲ႕ ဝမ္းလည္းမနည္းပါနဲ႕"

"သားနဲ႕ ကိုကို႔နဲ႕ကို ခြဲဖို႔ လူေတြ ရွိလာခဲ့ရင္ေရာ၊ အဲ့လူေတြက ကိုကို႔ကို တနည္းနည္းနဲ႕ ေခၚသြားရင္ေရာ"

ဒီစကားအတြက္ ကေလးငယ္ဟာ အားယူေျပာေနရမွန္း သိသာသည္။ တုန္ယင္ေနေသာ အသံကို ထိန္းခ်ဳပ္ၿပီး အဆုံးနားေရာက္ေတာ့ တိမ္ဝင္သြားတဲ့အသံနဲ႕အတူ က်ဆင္းလာတဲ့ မ်က္ဝန္းထဲက မ်က္ရည္

တျခားသူအတြက္ေတာ့ မသိ၊ ထို မ်က္ရည္ဟာ ကြၽန္ေတာ့္အတြက္ တန္ဖိုးရွိလွသည္။ ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားကိုပင္ နာက်င္သြားေအာင္ လုပ္နိုင္တဲ့ မ်က္ရည္၊ တျခားသူေၾကာင့္ မနာက်င္ရေပမယ့္ ကေလးငယ္ေၾကာင့္ ကြၽန္ေတာ္ နာက်င္ရသည္။

"ကဲ ဘာလို႔ ေတြးေနတာတုန္းကေလးငယ္ရဲ႕၊ ကိုကိုနဲ႕ ကေလးငယ္ကို ဘယ္သူက လာခြဲရဲမွာလဲ၊ ကိုကို႔ကို ယုံ၊ ကေလးငယ္ေကာ ကိုကို႔ကိုေရာ ဘယ္သူ႕ကိုမွ လာမထိေစရဘူး"

*ဘာလို႔ဆို လာထိတာနဲ႕ အားလုံးကို သတ္ပစ္မွာမို႔*

ဝမ္းနည္းေနတဲ့ ကေလးငယ္အား ဘာမွ မေျပာေပမယ့္ ကြၽန္ေတာ့္ကို မွီကာ မ်က္လုံးကို မွိတ္ထားသည္။

"ကေလးငယ္ လိမ္မာပါတယ္ ကိုကို ေဆးထည့္ေပးမယ္ေနာ္"

ကေလးငယ္ရဲ႕ ဒဏ္ရာေတြအား ေဆးထည့္ေပးကာ စပ္ေနမွာစိုးတာေၾကာင့္ ေလေအးနဲ႕ မႈတ္ေပးလိုက္သည္

"အရမ္း မစပ္ေတာ့ဘူးမလား"ဆိုေတာ့ ေခါင္းေလးေတာ့ ညိမ့္ျပသည္။

"ခနေလး အိပ္လိုက္ေနာ္၊ ကိုကို ေခ်ာ့သိပ္မယ္"

"ဘယ္မွ မသြားနဲ႕ေနာ္"ဆိုကာ ကြၽန္ေတာ့္ အက်ီစေလးကို ဆြဲထားျပန္သည္။

ဘယ္လို လုပ္ရမလဲ ၊ကေလးငယ္ရဲ႕ အျပဳအမူတိုင္းက ကြၽန္ေတာ့္ကို နာက်င္ေစသည္။ကြၽန္ေတာ္လည္း ကေလးငယ္ကို လွဲအိပ္ေစကာ ေဘးမွာ ဝင္အိပ္လိုက္ၿပီး

"ကိုကို ဘယ္မွ မသြားပါဘူး စိတ္ခ်ေနာ္"လို႔ ေျပာၿပီးသည္အထိ စိုးရိမ္ေနေသးေၾကာင္းက ကေလးငယ္ရဲ႕ မ်က္လုံးကို ၾကည့္လိုက္သည္ႏွင့္ သေဘာေပါက္လိုက္သည္။ ကြၽန္ေတာ့္လက္အား ကေလးငယ္ရဲ႕ ေခါင္းေအာက္အား လွ်ိုသြင္းလိုက္ကာ တကုိယ်လုံးမြုပ်နေအောင် ဖက္ထားလိုက္သည္။

စိတ္ခ်သြားဟန္ရွိေတာ့မွ မ်က္လုံးေလးမွိတ္ကာ အိပ္သြားေသာ ကေလးငယ္၊ ဆံပင္ေလးကို လက္ေလးနဲ႕ ဖယ္လိုက္ၿပီး ရွင္းလင္းလာတဲ့ မ်က္ႏွာေလးကို အျမတ္တနိုးၾကည့္လိုက္သည္။

ကြၽန္ေတာ့္အတြက္ အဆင္ေျပနိုင္တဲ့အရာဆိုေပမယ့္ ကေလးငယ္အတြက္ကေတာ့ နာက်င္စရာ တစ္ခုလို ျဖစ္ေနသည္။ အခုေတာ့ အိပ္သြားၿပီဆိုေပမယ့္ နိုးလာတဲ့အခါ စိုးရိမ္စိတ္ေတြ ထပ္ရွိလာဉီးမည္ထင္သည္။ ေဖ်ာက္ဖ်တ္ေပးဖို႔ရာ ကြၽန္ေတာ့္တာဝန္သာျဖစ္သည္။

အိတ္ကပ္ထဲက တုန္ခါလာေသာ ဖုန္းေၾကာင့္ ၾကည့္လိုက္ေတာ့ ေနလင္းဆက္တာပင္....

"သခင္ႀကီး ႏွစ္ဖက္မိဘေတြ ေရာက္ေနပါတယ္"

"ဟုတ္ၿပီ ငါဆင္းခဲ့မယ္"

ကြၽန္ေတာ္ ကေလးငယ္ အေျခအေနကို ၾကည့္ၿပီး လက္ကို ေသခ်ာဆြဲထုတ္ကာ အိပ္ေနရာမွ ေသခ်ာထလိုက္သည္ ၿပီးေနာက္ အခန္းထဲက ထြက္လာကာ လူႀကီးေတြနဲ႕ ေတြ႕ဖို႔ သြားလိုက္သည္။

ဧည့္ခန္းထဲေရာက္ေတာ့ အားလုံးက စိုးရိမ္ေနၾကသည္။

"သား အဆင္ေျပရဲ႕လား"

"ေျပပါတယ္ ေမမေ"

"ေျမးေလး အဆင္ေျပရဲ႕လား"ဆိုကာ ေမးလာသူကိုၾကည့္လိုက္ေတာ့ ကေလးငယ္ရဲ႕ အဘြား ျဖစ္သည္။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကေလးငယ္ကို မ်က္ရည္က်ေအာင္ လုပ္မိလို႔"

"အိုကြယ္ ေျမးေတာင္းပန္စရာမလိုပါဘူး၊ ေျမး အဆင္မွ ေျပပါ့မလားလို႔ ေမးၾကည့္တာပါ၊ ဖြားဖြားတို့္ကို ေတာင္းပန္စရာမလိုဘူး"

"ဟုတ္တယ္သား.....ဂ်စ္ဂ်စ္ေလးကို သားဘယ္ေလာက္ခ်စ္လဲဆိုတာ အေဖတို႔ အသိပဲ၊ သားပင္ပန္းေနမွာစိုးလို႔ အေဖတို႔ လာေတြ႕တာ၊သားတို႔ အမွားမဟုတ္ပါဘူး"

"ကြၽန္ေတာ္ အဆင္ေျပပါတယ္ ဒါေပမယ့္ ကေလးငယ္ကေတာ့ ကြၽန္ေတာ့္ကို အရမ္းစိတ္ပူေနတယ္ ၿပီးေတာ့ သတင္းေၾကာင့္ ကြၽန္ေတာ့္ဆီ ေျပးလာတယ္လို႔ၾကားတယ္ ပြန္းရာပဲ့ရာေလးေတြေတာ့ ျဖစ္သြားတယ္"

"ေအးပါကြယ္ ဖြားဖြားတို႔ ဉီးထင္ေျပာလို႔ သိရၿပီးပါၿပီ"

"သား ဂ်စ္ဂ်စ္ေလးကို ဂ႐ုစိုက္ေနာ္၊ မနက္ျဖန္ ေမေမတို႔ သတင္းစာရွင္းလင္းပြဲလုပ္ဖို႔ ျပင္ဆင္ထားတယ္"

"ဟုတ္ကဲ့ပါ ေမေမ၊ သားလည္း အဲ့တာဘက္ကိုေတာင္ မလွည့္ျဖစ္ဘူး၊ ကေလးငယ္ ဝမ္းနည္းေနတာနဲ႕"

"အေမတို႔ ညထိ ရွိေနမွာ၊ ဂ်စ္ဂ်စ္ေလးလည္း အဆင္ေျပသြားေအာင္လို႔"

"ဒါဆို ကြၽန္ေတာ္ အခု ကေလးငယ္ဆီသြားလိုက္ဉီးမယ္၊ ေတာ္ၾကာ နိုးလာရင္ ရွာေနမွာစိုးလို႔"

"ေအးေအး"

...................

အဆင္ေျပၾကရဲ႕လား😁

Love you all of my readers
~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

240K 16.9K 27
တယောသံလွင်လွင်လေးရယ် နှင်းဆီနီနီတွေရယ် အတိတ်တွေသည် မဟောင်းနွမ်းခဲ့ပါ။ သို့သော် အသစ်ဖြစ်တည်လာတဲ့ ဂစ်တာသံများက ထိုလူသား၏စိတ်ကိုပြောင်းလဲသွားစေမည်လား။ တ...
170K 9.5K 66
"ကေလး ဆိုလည္းခ်စ္မွာပဲ ကေလးရစ္လဲခံမွာပဲ ကေလး ဘယ္လိုေနေနခ်စ္မွာပဲ" "ဦးက ကေလး ရစ္တယ္ေျပာခ်င္တာလား ကေလး ကဆိုးတယ္ဆိုၿပီးသတ္မွတ္ထားတယ္ေပါ့" 🖤PerthSaint♥
62.3K 4.9K 24
[COMPLETED] Unicode and Zawgyi ================ Unicode --------- သွက်သွက်လက်လက်ရန်ကုန်သားလေးရယ် တောသားလူရိုးကြီးရယ်.....။ "တောသားကောင်ကချောလိုက်တာ...
824K 111K 110
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့...