ကလေးငယ်မှာ တော်တော်နဲ့ မအိပ်ပဲ ကျွန်တော့်ကို သူသိချင်တာတွေ တောက်လျှောက်မေးနေတော့သည်။ နောက်ဆုံး ကျွန်တော့်ကို ပံုပြင်ပြောပြပါဆိုလို့ ပြောပြတော့မှ အိပ်တော့သည်။
ကလေးငယ် အိပ်ပျော်သွားပေမယ့် ကျွန်တော့်မှာ အိပ်မရသေး၊ ကလေးငယ် လှုပ်ရှားမိလို့ အနာထပ်ထိသွားမှာ စိုးရသည်။ ကုတင်ခေါင်းရင်းမှာ ကျောမှီကာ ထိုင်လိုက်ပြီး ကလေးငယ်ကို ရင်ခွင်ထဲထည့်ကာ ချော့သိပ်နေမိသည်။
ခေါင်းလေးကို ပွတ်ပေးလိုက်၊ ခြေထောက်ကလေး လှုပ်လာရင် ထိန်းလိုက်နဲ့ မနက်သာ ရောက်လာခဲ့သည်။ ကျွန်တော် တညလုံးကြည့်ခဲ့ရတဲ့ မျက်နှာလေးက အခုထိ ကြည့်လိုက်တိုင်း ကြည်နူးမိနေတုန်း၊ ဘယ်လိုလုပ်ရမလဲ တရက်ထက်တရက် တိုးလာရတဲ့ အချစ်တွေကို၊နောင်တရမယ်လို့ ထင်ခဲ့တာ၊ အခုတော့ နောင်တမဟုတ်တဲ့ ကောင်းမွန်ခြင်းလက်ဆောင်ကို ရခဲ့တာပဲ၊ ဒီလက်ဆောင်က တသက်လုံး မပျောက်သွားအောင် ထိန်းသိမ်းရဖို့ တာဝန် ကျွန်တော့်မှာ ရှိလာချေပြီ။
ေတွးရင်းဆရင်း ကျွန်တော့်ရဲ့ ကိုယ်တော်လေးက နိုးလာသည်။ လူးလှိမ့်နေတဲ့ ကိုယ်တော်လေးကို လှမ်းထိန်းရပြန်သည်။
"ဟိုး.....ကိုယ်တော်လေးရေ ခြေထောက်ကို သတိထားပါဉီး"
"ကို...ကို"
အိပ်ရာထစ ခေါ်တဲ့အသံက ပုံမှန်ခေါ်သံနဲ့မတူ...ပိုပြီး အသည်းယားစရာကောင်းသည်။
"ပြော....ကိုယ့်ရဲ့ အချွဲလေး"
"သား ဗိုက်ဆာတယ်"
ကြည့် ဒီကောင်လေး နိုးလာတာနဲ့ စားဖို့ဆိုတာချည်းပဲ။
"ကလေးငယ်က နိုးလာတာနဲ့ စားဖို့အရင် သတိရတယ်နော်"
"ဟာ...ကိုကိုကလည်း အဲ့လို မဟုတ်ပါဘူး"
"ရပါပြီလေ ကလေးငယ်က ကိုကို့ကို မချစ်ဘူးထင်တယ် "
"မဟုတ်ဘူး ချစ်တယ်၊ ကိုကို့ကို အရမ်း ချစ်တယ်လို့"
"တော်ပါပြီ ထားလိုက်ပါတော့၊ ကိုကို မနက်စာ သွားပြင်လိုက်ဉီးမယ်"
"ကိုကို စိတ်မဆိုးနဲ့လေနော်၊ သားက ကိုကို့ကို အရမ်းချစ်တာလေ နော်လို့"
BINABASA MO ANG
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ