အချိန်တော်တော်ကြာလာတော့ အာကာ သီဟ ကျွန်တော်ရယ် ကလေးငယ်ရယ် လေးယောက်သာ ရှိတော့သည်။ သို့သော်လည်း အိပ်ငိုက်နေတယ်ဆိုတဲ့ ကလေးငယ်ကတော့ ကျွန်တော့်ပေါ်မှာ ခွလျက်ထိုင်ထားပြီး အိပ်ပျော်နေသည်။
"သုခ သောက်လေကွာ"
"တော်ပြီ ငါလည်း ဗိုက်ပြည့်နေပြီ"
"သောက်ပါကွာ သန့်မှူးလည်း အိပ်နေပြီပဲကို"
"ေတာ်ပါပြီကွာ အရက်န့ံကြောင့် ကလေးငယ် ခေါင်းကိုက်နေလိမ့်မယ်"
"အတွဲတွေကလည်း ပိုပြန်ပြီ"
"အပိုမဟုတ်ဘူးကွ သူနဲ့ပတ်သတ်ပြီး အကုန် ဂရုစိုက်ပေးရမှာက ငါ့တာဝန်ပဲမို့"
"အေးပါကွာ၊ ကြည့်ဉီး သန့်မှူးကလည်း အေးအေးဆေးဆေး အိပ်နိုင်သေးတယ်၊ အေးနေတော့မယ် ဝင်ရင် ဝင်တော့လေ"
"မင်းတို့လည်း နားတော့ သောက်တာ များနေပြီ"
"အေးပါကွာ"
ကျွန်တော်လည်း ကလေးငယ်ကို ပွေ့ချီလျက်နဲ့ပဲ အခန်းထဲ ပြန်လာလိုက်သည်။ အေးစက်စက်ဖြစ်နေတဲ့ ကလေးငယ်ရဲ့ လက်လေးတွေကို နွေးအောင် လုပ်ပေးရင်း ကျွန်တော်ပါ ကလေးငယ်နဲ့တူတူ အိပ်ရာဝင်လိုက်သည်။
"အိပ်မက်လှလှ မက်ပါစေ ကိုကို့ ကလေးငယ်လေး"
.....................
တစ်ဖက်တွင်...."တောက်စ်!!!! သူတို့ကျ ေပျာ်ပါးနေပြီး ငါ့ကျ ဘာလို့ အခုလို ဖြစ်နေရတာလဲ"
သုခတို့အကြောင်း သတင်းလွှင့်ခဲ့ရင် အားလုံးက ရှုံ့ချပြီး စီးပွားရေးတွေထိုးကျကာ ပျက်စီးသွားမယ်လို့ တွေးကာ လုပ်ခဲ့ပေမယ့် အခြေအနေက ထင်ထားသလို မဟုတ်ခဲ့ပေ။
ထိုအခြေအနေမျိုးဖြစ်လာခဲ့ရင် သူကိုယ်တိုင် သုခနားသွားပြီး ကူညီပေးကာ ချဉ်းကပ်ခြင်းတစ်မျိုးကို ဖန်တီးယူပြီး သိမ်းပိုက်ဖို့ ကြံစည်ခဲ့သည်။အခုတော့ ကိစတွေက အလိုလိုနေရင်း ဘာမှ မဖြစ်ခဲ့သလို ပျောက်ကွယ်သွားခဲ့သည်။
"ငါ လုံးဝ မကျေနပ်နိုင်ဘူး၊ ငါ ဘယ်လိုလုပ်ရမလဲ၊ ငါ အပိုင်ရဖို့ ဘယ်လို လုပ်ရမလဲ"
أنت تقرأ
To Love❤(Complete)
العاطفيةမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ