သုခ ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ သန့်မှူးက ဆူပုတ်ပုတ်အနေအထား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ကလေးငယ် ကိုိကု့ိကို ကြည့်၊ ဘာဖြစ်တာလဲ မျက်နှာကြီးက ဆူပုတ်လို့"
"မပြောချင်တော့ပါဘူး"
"ဘာလို့လဲ ကလေးငယ်ရဲ့"
"သားဘွားဘွားကို ဖုန်းဆက်လိုက်၊ ကိုကို့နဲ့ ဖုန်းပြောမလို့တဲ့"
"ဘွားဘွားက ဆူလိုက်လို့လား"
"မသိဘူး ဖုန်းပဲ ပြောလိုက်"
"ဟုတ်ပြီ ကိုိကို ဖုန်းပြောလိုက်မယ်"
သန့်မှူးအဘွားနဲ့ ဖုန်းပြောရမည်ဆိုတာကြောင့် အဝတ်အစား မြန်မြန်လဲလိုက်ရသည်။ ပြီးနောက် အဘွားဆီ ဖုန်းဆက်လိုက်ကာ
"ဘွား ကျွန်တော်နဲ့ ဖုန်းပြောချင်တယ်ပြောလို့"
"အေးကွယ် အဘွားဖြင့်မပြောချင်တော့ဘူး၊ သူ အနားမှာ ရှိနေလား ရှိနေရင် အပြင်ခနထွက်လိုက်ပါလား မြေး"
"ဟုတ် အဘွား"
"ကလေးငယ် ကိုကို ဖုန်းခနပြောလိုက်ဉီးမယ်နော်""သွား!"
ဘုဆတ်ဆတ်ဖြေလာတဲ့ ကလေးငယ်ရဲ့အဖြေကို ကျွန်တော် ပြုံးကာ ကြည့်လိုက်ပြီး ဝရံတာဘက်ကို ထွက်လာလိုက်သည်။
"ပြောလို့ရပြီ ဘွား"
"ဂျစ်ဂျစ်လေ နေမကောင်းဘူးတဲ့ အီလည်လည်ဖြစ်နေတာ မင်းကို သူမပြောချင်ဘူး စိတ်ပူနေမှာကြောက်လို့တဲ့"
" ဗျာ....ကျွန်တော် "
"အေးကွယ် သူဖြင့် ဟန်ဆောင်ကောင်းတယ်ပြောရမလားပဲ၊ အဘွားနဲ့ ပြောတာတောင် လွှတ်ခနဲ ပြောထွက်သွားတာ ထင်ပါရဲ့၊ မင်းကို မပြောနဲ့လို့ တားပါသေးတယ်၊ အဘွားစိတ်ပူလို့ပါကွယ် အဲ့မှာရောက်နေတုန်း ဆေးလေး စစ်လိုက်ကြပါလား မြေးသုခ"
"ဟုတ်ကဲ့ ဘွား၊ ကျွန်တော် လုပ်လိုက်ပါ့မယ်"
"အင်းအင်း ဘွားကို ဆေးစစ်ပြီးရင် ပြန်ဆက်လိုက်နော်"
"ဟုတ် အဘွား၊ စိတ်မပူနဲ့နော် ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ