Part 40*

23.4K 1.6K 48
                                    

ကလေးငယ်က ဘာစကားမှမပြောပဲ ကျွန်တော့်ကိုသာ ဖက်တွယ်ထားသည်ကြောင့် ဘာမှမမေးတော့ပဲ ကလေးငယ်ကို ပွေ့ချီကာ အိမ်ကိုသာ ပြန်လာလိုက်သည်။

အိမ်ရောက်တော့ ဉီးထင်က

"သခင်ကြီး အဆင်ပြေရဲ့လား"
ဉီးထင်လည်း သတင်းတွေကို တွေ့လိုက်သည့်ပုံပင်...တကယ်လည်း ကျွန်တော် အဆင်ပြေသည်မို့ ခေါင်းကို ငြိမ့်ပြကာ အိပ်ခန်းထဲကိုသာ ဝင်လာလိုက်သည်။

အိပ်ရာပေါ်သေချာထိုင်လိုက်ကာ နေလင်းယူလာပေးသော ဆေးဘူးကို ဖွင့်လိုက်ပြီး ဂွမ်းတွင် ဆေးကိုတို့လိုက်သည်။

"ကလေးငယ် ကိုကို့ကို လွှတ်ပါဉီး၊ ကိုကို ဆေးထည့်ပေးမယ်"ဆိုတော့ ခေါင်းကို ခါပြသည်။ ငိုတော့မငိုပေမယ့် စိတ်ထဲ ဝမ်းနည်းနေသေးပုံ ရသည်။

ကျွန်တော့်အတွက် အဆင်ပြေပေမယ့် ကလေးငယ်အတွက် အများပြောတဲ့ဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ၊ အားလုံးက ဖူးဖူးမှုတ်ထားခြင်းခံရတဲ့ ကလေးငယ်ကို

"ဘာတွေ ဝမ်းနည်းနေတာလဲ ကလေးငယ်ရဲ့..ဟမ် ကိုကို့်ကို ပြောပြ"

"သားကြောင့် ကိုကို့ကို သူများတွေ ပြောကုန်ကြပြီ"

ကလေးငယ်က သူ့ကြောင့်ဆိုတာကြီးကို ခေါင်းထဲ ထည့်ထားတာ ဖြစ်မည်။

"မဟုတ်တာ ကလေးငယ်ကြောင့် မဟုတ်ရပါဘူး၊ ဒါက ဘယ်သူကြောင့်မှမဟုတ်ဘူး ဒီနေ့မဟုတ်ရင်တောင် တနေနေ့တော့ သူတို့ သိရမှာပဲ၊ သိတာ နောက်ကျတာနဲ့ စောတာပဲ ကွာတာ၊ ကိုကို့အတွက် ကလေးငယ်က ဘာအပြစ်မှ မရှိတဲ့သူ၊ကလေးငယ်အပြစ်လုပ်ထားရင်တောင် ကိုကို စိတ်မပျက်သွားဘူး၊ အဲ့အပြစ်ကိုတောင် ကိုကိုလုပ်တာပါလို့ ခံယူသွားဉီးမှာ"

"............."

"ပြီးတော့ ကလေးငယ် ကိုကို့ကို ဘာမှ ဖုံးကွယ်ထားစရာမလိုဘူး၊ ကလေးငယ်ဆီ ပို့နေတဲ့ စာတွေ ကိစကိုလည်း ကိုကို စုံစမ်းခိုင်းထားတာမို့ စိတ်မပူနဲ့တော့နော်"

"သားလေ...သား ကလေးမဆန်အောင် ဘယ်လိုလုပ်ရမလဲဟင် "

မျက်ဝန်းအိမ်ထဲက ရွန်းလဲ့နေတဲ့ မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့ ကလေးငယ်၊ စကားလုံးတိုင်းက ကလေးငယ်ကို နာကျင်စေသည်။ ကျွန်တော်ကိုယ်တိုင် နူးနူးည့ံည့ံနေဖို့ သင်ပေးထားခဲ့သလို နာကျင်မှုတွေ မရှိအောင် ဂရုစိုက်ခဲ့သည်။ပတ်ဝန်းကျင်ဆိုတဲ့ အရာကိုတောင် ဂရုမစိုက်ပဲပေါ​့။

To Love❤(Complete)Tempat cerita menjadi hidup. Temukan sekarang