ကျွန်တော် လူကြီးတွေကို နှုတ်ဆက်ပြီးနောက် ကလေးငယ်ရှိရာ အိပ်ခန်းသို့ ပြန်ဝင်လိုက်သည်။အိပ်ရာပေါ်မှာ တစောင်းလေး အိပ်နေတဲ့ ကလေးငယ်နားသွားကာ လက်လေးကို ဆုပ်ကိုင်ပြီး လက်ဖမိုးလေးကို အနမ်းပေးမိသည်။ ဘယ်ချိန်ဖြစ်ဖြစ် ကလေးငယ်ဟာ ကျွန်တော့်ရဲ့ မြတ်နိုးရာသာ ဖြစ်သည်။
ခနနေတော့ ဟင်းခနဲဆိုတဲ့ သက်ပြင်းချသံနဲ့အတူ နိုးထလာတဲ့ ကလေးငယ်
"ကိုကို"ဆိုကာ ထူးရန်ကြံရွယ်ရုံရှိသေး ခုံပေါ်ထိုင်နေတဲ့ ကျွန်တော့်ဆီ ထလာကာ ပွေ့ဖက်ပြန်သည်။
"အိပ်ချင်သေးလား ကိုကိုကြောင့် နိုးသွားတာလား"
"ဟင့်အင်း"
ကျွန်တော့် ပခုံးထက် မေးလေးတင်ကာ ခေါင်းလေးစောင်းပြီး အနားယူနေတဲ့ကလေးငယ်အား အလိုက်သင့် ထွေးပိုက်ထားလိုက်သည်။
"ကလေးငယ် အောက်ထပ်မှာ လူကြီးတွေ ရောက်နေတယ်"
"သားအိမ်ကလား"
"ကလေးငယ်ဘက်ကရော ကိုကို့ဘက်ကရော"
"ကိုကို တွေ့ပြီးပြီလား"
"အင်း....အခု ကလေးငယ် သွားတွေ့မလား"
"အင်း ကိုကိုလည်း လိုက်ခဲ့နော်"
"လိုက်မှာပေါ့"
ကလေးငယ်ကို ထွေးပွေ့ထားလက်စနဲ့ ပွေ့ချီလိုက်တော့
"ကိုကို သားကို အောက်ချပေးလေ"
" ရှက်လို့လား ကလေးငယ်ရဲ့"
"ဟင့်အင်း ကိုကို့ကို အရမ်းအလိုလိုက်တာပဲလို့ ပြောလိမ့်မယ်"
"ပြောပစေ ဘာမှ မဖြစ်ဘူး"လို့ပြောတော့မှ ငြိမ်ငြိမ်လေး ကျွန်တော် ပွေ့ချီရာနောက် ပါလာသည်။
အောက်ထပ်ရောက်တော့ ကလေးငယ်ကို ချပြီးလိုက်သည်နှင့် ကလေးငယ်က သူ့အဖေနား ပြေးသွားတော့သည်။
"ဖေဖေ"
"..........."
ကလေးငယ်ရဲ့ အဖေကလည်း ကလေးငယ်အား ပွေ့ဖက်လိုက်သည်။"အခုမှ နိုးလာတာပေါ့"
"အင်း ဖေဖေတို့ရော ရောက်တာ ကြာပြီလား"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ