သုခ သန့်မှူးကို ချော့ပြီးသည်နှင့် နေ့လည်စာစားရန် အောက်ထပ်ကို ပြန်ခေါ်လာခဲ့သည်။ထမင်းစားပွဲနားရောက်တော့ သားဖြစ်သူက ဉီးထင် ထမင်းခွံ့ကျွေးနေ၍ စားနေသည်။ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ထမင်းပြင်တာကို စောင့်နေစဉ် သန့်မှူးနဲ့ သားဖြစ်သူကိုကြည့်ကာ သုခ စိတ်ထဲမှာ ရီမိသည်။
မျက်နှာချင်းဆိုင် ထိုင်နေပေမယ့် သန့်မှူးဟာ သားဖြစ်သူကို မပြည့်ပဲ မျက်နှာလွှဲထားသည်။သားဖြစ်သူကတော့ သူ့အပြစ်ကို သူ သိသည့်နှယိ်ငိုမဲ့မဲ့လေးဖြစ်နေသည်။ ခနနေတော့ မှူးထက်စေမင်းဟာ ထိုင်နေရာမှ ဆင်းလာပြီး သန့်မှူးနားရောက်လာသည်။
"ပါး"
"........"
"စိတ်ချိုးနဲ့နော်"
"........."
"ပါး....သား လိမ်မာမယ်ရေ"
"......."
လက်ကို လှုပ်ကာလှုပ်ကာ ချော့နေပေမယ့် သားဖြစ်သူကို ချေနေတဲ့ သန့်မှူးကြောင့် သုခ ပြုံးရပြန်သည်။ တက်လည်း တက်နိုင်လွန်းတဲ့ သားအဖရယ်ပါ။
"ကလေးငယ် စိတ်ဆိုးပြေလိုက်လေနော်၊ သားက ပြန်ချော့နေတာပဲကို"
"ကိုကိုက သူ့ဘက်ကမလား"
"ဟောဗျာ ကိုကိုက ပြေလည်ရာပြေလည်ကြောင်း ဝင်ရှင်းပေးတာပါဗျာ"
"ပါး...နော်ရို့ စိတ်ချိုးနဲ့"
"အဲ့ဒါဆို နောက်ခါကျရင် စကားနားထောင်မှာလားပြော"
"နားထောင်မယ်"
"သေချာလား"
"အင်း"
"လာ ပါးပါးပေါ်မှာ လာထိုင်"ဆိုကာ မှူးထက်စေမင်းအား ပေါင်ပေါ်ပွေ့တင်လိုက်သည်။
ချစ်နေကြတာလဲ သူတို့ဖြစ်သလို ရန်အဖြစ်ဆုံးကလည်း သူတို့နှစ်ယောက်သာ။ ပြန်တည့်သွားတော့ အဖတ်တောင်လုပ်ခြင်း မခံရတဲ့ သုခကတော့ ခေါင်းတခါခါနဲ့ပင်။
"ဒါနဲ့ ကိုိကို ဘာလို့ အစောကြီးပြန်လာတာလဲ"
"အိမ်က ပူတူးနှစ်ယောက်ကို လွမ်းလို့"
"ကိုကို မဟုတ်တာတွေ ပြောပြန်ပြီ"
"ဒီဒီက သားရို့ကို ရွမ်နေတာလား"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ