Part 36*

23K 1.6K 31
                                    

ကျွန်တော့်ကို ဖက်ကာ ငိုနေတဲ့ ကလေးငယ်ကို ကျွန်တော် မတားဖြစ်၊ ခေါင်းကို ရိုက်လိုက်သည်ဆိုတာကြောင့် ခေါင်းလေးကိုသာ ဖွဖွလေး ပွတ်ပေးရင်း စိတ်မကောင်းဖြစ်ရသည်။

"တိတ်...တိတ်ညကိုကို ရောက်ပြီလေ ကလေးငယ်ရဲ့"

"အင်....ဟင့်...."

ခုံအောက်မှာ ထိုင်နေတဲ့ ကလေးငယ်ရဲ့ ဂျိုင်းကနေ လက်ကို လျှိုသွင်းကာ မချီလိုက်ပြီး Sofaပေါ် ထိုင်လိုက်သည်

"အရမ်းနာသွားလို့လား"

"ဟင့်အင်း"

"တိတ်.....တိတ် ကိုကို မရှိတဲ့ချိန်မှ ဖြစ်ရတယ်လို့၊မငိုနဲ့...ကိုကို ကလေးငယ် ငိုတာ မတွေ့ချင်ဘူး...."ဆိုတော့ သူ့ရဲ့ လက်ဖမိုးတွေနဲ့ မျက်ရည်တွေကု် ကမန်းကတန်း သုတ်သည်။

"လိမ်မာလိုက်တာ ကိုကို့ကလေးလေးက"

"သားကို မဆူနဲ့နော် သား ဘာမှမလုပ်ဘူး၊ ကိုကို ပြောသလို ငြိမ်ငြိမ်ပဲနေတာ"

ကလေးငယ်က အခုကိစကို သူ့ကြောင့်ဖြစ်သွားတာလို့ ကျွန်တော် ထင်သွားမှာကို စိုးရိမ်နေသည်။

"ကိုကိုက ဆူစရာလားကွာ ကလေးငယ် အကြောင်း ကိုကို အသိဆုံး၊ ကလေးငယ် ဘာလုပ်လုပ် ကိုကို ပြောပြီးသား၊ ကိုကို လိုက်ရှင်းပေးမယ်ဆိုတာ"

"ဟုတ်"

"မျက်လူံးတွေတောင် နီနေပြီ"

"သားကို ဖက်ထားပေးဉီး"

"ဟုတ်ပါပြီဗျာ"

ကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်အိပ်ရင်း စကားတွေမပြောဖြစ်ကြ၊ အငိုတိတ်ဖို့ရာသာ စောင့်လိုက်သည်။

"ကလေးငယ် အိမ်ပြန်ချင်လား"

"ဟင့်အင်း ကိုကိုနဲ့ တူတူနေမှာ"

"ဒါဆို ကိုကိုနဲ့လိုက်ခဲ့ "

ကျွန်တော် ကလေးငယ်ရဲ့ အဖြေကို မစောင့်တော့ပဲ လက်ကို ဆုပ်ကိုင်ပြီး မပြီးပျက်သေးတဲ့ Meetingကို ခေါ်လာလိုက်သည်။

အခန်းထဲဝင်လိုက်တော့ လူအများကြီး ကျွန်တော့်တို့ကို ကြည့်နေတာကြောင့် ကလေးငယ်က ကျွန်တော့် နောက်ကျောမှာ ကွယ်၍ ရပ်သည်။ နေလင်းအား အရိပ်အကဲပြလိုက်ကာ ကျွန်တော် ထိုင်နေတဲ့ခုံရဲ့ဘေးမှာ ကလေးငယ်ထိုင်ဖို့ ခုံကို ပြင်ဆင်ပေးလိုက်သည်။

To Love❤(Complete)Tahanan ng mga kuwento. Tumuklas ngayon