Part 32*

24K 1.7K 47
                                    

အခု အခြေအနေကို ပြောပြရရင် ကလေးငယ်က ကျွန်တော်နဲ့ တူတူနေတဲ့ အိမ်မှာ ရှိမနေတာ ၂ရက်ရှိနေပြီ ဖြစ်သည်။ 'အလကာင်္ စံအိမ်'မှာ သွားနေနေတဲ့ ကလေးငယ်က ဘယ်လို ချော့ချော့မရ၊အင်းလေ....ကျွန်တော်ကိုက အမှားလုပ်မိတာကို

အကြောင်းအရင်းကို ပြောပြပါဆိုရင် မနေ့က အာကာနဲ့ သီဟရောက်နေတော့ စကားတွေပြောရင်း အိမ်မှာ သောက်ဖြစ်ကြသည်။ သောက်နေရင်း များမှန်းမသိ များသွားချေတော့ အသိစိတ်လွတ်လာသလောက်ဖြစ်သွားတဲ့ ကျွန်တော်က ကလေးငယ်ရဲ့ ပထမဆုံးအကြိမ်ကို ယူမိသည်။

ထိုနေ့မနက် ကျွန်တော်နိုးလာတော့ ဘေးမှာ မရှိတဲ့ ကလေးငယ်ကြောင့် ဉီးထင်ကိုမေးတော့ "အလကာင်္ စံအိမ်" ပြန်သွားသည်တဲ့။ ထိုအချိန်ကစပြီး ကလေးငယ်ဟာ ကျွန်တော့်ကို အတွေ့မခံတော့ပေ။

ကလေးငယ်နဲ့ ခွဲနေရတဲ့ ၂ရက်တာကာလဟာ တော်တော့်ကို ကြာသည်။ အတွေ့မခံတဲ့ ကလေးငယ်ရဲ့ မျက်နှာလေးကို မြင်ချင်သည်။ လွမ်းလွန်းလို့ ဘယ်လို လုပ်ရပါ့မလဲ၊ လက်မောင်းထက် အိပ်နေကျ ကလေးငယ်မရှိတော့ ညဘက် အိပ်ရတာ အဆင်မပြေ ဖြစ်ရသည်။ ဘာလုပ်လုပ် အဆင်မပြေနေတဲ့ ကျွန်တော့်စိတ်ကြောင့် ကလေးငယ်ကို မရရအောင် တွေ့ဖို့သာ ဆုံးဖြတ်လိုက်သည။

ကလေးငယ်ရဲ့ မိသားစုနဲ့ စကားပြောရမှာမို့ အသပ်ရပ်ဆုံး ပြင်ဆင်လိုက်ပြီး 'အလကာင်္ စံအိမ်'ကုိသာ ထွက်လာလိုက်သည်။

စံအိမ်ရောက်တော့ ကလေးငယ်ရဲ့ အဖွားက ကျွန်တော်လာတာမြင်သည်နှင့် ပြုံးပြသည်။

"လာလေ သုခ၊ အလုပ်အားသွားပြီလား"

"ဗျာ"

ကျွန်​တော် ဖွားဖွားပြောတာ နားမလည်လို့ စဉ်းစားရပြန်သည်။

"အော်....ဂျစ်ဂျစ်ကပြောတယ် သုခက အလုပ်မအားဖြစ်နေလို့တဲ့ အိမ်မှာ ခနနေမယ်ဆိုလို့လေ"

ကလေးငယ် အိမ်ပေါ်က ဆင်းသွားတယ်ဆိုတာ ဖွားဖွား မသိတာ ဖြစ်ရမည်။

"ဟုတ်ကဲ့ အဖွား၊ အလုပ်အားသွားပြီ"

"ဂျစ်ဂျစ်ကတော့ ထုံးစံအတိုင်း ဖျားနေပြန်ပြီ"

To Love❤(Complete)Where stories live. Discover now