ကိုယ်ဝန်လရင့်လာတာနဲ့အမျှ သန့်မှူးရဲ့ အရေပြားရောဂါအခြေအနေဟာ ပိုဆိုးလာခဲ့သည်။ ၆လလောက်ထိ သိပ်မဖြစ်ခဲ့ပေမယ့် ၇လလောက်ရောက်လာတော့ ခြေတွေလက်တွေ ရောင်တာမကျပဲ အရေပြားမှာလဲ နီရဲလို့နေသည်။
ဒါက သန့်မှူးအတွက် အဆင်မပြေတဲ့အနေအထားတစ်ခု ဖြစ်နေသည်။ အသားတွေကွာကျကာ နီနေသလိုဖြစ်တာမို့ နာကျင်မှုက ပြောမပြတတ်အောင် ဖြစ်ရသည်။
တခါတရံ ထိုအခြေအနေထက်ကျော်လွန်ကာ အသက်ရှူကျပ်တဲ့အထိ ဖြစ်တာမို့ အရင်က ေဆာင်ထားနေကျ ထိုးဆေးကို အမြဲလိုလို သုံးစွဲရသည့် အနေအထားရောက်လာခဲ့သည်။
ထိုအခြေအေနကို လက်တွေ့ကြုံနေရသူထက် မြင်တွေ့နေရသူ သုခက ပို၍ နာကျင်နေသည်။ အသက်ရှူကျပ်လို့ ဆေးထိုးရချိန်တိုင်း မမြင်ချင်လောက်အောင်ပင် သနားနေမိသည်။
သို်သော်လည်း ထိုအခြေအနေကြောင့် ကလေးရော လူကြီးပါ ထိခိုက်သွားမည်ကို စိုးရိမ်တာကြောင့် သောက်ဆေးထက် ထိုးဆေးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သုခသည် ရေချိုးခန်းထဲမှ ရေဇလုံနဲ့ တဘက်ကို ယူကာ လှဲအိပ်နေတဲ့ သန့်မှူးနားရောက်လာပြီး
"ကလေးငယ် ကိုိကို ေရဘတ်တိုက်ပေးမယ်နော်"
"ဟုတ်ကဲ့ ကိုကို"
ဒီကလေးလေးအတွက် အပင်ပန်းရဆုံးလူသားက အဖေနှစ်ယောက်ဆိုရင် မမှားနိုင်။ သို့သော်လည်း ချစ်သောစိတ်ကြောင့် အကောင်းဆုံး ဖြစ်နိုင်ဖို့သာ မျှော်လင့်သည်။ အကောင်းဆုံးလည်း စောင့်ရှောက်ဖို့ရာ တွေးထားကြသည်မို့ လွယ်လွယ်တော့ လက်မလျှော့နိုင်။
"နေသာရဲ့လား ကလေးငယ်"
"နေလို့အဆင်ပြေပါတယ် ကိုကို"
"အသားတွေက နီနေတုန်းပဲ ကိုကို လိမ်းဆေးလိမ်းပေးမယ်နော်"
"အင်း... ကိုကို"
"ဗျာ"
"ကိုကို သားကြောင့် ပင်ပန်းနေပြီလား"
"ဘာလို့ အဲ့လိုမေးတာလဲ ကလေးငယ်"
"ကိုကို ညလည်း ကောင်းကောင်းမအိပ်ရဘူး ပြီးတော့ သားနေလို့အဆင်မပြေတိုင်း ကိုကို စိုးရိမ်နေတာလေ"
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ