လုကျင်းဟိုင်သည် မသင်ကာသောအကြည့်ဖြင့် ကုလားထိုင်ကို မှီ၍ထိုင်နေသော သူ့သားကို အားစိုက်ကြည့်လိုက်သည်။သူတို့၏ကိုယ်နှုတ်အမူအရာ ပြောင်းလဲသွားသည်ကို လုချောင်က သတိပြုမိမှန်း သူချက်ချင်း သိလိုက်သည်။သူ့သားက သူ့လိုပဲ စမတ်ကျသကဲ့သို့သူ့၏ထက်သော မျက်လုံးတွေကနေ ဘယ်အရာမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။အဖေ နှင့် သား ယင်းကဲ့သို့ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်လာရသည့် အကြောင်းမှာ ဒါကြောင့် ဖြစ်သည်။ပြဿနာ ဖန်တီးသူများရန်မှ ကာကွယ်ပေးသည့် မျက်လုံးများ သူတို့တွင် ရှိကြသည်။
သူ့သားတစ်ခုခုများ မှန်းဆမိလျှင် မဖြစ်နိုင်သော ခန့်မှန်းချက်ဖြစ်ကြောင်း ပြုလုပ်နေသည့် လုကျင်းဟိုင်ကို တဘက်ဘက် မပါသော အကြည့်ဖြင့် လုချောင်က ကြည့်ရှုလိုက်သည်။
(T/N: neutral-တဘက်ဘက် မပါသော)
လုချောင်က အောက်ငုံ့၍ နာရီကို ဖျက်ခနဲ ကြည့်လိုက်ပြီး "အဖေ ကျွန်တော် အခု ရုံးကိုသွားရတော့မယ် ကျွန်တော်နောက်ကျနှင့်နေပြီ ကျွန်တော်ရဲ့ ကြန်ကြာ့မှုကြောင့် ရှောင်မင်က သတိပေးမယ်ဆိုရင်လည်း ကျွန်တော် တကယ့်ကို သွားသင့်တယ်"
လုချန်း နဲ့ လုချောင်က ရုံးသို့ သူတို့၏ သက်ဆိုင်ရာ ကားတွေနဲ့ ထွက်သွားကြပြီး လုကျင်းဟိုင်မှာတော့ နေ့တစ်ဝက်လောက် နေရဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ စုဟွေ့နှင့် နင်ကျားဟွေ့တို့ စကားပြောနေစဥ်တွင် အကြီးအကဲ လုနှင့် ကျောက်ရွှောင်တို့က သူတို့အခန်းသို့ ထွက်သွားကြသည်။
"ကိုယ် မနက်ဖြန်အတွက် အဖေတို့ အမေတို့နဲ့တူတူ ဆွေးနွေးစရာရှိတယ်"လုကျင်းဟိုင်က သူ့ဇနီးကို ပြောသဖြင့် သူမက ခွင့်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
မတူညီသည့် အခန်းဖြစ်သည့် အကြီးအကဲ လု တို့အခန်းကတော့ မြေညီထပ်တွင်ရှိသည်။အဘွား ကျောက်ရွှောင်၏ ဒူးခေါင်းပြဿနာနှင့် သူမချစ်သည့် လေသာခန်းနှင့် ပန်းခြံလမ်းတို့အတွက် သူတို့ မလွဲဧကန် ဒီအခန်းကို ယူလိုက်ရခြင်းဖြစ်သည်။
လုကျင်းဟိုင်က သူ့မိဘတွေရဲ့ အခန်းကို သွားပြီး တံခါးခေါက်လိုက်သည်။သူအခန်းသို့ ဝင်လိုက်သောအခါ သူ့အမေက ကုလားထိုင်တွင် ငြိမ်သက်စွာ ထိုင်နေစဥ်တွင် သူ့အဖေကတော့ မှန်ထည်ပြတင်းပေါက်၏ အရှေ့တွင် လက်တွေကို ဘောင်းဘီအိပ်ထဲ ထိုးသွင်းလျက် ကွက်လပ်ဖြစ်နေသော အပြင်ဘက်သို့ စိုက်ကြည့်နေသည်ကို သူ မြင်လိုက်ရသည်။
ပြတင်းပေါက်နားတွင် တွေဝေစွာ ငေးမောနေခြင်းဟာ အကြီးအကဲ လု တစ်စုံတစ်ခုကို စဥ်းစားလို့မရသည့်အခါတိုင်း လုပ်နေကျအရာဖြစ်သည်။သူကိုယ်တိုင် မြူးကြွနေကျ ပုံစံနဲ့ မတူတဲ့ မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားခဲ့သည်။အကြီးအကဲ လု ၏ ကြောက်ရွံ့စေသော ဘက်ခြမ်းကို သူ့မိန်းမ နှင့် သားကြီးသာလျှင် သိသည်။
"ကျွန်တော် အခန်းထဲ ဝင်လိုက်တဲ့ အချိန် နှစ်ယောက်လုံး ဒီလိုဖြစ်နေလိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်"လုကျင်းဟိုင်က သူ့အမေရဲ့ ဘေးကခုံတွင် ထိုင်ရင်း တည်ငြိမ်စွာပြောသည်။သူက သူ့အမေ၏ လက်ကိုကိုင်ပြီး နူးညံ့သောအသံဖြင့် ပြောသည်"အမေ ဘာတွေတွေးနေတာလဲ? ဒါကဘာမှစိုးရိမ်စရာ အကြောင်းမရှိဘူးဆိုတာ အမေသိပါတယ်"
"မင်းအဖေရဲ့ အကြောင်းနဲ့ အရင်က သူလုပ်ခဲ့တဲ့ ကတိကိုသာ အမေက စိုးရိမ်နေတာပါ"သူမ သား၏ လက်တွေကို ခိုင်မြဲစွာဆုပ်ကိုင်ရင်း နာကျင်နေသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ ကျောက်ရွှောင်က ပြောသည်။
"အဖေ" လုကျင်းဟိုင်က ခေါ်လိုက်သော်လည်း ဘာမှ တုံ့ပြန်လာမှုမရှိပေ။
လုကျင်းဟိုင်က သူ့အဖေကို စိတ်အနှောင့်အယှက် ထပ်မပေးတော့ပဲ သူ့အမေကိုပြန်ကြည့်သည်။အကြီးအကဲ လု၏ အေးစက်သော အခြမ်းက နှစ်ယောက်လုံးကို ကြောက်လန့်စေသည်။တောက်ပခြင်း နှင့် ဖောက်ပြန်ခြင်း အောက်တွင် ယင်းကဲ့သို့ ဘက်ခြမ်းမျိုး သူ့တွင် ဖုံးကွယ်ထားမည်ဟု မည်သူမှ စိတ်မကူးနိုင်ဘူး။သူ့ရဲ့ဘက်ခြမ်းက လူတစ်ယောက်ကို သူရှေ့တွင်ပဲ စကားမပြောနိုင်ဘဲ ကြောက်လန့်မှုဖြင့် တုန်ရီစေနိုင်သည်။
"ဒီအကြောင်းကို လုံးဝဘယ်နည်းနဲ့မဆို ဘယ်သူမှ မသိသင့်ဘူး"
ခဏတာ တိတ်ဆိတ်မှုအပြီးမှာတော့ ကျောက်ရွှောင်နှင့် လုကျင်းဟိုင်သည် အမိန့်ပေးနေသော စကားလုံးများကို ကြားလိုက်ရသည်။ယခင်ကပုံစံအတိုင်း ပြတင်းပေါက် အပြင်ဘက်သို့ စိုက်ကြည့်လျက်ရှိသော အကြီးအကဲ လု ၏ နောက်ကျောဘက်ကို နှစ်ယောက်လုံး ကြည့်လိုက်ကြသည်။
"စိတ်ချနေပါ အဖေ ဒီလျို့ဝှက်ချက်ကို ကျွန်တော့်ရဲ့ အုတ်ဂူထဲထိ ယူသွားပါ့မယ်"လုကျင်းဟိုင်က ဆက် မပြောတော့ပဲ သူ့အမေ စိတ်အေးအေးထားနိုင်ရန် မျှော်လင့်ရင်း သူမ၏ လက်ကို ညင်သာစွာ ပွတ်ပေးနေသည်။
...................................
ကျန်းတို့နေထိုင်ရာစံတွင်
ဟေ့ ညီမလေး သတင်းစာထဲက ဒီနေ့ရဲ့ ဇာတာခွင်ကို အစ်ကို ဖတ်နေတာ။ ၁၂ရာသီခွင် သင်ကေတတွေထဲမှာ မင်းအတွက် ရေးထားတာတွေကို မင်းသိချင်လား?"ကျန်းယန်က ရွှန်းရွှန်းဝေစွာဖြင့် မေးသည်။
"စိတ်မဝင်စားဘူး" ကျန်းယွီယန်က သူမ အစ်ကိုကို လှည့်ကြည့်ခြင်းမရှိဘဲ ပြန်ဖြေပြီး သူမ ကွန်ပြူတာကိုသာ ဆက်လုပ်နေသည်။
"ဒါပေမယ့် ၁၂ရာသီခွင် သင်ကေတတွေထဲမှာ မင်းအကြောင်း တစ်စုံတစ်ခုကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။မင်း စစ်ဆေးသင့်တယ်"
စိတ်မဝင်စားသော ကျန်းယွီယန်က ပြန်ဖြေခြင်းမရှိပေ။ ထိုကြောင့် သူက ဆက်ပြောသည်"ဒီမွန်းတည့်မှာ မင်းဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲတစ်ခုကို မင်း ရင်ဆိုင်ရမယ်လို့ သူတို့က ပြောတယ်။ မင်းဆီကနေ တစ်စုံတစ်ခုကို အခိုးခံရတော့မှာမို့ မင်းရဲ့ပစ်စည်းတွေကို သိမ်းထားသသင့်တယ်လို့ သူတို့က သတိပေးနေတယ်"
"အမှိုက်၊ မနက်ကတည်းက ငါ့ဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အရာဖြစ်တဲ့ ငါ့ရဲ့ အနုပညာပြခန်းကို မြင်ပြီးပြီလေ ပြီးတော့ ငါ့မှာ အခိုးခံရလောက်အောင်ကို တန်ဖိုးကြီးတာ ဘာမှမရှိဘူး"ကျန်းယွီယန်က စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ပြန်ဖြေသည်။
"မင်း နားထောင်မနေဘူးလို့ ငါစဥ်းစားမိတယ်"အစ်ကိုက သူ့ညီမကို မျက်ခုံးတစ်ဖက်တွန့်ရင်း ကြည့်သည်။
"စိတ်တိုစရာကောင်းတဲ့ ယင်ကောင်လို တဝီဝီလုပ်နေတဲ့ အစ်ကိုရဲ့ စကားလုံးတွေကို ညီမလေးက ဘယ်လိုရှောင်နိုင်မှာလဲ?"သူမက အေးဆေးတည်ငြိမ်သောအသံဖြင့် ရေရွတ်သည်။
"မင်းရဲ့တန်ဖိုကြီးတာတွေကို ခိုးမယ့် သူခိုးတစ်ယောက်နဲ့ မင်းမျက်နှာချင်းဆိုင်ရမယ်လို့ ဘယ်သူက သိမှာလဲ ဒါမှမဟုတ် မင်းရဲ့ နှလုံးသားကို ခိုးနိုင်လောက်အောင် သူကခန့်ညားနေရင်ရော"သူ့ရဲ့ စိတ်တိုစရာကောင်းတဲ့ အသံဖြစ်သည့် စူးရှသောအသံနှင့် သူရဲ့ကိုယ်ပိုင် စကားလုံးတွေကို စတင်လာခဲ့သည်။
"အစ်ကိုယန် ကျေးဇူးပြု၍ ပေါက်ကရစကားတွေ ပန်းထွက်လာတာကို ရပ်တန့်ပေးပါ။အစ်ကို ဘာဖြစ်လို့ ဆရာဝန်အစား ရှေ့နေ့တစ်ယောက် မဖြစ်လာကတာလဲ?"
ကျန်းယန်သည် နှလုံးနှင့်ပတ်သက်သော ပညာရှင် တစ်ယောက်ဖြစ်သည်။သူက ကျော်ကြားသော တက်ကသိုလ်တွင် သင်ကြားမှုပြီးမြောက်သွားပြီး သူ့မိဘများနှင့် ညီမငယ်လို ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သူကိုယ်တိုင် သက်သေပြခဲ့သည်။ထိုနေရာတွင် သူ့သင်ကြားမှုပြီးမြောက်တဲ့ အခါမှာတော့ တရုတ်ကို သူပြန်လာခဲ့သည်။သူ့တွင် သူ့အဖေလိုမျိုး မျိုးချစ်သည့် အကျင့်စရိုက်ပါရှိသလို သူ့ရဲ့ ပင်ကိုယ်စွမ်းရည်၊အသိပညာ နှင့် ကျွမ်းကျင်မှုတွေကို သူ့ရဲ့မွေးရပ်မြေမှာ အသုံးချချင်သည်။
"မင်းအတွက်ကို မင်းလိုလိုလားလား ရွေးထားတဲ့ သူတောင်းစား ၊ သူခိုး ဆိုလည်း သိပ်မဆိုးပါဘူးလို့ အစ်ကိုက တွေးနေတာပါ"သူ့ညီမကို စနောက်ဖို့ ကြိုးစားရင်း သူကပြောသည်။
"မင်းတို့ ဘာလို့ အခုထိ ဒီမှာရှိနေသေးကြတာလဲ?စျေးဝယ်မထွက်ကြဘူးလား?"မိုရုလန်က စာကြည့်ခန်းမှ ထွက်လာပြီး သူတို့ကိုမေးသည်။
"ဟုတ်ကဲ့ အမေ ဒီနေ့အတွက် အစ်ကိုယန်ရဲ့ မဟုတ်တရုတ်တွေ အကုန်ရှင်းပြီးရင်တော့ သမီးတို့ သွားမှာပါ။"
"ငါ မင်းနဲ့အတူ ရှိတဲ့အချိန်အတိုင်း မဟုတ်တရုတ်တွေကို ဖယ်ရှားဖို့ လိုအပ်တယ်လို့ ငါ ခံစားရတယ်"
"နှစ်ယောက်လုံး အဆင်သင့်ဖြစ်ပြီပေါ့။ကားကလည်း အဆင်သင့်ဖြစ်နေပြီ"မိုရုလန်က နှစ်ယောက်သား စကားချင်းစစ်ထိုးနေသည်ကို လျစ်လျူရှူပြီး အသိပေးကာ စာကြည့်ခန်းသို့ ပြန်သွားတော့သည်။
(T/N: နာမည်တွေ မြန်မာလို ပြန်ပြောင်းထားတယ်ကွယ် မှားနေရင် လာပြောပေးပါနော် ကိုယ်လည်း မေးမြန်းပြီး ပြန်ထားတာမို့လို့)
….............................................................
(Zawgyi)
လုက်င္းဟိုင္သည္ မသင္ကာေသာအၾကည့္ျဖင့္ ကုလားထိုင္ကို မွီ၍ထိုင္ေနေသာ သူ႕သားကို အားစိုက္ၾကည့္လိုက္သည္။သူတို႔၏ကိုယ္ႏႈတ္အမူအရာ ေျပာင္းလဲသြားသည္ကို လုေခ်ာင္က သတိျပဳမိမွန္း သူခ်က္ခ်င္း သိလိုက္သည္။သူ႕သားက သူ႕လိုပဲ စမတ္က်သကဲ့သို႔သူ႕၏ထက္ေသာ မ်က္လုံးေတြကေန ဘယ္အရာမွ လြတ္ေျမာက္နိုင္မွာမဟုတ္ဘူး။အေဖ ႏွင့္ သား ယင္းကဲ့သို႔ ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းရွင္ေတြ ျဖစ္လာရသည့္ အေၾကာင္းမွာ ဒါေၾကာင့္ ျဖစ္သည္။ျပႆနာ ဖန္တီးသူမ်ားရန္မွ ကာကြယ္ေပးသည့္ မ်က္လုံးမ်ား သူတို႔တြင္ ရွိၾကသည္။
သူ႕သားတစ္ခုခုမ်ား မွန္းဆမိလွ်င္ မျဖစ္နိုင္ေသာ ခန့္မွန္းခ်က္ျဖစ္ေၾကာင္း ျပဳလုပ္ေနသည့္ လုက်င္းဟိုင္ကို တဘက္ဘက္ မပါေသာ အၾကည့္ျဖင့္ လုေခ်ာင္က ၾကည့္ရႈလိုက္သည္။
(T/N: neutral-တဘက္ဘက္ မပါေသာ)
လုေခ်ာင္က ေအာက္ငုံ႕၍ နာရီကို ဖ်က္ခနဲ ၾကည့္လိုက္ၿပီး "အေဖ ကြၽန္ေတာ္ အခု ႐ုံးကိုသြားရေတာ့မယ္ ကြၽန္ေတာ္ေနာက္က်ႏွင့္ေနၿပီ ကြၽန္ေတာ္ရဲ႕ ၾကန္ၾကာ့မႈေၾကာင့္ ေရွာင္မင္က သတိေပးမယ္ဆိုရင္လည္း ကြၽန္ေတာ္ တကယ့္ကို သြားသင့္တယ္"
လုခ်န္း နဲ႕ လုေခ်ာင္က ႐ုံးသို႔ သူတို႔၏ သက္ဆိုင္ရာ ကားေတြနဲ႕ ထြက္သြားၾကၿပီး လုက်င္းဟိုင္မွာေတာ့ ေန႕တစ္ဝက္ေလာက္ ေနရဦးမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္။ စုေဟြ႕ႏွင့္ နင္က်ားေဟြ႕တို႔ စကားေျပာေနစဥ္တြင္ အႀကီးအကဲ လုႏွင့္ ေက်ာက္ေ႐ႊာင္တို႔က သူတို႔အခန္းသို႔ ထြက္သြားၾကသည္။
"ကိုယ္ မနက္ျဖန္အတြက္ အေဖတို႔ အေမတို႔နဲ႕တူတူ ေဆြးႏြေးစရာရွိတယ္"လုက်င္းဟိုင္က သူ႕ဇနီးကို ေျပာသျဖင့္ သူမက ခြင့္ျပဳသည့္အေနျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္။
မတူညီသည့္ အခန္းျဖစ္သည့္ အႀကီးအကဲ လု တို႔အခန္းကေတာ့ ေျမညီထပ္တြင္ရွိသည္။အဘြား ေက်ာက္ေ႐ႊာင္၏ ဒူးေခါင္းျပႆနာႏွင့္ သူမခ်စ္သည့္ ေလသာခန္းႏွင့္ ပန္းၿခံလမ္းတို႔အတြက္ သူတို႔ မလြဲဧကန္ ဒီအခန္းကို ယူလိုက္ရျခင္းျဖစ္သည္။
လုက်င္းဟိုင္က သူ႕မိဘေတြရဲ႕ အခန္းကို သြားၿပီး တံခါးေခါက္လိုက္သည္။သူအခန္းသို႔ ဝင္လိုက္ေသာအခါ သူ႕အေမက ကုလားထိုင္တြင္ ၿငိမ္သက္စြာ ထိုင္ေနစဥ္တြင္ သူ႕အေဖကေတာ့ မွန္ထည္ျပတင္းေပါက္၏ အေရွ႕တြင္ လက္ေတြကို ေဘာင္းဘီအိပ္ထဲ ထိုးသြင္းလ်က္ ကြက္လပ္ျဖစ္ေနေသာ အျပင္ဘက္သို႔ စိုက္ၾကည့္ေနသည္ကို သူ ျမင္လိုက္ရသည္။
ျပတင္းေပါက္နားတြင္ ေတြေဝစြာ ေငးေမာေနျခင္းဟာ အႀကီးအကဲ လု တစ္စုံတစ္ခုကို စဥ္းစားလို႔မရသည့္အခါတိုင္း လုပ္ေနက်အရာျဖစ္သည္။သူကိုယ္တိုင္ ျမဴးႂကြေနက် ပုံစံနဲ႕ မတူတဲ့ မ်က္ႏွာဖုံးတစ္ခုကို ဝတ္ဆင္ထားခဲ့သည္။အႀကီးအကဲ လု ၏ ေၾကာက္႐ြံ႕ေစေသာ ဘက္ျခမ္းကို သူ႕မိန္းမ ႏွင့္ သားႀကီးသာလွ်င္ သိသည္။
"ကြၽန္ေတာ္ အခန္းထဲ ဝင္လိုက္တဲ့ အခ်ိန္ ႏွစ္ေယာက္လုံး ဒီလိုျဖစ္ေနလိမ့္မယ္ဆိုတာ ကြၽန္ေတာ္သိတယ္"လုက်င္းဟိုင္က သူ႕အေမရဲ႕ ေဘးကခုံတြင္ ထိုင္ရင္း တည္ၿငိမ္စြာေျပာသည္။သူက သူ႕အေမ၏ လက္ကိုကိုင္ၿပီး ႏူးညံ့ေသာအသံျဖင့္ ေျပာသည္"အေမ ဘာေတြေတြးေနတာလဲ? ဒါကဘာမွစိုးရိမ္စရာ အေၾကာင္းမရွိဘူးဆိုတာ အေမသိပါတယ္"
"မင္းအေဖရဲ႕ အေၾကာင္းနဲ႕ အရင္က သူလုပ္ခဲ့တဲ့ ကတိကိုသာ အေမက စိုးရိမ္ေနတာပါ"သူမ သား၏ လက္ေတြကို ခိုင္ၿမဲစြာဆုပ္ကိုင္ရင္း နာက်င္ေနေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကို ၾကည့္ကာ ေက်ာက္ေ႐ႊာင္က ေျပာသည္။
"အေဖ" လုက်င္းဟိုင္က ေခၚလိုက္ေသာ္လည္း ဘာမွ တုံ႕ျပန္လာမႈမရွိေပ။
လုက်င္းဟိုင္က သူ႕အေဖကို စိတ္အႏွောင့္အယွက္ ထပ္မေပးေတာ့ပဲ သူ႕အေမကိုျပန္ၾကည့္သည္။အႀကီးအကဲ လု၏ ေအးစက္ေသာ အျခမ္းက ႏွစ္ေယာက္လုံးကို ေၾကာက္လန့္ေစသည္။ေတာက္ပျခင္း ႏွင့္ ေဖာက္ျပန္ျခင္း ေအာက္တြင္ ယင္းကဲ့သို႔ ဘက္ျခမ္းမ်ိဳး သူ႕တြင္ ဖုံးကြယ္ထားမည္ဟု မည္သူမွ စိတ္မကူးနိုင္ဘူး။သူ႕ရဲ႕ဘက္ျခမ္းက လူတစ္ေယာက္ကို သူေရွ႕တြင္ပဲ စကားမေျပာနိုင္ဘဲ ေၾကာက္လန့္မႈျဖင့္ တုန္ရီေစနိုင္သည္။
"ဒီအေၾကာင္းကို လုံးဝဘယ္နည္းနဲ႕မဆို ဘယ္သူမွ မသိသင့္ဘူး"
ခဏတာ တိတ္ဆိတ္မႈအၿပီးမွာေတာ့ ေက်ာက္ေ႐ႊာင္ႏွင့္ လုက်င္းဟိုင္သည္ အမိန့္ေပးေနေသာ စကားလုံးမ်ားကို ၾကားလိုက္ရသည္။ယခင္ကပုံစံအတိုင္း ျပတင္းေပါက္ အျပင္ဘက္သို႔ စိုက္ၾကည့္လ်က္ရွိေသာ အႀကီးအကဲ လု ၏ ေနာက္ေက်ာဘက္ကို ႏွစ္ေယာက္လုံး ၾကည့္လိုက္ၾကသည္။
"စိတ္ခ်ေနပါ အေဖ ဒီလ်ိဳ႕ဝွက္ခ်က္ကို ကြၽန္ေတာ့္ရဲ႕ အုတ္ဂူထဲထိ ယူသြားပါ့မယ္"လုက်င္းဟိုင္က ဆက္ မေျပာေတာ့ပဲ သူ႕အေမ စိတ္ေအးေအးထားနိုင္ရန္ ေမွ်ာ္လင့္ရင္း သူမ၏ လက္ကို ညင္သာစြာ ပြတ္ေပးေနသည္။
...................................
က်န္းတို႔ေနထိုင္ရာစံတြင္
ေဟ့ ညီမေလး သတင္းစာထဲက ဒီေန႕ရဲ႕ ဇာတာခြင္ကို အစ္ကို ဖတ္ေနတာ။ ၁၂ရာသီခြင္ သင္ေကတေတြထဲမွာ မင္းအတြက္ ေရးထားတာေတြကို မင္းသိခ်င္လား?"က်န္းယန္က ႐ႊန္း႐ႊန္းေဝစြာျဖင့္ ေမးသည္။
"စိတ္မဝင္စားဘူး" က်န္းယြီယန္က သူမ အစ္ကိုကို လွည့္ၾကည့္ျခင္းမရွိဘဲ ျပန္ေျဖၿပီး သူမ ကြန္ျပဴတာကိုသာ ဆက္လုပ္ေနသည္။
"ဒါေပမယ့္ ၁၂ရာသီခြင္ သင္ေကတေတြထဲမွာ မင္းအေၾကာင္း တစ္စုံတစ္ခုကေတာ့ စိတ္ဝင္စားစရာေကာင္းေနတယ္။မင္း စစ္ေဆးသင့္တယ္"
စိတ္မဝင္စားေသာ က်န္းယြီယန္က ျပန္ေျဖျခင္းမရွိေပ။ ထိုေၾကာင့္ သူက ဆက္ေျပာသည္"ဒီမြန္းတည့္မွာ မင္းဘဝရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ပြဲတစ္ခုကို မင္း ရင္ဆိုင္ရမယ္လို႔ သူတို႔က ေျပာတယ္။ မင္းဆီကေန တစ္စုံတစ္ခုကို အခိုးခံရေတာ့မွာမို႔ မင္းရဲ႕ပစ္စည္းေတြကို သိမ္းထားသသင့္တယ္လို႔ သူတို႔က သတိေပးေနတယ္"
"အမွိုက္၊ မနက္ကတည္းက ငါ့ဘဝမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး အရာျဖစ္တဲ့ ငါ့ရဲ႕ အႏုပညာျပခန္းကို ျမင္ၿပီးၿပီေလ ၿပီးေတာ့ ငါ့မွာ အခိုးခံရေလာက္ေအာင္ကို တန္ဖိုးႀကီးတာ ဘာမွမရွိဘူး"က်န္းယြီယန္က စိတ္အႏွောင့္အယွက္ ျဖစ္စြာျဖင့္ ျပန္ေျဖသည္။
"မင္း နားေထာင္မေနဘူးလို႔ ငါစဥ္းစားမိတယ္"အစ္ကိုက သူ႕ညီမကို မ်က္ခုံးတစ္ဖက္တြန့္ရင္း ၾကည့္သည္။
"စိတ္တိုစရာေကာင္းတဲ့ ယင္ေကာင္လို တဝီဝီလုပ္ေနတဲ့ အစ္ကိုရဲ႕ စကားလုံးေတြကို ညီမေလးက ဘယ္လိုေရွာင္နိုင္မွာလဲ?"သူမက ေအးေဆးတည္ၿငိမ္ေသာအသံျဖင့္ ေရ႐ြတ္သည္။
"မင္းရဲ႕တန္ဖိုႀကီးတာေတြကို ခိုးမယ့္ သူခိုးတစ္ေယာက္နဲ႕ မင္းမ်က္ႏွာခ်င္းဆိုင္ရမယ္လို႔ ဘယ္သူက သိမွာလဲ ဒါမွမဟုတ္ မင္းရဲ႕ ႏွလုံးသားကို ခိုးနိုင္ေလာက္ေအာင္ သူကခန့္ညားေနရင္ေရာ"သူ႕ရဲ႕ စိတ္တိုစရာေကာင္းတဲ့ အသံျဖစ္သည့္ စူးရွေသာအသံႏွင့္ သူရဲ႕ကိုယ္ပိုင္ စကားလုံးေတြကို စတင္လာခဲ့သည္။
"အစ္ကိုယန္ ေက်းဇူးျပဳ၍ ေပါက္ကရစကားေတြ ပန္းထြက္လာတာကို ရပ္တန့္ေပးပါ။အစ္ကို ဘာျဖစ္လို႔ ဆရာဝန္အစား ေရွ႕ေန႕တစ္ေယာက္ မျဖစ္လာကတာလဲ?"
က်န္းယန္သည္ ႏွလုံးႏွင့္ပတ္သက္ေသာ ပညာရွင္ တစ္ေယာက္ျဖစ္သည္။သူက ေက်ာ္ၾကားေသာ တက္ကသိုလ္တြင္ သင္ၾကားမႈၿပီးေျမာက္သြားၿပီး သူ႕မိဘမ်ားႏွင့္ ညီမငယ္လို ထူးခြၽန္ေသာ ေက်ာင္းသားတစ္ေယာက္ျဖစ္ေၾကာင္း သူကိုယ္တိုင္ သက္ေသျပခဲ့သည္။ထိုေနရာတြင္ သူ႕သင္ၾကားမႈၿပီးေျမာက္တဲ့ အခါမွာေတာ့ တ႐ုတ္ကို သူျပန္လာခဲ့သည္။သူ႕တြင္ သူ႕အေဖလိုမ်ိဳး မ်ိဳးခ်စ္သည့္ အက်င့္စရိုက္ပါရွိသလို သူ႕ရဲ႕ ပင္ကိုယ္စြမ္းရည္၊အသိပညာ ႏွင့္ ကြၽမ္းက်င္မႈေတြကို သူ႕ရဲ႕ေမြးရပ္ေျမမွာ အသုံးခ်ခ်င္သည္။
"မင္းအတြက္ကို မင္းလိုလိုလားလား ေ႐ြးထားတဲ့ သူေတာင္းစား ၊ သူခိုး ဆိုလည္း သိပ္မဆိုးပါဘူးလို႔ အစ္ကိုက ေတြးေနတာပါ"သူ႕ညီမကို စေနာက္ဖို႔ ႀကိဳးစားရင္း သူကေျပာသည္။
"မင္းတို႔ ဘာလို႔ အခုထိ ဒီမွာရွိေနေသးၾကတာလဲ?ေစ်းဝယ္မထြက္ၾကဘူးလား?"မို႐ုလန္က စာၾကည့္ခန္းမွ ထြက္လာၿပီး သူတို႔ကိုေမးသည္။
"ဟုတ္ကဲ့ အေမ ဒီေန႕အတြက္ အစ္ကိုယန္ရဲ႕ မဟုတ္တ႐ုတ္ေတြ အကုန္ရွင္းၿပီးရင္ေတာ့ သမီးတို႔ သြားမွာပါ။"
"ငါ မင္းနဲ႕အတူ ရွိတဲ့အခ်ိန္အတိုင္း မဟုတ္တ႐ုတ္ေတြကို ဖယ္ရွားဖို႔ လိုအပ္တယ္လို႔ ငါ ခံစားရတယ္"
"ႏွစ္ေယာက္လုံး အဆင္သင့္ျဖစ္ၿပီေပါ့။ကားကလည္း အဆင္သင့္ျဖစ္ေနၿပီ"မို႐ုလန္က ႏွစ္ေယာက္သား စကားခ်င္းစစ္ထိုးေနသည္ကို လ်စ္လ်ဴရႉၿပီး အသိေပးကာ စာၾကည့္ခန္းသို႔ ျပန္သြားေတာ့သည္။
(T/N: နာမည္ေတြ ျမန္မာလို ျပန္ေျပာင္းထားတယ္ကြယ္ မွားေနရင္ လာေျပာေပးပါေနာ္ ကိုယ္လည္း ေမးျမန္းၿပီး ျပန္ထားတာမို႔လို႔)