My Heart Belongs To A Soldier...

Od NwayOo_87

489K 39.3K 4.2K

ZhanYi ❤💚 M_Preg စည်းစနစ်ကျသော စာအုပ်ကြီးသမား ဗိုလ်ကြီး ရှောင်းကျန့်နှင့် တစ်ဦးတည်းသောသား အရစ်တကာ့ ဂျစ်တူးစ... Více

MHBTAS _ My Note
MHBTAS _ Confession
MHBTAS_ Intro
MHBTAS (1)
MHBTAS (2)
MHBTAS (3)
MHBTAS (4)
MHBTAS (5)
MHBTAS (6)
MHBTAS (7)
MHBTAS (8)
MHBTAS (9)
MHBTAS (10)
MHBTAS (11)
MHBTAS (12)
MHBTAS (13)
MHBTAS (14)
MHBTAS (15)
MHBTAS (16)
MHBTAS (17)
MHBTAS (18)
MHBTAS (19)
MHBTAS (20)
MHBTAS (21)
MHBTAS (22)
MHBTAS (23)
MHBTAS (24)
MHBTAS (25)
MHBTAS (26)
MHBTAS (28)
MHBTAS (29)
MHBTAS (30)
MHBTAS (31)
MHBTAS (32)
MHBTAS (33)
MHBTAS (34)
Apologize Letter
MHBTAS (35)
MHBTAS (36)
MHBTAS (37)
MHBTAS (38)
MHBTAS (39)
MHBTAS (40)
MHBTAS (41)
MHBTAS (42)
MHBTAS (43)
MHBTAS (44)
MHBTAS (45)
MHBTAS (46)
MHBTAS (47)
Wedding Ceremony
MHBTAS (48)
MHBTAS (49)
MHBTAS (50)
MHBTAS (51)
MHBTAS (52)
MHBTAS (53)
MHBTAS (54)
MHBTAS (55)
MHBTAS (56)
MHBTAS (57)
MHBTAS (58) HBD
MHBTAS (59)
MHBTAS (60)
MHBTAS (61)
MHBTAS (62)
MHBTAS (63)
MHBTAS (64) Final
Thanks For All 💚❤💛
For U 2 Fic
New Fiction
For Me 💞
Doctor Ko Ko
Please 💕

MHBTAS (27)

6.8K 624 146
Od NwayOo_87

Part (27) U

သင်တန်းက နောက်တစ်ပတ်ဆို ပြီးပြီ။ ယွီပင်းက သူ့တပ်ရင်းသူ ပြန်ရမည် ဖြစ်သလို ရှောင်းကျန့်လည်း ရှေ့တန်းလိုက်ရမည်လား၊ ကြားစခန်းမှာနေရမလား မသေချာသေး။ တပ်ရင်းကို သတင်းပို့ပြီးမှသာ သေချာသိရမည်ဖြစ်သည်။

ဟိုက်ခွမ်းနှင့်ရော နောက်တန်းမှူးနှင့်ပါ အဆက်အသွယ်မပြတ်သည်မို့ ရှေ့တန်းစခန်းအခြေအနေနှင့် နောက်တန်း တပ်ရင်းအခြေအနေကိုပါ မျက်ခြေတော့ မပြတ်လှပါ။

လိုင်းမမိသည့် တောင်ထိပ်စခန်းမှာ သစ်ပင်ပေါ်တက်ပြီး ကျိရန်အသံကြားရရေး ကြိုးပမ်းနေသည့် ဟောက်ရွှမ်းအကြောင်းပင် ပါသေးသည်။

ရွာသူကြီးက ညီမဖြစ်သူနှင့်မိတ်ဆက်ကာ ခေါင်ရည်လက်ဆောင်ပေးသည်ကို မိန်းကလေးကို လှည့်ပင်မကြည့်ပဲ ခေါင်ရည်ကျည်တောက်တွေသာ မ လာသည့် ဒုတပ်ရင်းမှူး လူပျိုကြီးကိုလည်း ရယ်ရပြန်တာ။

ဒီတစ်ပတ် ပိတ်ရက်က ပြတိုက်လုံခြုံရေးလည်း မရှိသည်မို့ ယွီပင်းက သူ့ guardian တပ်ဆီ အလည်သွားသဖြင့် ဝမ်လေးဆီ ထွက်လာခဲ့လိုက်သည်။

ကောချန်က သူ့လေးလေးအိမ်ပြန်ကာ ဖန်ရှင်းကလည်း ယွီပင်းနှင့် ပါသွားတာမို့ ဝမ်လေးကိုခေါ်ကာ ယွီပင်းတိုက်ခန်းမှာ နှစ်ယောက်သား ချက်ပြုတ်စားကြမည် ဖြစ်သည်။

ကျောပိုးအိတ်လေးလွယ်ကာ ပြေးဆင်းလာတာကို လက်လှမ်းပြရင်း စောင့်နေတော့ ပြုံးပျော်နေသည့် ချစ်သူလေးက ကားသော့ကို လက်ထဲထည့်ပေးလာလေသည်။

အသာပြုံးရင်း ကားသော့ကို လက်လေးထဲ ပြန်ထည့်ကာ ဖိဆုပ်လိုက်တော့ မော့ငေးလာသည့် နားမလည်ဟန် မျက်ဝန်းလေးတွေ။

"ဝမ်လေး...ကိုကိုပြောတာ သေချာနားထောင်နော်..."

"....."

"ကိုကိုက ဝမ်လေးကို အချစ်နဲ့သစ္စာပဲ ပေးနိုင်တာ...ဝမ်လေးကားနဲ့ လျှောက်လည်ဖို့အထိတော့ စိတ်မလုံလှဘူး...ကိုကိုနဲ့ဆို လိုင်းကားပဲ စီးရမှာ သိလား...."

"ကိုကိုကလည်း...ချစ်သူချင်း သူစိမ်းဆန်နေသလိုကြီး..."

"ကိုယ့်ချစ်သူက အဲ့လိုမတွေးတတ်တာ သိပေမယ့်...လောလောဆယ်တော့ လိုင်းကားနဲ့ပဲ သွားရအောင်...ဟော No.95 လာနေပြီ...မြန်မြန်..."

ပြောပြောဆိုဆို လက်ဆွဲရင်း ခြေလှမ်းကျဲကြီးတွေနှင့် ကားပေါ်အပြေးတက်သွားတာမို့ ယက်ကန်ယက်ကန်အမှီလိုက်ရတာ။

Chenqing Kitchen Mart ထဲ ရောက်တော့ ကိုကို တွန်းယူလာသည့် cart ဘေးတန်းပေါ် ဝမ်လေးက ခိုရပ်လိုက်တာမို့ အရှိန်ထိန်းကာ မြန်မြန်တွန်းပေးလေသည်။

ပစ္စည်းစင်တွေကြား ခြေထောက်လေး တရမ်းရမ်းနှင့် ပျော်နေရင်းက အသီးအရွက်တန်းတွေဘက် ရောက်လာပြီ။

အသီးအရွက်တွေ ဟင်းချက်စရာတွေနှင့် မုန့်ပစ္စည်းတွေပါ ရွေးလိုက်ထည့်လိုက် လုပ်နေရင်း ဘောင်းဘီစကို ဆွဲခံရတာကြောင့် ငုံ့ကြည့်လိုက်တော့ ပဲနို့ဘူးလေး ကိုင်ထားသည့် နိုနိုတို့အရွယ် မီးမီးလေး။

"ချတော်ဘယ်လီ ယူပေးပါလား...တိုတို..."

"အား...ချစ်စရာလေး..."

စတော်ဘယ်ရီသီးလေး လက်ထဲထည့်ပေးရင်း ဒူးထောက်ထိုင်ချမိတော့ ကီဝီသီးတွေ ရွေးနေသည့် ကိုကိုကပါ ​လှည့်ကြည့်လာသည်။

"ဂျယ်လေးရေ...ပါးပါး...ဒီဒီ...ဂျယ်​လေး...ဒီမှာ..."

ပြိုင်တူနီပါး ရောက်လာသည့် spider man အင်္ကျီဆင်တူနှင့် အမွှာလေးတွေက မီးမီးလေးဘေးက ကိုယ်တွေကို စူးစမ်းဟန် ကြည့်ရင်း ပါးလေးတွေ မို့တက်အောင် ပြုံးပြနေလေသည်။

"ဦးဦးတို့ကို မနှောင့်ယှက်ရဘူးလေ...အားနာစရာ ဖြစ်ကုန်ပြီထင်တယ်...သားတို့က ဒီရောက်ရင် ပြေးလွှားဆော့နေကြမို့ သတိမထားလိုက်မိတာ...ညီလေးရေ..."

"ရပါတယ် ခင်ဗျာ...ကလေးဆိုတော့ ပြေးလွှားဆော့ရတာ သူတို့သဘာဝကိုး...အားမနာပါနဲ့ ဒေါက်တာ..."

Duty Coat ဖြူဖြူနှင့် မျက်မှန်အကြည်လေးအောက်မှ ဂရုဏာရိပ်သမ်းသော မျက်ဝန်းများ။

မီးမီးလေးကို ကောက်ချီလိုက်သော ကလေးတို့ ဒက်ဒီကို နှစ်ယောက်သား ပြန်နှုတ်ဆက်နေတုန်း ဆံပင်ဝါဝါအုပ်အုပ်၊ မေးရိုးသွယ်သွယ်နှင့် နုဖတ်သန့်စင်နေသော ပုံရိပ်လေးက မြင်ကွင်းထဲ ဝင်လာသည်။

"ကိုကိုရေ...ကလေးတွေရော....ဘန်ဘန်၊လီလီ...ဂျယ်လေး...ပါးပါးအသည်းလေးတွေ... ဟန်လေးက မုန့်စားမယ်တဲ့...."

"ငယ်...ကိုကိုတို့ ဒီမှာ....ညီလေး...
ဒါ ကိုယ့်အမျိုးသားလေ...ကလေးတို့ ပါးပါးပေါ့..."

"ကလေးတွေက အရမ်းချစ်စရာကောင်းတယ်နော်...အကို..."

အမွှာနှစ်ယောက်ကို လက်ဆွဲပြီး ပြုံးပြနေသည့် ကလေးတို့ပါးပါးကို ​နှုတ်ဆက်နေသော ဝမ်လေးက မျက်လုံးလေးတွေလက်ကာ အမွှာတို့ခေါင်းလေးတွေကို ပုတ်ပေးနေလေသည်။

လက်ကလေးကို ဖျစ်ညှစ်ရင်း အနားနားတိုးတိုးကပ်ပြောလိုက်တော့ နားရွက်ဖျားလေးတွေရဲကာ မျက်စောင်းထိုးပြီး ထွက်သွားလေပြီ။

ဝယ်ထားသမျှတွေ လက်ကဆွဲရင်း ကားပါကင်ကို ဖြတ်တော့ ဆံပင်ဝါလေးနှင့် ကလေးတို့ပါးပါးက မီးမီးလေးကိုချီကာ ကလေးတို့ဒက်ဒီက ကားနောက်ခန်းထဲ ပစ္စည်းတွေ စီထည့်နေတာ။

အမွှာလေးတွေကတော့ ရေခဲမုန့်စားရင်း လက်​လေးတွေ ဝှေ့ရမ်းပြနေတာမို့
ကလေးဗိုလ်စွာတေးက ရှက်ရမ်းရမ်းပြီး ထွက်သွားတာ သူမဟုတ်သည့်အတိုင်း လက်လေးတပြပြ နှုတ်ဆက်နေလေသည်။

ကိုကို့ကိုလည်း အဲ့လိုကလေးလေးတွေ မွေးပေးပါလား...လို့ စလိုက်မိသည့် ရှောင်းကျန့်ကတော့ ကားပေါ်ရောက်သည်ထိ တပြုံးပြုံး။

နှင်းငွေ့ရိုက်နေသည့် မှန်နံရံပေါ် အသည်းပုံဘေးမှာ အစက်လေး ထည့်ဆွဲနေသည့် ချစ်သူလေးကို ခေါင်းလေးဖွဖွပုတ်ပေးတော့ ပုခုံးပေါ်ခေါင်းငိုက်ကျရင်း အိပ်ပျော်သွားလေပြီ။

.............................................

ထမင်းကျက်ပြီမို့ ကြာစွယ်နဲ့ဝက်နံရိုးပေါင်းထားလိုက်သည်။
ကြက်သားလုံးကြော်လည်း ရပြီ။
သရက်ချဥ်သုပ်ဖို့ မြေပဲ၊ဆီချက်လည်း အသင့်ပြီးပြီ။

မှိုကန်စွန်းကြော်ရန် ရေဆေးစစ်နေတုန်း ငြိမ်ချက်သားကောင်းနေသည့် စွာတေးကို ကြည့်မိတော့ မျက်ရည်တဖြိုင်ဖြိုင်နှင့် စဥ့်တီတုံးပေါ်မှာတော့ လေးစိတ်ကွဲသာသာ ကြက်သွန်နီစိတ်များက ဖရိုဖရဲ။

"ကိုကို လုပ်မှာပေါ့ ဝမ်လေးရယ်...အရမ်းမွှန်နေပြီ...လာ မျက်နှာသစ်ပြီး ထိုင်နေတော့...ကိုကို ဆက်လုပ်လိုက်မယ်..."

"ရွတ်...ကိုကို့ကို ကူလုပ်ချင်လို့ကို...ရွှတ်...သရက်ချဥ်သုပ်မယ်ဆိုလို့ လှီးနေတာ...."

"ကိုကို ချက်ပါ့မယ်ဗျား...အသီးစားရင်း စောင့်နေနော်...ကျက်မှခေါ်လိုက်မယ်..."

ကီဝီသီး ပန်းကန်လေးပေးကာ ဟင်းချိုမွှေနေသော ကိုကို့ကို နောက်ကျောကနေ သိုင်းဖက်ရင်း ကျောကို ခေါင်းလေး မှီထားမိတော့...

"အချွဲလေး...ဗိုက်ဆာနေပြီလား..."

"ဟင့်အင်း...ကိုကို ပြန်သွားရင်း လွမ်းရတော့မှာမို့..."

ဟင်းချိုမွှေနေသည့် လက်တွေ ခဏမျှ ရပ်တန့်သွားကာ လက်အိတ်တွေ ဆွဲချွတ်ပြီး ပင့်မော့ကြည့်မိတဲ့ မျက်နှာလေးက မျက်ရည်စတို့ ခိုတွဲလို့ရယ်။

တစ်ပတ်လှည့်ပြီး ခါးကနေ ပင့်ချီကာ ဘေစင်ဘောင်ပေါ် တင်ပေးတော့ လည်ပင်းကို သိုင်းဖက်လာသည့် လက်လေးတွေ။

နဖူးချင်းထိတိုက်ရင်း မေးဖျားချင်း ရှပ်တိုက်မိတော့ စူးတယ် ဆိုသည့် အသံအက်အက်လေးကြောင့် နှာထိပ်လေးကို ဖွဖွကိုက်ပစ်လိုက်မိသည်။

မထင်မှတ်စွာပင် မှဲ့နက်လေးနှင့် အနီးတစ်ဝိုက် ပိုင်စိုးလာသည့် နှုတ်ခမ်းလေးကြောင့် ခါးလေးကို တင်းတင်းဖက်ရင်း
ရှေ့ဆက်နေမိဆဲ။

ညှော်နံ့နှင့်အတူ မီးဖိုပေါ် ရှဲခနဲ ဝေကျလာသော ဟင်းချိုအိုးကြောင့် လူချင်းခွာကာ မီးဖိုခလုတ်ပြေးပိတ်ပြီး မျက်နှာချင်းဆိုင် ရယ်ကြရသေးသည်။

"ကိုကို...အာ..."

"စိတ်ပုပ်လေး..."

ကြက်သားလုံးကြော်ကို နှုတ်ခမ်းနား လာတေ့ပေးပြီး သူ့ဘာသာ တမြုံ့မြုံ့ဝါးနေသော ပါးဖောင်းလေးကို လှမ်းတို့ရင်း နှုတ်ခမ်းထောင့်က ပေနေတာလေးတွေပါ သုတ်ပေးတော့ တဟိဟိ သဘောကျနေသေးသည်။

စားသောက်ဆေးကြောပြီး အခန်းထောင့်မှာ အတူထိုင်ရင်း နံရံမှာချိတ်ထားသည့် ဂစ်တာကို ရင်ခွင်ထဲလာထည့်ပေးသည့်ချစ်သူလေး။

ပုခုံးပေါ် မှီကျလာသည့် ခေါင်းလေးကို ငဲ့ကြည့်ရင်း ဂစ်တာကြိုးညှိနေမိသည့်နောက်....

လိုချင်တာများ ရှိရင်လည်း ပြောပါလေ...
အချစ်အတွက် အသက်ကိုပင် စွန့်ရဲတယ်...
ကြည်ဖြူမယ်ဆိုရင် ဆယ်ခါပြန်မကတိုင် အသက်ဆက် ရှင်သန်နေဦးမယ်...

တိုင်တည်ကာ စကားသစ္စာပေးပါတယ်...
အသည်းထက် အက္ခရာ တင်ထားမယ်...
ဘယ်လိုသာဘယ်ပုံ အချိန်တွေ ကူန်ဆုံးပါစေ....
အချစ်သက်က ပျိုရွယ်နေဆဲကွယ်....

အပြုံးပန်းအလှများ အစဥ်သာ ပွင့်ဝေစေချင်...
အလွမ်းတေးများ နှုတ်ပိတ်နေစေချင်...
နင်းသွားမယ့်လမ်းထဲ ဆူးခလုတ်တွေ
နှလုံးသွေးနဲ့ သန့်စင်ဖယ်ရှားမယ်...

မပြေလည်ရင်လည်း ပြဿနာကင်းအောင်ကွယ်...
အတွက်ခက်တဲ့ပုစ္ဆာ ကူရှင်းမယ်...
ဘယ်သူတွေဘယ်လို ကြံစည်ကာ ဖျက်နေနေ
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်...
အချစ်စစ်က ဘယ်ခါမပျက်ဘူးကွယ်...

"တစ်သက်လုံးနော်...ကိုကို..."

"ဆယ်သက်မကပါဘူး...အချစ်ရယ်..."

တင်းတောင်....

"ခဏနော်...ဝမ်လေး...ယွီပင်းအသိများလား မသိဘူး..."

ဂစ်တာကို ဘေးချလိုက်ပြီး မှီနေသည့်ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းနေဆဲ ဘဲလ်သံကြောင့် တံခါးသွားအဖွင့် ခေတ္တမျှ မှင်သက်သွားရလေသည်။

"ဘာတဲ့လဲ...ကိုကို...."

"......."

တံခါးနားမှာ ရပ်နေသည့် ကိုကိုနောက်ကနေ တိုးထွက်ကြည့်မိမှ တစ်ကိုယ်လုံး သွေးဆုတ်သွားသလို ခံစားလိုက်ရပြီ။

"ဖိုး...ဖိုးဖိုး...."

သူ့ကို နောက်ဘက် အသာပို့ထားပြီး ဖိုးဖိုးနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည့် ကိုကို။

"မဟုတ်လောက်ဘူး ထင်နေတာ...တကယ်ပဲကိုး..."

ရေရွတ်ပြီး နှုတ်ခမ်း တင်းတင်းစေ့ထားသည့် ဖိုးဖိုးက ကိုကို့နောက်က ဝမ်ဝမ့်ကို ကျော်ကြည့်လာပြီ။

"အတွင်းရေးမှူးလီ...မြေးလေးကို ခေါ်သွားနှင့်...စကားပြောကြရအောင် မောင်ရင်...."

"ကိုကို မပါရင် မလိုက်ဘူးနော်....ဖိုးဖိုး...."

"ဖိုးဖိုး...ကျွန်တော်..."

"ခဏ မောင်ရင်...စကားမပြောခင် မြေးလေးကို ပြန်ခေါ်သွားရလိမ့်မယ်..."

"တစ်သက်လုံးအတွက် ရည်ရွယ်ခဲ့တာမလို့ မခွဲပါရစေနဲ့...ဖိုးဖိုး..."

အတွင်းရေးမှူးလီက မျက်နှာမကောင်းစွာနှင့် လက်ကိုလာဆွဲတာမို့ သူ့လက်ကို ဆွဲလှုပ်ကာ ငြင်းနေသော ချစ်သူကြောင့် တကယ်ရင်နာရပါသည်။

"ဟင့်အင်း...ကိုကိုနဲ့ မခွဲပါနဲ့ ဖိုးဖိုး...သား တောင်းပန်ပါတယ်....ကိုကို ဝမ်လေး မလိုက်သွားဘူးနော်...."

"နှစ်ယောက်လုံးအတွက် အချိန်တစ်ခုလိုတယ်...သွေးပူတုန်း ခဏထားလိုက်ပါ...အဖိုးတို့ သေချာဆွေးနွေးရအောင်...."

ဩဇာရိပ်လွှမ်းသော နှုတ်ခမ်းတို့က တည်ငြိမ်စွာ ပြောလာသလို မျက်ဝန်းတို့ကပါ တောင်းဆိုနေဟန်မို့ တွဲထားသော လက်လေးကို အသာဖြေပေးလိုက်ပြီး ငိုချတော့မလို ချစ်သူကို တိုးတိုးဖျောင်းဖျရသည်။

"အရင်လိုက်သွားလိုက်ပါ ဝမ်လေး... အဆင်ပြေသွားမှာပါ...ယုံထားနော်..."

လေးနက်ခြင်းနှင့်တည်ငြိမ်မှုတို့ ရောယှက်နေသည့် မျက်ဝန်းညိုများကြောင့် ခေါင်းလေးငြိမ့်ပြရင်း ထွက်ခဲ့မိပြီ။

အတွင်းရေးမှူးလီနောက်သို့ တွန့်ဆုတ်တွန့်ဆုတ် ပါသွားသည့် ချစ်သူကို ငေးနေသော ဗိုလ်ကြီးနှင့် မြေးဖြစ်သူကို ငေးနေသော အဖိုးတို့ကတော့ အတွေးကိုယ်စီနှင့် မျက်နှာချင်းဆိုင်မိကာ မျက်လုံးချင်း ဆုံမိကြပြီ။

ထောင့်ငါးရာနှင့် ငါးရာနှစ်ဆယ့်ရှစ် လွန်ပွဲမှာ ဘယ်ဘယ်ကအလေးသာလို့ ဘာတွေများ ဆက်ဖြစ်ကြမလဲ။

ကားပေါ်ကနေ တိုက်ခန်းဆီ မော့ငေးနေသည့် ကောင်လေးကတော့ ရင်မောစွာ စောင့်မျှော်နေခဲ့ပြီ။

...........................................

Note >>>

စျေးဝယ်တော့ ဆုံတဲ့ မိသားစုလေးက ချစ်စရာလေးနော် ❤💚💛💛💛

သီချင်းအေးအေးလေးတွေ ချစ်တဲ့ကိုယ့်ရဲ့ favourite song လေး ထည့်သုံးထားပါတယ်

ကိုကိုနဲ့ဝမ်လေး တို့အတွဲနဲ့လည်း အရမ်း လိုက်ဖက်တယ် ခံစားရလို့ပါ

Reply မပြန်ဖြစ်သေးတာ နားလည်ပေးပါနော်

Love U All♥

#NwayOo

18.11.2020 (06:00) PM

~~~~~~~~~~~~~~~~~~~~

Part (27) Z

သင္တန္းက ေနာက္တစ္ပတ္ဆို ၿပီးၿပီ။ ယြီပင္းက သူ႔တပ္ရင္းသူ ျပန္ရမည္ ျဖစ္သလို ေရွာင္းက်န္႔လည္း ေရွ႕တန္းလိုက္ရမည္လား၊ ၾကားစခန္းမွာေနရမလား မေသခ်ာေသး။ တပ္ရင္းကို သတင္းပို႔ၿပီးမွသာ ေသခ်ာသိရမည္ျဖစ္သည္။

ဟိုက္ခြမ္းႏွင့္ေရာ ေနာက္တန္းမႉးႏွင့္ပါ အဆက္အသြယ္မျပတ္သည္မို႔ ေရွ႕တန္းစခန္းအေျခအေနႏွင့္ ေနာက္တန္း တပ္ရင္းအေျခအေနကိုပါ မ်က္ေျခေတာ့ မျပတ္လွပါ။

လိုင္းမမိသည့္ ေတာင္ထိပ္စခန္းမွာ သစ္ပင္ေပၚတက္ၿပီး က်ိရန္အသံၾကားရေရး ႀကိဳးပမ္းေနသည့္ ေဟာက္႐ႊမ္းအေၾကာင္းပင္ ပါေသးသည္။

႐ြာသူႀကီးက ညီမျဖစ္သူႏွင့္မိတ္ဆက္ကာ ေခါင္ရည္လက္ေဆာင္ေပးသည္ကို မိန္းကေလးကို လွည့္ပင္မၾကည့္ပဲ ေခါင္ရည္က်ည္ေတာက္ေတြသာ မ လာသည့္ ဒုတပ္ရင္းမႉး လူပ်ိဳႀကီးကိုလည္း ရယ္ရျပန္တာ။

ဒီတစ္ပတ္ ပိတ္ရက္က ျပတိုက္လုံၿခဳံေရးလည္း မရွိသည္မို႔ ယြီပင္းက သူ႔ guardian တပ္ဆီ အလည္သြားသျဖင့္ ဝမ္ေလးဆီ ထြက္လာခဲ့လိုက္သည္။

ေကာခ်န္က သူ႔ေလးေလးအိမ္ျပန္ကာ ဖန္ရွင္းကလည္း ယြီပင္းႏွင့္ ပါသြားတာမို႔ ဝမ္ေလးကိုေခၚကာ ယြီပင္းတိုက္ခန္းမွာ ႏွစ္ေယာက္သား ခ်က္ျပဳတ္စားၾကမည္ ျဖစ္သည္။

ေက်ာပိုးအိတ္ေလးလြယ္ကာ ေျပးဆင္းလာတာကို လက္လွမ္းျပရင္း ေစာင့္ေနေတာ့ ၿပဳံးေပ်ာ္ေနသည့္ ခ်စ္သူေလးက ကားေသာ့ကို လက္ထဲထည့္ေပးလာေလသည္။

အသာၿပဳံးရင္း ကားေသာ့ကို လက္ေလးထဲ ျပန္ထည့္ကာ ဖိဆုပ္လိုက္ေတာ့ ေမာ့ေငးလာသည့္ နားမလည္ဟန္ မ်က္ဝန္းေလးေတြ။

"ဝမ္ေလး...ကိုကိုေျပာတာ ေသခ်ာနားေထာင္ေနာ္..."

"....."

"ကိုကိုက ဝမ္ေလးကို အခ်စ္နဲ႔သစၥာပဲ ေပးႏိုင္တာ...ဝမ္ေလးကားနဲ႔ ေလွ်ာက္လည္ဖို႔အထိေတာ့ စိတ္မလုံလွဘူး...ကိုကိုနဲ႔ဆို လိုင္းကားပဲ စီးရမွာ သိလား...."

"ကိုကိုကလည္း...ခ်စ္သူခ်င္း သူစိမ္းဆန္ေနသလိုႀကီး..."

"ကိုယ့္ခ်စ္သူက အဲ့လိုမေတြးတတ္တာ သိေပမယ့္...ေလာေလာဆယ္ေတာ့ လိုင္းကားနဲ႔ပဲ သြားရေအာင္...ေဟာ No.95 လာေနၿပီ...ျမန္ျမန္..."

ေျပာေျပာဆိုဆို လက္ဆြဲရင္း ေျခလွမ္းက်ဲႀကီးေတြႏွင့္ ကားေပၚအေျပးတက္သြားတာမို႔ ယက္ကန္ယက္ကန္အမွီလိုက္ရတာ။

Chenqing Kitchen Mart ထဲ ေရာက္ေတာ့ ကိုကို တြန္းယူလာသည့္ cart ေဘးတန္းေပၚ ဝမ္ေလးက ခိုရပ္လိုက္တာမို႔ အရွိန္ထိန္းကာ ျမန္ျမန္တြန္းေပးေလသည္။

ပစၥည္းစင္ေတြၾကား ေျခေထာက္ေလး တရမ္းရမ္းႏွင့္ ေပ်ာ္ေနရင္းက အသီးအ႐ြက္တန္းေတြဘက္ ေရာက္လာၿပီ။

အသီးအ႐ြက္ေတြ ဟင္းခ်က္စရာေတြႏွင့္ မုန္႔ပစၥည္းေတြပါ ေ႐ြးလိုက္ထည့္လိုက္ လုပ္ေနရင္း ေဘာင္းဘီစကို ဆြဲခံရတာေၾကာင့္ ငုံ႔ၾကည့္လိုက္ေတာ့ ပဲႏို႔ဘူးေလး ကိုင္ထားသည့္ ႏိုႏိုတို႔အ႐ြယ္ မီးမီးေလး။

"ခ်ေတာ္ဘယ္လီ ယူေပးပါလား...တိုတို..."

"အား...ခ်စ္စရာေလး..."

စေတာ္ဘယ္ရီသီးေလး လက္ထဲထည့္ေပးရင္း ဒူးေထာက္ထိုင္ခ်မိေတာ့ ကီဝီသီးေတြ ေ႐ြးေနသည့္ ကိုကိုကပါ ​လွည့္ၾကည့္လာသည္။

"ဂ်ယ္ေလးေရ...ပါးပါး...ဒီဒီ...ဂ်ယ္​ေလး...ဒီမွာ..."

ၿပိဳင္တူနီပါး ေရာက္လာသည့္ spider man အက်ႌဆင္တူႏွင့္ အမႊာေလးေတြက မီးမီးေလးေဘးက ကိုယ္ေတြကို စူးစမ္းဟန္ ၾကည့္ရင္း ပါးေလးေတြ မို႔တက္ေအာင္ ၿပဳံးျပေနေလသည္။

"ဦးဦးတို႔ကို မေႏွာင့္ယွက္ရဘူးေလ...အားနာစရာ ျဖစ္ကုန္ၿပီထင္တယ္...သားတို႔က ဒီေရာက္ရင္ ေျပးလႊားေဆာ့ေနၾကမို႔ သတိမထားလိုက္မိတာ...ညီေလးေရ..."

"ရပါတယ္ ခင္ဗ်ာ...ကေလးဆိုေတာ့ ေျပးလႊားေဆာ့ရတာ သူတို႔သဘာဝကိုး...အားမနာပါနဲ႔ ေဒါက္တာ..."

Duty Coat ျဖဴျဖဴႏွင့္ မ်က္မွန္အၾကည္ေလးေအာက္မွ ဂ႐ုဏာရိပ္သမ္းေသာ မ်က္ဝန္းမ်ား။

မီးမီးေလးကို ေကာက္ခ်ီလိုက္ေသာ ကေလးတို႔ ဒက္ဒီကို ႏွစ္ေယာက္သား ျပန္ႏႈတ္ဆက္ေနတုန္း ဆံပင္ဝါဝါအုပ္အုပ္၊ ေမး႐ိုးသြယ္သြယ္ႏွင့္ ႏုဖတ္သန္႔စင္ေနေသာ ပုံရိပ္ေလးက ျမင္ကြင္းထဲ ဝင္လာသည္။

"ကိုကိုေရ...ကေလးေတြေရာ....ဘန္ဘန္၊လီလီ...ဂ်ယ္ေလး...ပါးပါးအသည္းေလးေတြ... ဟန္ေလးက မုန္႔စားမယ္တဲ့...."

"ငယ္...ကိုကိုတို႔ ဒီမွာ....ညီေလး...
ဒါ ကိုယ့္အမ်ိဳးသားေလ...ကေလးတို႔ ပါးပါးေပါ့..."

"ကေလးေတြက အရမ္းခ်စ္စရာေကာင္းတယ္ေနာ္...အကို..."

အမႊာႏွစ္ေယာက္ကို လက္ဆြဲၿပီး ၿပဳံးျပေနသည့္ ကေလးတို႔ပါးပါးကို ​ႏႈတ္ဆက္ေနေသာ ဝမ္ေလးက မ်က္လုံးေလးေတြလက္ကာ အမႊာတို႔ေခါင္းေလးေတြကို ပုတ္ေပးေနေလသည္။

လက္ကေလးကို ဖ်စ္ညႇစ္ရင္း အနားနားတိုးတိုးကပ္ေျပာလိုက္ေတာ့ နား႐ြက္ဖ်ားေလးေတြရဲကာ မ်က္ေစာင္းထိုးၿပီး ထြက္သြားေလၿပီ။

ဝယ္ထားသမွ်ေတြ လက္ကဆြဲရင္း ကားပါကင္ကို ျဖတ္ေတာ့ ဆံပင္ဝါေလးႏွင့္ ကေလးတို႔ပါးပါးက မီးမီးေလးကိုခ်ီကာ ကေလးတို႔ဒက္ဒီက ကားေနာက္ခန္းထဲ ပစၥည္းေတြ စီထည့္ေနတာ။

အမႊာေလးေတြကေတာ့ ေရခဲမုန္႔စားရင္း လက္​ေလးေတြ ေဝွ႔ရမ္းျပေနတာမို႔
ကေလးဗိုလ္စြာေတးက ရွက္ရမ္းရမ္းၿပီး ထြက္သြားတာ သူမဟုတ္သည့္အတိုင္း လက္ေလးတျပျပ ႏႈတ္ဆက္ေနေလသည္။

ကိုကို႔ကိုလည္း အဲ့လိုကေလးေလးေတြ ေမြးေပးပါလား...လို႔ စလိုက္မိသည့္ ေရွာင္းက်န္႔ကေတာ့ ကားေပၚေရာက္သည္ထိ တၿပဳံးၿပဳံး။

ႏွင္းေငြ႕႐ိုက္ေနသည့္ မွန္နံရံေပၚ အသည္းပုံေဘးမွာ အစက္ေလး ထည့္ဆြဲေနသည့္ ခ်စ္သူေလးကို ေခါင္းေလးဖြဖြပုတ္ေပးေတာ့ ပုခုံးေပၚေခါင္းငိုက္က်ရင္း အိပ္ေပ်ာ္သြားေလၿပီ။

.............................................

ထမင္းက်က္ၿပီမို႔ ၾကာစြယ္နဲ႔ဝက္နံ႐ိုးေပါင္းထားလိုက္သည္။
ၾကက္သားလုံးေၾကာ္လည္း ရၿပီ။
သရက္ခ်ဥ္သုပ္ဖို႔ ေျမပဲ၊ဆီခ်က္လည္း အသင့္ၿပီးၿပီ။

မႈိကန္စြန္းေၾကာ္ရန္ ေရေဆးစစ္ေနတုန္း ၿငိမ္ခ်က္သားေကာင္းေနသည့္ စြာေတးကို ၾကည့္မိေတာ့ မ်က္ရည္တၿဖိဳင္ၿဖိဳင္ႏွင့္ စဥ့္တီတုံးေပၚမွာေတာ့ ေလးစိတ္ကြဲသာသာ ၾကက္သြန္နီစိတ္မ်ားက ဖ႐ိုဖရဲ။

"ကိုကို လုပ္မွာေပါ့ ဝမ္ေလးရယ္...အရမ္းမႊန္ေနၿပီ...လာ မ်က္ႏွာသစ္ၿပီး ထိုင္ေနေတာ့...ကိုကို ဆက္လုပ္လိုက္မယ္..."

"႐ြတ္...ကိုကို႔ကို ကူလုပ္ခ်င္လို႔ကို...႐ႊတ္...သရက္ခ်ဥ္သုပ္မယ္ဆိုလို႔ လွီးေနတာ...."

"ကိုကို ခ်က္ပါ့မယ္ဗ်ား...အသီးစားရင္း ေစာင့္ေနေနာ္...က်က္မွေခၚလိုက္မယ္..."

ကီဝီသီး ပန္းကန္ေလးေပးကာ ဟင္းခ်ိဳေမႊေနေသာ ကိုကို႔ကို ေနာက္ေက်ာကေန သိုင္းဖက္ရင္း ေက်ာကို ေခါင္းေလး မွီထားမိေတာ့...

"အခြၽဲေလး...ဗိုက္ဆာေနၿပီလား..."

"ဟင့္အင္း...ကိုကို ျပန္သြားရင္း လြမ္းရေတာ့မွာမို႔..."

ဟင္းခ်ိဳေမႊေနသည့္ လက္ေတြ ခဏမွ် ရပ္တန္႔သြားကာ လက္အိတ္ေတြ ဆြဲခြၽတ္ၿပီး ပင့္ေမာ့ၾကည့္မိတဲ့ မ်က္ႏွာေလးက မ်က္ရည္စတို႔ ခိုတြဲလို႔ရယ္။

တစ္ပတ္လွည့္ၿပီး ခါးကေန ပင့္ခ်ီကာ ေဘစင္ေဘာင္ေပၚ တင္ေပးေတာ့ လည္ပင္းကို သိုင္းဖက္လာသည့္ လက္ေလးေတြ။

နဖူးခ်င္းထိတိုက္ရင္း ေမးဖ်ားခ်င္း ရွပ္တိုက္မိေတာ့ စူးတယ္ ဆိုသည့္ အသံအက္အက္ေလးေၾကာင့္ ႏွာထိပ္ေလးကို ဖြဖြကိုက္ပစ္လိုက္မိသည္။

မထင္မွတ္စြာပင္ မွဲ႔နက္ေလးႏွင့္ အနီးတစ္ဝိုက္ ပိုင္စိုးလာသည့္ ႏႈတ္ခမ္းေလးေၾကာင့္ ခါးေလးကို တင္းတင္းဖက္ရင္း
ေရွ႕ဆက္ေနမိဆဲ။

ေညႇာ္နံ႔ႏွင့္အတူ မီးဖိုေပၚ ရွဲခနဲ ေဝက်လာေသာ ဟင္းခ်ိဳအိုးေၾကာင့္ လူခ်င္းခြာကာ မီးဖိုခလုတ္ေျပးပိတ္ၿပီး မ်က္ႏွာခ်င္းဆိုင္ ရယ္ၾကရေသးသည္။

"ကိုကို...အာ..."

"စိတ္ပုပ္ေလး..."

ၾကက္သားလုံးေၾကာ္ကို ႏႈတ္ခမ္းနား လာေတ့ေပးၿပီး သူ႔ဘာသာ တၿမဳံ႕ၿမဳံ႕ဝါးေနေသာ ပါးေဖာင္းေလးကို လွမ္းတို႔ရင္း ႏႈတ္ခမ္းေထာင့္က ေပေနတာေလးေတြပါ သုတ္ေပးေတာ့ တဟိဟိ သေဘာက်ေနေသးသည္။

စားေသာက္ေဆးေၾကာၿပီး အခန္းေထာင့္မွာ အတူထိုင္ရင္း နံရံမွာခ်ိတ္ထားသည့္ ဂစ္တာကို ရင္ခြင္ထဲလာထည့္ေပးသည့္ခ်စ္သူေလး။

ပုခုံးေပၚ မွီက်လာသည့္ ေခါင္းေလးကို ငဲ့ၾကည့္ရင္း ဂစ္တာႀကိဳးညႇိေနမိသည့္ေနာက္....

လိုခ်င္တာမ်ား ရွိရင္လည္း ေျပာပါေလ...
အခ်စ္အတြက္ အသက္ကိုပင္ စြန္႔ရဲတယ္...
ၾကည္ျဖဴမယ္ဆိုရင္ ဆယ္ခါျပန္မကတိုင္ အသက္ဆက္ ရွင္သန္ေနဦးမယ္...

တိုင္တည္ကာ စကားသစၥာေပးပါတယ္...
အသည္းထက္ အကၡရာ တင္ထားမယ္...
ဘယ္လိုသာဘယ္ပုံ အခ်ိန္ေတြ ကူန္ဆုံးပါေစ....
အခ်စ္သက္က ပ်ိဳ႐ြယ္ေနဆဲကြယ္....

အၿပဳံးပန္းအလွမ်ား အစဥ္သာ ပြင့္ေဝေစခ်င္...
အလြမ္းေတးမ်ား ႏႈတ္ပိတ္ေနေစခ်င္...
နင္းသြားမယ့္လမ္းထဲ ဆူးခလုတ္ေတြ
ႏွလုံးေသြးနဲ႔ သန္႔စင္ဖယ္ရွားမယ္...

မေျပလည္ရင္လည္း ျပႆနာကင္းေအာင္ကြယ္...
အတြက္ခက္တဲ့ပုစာၦ ကူရွင္းမယ္...
ဘယ္သူေတြဘယ္လို ႀကံစည္ကာ ဖ်က္ေနေန
အခ်စ္စစ္က ဘယ္ခါမပ်က္ဘူးကြယ္...
အခ်စ္စစ္က ဘယ္ခါမပ်က္ဘူးကြယ္...

"တစ္သက္လုံးေနာ္...ကိုကို..."

"ဆယ္သက္မကပါဘူး...အခ်စ္ရယ္..."

တင္းေတာင္....

"ခဏေနာ္...ဝမ္ေလး...ယြီပင္းအသိမ်ားလား မသိဘူး..."

ဂစ္တာကို ေဘးခ်လိုက္ၿပီး မွီေနသည့္ကိုယ္ေလးကို ရင္ခြင္ထဲ ဆြဲသြင္းေနဆဲ ဘဲလ္သံေၾကာင့္ တံခါးသြားအဖြင့္ ေခတၱမွ် မွင္သက္သြားရေလသည္။

"ဘာတဲ့လဲ...ကိုကို...."

"......."

တံခါးနားမွာ ရပ္ေနသည့္ ကိုကိုေနာက္ကေန တိုးထြက္ၾကည့္မိမွ တစ္ကိုယ္လုံး ေသြးဆုတ္သြားသလို ခံစားလိုက္ရၿပီ။

"ဖိုး...ဖိုးဖိုး...."

သူ႔ကို ေနာက္ဘက္ အသာပို႔ထားၿပီး ဖိုးဖိုးႏွင့္ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္သည့္ ကိုကို။

"မဟုတ္ေလာက္ဘူး ထင္ေနတာ...တကယ္ပဲကိုး..."

ေရ႐ြတ္ၿပီး ႏႈတ္ခမ္း တင္းတင္းေစ့ထားသည့္ ဖိုးဖိုးက ကိုကို႔ေနာက္က ဝမ္ဝမ့္ကို ေက်ာ္ၾကည့္လာၿပီ။

"အတြင္းေရးမႉးလီ...ေျမးေလးကို ေခၚသြားႏွင့္...စကားေျပာၾကရေအာင္ ေမာင္ရင္...."

"ကိုကို မပါရင္ မလိုက္ဘူးေနာ္....ဖိုးဖိုး...."

"ဖိုးဖိုး...ကြၽန္ေတာ္..."

"ခဏ ေမာင္ရင္...စကားမေျပာခင္ ေျမးေလးကို ျပန္ေခၚသြားရလိမ့္မယ္..."

"တစ္သက္လုံးအတြက္ ရည္႐ြယ္ခဲ့တာမလို႔ မခြဲပါရေစနဲ႔...ဖိုးဖိုး..."

အတြင္းေရးမႉးလီက မ်က္ႏွာမေကာင္းစြာႏွင့္ လက္ကိုလာဆြဲတာမို႔ သူ႔လက္ကို ဆြဲလႈပ္ကာ ျငင္းေနေသာ ခ်စ္သူေၾကာင့္ တကယ္ရင္နာရပါသည္။

"ဟင့္အင္း...ကိုကိုနဲ႔ မခြဲပါနဲ႔ ဖိုးဖိုး...သား ေတာင္းပန္ပါတယ္....ကိုကို ဝမ္ေလး မလိုက္သြားဘူးေနာ္...."

"ႏွစ္ေယာက္လုံးအတြက္ အခ်ိန္တစ္ခုလိုတယ္...ေသြးပူတုန္း ခဏထားလိုက္ပါ...အဖိုးတို႔ ေသခ်ာေဆြးေႏြးရေအာင္...."

ဩဇာရိပ္လႊမ္းေသာ ႏႈတ္ခမ္းတို႔က တည္ၿငိမ္စြာ ေျပာလာသလို မ်က္ဝန္းတို႔ကပါ ေတာင္းဆိုေနဟန္မို႔ တြဲထားေသာ လက္ေလးကို အသာေျဖေပးလိုက္ၿပီး ငိုခ်ေတာ့မလို ခ်စ္သူကို တိုးတိုးေဖ်ာင္းဖ်ရသည္။

"အရင္လိုက္သြားလိုက္ပါ ဝမ္ေလး... အဆင္ေျပသြားမွာပါ...ယုံထားေနာ္..."

ေလးနက္ျခင္းႏွင့္တည္ၿငိမ္မႈတို႔ ေရာယွက္ေနသည့္ မ်က္ဝန္းညိဳမ်ားေၾကာင့္ ေခါင္းေလးၿငိမ့္ျပရင္း ထြက္ခဲ့မိၿပီ။

အတြင္းေရးမႉးလီေနာက္သို႔ တြန္႔ဆုတ္တြန္႔ဆုတ္ ပါသြားသည့္ ခ်စ္သူကို ေငးေနေသာ ဗိုလ္ႀကီးႏွင့္ ေျမးျဖစ္သူကို ေငးေနေသာ အဖိုးတို႔ကေတာ့ အေတြးကိုယ္စီႏွင့္ မ်က္ႏွာခ်င္းဆိုင္မိကာ မ်က္လုံးခ်င္း ဆုံမိၾကၿပီ။

ေထာင့္ငါးရာႏွင့္ ငါးရာႏွစ္ဆယ့္ရွစ္ လြန္ပြဲမွာ ဘယ္ဘယ္ကအေလးသာလို႔ ဘာေတြမ်ား ဆက္ျဖစ္ၾကမလဲ။

ကားေပၚကေန တိုက္ခန္းဆီ ေမာ့ေငးေနသည့္ ေကာင္ေလးကေတာ့ ရင္ေမာစြာ ေစာင့္ေမွ်ာ္ေနခဲ့ၿပီ။

...........................................

Note >>>

ေစ်းဝယ္ေတာ့ ဆုံတဲ့ မိသားစုေလးက ခ်စ္စရာေလးေနာ္ ❤💚💛💛💛

သီခ်င္းေအးေအးေလးေတြ ခ်စ္တဲ့ကိုယ့္ရဲ႕ favourite song ေလး ထည့္သုံးထားပါတယ္

ကိုကိုနဲ႕ဝမ္ေလး တို႔အတြဲနဲ႕လည္း အရမ္း လိုက္ဖက္တယ္ ခံစားရလို႔ပါ

Reply မျပန္ျဖစ္ေသးတာ နားလည္ေပးပါေနာ္

Love U All♥

#NwayOo

18.11.2020 (06:00) PM

Pokračovat ve čtení

Mohlo by se ti líbit

95.8K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
158K 10.8K 22
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
116K 10.9K 29
သူကငါ့အပိုင်ဆိုတာ မင်းတို့လက်မခံချင်လည်းလက်ခံရမှာပဲ !
66.7K 9.1K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...