Jiang Yuyan ရဲ့ အခန်းတွင်
Jiang Peizhi နဲ့ Mo Ruolan သည် မျက်နှာပေါ်တွင် အပြုံးများ ဆင်ယင်ထား၍ သူတို့၏ ကလေးများ နောက်တွင် ရပ်နေကြသည်။
"သမီး အဲဒါကို ကြိုက်လား,Yuyan" Mo Ruolanက မေးသည်။
"သမီး ဒါကို ချစ်တယ် အမေ ကျေးဇူးအများကြီးတင်ပါတယ် "Jiang Yuyan က ကွဲအက်သော အသံဖြင့်ပြောသည်။သူမက လှည့်၍ သူမ မိဘတွေကို ဖက်ရင်း သူမမျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာသည်။
ထိခိုက်နစ်နာသွားသော Jiang Yang သည် သူ့ညီမကို လက် များဖြင့် ဆွဲယူလိုက်ပြီး သူမအနေအထားအတိုင်း သူကိုယ်တိုင် သူမ နေရာယူရင်း အစားထိုးသည် ထို့နောက် အသံကိုနှိမ့်ချကာ သူမ စကားလုံးများကို ကူးယူ၍ "သားလည်း အဲ့ဒါကို ချစ်တယ် အမေ ကျေးဇူးအများကြီးတင်ပါတယ်"
ချစ်ခင်မှုကို ပြသခြင်းက လန့်သွားစေသော်ငြားလည်း မိဘေတွက နွေးထွေးစွာပြုံးသည်။
"Hey!" Jiang Yuyanက မျက် မှောင်ကြုံ့သည် "အစ်ကိုက သူတို့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ ဒါက ညီမလေး အခန်း အစ်ကိုက ပြဇာတ်မဘုရင်မ တစ်ယောက်လို ဘာလို့ဖြစ်နေတာလဲ"
Jiang Yangက သူ့ညီမဘက်သို့ လှည့်ရင်း အကြောက်ကင်းမဲ့စွာ ပြောသည် "ငါ့ အခန်းအတွက် သူတို့ကို ကျေးဇူးတင်နေတာ အကြောင်းမဲ့ ငိုတတ်တဲ့ ကလေး ပေါက်စရဲ့"
"အစ်ကိုက ဘယ်သူ့ကို အကြောင်းမဲ့ ငိုတတ်တဲ့ကလေး တစ်ယောက်လို့ ခေါ်နေတာလဲ"Jiang Yuyan ကလှောင်သည် "အစ်ကိုသာပြဇာတ်ဘုရင်မ အစောတုန်းက အစ်ကို ဘာလို့ ကျယ်လောင်စွာ အော်လိုက်တာလဲ"
Jiang Yang ကပြုံးရင်း သာမန်ကာလျှံကာ ေပြာသည် "မင်းလည်း အော်တာပဲ ဒါ့ကြောင့် မင်းလိုပဲ ငါ့ရဲ့ပျော်ရွှင်မှုကို သိရှိစေဖို့ မည်မည်ရရ တုံ့ပြန်မှု တစ်ခု ပြရမယ်လို့ ငါထင်တယ် " သူက သူမကို လျှာထုတ်ပြသည် "အခု မင်းပြော ဘယ်သူက တကယ့် ပြဇာတ်ဘုရင်မလဲ"
"အစ်ကို..."Jinang Yuyan သည် သူမအစ်ကိုကို ကျီစားမည်ပြုတိုင်း စကားလုံး အတိုများသာ အမြဲ ထွက်လာသည်။
"အထဲကို ဝင်ရအောင်" Jiang Peizhi က သူတို့နှစ်ယောက်၏ ဦးနှောက် မရှိသည့် အငြင်းအခုံများမှ ထွက်လာရန် ဖိအားပေးဖို့ မျှော်လင့်ပေးပြီး ကြားဖြတ်ပြောသည်။
လူတိုင်းက အထဲသို့ ခြေလှမ်းလှမ်းလိုက်ကြသည်။အခန်းက ကျယ်ဝန်းပြီး အခန်းထဲရှိ မှန်ထည်ပြတင်းပေါက်ကိုဖြတ်၍ ထွက်လာသော အလင်းရောင်နှင့် တောက်ပနေသည်။အခန်းကို အဖြူရောင်ဆေးချယ်ထားပြီး လိုသည်ထက်ပိုသော အရောင်များဖြင့် ပြည့်နေသော နံရံတစ်ဖက်ကို ဖုံးအုပ်ထားသည် ကြီးမားသော နံရံကပ်စင်ကြီး တစ်ခုရှိသည်။အခန်းတွင် ကင်းဗတ်စများ တွဲချည်ထားသည့် သစ်သားစင် အမျိုးမျိုးရှိပြီး သူမရဲ့ ဖန်တီးမှုကို အထောက်အကူပြုသည့် ဆက်စပ်ပစ်စည်း အမျိုးအစားများ အားလုံးရှိသည်။တစ်ဖက်က နံရံတွင် ကြမ်းပြင်မှ မျက်နှာကျက်ထိ ဖုံးအုပ်ထားသည့် မှန်ထည်ပြတင်းပေါက်သည် အပြင်ဘက် မှ ထူးကဲသော မြင်ကွင်းတစ်ခုကို ပေးနေသည်။မှန်ထည်၏ တစ်ခြားတစ်ဖက်တွင် မြင်ရသည့် အလှဆင်ထားသော သစ်ပင်များက အခန်းကို ဒေသတစ်ခုအတွင်း ပေါက်ရောက်သည့် အပင်များ နှင့် တိရိစ်ဆာန်များ၏ အရသာခံနိုင်စွမ်းများအား ပေးနေသည်။ဒါက ပြည့်စုံလွန်းသည် မည့်သည့် ပန်းချီ အနုပညာရှင်မဆို ဒါကို ချစ်ကြလိမ့်မည်။
(T/N: ကိုယ် အပေါ်ကအပိုင်းတွေမှာ သေချာမကွဲပဲ မှန်ထည်ကို ဖန်ထည်လို့သုံးမိတာတွေရှိပါတယ် အဓိပါယ်တူပေမယ့် မှန်ထည်က ပိုမှန်လိမ့်မယ်ထင်ပါတယ် Sorryပါနော် ဒီအပိုဒ်ရဲ့အောက်နားလေးကိုတော့ ပြန်သာပြန်လိုက်တယ် ကိုယ်လည်း သိပ်နားမလည်ဘူး)
Jiang Yuyan သည် ထူးချွန်သော ကျောင်းသူတစ်ယောက်ဖြစ်သည်။ပညာရပ်ဆန်သည့် အကဲစမ်းသော ဆေးဝါး နှင့် အင်ဂျင်နီယာ ပညာကို သူမ သွားနိုင်သည့်ကာလတွင် သူမကတော့ ပန်းချီဆွဲဖို့ ရွေးချယ်ခဲ့သည်။
သူမငယ်ရွယ်စဥ်အခါက အနုပညာ အရည်အသွေးရှိသော ယဥ်ကျေးမှုများ အတွက် ကျော်ကြားသည့် ဂရိ၊ပြင်သစ်၊အီတလီ နှင့် အခြား ဥရောပ စသည့် မတူညီသော နိုင်ငံများကို သူမမိဘများနှင့် လှည့်လည်သွားလာခဲ့သည်။ရိုးရာပုံပြင်များ၏ လှပသော ပန်းချီများက သူမကို ဖမ်းစားခဲ့သည်။
သူမ ခရီးသွားခြင်းမှ ရရှိလာသော အတွေ့အကြုံများကို ပန်းချီဆွဲသည့် ပတ်တူစ တွင် မှတ်ကျောက်တင်ဖို့က သူမအိမ်မ က်ဖြစ်သည်။သူမက တစ်ကမ်ဘာလုံး၏ အတွေ့အကြုံများကို လိုချင်သည်။နေရာအတော်အများကို သူမသွားခဲ့ပြီး ဂရိနိုင်ငံကို အကြိုက်ဆုံးဖြစ်ကာ တစ်နေ့တွင် အခြ ချနေထိုင်ရန် သူမက ဆန်ဒရှိခဲ့သည်။နယူးယောက်တွင် သူမ ရှိခဲ့စဥ်က မတူညီသော ပန်းချီပညာရှင်များ၏ အနုပညာပြပွဲများတွင် သူမ အမြဲ ကုန်ဆုံးလေ့ရှိသည်။အလယ်အလတ် သက်မွေးမှု လုပ်ငန်းများနှင့် ပန်းချီပညာရှင်များကို တည်ထောင်ခြင်း အခွင့်အရေးများကို စီစဥ်ပေးထားသော အမြတ်အစွန်းမရှိ အနုပညာတစ်ရပ်အတွက် အသုံးပြုသည့် အခန်းကျဥ်း "ပန်းချီစင်တာ"သည် သူမအကြိုက်ဆုံးနေရာ ဖြစ်သည်။
" အမေ သမီးထင်ခဲ့တာက သမီးကို ပညာသင်စေချင်တယ်လို့ ဒါပေမယ့် ဒါကတော့..."သူမက လမ်းကြောင်းပျောက်သွားကာ သူမရဲ့ခံစားချက် များကို ဖော်ပြရန် စကားလုံးများကို ရှာဖွေရန် မတက်နိုင်တော့ပေ။
"သမီး လုပ်ချင်တဲ့အရာကနေ အဝေးကို ရောက်အောင် အမေ ဘယ်လိုလို့ လုပ်နိုင်မှာလဲ စီးပွားစီမံမှုကို သင်ကြားနေရင်းနဲ့ တစ်ဖက်ကနေ သမီး လုပ်နိုင်တယ် " Mo Ruolan ကပြန်ဖြေသည်။
Jiang Peizhi နဲ့ Mo Ruolan နှစ်ယောက်လုံးက Jiang Yuyan တရုတ်ကို ပြန်လာရသည့် အတွက် မပျော်ရွှင်ကြောင်း နားလည်သဘောပေါက်သည်။ထိုအရာက သူမ၏ တစ်သက်တာ အိမ်မ က်ဖြစ်သည့်အတွက် သူတို့က သူမကို ပန်းချီဆက်ဆွဲစေချင်သည်။ထိုကြောင့် သူမအတွက် အခန်းတစ်ခုအဖြစ် ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။သူမ၏ ပင်ကိုစွမ်းရည် နှင့်ဆိုလျှင် စီးပွားစီမံခန့်ခွဲမှုကို အခက်အခဲမရှိ ပြီးဆုံးနိုင်သည်။
ခဏအကြာမှာတော့ Mo Ruolan ပြုလုပ်ထားသည့် မနက်စာအတွက် သူတို့အောက်သို့ ဆင်းခဲ့ကြသည်။သူတို့ မနက်စာစားပြီးအချိန်တွင် ဧည့်ခန်း၌ အတူတကွထိုင်နေကြသည်။သူတို့ လေးယောက် အတူရှိနေချိန်က ကြာရှည်လာပြီး အများအပြားကို ဆွေးနွေးခဲ့ကြသည်။သူတို့ စကားလက်ဆုံကျနေကြရင်း Jiang Peizhi က ရုတ်တရက်ထပြောသည် "အကြီးအကဲ Lu ရဲ့ မင်ဂလာ နှစ်ပတ်လည် ဂုဏ်ပြုပွဲကို ငါတို့ တက်ရောက် မယ့် အကြောင်း မင်းတို့ သတိရဖို့ မျှော်လင့်တယ်"
"ဟုတ်ကဲ့ အဖေ" သူတို့က တစ်ညီတစ်ညာတည်းဖြေသည်။
"ကျွန်တော်တို့က အဖိုး နဲ့ အဖွား Luကိုတွေ့ဖို့အတွက် စိတ်လှုပ်ရှားနေကြတယ်" Lu မိသားစု နှင့် ကုန်ဆုံးခဲ့သော သူမ၏ ကလေးဘဝမှ အမှတ်တရအနည်းငယ်ကြောင့် သူမ၏ စိတ်လှုပ်ရှားမှုကို ပြသရန် Jiang Yuyan ကရိုးရှင်းစွာ ခေါင်းငြိမ့်ြပနေစဥ်အတွင်း Jiang Yang က တောက်ပစွာ ပြောနေခဲ့သည်။
"အရာအားလုံးကို အဆင်သင့်ပြင်ပြီးသွားပြီ ဒါပေမယ့် မနက်ဖြန်အတွက် တစ်စုံတစ်ခုကို လိုအပ်တယ်ဆိုရင် မင်းတို့ ထိုအရာအတွက် စျေးဝယ်ထွက်နိုင်တယ်....မင်းတို့သာမပင်ပန်းဘူးဆိုရင်ပေါ့"အမေ Mo Ruolan က ခိုင်မာစွာပြောသည် သို့သော်လည်း ယင်းကဲ့သို့ အရာများအတွက် ကလေးတစ်ယောက်ချင်းစီ၏ ကြင်နာတတ်သော အပြုအမူများကို သိနေသည်။
"တရုတ်ကို ပြန်မလာတာ နှစ်အတော်ကြာပြီလေ ငါတို့ အပြင်ထွက် လမ်းလျှောက်သင့်တာပေါ့ ဘာပြောမလဲ ညီမလေး"သူက သူ့ညီမကို ဖျက်ခနဲ ကြည့်သည်။
"ဒါဆိုလည်း သွားကြတာပေါ့" သူမက အချိန်မဆိုင်းပြန်ဖြေသည်။
"ယာဥ်မောင်းကို မင်းတို့နဲ့ ခေါ်သွား မင်းတို့သွားလိုတဲ့ နေရာတိုင်းကို သူက ခေါ်သွားလိ်မ့်မယ်"Jiang Peizhi က ကျေနပ်မှု အပြည့်ဖြင့်ပြောသည်။
__________
Lu စံအိမ်တွင်
Lu Qiang နဲ့ Lu Lijun က နောက်ဆုံးပေါ် သိပ်ပံပညာအပိုင်းကို ရှုစားရင်းဖြင့် အလုပ်ရှုပ်နေကြသည်။အိမ်အကူရဲ့ တံခါးခေါက်လိုက်တဲ့ အသံက သူတို့ရဲ့ အာရုံကိုဖမ်းစားသွားပြီး တစ်စုံတစ်ယောက်က သူ့ကိုစောင့်နေသောကြောင့် အောက်သို့ ဆင်းလာရန်မေးသည်။
"မိနစ်အနည်းငယ်လောက်ကျရင် ဒီကို အစ်ကို ပြန်လာခဲ့မယ်"ဘယ်သူက ရုတ်တရက် ရောက်ချလာသည်ကို စူးစမ်းနေရင်း Lu Qinag ကပြောသည်။သူက Lu Lijun ဘက်ကို လှည့်လိုက်
သည်။"အစ်ကို ရုံးကိုသွားဖို့ လိုတယ် မင်းရဲ့လက်ဆောင်ကို ဆက်ကြည့်နေ"သူ့အစ်ကို ကို သူမရပ်တန့်ခင်အချိန်မှာပဲ Lu Qiang ကတော့ အပေါ်အင်ကျီကိုဝတ်ရင်း အပြင်ကို ထွက်ဖို့ ပြင်နေပြီ။
"အစ်ကို ကျွန်တော့်မှာလည်း အစ်ကိုအတွက် တစ်စုံတစ်ခုရှိတယ် အဲ့ဒါ ကျွန်တော့် အခန်းထဲမှာ ကျွန်တော် အဲ့ဒါကို ယူပြီး အောက်ကိုဆင်းလာခဲ့မယ် " ပြောရင်းနဲ့ Lu Qiang စကားပြန်ပြောတာကို မစောင့်တော့ပဲ အခန်းအပြင်ဘက်သို့ တဟုန်ထိုး ထွက်သွားသည်။လူတိုင်းက ထိုနေရာတွင် ရှိနေပြီး သူတို့ ဘေးတွင် လက်ဆောင််ဘူးများနှင့် သူ့ကို စောင့်နေကြသည်။
Lu Qiang ရဲ့ မွေးနေ့က လွန်ခဲ့သော ရက်အနည်းငယ်က ပြီးသွားပြီ ဖြစ်သည်။ညီအစ်ကိုနှစ်ယောက် Lu Qiang နဲ့ Lu Lijun သည် တူညီသောလ တူညီသောရက်တွင် သူတို့မွေးနေ့များ ရှိကြသည်။ထိုအရာကို သူကိုယ်တိုင် ကျင်းပခြင်းက ကလေးကလားနိုင်ခြင်းကို တွေ့ရှိသွားပြီး သူ့ညီငယ်လေး၏ မွေးနေ့အတွက်သာ ခမ်းနားကြီးကျယ်သော ပြင်ဆင်မှုတွေကို ပြုလုပ်ပေးသည်။
Lu Qiang က ထိုလက်ဆောင်များကို လက်ခံပြီး ခုံ၏အလယ်၌ သူတို့ကို ချကာ ထိုအရာများကို သူ့အခန်းတွင် သိမ်းထားရန် အိမ်အကူများကို အကြောင်းကြားလိုက်သည်။သူ့မိသားစုဝင်တွေကို ကြည့်ရင်း သူက အခိုင်အမာပြောသည် "ရုံးကပြန်လာရင် သူတို့ကို ဖွင့်ကြည့်လိုက် မယ် ကျွန်တော်အနည်းငယ်နောက်ကျနေပြီ အားလုံး မြင်......."
"မင်းဘယ်ကို သွားဖို် တွေးနေတာလဲ အခုထိ မင်းနဲ့ ငါနဲ့ မပြီးသေးဘူးကွ"ဒါဟာ အကြီးအကဲ Lu ၏အသံဖြစ်သည်။ဆိုဖာပေါ်မှ ထ၍ အကြီးအကဲ Lu က အဖြူရောင်အထုပ်ကို ကောက်ယူ၍ Lu Qiang ကိုပေးသည်"ဒီမှာ မင်းကို ပေးတဲ့ လက်ဆောင်"
Lu Qiang ကသူ့လမ်းကြောင်းကို ရပ်တန့်ပြီး လက်ဆောင်ကို ယူရန် လှည့်လိုက်သည်"ကျေးဇူးတင်ပါတယ် အဘိုး"Lu Qiang က ထိုအရာကို တစ်ခြား လက်ဆောင် များ နှင့်အတူ အလယ်ရှိ ခုံ၌ ထားလိုက်သည့်အတွက် အကြီးအကဲ Lu ကပြောသည်။
"ငါရဲ့အိုဟောင်းနေတဲ့ ပစ်စည်းတွေထဲမှာ ဒါကို ရှာဖို့အတွက် ငါ အခက်အခဲတွေကြုံခဲ့ရတယ် ငါရဲ့စုဆောင်းမှုတွေထဲမှာ ဒါက အကောင်းဆုံး ပစ်စည်း မင်းလိုပဲ ငါ ငယ်ရွယ်ပြီး ခွန်အားပြည့်ဝတဲ့အချိန်က ပစ်စည်းပဲ"အကြီးအကဲ Lu ကအကြောင်းကြားသည်။
ဒါကိုကြားပြီးတဲ့နောက် လူတိုင်းရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။အလွန်ဆိုးသော ကိစ်စတစ်ခု ဖြစ်ပျက်လာတော့မည်ကို သူတို့ သိသွားကြသည်။
…………………………………………………
(Zawgyi)
Jiang Yuyan ရဲ႕ အခန္းတြင္
Jiang Peizhi နဲ႕ Mo Ruolan သည္ မ်က္ႏွာေပၚတြင္ အၿပဳံးမ်ား ဆင္ယင္ထား၍ သူတို႔၏ ကေလးမ်ား ေနာက္တြင္ ရပ္ေနၾကသည္။
"သမီး အဲဒါကို ႀကိဳက္လား,Yuyan" Mo Ruolanက ေမးသည္။
"သမီး ဒါကို ခ်စ္တယ္ အေမ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ "Jiang Yuyan က ကြဲအက္ေသာ အသံျဖင့္ေျပာသည္။သူမက လွည့္၍ သူမ မိဘေတြကို ဖက္ရင္း သူမမ်က္လုံးမ်ားက မ်က္ရည္မ်ားျဖင့္ စိုစြတ္လာသည္။
ထိခိုက္နစ္နာသြားေသာ Jiang Yang သည္ သူ႕ညီမကို လက္ မ်ားျဖင့္ ဆြဲယူလိုက္ၿပီး သူမအေနအထားအတိုင္း သူကိုယ္တိုင္ သူမ ေနရာယူရင္း အစားထိုးသည္ ထို႔ေနာက္ အသံကိုႏွိမ့္ခ်ကာ သူမ စကားလုံးမ်ားကို ကူးယူ၍ "သားလည္း အဲ့ဒါကို ခ်စ္တယ္ အေမ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
ခ်စ္ခင္မႈကို ျပသျခင္းက လန့္သြားေစေသာ္ျငားလည္း မိဘေတွက ႏြေးေထြးစြာၿပဳံးသည္။
"Hey!" Jiang Yuyanက မ်က္ ေမွာင္ႀကဳံ႕သည္ "အစ္ကိုက သူတို႔ကို ဘာအတြက္ ေက်းဇူးတင္ေနတာလဲ ဒါက ညီမေလး အခန္း အစ္ကိုက ျပဇာတ္မဘုရင္မ တစ္ေယာက္လို ဘာလို႔ျဖစ္ေနတာလဲ"
Jiang Yangက သူ႕ညီမဘက္သို႔ လွည့္ရင္း အေၾကာက္ကင္းမဲ့စြာ ေျပာသည္ "ငါ့ အခန္းအတြက္ သူတို႔ကို ေက်းဇူးတင္ေနတာ အေၾကာင္းမဲ့ ငိုတတ္တဲ့ ကေလး ေပါက္စရဲ႕"
"အစ္ကိုက ဘယ္သူ႕ကို အေၾကာင္းမဲ့ ငိုတတ္တဲ့ကေလး တစ္ေယာက္လို႔ ေခၚေနတာလဲ"Jiang Yuyan ကေလွာင္သည္ "အစ္ကိုသာျပဇာတ္ဘုရင္မ အေစာတုန္းက အစ္ကို ဘာလို႔ က်ယ္ေလာင္စြာ ေအာ္လိုက္တာလဲ"
Jiang Yang ကၿပဳံးရင္း သာမန္ကာလွ်ံကာ ေပြာသည် "မင္းလည္း ေအာ္တာပဲ ဒါ့ေၾကာင့္ မင္းလိုပဲ ငါ့ရဲ႕ေပ်ာ္႐ႊင္မႈကို သိရွိေစဖို႔ မည္မည္ရရ တုံ႕ျပန္မႈ တစ္ခု ျပရမယ္လို႔ ငါထင္တယ္ " သူက သူမကို လွ်ာထုတ္ျပသည္ "အခု မင္းေျပာ ဘယ္သူက တကယ့္ ျပဇာတ္ဘုရင္မလဲ"
"အစ္ကို..."Jinang Yuyan သည္ သူမအစ္ကိုကို က်ီစားမည္ျပဳတိုင္း စကားလုံး အတိုမ်ားသာ အၿမဲ ထြက္လာသည္။
"အထဲကို ဝင္ရေအာင္" Jiang Peizhi က သူတို႔ႏွစ္ေယာက္၏ ဦးႏွောက္ မရွိသည့္ အျငင္းအခုံမ်ားမွ ထြက္လာရန္ ဖိအားေပးဖို႔ ေမွ်ာ္လင့္ေပးၿပီး ၾကားျဖတ္ေျပာသည္။
လူတိုင္းက အထဲသို႔ ေျခလွမ္းလွမ္းလိုက္ၾကသည္။အခန္းက က်ယ္ဝန္းၿပီး အခန္းထဲရွိ မွန္ထည္ျပတင္းေပါက္ကိုျဖတ္၍ ထြက္လာေသာ အလင္းေရာင္ႏွင့္ ေတာက္ပေနသည္။အခန္းကို အျဖဴေရာင္ေဆးခ်ယ္ထားၿပီး လိုသည္ထက္ပိုေသာ အေရာင္မ်ားျဖင့္ ျပည့္ေနေသာ နံရံတစ္ဖက္ကို ဖုံးအုပ္ထားသည္ ႀကီးမားေသာ နံရံကပ္စင္ႀကီး တစ္ခုရွိသည္။အခန္းတြင္ ကင္းဗတ္စမ်ား တြဲခ်ည္ထားသည့္ သစ္သားစင္ အမ်ိဳးမ်ိဳးရွိၿပီး သူမရဲ႕ ဖန္တီးမႈကို အေထာက္အကူျပဳသည့္ ဆက္စပ္ပစ္စည္း အမ်ိဳးအစားမ်ား အားလုံးရွိသည္။တစ္ဖက္က နံရံတြင္ ၾကမ္းျပင္မွ မ်က္ႏွာက်က္ထိ ဖုံးအုပ္ထားသည့္ မွန္ထည္ျပတင္းေပါက္သည္ အျပင္ဘက္ မွ ထူးကဲေသာ ျမင္ကြင္းတစ္ခုကို ေပးေနသည္။မွန္ထည္၏ တစ္ျခားတစ္ဖက္တြင္ ျမင္ရသည့္ အလွဆင္ထားေသာ သစ္ပင္မ်ားက အခန္းကို ေဒသတစ္ခုအတြင္း ေပါက္ေရာက္သည့္ အပင္မ်ား ႏွင့္ တိရိစ္ဆာန္မ်ား၏ အရသာခံနိုင္စြမ္းမ်ားအား ေပးေနသည္။ဒါက ျပည့္စုံလြန္းသည္ မည့္သည့္ ပန္းခ်ီ အႏုပညာရွင္မဆို ဒါကို ခ်စ္ၾကလိမ့္မည္။
(T/N: ကိုယ္ အေပၚကအပိုင္းေတြမွာ ေသခ်ာမကြဲပဲ မွန္ထည္ကို ဖန္ထည္လို႔သုံးမိတာေတြရွိပါတယ္ အဓိပါယ္တူေပမယ့္ မွန္ထည္က ပိုမွန္လိမ့္မယ္ထင္ပါတယ္ Sorryပါေနာ္ ဒီအပိုဒ္ရဲ႕ေအာက္နားေလးကိုေတာ့ ျပန္သာျပန္လိုက္တယ္ ကိုယ္လည္း သိပ္နားမလည္ဘူး)
Jiang Yuyan သည္ ထူးခြၽန္ေသာ ေက်ာင္းသူတစ္ေယာက္ျဖစ္သည္။ပညာရပ္ဆန္သည့္ အကဲစမ္းေသာ ေဆးဝါး ႏွင့္ အင္ဂ်င္နီယာ ပညာကို သူမ သြားနိုင္သည့္ကာလတြင္ သူမကေတာ့ ပန္းခ်ီဆြဲဖို႔ ေ႐ြးခ်ယ္ခဲ့သည္။
သူမငယ္႐ြယ္စဥ္အခါက အႏုပညာ အရည္အေသြးရွိေသာ ယဥ္ေက်းမႈမ်ား အတြက္ ေက်ာ္ၾကားသည့္ ဂရိ၊ျပင္သစ္၊အီတလီ ႏွင့္ အျခား ဥေရာပ စသည့္ မတူညီေသာ နိုင္ငံမ်ားကို သူမမိဘမ်ားႏွင့္ လွည့္လည္သြားလာခဲ့သည္။ရိုးရာပုံျပင္မ်ား၏ လွပေသာ ပန္းခ်ီမ်ားက သူမကို ဖမ္းစားခဲ့သည္။
သူမ ခရီးသြားျခင္းမွ ရရွိလာေသာ အေတြ႕အႀကဳံမ်ားကို ပန္းခ်ီဆြဲသည့္ ပတ္တူစ တြင္ မွတ္ေက်ာက္တင္ဖို႔က သူမအိမ္မ က္ျဖစ္သည္။သူမက တစ္ကမ္ဘာလုံး၏ အေတြ႕အႀကဳံမ်ားကို လိုခ်င္သည္။ေနရာအေတာ္အမ်ားကို သူမသြားခဲ့ၿပီး ဂရိနိုင္ငံကို အႀကိဳက္ဆုံးျဖစ္ကာ တစ္ေန႕တြင္ အျခ ခ်ေနထိုင္ရန္ သူမက ဆန္ဒရွိခဲ့သည္။နယူးေယာက္တြင္ သူမ ရွိခဲ့စဥ္က မတူညီေသာ ပန္းခ်ီပညာရွင္မ်ား၏ အႏုပညာျပပြဲမ်ားတြင္ သူမ အၿမဲ ကုန္ဆုံးေလ့ရွိသည္။အလယ္အလတ္ သက္ေမြးမႈ လုပ္ငန္းမ်ားႏွင့္ ပန္းခ်ီပညာရွင္မ်ားကို တည္ေထာင္ျခင္း အခြင့္အေရးမ်ားကို စီစဥ္ေပးထားေသာ အျမတ္အစြန္းမရွိ အႏုပညာတစ္ရပ္အတြက္ အသုံးျပဳသည့္ အခန္းက်ဥ္း "ပန္းခ်ီစင္တာ"သည္ သူမအႀကိဳက္ဆုံးေနရာ ျဖစ္သည္။
" အေမ သမီးထင္ခဲ့တာက သမီးကို ပညာသင္ေစခ်င္တယ္လို႔ ဒါေပမယ့္ ဒါကေတာ့..."သူမက လမ္းေၾကာင္းေပ်ာက္သြားကာ သူမရဲ႕ခံစားခ်က္ မ်ားကို ေဖာ္ျပရန္ စကားလုံးမ်ားကို ရွာေဖြရန္ မတက္နိုင္ေတာ့ေပ။
"သမီး လုပ္ခ်င္တဲ့အရာကေန အေဝးကို ေရာက္ေအာင္ အေမ ဘယ္လိုလို႔ လုပ္နိုင္မွာလဲ စီးပြားစီမံမႈကို သင္ၾကားေနရင္းနဲ႕ တစ္ဖက္ကေန သမီး လုပ္နိုင္တယ္ " Mo Ruolan ကျပန္ေျဖသည္။
Jiang Peizhi နဲ႕ Mo Ruolan ႏွစ္ေယာက္လုံးက Jiang Yuyan တ႐ုတ္ကို ျပန္လာရသည့္ အတြက္ မေပ်ာ္႐ႊင္ေၾကာင္း နားလည္သေဘာေပါက္သည္။ထိုအရာက သူမ၏ တစ္သက္တာ အိမ္မ က္ျဖစ္သည့္အတြက္ သူတို႔က သူမကို ပန္းခ်ီဆက္ဆြဲေစခ်င္သည္။ထိုေၾကာင့္ သူမအတြက္ အခန္းတစ္ခုအျဖစ္ ျပင္ဆင္ေပးခဲ့ျခင္းျဖစ္သည္။သူမ၏ ပင္ကိုစြမ္းရည္ ႏွင့္ဆိုလွ်င္ စီးပြားစီမံခန့္ခြဲမႈကို အခက္အခဲမရွိ ၿပီးဆုံးနိုင္သည္။
ခဏအၾကာမွာေတာ့ Mo Ruolan ျပဳလုပ္ထားသည့္ မနက္စာအတြက္ သူတို႔ေအာက္သို႔ ဆင္းခဲ့ၾကသည္။သူတို႔ မနက္စာစားၿပီးအခ်ိန္တြင္ ဧည့္ခန္း၌ အတူတကြထိုင္ေနၾကသည္။သူတို႔ ေလးေယာက္ အတူရွိေနခ်ိန္က ၾကာရွည္လာၿပီး အမ်ားအျပားကို ေဆြးႏြေးခဲ့ၾကသည္။သူတို႔ စကားလက္ဆုံက်ေနၾကရင္း Jiang Peizhi က ႐ုတ္တရက္ထေျပာသည္ "အႀကီးအကဲ Lu ရဲ႕ မင္ဂလာ ႏွစ္ပတ္လည္ ဂုဏ္ျပဳပြဲကို ငါတို႔ တက္ေရာက္ မယ့္ အေၾကာင္း မင္းတို႔ သတိရဖို႔ ေမွ်ာ္လင့္တယ္"
"ဟုတ္ကဲ့ အေဖ" သူတို႔က တစ္ညီတစ္ညာတည္းေျဖသည္။
"ကြၽန္ေတာ္တို႔က အဖိုး နဲ႕ အဖြား Luကိုေတြ႕ဖို႔အတြက္ စိတ္လႈပ္ရွားေနၾကတယ္" Lu မိသားစု ႏွင့္ ကုန္ဆုံးခဲ့ေသာ သူမ၏ ကေလးဘဝမွ အမွတ္တရအနည္းငယ္ေၾကာင့္ သူမ၏ စိတ္လႈပ္ရွားမႈကို ျပသရန္ Jiang Yuyan ကရိုးရွင္းစြာ ေခါင္းၿငိမ့္ျပေနစဥ္အတြင္း Jiang Yang က ေတာက္ပစြာ ေျပာေနခဲ့သည္။
"အရာအားလုံးကို အဆင္သင့္ျပင္ၿပီးသြားၿပီ ဒါေပမယ့္ မနက္ျဖန္အတြက္ တစ္စုံတစ္ခုကို လိုအပ္တယ္ဆိုရင္ မင္းတို႔ ထိုအရာအတြက္ ေစ်းဝယ္ထြက္နိုင္တယ္....မင္းတို႔သာမပင္ပန္းဘူးဆိုရင္ေပါ့"အေမ Mo Ruolan က ခိုင္မာစြာေျပာသည္ သို႔ေသာ္လည္း ယင္းကဲ့သို႔ အရာမ်ားအတြက္ ကေလးတစ္ေယာက္ခ်င္းစီ၏ ၾကင္နာတတ္ေသာ အျပဳအမူမ်ားကို သိေနသည္။
"တ႐ုတ္ကို ျပန္မလာတာ ႏွစ္အေတာ္ၾကာၿပီေလ ငါတို႔ အျပင္ထြက္ လမ္းေလွ်ာက္သင့္တာေပါ့ ဘာေျပာမလဲ ညီမေလး"သူက သူ႕ညီမကို ဖ်က္ခနဲ ၾကည့္သည္။
"ဒါဆိုလည္း သြားၾကတာေပါ့" သူမက အခ်ိန္မဆိုင္းျပန္ေျဖသည္။
"ယာဥ္ေမာင္းကို မင္းတို႔နဲ႕ ေခၚသြား မင္းတို႔သြားလိုတဲ့ ေနရာတိုင္းကို သူက ေခၚသြားလိ္မ့္မယ္"Jiang Peizhi က ေက်နပ္မႈ အျပည့္ျဖင့္ေျပာသည္။
__________
Lu စံအိမ္တြင္
Lu Qiang နဲ႕ Lu Lijun က ေနာက္ဆုံးေပၚ သိပ္ပံပညာအပိုင္းကို ရႈစားရင္းျဖင့္ အလုပ္ရႈပ္ေနၾကသည္။အိမ္အကူရဲ႕ တံခါးေခါက္လိုက္တဲ့ အသံက သူတို႔ရဲ႕ အာ႐ုံကိုဖမ္းစားသြားၿပီး တစ္စုံတစ္ေယာက္က သူ႕ကိုေစာင့္ေနေသာေၾကာင့္ ေအာက္သို႔ ဆင္းလာရန္ေမးသည္။
"မိနစ္အနည္းငယ္ေလာက္က်ရင္ ဒီကို အစ္ကို ျပန္လာခဲ့မယ္"ဘယ္သူက ႐ုတ္တရက္ ေရာက္ခ်လာသည္ကို စူးစမ္းေနရင္း Lu Qinag ကေျပာသည္။သူက Lu Lijun ဘက္ကို လွည့္လိုက္
သည္။"အစ္ကို ႐ုံးကိုသြားဖို႔ လိုတယ္ မင္းရဲ႕လက္ေဆာင္ကို ဆက္ၾကည့္ေန"သူ႕အစ္ကို ကို သူမရပ္တန့္ခင္အခ်ိန္မွာပဲ Lu Qiang ကေတာ့ အေပၚအင္က်ီကိုဝတ္ရင္း အျပင္ကို ထြက္ဖို႔ ျပင္ေနၿပီ။
"အစ္ကို ကြၽန္ေတာ့္မွာလည္း အစ္ကိုအတြက္ တစ္စုံတစ္ခုရွိတယ္ အဲ့ဒါ ကြၽန္ေတာ့္ အခန္းထဲမွာ ကြၽန္ေတာ္ အဲ့ဒါကို ယူၿပီး ေအာက္ကိုဆင္းလာခဲ့မယ္ " ေျပာရင္းနဲ႕ Lu Qiang စကားျပန္ေျပာတာကို မေစာင့္ေတာ့ပဲ အခန္းအျပင္ဘက္သို႔ တဟုန္ထိုး ထြက္သြားသည္။လူတိုင္းက ထိုေနရာတြင္ ရွိေနၿပီး သူတို႔ ေဘးတြင္ လက္ေဆာင္္ဘူးမ်ားႏွင့္ သူ႕ကို ေစာင့္ေနၾကသည္။
Lu Qiang ရဲ႕ ေမြးေန႕က လြန္ခဲ့ေသာ ရက္အနည္းငယ္က ၿပီးသြားၿပီ ျဖစ္သည္။ညီအစ္ကိုႏွစ္ေယာက္ Lu Qiang နဲ႕ Lu Lijun သည္ တူညီေသာလ တူညီေသာရက္တြင္ သူတို႔ေမြးေန႕မ်ား ရွိၾကသည္။ထိုအရာကို သူကိုယ္တိုင္ က်င္းပျခင္းက ကေလးကလားနိုင္ျခင္းကို ေတြ႕ရွိသြားၿပီး သူ႕ညီငယ္ေလး၏ ေမြးေန႕အတြက္သာ ခမ္းနားႀကီးက်ယ္ေသာ ျပင္ဆင္မႈေတြကို ျပဳလုပ္ေပးသည္။
Lu Qiang က ထိုလက္ေဆာင္မ်ားကို လက္ခံၿပီး ခုံ၏အလယ္၌ သူတို႔ကို ခ်ကာ ထိုအရာမ်ားကို သူ႕အခန္းတြင္ သိမ္းထားရန္ အိမ္အကူမ်ားကို အေၾကာင္းၾကားလိုက္သည္။သူ႕မိသားစုဝင္ေတြကို ၾကည့္ရင္း သူက အခိုင္အမာေျပာသည္ "႐ုံးကျပန္လာရင္ သူတို႔ကို ဖြင့္ၾကည့္လိုက္ မယ္ ကြၽန္ေတာ္အနည္းငယ္ေနာက္က်ေနၿပီ အားလုံး ျမင္......."
"မင္းဘယ္ကို သြားဖို္ ေတြးေနတာလဲ အခုထိ မင္းနဲ႕ ငါနဲ႕ မၿပီးေသးဘူးကြ"ဒါဟာ အႀကီးအကဲ Lu ၏အသံျဖစ္သည္။ဆိုဖာေပၚမွ ထ၍ အႀကီးအကဲ Lu က အျဖဴေရာင္အထုပ္ကို ေကာက္ယူ၍ Lu Qiang ကိုေပးသည္"ဒီမွာ မင္းကို ေပးတဲ့ လက္ေဆာင္"
Lu Qiang ကသူ႕လမ္းေၾကာင္းကို ရပ္တန့္ၿပီး လက္ေဆာင္ကို ယူရန္ လွည့္လိုက္သည္"ေက်းဇူးတင္ပါတယ္ အဘိုး"Lu Qiang က ထိုအရာကို တစ္ျခား လက္ေဆာင္ မ်ား ႏွင့္အတူ အလယ္ရွိ ခုံ၌ ထားလိုက္သည့္အတြက္ အႀကီးအကဲ Lu ကေျပာသည္။
"ငါရဲ႕အိုေဟာင္းေနတဲ့ ပစ္စည္းေတြထဲမွာ ဒါကို ရွာဖို႔အတြက္ ငါ အခက္အခဲေတြႀကဳံခဲ့ရတယ္ ငါရဲ႕စုေဆာင္းမႈေတြထဲမွာ ဒါက အေကာင္းဆုံး ပစ္စည္း မင္းလိုပဲ ငါ ငယ္႐ြယ္ၿပီး ခြန္အားျပည့္ဝတဲ့အခ်ိန္က ပစ္စည္းပဲ"အႀကီးအကဲ Lu ကအေၾကာင္းၾကားသည္။
ဒါကိုၾကားၿပီးတဲ့ေနာက္ လူတိုင္းရဲ႕ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားသည္။အလြန္ဆိုးေသာ ကိစ္စတစ္ခု ျဖစ္ပ်က္လာေတာ့မည္ကို သူတို႔ သိသြားၾကသည္။