Jiang Yang ရဲ့ အခန်းထဲမှာတော့
Jiang Yang က အထဲသို့ ဝင်လိုက်ပြီးအခန်းရဲ့ လက် မတိုင်းကို စစ်ကြည့်သည်။သူ့အကြိုက်အတိုင်း အတိအကျ ပြည့်စုံစွာ ပြင်ဆင်ထားသော သူ့အခန်းထဲက အရာအားလုံးကိုကြည့်၍ သူ အ့ံအားသင့်သွားသည်။
"သူတို့ ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် ဘာလဲ လက်ခံတယ် ဒါက အ့ံအားသင့်စရာပဲ အဖေနဲ့အမေ ကျွန်တော်က အဖေတို့ ဘက် မှာပဲ ကျွန်တော်ကိုပါ ထည့်တွက်လိုက်"ပျော်ရွှင်မှုကြောင်း ခုန်ပေါက် နေရင်း သူက ပြောသည်။
အခန်းကို မှောင်သော အညိုတောက်ရောင် နှင့် တောက်ပသော ထုံးခြောက်ရောင်တို့ဖြင့် အလှဆင်ထားသည်။အခန်းကို နှစ်ပိုင်းခွဲထားပြီး တစ်ပိုင်းတွင်တော့ ဘုရင်အရွယ်အစားရှိ အိပ်ရာနှင့် ဘေးကပ် စားပွဲခုံ ပါဝင်ပြီး အခြားတစ်ပိုင်းကတော့ စာကြည့်ခန်းဟု အဓိပ်ပါယ်ရကာ ရှည်လျားသော ဖန်ထည်တံခါး ဘေးတွင် စာကြည့်ခုံဖြင့် ရိုးရှင်းစွာ အလှဆင်ထားသည်။နံရံများတွင် ကန့်လန့်ဖြတ်မျဥ်း ပုံစံဖော်ထားသည့် စာအုပ်စင်ကို တန်ဆာဆင်ထားပြီး သူမြတ်နိုးသည့် စာအုပ်များ ထည့်ထားခဲ့သည်။ရေချိုးခန်းတွင် တန်ဖိုးကြီးသော ကြီးမားသည့် ရေချိုးကန် နှင့် ဖန်ထည်နံရံဖြင့် သီးခြားခွဲထားသည့် ရေပန်းရှိသည်။
ရေချိုးခန်းဘေးတွင်တော့ ပျော်ရွှင်မှုဖြင့် ရူးသွပ်သွားအောင် သူ့ကိုပြုလုပ်နိုင်သည့် အပိုဆုကြေး ရှိသည်။ ထိုအရာကတော့ အိပ်ရာ၏ ဆန့်ကျင်ဘက် နံရံတွင် တွဲလဲချိတ်ထားသည့် လှပသော ဂီတာ ဖြစ်သည်။
သူက ဂီတာကို သူ့လက် များဖြင့် ကိုင်ထားချင်သော်လည်း ပထမဆုံးအနေဖြင့် သူ့ကိုယ်သူ သန့်ရှင်းဖို့ လိုပေသည်။ သူ့အဝတ်ဗီရိုကြီးထဲရှိအဝတ် အစုံလိုက်ကို ဆွဲထုတ်ပြီးနောက် အခန်းထဲသို့ ဝင်သွားတော့သည်။
သူ ပြန်လာသည့် အခါမှာတော့ ဖြားယောင်းသွေးဆောင်နေမှုကို မခုခံနိုင်တော့ပဲ သူ့လက် များဖြင့် ဂီတာကို လှမ်းယူလိုက်တော့သည်။ထိုအရာကို သူ့လက်ထဲမှာ နေရာချပြီး အချိန်တွင် တစ်ခြားအခန်းမှလာသော ကျယ်လောင်စွာ အော်ဟစ်သံကို သူကြားလိုက်ရသည်။အဲ့ဒါဟာ Jiang Yuyan ရဲ့ အသံဖြစ်သည်။စိုးရိမ်မှုက သူ့မျက်လုံးများတွင် ထင်ရှားလာပြီး ဂီတာချကာ သူမအခန်းကို ပြေးတော့သည်။
Jiang Yuyan ရဲ့ အခန်းမှာတော့
သူမရဲ့ အဝတ်ဗီရိုကို စစ်ဆေးပြီးတဲ့အခါမှာတော့ Jiang Yuyan က အဝတ်တွေကိုယူ၍ ရေချိုးရန် ရေချိုးခန်းထဲသို ့ဝင်သွားသည်။သူအ ထဲသို့ ရောက်သောအခါ ရေချိုးခန်းရှိ နံရံကပ်စင်တွင် သူမအကြိုက်ဆုံး ထုတ်ကုန်များဖြင့် ပြည့်နေသည်ကို သူမမြင်လိုက်ရသည်။
"ဒါဆို သူတို့က ငါ့ကို မကျေမနပ်ပြောဖို့ အခွင့်အရေးတစ်ခုတောင် မပေးချင်ဘူးပေါ့ အမေက စီမံခန့်ခွဲမှုကို ဦးဆောင်ပြီး တိုက်ခန်းကို စီစဥ်နေတာ စူးစမ်းစရာတောင် မလိုတော့ဘူး မဆိုးပါဘူး "သူမက နံရံကပ်စင်မှ ထုတ်ကုန်များကို ကြည့်ရင်း ည ည်းတွားသည်။
(T/N အပိုင်း 12ရဲ့ အောက်ဆုံးမှာ ဒီတိုက်ခန်းကို Jiang Peizhi က ဒီဇိုင်းဆွဲထားတာလို့ပြောခဲ့ပါတယ် အမှန်တကယ် စီစဥ်တာက Mo Ruolan ပါ Mo Ruolan စီစဥ်နေကြောင်းကို အပိုင်း 5မှာပါပါတယ်)
ရေချိုးလို့ အပြီးမှာတော့ Jiang Yuyanသည် သူမရဲ့ ခရမ်းရောင် ရေချိုးဝတ်စုံဖြင့် ရေချိုးခန်းမှ ထွက်လာခဲ့ပြီး ကြီးမားသော ဥပုံသဏ်ဌာန်ရှိသည့် မှန်ရှေ့တွင် တည့်တည့်ရပ်လိုက်သည်။ထိုအရာက ရှည်လျားပြီး အရှေ့တွင် ရပ်လိုက်လျှင် လူ၏ ရုပ်ပုံ အကုန်လုံး ဆ့ံလောက်အောင် လုံလောက်ပြီး ကြမ်းပြင်ပေါ်တွင် သစ်သားစင်ဖြင့် တစ်သမတ်တည်း ထားရှိသည်။
သူမကိုယ်တိုင် ကြည့်ရှုပြီးနောက် အိပ်ရာနှင့် အနည်းငယ် အကွာအဝေးရှိ ဆန့်ကျင်ဘက် နံရံမှ တံခါးကို သူမ သတိပြုမိသွားသည်။အနားသို့ လှည့်လိုက်ကာ သူမက တံခါးဆီသို့ ဦးတည်လျှောက်သွားပြီး ဖွင့်လိုက်သည်။ထိုအရာက သူမကို မူးမေ့လဲသွားလောက်စေပြီး သူမအဆုတ်တစ်ခုလုံး အပြင်ထွက်လာအောင်ကို အော်ဟစ်လိုက်သည် "အား..."လျှပ်စစ် ပလက်ပေါက် မှ ဖောက်ခနဲမြည်လာသလို သူမ မျက်လုံးက ပြူးကျယ်နေသည်။ဒယီးဒယိုင်ဖြင့် နောက်သို့ လှုပ်ရှားသွားရင်း သူမလက် များဖြင့် သူမပါးစပ်ကို ဖုံးအုပ်ထားခဲ့သည်။
Jiang Yang က သူမြန်နိုင်သလောက် အခန်းထဲကို မြန်မြန်လာခဲ့သည်။သူမက သူမအခန်းထဲရှိ တံခါးတစ်ချပ်ရှေ့တွင် ရပ်နေသည်ကို သူတွေ့သည်။သူက ရှေ့ကိုသွားပြီး စိတ်ပူနေသော အသံဖြင့် ပြောသည် "ဘာဖြစ်တာလဲ ညီမလေး..အား.."သူ့ ထိုးဖောက်ဝင်ရောက်လာသည့်
အော်သံက သူ့စကားလုံးတွေကို ပြတ်တောက်သွားစေသည်။သူသည် အခန်း၏ ဝင်ပေါက်တွင် မတ်တပ်ရပ်နေပြီး Jiang Yuyan ကဲ့သို့ တွေဝေ၍ စိတ်ရှုပ်ထွေးနေသည်။
ထိုအခိုက်အတန့်မှာ သူမအခန်းက ပွင့်လာပြီး သူတို့ မိဘများက ဝင်လာခဲ့သည်။ အခန်းရှေ့တွင် ထိုနှစ်ယောက် ရပ်နေတာကိုမြင်ပြီး သူတို့ ပြသနာကို သတိပြုမိသွားသည်။
_____
Lu စံအိမ်တွင်
"အစ်ကိုကြီး ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်ကို မြင်ဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်အစ်ကို ဘာယူလာခဲ့တာလဲ ကျွန်တော့်ကို ပြောပြ" Lu Lijun က စိတ်လှုပ်ရှားနေလျက် ပြောသည်။
Lu Qiang ရဲ့ နှုတ်ခမး်ပေါ်တွင် ရိုးရှင်းပြီး နှစ်လိုဖွယ်ကောင်းသော အပြုံးရှိနေသည်။သူ့ညီ၏ မျက်လုံးများတွင် ပျော်ရွှင်မှုများကို ဖျက်ခနဲ မြင်လိုက်ရဖို့အတွက် သူ မည်သည့်အရာမဆို လုပ်လိမ့်မည်။
အပေါ်ထပ်ရှိ စင်ကြန်လမ်း၏ အဆုံးတွင်ရှိသော Lu Qiang ၏အခန်းသို့ သူတို့ လျှောက်လာခဲ့ကြသည်။
တံခါးသို့ ရောက်လာသောအခါ Lu Lijun က တံခါးကို ဖွင့်လိုက်ပြီး အထဲသို့ အရှိန်ဖြင့် ဝင်ပြေးသွားကာ Lu Qiang က သူ့နောက် မှလိုက်လာခဲ့သည်။အခန်းထဲသို့ ရောက်သောအခါ Lu Lijunက သူ့ရဲ့လက်ဆောင်ကို စတင်ပြီးနေရာတိုင်း၌ ရှာဖွေနေသည် သို့သော်လည်း Lu Qiang က သူ့ကို ဆိုဖာပေါ်တွင် ထိုင်စောင့်နေရန် ညင်သာစွာ ပြောပြီး သူကတော့ သူ့၏တန်ဖိုးကြီးသည့် အခန်းထဲရှိ ကြီးမားသော အဝတ်ဗီရိုကြီးသို့ နေရာပြောင်းခဲ့သည်။
စံအိမ်ကြီး၏ အကောင်းဆုံးနှင့်ကျယ်ဝန်းသော အခန်းများထဲတွင် Lu Qiang အခန်းကလည်း အပါအဝင်ဖြစ်သည်။အခန်းက ရောင်စုံ မဟုတ်ပေမယ့်လည်း သေ သပ် သန်းရှင်းပြီး အထက်တန်းလွှာကျသည်။အခန်းထဲရှိ အရာအားလုံးက အဖြူရောင် နှင့် ေငွသတ်ထု မီးခိုးရောင်များ ဖြစ်ကြသည်။အခန်း၏ ညာဘက် မှာတော့ နံရံနှင့်ကိုက်ညီသည့် အိပ်ရာခင်းများနှင့် ဘုရင်အရွယ်အစားရှိ အိပ်ရာကြီး ရှိသည်။ညီအစ်ကိုနှစ်ယောက်၏ တောက်ပစွာပြုံးနေသည့် အပြုံးမျက်နှာများ ပါရှိသည့် ဓာတ်ပုံကို ဘေးကခုံတွင် တင်ထားသည်။
အဝတ်ဗီရိုကိုဖွင့်ကာ Lu Qiangသည် ဆွဲဆောင်သည့် အပြာရောင် စက်ကူဖြင့် ထုပ်ပိုးထားသော အလယ်အလတ် အရွယ်အစားရှိသည့် သေတ်တာကို ထုတ်လာပြီး သူ့ညီကို ပေးသည်။သူက ဆိုဖာ၏ အခြားတစ်ဖက်တွင် ငြင်သာစွာထိုင်လိုက်ပြီး လက်တစ်ဖက်ပေါ် တစ်ဖက်တင်ကာ အနားယူနေသည်။
သူ့အစ်ကိုဆီမှ လက်ဆောင်ကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး Lu Lijun က ဆိုဖာပေါ်တွင် အထုပ်ဖြေထားသည့် လက်ဆောင်ဘူးကို သူတို့ကြား၌ နေရာချလိုက်သည်။လက်ခံရရှိလိုက်တဲ့ အရာကို နောက်ဆုံးမှာတော့ ဖျက်ခနဲမြင်လိုက်ရပြီး သူ့ရဲ့ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ချေ။
Lu Lijun က ထိုအရာကိုကြည့်နေရင်း ပင့်သက်ရှိုက်သည် "ဒီဟာက တောကောင်ကြီးတွေရဲ့ နောက်ဆုံးပေါ် ဂိမ်းစက်ပဲ ဒီအစုံလိုက်က ဂိမ်းကစားသူ တိုင်းရဲ့ အိမ်မ က်ပဲ"
ဆိုဖာပေါ်တွင် အဖိုးထိုက်တန်တဲ့ ရတနာတစ်ခုလို သဘောထားရင်း ကွန်ပျူတာကို ဘေးသို့ပြန်ချလိုက်ကာ သူက သူ့အစ်ကိုကြီးကို ခုန်အုပ်လျက် "ကျေးဇူးတင်ပါတယ် ကိုကြီး"
Lu Qiangက သူ့ကိုပြန်ဖက်ကာ " မင်းကြိုက်တဲ့အတွက် အစ်ကို ဝမ်းသာပါတယ်" သူက နွေးထွေးသော အပြုံးတစ်ခုနှင့် ပြောသည်။
လူသုံးယောက်အတွက် အ့ံအားသင့်မှုများ ပြည့်နှက်နေသော နေ့တစ်နေ့ဖြစ်ခဲ့သည်။
……………………………………………………
(Zawgyi)
Jiang Yang ရဲ႕ အခန္းထဲမွာေတာ့
Jiang Yang က အထဲသို႔ ဝင္လိုက္ၿပီးအခန္းရဲ႕ လက္ မတိုင္းကို စစ္ၾကည့္သည္။သူ႕အႀကိဳက္အတိုင္း အတိအက် ျပည့္စုံစြာ ျပင္ဆင္ထားေသာ သူ႕အခန္းထဲက အရာအားလုံးကိုၾကည့္၍ သူ အ့ံအားသင့္သြားသည္။
"သူတို႔ ငါ့ကို လာဘ္ထိုးဖို႔ ႀကိဳးစားေနတာလား ဒါမွမဟုတ္ ဘာလဲ လက္ခံတယ္ ဒါက အ့ံအားသင့္စရာပဲ အေဖနဲ႕အေမ ကြၽန္ေတာ္က အေဖတို႔ ဘက္ မွာပဲ ကြၽန္ေတာ္ကိုပါ ထည့္တြက္လိုက္"ေပ်ာ္႐ႊင္မႈေၾကာင္း ခုန္ေပါက္ ေနရင္း သူက ေျပာသည္။
အခန္းကို ေမွာင္ေသာ အညိုေတာက္ေရာင္ ႏွင့္ ေတာက္ပေသာ ထုံးေျခာက္ေရာင္တို႔ျဖင့္ အလွဆင္ထားသည္။အခန္းကို ႏွစ္ပိုင္းခြဲထားၿပီး တစ္ပိုင္းတြင္ေတာ့ ဘုရင္အ႐ြယ္အစားရွိ အိပ္ရာႏွင့္ ေဘးကပ္ စားပြဲခုံ ပါဝင္ၿပီး အျခားတစ္ပိုင္းကေတာ့ စာၾကည့္ခန္းဟု အဓိပ္ပါယ္ရကာ ရွည္လ်ားေသာ ဖန္ထည္တံခါး ေဘးတြင္ စာၾကည့္ခုံျဖင့္ ရိုးရွင္းစြာ အလွဆင္ထားသည္။နံရံမ်ားတြင္ ကန့္လန့္ျဖတ္မ်ဥ္း ပုံစံေဖာ္ထားသည့္ စာအုပ္စင္ကို တန္ဆာဆင္ထားၿပီး သူျမတ္နိုးသည့္ စာအုပ္မ်ား ထည့္ထားခဲ့သည္။ေရခ်ိဳးခန္းတြင္ တန္ဖိုးႀကီးေသာ ႀကီးမားသည့္ ေရခ်ိဳးကန္ ႏွင့္ ဖန္ထည္နံရံျဖင့္ သီးျခားခြဲထားသည့္ ေရပန္းရွိသည္။
ေရခ်ိဳးခန္းေဘးတြင္ေတာ့ ေပ်ာ္႐ႊင္မႈျဖင့္ ႐ူးသြပ္သြားေအာင္ သူ႕ကိုျပဳလုပ္နိုင္သည့္ အပိုဆုေၾကး ရွိသည္။ ထိုအရာကေတာ့ အိပ္ရာ၏ ဆန့္က်င္ဘက္ နံရံတြင္ တြဲလဲခ်ိတ္ထားသည့္ လွပေသာ ဂီတာ ျဖစ္သည္။
သူက ဂီတာကို သူ႕လက္ မ်ားျဖင့္ ကိုင္ထားခ်င္ေသာ္လည္း ပထမဆုံးအေနျဖင့္ သူ႕ကိုယ္သူ သန့္ရွင္းဖို႔ လိုေပသည္။ သူ႕အဝတ္ဗီရိုႀကီးထဲရွိအဝတ္ အစုံလိုက္ကို ဆြဲထုတ္ၿပီးေနာက္ အခန္းထဲသို႔ ဝင္သြားေတာ့သည္။
သူ ျပန္လာသည့္ အခါမွာေတာ့ ျဖားေယာင္းေသြးေဆာင္ေနမႈကို မခုခံနိုင္ေတာ့ပဲ သူ႕လက္ မ်ားျဖင့္ ဂီတာကို လွမ္းယူလိုက္ေတာ့သည္။ထိုအရာကို သူ႕လက္ထဲမွာ ေနရာခ်ၿပီး အခ်ိန္တြင္ တစ္ျခားအခန္းမွလာေသာ က်ယ္ေလာင္စြာ ေအာ္ဟစ္သံကို သူၾကားလိုက္ရသည္။အဲ့ဒါဟာ Jiang Yuyan ရဲ႕ အသံျဖစ္သည္။စိုးရိမ္မႈက သူ႕မ်က္လုံးမ်ားတြင္ ထင္ရွားလာၿပီး ဂီတာခ်ကာ သူမအခန္းကို ေျပးေတာ့သည္။
Jiang Yuyan ရဲ႕ အခန္းမွာေတာ့
သူမရဲ႕ အဝတ္ဗီရိုကို စစ္ေဆးၿပီးတဲ့အခါမွာေတာ့ Jiang Yuyan က အဝတ္ေတြကိုယူ၍ ေရခ်ိဳးရန္ ေရခ်ိဳးခန္းထဲသို ့ဝင္သြားသည္။သူအ ထဲသို႔ ေရာက္ေသာအခါ ေရခ်ိဳးခန္းရွိ နံရံကပ္စင္တြင္ သူမအႀကိဳက္ဆုံး ထုတ္ကုန္မ်ားျဖင့္ ျပည့္ေနသည္ကို သူမျမင္လိုက္ရသည္။
"ဒါဆို သူတို႔က ငါ့ကို မေက်မနပ္ေျပာဖို႔ အခြင့္အေရးတစ္ခုေတာင္ မေပးခ်င္ဘူးေပါ့ အေမက စီမံခန့္ခြဲမႈကို ဦးေဆာင္ၿပီး တိုက္ခန္းကို စီစဥ္ေနတာ စူးစမ္းစရာေတာင္ မလိုေတာ့ဘူး မဆိုးပါဘူး "သူမက နံရံကပ္စင္မွ ထုတ္ကုန္မ်ားကို ၾကည့္ရင္း ည ည္းတြားသည္။
(T/N အပိုင္း 12ရဲ႕ ေအာက္ဆုံးမွာ ဒီတိုက္ခန္းကို Jiang Peizhi က ဒီဇိုင္းဆြဲထားတာလို႔ေျပာခဲ့ပါတယ္ အမွန္တကယ္ စီစဥ္တာက Mo Ruolan ပါ Mo Ruolan စီစဥ္ေနေၾကာင္းကို အပိုင္း 5မွာပါပါတယ္)
ေရခ်ိဳးလို႔ အၿပီးမွာေတာ့ Jiang Yuyanသည္ သူမရဲ႕ ခရမ္းေရာင္ ေရခ်ိဳးဝတ္စုံျဖင့္ ေရခ်ိဳးခန္းမွ ထြက္လာခဲ့ၿပီး ႀကီးမားေသာ ဥပုံသဏ္ဌာန္ရွိသည့္ မွန္ေရွ႕တြင္ တည့္တည့္ရပ္လိုက္သည္။ထိုအရာက ရွည္လ်ားၿပီး အေရွ႕တြင္ ရပ္လိုက္လွ်င္ လူ၏ ႐ုပ္ပုံ အကုန္လုံး ဆ့ံေလာက္ေအာင္ လုံေလာက္ၿပီး ၾကမ္းျပင္ေပၚတြင္ သစ္သားစင္ျဖင့္ တစ္သမတ္တည္း ထားရွိသည္။
သူမကိုယ္တိုင္ ၾကည့္ရႈၿပီးေနာက္ အိပ္ရာႏွင့္ အနည္းငယ္ အကြာအေဝးရွိ ဆန့္က်င္ဘက္ နံရံမွ တံခါးကို သူမ သတိျပဳမိသြားသည္။အနားသို႔ လွည့္လိုက္ကာ သူမက တံခါးဆီသို႔ ဦးတည္ေလွ်ာက္သြားၿပီး ဖြင့္လိုက္သည္။ထိုအရာက သူမကို မူးေမ့လဲသြားေလာက္ေစၿပီး သူမအဆုတ္တစ္ခုလုံး အျပင္ထြက္လာေအာင္ကို ေအာ္ဟစ္လိုက္သည္ "အား..."လွ်ပ္စစ္ ပလက္ေပါက္ မွ ေဖာက္ခနဲျမည္လာသလို သူမ မ်က္လုံးက ျပဴးက်ယ္ေနသည္။ဒယီးဒယိုင္ျဖင့္ ေနာက္သို႔ လႈပ္ရွားသြားရင္း သူမလက္ မ်ားျဖင့္ သူမပါးစပ္ကို ဖုံးအုပ္ထားခဲ့သည္။
Jiang Yang က သူျမန္နိုင္သေလာက္ အခန္းထဲကို ျမန္ျမန္လာခဲ့သည္။သူမက သူမအခန္းထဲရွိ တံခါးတစ္ခ်ပ္ေရွ႕တြင္ ရပ္ေနသည္ကို သူေတြ႕သည္။သူက ေရွ႕ကိုသြားၿပီး စိတ္ပူေနေသာ အသံျဖင့္ ေျပာသည္ "ဘာျဖစ္တာလဲ ညီမေလး..အား.."သူ႕ ထိုးေဖာက္ဝင္ေရာက္လာသည့္
ေအာ္သံက သူ႕စကားလုံးေတြကို ျပတ္ေတာက္သြားေစသည္။သူသည္ အခန္း၏ ဝင္ေပါက္တြင္ မတ္တပ္ရပ္ေနၿပီး Jiang Yuyan ကဲ့သို႔ ေတြေဝ၍ စိတ္ရႈပ္ေထြးေနသည္။
ထိုအခိုက္အတန့္မွာ သူမအခန္းက ပြင့္လာၿပီး သူတို႔ မိဘမ်ားက ဝင္လာခဲ့သည္။ အခန္းေရွ႕တြင္ ထိုႏွစ္ေယာက္ ရပ္ေနတာကိုျမင္ၿပီး သူတို႔ ျပသနာကို သတိျပဳမိသြားသည္။
_____
Lu စံအိမ္တြင္
"အစ္ကိုႀကီး ကြၽန္ေတာ့္ရဲ႕ ေမြးေန႕လက္ေဆာင္ကို ျမင္ဖို႔ ကြၽန္ေတာ္ အရမ္းစိတ္လႈပ္ရွားေနတယ္အစ္ကို ဘာယူလာခဲ့တာလဲ ကြၽန္ေတာ့္ကို ေျပာျပ" Lu Lijun က စိတ္လႈပ္ရွားေနလ်က္ ေျပာသည္။
Lu Qiang ရဲ႕ ႏႈတ္ခမး္ေပၚတြင္ ရိုးရွင္းၿပီး ႏွစ္လိုဖြယ္ေကာင္းေသာ အၿပဳံးရွိေနသည္။သူ႕ညီ၏ မ်က္လုံးမ်ားတြင္ ေပ်ာ္႐ႊင္မႈမ်ားကို ဖ်က္ခနဲ ျမင္လိုက္ရဖို႔အတြက္ သူ မည္သည့္အရာမဆို လုပ္လိမ့္မည္။
အေပၚထပ္ရွိ စင္ၾကန္လမ္း၏ အဆုံးတြင္ရွိေသာ Lu Qiang ၏အခန္းသို႔ သူတို႔ ေလွ်ာက္လာခဲ့ၾကသည္။
တံခါးသို႔ ေရာက္လာေသာအခါ Lu Lijun က တံခါးကို ဖြင့္လိုက္ၿပီး အထဲသို႔ အရွိန္ျဖင့္ ဝင္ေျပးသြားကာ Lu Qiang က သူ႕ေနာက္ မွလိုက္လာခဲ့သည္။အခန္းထဲသို႔ ေရာက္ေသာအခါ Lu Lijunက သူ႕ရဲ႕လက္ေဆာင္ကို စတင္ၿပီးေနရာတိုင္း၌ ရွာေဖြေနသည္ သို႔ေသာ္လည္း Lu Qiang က သူ႕ကို ဆိုဖာေပၚတြင္ ထိုင္ေစာင့္ေနရန္ ညင္သာစြာ ေျပာၿပီး သူကေတာ့ သူ႕၏တန္ဖိုးႀကီးသည့္ အခန္းထဲရွိ ႀကီးမားေသာ အဝတ္ဗီရိုႀကီးသို႔ ေနရာေျပာင္းခဲ့သည္။
စံအိမ္ႀကီး၏ အေကာင္းဆုံးႏွင့္က်ယ္ဝန္းေသာ အခန္းမ်ားထဲတြင္ Lu Qiang အခန္းကလည္း အပါအဝင္ျဖစ္သည္။အခန္းက ေရာင္စုံ မဟုတ္ေပမယ့္လည္း ေသ သပ္ သန္းရွင္းၿပီး အထက္တန္းလႊာက်သည္။အခန္းထဲရွိ အရာအားလုံးက အျဖဴေရာင္ ႏွင့္ ေငွသတ္ထု မီးခိုးေရာင္မ်ား ျဖစ္ၾကသည္။အခန္း၏ ညာဘက္ မွာေတာ့ နံရံႏွင့္ကိုက္ညီသည့္ အိပ္ရာခင္းမ်ားႏွင့္ ဘုရင္အ႐ြယ္အစားရွိ အိပ္ရာႀကီး ရွိသည္။ညီအစ္ကိုႏွစ္ေယာက္၏ ေတာက္ပစြာၿပဳံးေနသည့္ အၿပဳံးမ်က္ႏွာမ်ား ပါရွိသည့္ ဓာတ္ပုံကို ေဘးကခုံတြင္ တင္ထားသည္။
အဝတ္ဗီရိုကိုဖြင့္ကာ Lu Qiangသည္ ဆြဲေဆာင္သည့္ အျပာေရာင္ စက္ကူျဖင့္ ထုပ္ပိုးထားေသာ အလယ္အလတ္ အ႐ြယ္အစားရွိသည့္ ေသတ္တာကို ထုတ္လာၿပီး သူ႕ညီကို ေပးသည္။သူက ဆိုဖာ၏ အျခားတစ္ဖက္တြင္ ျငင္သာစြာထိုင္လိုက္ၿပီး လက္တစ္ဖက္ေပၚ တစ္ဖက္တင္ကာ အနားယူေနသည္။
သူ႕အစ္ကိုဆီမွ လက္ေဆာင္ကို ေပ်ာ္႐ႊင္စြာ လက္ခံလိုက္ၿပီး Lu Lijun က ဆိုဖာေပၚတြင္ အထုပ္ေျဖထားသည့္ လက္ေဆာင္ဘူးကို သူတို႔ၾကား၌ ေနရာခ်လိဳက္သည္။လက္ခံရရွိလိုက္တဲ့ အရာကို ေနာက္ဆုံးမွာေတာ့ ဖ်က္ခနဲျမင္လိုက္ရၿပီး သူ႕ရဲ႕ေပ်ာ္႐ႊင္မႈကို မထိန္းခ်ဳပ္နိုင္ေတာ့ေခ်။
Lu Lijun က ထိုအရာကိုၾကည့္ေနရင္း ပင့္သက္ရွိုက္သည္ "ဒီဟာက ေတာေကာင္ႀကီးေတြရဲ႕ ေနာက္ဆုံးေပၚ ဂိမ္းစက္ပဲ ဒီအစုံလိုက္က ဂိမ္းကစားသူ တိုင္းရဲ႕ အိမ္မ က္ပဲ"
ဆိုဖာေပၚတြင္ အဖိုးထိုက္တန္တဲ့ ရတနာတစ္ခုလို သေဘာထားရင္း ကြန္ပ်ဴတာကို ေဘးသို႔ျပန္ခ်လိဳက္ကာ သူက သူ႕အစ္ကိုႀကီးကို ခုန္အုပ္လ်က္ "ေက်းဇူးတင္ပါတယ္ ကိုႀကီး"
Lu Qiangက သူ႕ကိုျပန္ဖက္ကာ " မင္းႀကိဳက္တဲ့အတြက္ အစ္ကို ဝမ္းသာပါတယ္" သူက ႏြေးေထြးေသာ အၿပဳံးတစ္ခုႏွင့္ ေျပာသည္။
လူသုံးေယာက္အတြက္ အ့ံအားသင့္မႈမ်ား ျပည့္ႏွက္ေနေသာ ေန႕တစ္ေန႕ျဖစ္ခဲ့သည္။