Be in love❤️🖤

By Akariace

94.6K 6K 1.9K

Pinson ?? Sonpin?? ..you can feel both! Nge & his naughty boy... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Announcement!
Part-8
part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17(A)
Part-17(B)
Part-18
Part-19😚
Part-20(A)😚
Part-20(B)😚
Part_21(A)😚
Part-21(B)
Part..21(C)
Part...💔
Part..🖤❤️ ❤️🖤
Part.22👨‍❤️‍💋‍👨
(Part..) I💗U~~
(Part...)Don't hurt me!
(Part...)My life is you!
Part..23👨‍❤️‍💋‍👨
Part..(🖤❤️)
Part..24👨‍❤️‍💋‍👨
Part...(25)
Part..26🖤❤
Part..27(A)
Part..27(B)
Part...
Part..27(C)..!17+
Part..28
Part..29(A)
Part..29(B)
Part..30
Part..31(A)
Part..31(B)
Part..31(C)
Part...😗
Part..🖤❤️
Part..32
Part..33🖤❤️
Part..34♣️
Part..35(A)
Part..35 (B)❣️
Part..35(C)
Part..35 (D)
Part..36
Part..37(A)
Part..37(B)
Part..38
Part..39
Part..40(A)

Part..40(B)

1.2K 103 47
By Akariace

(Unicode)

ပြိုလဲစေမယ့် အတားအဆီးတွေရန်ကနေ မကာကွယ်ပေးနိုင်ရင်တောင် ကိုယ်မင်းအနောက်မှာ အမြဲရှိနေပေးနိုင်တယ်...ကိုယ်ရှိနေသရွေ့ မင်းလဲမကျစေရဘူး ယုံ 🖤

"သူငယ်ချင်းလား"

"အွန်း"

သူ့ရင်ခွင်ထဲမှာ လျော့ရဲရဲ မှီထိုင်နေရာကနေ ငယ်က သူ့ဘက်ခေါင်းလေးလှည့်လို့
ဖုန်းထဲက သူ likeလုပ်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ig postကို ပြရင်းမေးသည်...

ခန္ဓာကိုယ်ကောက်ကြောင်းကို အသားပေးဖော်ပြပြီး ရိုက်ထားတဲ့ မိန်းကလေးတစ်ယောက်ပုံဖြစ်နေတာကြောင့် လှည့်မေးလာပုံရပါသည်....

ခေါင်းငြိမ့်ဖြေလိုက်တော့လည်း
သူ့ရင်ခွင်ထဲ ပိုကပ်လာပြီး စိတ်ဝင်စားမှု မရှိတော့သလို ထိုpostကို ကျော်ချသွားပြန်သည်မှာ အာရုံအပြောင်းမြန်တဲ့ ကလေးပေါက်စ,လေးလိုပင်.....

"သူက နိုင်ငံခြားက သူငယ်ချင်းလား"

အနောက်ကမြင်နေရတဲ့ ခေါင်းလုံးလုံးလေးကို ငေးနေမိတုန်းရှိသေး...မေးခွန်းတစ်ခုထွက်လာပြန်တာကြောင့် ငယ့်ပုခုံးပေါ်မေးတင်ပြီး ဖြေဆိုဖို့ရာ ဖုန်းကို လှမ်းကြည့်လိုက်သည်...

"အော် အဲ့ကောင်လား သူက အထက်တန်းက သူငယ်ချင်း....uniကို Singaporeမှာ သွားတက်တာ "

"အော်.... ဒီမှာလည်း ပညာရေးကောင်းတာကို ပြည်ပကို ရောက်ရောက်သွားကြတာပဲ အများစုက"

"တတ်နိုင်ကြလို့ပေါ့ ငယ်ရယ်... အဲ့ကိုသွားရင် ကုန်ပေါက်ကလည်း နည်းတာမှမဟုတ်တာ"

ခေါင်းတဆတ်ဆတ်ငြိမ့်နေရာကနေ နှုတ်ခမ်းသားလေးတွေကို ဝိုင်းပစ်လိုက်တာလား မသိ.... ပါးဖောင်းဖောင်းလေးက ပိုဖောင်းလာတာ မြင်ရတော့ အူယားလို့ ပါးချင်းကပ်ပြီး တွန်းထိုးလိုက်မိသည်....

"ဒါနဲ့ ...ဒါ...အာ~~"

နောက်ထပ်မေးခွန်းမေးဖို့ လှည့်လာတဲ့ငယ့်ကြောင့် ပါးကိုမွှေးကြူဖို့ ပြင်နေမိတဲ့ ကိုယ့်နှုတ်ခမ်းတို့က ငယ့်နှုတ်ခမ်းပေါ် ဖွဖွထိကပ်မိသွားတော့သည်.... 'အာ~~' ဆိုတဲ့ ရှက်ဝဲဝဲ အာမေဋိတ်သံလေးက ကျွန်တော့်အတွက် ဆုလာဘ်ပေါ့

ရှက်သွားတာကို မသိသာအောင် ပုံမှန်မျက်နှာထားတည်တည်လေးသို့ လုပ်ယူပြောင်းပစ်လိုက်တဲ့ ဒီ ပိုးတုံးလုံးလေးက
တကယ်ပဲ ဘာလေးပါလိမ့်....

"ဘာလဲ ကျွန်တော့်ဖုန်းကို စစ်နေတာလား"

ဟိုဟိုဒီဒီလျှောက်ကြည့်နေရာကနေ message boxထဲ ဝင်ကြည့်ပြန်တဲ့ ငယ့်ကို စကားနာထိုးရင်း စ,မိတော့ မျက်လုံးထောင့်ကပ်ကြည့်ပုံက ဘီလူးခေါင်းဆောင်းထားပြီး လိုက်ဖြဲခြောက်‌ေနတဲ့ ကလေးလိုပဲ....

"အဲ့လို ထင်လို့လား"

"မထင်ပါဘူးဗျ ကြည့်ပါဗျ"

ပြုံးဖြီးဖြီး ပြန်ပြောတော့မှ မျက်စောင်းထိုးပြီး အရှေ့ကိုပြန်လှည့်သွားသည်... ကိုယ်လုံးပြည့်ပြည့်လေးကတော့ ရုန်းထွက်ခြင်းမရှိသေးဘဲ ကျွန်တော့်ရင်ဘတ်မှာ သူ့နောက်ကျောကိုအပ်ထားဆဲပါပဲ....

တကယ်လည်း ခုနကပြောသလို ငယ် သူ့ဖုန်းကို စစ်ဆေးနေတယ်လို့ မထင်မိပါဘူး
ဒီလိုပဲ ငယ်နဲ့သူက တစ်ယောက်ဖုန်းတစ်ယောက် ယူကြည့်တတ်ကြတာပဲလေ...ပျင်းလို့..ကိုယ့်ချစ်သူဖုန်းမို့ ကိုယ်ယူကြည့်တယ်...
ဒီလောက်ပါပဲ.. ဘယ်သူ့ဘယ်သူကိုမှ စစ်ဆေးခြင်း ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အနေမကျုံ့စေသလို ယုံကြည်မှုတွေလည်း
မပျက်ပြားစေပါဘူး...

ယုံကြည်ခြင်းနဲ့ နားလည်ခြင်း ရှိရမယ်ဆိုတဲ့
ငယ့်ရဲ့ guidelineအောက်မှာ ကျွန်တော်ကအတတ်နိုင်ဆုံး ညှိယူသလို ပွင့်လင်းခြင်းနဲ့ မြတ်နိုးတန်ဖိုးထားခြင်းကို အလေးထားတဲ့ ကျွန်တော့်သဘောထားကိုလည်း ငယ်က လိုက်နာပေးရှာသည်...

တကယ်တမ်းပြောရရင် ကျွန်တော်တို့ relationshipမှာ အရမ်းကြီး ဆိုးရွားနေတဲ့ ပြသနာရယ်လို့ မကြုံရသေးပါဘူး...

"Perth..ဒီမှာကြည့်စမ်း"

သူ့ရင်ဘတ်ကအကျီစကို လက်နောက်ပြန် ဆွဲကိုင်ရင်း ငယ်ကပြောပြန်တော့ သူလဲ အတွေးတွေထဲက ရုန်းထွက်ကာ ကြည့်ရသည်.....

'ဒီနေ့ကစပြီး 1ရက် '

captionတစ်ပေါက် လျှမ်းလျှမ်းတောက် ဗရုတ်သုတ်ခတွေ ရေးတတ်တဲ့ Ornတို့ကတော့ ရိုးရှင်းတဲ့စာသားလေးနဲ့အတူ အားလုံးကို supriseတိုက်ချလိုက်ပါပြီ

ပုံထဲမှာ P'gxxodက Ornကို အနောက်ကနေ သိမ်းဖက်ထားပြီး နှစ်ယောက်သား ကြည်ကြည်နူးနူးရှိနေကြသည်...

ကြိုရိပ်မိနေခဲ့ပြီးသား သူ့အတွက် supriseသိပ်မဖြစ်ပေမယ့် ငယ်ကတော့ မျက်လုံးပြူး မျက်ဆံပြူးလေးနဲ့ ပုံကို ခနခန ပြန်ကြည့်နေရှာသည်....

"သူတို့က ဘယ်လိုလုပ် ..ဖြစ်သွားတာလဲ ...Omg... ငယ်မသိခဲ့ဘူးကွာ တကယ်ပါပဲ ဟားဟား "

ဟက်ဟက်ပက်ပက်ရယ်လာသော ငယ့်ပုခုံးထံ မေးစေ့ကိုတိုးဝှေ့ပွတ်သပ်ရင်း ကျွန်တော်ပါ လိုက်ပြုံးလိုက်တော့ ငယ်က ကျွန်တော့်ပါးကို လှမ်းကိုင်ကာ တခစ်ခစ်နဲ့ ရယ်နေသေးသည်.....

"မင်းက သိနေခဲ့တာလား"

"အင်း ဟိုတစ်နေ့ကမှ ရိပ်မိလိုက်တာ"

"ဖူးစာတွေကလဲ ဆန်းတယ်နော် အဟင်း
မထင်ထားတဲ့သူတွေလဲ တွဲကုန်ကြတယ်"

"ဖူးစာလို့ပြောရအောင် စောသေးပါတယ် ငယ်ရာ.... အတွဲတိုင်းလည်း မမြဲပါဘူး "

"ဒါဆို ငယ်တို့ကရော "

"ကျွန်တော်တို့ကလား hee ကျွန်တော်တို့က ဖူးစာကိုပါတာ .... ဘယ်သူ ပြတ်ပြတ် ကျွန်တော်တို့မပြတ်ဘူး စိတ်ချ"

"အလကား လိပ်ကြီး "

လည်ပင်းသားပေါ် တဖွဖွကျလာတဲ့ အနမ်းတွေကြောင့် ခေါင်းမော့ကာ ထပ်မံရယ်မောလိုက်ရင်း ကောင်လေးမျက်နှာကို ငယ်က အသာအယာတွန်းထုတ်သည်....

ခု သူတို့စုံတွဲက ဆေးရုံရောက်နေတာလား ပျော်ပွဲစားထွက်လာတာလား ဒါမှမဟုတ် ဆေးရုံကိုပဲ honeymoonထွက်လာတာလားဟု တွေးမိကြသူများထဲမှာ ခင်ဗျားတို့တင်မဟုတ်.... အခန်းရှေ့မှ ဖြတ်သွားတတ်သော သူနာပြုမလေးများပင် ပါဝင်ကြောင်းသိရတာမို့ စိတ်မပူကြပါနဲ့ ဟုတ်.....

"Ornတို့ကို ကြည့်မှ တစ်ခုတွေးမိတယ်သိလား အသည်းလေး "

"အင်း ဘာတွေးမိလဲ"

ငယ်က ကောင်လေးကို မှီထိုင်နေရာမှ တစောင်းလေး လှည့်ထိုင်ကာ ကောင်လေးရင်ခွင်ထဲတိုးဝင်ပြီး လည်ပင်းကို နှာခေါင်းနဲ့ထိလို့ ပွတ်သီးပွတ်သပ်လုပ်လာသည်.....

ကောင်လေးကတော့ ငယ့်ရဲ့ လက်တပွေ့စာ ခါးကို လက်နှစ်ဖက်နဲ့ဖက်ထားပြီး ငယ့်နဖူးပြင်ကို မေးစေ့နဲ့ တွန်းထိုးလိုက် ထိကပ်လိုက်နှင့် ဆော့ကစားနေသည်...

"တစ်ယောက်ယောက်ကို ကြိုက်လို့ လိုက်ပြီဆိုရင် ရင်အခုန်ရဆုံးအချိန်က အဖြေပြန်မရခင်အချိန်လေးလေ မိတ်ဆွေမက ချစ်သူမကျ အချိန်လေးပေါ့ စဥ်းစားကြည့်တော့ ငယ့်ကို အရမ်းချစ်ခဲ့ရတာတော့ဟုတ်ပေမယ့် ငယ့်ကိုသေချာလေး မလိုက်ခဲ့ရဘူး အဖြေတောင်းတော့လည်း ဖွင့်ပြောပြီးပြီးချင်း သဘောတူ နမ်းခဲ့ကြတာဆိုတော့ အဲ့လိုကာလလေး မရှိခဲ့ဘူးလေ"

"အင်းးး ဟုတ်တော့ဟုတ်ပေမယ့် ငယ်တို့ ခနခန ရင်ခုန်ခဲ့ကြရတာပဲဟာ.... အဲ့ဒါတွေက အမှတ်တရတွေပဲပေါ့ အဟင်း.. အဲ့တုန်းက ငယ်တို့နှစ်ယောက် မတည့်ခဲ့ကြဘူးနော်"

"အင်း"

"လာပါ အဲ့လိုမျက်နှာကြီးလုပ်မနေနဲ့ အဲ့လိုမျိုးအနုအရွတွေ လုပ်ရအောင်လဲ ငယ်က မိန်းကလေးမှမဟုတ်တာ.... ချစ်ခြင်းတွေ ပြည့်စုံနေရင်ပြီးပြီပေါ့ နော်"

"ဟုတ်ကဲ့ပါ ကျွန်တော့်ရဲ့အတတ်ပတတ်လေး"

"နာမ်စားတွေက အသစ်တွေမကုန်သေးဘူးလား "

"အံမယ် မကုန်ပါဘူး ကိုယ့်ရဲ့ အသည်းလေး အချစ်လေး နှလုံးသားလေး ကျောက်ကပ်လေး အူကလီစာလေး ....ကိုယ့်ရဲ့ ဥဥလေး"

"ဘာ..ဘာဥဥလဲ "

"နုနုဥဥလေးလို့ပြောတာပါ ရှင်ကလဲ"

"အခြောက်မကြီး"

"ရှင်နော်"

"အဟားး ငါစိတ်ညစ်တယ်တကယ်"

"ဒို့ စိတ်ဆိုးလိုက်မှာ ရှင်နော်"

မျက်နှာတိမျက်နှာထားနှင့် ခါးပါထောက်ပြီး ဟန်ပါပါ လုပ်ပြနေတဲ့ perthကြောင့် Saint ရန်လည်းမလုပ်နိုင်တော့ဘဲ ဗိုက်ကိုနှိပ်ပြီး ရယ်နေမိတာ မျက်နှာတပြင် ရဲလို့ပင်....

"အဟားဟား မလုပ်နဲ့ *အ ဟားးး ငါအရယ်လွန်ပြီး သေရင် အဟင်း မင်းကြောင့်ပဲ "

"မရဘူးကွာ ခွေ့ပါခွေ့ပစ်မယ်"

ပြောရင်းဆိုရင်း လူပေါ်တက်ခွလို့ ဗိုက်ကို ခေါင်းနဲ့ခွေ့နေသည့် perthကြောင့် Saintမှာ ရယ်ရလို့မောနေသော်လည်း ဘယ်လိုမှအရယ်ရပ်မရတော့....

အခန်းပြောင်းထားလို့ပင် တော်သေးသည်...အထူးခန်းလို ဘေးဘက်မှာ မှန်နဲ့ကာထားရင်တော့ သူတို့ရဲ့အနေအထိုင်တတ်မှုနဲ့ ရှက်စရာကြီးနေမှာပဲ ....

"အဟား perth တော် ဟင်း တော်ပြီ ဟားဟား ယားတယ်ကွ *အ သေပါပြီ ကျွတ် ကျွတ်"

"ဘာလို့လဲ နာနေတုန်းလား "

ငယ့်ရဲ့ ခြေချောင်းလေးများက သူ့ခြေသလုံးသားနဲ့ ပွတ်သပ်မိနေရင်း.... ရုန်းရင်းဆန်ခတ်အနေအထားကနေ ငယ့်ရဲ့အောက်ပိုင်းတစ်နေရာကို ထိမိသလိုဖြစ်သွားတဲ့အခါ ညည်းတွားသံနဲ့အတူ မဲ့ကျသွားသည့် မျက်နှာရဲရဲလေး...

Perth စိတ်ပူသွားခြင်းနှင့်အတူ စိတ်မကောင်းဖြစ်ရသည်မှာ ညက သူ့စိတ်သူမထိန်းနိုင်၍ ငယ့်အပေါ် စိတ်ရှိလက်ရှိ ကြမ်းတမ်းမိသွားကြောင်း သူ့ကိုယ်သူ သိ၍ ဖြစ်သည်...

ငယ့်ဘက်မတွေးတောပေးဘဲ သူ့လိုအပ်မှုအတွက် ပိုနာကျင်စေသော အနေအထားမျိုးနှင့်ပင် ချစ်ခဲ့မိသည်....

အတွေးတွေနဲ့အတူ အဖျားများဝင်ပြီလား ဆိုသည့် စိတ်ရောက်လာတော့ ငယ့်နဖူးကို လက်နဲ့အုပ်ကိုင်လိုက်သည်...

ထုံးစံအတိုင်း ငယ့်အသားလေးတွေက နွေးနေတာကလွဲရင် ထူးဆန်းတဲ့အပူမျိုးတော့
မရှိ....

"ငယ် မဖျားပါဘူး နည်းနည်းလေး ကိုက်ခဲရုံပဲ"

"Sorryနော် ငယ်... ကျွန်တော်စိတ်အလိုလိုက်မိသွားတယ်"

"မလိုပါဘူး နှစ်ယောက်လုံး လိုအပ်လို့ပဲဟာ"

ငယ့်လက်နှစ်ဖက်ကို ထွေးကိုင်ပြီး ပြောမိတော့ မျက်လွှာလေးချလို့ ရှက်ဝဲဝဲအသံနှင့် ပြန်ပြောရှာသည်.......
ရုပ်ကတော့ မရှက်သလိုလို အတင်းလုပ်ယူနေတာပေါ့

ရဲကနဲ ရဲကနဲ တက်လာတဲ့ နားရွက်ဖျားလေးတွေက လိမ်သမျှ ဖော်ကောင်လုပ်နေတာ ငယ်မသိရှာဘူး....

"အင်းး ဒါဆို  ငယ်လိုအပ်ရင်ပြောနော် "

နှစ်ကိုယ်ကြားလေသံမျိုးနှင့် နားနားကပ်ပြောလာသည့် perthကြောင့် Saint ကိုယ်ကို မသိလိုက်စွာ သေးကျုံ့ထားမိသည်...

တကယ်ပါပဲ perthအဲ့လို မထိတထိတွေ စ,တိုင်း ဘယ်တော့မှ နေသားကျတယ်မရှိသေး....

"ကျွန်တော်က welcomeပဲ everywhere everytime...evert minute..every..."

မျက်ခုံးတွေပါလှုပ်ပြပြီး ပြုံးစိစိကြီး လာစ,နေသည့် perthနဖူးအား လက်ညိုးနှင့် ခပ်ဆတ်ဆတ်လေး တွန်းထုတ်ပစ်လိုက်သည်....

"ပေါက်ကရတွေကို ဒီပါးစပ်ကြီးက ထွက်လည်းထွက်နိုင်တယ်နော် ဗရုတ်ကောင် "

"အဟင်း ...အော် ဒါနဲ့ doctorက ဘယ်အချိန် roundလာလှည့်မှာလဲ"

" နေ့လည်11လောက်လို့ပြောတာပဲ
ဘာလို့လဲ"

"မနေ့က ဖုန်းပြောတုန်းက အလုပ်လေ...အဲ့ဒါ customerနဲ့ အပြီးသတ်စရာလေးရှိလို့ ကျွန်တော်ခနသွားရမယ်ထင်တယ် 10ခွဲလောက်ကို...."

"အော်...သွားလေကွာ "

"ငယ်တစ်ယောက်ထဲ ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် ငယ်က ကလေးလည်းမဟုတ်ဘူး doctorတွေကလဲ ဂရုစိုက်ပါတယ် ပြီးတော့ တစ်ခုခုဆို ဒီဆေးရုံမှာ P'Monလည်းရှိတာပဲ စိတ်ချပြီးသွား နော်"

"အင်း အချိန်ကလိုတော့လိုသေးတယ် အဲ့တော့ အခု နှစ်ကိုယ်ကြားမို့ပြောပြရဦးမယ်"

"ဘာလဲ"

အနားကို တစ်ဖန်ပြန်တိုးကပ်လာပြန်သည့် perthကြောင့် ခပ်လန့်လန့်ရယ်ပါ နှစ်ကိုယ်ကြားဆိုရင်ကို ဘာတွေမဟုတ်ကဟုတ်က ပြောမလဲ တွေးမိနေပြီလေ...

"ဘာလုပ်တာလဲ"

စကားပြောခါနီးမှ သူ့နှာခေါင်းသူ လက်နှစ်ဖက်နဲ့ ဆွဲညှစ်ပိတ်တာ မြင်လိုက်တော့ လူက နည်းနည်းတော့ကြောင်သွားပေမယ့်
ဆက်ကြည့်နေလိုက်သည်....

"ကိုကိုperth tanaponလေးက ငယ့်ကို ပြောစရာရှိလို့တဲ့ နားထောင်နော်"

ကလေးအသံလို လုပ်ပြောနေတာ နှာခေါင်းကိုပိတ်ထားတော့ နှာသံပေါက်ပြီး အိညှောင့်အိညှောင့်နဲ့ တကယ်တူပါတယ်....

နှုတ်ခမ်းတလန် ပန်းတလန်နဲ့ အတည်ပေါက်ကြီး လုပ်ပြ ပြောဆိုနေတာမို့ ရယ်ချင်ပေမယ့်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အံကြိတ်ထားရသည်...

ဘာတွေပေါက်ပေါက်ရှာရှာပြောမလဲ နားထောင်ရမယ်လေ.....

"P'Monနဲ့ အရမ်းခင်တာကို ကိုကိုperthက သိပါတယ်တဲ့ နားလည်းနားလည်ပါတယ်တဲ့ ဒါပေမဲ့လေ သူ့ထက်ဘယ်သူ့ကိုမှ ပိုအားမကိုးပါနဲ့တဲ့ သူ့ရဲ့ ဒီထဲက ကလိကလိ ဖြစ်လို့ပါတဲ့ "

နှာသံကြီးနဲ့ ရယ်ချင်ဖွယ်ပြောဆိုနေပေမယ့် ကျွန်တော့်လက်ကိုဆွဲလို့ သူ့ရင်ဘတ်ပေါ်ကပ်ပေးလိုက်တော့ ဝုန်းဒိုင်းကြဲနေတဲ့ ရင်ခုန်သံကြောင့် မင်သက်သွားရသည်....

သူက ခုလိုမျိုး ရင်တွေခုန်နေတာပေါ့ ကျွန်တော်နဲ့ အတူရှိနေတိုင်းမှာ ဒီကောင်လေးက ခုလိုတွေ ရင်ခုန်နေခဲ့တာလား

ဒါဆို ဘယ်လိုလုပ်ကြမလဲ အမြဲ နှလုံးခုန်မြန်နေလို့ ကျွန်တော့်ရဲ့ ဒီဗရုတ်လေး တစ်ခုခုဖြစ်သွားရင် ဒုက္ခများရချည်ရဲ့...

"သဝန်မတိုသင့်တဲ့ လူဆိုတာသိပေမဲ့ ကိုကိုperthက ခနခန သဝန်တိုမိပါတယ်တဲ့ ဒါပေမဲ့ သေးသေးလေးပါပဲ သေးသေးလေး ဟောဒီလောက်လေးပါတဲ့ hee "

လက်မနဲ့ လက်ညိုးထိပ်ကို ထိပြီး သေးသေးလေးလို့ လုပ်ပြနေတဲ့ အမူအရာကြောင့် Saintပြုံးလိုက်မိသည်....

သူ တစ်ယောက်တည်းကြိတ်ပြီး သဝန်တိုနေရတာကို နှစ်ကိုယ်ကြား ရင်လာဖွင့်တာပေါ့လေ ဒါက .....

နည်းနည်းလေးတော့ ချစ်စရာကောင်းမနေဘူးလား အဟွန်း....

"အဲ့သေးသေးလေးက ရင်ထဲမှာ ကလိကလိဖြစ်နေလို့ ငယ့်ကို ရင်လာဖွင့်တာတဲ့ နော်.... ကိုကို့ကို နားလည်ပေးပြီး နည်းနည်းလေး အနေအထိုင်ဆင်ခြင်ပေးပါလို့"

ပြောလို့ပြီးတော့မှ အသက်ဝဝရှူပြီး ပြန်ပြုံးဖြီးပြနေတာ တကယ့်ကို မနိုင်စိန်ကလေးတစ်ယောက်လိုပါ....

"နော် ကျွန်တော့်ကိုသနားနော်"

"အင်း"

"ချစ်နော် ကျွန်တော့်ကို....အင်း ကျွန်တော့်ကိုပဲ "

"အင်း ငယ်က မင်းကိုပဲ အများကြီးချစ်မှာ...ငယ်က ဆင်ခြင်ပေးမယ်နော်"

"ဟုတ်"

ရင်ခွင်ထဲ ကလေးတစ်ယောက်လို တိုးဝင်လာတဲ့ ကောင်လေးရဲ့ ဆံစအဖျားလေးတွေကို ပွတ်သပ်မိတော့ ရင်ဘတ်ပေါ်ပါးအပ်ထားသည့်ကောင်လေးက ခေါင်းထောင်ပြီး ပြုံးပြလာတာ မျက်လုံးပေါက်တောင် မမြင်ရတော့....

"ငယ့်ဆီကလည်း အသံတွေကြားနေရတယ်....ငယ် ရင်ခုန်နေတယ် "

"အင်း~~"

"ရင်ခုန်တာ အချစ်ဆိုရင် ...
ဘာကိုမှ ဂရုမစိုက်တတ်တဲ့ပုံနဲ့ ကျောခိုင်းထွက်သွားတဲ့ ငယ့်ကျောပြင်ကို ငေးကြည့်နေခဲ့ရကတည်းက...အဲ့နေ့ကတည်းက ငယ့်ကိုချစ်ခဲ့မိတယ်ထင်တယ် ပထမဆုံးနေ့ကတည်းကပေါ့ "

".........."

"ဒီပါးဖောင်းကြီးတွေက ကျွန်တော့်အသည်းအသက်လေးတွေ...အဖိုးတန်လေးတွေလို့ ဘာလို့ပြောခဲ့တာလဲသိလား "

"အင်း ဘာလို့လဲ"

အားရပါးရပြုံးနေ၍ ပေါက်ထွက်တော့မယ့်အတိုင်း ဖောင်းလုံးနေတဲ့ ပါးဖောင်းလေးနှစ်ဖက်ကို perthက လက်နှစ်ဖက်နဲ့ ဆွဲညှစ်ပြီးမေးသည်.... အဲ့တော့လည်း Saintမှာ လေသံတိုးတိုးလေးနဲ့သာ ပြန်မေးဖြစ်ပါသည်...

သူကိုယ်တိုင်လည်း ရင်ထဲမှာ ဖိုးသိုးဖက်သက်နဲ့ပါပဲ...ဒီနေ့မှ perthက ချစ်ကြောင်းတွေကို အရမ်းလေးလေးနက်နက်ပြောနေတာကိုး....

မသိရင် ခုပဲ ဖွင့်ပြောခံရတော့မယ့် လူပျိုဖျန်းလေးလိုလို ဘာလိုလိုနဲ့.....

"ဘာလို့လဲဆိုတော့..... ရောင်းစားလို့ရလို့လေ ချိန်ခွင်နဲ့ချိန်ပြီးရောင်းမယ် ဒန်ဒန်~~ ဟောဒီမှာ စိမ့်ခေါက်ခေါက်တွေပါဗျိုး ဆိုပြီး "

"အဲ့ဒါ အခေါက်မဟုတ်ဘူး သေနာလေး လာစမ်း အမွှေးတွေအကုန်နှုတ်ပစ်မယ်"

"ဟားဟား လွန်မယ် အသည်းလေးရဲ့ .... အားးး ငါ အော်ငိုမှာနော် ငယ် ဟေ့ *အ သေပါပြီ ....အေး နင်တို့ကလည်း ရယ်သွားကြဟ"

အခန်းထဲဝင်လာဖို့ ပြင်ပြီးမှ ငယ်နဲ့သူ့အခြေအနေကြောင့် ရယ်ပြီးပြန်ထွက်သွားတဲ့ nurseမလေးတွေကိုလည်း perthရန်တွေ့ဖို့မမေ့ပါ....

သူ့ဆံပင်တွေအစုလိုက် ငယ့်လက်ထဲဆွဲခံနေရပေမဲ့လည်း သတ်လိုက် ချစ်လိုက် လုပ်တတ်တဲ့ သူတို့အကြောင်းသိနေတဲ့ ဆရာမလေးတွေဟာ ထွေထူးလို့ အရေးလုပ်မနေ...

သူကသာ ငယ့်လက်ထဲကနေ ရအောင် ရုန်းထွက်ရင်း ငယ့်ဗိုက်ခေါက်လေးကို လှမ်းလှမ်းဆွဲပြီး အူမြူးနေမိသည်....

"မင်းကိုလည်း အမဲစွပ်ပြုတ်လုပ်သောက်မယ် သိလား"

"အဲ့ဒါ စျေးကြီးတယ်ဗျ ဘာမှတ် *အ ရှင် လွှတ်နော် အားးး အော်မှာနော် ငါ...ဟားဟား ငယ် စိတ်လျှော့စမ်း တရားခွေဖွင့်ပေးမယ် အသိလေးကပ် အဟားးး သေပါပြီ "

ကုတင်ပေါ်ကနေ လျှောကျသွားတော့မှ ငယ့်လက်ထဲက လွတ်မြောက်ပေမယ့် အဲ့အတိုင်းပဲ ပက်လက်ကြီးလန်လို့ ဆက်ရယ်နေမိသည်...

တကယ်လည်း အရမ်းမဆွဲကြပါဘဲ တစ်ယောက်ဆံပင်တစ်ယောက် ဖွပစ်ရင်း
ဖွာလန်ကြဲနေတာအရူးလေးတွေကျလို့

အချစ်နဲ့အတူရှိရင် ပျင်းကိုမပျင်းရဘူးဆိုတာ....

............

နောက်တပိုင်းက ဒီအောက်မှာပဲ * လေးနဲ့ ပြန်စ,ပေးပါမယ် တစ်ဆက်တည်းမို့ပါ ကိုယ်က လွမ်းနေကြမယ်ထင်လို့ ရသလောက်လေးရေးပြီ အဆွိလေး အရင်လာတင်တာ....😚

allergicအရှိန်နဲ့ နည်းနည်းလေးဖျားတာရော ပျင်းတာရောပေါင်းပြီး ကြာသွားပါတယ်ရှန်💬❣️

(Zawgyi)

ၿပိဳလဲေစမယ့္ အတားအဆီးေတြရန္ကေန မကာကြယ္ေပးနိုင္ရင္ေတာင္ ကိုယ္မင္းအေနာက္မွာ အၿမဲရွိေနေပးနိုင္တယ္...ကိုယ္ရွိေနသေ႐ြ႕ မင္းလဲမက်ေစရဘူး ယုံ 🖤

"သူငယ္ခ်င္းလား"

"အြန္း"

သူ႕ရင္ခြင္ထဲမွာ ေလ်ာ့ရဲရဲ မွီထိုင္ေနရာကေန ငယ္က သူ႕ဘက္ေခါင္းေလးလွည့္လို႔
ဖုန္းထဲက သူ likeလုပ္ထားတဲ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ig postကို ျပရင္းေမးသည္...

ခႏၶာကိုယ္ေကာက္ေၾကာင္းကို အသားေပးေဖာ္ျပၿပီး ရိုက္ထားတဲ့ မိန္းကေလးတစ္ေယာက္ပုံျဖစ္ေနတာေၾကာင့္ လွည့္ေမးလာပုံရပါသည္....

ေခါင္းၿငိမ့္ေျဖလိုက္ေတာ့လည္း
သူ႕ရင္ခြင္ထဲ ပိုကပ္လာၿပီး စိတ္ဝင္စားမႈ မရွိေတာ့သလို ထိုpostကို ေက်ာ္ခ်သြားျပန္သည္မွာ အာ႐ုံအေျပာင္းျမန္တဲ့ ကေလးေပါက္စ,ေလးလိုပင္.....

"သူက နိုင္ငံျခားက သူငယ္ခ်င္းလား"

အေနာက္ကျမင္ေနရတဲ့ ေခါင္းလုံးလုံးေလးကို ေငးေနမိတုန္းရွိေသး...ေမးခြန္းတစ္ခုထြက္လာျပန္တာေၾကာင့္ ငယ့္ပုခုံးေပၚေမးတင္ၿပီး ေျဖဆိုဖို႔ရာ ဖုန္းကို လွမ္းၾကည့္လိုက္သည္...

"ေအာ္ အဲ့ေကာင္လား သူက အထက္တန္းက သူငယ္ခ်င္း....uniကို Singaporeမွာ သြားတက္တာ "

"ေအာ္.... ဒီမွာလည္း ပညာေရးေကာင္းတာကို ျပည္ပကို ေရာက္ေရာက္သြားၾကတာပဲ အမ်ားစုက"

"တတ္နိုင္ၾကလို႔ေပါ့ ငယ္ရယ္... အဲ့ကိုသြားရင္ ကုန္ေပါက္ကလည္း နည္းတာမွမဟုတ္တာ"

ေခါင္းတဆတ္ဆတ္ၿငိမ့္ေနရာကေန ႏႈတ္ခမ္းသားေလးေတြကို ဝိုင္းပစ္လိုက္တာလား မသိ.... ပါးေဖာင္းေဖာင္းေလးက ပိုေဖာင္းလာတာ ျမင္ရေတာ့ အူယားလို႔ ပါးခ်င္းကပ္ၿပီး တြန္းထိုးလိုက္မိသည္....

"ဒါနဲ႕ ...ဒါ...အာ~~"

ေနာက္ထပ္ေမးခြန္းေမးဖို႔ လွည့္လာတဲ့ငယ့္ေၾကာင့္ ပါးကိုေမႊးၾကဴဖို႔ ျပင္ေနမိတဲ့ ကိုယ့္ႏႈတ္ခမ္းတို႔က ငယ့္ႏႈတ္ခမ္းေပၚ ဖြဖြထိကပ္မိသြားေတာ့သည္.... 'အာ~~' ဆိုတဲ့ ရွက္ဝဲဝဲ အာေမဋိတ္သံေလးက ကြၽန္ေတာ့္အတြက္ ဆုလာဘ္ေပါ့

ရွက္သြားတာကို မသိသာေအာင္ ပုံမွန္မ်က္ႏွာထားတည္တည္ေလးသို႔ လုပ္ယူေျပာင္းပစ္လိုက္တဲ့ ဒီ ပိုးတုံးလုံးေလးက
တကယ္ပဲ ဘာေလးပါလိမ့္....

"ဘာလဲ ကြၽန္ေတာ့္ဖုန္းကို စစ္ေနတာလား"

ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ေနရာကေန message boxထဲ ဝင္ၾကည့္ျပန္တဲ့ ငယ့္ကို စကားနာထိုးရင္း စ,မိေတာ့ မ်က္လုံးေထာင့္ကပ္ၾကည့္ပုံက ဘီလူးေခါင္းေဆာင္းထားၿပီး လိုက္ၿဖဲေျခာက္‌ေနတဲ့ ကေလးလိုပဲ....

"အဲ့လို ထင္လို႔လား"

"မထင္ပါဘူးဗ် ၾကည့္ပါဗ်"

ၿပဳံးၿဖီးၿဖီး ျပန္ေျပာေတာ့မွ မ်က္ေစာင္းထိုးၿပီး အေရွ႕ကိုျပန္လွည့္သြားသည္... ကိုယ္လုံးျပည့္ျပည့္ေလးကေတာ့ ႐ုန္းထြက္ျခင္းမရွိေသးဘဲ ကြၽန္ေတာ့္ရင္ဘတ္မွာ သူ႕ေနာက္ေက်ာကိုအပ္ထားဆဲပါပဲ....

တကယ္လည္း ခုနကေျပာသလို ငယ္ သူ႕ဖုန္းကို စစ္ေဆးေနတယ္လို႔ မထင္မိပါဘူး
ဒီလိုပဲ ငယ္နဲ႕သူက တစ္ေယာက္ဖုန္းတစ္ေယာက္ ယူၾကည့္တတ္ၾကတာပဲေလ...ပ်င္းလို႔..ကိုယ့္ခ်စ္သူဖုန္းမို႔ ကိုယ္ယူၾကည့္တယ္...
ဒီေလာက္ပါပဲ.. ဘယ္သူ႕ဘယ္သူကိုမွ စစ္ေဆးျခင္း ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အေနမက်ဳံ႕ေစသလို ယုံၾကည္မႈေတြလည္း
မပ်က္ျပားေစပါဘူး...

ယုံၾကည္ျခင္းနဲ႕ နားလည္ျခင္း ရွိရမယ္ဆိုတဲ့
ငယ့္ရဲ႕ guidelineေအာက္မွာ ကြၽန္ေတာ္ကအတတ္နိုင္ဆုံး ညွိယူသလို ပြင့္လင္းျခင္းနဲ႕ ျမတ္နိုးတန္ဖိုးထားျခင္းကို အေလးထားတဲ့ ကြၽန္ေတာ့္သေဘာထားကိုလည္း ငယ္က လိုက္နာေပးရွာသည္...

တကယ္တမ္းေျပာရရင္ ကြၽန္ေတာ္တို႔ relationshipမွာ အရမ္းႀကီး ဆိုး႐ြားေနတဲ့ ျပသနာရယ္လို႔ မႀကဳံရေသးပါဘူး...

"Perth..ဒီမွာၾကည့္စမ္း"

သူ႕ရင္ဘတ္ကအက်ီစကို လက္ေနာက္ျပန္ ဆြဲကိုင္ရင္း ငယ္ကေျပာျပန္ေတာ့ သူလဲ အေတြးေတြထဲက ႐ုန္းထြက္ကာ ၾကည့္ရသည္.....

'ဒီေန႕ကစၿပီး 1ရက္ '

captionတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ ဗ႐ုတ္သုတ္ခေတြ ေရးတတ္တဲ့ Ornတို႔ကေတာ့ ရိုးရွင္းတဲ့စာသားေလးနဲ႕အတူ အားလုံးကို supriseတိုက္ခ်လိဳက္ပါၿပီ

ပုံထဲမွာ P'gxxodက Ornကို အေနာက္ကေန သိမ္းဖက္ထားၿပီး ႏွစ္ေယာက္သား ၾကည္ၾကည္ႏူးႏူးရွိေနၾကသည္...

ႀကိဳရိပ္မိေနခဲ့ၿပီးသား သူ႕အတြက္ supriseသိပ္မျဖစ္ေပမယ့္ ငယ္ကေတာ့ မ်က္လုံးျပဴး မ်က္ဆံျပဴးေလးနဲ႕ ပုံကို ခနခန ျပန္ၾကည့္ေနရွာသည္....

"သူတို႔က ဘယ္လိုလုပ္ ..ျဖစ္သြားတာလဲ ...Omg... ငယ္မသိခဲ့ဘူးကြာ တကယ္ပါပဲ ဟားဟား "

ဟက္ဟက္ပက္ပက္ရယ္လာေသာ ငယ့္ပုခုံးထံ ေမးေစ့ကိုတိုးေဝွ႕ပြတ္သပ္ရင္း ကြၽန္ေတာ္ပါ လိုက္ၿပဳံးလိုက္ေတာ့ ငယ္က ကြၽန္ေတာ့္ပါးကို လွမ္းကိုင္ကာ တခစ္ခစ္နဲ႕ ရယ္ေနေသးသည္.....

"မင္းက သိေနခဲ့တာလား"

"အင္း ဟိုတစ္ေန႕ကမွ ရိပ္မိလိုက္တာ"

"ဖူးစာေတြကလဲ ဆန္းတယ္ေနာ္ အဟင္း
မထင္ထားတဲ့သူေတြလဲ တြဲကုန္ၾကတယ္"

"ဖူးစာလို႔ေျပာရေအာင္ ေစာေသးပါတယ္ ငယ္ရာ.... အတြဲတိုင္းလည္း မၿမဲပါဘူး "

"ဒါဆို ငယ္တို႔ကေရာ "

"ကြၽန္ေတာ္တို႔ကလား hee ကြၽန္ေတာ္တို႔က ဖူးစာကိုပါတာ .... ဘယ္သူ ျပတ္ျပတ္ ကြၽန္ေတာ္တို႔မျပတ္ဘူး စိတ္ခ်"

"အလကား လိပ္ႀကီး "

လည္ပင္းသားေပၚ တဖြဖြက်လာတဲ့ အနမ္းေတြေၾကာင့္ ေခါင္းေမာ့ကာ ထပ္မံရယ္ေမာလိုက္ရင္း ေကာင္ေလးမ်က္ႏွာကို ငယ္က အသာအယာတြန္းထုတ္သည္....

ခု သူတို႔စုံတြဲက ေဆး႐ုံေရာက္ေနတာလား ေပ်ာ္ပြဲစားထြက္လာတာလား ဒါမွမဟုတ္ ေဆး႐ုံကိုပဲ honeymoonထြက္လာတာလားဟု ေတြးမိၾကသူမ်ားထဲမွာ အခန္းေရွ႕မွ ျဖတ္သြားတတ္ေသာ သူနာျပဳမေလးမ်ားပင္ ပါဝင္ေလသည္.....

"Ornတို႔ကို ၾကည့္မွ တစ္ခုေတြးမိတယ္သိလား အသည္းေလး "

"အင္း ဘာေတြးမိလဲ"

ငယ္က ေကာင္ေလးကို မွီထိုင္ေနရာမွ တေစာင္းေလး လွည့္ထိုင္ကာ ေကာင္ေလးရင္ခြင္ထဲတိုးဝင္ၿပီး လည္ပင္းကို ႏွာေခါင္းနဲ႕ထိလို႔ ပြတ္သီးပြတ္သပ္လုပ္လာသည္.....

ေကာင္ေလးကေတာ့ ငယ့္ရဲ႕ လက္တေပြ႕စာ ခါးကို လက္ႏွစ္ဖက္နဲ႕ဖက္ထားၿပီး ငယ့္နဖူးျပင္ကို ေမးေစ့နဲ႕ တြန္းထိုးလိုက္ ထိကပ္လိုက္ႏွင့္ ေဆာ့ကစားေနသည္...

"တစ္ေယာက္ေယာက္ကို ႀကိဳက္လို႔ လိုက္ၿပီဆိုရင္ ရင္အခုန္ရဆုံးအခ်ိန္က အေျဖျပန္မရခင္အခ်ိန္ေလးေလ မိတ္ေဆြမက ခ်စ္သူမက် အခ်ိန္ေလးေပါ့ စဥ္းစားၾကည့္ေတာ့ ငယ့္ကို အရမ္းခ်စ္ခဲ့ရတာေတာ့ဟုတ္ေပမယ့္ ငယ့္ကိုေသခ်ာေလး မလိုက္ခဲ့ရဘူး အေျဖေတာင္းေတာ့လည္း ဖြင့္ေျပာၿပီးၿပီးခ်င္း သေဘာတူ နမ္းခဲ့ၾကတာဆိုေတာ့ အဲ့လိုကာလေလး မရွိခဲ့ဘူးေလ"

"အင္းးး ဟုတ္ေတာ့ဟုတ္ေပမယ့္ ငယ္တို႔ ခနခန ရင္ခုန္ခဲ့ၾကရတာပဲဟာ.... အဲ့ဒါေတြက အမွတ္တရေတြပဲေပါ့ အဟင္း.. အဲ့တုန္းက ငယ္တို႔ႏွစ္ေယာက္ မတည့္ခဲ့ၾကဘူးေနာ္"

"အင္း"

"လာပါ အဲ့လိုမ်က္ႏွာႀကီးလုပ္မေနနဲ႕ အဲ့လိုမ်ိဳးအႏုအ႐ြေတြ လုပ္ရေအာင္လဲ ငယ္က မိန္းကေလးမွမဟုတ္တာ.... ခ်စ္ျခင္းေတြ ျပည့္စုံေနရင္ၿပီးၿပီေပါ့ ေနာ္"

"ဟုတ္ကဲ့ပါ ကြၽန္ေတာ့္ရဲ႕အတတ္ပတတ္ေလး"

"နာမ္စားေတြက အသစ္ေတြမကုန္ေသးဘူးလား "

"အံမယ္ မကုန္ပါဘူး ကိုယ့္ရဲ႕ အသည္းေလး အခ်စ္ေလး ႏွလုံးသားေလး ေက်ာက္ကပ္ေလး အူကလီစာေလး ....ကိုယ့္ရဲ႕ ဥဥေလး"

"ဘာ..ဘာဥဥလဲ "

"ႏုႏုဥဥေလးလို႔ေျပာတာပါ ရွင္ကလဲ"

"အေျခာက္မႀကီး"

"ရွင္ေနာ္"

"အဟားး ငါစိတ္ညစ္တယ္တကယ္"

"ဒို႔ စိတ္ဆိုးလိုက္မွာ ရွင္ေနာ္"

မ်က္ႏွာတိမ်က္ႏွာထားႏွင့္ ခါးပါေထာက္ၿပီး ဟန္ပါပါ လုပ္ျပေနတဲ့ perthေၾကာင့္ Saint ရန္လည္းမလုပ္နိုင္ေတာ့ဘဲ ဗိုက္ကိုႏွိပ္ၿပီး ရယ္ေနမိတာ မ်က္ႏွာတျပင္ ရဲလို႔ပင္....

"အဟားဟား မလုပ္နဲ႕ *အ ဟားးး ငါအရယ္လြန္ၿပီး ေသရင္ အဟင္း မင္းေၾကာင့္ပဲ "

"မရဘူးကြာ ေခြ႕ပါေခြ႕ပစ္မယ္"

ေျပာရင္းဆိုရင္း လူေပၚတက္ခြလို႔ ဗိုက္ကို ေခါင္းနဲ႕ေခြ႕ေနသည့္ perthေၾကာင့္ Saintမွာ ရယ္ရလို႔ေမာေနေသာ္လည္း ဘယ္လိုမွအရယ္ရပ္မရေတာ့....

အခန္းေျပာင္းထားလို႔ပင္ ေတာ္ေသးသည္...အထူးခန္းလို ေဘးဘက္မွာ မွန္နဲ႕ကာထားရင္ေတာ့ သူတို႔ရဲ႕အေနအထိုင္တတ္မႈနဲ႕ ရွက္စရာႀကီးေနမွာပဲ ....

"အဟား perth ေတာ္ ဟင္း ေတာ္ၿပီ ဟားဟား ယားတယ္ကြ *အ ေသပါၿပီ ကြၽတ္ ကြၽတ္"

"ဘာလို႔လဲ နာေနတုန္းလား "

ငယ့္ရဲ႕ ေျခေခ်ာင္းေလးမ်ားက သူ႕ေျခသလုံးသားနဲ႕ ပြတ္သပ္မိေနရင္း.... ႐ုန္းရင္းဆန္ခတ္အေနအထားကေန ငယ့္ရဲ႕ေအာက္ပိုင္းတစ္ေနရာကို ထိမိသလိုျဖစ္သြားတဲ့အခါ ညည္းတြားသံနဲ႕အတူ မဲ့က်သြားသည့္ မ်က္ႏွာရဲရဲေလး...

Perth စိတ္ပူသြားျခင္းႏွင့္အတူ စိတ္မေကာင္းျဖစ္ရသည္မွာ ညက သူ႕စိတ္သူမထိန္းနိုင္၍ ငယ့္အေပၚ စိတ္ရွိလက္ရွိ ၾကမ္းတမ္းမိသြားေၾကာင္း သူ႕ကိုယ္သူ သိ၍ ျဖစ္သည္...

ငယ့္ဘက္မေတြးေတာေပးဘဲ သူ႕လိုအပ္မႈအတြက္ ပိုနာက်င္ေစေသာ အေနအထားမ်ိဳးႏွင့္ပင္ ခ်စ္ခဲ့မိသည္....

အေတြးေတြနဲ႕အတူ အဖ်ားမ်ားဝင္ၿပီလား ဆိုသည့္ စိတ္ေရာက္လာေတာ့ ငယ့္နဖူးကို လက္နဲ႕အုပ္ကိုင္လိုက္သည္...

ထုံးစံအတိုင္း ငယ့္အသားေလးေတြက ေႏြးေနတာကလြဲရင္ ထူးဆန္းတဲ့အပူမ်ိဳးေတာ့
မရွိ....

"ငယ္ မဖ်ားပါဘူး နည္းနည္းေလး ကိုက္ခဲ႐ုံပဲ"

"Sorryေနာ္ ငယ္... ကြၽန္ေတာ္စိတ္အလိုလိုက္မိသြားတယ္"

"မလိုပါဘူး ႏွစ္ေယာက္လုံး လိုအပ္လို႔ပဲဟာ"

ငယ့္လက္ႏွစ္ဖက္ကို ေထြးကိုင္ၿပီး ေျပာမိေတာ့ မ်က္လႊာေလးခ်လိဳ႕ ရွက္ဝဲဝဲအသံႏွင့္
ျပန္ေျပာရွာသည္.... ႐ုပ္ကေတာ့ မရွက္သလိုလို အတင္းလုပ္ယူေနတာေပါ့

ရဲကနဲ ရဲကနဲ တက္လာတဲ့ နား႐ြက္ဖ်ားေလးေတြက လိမ္သမွ် ေဖာ္ေကာင္လုပ္ေနတာ ငယ္မသိရွာဘူး....

"အင္းး ဒါဆို  ငယ္လိုအပ္ရင္ေျပာေနာ္ "

ႏွစ္ကိုယ္ၾကားေလသံမ်ိဳးႏွင့္ နားနားကပ္ေျပာလာသည့္ perthေၾကာင့္ Saint ကိုယ္ကို မသိလိုက္စြာ ေသးက်ဳံ႕ထားမိသည္...

တကယ္ပါပဲ perthအဲ့လို မထိတထိေတြ စ,တိုင္း ဘယ္ေတာ့မွ ေနသားက်တယ္မရွိေသး....

"ကြၽန္ေတာ္က welcomeပဲ everywhere everytime...evert minute..every..."

မ်က္ခုံးေတြပါလႈပ္ျပၿပီး ၿပဳံးစိစိႀကီး လာစ,ေနသည့္ perthနဖူးအား လက္ညိုးႏွင့္ ခပ္ဆတ္ဆတ္ေလး တြန္းထုတ္ပစ္လိုက္သည္....

"ေပါက္ကရေတြကို ဒီပါးစပ္ႀကီးက ထြက္လည္းထြက္နိုင္တယ္ေနာ္ ဗ႐ုတ္ေကာင္ "

"အဟင္း ...ေအာ္ ဒါနဲ႕ doctorက ဘယ္အခ်ိန္ roundလာလွည့္မွာလဲ"

" ေန႕လည္11ေလာက္လို႔ေျပာတာပဲ
ဘာလို႔လဲ"

"မေန႕က ဖုန္းေျပာတုန္းက အလုပ္ေလ...အဲ့ဒါ customerနဲ႕ အၿပီးသတ္စရာေလးရွိလို႔ ကြၽန္ေတာ္ခနသြားရမယ္ထင္တယ္ 10ခြဲေလာက္ကို...."

"ေအာ္...သြားေလကြာ "

"ငယ္တစ္ေယာက္ထဲ ျဖစ္ပါ့မလား"

"ျဖစ္ပါတယ္ ငယ္က ကေလးလည္းမဟုတ္ဘူး doctorေတြကလဲ ဂ႐ုစိုက္ပါတယ္ ၿပီးေတာ့ တစ္ခုခုဆို ဒီေဆး႐ုံမွာ P'Monလည္းရွိတာပဲ စိတ္ခ်ၿပီးသြား ေနာ္"

"အင္း အခ်ိန္ကလိုေတာ့လိုေသးတယ္ အဲ့ေတာ့ အခု ႏွစ္ကိုယ္ၾကားမို႔ေျပာပြရဦးမယ္"

"ဘာလဲ"

အနားကို တစ္ဖန္ျပန္တိုးကပ္လာျပန္သည့္ perthေၾကာင့္ ခပ္လန့္လန့္ရယ္ပါ ႏွစ္ကိုယ္ၾကား ဆိုရင္ကို ဘာေတြမဟုတ္ကဟုတ္က ေျပာမလဲ ေတြးမိေနၿပီေလ...

"ဘာလုပ္တာလဲ"

စကားေျပာခါနီးမွ သူ႕ႏွာေခါင္းသူ လက္ႏွစ္ဖက္နဲ႕ ဆြဲညွစ္ပိတ္တာ ျမင္လိုက္ေတာ့ လူက နည္းနည္းေတာ့ေၾကာင္သြားေပမယ့္
ဆက္ၾကည့္ေနလိုက္သည္....

"ကိုကိုperth tanaponေလးက ငယ့္ကို ေျပာစရာရွိလို႔တဲ့ နားေထာင္ေနာ္"

ကေလးအသံလို လုပ္ေျပာေနတာ ႏွာေခါင္းကိုပိတ္ထားေတာ့ ႏွာသံေပါက္ၿပီး အိေညွာင့္အိေညွာင့္နဲ႕ တကယ္တူပါတယ္....

ႏႈတ္ခမ္းတလန္ ပန္းတလန္နဲ႕ အတည္ေပါက္ႀကီး လုပ္ျပ ေျပာဆိုေနတာမို႔ ရယ္ခ်င္ေပမယ့္လည္း ႏႈတ္ခမ္းကို တင္းတင္းေစ့ၿပီး အံႀကိတ္ထားရသည္...

ဘာေတြေပါက္ေပါက္ရွာရွာေျပာမလဲ နားေထာင္ရမယ္ေလ.....

"P'Monနဲ႕ အရမ္းခင္တာကို ကိုကိုperthက သိပါတယ္တဲ့ နားလည္းနားလည္ပါတယ္တဲ့ ဒါေပမဲ့ေလ သူ႕ထက္ဘယ္သူ႕ကိုမွ ပိုအားမကိုးပါနဲ႕တဲ့ သူ႕ရဲ႕ ဒီထဲက ကလိကလိ ျဖစ္လို႔ပါတဲ့ "

ႏွာသံႀကီးနဲ႕ ရယ္ခ်င္ဖြယ္ေျပာဆိုေနေပမယ့္ ကြၽန္ေတာ့္လက္ကိုဆြဲလို႔ သူ႕ရင္ဘတ္ေပၚကပ္ေပးလိုက္ေတာ့ ဝုန္းဒိုင္းႀကဲေနတဲ့ ရင္ခုန္သံေၾကာင့္ မင္သက္သြားရသည္....

သူက ခုလိုမ်ိဳး ရင္ေတြခုန္ေနတာေပါ့ ကြၽန္ေတာ္နဲ႕ အတူရွိေနတိုင္းမွာ ဒီေကာင္ေလးက ခုလိုေတြ ရင္ခုန္ေနခဲ့တာလား

ဒါဆို ဘယ္လိုလုပ္ၾကမလဲ အၿမဲ ႏွလုံးခုန္ျမန္ေနလို႔ ကြၽန္ေတာ့္ရဲ႕ ဒီဗ႐ုတ္ေလး တစ္ခုခုျဖစ္သြားရင္ ဒုကၡမ်ားရခ်ည္ရဲ႕...

"သဝန္မတိုသင့္တဲ့ လူဆိုတာသိေပမဲ့ ကိုကိုperthက ခနခန သဝန္တိုမိပါတယ္တဲ့ ဒါေပမဲ့ ေသးေသးေလးပါပဲ ေသးေသးေလး ေဟာဒီေလာက္ေလးပါတဲ့ hee "

လက္မနဲ႕ လက္ညိုးထိပ္ကို ထိၿပီး ေသးေသးေလးလို႔ လုပ္ျပေနတဲ့ အမူအရာေၾကာင့္ Saintၿပဳံးလိုက္မိသည္....

သူ တစ္ေယာက္တည္းႀကိတ္ၿပီး သဝန္တိုေနရတာကို ႏွစ္ကိုယ္ၾကား ရင္လာဖြင့္တာေပါ့ေလ ဒါက .....

နည္းနည္းေလးေတာ့ ခ်စ္စရာေကာင္းမေနဘူးလား အဟြန္း....

"အဲ့ေသးေသးေလးက ရင္ထဲမွာ ကလိကလိျဖစ္ေနလို႔ ငယ့္ကို ရင္လာဖြင့္တာတဲ့ ေနာ္.... ကိုကို႔ကို နားလည္ေပးၿပီး နည္းနည္းေလး အေနအထိုင္ဆင္ျခင္ေပးပါလို႔"

ေျပာလို႔ၿပီးေတာ့မွ အသက္ဝဝရႉၿပီး ျပန္ၿပဳံးၿဖီးျပေနတာ တကယ့္ကို မနိုင္စိန္ကေလးတစ္ေယာက္လိုပါ....

"ေနာ္ ကြၽန္ေတာ့္ကိုသနားေနာ္"

"အင္း"

"ခ်စ္ေနာ္ ကြၽန္ေတာ့္ကို....အင္း ကြၽန္ေတာ့္ကိုပဲ "

"အင္း ငယ္က မင္းကိုပဲ အမ်ားႀကီးခ်စ္မွာ...ငယ္က ဆင္ျခင္ေပးမယ္ေနာ္"

"ဟုတ္"

ရင္ခြင္ထဲ ကေလးတစ္ေယာက္လို တိုးဝင္လာတဲ့ ေကာင္ေလးရဲ႕ ဆံစအဖ်ားေလးေတြကို ပြတ္သပ္မိေတာ့ ရင္ဘတ္ေပၚပါးအပ္ထားသည့္ေကာင္ေလးက ေခါင္းေထာင္ၿပီး ၿပဳံးျပလာတာ မ်က္လုံးေပါက္ေတာင္ မျမင္ရေတာ့....

"ငယ့္ဆီကလည္း အသံေတြၾကားေနရတယ္....ငယ္ ရင္ခုန္ေနတယ္ "

"အင္း~~"

"ရင္ခုန္တာ အခ်စ္ဆိုရင္ ...
ဘာကိုမွ ဂ႐ုမစိုက္တတ္တဲ့ပုံနဲ႕ ေက်ာခိုင္းထြက္သြားတဲ့ ငယ့္ေက်ာျပင္ကို ေငးၾကည့္ေနခဲ့ရကတည္းက...အဲ့ေန႕ကတည္းက ငယ့္ကိုခ်စ္ခဲ့မိတယ္ထင္တယ္ ပထမဆုံးေန႕ကတည္းကေပါ့ "

".........."

"ဒီပါးေဖာင္းႀကီးေတြက ကြၽန္ေတာ့္အသည္းအသက္ေလးေတြ...အဖိုးတန္ေလးေတြလို႔ ဘာလို႔ေျပာခဲ့တာလဲသိလား "

"အင္း ဘာလို႔လဲ"

အားရပါးရၿပဳံးေန၍ ေပါက္ထြက္ေတာ့မယ့္အတိုင္း ေဖာင္းလုံးေနတဲ့ ပါးေဖာင္းေလးႏွစ္ဖက္ကို perthက လက္ႏွစ္ဖက္နဲ႕ ဆြဲညွစ္ၿပီးေမးသည္.... အဲ့ေတာ့လည္း Saintမွာ ေလသံတိုးတိုးေလးနဲ႕သာ ျပန္ေမးျဖစ္ပါသည္...

သူကိုယ္တိုင္လည္း ရင်ထဲမွာ ဖိုးသိုးဖက္သက္နဲ႕ပါပဲ...ဒီေန႕မွ perthက ခ်စ္ေၾကာင္းေတြကို အရမ္းေလးေလးနက္နက္ေျပာေနတာကိုး....

မသိရင္ ခုပဲ ဖြင့္ေျပာခံရေတာ့မယ့္ လူပ်ိဳဖ်န္းေလးလိုလို ဘာလိုလိုနဲ႕.....

"ဘာလို႔လဲဆိုေတာ့..... ေရာင္းစားလို႔ရလို႔ေလ ခ်ိန္ခြင္နဲ႕ခ်ိန္ၿပီးေရာင္းမယ္ ဒန္ဒန္~~ ေဟာဒီမွာ စိမ့္ေခါက္ေခါက္ေတြပါဗ်ိဳး ဆိုၿပီး "

"အဲ့ဒါ အေခါက္မဟုတ္ဘူး ေသနာေလး လာစမ္း အေမႊးေတြအကုန္ႏႈတ္ပစ္မယ္"

"ဟားဟား လြန္မယ္ အသည္းေလးရဲ႕ .... အားးး ငါ ေအာ္ငိုမွာေနာ္ ငယ္ ေဟ့ *အ ေသပါၿပီ ....ေအး နင္တို႔ကလည္း ရယ္သြားၾကဟ"

အခန္းထဲဝင္လာဖို႔ ျပင္ၿပီးမွ ငယ္နဲ႕သူ႕အေျခအေနေၾကာင့္ ရယ္ၿပီးျပန္ထြက္သြားတဲ့ nurseမေလးေတြကိုလည္း perthရန္ေတြ႕ဖို႔မေမ့ပါ....

သူ႕ဆံပင္ေတြအစုလိုက္ ငယ့္လက္ထဲဆြဲခံေနရေပမဲ့လည္း သတ္လိုက္ ခ်စ္လိုက္ လုပ္တတ္တဲ့ သူတို႔အေၾကာင္းသိေနတဲ့ ဆရာမေလးေတြဟာ ေထြထူးလို႔ အေရးလုပ္မေန...

သူကသာ ငယ့္လက္ထဲကေန ရေအာင္ ႐ုန္းထြက္ရင္း ငယ့္ဗိုက္ေခါက္ေလးကို လွမ္းလွမ္းဆြဲၿပီး အူျမဴးေနမိသည္....

"မင္းကိုလည္း အမဲစြပ္ျပဳတ္လုပ္ေသာက္မယ္ သိလား"

"အဲ့ဒါ ေစ်းႀကီးတယ္ဗ် ဘာမွတ္ *အ ရွင္ လႊတ္ေနာ္ အားးး ေအာ္မွာေနာ္ ငါ...ဟားဟား ငယ္ စိတ္ေလွ်ာ့စမ္း တရားေခြဖြင့္ေပးမယ္ အသိေလးကပ္ အဟားးး ေသပါၿပီ "

ကုတင္ေပၚကေန ေလွ်ာက်သြားေတာ့မွ ငယ့္လက္ထဲက လြတ္ေျမာက္ေပမယ့္ အဲ့အတိုင္းပဲ ပက္လက္ႀကီးလန္လို႔ ဆက္ရယ္ေနမိသည္...

တကယ္လည္း အရမ္းမဆြဲၾကပါဘဲ တစ္ေယာက္ဆံပင္တစ္ေယာက္ ဖြပစ္ရင္း အ႐ူးေလးေတြက်လိဳ႕

အခ်စ္နဲ႕အတူရွိရင္ ပ်င္းကိုမပ်င္းရဘူးဆိုတာ....

............

ေနာက္တပိုင္းက ဒီေအာက္မွာပဲ * ေလးနဲ႕ ျပန္စ,ေပးပါမယ္ တစ္ဆက္တည္းမို႔ပါ ကိုယ္က လြမ္းေနၾကမယ္ထင္လို႔ ရသေလာက္ေလးေရးၿပီ အဆြိေလး အရင္လာတင္တာ....😚

allergicအရွိန္နဲ႕ နည္းနည္းေလးဖ်ားတာေရာ ပ်င္းတာေရာေပါင္းၿပီး ၾကာသြားပါတယ္ရွန္💬❣️


Continue Reading

You'll Also Like

1M 30.3K 48
The story of young girl being born by the rape of her mother and struck with her 4 brothers as her mom died giving birth to her. Being neglected and...
4.6M 154K 48
When strangers from completely different backgrounds get married... -- Shifting as the cool breeze toyed with my senses, I sighed at my husband stand...
368K 19.6K 68
"Does he know your name?" "Nope," I shook my head. "But hey, it was like love at first sight," I said dreamily before snapping back to reality and lo...
1.8M 54.4K 101
When Valerie Adams gets to know that she is betrothed to the youngest billionaire in New York, just to save her father's dying company, it is two nig...