ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ...

By sweswexlaing

84.1K 5.3K 119

Lu Lijun & Jiang Yuyan Credit to all Author and Translator. This story is not mine.I just translate this. 🖤 ... More

Intro
Loving my wife
I Miss You,Please Come Back!
To Make a Baby,Marriage is Not Necessary..
Angry old man,Elder Lu
She will Get Married Twice..
So Rude! Left Without Giving An Apology..
She is still the same....
Will See You Soon Yuyan!!
Drinking Coffee And Making A Child Are Different Things...
I Am Handsome Since My Birth...
Haha!You Truly Inherited My genes...
Eating "SHOCK" As A Breakfast...
The Day Of Suprises....
A Gift from Grandpa Lu...
The Perverted Old Man!!
Recipes To Expand Family Tree...
As You Wish Grandpa!!
Secret in The Family..
Heading To The Same Denstination....
စပရိုက်.....
You Are Crushing My Grandpa's Dream...
Replace Your balls With My Ovaries!
Feeling Like To Kill You....
My first kiss got stolen.
I Will Love And Care For Her Too.
The Undeniable Truth Of The Future.
Wounds Of the Past
Hiding A Devastating Truth
An Unfortunate Death.
Gift From A Brother
Annoying Sisters
Tricking The Sisters
Running A DNA Test
The Foundation Day Of The Family
Gentleman Lu Feng
Sacrifices!
Gift From A Little Guy...
Okay With Plus-Minus Ten...
ပြောစရာလေးရှိလို့ပါ
What is He doing here?
Don't want to die Virgin
A Step Together...
Did you forget me?
It Feels Good To Feel Your Heartbeats...
What A Rude Child!
Becasuse I wanted to kiss you....
Cough-Cough!Did you smoke?
Centroid of the Triangle!!
I'll Marry You...Pinky Promise!
I Will Be Your Knight....
Relaxing Under The Starry Sky
Brother's Promise!!

Calm Down Angry Bird!

1K 83 2
By sweswexlaing

တိုက်ခန်းက တန်ဖိုးကြီးမားလွန်းသည်။ မြေညီထပ်မှာတော့ ဧည့်ခန်း ကျယ်၀န်းသောထမင်းစားခန်းဧရိယာ မီးဖိုဆောင်နှင့်တွဲထားသည့် စားစရာများထားသော သီးခြားအခန်းနှင့် အလွန်အကဲ စံနှင့်ကိုက်အောင်ပြုလုပ်ထားသော မီးဖိုချောင် ပင်မအိပ်ခန်းတစ်ခန်း စာဖတ်ခန်းတစ်ခန်း အိမ်ဖော်များရဲ့အခန်း ရှိသည်။

ဧည့်ခန်းကကြီးမားပြီး အလယ်၌ထားရှိသည့် လှပပြီး ဖန်ဖြင့်ပြုလုပ်ထားသော ခုံနှင့် အတော်ကြီးမားသော စက်ဝိုင်းတစ်ခြမ်းပုံ ဆိုဖာအရှည်ရှိသည်။ထိုအရှေ့တွင် ကြီးမားသော ရုပ်သံမှပုံရိပ်ထင်ဟပ်စေသည့် ပိတ်ကား ရှိပြီး အိမ်ကို ပြဇာတ်ရုံကဲ့သို့ ခံစားရအောင် ပြုလုပ်ပေးသည်။ဆိုဖာရဲ့နောက် မှာတော့ နက်ရှိုင်းသော အညိုရောင် ရှိသည့် လေးထောင့်ပုံ သစ်သား ထမင်းစား စားပွဲ ဖြင့် ထမင်းစားခန်း ရှိသည်။ဧည့်ခန်းကနေဆိုလျှင် ထမင်းစားခန်းကို ခြေနှစ်လှမ်းဖြင့် ရောက်နိုင်သည်။ဧည့်ခန်းတွင် ကျယ်ပြန့်သော ကြမ်းခင်းကြီးမှ မျက်နှာကျက်ထိ ဖန်ထည်ဖြင့်ပြုလုပ်ထားသည့် ပြတင်းပေါက် တပ်ဆင်ထားပြီး စိုစွတ်၍ တောက်ပသော နေရောင်ခြည်ကို ၀င်ခွင့်ပြုထားသည်။ ပြတင်းပေါက်တွင် ကြမ်းပြင်သို့တန်းလန်း ချထားသော လိုက်ကာများရှိသည်။ နံရံများကို ထုံးခြောက်ရောင်သုတ်ထားပြီး အခန်းထဲရှိ သစ်သားကြမ်းခင်း ပရိဘောဂများ နှင့် ပြီးပြည့်စုံလှသည်။

အိမ်အကူများက မီးဖိုချောင်မှ ဧည့်ခန်းသို့ထွက်လာပြီး Jiang မောင်နှစ််မအတွက် ရေလာချပေးသည်။

Mo Ruolan က သူတို့နှစ်ယောက်ကို တွေ့ရသဖြင့် ပျော်ရွှင်နေပြီး ပြောသည် "မင်းတို့ရဲ့ခရီးစဉ်က ဘယ်လိုလဲ မကြာသေးခင်ကာလက တစ်ခုကို ဖျက်လိုက်ရပြီး လက် မှတ်နောက်တစ်ခု ၀ယ်လိုက်ရတယ်လို့ အမေ ကြားတယ်"

ရေသောက်ရင်းနဲ့ Jiang Yuyan ကဖြေသည် "အဲ့ဒါကောင်းပါတယ် ကော်ဖီတွေဖိတ်ကျသွားပြီး တောင်းပန်မခံကတာက လွဲရင်"ထိုမတော်တဆမှုကို တွေးမိပြီး သူမ ဒေါသထွက်လာသည်။

' ဒါပေမယ့်..သူက အရမ်း ခန့်ညားလွန်းတယ်ဟုတ်တယ် 'သူမကတွေးပြီးပြုံးသည်။ 'နေ..နေဉီး မဟုတ်သေးဘူး ငါ ဘာလို့ သူ့အကြောင်းကို တွေးနေရတာလဲ '

သူမ တွေးလိုက်သော အတွေးများကြောင့် ညည်းလိုက်ပြီး ပါးစပ်ထဲမှ ရေများပါ သီးလုနီးနီးဖြစ်သွားသည်။' ငါ့ စိတ်တွေလွတ်သွားတာပဲ' သူမခေါင်းကို ခါလိုက်ပြီး အစစ်အမှန်သို့ ပြန်ရောက်လာသည်။

သူမ အဖေ Jiang Peizhi က သိချင်စိတ် ပြင်းပြစွာကြည့်သည်။ "ဘယ်သူက ငါ့မင်းသမီးလေးကို စိတ်အနှောင့်အယှက် ပြုရဲတာလဲ"သူက ပြုံးနေရင်းမေးသည်။

သူမအစား သူမအကိုက ဖြေသည်" ဘာမှမဟုတ်ဘူး အဖေ သူကော်ဖီကို ဘယ်လောက်ချစ်ကြောင်း နဲ့ သူမရဲ့ဒေါသကို အဖေသိပါတယ်"သူ့ ညီမခေါင်းကို ပုတ်နေရင်း သူက ဆက်ပြောသည် "စိတ်လျှော့ စိတ်ဆိုးနေတဲ့ ငှက်လေး "

Jiang Yuyan သည် ထိုသို့ သရုပ်ဆောင်နေမှုကြောင့် စိတ်ရှုပ်လာပြီး အပြင်သို့အလျင်အမြန်ရုန်းထွက်၍ " ငါ ဆုတောင်းတယ် ငါ့အတွက် အစ်ကိုက ဒီမှာ ရှိနေပြီ ငါ့ရဲ့ ချိုမြိန်လှတဲ့ဒေါသကို စီမံအုပ်ချူပ်မယ့် ဆရာ 'Matilda' "

"ဟေ့ ဟိုတစ်ခေါက်တုန်းက ငါ့ကို 'Chuck'လို့ခေါ်တာလေ 'Matilda' မဟုတ်ဘူးလေ "

"ဟုတ်တယ်ဟုတ်တယ် အဲ့ဒါ အစ်ကိုနဲ့ ပိုလိုက်ဖက်တယ် အစ်ကိုရဲ့ ပါးစပ်ကို ကျိုးပဲ့အောင်လုပ်နိုင်တာ မရှိဘူး" သူမက ရပ်လိုက်ပြီး ဆက်ပြောသည်။ "ကောင်းပြီ စိတ်ဆိုးလွန်းအားကြီးလို့ ငါ့ခေါင်းပေါက်ကွဲချင် သွားအောင် အမြဲတမ်းလုပ်နိုင်တဲ့ အစ်ကို့ရဲ့စိတ်အနှောင့်ယှက်ဖြစ်စရာ ကောင်းလွန်းတဲ့ဇာတ်ကောင် Bomb နဲ့လည်း အစ်ကိုက လိုက်ဖက်တယ်"Jiang yuyan ကမျက်လုံးကို လှိမ့်ရင်းပြောသည်။

"ကြီးကျယ်ပြီး ထူးခြားတဲ့ ပင်ကိုယ်လက္ခဏာတွေ ငါ့မှာရှိတယ်ဆိုတာ ငါမသိခဲ့ဘူး ငါ အဲ့ဒီဟာကို အများကြီးထပ်ပေါင်းထည့်ဖို့ကြိုးစားမယ် ပြီးတော့ မင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ဖို့အရေး အဲ့ဒါ ငါ့ရဲ့အခွင့်အရေးပဲ ညီမလေး"Jiang Yang က သူမကို မျက်လုံး မှိတ်ပြပြီး ထိခိုက်နစ်နာစေတဲ့ အပြုံးတစ်ပွင့်ပေးသည်။

ကလေးတွေက ကျီဆယ်နေကြရင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်းပြသနေသည်ကို မိဘတွေက သိသည်။

"အမေ သား ဗိုက်ဆာတယ်" Jiang Yang က သူ့အစာအိမ်ကို လက်ဖြင့်ပွတ်၍ ပြောသည်။

"အမေ သမီးရောပဲ" Jiang Yuyan ကပြောသည်။

"ဟုတ်တာပေါ့ လေယာဥ်ပေါ်မှာ အရေးကြီးတဲ့ ကိစ်စကြောင့် စကားများခဲ့ရတော့ မင်း ကျိန်းသေ ဗိုက်ဆာမှာပေါ့"Jiang Yang က စသည်။

Jiang Yuyan က သူမအစ်ကိုအား ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုနေခြင်းမှရပ်ရန် စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး သူမ အမေဘက်သို့ ပြန်လှည့်လာသည် "အမေ သမီး ဗိုက်ဆာလို့သေတော့မယ် မြန်မြန်လေး " သူမက သူမအစ်ကို မြေကြီးထဲကနေ အသေကောင်ကို တူးဖော်နိုင်ဖို့အတွက် အခွင့်အရေးမပေးချင်ဘူး။

"မနက်စာက အဆင်သင့်ပဲ အချစ် အရင်ဆုံးတော့ မင်းတို့ နှစ်ယောက် ကိုယ့်အခန်းကိုယ်သွားပြီး သန့်ရှင်းရေးလုပ် ပြီးရင် မနက်စာစားဖို့ ပြန်ဆင်းလာခဲ့" Mo Ruolan က ဆိုဖာမှထပြီးပြောသည် "သားတို့ကို သားတို့ အခန်းလိုက်ပြမယ် " ပြောရင်းနဲ့ သူမက ကြီးမားတဲ့ ဧည့်ခန်းကြီးရဲ့ တစ်ခြားတစ်ဖက် လှေကားအုံကြီးသို့ ဦးဆောင်သွားခဲ့သည်။

အပေါ်ထပ်မှာတော့ အခန်းနှစ်ခန်းရှိပြီး တစ်ခန်းက လှေကားအုံ၏ ဘေးတွင်ရှိသည်။လှေကားအုံရဲ့ဘေးမှာတော့ အခန်းတွေကို ခွဲထားသည့် ဆောင်ကူး စင်ကြန်လမ်းရှိသည်။စင်ကြန်လမ်းရဲ့ အဆုံးမှာတော့ အသေးစား ဥယာဥ်လေးအဖြစ်ပြောင်းထားသော အတန်သင့်ကြီးသည့် လေသာခန်းကို ဖန်ထည်တံခါးဖြင့် ဖွင့်ဝင်ရသည်။ထိုထဲတွင် လှပ၍ အလှဆင်ထားသော သစ်ပင်အမျိုးအစား များစွာရှိပြီး အလယ်တွင် သစ်သားဖြင့် ပြုလုပ်ထားသည့် အညိုဖျော့ရောင်ခုံ တစ်ခုရှိသည်။

လှေကားအုံရဲ့ ညာဘက်အခန်းက Jiang Yuyan ရဲ့အခန်းဖြစ်ပြီး ဘယ်ဘက်က တစ်ခြားအခန်းကတော့ Jiang Yang ရဲ့ အခန်းဖြစ်သည်။

အပေါ်ထပ်ကို ရောက်၍ သူတို့အခန်းကို သိကြသောအခါ Mo Ruolan က သတင်းပေးသည်
"မင်းတို့လိုအပ်သမျှ အရာအားလုံးက မင်းတို့အခန်းထဲမှာရှိတယ် တစ်ခုခုများ လိုအပ်ခဲ့ရင် အမေ့ကိုခေါ်လိုက်"

နှစ်ယောက်လုံးက ခေါင်းငြိမ့်ပြီး သူတို့ အခန်းသို့ ဝင်သွားကြသည်။Mo Ruolan က မီးဖိုချောင်သို့ သွားရန် အောက်သို့ ဆင်းလာခဲ့သည်။

Jiang Yuyan က အခန်းထဲသို့ ဝင်လာသောအခါ သူမအကြိုက်အရ ပြင်ဆင်ထားသည့် အခန်းရဲ့ အတွင်းပိုင်းကို သူမမြင်လိုက်ရသည်။ထိုအခန်းက တောက်ပပြီး အရောင်စုံသည်။ သူမက အဖြူရောင်နောက်ခံနှင့် အရောင်များကို ယှဥ်ကြည့်နေခဲ့သည်။

Jiang Yuyan က အရောင်စုံပြီး လတ်ဆက်သော အရာအားလုံးကို ကြိုက်သည်။ဘဝက ပျင်းစရာမကောင်းပဲ တောက်ပနေရမယ်လို့ သူမကယုံကြည်တယ် ဒီလိုယုံကြည်ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ သူမရဲ့ဘဝမှာ အမှောင်မိုက်ဆုံး ကာလကို ဖြတ်သန်းခဲ့ရသော
ကြောင့်ဖြစ်သည်။နံရံကို အဓိကအားဖြင့် အဖြူရောင်ဆိုးထားပြီး တစ်ချို့နေရာများတွင် အနည်းငယ်ကြီးမားသည့် ရောက်တတ်ရာရာခြယ်ထားသည့် အရောင်အကွက် များရှိသည်။ ပရိဘောဂများသည် အဖြူရောင်ကို အဓိကလျာထားပြီး မတူညီသော အရောင်မျိုးစုံဖြင့် အပြားခတ်ထားသည်။တောက်ပတဲ့ အစိမ်းရောင်ရှိသည့် လိုက်ကာများ အိပ်ရာခင်းနှင့် ခေါင်းအုံးများက အဖြူရောင်အခန်းကို လန်းဆန်းစေသည်။ သူမ အခန်းက လှပသည့် ပန်းချီကားတစ်ချပ်လို ဖြစ်နေသည်။

အခန်းရဲ့ အလယ်မှာတော့ အန်ဆွဲနှစ်ဆင့်ပါတဲ့ ဘေးကပ်ခုံနှင့် ဘုရင်မ အရွယ်အစားရှိတဲ့ အိပ်ရာကို နံရံနှင့်ကပ်ထားသည်။အဝတ်ဗီရိုကြီးထဲတွင် လှပသော ဝတ်စုံများ အိတ်များ ဆက်စပ်ပစ်စည်းများ အလှအပနှင့်ဆိုင်သောပစ်စည်းများ သူမလိုသမျှ အရာအားလုံးရှိသည် ဒါပေမယ့် သူမကို လန့်သွားစေတာတော့ အခြားတစ်ဖက်က အဝတ်ဗီရိုကြီးတွင် သူမအကြိုက်ဆုံး မတူညီတဲ့ အဝတ်အစားများ နှင့် မတူညီသော အမျိုးအစားဖြစ်သည့် ဂျင်းဘောင်းဘီများ တီရှပ်များ အားကစားဖိနပ်များ ဖြင့်ပြည့်နေသည် ။ သူမ အမေကတော့ ထိုအရာတွေကို မနှစ်သက်ပေ။

"ဒီလူတွေကတော့ ငါ့ကိုခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေတာပဲ"အဝတ်ဗီရိုကြီးနှင့် ပက်သတ်၍ သူမက ဗလုံးဗထွေး ပြောသည် သို့သော်လည်း အပြည့်အဝမဖွင့်ထားသည့် ပန်ဒိုရာ သေတ်တာကြောင့် သူမ မကြာခင်မှာ အကြီးအကျယ်လန့် ရတော့မယ်ဆိုတာ သူမ မသိခဲ့ဘူး။

(T/N Laptop နဲ့ရိုက်ပြီး ပြန်ပို့တာ အချိုးမပြေလို့ တစ်ပိုင်းလုံးပြန်ရိုက်ရမယ်ဆိုတာ တို့လည်းမသိခဲ့ဘူး အမှားပါရင် ခွင့်လွှတ် ပြီးတာနဲ့ တန်းတင်တာ)

............................................................

(Zawgyi)

တိုက္ခန္းက တန္ဖိုးႀကီးမားလြန္းသည္။ ေျမညီထပ္မွာေတာ့ ဧည့္ခန္း က်ယ္၀န္းေသာထမင္းစားခန္းဧရိယာ မီးဖိုေဆာင္ႏွင့္တြဲထားသည့္ စားစရာမ်ားထားေသာ သီးျခားအခန္းႏွင့္ အလြန္အကဲ စံႏွင့္ကိုက္ေအာင္ျပဳလုပ္ထားေသာ မီးဖိုေခ်ာင္ ပင္မအိပ္ခန္းတစ္ခန္း စာဖတ္ခန္းတစ္ခန္း အိမ္ေဖာ္မ်ားရဲ႕အခန္း ရွိသည္။

ဧည့္ခန္းကႀကီးမားၿပီး အလယ္၌ထားရွိသည့္ လွပၿပီး ဖန္ျဖင့္ျပဳလုပ္ထားေသာ ခုံႏွင့္ အေတာ္ႀကီးမားေသာ စက္ဝိုင္းတစ္ျခမ္းပုံ ဆိုဖာအရွည္ရွိသည္။ထိုအေရွ႕တြင္ ႀကီးမားေသာ ႐ုပ္သံမွပုံရိပ္ထင္ဟပ္ေစသည့္ ပိတ္ကား ရွိၿပီး အိမ္ကို ျပဇာတ္႐ုံကဲ့သို႔ ခံစားရေအာင္ ျပဳလုပ္ေပးသည္။ဆိုဖာရဲ႕ေနာက္ မွာေတာ့ နက္ရွိုင္းေသာ အညိုေရာင္ ရွိသည့္ ေလးေထာင့္ပုံ သစ္သား ထမင္းစား စားပြဲ ျဖင့္ ထမင္းစားခန္း ရွိသည္။ဧည့္ခန္းကေနဆိုလွ်င္ ထမင္းစားခန္းကို ေျခႏွစ္လွမ္းျဖင့္ ေရာက္နိုင္သည္။ဧည့္ခန္းတြင္ က်ယ္ျပန႔္ေသာ ၾကမ္းခင္းႀကီးမွ မ်က္ႏွာက်က္ထိ ဖန္ထည္ဖြင့္ျပဳလုပ္ထားသည့္ ျပတင္းေပါက္ တပ္ဆင္ထားၿပီး စိုစြတ္၍ ေတာက္ပေသာ ေနေရာင္ျခည္ကို ၀င်ခွင့်ပြုထားသည်။ ျပတင္းေပါက္တြင္ ၾကမ္းျပင္သို႔တန္းလန္း ခ်ထားေသာ လိုက္ကာမ်ားရွိသည္။ နံရံမ်ားကို ထုံးေျခာက္ေရာင္သုတ္ထားၿပီး အခန္းထဲရွိ သစ္သားၾကမ္းခင္း ပရိေဘာဂမ်ား ႏွင့္ ၿပီးျပည့္စုံလွသည္။

အိမ္အကူမ်ားက မီးဖိုေခ်ာင္မွ ဧည့္ခန္းသို႔ထြက္လာၿပီး Jiang ေမာင္ႏွစ္္မအတြက္ ေရလာခ်ေပးသည္။

Mo Ruolan က သူတို႔ႏွစ္ေယာက္ကို ေတြ႕ရသျဖင့္ ေပ်ာ္႐ႊင္ေနၿပီး ေျပာသည္ "မင္းတို႔ရဲ႕ခရီးစဥ္က ဘယ္လိုလဲ မၾကာေသးခင္ကာလက တစ္ခုကို ဖ်က္လိုက္ရၿပီး လက္ မွတ္ေနာက္တစ္ခု ၀ယ်လိုက်ရတယ်လို့ အေမ ၾကားတယ္"

ေရေသာက္ရင္းနဲ႕ Jiang Yuyan ကေျဖသည္ "အဲ့ဒါေကာင္းပါတယ္ ေကာ္ဖီေတြဖိတ္က်သြားၿပီး ေတာင္းပန္မခံကတာက လြဲရင္"ထိုမေတာ္တဆမႈကို ေတြးမိၿပီး သူမ ေဒါသထြက္လာသည္။

' ဒါေပမယ့္..သူက အရမ္း ခန႔္ညားလြန္းတယ္ဟုတ္တယ္ 'သူမကေတြးၿပီးၿပဳံးသည္။ 'ေန..ေနဉီး မဟုတ္ေသးဘူး ငါ ဘာလို႔ သူ႕အေၾကာင္းကို ေတြးေနရတာလဲ '

သူမ ေတြးလိုက္ေသာ အေတြးမ်ားေၾကာင့္ ညည္းလိုက္ၿပီး ပါးစပ္ထဲမွ ေရမ်ားပါ သီးလုနီးနီးျဖစ္သြားသည္။' ငါ့ စိတ္ေတြလြတ္သြားတာပဲ' သူမေခါင္းကို ခါလိုက္ၿပီး အစစ္အမွန္သို႔ ျပန္ေရာက္လာသည္။

သူမ အေဖ Jiang Peizhi က သိခ်င္စိတ္ ျပင္းျပစြာၾကည့္သည္။ "ဘယ္သူက ငါ့မင္းသမီးေလးကို စိတ္အႏွောင့္အယွက္ ျပဳရဲတာလဲ"သူက ၿပဳံးေနရင္းေမးသည္။

သူမအစား သူမအကိုက ေျဖသည္" ဘာမွမဟုတ္ဘူး အေဖ သူေကာ္ဖီကို ဘယ္ေလာက္ခ်စ္ေၾကာင္း နဲ႕ သူမရဲ႕ေဒါသကို အေဖသိပါတယ္"သူ႕ ညီမေခါင္းကို ပုတ္ေနရင္း သူက ဆက္ေျပာသည္ "စိတ္ေလွ်ာ့ စိတ္ဆိုးေနတဲ့ ငွက္ေလး "

Jiang Yuyan သည္ ထိုသို႔ သ႐ုပ္ေဆာင္ေနမႈေၾကာင့္ စိတ္ရႈပ္လာၿပီး အျပင္သို႔အလ်င္အျမန္႐ုန္းထြက္၍" ငါ ဆုေတာင္းတယ္ ငါ့အတြက္ အစ္ကိုက ဒီမွာ ရွိေနၿပီ ငါ့ရဲ႕ ခ်ိဳၿမိန္လွတဲ့ေဒါသကို စီမံအုပ္ခ်ဴပ္မယ့္ ဆရာ 'Matilda' "

"ေဟ့ ဟိုတစ္ေခါက္တုန္းက ငါ့ကို 'Chuck'လို႔ေခၚတာေလ 'Matilda' မဟုတ္ဘူးေလ "

"ဟုတ္တယ္ဟုတ္တယ္ အဲ့ဒါ အစ္ကိုနဲ႕ ပိုလိုက္ဖက္တယ္ အစ္ကိုရဲ႕ ပါးစပ္ကို က်ိဳးပဲ့ေအာင္လုပ္နိုင္တာ မရွိဘူး" သူမက ရပ္လိုက္ၿပီး ဆက္ေျပာသည္။ "ေကာင္းၿပီ စိတ္ဆိုးလြန္းအားႀကီးလို႔ ငါ့ေခါင္းေပါက္ကြဲခ်င္ သြားေအာင္ အၿမဲတမ္းလုပ္နိုင္တဲ့ အစ္ကို႔ရဲ႕စိတ္အႏွောင့္ယွက္ျဖစ္စရာ ေကာင္းလြန္းတဲ့ဇာတ္ေကာင္ Bomb နဲ႕လည္း အစ္ကိုက လိုက္ဖက္တယ္"Jiang yuyan ကမ်က္လုံးကို လွိမ့္ရင္းေျပာသည္။

"ႀကီးက်ယ္ၿပီး ထူးျခားတဲ့ ပင္ကိုယ္လကၡဏာေတြ ငါ့မွာရွိတယ္ဆိုတာ ငါမသိခဲ့ဘူး ငါ အဲ့ဒီဟာကို အမ်ားႀကီးထပ္ေပါင္းထည့္ဖို႔ႀကိဳးစားမယ္ ၿပီးေတာ့ မင္းကို စိတ္အႏွောင့္အယွက္ ျဖစ္ေအာင္ လုပ္ဖို႔အေရး အဲ့ဒါ ငါ့ရဲ႕အခြင့္အေရးပဲ ညီမေလး"Jiang Yang က သူမကို မ်က္လုံး မွိတ္ျပၿပီး ထိခိုက္နစ္နာေစတဲ့ အၿပဳံးတစ္ပြင့္ေပးသည္။

ကေလးေတြက က်ီဆယ္ေနၾကရင္း တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ခ်စ္ေၾကာင္းျပသေနသည္ကို မိဘေတြက သိသည္။

"အေမ သား ဗိုက္ဆာတယ္" Jiang Yang က သူ႕အစာအိမ္ကို လက္ျဖင့္ပြတ္၍ ေျပာသည္။

"အေမ သမီးေရာပဲ" Jiang Yuyan ကေျပာသည္။

"ဟုတ္တာေပါ့ ေလယာဥ္ေပၚမွာ အေရးႀကီးတဲ့ ကိစ္စေၾကာင့္ စကားမ်ားခဲ့ရေတာ့ မင္း က်ိန္းေသ ဗိုက္ဆာမွာေပါ့"Jiang Yang က စသည္။

Jiang Yuyan က သူမအစ္ကိုအား ထိုအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုေနျခင္းမွရပ္ရန္ စိန္းစိန္းဝါးဝါး ၾကည့္လိုက္ၿပီး သူမ အေမဘက္သို႔ ျပန္လွည့္လာသည္ "အေမ သမီး ဗိုက္ဆာလို႔ေသေတာ့မယ္ ျမန္ျမန္ေလး " သူမက သူမအစ္ကို ေျမႀကီးထဲကေန အေသေကာင္ကို တူးေဖာ္နိုင္ဖို႔အတြက္ အခြင့္အေရးမေပးခ်င္ဘူး။

"မနက္စာက အဆင္သင့္ပဲ အခ်စ္ အရင္ဆုံးေတာ့ မင္းတို႔ ႏွစ္ေယာက္ ကိုယ့္အခန္းကိုယ္သြားၿပီး သန့္ရွင္းေရးလုပ္ ၿပီးရင္ မနက္စာစားဖို႔ ျပန္ဆင္းလာခဲ့" Mo Ruolan က ဆိုဖာမွထၿပီးေျပာသည္ "သားတို႔ကို သားတို႔ အခန္းလိုက္ျပမယ္ " ေျပာရင္းနဲ႕ သူမက ႀကီးမားတဲ့ ဧည့္ခန္းႀကီးရဲ႕ တစ္ျခားတစ္ဖက္ ေလွကားအုံႀကီးသို႔ ဦးေဆာင္သြားခဲ့သည္။

အေပၚထပ္မွာေတာ့ အခန္းႏွစ္ခန္းရွိၿပီး တစ္ခန္းက ေလွကားအုံ၏ ေဘးတြင္ရွိသည္။ေလွကားအုံရဲ႕ေဘးမွာေတာ့ အခန္းေတြကို ခြဲထားသည့္ ေဆာင္ကူး စင္ၾကန္လမ္းရွိသည္။စင္ၾကန္လမ္းရဲ႕ အဆုံးမွာေတာ့ အေသးစား ဥယာဥ္ေလးအျဖစ္ေျပာင္းထားေသာ အတန္သင့္ႀကီးသည့္ ေလသာခန္းကို ဖန္ထည္တံခါးျဖင့္ ဖြင့္ဝင္ရသည္။ထိုထဲတြင္ လွပ၍ အလွဆင္ထားေသာ သစ္ပင္အမ်ိဳးအစား မ်ားစြာရွိၿပီး အလယ္တြင္ သစ္သားျဖင့္ ျပဳလုပ္ထားသည့္ အညိုေဖ်ာ့ေရာင္ခုံ တစ္ခုရွိသည္။

ေလွကားအုံရဲ႕ ညာဘက္အခန္းက Jiang Yuyan ရဲ႕အခန္းျဖစ္ၿပီး ဘယ္ဘက္က တစ္ျခားအခန္းကေတာ့ Jiang Yang ရဲ႕ အခန္းျဖစ္သည္။

အေပၚထပ္ကို ေရာက္၍ သူတို႔အခန္းကို သိၾကေသာအခါ Mo Ruolan က သတင္းေပးသည္
"မင္းတို႔လိုအပ္သမွ် အရာအားလုံးက မင္းတို႔အခန္းထဲမွာရွိတယ္ တစ္ခုခုမ်ား လိုအပ္ခဲ့ရင္ အေမ့ကိုေခၚလိုက္"

ႏွစ္ေယာက္လုံးက ေခါင္းၿငိမ့္ၿပီး သူတို႔ အခန္းသို႔ ဝင္သြားၾကသည္။Mo Ruolan က မီးဖိုေခ်ာင္သို႔ သြားရန္ ေအာက္သို႔ ဆင္းလာခဲ့သည္။

Jiang Yuyan က အခန္းထဲသို႔ ဝင္လာေသာအခါ သူမအႀကိဳက္အရ ျပင္ဆင္ထားသည့္ အခန္းရဲ႕ အတြင္းပိုင္းကို သူမျမင္လိုက္ရသည္။ထိုအခန္းက ေတာက္ပၿပီး အေရာင္စုံသည္။ သူမက အျဖဴေရာင္ေနာက္ခံႏွင့္ အေရာင္မ်ားကို ယွဥ္ၾကည့္ေနခဲ့သည္။

Jiang Yuyan က အေရာင္စုံၿပီး လတ္ဆက္ေသာ အရာအားလုံးကို ႀကိဳက္သည္။ဘဝက ပ်င္းစရာမေကာင္းပဲ ေတာက္ပေနရမယ္လို႔ သူမကယုံၾကည္တယ္ ဒီလိုယုံၾကည္ရတဲ့ အေၾကာင္းအရင္းတစ္ခုကေတာ့ သူမရဲ႕ဘဝမွာ အေမွာင္မိုက္ဆုံး ကာလကို ျဖတ္သန္းခဲ့ရေသာ
ေၾကာင့္ျဖစ္သည္။နံရံကို အဓိကအားျဖင့္ အျဖဴေရာင္ဆိုးထားၿပီး တစ္ခ်ိဳ႕ေနရာမ်ားတြင္ အနည္းငယ္ႀကီးမားသည့္ ေရာက္တတ္ရာရာျခယ္ထားသည့္ အေရာင္အကြက္ မ်ားရွိသည္။ ပရိေဘာဂမ်ားသည္ အျဖဴေရာင္ကို အဓိကလ်ာထားၿပီး မတူညီေသာ အေရာင္မ်ိဳးစုံျဖင့္ အျပားခတ္ထားသည္။ေတာက္ပတဲ့ အစိမ္းေရာင္ရွိသည့္ လိုက္ကာမ်ား အိပ္ရာခင္းႏွင့္ ေခါင္းအုံးမ်ားက အျဖဴေရာင္အခန္းကို လန္းဆန္းေစသည္။ သူမ အခန္းက လွပသည့္ ပန္းခ်ီကားတစ္ခ်ပ္လို ျဖစ္ေနသည္။

အခန္းရဲ႕ အလယ္မွာေတာ့ အန္ဆြဲႏွစ္ဆင့္ပါတဲ့ ေဘးကပ္ခုံႏွင့္ ဘုရင္မ အ႐ြယ္အစားရွိတဲ့ အိပ္ရာကို နံရံႏွင့္ကပ္ထားသည္။အဝတ္ဗီရိုႀကီးထဲတြင္ လွပေသာ ဝတ္စုံမ်ား အိတ္မ်ား ဆက္စပ္ပစ္စည္းမ်ား အလွအပႏွင့္ဆိုင္ေသာပစ္စည္းမ်ား သူမလိုသမွ် အရာအားလုံးရွိသည္ ဒါေပမယ့္ သူမကို လန့္သြားေစတာေတာ့ အျခားတစ္ဖက္က အဝတ္ဗီရိုႀကီးတြင္ သူမအႀကိဳက္ဆုံး မတူညီတဲ့ အဝတ္အစားမ်ား ႏွင့္ မတူညီေသာ အမ်ိဳးအစားျဖစ္သည့္ ဂ်င္းေဘာင္းဘီမ်ား တီရွပ္မ်ား အားကစားဖိနပ္မ်ား ျဖင့္ျပည့္ေနသည္ ။ သူမ အေမကေတာ့ ထိုအရာေတြကို မႏွစ္သက္ေပ။

"ဒီလူေတြကေတာ့ ငါ့ကိုခက္ခဲေအာင္လုပ္ဖို႔ ႀကိဳးစားေနတာပဲ"အဝတ္ဗီရိုႀကီးႏွင့္ ပက္သတ္၍ သူမက ဗလုံးဗေထြး ေျပာသည္ သို႔ေသာ္လည္း အျပည့္အဝမဖြင့္ထားသည့္ ပန္ဒိုရာ ေသတ္တာေၾကာင့္ သူမ မၾကာခင္မွာ အႀကီးအက်ယ္လန့္ ရေတာ့မယ္ဆိုတာ သူမ မသိခဲ့ဘူး။

(T/N Laptop နဲ႕ရိုက္ၿပီး ျပန္ပို႔တာ အခ်ိဳးမေျပလို႔ တစ္ပိုင္းလုံးျပန္ရိုက္ရမယ္ဆိုတာ တို႔လည္းမသိခဲ့ဘူး အမွားပါရင္ ခြင့္လႊတ္ ၿပီးတာနဲ႕ တန္းတင္တာ)

Continue Reading

You'll Also Like

3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
320K 6.8K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
828K 16.1K 10
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023