ဒါကို သူတို့ ကြားလိုက်ရတဲ့အခါတွင် လူတိုင်းမူးမဲ့လဲတော့ မလိုပင်။
Lu Qiang: 'အဟွတ်...အဟွတ်'
Zhao Shuang: 'သူ့လျှာမှာ အရိုးရှိဖို့ ငါမျှော်လင့်တယ်'
Lu Jinhai: 'ဘယ်သူမှ အဖေကို အနိုင်မရနိုင်ဘူး'
Lu Chen: 'ငါ အခန်းထဲမှာပဲ နေခဲ့သင့်တာ'
Su Hui: 'ငါ့ နားတွေ မကြားခင် ပျက်စီးတော့မယ်လို့ ငါထင်တယ်'
အိမ်ထိန်း: 'ငါ့ရဲ့နားဆို့တွေကို သယ်လာဖို့ ဘာလို့မေ့နေတာလဲ'
Lu Qiang က ဒါကိုကြည့်ပြီး မူးမေ့တော့မလိုဖြစ်သွားသော်လည်း သူ့မိသားစုဝင်တွေကို ကျီဆယ် လိုက်သေးသည်။နောက်ခဏမှာတော့ မိသားစုဝင် တွေက Lu Qiang ဆီမှ ထိတ်လန့်စရာ ထုတ်ပြန်ချက်ကို ကြားလိုက်ရသည်။
" ဒါ ကျွန်တော် မဟုတ်ဘူး ကျွန်တော်ရဲ့ လမ်းကြောင်းမှာ ကြောင်ရိုင်းတစ်ကောင် ဖြတ်သွားလို့ ပြီးတော့ အရာဝတ်ထုတွေကို ဖိတ်ကျအောင်လုပ်သလိုမျိုး ဆန်းကြယ်တဲ့ အကျင့်တွေ ကျွန်တော်မှာ မရှိဘူး ကျွန်တော် လုပ်သမျှအရာတိုင်းမှာ ကျွန်တော်က ပြီးပြည့်စုံပြီးသားပဲ"
Lu Qiang က ပြောရင်းနဲ့ အပေါ်ထပ်မှာရှိတဲ့ သူ့အခန်းကို သွားဖို့ လှည့်လိုက်ပြီးကာမှ သူက ရပ်တန့်သွားပြန်သည် ။ ထိတ်လန့်နေကြသေးတဲ့ သူ့ရဲ့ မိသားစုဝင်တွေ ဘက်ကိုလှည့်ပြီး သူက ပြောသည် "မစိုးရိမ်ပါနဲ့ အဘိုး ကျွန်တော်က အဘိုး နဲ့ အဘိုးရဲ့ အိမ် မ က်တွေကို စိတ်မပျက်စေရပါဘူး "သူရဲ့ကြေညာချက်တွေကြောင့် လန့်သွားကြပြန်သော မိသားစုဝင်တွေကို ထားခဲ့ပြီး ထွက်သွားသည်။
Lu Qiang ဒီလိုမျိုး ပြောတာ ဒါပထမဆုံး အချိန်ပင်။ သူက ဘယ်သူနဲ့မှလည်း date မလုပ်သလို မိန်းကလေးတွေအပေါ်မှာလည်း စိတ်ဝင်စားမှုမပြတာကို လူတိုင်းသိသည်။အကြောင်းအရင်းက
တစ်ချက်ပဲရှိတယ် သူ တစ်စုံတစ်ယောက်ကို ကြိုက်နေတာမို့လို့ပဲ။ထိုမိန်းကလေး ဘယ်သူဆိုတာ လူတိုင်းက သိချင်ကြသည်။
Lu Qiang က သူ့အခန်းထဲကို ဝင်ကာ အပေါ်အင်ကျီကို ချွတ်လိုက်၍ အိပ်ရာပေါ်ပစ်တင်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။သူက မှန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့စွန်းထင်းနေသော အင်ကျီကို ထိကာ သူ့နှုတ်ခမ်းတွင်လည်း အပြုံးတစ်ခုက ဖုံးကွယ်နေခဲ့သည်။
" ဒီပုံစံအတိုင်းဆို မကြာခင်မှာပဲ အဘိုး ပျော်ရွှင်မှုကြောင့် ခုန်နေရတော့မှာပဲ"
ရေပန်းအောက်တွင် Lu Qiang ရဲ့ဆံပင်များက စိုထိုင်းနေပြီး သူ့မျက်နှာတွင် အမူအရာတစ်ခုမှ မရှိတော့ဘူး။လူတိုင်းက ထမင်းစားပွဲတွင် သူ့ကိုစောင့်ဆိုင်းနေကြပြီး သူ့ရဲ့ နားလည်ရခက်သော ဝါကျကို ပိုမိုသိရှိချင်သောကြောင့် စောင့်နေကြသည်။
Lu Qiang က ထမင်းစားပွဲသို့ လျှောက်လာပြီး သူတို့ရဲ့ အကြည့်ကို လျစ်လျူရှုထားလိုက်သည်။သူ့ရဲ့ အပေါ်အင်ကျီကို ခုံရဲ့ကျောဘက် မှာထားလိုက်ပြီး ငြိမ်သက်၍ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဝင်ထိုင်သည်။
လူတိုင်းက သူ့ယူဆချက်နဲ့သူ အလုပ်ရှုပ်နေတာကြောင့် အခန်းရဲ့လေထုကလည်း ငြိမ်သက်နေခဲ့သည်။အိမ်ဖော်တွေ အလုပ်လုပ်နေသော အသံတစ်သံသာ ရှိသည်။
Lu Qiang က စတင်စားလိုက်တဲ့အချိန်တွင် အကြည့်တွေက သူရှိရာသို့ ရောက်လာမှန်း ခံစားလိုရသည်။ သူက ရပ်တန့်လိုက်ပြီး သူတို့ရဲ့ သိချင်စိတ်ပြင်းပြနေတဲ့ အကြည့်တွေကို ပြန်ကြည့်လိုက်သည်။ Lu Qiang မော့ကြည့်သောအခါ လူတိုင်း လန့်သွားကြပြီး သူတို့ရဲ့ အမူအရာတွေနဲ့ အကြည့်တွေက တစ်ခြားသို့ ရောက်သွားကြသည်။
နက်ရှိုင်းတဲ့ သက်ပြင်းတစ်ချက်ချပြီး Lu Qiang တူကိုချလိုက်သည် THUD!!
(T/N THUDက အဓိပ်ပါယ်ရှိပေမယ့် ဒါက အသံဆိုတော့ ဒီလိုပဲ ရေးလိုက်တော့တယ် )
ခုံနောက်ကျောကို မှီလိုက်ပြီး သူ့လက်ကို ရင်ဘက် မှာ ပိုက်ထားလိုက်ကာ သူအနားတွင်ထိုင်နေသော သူများကို ဝေ့ကြည့်လိုက်ရင်း ပြောသည် "တစ်ခုခု မှားနေတာများ ရှိလား"
လူတိုင်းက တစ်ညီတည်း ခေါင်းခါကြသည်။
"ဟင့်အင်း ဘာမှမဟုတ်ဘူး အချစ် ဒါ..ဒါက ဒီနေ့ မင်းဟာ အရမ်းခန့်ညားနေလို့ ငါတို့ မင်းအတွက် ပျော်ရွှင်နေတာပါ"Zhao Shuang ပြောသည်ကို တစ်ခြားလူများက သဘောတူညီကြောင်း ခေါင်းငြိမ့်နေကြသည်။
"ဟုတ်တယ် အဘွားမှန်တယ် Lu Qiang" သူရဲ့အတွေးတွေကို ဖုံးရင်း သူက ကို့်ရို် ့ကားယားပြုံးနေသည်။
"ခန့်ညားတာ"Lu Qiang က ရပ်ပြီး ဆက်ပြောသည် "Hmm.....ကျွန်တော်က မွေးတည်းက ခန့်ညားနေတာ"
အခြားလူများ: '....' ' မြှောက်ပင့်ပြောခြင်းက သူ့အပေါ်မှာ အလုပ်မလုပ်ဘူး'
Lu Qiang ကဆက်ပြီး ပြောသည် "ဒါဆို အဘွားတို့က ဘာကို ပျော်နေကြတာလဲ" လူတိုင်းရဲ့ အပြုအမူတွေက ဘာလို့ ဒီလိုပုံဖြစ်နေတယ်ဆိုတာ သူသိတယ် ဒါကြောင့်လည်း သူတို့ရဲ့ အကျိုးအကြောင်းပေးတဲ့ ဆင်ခြေကို သူ ပျက်ရယ်ပြုနေတာ ဖြစ်သည်။
အကြီးအကဲ Lu ကရယ်ပြီး "မှန်တယ် မင်းက အရမ်းခန့်ညားတယ် တကယ်တော့ မင်းက ငါ့မြေးလေ " အကြီးအကဲ Lu က ဂုဏ်ယူမှုတွေနဲ့ ပြောနေပြီး သူရဲ့မေးခွန်းကို မေ့သွားအောင် ပြုလုပ်ဖို့ ကြိုးစားနေသည်။
အခြားလူများ:'သူပိုင်ဆိုင်တဲ့ ခရာကို မှုတ်ဖို့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး' လူတိုင်းက အကြီးအကဲ Lu ကို ကြည့်ရင်း တွေးမိကြသည်။
အကြီးအကဲ Lu က ဆက်ပြောသည် "ဒါပေမယ့် ကြည့်ကောင်းမှုက ငါနဲ့စာရင် မင်းကအားနည်းသေးတယ် မင်းရဲ့ ကျန်းမာရေးနဲ့ သက်လုံ တိုးလာဖို့ ဂရုစိုက်သင့်တယ်"
"သက်လုံ" အများအားဖြင့် ဒီစကားတွေက ဘယ်ကို ဦးတည်နေတယ်ဆိုတာကို လူတိုင်းက သိကြသောကြောင့် သူတို့ ငြိမ်ငြိမ်လေး နေကြတော့သည်။
အကြီးအကဲ Lu က အိမ်ထိန်းကို ခေါ်၍ ပြောသည် "အခုကစပြီး Lu Qiang အတွက် အာဟာရဖြစ်စေတဲ့ အစားအစာတွေပြင်ပေးရမယ် အဲ့ဒါမှသာ ကျန်းမာရေး နဲ့ သက်လုံကောင်းလာလိမ့်မယ်"
အိမ်ထိန်းက လူတိုင်းရဲ့ရှေ့မှာ ဒီစကားကို ကြားလိုက်ရတဲ့အတွက် အနည်းငယ်တော့ ရှက်သွားသည်။ သူက Lu Qiang ကို ဖျက်ခနဲ ကြည့်ရင်း ခေါင်းငြိမ့်၍ ပြောသည် "ဟုတ်ကဲ့ ဆရာ"
အိမ်ထိန်း Xu Dui ငယ်ငယ်လေးတည်းက Lu မိသားစုတွင် အလုပ်လုပ်ခဲ့သည်။သူက Lu Jinhai နဲ့ အသက်တူတူလောက်ပင် ဖြစ်သည်။
သူ့မျက်စိရှေ့တွင် Lu Qiang ကကြီးပျင်းလာသည် သို့သော်လည်း ရှက်ခြင်းကို ခံစားနေရသည်။
(T/N တကယ်ကျေးဇူးတင်ပါတယ် Reading Listထဲထည့်ပေးလို့လည်းကျေးဇူးတင်တယ်ရှင့် ကိုယ့့်ရဲ့ မတောက်တခေါက် ဘာသာပြန်တာလေးကိုဝင်ကြည့်တာ 1k ကျော်သွားလို့ တအားကို ပျော်ပါတယ် ဆက်လက်ပြီးလည်း အားပေးကြပါဦးရှင့် နိုဝင်ဘာ 5ရက်နေ့ကစတဲ့ ဒီခရီးလေးကို ပန်းတိုင်မရောက်ခင်အထိ ဆက်လက်လိုက်ပါပေးကြပါဦးနော်)
…………………………………………………
(Zawgyi)
ဒါကို သူတို႔ ၾကားလိုက္ရတဲ့အခါတြင္ လူတိုင္းမူးမဲ့လဲေတာ့ မလိုပင္။
Lu Qiang: 'အဟြတ္...အဟြတ္'
Zhao Shuang: 'သူ႕လွ်ာမွာ အရိုးရွိဖို႔ ငါေမွ်ာ္လင့္တယ္'
Lu Jinhai: 'ဘယ္သူမွ အေဖကို အနိုင္မရနိုင္ဘူး'
Lu Chen: 'ငါ အခန္းထဲမွာပဲ ေနခဲ့သင့္တာ'
Su Hui: 'ငါ့ နားေတြ မၾကားခင္ ပ်က္စီးေတာ့မယ္လို႔ ငါထင္တယ္'
အိမ္ထိန္း: 'ငါ့ရဲ႕နားဆို႔ေတြကို သယ္လာဖို႔ ဘာလို႔ေမ့ေနတာလဲ'
Lu Qiang က ဒါကိုၾကည့္ၿပီး မူးေမ့ေတာ့မလိုျဖစ္သြားေသာ္လည္း သူ႕မိသားစုဝင္ေတြကို က်ီဆယ္ လိုက္ေသးသည္။ေနာက္ခဏမွာေတာ့ မိသားစုဝင္ ေတြက Lu Qiang ဆီမွ ထိတ္လန့္စရာ ထုတ္ျပန္ခ်က္ကို ၾကားလိုက္ရသည္။
" ဒါ ကြၽန္ေတာ္ မဟုတ္ဘူး ကြၽန္ေတာ္ရဲ႕ လမ္းေၾကာင္းမွာ ေၾကာင္ရိုင္းတစ္ေကာင္ ျဖတ္သြားလို႔ ၿပီးေတာ့ အရာဝတ္ထုေတြကို ဖိတ္က်ေအာင္လုပ္သလိုမ်ိဳး ဆန္းၾကယ္တဲ့ အက်င့္ေတြ ကြၽန္ေတာ္မွာ မရွိဘူး ကြၽန္ေတာ္ လုပ္သမွ်အရာတိုင္းမွာ ကြၽန္ေတာ္က ၿပီးျပည့္စုံၿပီးသားပဲ"
Lu Qiang က ေျပာရင္းနဲ႕ အေပၚထပ္မွာရွိတဲ့ သူ႕အခန္းကို သြားဖို႔ လွည့္လိုက္ၿပီးကာမွ သူက ရပ္တန့္သြားျပန္သည္ ။ ထိတ္လန့္ေနၾကေသးတဲ့ သူ႕ရဲ႕ မိသားစုဝင္ေတြ ဘက္ကိုလွည့္ၿပီး သူက ေျပာသည္ "မစိုးရိမ္ပါနဲ႕ အဘိုး ကြၽန္ေတာ္က အဘိုး နဲ႕ အဘိုးရဲ႕ အိမ္ မ က္ေတြကို စိတ္မပ်က္ေစရပါဘူး "သူရဲ႕ေၾကညာခ်က္ေတြေၾကာင့္ လန့္သြားၾကျပန္ေသာ မိသားစုဝင္ေတြကို ထားခဲ့ၿပီး ထြက္သြားသည္။
Lu Qiang ဒီလိုမ်ိဳး ေျပာတာ ဒါပထမဆုံး အခ်ိန္ပင္။ သူက ဘယ္သူနဲ႕မွလည္း date မလုပ္သလို မိန္းကေလးေတြအေပၚမွာလည္း စိတ္ဝင္စားမႈမျပတာကို လူတိုင္းသိသည္။အေၾကာင္းအရင္းက
တစ္ခ်က္ပဲရွိတယ္ သူ တစ္စုံတစ္ေယာက္ကို ႀကိဳက္ေနတာမို႔လို႔ပဲ။ထိုမိန္းကေလး ဘယ္သူဆိုတာ လူတိုင္းက သိခ်င္ၾကသည္။
Lu Qiang က သူ႕အခန္းထဲကို ဝင္ကာ အေပၚအင္က်ီကို ခြၽတ္လိုက္၍ အိပ္ရာေပၚပစ္တင္လိုက္ၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။သူက မွန္ေရွ႕မွာ မတ္တပ္ရပ္လိုက္ၿပီး သူ႕ရဲ႕စြန္းထင္းေနေသာ အင္က်ီကို ထိကာ သူ႕ႏႈတ္ခမ္းတြင္လည္း အၿပဳံးတစ္ခုက ဖုံးကြယ္ေနခဲ့သည္။
" ဒီပုံစံအတိုင္းဆို မၾကာခင္မွာပဲ အဘိုး ေပ်ာ္႐ႊင္မႈေၾကာင့္ ခုန္ေနရေတာ့မွာပဲ"
ေရပန္းေအာက္တြင္ Lu Qiang ရဲ႕ဆံပင္မ်ားက စိုထိုင္းေနၿပီး သူ႕မ်က္ႏွာတြင္ အမူအရာတစ္ခုမွ မရွိေတာ့ဘူး။လူတိုင္းက ထမင္းစားပြဲတြင္ သူ႕ကိုေစာင့္ဆိုင္းေနၾကၿပီး သူ႕ရဲ႕ နားလည္ရခက္ေသာ ဝါက်ကိဳ ပိုမိုသိရွိခ်င္ေသာေၾကာင့္ ေစာင့္ေနၾကသည္။
Lu Qiang က ထမင္းစားပြဲသို႔ ေလွ်ာက္လာၿပီး သူတို႔ရဲ႕ အၾကည့္ကို လ်စ္လ်ဴရႈထားလိုက္သည္။သူ႕ရဲ႕ အေပၚအင္က်ီကို ခုံရဲ႕ေက်ာဘက္ မွာထားလိုက္ၿပီး ၿငိမ္သက္၍ တည္ၿငိမ္ေအးေဆးေသာ အမူအရာျဖင့္ ဝင္ထိုင္သည္။
လူတိုင္းက သူ႕ယူဆခ်က္နဲ႕သူ အလုပ္ရႈပ္ေနတာေၾကာင့္ အခန္းရဲ႕ေလထုကလည္း ၿငိမ္သက္ေနခဲ့သည္။အိမ္ေဖာ္ေတြ အလုပ္လုပ္ေနေသာ အသံတစ္သံသာ ရွိသည္။
Lu Qiang က စတင္စားလိုက္တဲ့အခ်ိန္တြင္ အၾကည့္ေတြက သူရွိရာသို႔ ေရာက္လာမွန္း ခံစားလိုရသည္။ သူက ရပ္တန့္လိုက္ၿပီး သူတို႔ရဲ႕ သိခ်င္စိတ္ျပင္းျပေနတဲ့ အၾကည့္ေတြကို ျပန္ၾကည့္လိုက္သည္။ Lu Qiang ေမာ့ၾကည့္ေသာအခါ လူတိုင္း လန့္သြားၾကၿပီး သူတို႔ရဲ႕ အမူအရာေတြနဲ႕ အၾကည့္ေတြက တစ္ျခားသို႔ ေရာက္သြားၾကသည္။
နက္ရွိုင္းတဲ့ သက္ျပင္းတစ္ခ်က္ခ်ၿပီး Lu Qiang တူကိုခ်လိဳက္သည္ THUD!!
(T/N THUDက အဓိပ္ပါယ္ရွိေပမယ့္ ဒါက အသံဆိုေတာ့ ဒီလိုပဲ ေရးလိုက္ေတာ့တယ္ )
ခုံေနာက္ေက်ာကို မွီလိုက္ၿပီး သူ႕လက္ကို ရင္ဘက္ မွာ ပိုက္ထားလိုက္ကာ သူအနားတြင္ထိုင္ေနေသာ သူမ်ားကို ေဝ့ၾကည့္လိုက္ရင္း ေျပာသည္ "တစ္ခုခု မွားေနတာမ်ား ရွိလား"
လူတိုင္းက တစ္ညီတည္း ေခါင္းခါၾကသည္။
"ဟင့္အင္း ဘာမွမဟုတ္ဘူး အခ်စ္ ဒါ..ဒါက ဒီေန႕ မင္းဟာ အရမ္းခန့္ညားေနလို႔ ငါတို႔ မင္းအတြက္ ေပ်ာ္႐ႊင္ေနတာပါ"Zhao Shuang ေျပာသည္ကို တစ္ျခားလူမ်ားက သေဘာတူညီေၾကာင္း ေခါင္းၿငိမ့္ေနၾကသည္။
"ဟုတ္တယ္ အဘြား မွန္တယ္ Lu Qiang" သူရဲ႕အေတြးေတြကို ဖုံးရင္း သူက ကို့္ရို္ ့ကားယားၿပဳံးေနသည္။
"ခန့္ညားတာ"Lu Qiang က ရပ္ၿပီး ဆက္ေျပာသည္ "Hmm.....ကြၽန္ေတာ္က ေမြးတည္းက ခန့္ညားေနတာ"
အျခားလူမ်ား: '....' ' ျမႇောက္ပင့္ေျပာျခင္းက သူ႕အေပၚမွာ အလုပ္မလုပ္ဘူး'
Lu Qiang ကဆက္ၿပီး ေျပာသည္ "ဒါဆို အဘြားတို႔က ဘာကို ေပ်ာ္ေနၾကတာလဲ" လူတိုင္းရဲ႕ အျပဳအမူေတြက ဘာလို႔ ဒီလိုပုံျဖစ္ေနတယ္ဆိုတာ သူသိတယ္ ဒါေၾကာင့္လည္း သူတို႔ရဲ႕ အက်ိဳးအေၾကာင္းေပးတဲ့ ဆင္ေျခကို သူ ပ်က္ရယ္ျပဳေနတာ ျဖစ္သည္။
အႀကီးအကဲ Lu ကရယ္ၿပီး "မွန္တယ္ မင္းက အရမ္းခန့္ညားတယ္ တကယ္ေတာ့ မင္းက ငါ့ေျမးေလ " အႀကီးအကဲ Lu က ဂုဏ္ယူမႈေတြနဲ႕ ေျပာေနၿပီး သူရဲ႕ေမးခြန္းကို ေမ့သြားေအာင္ ျပဳလုပ္ဖို႔ ႀကိဳးစားေနသည္။
အျခားလူမ်ား:'သူပိုင္ဆိုင္တဲ့ ခရာကို မႈတ္ဖို႔ ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး' လူတိုင္းက အႀကီးအကဲ Lu ကို ၾကည့္ရင္း ေတြးမိၾကသည္။
အႀကီးအကဲ Lu က ဆက္ေျပာသည္ "ဒါေပမယ့္ ၾကည့္ေကာင္းမႈက ငါနဲ႕စာရင္ မင္းကအားနည္းေသးတယ္ မင္းရဲ႕ က်န္းမာေရးနဲ႕ သက္လုံ တိုးလာဖို႔ ဂ႐ုစိုက္သင့္တယ္"
"သက္လုံ" အမ်ားအားျဖင့္ ဒီစကားေတြက ဘယ္ကို ဦးတည္ေနတယ္ဆိုတာကို လူတိုင္းက သိၾကေသာေၾကာင့္ သူတို႔ ၿငိမ္ၿငိမ္ေလး ေနၾကေတာ့သည္။
အႀကီးအကဲ Lu က အိမ္ထိန္းကို ေခၚ၍ ေျပာသည္ "အခုကစၿပီး Lu Qiang အတြက္ အာဟာရျဖစ္ေစတဲ့ အစားအစာေတြျပင္ေပးရမယ္ အဲ့ဒါမွသာ က်န္းမာေရး နဲ႕ သက္လုံေကာင္းလာလိမ့္မယ္"
အိမ္ထိန္းက လူတိုင္းရဲ႕ေရွ႕မွာ ဒီစကားကို ၾကားလိုက္ရတဲ့အတြက္ အနည္းငယ္ေတာ့ ရွက္သြားသည္။ သူက Lu Qiang ကို ဖ်က္ခနဲ ၾကည့္ရင္း ေခါင္းၿငိမ့္၍ ေျပာသည္ "ဟုတ္ကဲ့ ဆရာ"
အိမ္ထိန္း Xu Dui ငယ္ငယ္ေလးတည္းက Lu မိသားစုတြင္ အလုပ္လုပ္ခဲ့သည္။သူက Lu Jinhai နဲ႕ အသက္တူတူေလာက္ပင္ ျဖစ္သည္။
သူ႕မ်က္စိေရွ႕တြင္ Lu Qiang ကႀကီးပ်င္းလာသည္ သို႔ေသာ္လည္း ရွက္ျခင္းကို ခံစားေနရသည္။
(T/N တကယ္ေက်းဇူးတင္ပါတယ္ Reading Listထဲထည့်ေပးလို႔လည္းေက်းဇူးတင္တယ္ရွင့္ ကိုယ့့္ရဲ႕ မေတာက္တေခါက္ ဘာသာျပန္တာေလးကိုဝင္ၾကည့္တာ 1k ေက်ာ္သြားလို႔ တအားကို ေပ်ာ္ပါတယ္ ဆက္လက္ၿပီးလည္း အားေပးၾကပါဦးရွင့္ နိုဝင္ဘာ 5ရက္ေန႕ကစတဲ့ ဒီခရီးေလးကို ပန္းတိုင္မေရာက္ခင္အထိ ဆက္လက္လိုက္ပါေပးၾကပါဦးေနာ္)