"အဖေ ကုမ်ပဏီတွေကို စီမံအုပ်ချုပ်မဲ့သူအတွက် အကောင်းဆုံးပွဲတစ်ခု စီစဥ်ထားတယ်။ဖိတ်စာတွေအကုန် ပို့ဖို့ သုံးရက်သာလိုတယ်။"
Lu Jinhai က သတင်းပေးသော်လည်း သူ၏အဖေ အကြီးကဲ Lu ဆီမှ မျှော်လင့်ထားသည်နှင့်မတူ ဆန့်ကျင်ဘက် အဖြေကိုသာရခဲ့သည်။
"ဒါဆို မင်းက အကုန်လုံး စီစဥ်ထားပြီးပြီပေါ့ ဟွန့် ၊ ဒါနဲ့များ ငါ့ရဲ့ထင်မြင်ချက်ကို ဘာကြောင့်မေးနေသေးတာလဲ။ဒီကောင်ကတော့ ငါ့ အင်အားတွေကို မင်းကဖြုန်းတီးနေတာပဲ " အကြီးအကဲ Lu ကဆိုသည်။
်"ဟင်း.....ဒါက......အင်း"
Lu Jinhai သူ့အဖေ အကြောင်းကို ကောင်းကောင်း သိတယ်။မိသားစုကြား ပျော်ရွှင်တဲ့လေထု ပြန်ရအောင် လုပ်ပြီဆိုလျှင် သူ့အဖေက ဆန့်ကျင်ဘက် အနေနဲ့ ရှုပ်ထွေးအောင် ပြုလုပ်ရတာကို ကြိုက်နှစ်သက်သည်။ဒါကြောင့် ထိုရည်ရွယ်ချက်ကို ရောက်အောင် မူတည်ပြီး ပြောနေခဲ့သည်။
ခေါင်းစဥ်ပြောင်းရန်အတွက် Zhao Shuang သည် သူမ၏ သားအကြီးဆုံးကို ကြည့်၍မေးသည်"Lu Qiang ဘယ်မှာလဲ။ချစ်ရတဲ့ ငါ့မြေးလေးကို သတိရတယ်။သူ ဘယ်အချိန် ပြန်လာမှာလဲ။"
သူမ Lu Qiang နာမည်ကို ထုတ်ဖော်ပြောကြားလိုက်တာနဲ့ လေထုသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်းတွင် သူ့အကြောင်းကို လူတိုင်းက မေးမြန်းကြသည်။
" အမေ သူက အမေရိကမှာ စီးပွားရေးနှင့်ဆိုင်ရာတွေကို သင်ကြားနေတယ်။ မနက်ဖြန်နေ့လည်လောက် နယူးယောက် မြို့ကနေ ထွက်လာပြီး သူ နောက်နေ့မနက်လောက်တော့ ရောက်လောက်တယ်။အကြီးဆုံးချွေးမ Ning Jiahui ကဖြေကြားခဲ့သည်။
Ning Jiahui သည် ပထမသား Lu Jinhai ရဲ့ ဇနီးဖြစ်ပြီး Lu မိသားစု၏ အကြီးဆုံးချွေးမဖြစ်သည်။လှပကျော့ရှင်း၍ တော်ဝင်နန်းထိုက်ပုံပေါက်သော ထိုအမျိုးသမီးသည် ခန့်ညား၍ လူကြိုက် များလှသည့် သူမ ယောကျာ်းနှင့် စံထားလောက်အောင် လိုက်ဖက်ညီလျက်ရှိသည်။
အဖွား Zhao Shuang သည် အားနာမှုအပြည့်ဖြင့် သက်ပြင်းချပြီး ပြောသည်။" ဒီကလေးက သူ့လက်ထဲမှာရှိတဲ့ Lu စီးပွားရေးလုပ်ငန်းကို အရင်တည်းက တာဝန်ယူမှု အပြည့်ရှိပြီး ဘယ်တော့မှ ငါတို့ကိုစိတ်မပျက်စေခဲ့ဘူး။ ဒီနှစ်တွေမှာ သူက စီးပွားရေးကိုပဲ ဦးဆောင်လုပ်နေခဲ့ပြီး တစ်ချက်လေးတောင် အနားမယူခဲ့ဘူး။"
Lu Qiang သည် Lu Jinhai ၏အကြီးဆုံးသား ဖြစ်သည်။လွန်ခဲ့သောငါးနှစ် Lu Jinhai မတော်တဆမှု တစ်ခုတွင်ပါဝင်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသည့် အချိန်တုန်းက
Lu Qiang သည် အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။သူက ကုမ်ပဏီကို တာဝန်ယူခဲ့ပြီး မိသားစု အရေးသည် သူ့လက်ထဲသို့ကျရောက်ကာ အောင်မြင်ခြင်းလမ်းစသို့ ရောက်ရှိရန် အပြင်းအထန် အလုပ်ကြိုးစားခဲ့သည်။
လူသတ်နိုင်လောက်သော အကြည့်ကို သားအကြီးဆုံးကိုပေးရင် အကြီးအကဲ Lu က ပြောသည် " မင်းက အကြင်နာတရား မရှိတဲ့ ယောကျာ်းတစ်ယောက်ပဲ ။ မင်း သား ကို နွားတစ်ကောင်လို ဘယ်လိုတောင် အလုပ်ခိုင်းရတာလဲ။သူ့ ကျန်းမာရေး န့ဲ ခံနိုင်ရည် ထိခိုက်လာမှာကို ငါကြောက်တယ်။တာဝန်မသိတတ်တဲ့ မင်းလိုလူကြောင့် မြစ်လေး ရလာမယ့် ငါ့ရဲ့အိမ် မ က်တွေ ဘယ်လိုတောင်ဖြစ်ကုန်ပြီလဲ။ "
Lu Jinhai ၏ ဝိညာဥ်လို အပြုံးမျိုး သည် မျက်နှာပေါ်တွင် ရှိနေလျက် " အဖေ ကျွန်တော်က တာဝန်ကျေတယ်လေ။ဒါကြောင့်ပဲ အဖေကို မြေးယောကျာ်းလေး နှစ်ယောက် နဲ့ မြေးမလေးတစ်ယောက် ပေးနိုင်တာပေါ့။"
အကြီးကဲ Lu က မျက် မှောင်ကျုံ့ပြီး " ဒါက ဘာကောင်းနေလို့လဲ ။ လူတိုင်းလုပ်နိုင်တယ်။
မင်း Lu စီးပွားရေးလုပ်ငန်းကို ကိုင်တွယ်ပြီး ငါ့မြေးကို ခဏလောက် အနားပေးလိုက်။"အသံနှိမ့်၍ ပလုံးပထွေး အသံဖြင့် သူက ဆက်ပြောသည်။" Lu စီးပွားရေးလုပ်ငန်းရဲ့ အလဟဿ ဥက်ကဌတွေ" ဒါပေမယ့် လူတိုင်းကကြားကြသည်။
Lu Jinhai သည် Lu စီးပွားရေးလုပ်ငန်း၏ ဥက်ကဌ ဖြစ်ပြီး အနှစ်သုံးဆယ်လုံး အလုပ်ကြိုးစားခြင်းမှ ရလဒ်သည် နိုင်ငံအတွင်း အာဏာအရှိဆုံး အဖွဲ့အစည်းများထဲမှ အချမ်းသာဆုံး တစ်ခုဖြစ်ခဲ့သည်။
Lu မိသားစုသည် မြို့တော်နှင့်အတန်ငယ် ဝေးကွာသော မြို့သေးလေးမှ ဖြစ်သည်။ မြိုးရိုး အစဥ်ဆက် Lu Jinhai ၏ ဘိုးဘေးများသည် မြို့ကို ဦးဆောင်ခဲ့ပြီး ထိုမြို့လေး နှင့် ပတ်လည်တွင်ရှိသော ရွာငယ်လေးများကိုလည်း ကြည့်ရှူစောင့်ရှောက်ခဲ့ကြသည်။မျိုးရိုးအစဥ်ဆက် သည် ထိုမြို့ဖွံ့ဖြိုးရေး နှင့် မြို့တွင် နေထိုင်သော မိသားစုများ ကောင်းမွန်စွာရှိရေးအတွက် အကူအညီပေးခဲ့ကြသည် ထိုကြောင့် လူတိုင်းက Lu မျိုးရိုးစုကို လေးစားကြသည်။
Lu Jinhai ၏ အိမ် မ က် မှာ မိသားစုတစ်ခုလုံး မြို့တော်တွင် ထူးခြားသော ဘဝကိုရရှိရေးအတွက် တစ်စုံတစ်ခု လုပ်ရန်ဖြစ်သည်။တန်ဖိုးရှိသည်ဟု သူသတိပြုမိသော လက် မှုပညာများ နှင့် အစဥ်အလာကြီးသော တရုတ် အနုပညာ လက်ရာများဖြင့် လုပ်ငန်းသေးတစ်ခု စတင်လုပ်ကိုင်ခဲ့ပြီး ကုမ်ပဏီသေး တစ်ခုထောင်ခဲ့သည်။
သတိကြီးစွာ ထားရမည့်အပိုင်းသည် သူမြို့တော်သို့ ပြောင်းရွှေ့ချိန်တွင် ဖြစ်သည်။ထိခိုက်နစ်နာအောင် လုပ်မည့်သူများ နှင့် ပြိုင်ဘက် များစသော အခက်အခဲများနှင့် သူရင်ဆိုင်ခဲ့ရသည်။သူက မြို့သေးလေးမှ လာသည်ဖြစ်သော်ငြားလည်း သူငယ်ချင်းလား ရန်သူလား အမြန်ပင် ခဲွခြားသိရှိခဲ့သည်။ထိုလူတွေကို မည်သို့ကိုင်တွယ်ရမည်ကို သူသိသည် အဘယ်ကြောင့်ဆိုသော် သူ့သည်လည်း ဥာဏ်များတတ်သော သူဖြစ်သည်။အဲ့ဒီအချိန်တုန်းက သူ့ရဲ့IQကို စစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ကလိမ်ကကျစ်ဥာဏ်များတဲ့ဘက်ခြမ်းက သာမာန်ဥာဏ်ထက် ပိုမြင့်မားနေမယ်ဆိုတာ ကျိန်းသေပဲ။
မကြာမီမှာပဲ သူအောင်မြင်လာပြီး နောက်နှစ်အနည်းငယ်ကြာတွင် မတူညီသော နယ်ပယ်အသီးသီး၌ သူ၏ စီးပွားရေးသည် ကျယ်ပြန့်လာခဲ့သည်။သူ့ အိမ်မ က် ပြည့်စုံစေရန် ထူလိုက်ပါးလိုက်ဖြစ်နေသော သူ့ရဲ့ခရီးရှည်တစ်လျှောက် အားပေးကူညီခဲ့သည့် ဝေးကွာလှလွန်းသော ဝမ်းကွဲမောင်နှမ သူ၏ ကလေးဘဝက ကစားဖော်ဖြစ်သော Ning Jiahui နှင့် လက်ထပ်ခဲ့သည်။ဆွေမျိုးများကိုလည်း ချစ်ခင်၍ ဂရုစိုက်တတ်သည့် အမျိုးသမီးဖြစ်သည်။
မြစ်ဆိုသော စကားလုံးကို ကြားသောအခါ Su Hui ရဲ့စိတ်ထဲတွင် ချက်ခနဲ့သဘောပေါက်သွားသည်။
Su Hui သည် ဒုတိယသား Lu Chen ၏မိန်းမဖြစ်ပြီး Lu မိသားစု၏ ဒုတိယချွေးမ ဖြစ်သည်ကာ သူမယောကျာ်း Lu Chen ရဲ့ဘေးတွင် ထိုင်နေခဲ့သည်။လှပ၍ ဂုဏ်ယူတတ်သည့် ရိုးရှင်းတဲ့အမျိုးသမီး၏ စကားလုံးများသည် တစ်ခြားလူကို စော်ကားရာရောက်သည်။
"အသေအချာပေါ့ အဖေရယ်။ အဒေါ်တစ်ယောက်အနေနဲ့ဆို Lu Qiang ကို ကျွန်မအရမ်းစိတ်ပူတယ် ။ သူအနားယူသင့်ပြီး သူ့ ကျန်းမာ
ရေးကို သူစောင့်ရှောက်သင့်တယ်။"
အကြီးအကဲ Lu က ဆက်ပြောခွင့်ပေးခဲ့သောကြောင့် သူမ ဆက်ပြောခဲ့သည်။
"သူ့ရဲ့ ဝမ်းကွဲညီအစ်ကို နှစ်ယောက်ကလည်းဒီမှာရှိပြီး ကုမ်ပဏီ ကိုတာဝန်ခွဲယူနိုင်ကြသလို မြစ်တွေအတွက်လည်း စိတ်မပူပါနဲ့။ Lu Qiang အပြင် အဖေရဲ့ ဆန်ဒတွေကိုဖြည့်ပေးဖို့ မြေးနှစ်ယောက်ရှိပါသေးတယ်"သူမက အပြုံးကြီးတစ်ပွင့် ပန်ဆင်၍ ေြပာသည်။
အကြီးအကဲ Lu က သူမကို စိတ်အနှောင့်အယှက်ဖြစ်သော အမူအရာဖြင့်ကြည့်သည်။
"မြေးနှစ်ယောက်ကလား။ မင်းရဲ့သားတွေကိုအကြောင်းကို ပြောနေတာလား။အဒရီနယ်လင်တွေ ခန်ဓာကိုယ်မှာ စီးဆင်းလွန်းလို့ လွန်ခဲ့တဲ့ငါးနှစ်က လက်ထပ်ခဲ့တဲ့ တစ်ယောက် အခုထိ ကလေးမလိုချင်ဘူး ။ တစ်ခြားတစ်ယောက် ကျတော့လည်း သူ့ကမ်ဘာမှာပဲ အမြဲအလုပ်ရှုပ်နေပြီးတော့ အရက်သောက်လိုက် အသုံးမဝင်တဲ့သူငယ်ချင်းတွေနဲ့ ဦးတည်ချက် မရှိ လျှောက်သွား ကြိုးစားပမ်းစား ရှာဖွေထားတဲ့ မိသားစုပိုက်ဆံတွေကို ထိုင်ဖြုန်းနေတယ်လေ။"
(T/N:Adrenalin=စွမ်းအင်နှင့်တုံ့ပြန်မှုကို ပိုမိုတုံ့ပြန်စေသော (အရည်) ပစ်စည်း အဲ့လိုကြီးပြန်ရမှာ တစ်မျိုးဖြစ်နေလို့ ဒီတိုင်းလေး အဒရီနယ်လင် လို့ပဲရေးလိုက်တယ်)
အကြီးအကဲ Lu က ဒေါသကြောင့် မျက်နှာနီမြန်းလာပြီး Su Hui ၏ သားနှစ်ယောက်ကို မည်မျှ မကျေနပ်ကြောင်း ပြနေသည်။
ပြင်းထန်တဲ့စကားလုံးတွေကို ကြားပြီးတဲ့အခါမှာတော့ Su Hui မျက်နှာသည် အောက်သို့ကျသွားပြီး အခန်းက လေထုအခြေအနေသည်လည်း ငြိမ်သက်သွားသည်။မည်သူမှ ဘာစကားလုံးမှ ထပ်မပြောရဲတော့ချေ။
(ဒီနေ့ နှစ်ပိုင်း တင်ပေးတယ်နော်)
_______________________________
(Zawgyi)
"အေဖ ကုမ္ပဏီေတြကို စီမံအုပ္ခ်ဳပ္မဲ့သူအတြက္ အေကာင္းဆုံးပြဲတစ္ခု စီစဥ္ထားတယ္။ဖိတ္စာေတြအကုန္ ပို႔ဖို႔ သုံးရက္သာလိုတယ္။"
Lu Jinhai က သတင္းေပးေသာ္လည္း သူ၏အေဖ အႀကီးကဲ Lu ဆီမွ ေမွ်ာ္လင့္ထားသည္ႏွင့္မတူ ဆန့္က်င္ဘက္ အေျဖကိုသာရခဲ့သည္။
"ဒါဆို မင္းက အကုန္လုံး စီစဥ္ထားၿပီးၿပီေပါ့ ဟြန့္ ၊ ဒါနဲ႕မ်ား ငါ့ရဲ႕ထင္ျမင္ခ်က္ကို ဘာေၾကာင့္ေမးေနေသးတာလဲ။ဒီေကာင္ကေတာ့ ငါ့ အင္အားေတြကို မင္းကျဖဳန္းတီးေနတာပဲ " အႀကီးအကဲ Lu ကဆိုသည္။
္"ဟင္း.....ဒါက......အင္း"
Lu Jinhai သူ႕အေဖ အေၾကာင္းကို ေကာင္းေကာင္း သိတယ္။မိသားစုၾကား ေပ်ာ္႐ႊင္တဲ့ေလထု ျပန္ရေအာင္ လုပ္ၿပီဆိုလွ်င္ သူ႕အေဖက ဆန့္က်င္ဘက္ အေနနဲ႕ ရႈပ္ေထြးေအာင္ ျပဳလုပ္ရတာကို ႀကိဳက္ႏွစ္သက္သည္။ဒါေၾကာင့္ ထိုရည္႐ြယ္ခ်က္ကို ေရာက္ေအာင္ မူတည္ၿပီး ေျပာေနခဲ့သည္။
ေခါင္းစဥ္ေျပာင္းရန္အတြက္ Zhao Shuang သည္ သူမ၏ သားအႀကီးဆုံးကို ၾကည့္၍ေမးသည္"Lu Qiang ဘယ္မွာလဲ။ခ်စ္ရတဲ့ ငါ့ေျမးေလးကို သတိရတယ္။သူ ဘယ္အခ်ိန္ ျပန္လာမွာလဲ။"
သူမ Lu Qiang နာမည္ကို ထုတ္ေဖာ္ေျပာၾကားလိုက္တာနဲ႕ ေလထုသည္ မူလအေျခအေနသို႔ ျပန္လည္ေရာက္ရွိလာၿပီး ေနာက္ပိုင္းတြင္ သူ႕အေၾကာင္းကို လူတိုင္းက ေမးျမန္းၾကသည္။
" အေမ သူက အေမရိကမွာ စီးပြားေရးႏွင့္ဆိုင္ရာေတြကို သင္ၾကားေနတယ္။ မနက္ျဖန္ေန႕လည္ေလာက္ နယူးေယာက္ ၿမိဳ႕ကေန ထြက္လာၿပီး သူ ေနာက္ေန႕မနက္ေလာက္ေတာ့ ေရာက္ေလာက္တယ္။အႀကီးဆုံးေခြၽးမ Ning Jiahui ကေျဖၾကားခဲ့သည္။
Ning Jiahui သည္ ပထမသား Lu Jinhai ရဲ႕ ဇနီးျဖစ္ၿပီး Lu မိသားစု၏ အႀကီးဆုံးေခြၽးမျဖစ္သည္။လွပေက်ာ့ရွင္း၍ ေတာ္ဝင္နန္းထိုက္ပုံေပါက္ေသာ ထိုအမ်ိဳးသမီးသည္ ခန့္ညား၍ လူႀကိဳက္ မ်ားလွသည့္ သူမ ေယာက်ာ္းႏွင့္ စံထားေလာက္ေအာင္ လိုက္ဖက္ညီလ်က္ရွိသည္။
အဖြား Zhao Shuang သည္ အားနာမႈအျပည့္ျဖင့္ သက္ျပင္းခ်ၿပီး ေျပာသည္။" ဒီကေလးက သူ႕လက္ထဲမွာရွိတဲ့ Lu စီးပြားေရးလုပ္ငန္းကို အရင္တည္းက တာဝန္ယူမႈ အျပည့္ရွိၿပီး ဘယ္ေတာ့မွ ငါတို႔ကိုစိတ္မပ်က္ေစခဲ့ဘူး။ ဒီႏွစ္ေတြမွာ သူက စီးပြားေရးကိုပဲ ဦးေဆာင္လုပ္ေနခဲ့ၿပီး တစ္ခ်က္ေလးေတာင္ အနားမယူခဲ့ဘူး။"
Lu Qiang သည္ Lu Jinhai ၏အႀကီးဆုံးသား ျဖစ္သည္။လြန္ခဲ့ေသာငါးႏွစ္ Lu Jinhai မေတာ္တဆမႈ တစ္ခုတြင္ပါဝင္ခဲ့ၿပီး အျပင္းအထန္ဒဏ္ရာရရွိသည့္ အခ်ိန္တုန္းက
Lu Qiang သည္ အသက္ဆယ့္ရွစ္ႏွစ္သာ ရွိေသးသည္။သူက ကုမ္ပဏီကို တာဝန္ယူခဲ့ၿပီး မိသားစု အေရးသည္ သူ႕လက္ထဲသို႔က်ေရာက္ကာ ေအာင္ျမင္ျခင္းလမ္းစသို႔ ေရာက္ရွိရန္ အျပင္းအထန္ အလုပ္ႀကိဳးစားခဲ့သည္။
လူသတ္နိုင္ေလာက္ေသာ အၾကည့္ကို သားအႀကီးဆုံးကိုေပးရင္ အႀကီးအကဲ Lu က ေျပာသည္ " မင္းက အၾကင္နာတရား မရွိတဲ့ ေယာက်ာ္းတစ္ေယာက္ပဲ ။ မင္း သား ကို ႏြားတစ္ေကာင္လို ဘယ္လိုေတာင္ အလုပ္ခိုင္းရတာလဲ။သူ႕ က်န္းမာေရး န့ဲ ခံနိုင္ရည္ ထိခိုက္လာမွာကို ငါေၾကာက္တယ္။တာဝန္မသိတတ္တဲ့ မင္းလိုလူေၾကာင့္ ျမစ္ေလး ရလာမယ့္ ငါ့ရဲ႕အိမ္ မ က္ေတြ ဘယ္လိုေတာင္ျဖစ္ကုန္ၿပီလဲ။ "
Lu Jinhai ၏ ဝိညာဥ္လို အၿပဳံးမ်ိဳး သည္ မ်က္ႏွာေပၚတြင္ ရွိေနလ်က္ " အေဖ ကြၽန္ေတာ္က တာဝန္ေက်တယ္ေလ။ဒါေၾကာင့္ပဲ အေဖကို ေျမးေယာက်ာ္းေလး ႏွစ္ေယာက္ နဲ႕ ေျမးမေလးတစ္ေယာက္ ေပးနိုင္တာေပါ့။"
အႀကီးကဲ Lu က မ်က္ ေမွာင္က်ဳံ႕ၿပီး " ဒါက ဘာေကာင္းေနလို႔လဲ ။ လူတိုင္းလုပ္နိုင္တယ္။
မင္း Lu စီးပြားေရးလုပ္ငန္းကို ကိုင္တြယ္ၿပီး ငါ့ေျမးကို ခဏေလာက္ အနားေပးလိုက္။"အသံႏွိမ့္၍ ပလုံးပေထြး အသံျဖင့္ သူက ဆက္ေျပာသည္။" Lu စီးပြားေရးလုပ္ငန္းရဲ႕ အလဟႆ ဥက္ကဌေတြ" ဒါေပမယ့္ လူတိုင္းကၾကားၾကသည္။
Lu Jinhai သည္ Lu စီးပြားေရးလုပ္ငန္း၏ ဥက္ကဌ ျဖစ္ၿပီး အႏွစ္သုံးဆယ္လုံး အလုပ္ႀကိဳးစားျခင္းမွ ရလဒ္သည္ နိုင္ငံအတြင္း အာဏာအရွိဆုံး အဖြဲ႕အစည္းမ်ားထဲမွ အခ်မ္းသာဆုံး တစ္ခုျဖစ္ခဲ့သည္။
Lu မိသားစုသည္ ၿမိဳ႕ေတာ္ႏွင့္အတန္ငယ္ ေဝးကြာေသာ ၿမိဳ႕ေသးေလးမွ ျဖစ္သည္။ ၿမိဳးရိုး အစဥ္ဆက္ Lu Jinhai ၏ ဘိုးေဘးမ်ားသည္ ၿမိဳ႕ကို ဦးေဆာင္ခဲ့ၿပီး ထိုၿမိဳ႕ေလး ႏွင့္ ပတ္လည္တြင္ရွိေသာ ႐ြာငယ္ေလးမ်ားကိုလည္း ၾကည့္ရႉေစာင့္ေရွာက္ခဲ့ၾကသည္။မ်ိဳးရိုးအစဥ္ဆက္ သည္ ထိုၿမိဳ႕ဖြံ႕ၿဖိဳးေရး ႏွင့္ ၿမိဳ႕တြင္ ေနထိုင္ေသာ မိသားစုမ်ား ေကာင္းမြန္စြာရွိေရးအတြက္ အကူအညီေပးခဲ့ၾကသည္ ထိုေၾကာင့္ လူတိုင္းက Lu မ်ိဳးရိုးစုကို ေလးစားၾကသည္။
Lu Jinhai ၏ အိမ္ မ က္ မွာ မိသားစုတစ္ခုလုံး ၿမိဳ႕ေတာ္တြင္ ထူးျခားေသာ ဘဝကိုရရွိေရးအတြက္ တစ္စုံတစ္ခု လုပ္ရန္ျဖစ္သည္။တန္ဖိုးရွိသည္ဟု သူသတိျပဳမိေသာ လက္ မႈပညာမ်ား ႏွင့္ အစဥ္အလာႀကီးေသာ တ႐ုတ္ အႏုပညာ လက္ရာမ်ားျဖင့္ လုပ္ငန္းေသးတစ္ခု စတင္လုပ္ကိုင္ခဲ့ၿပီး ကုမ္ပဏီေသး တစ္ခုေထာင္ခဲ့သည္။
သတိႀကီးစြာ ထားရမည့္အပိုင္းသည္ သူၿမိဳ႕ေတာ္သို႔ ေျပာင္းေ႐ႊ႕ခ်ိန္တြင္ ျဖစ္သည္။ထိခိုက္နစ္နာေအာင္ လုပ္မည့္သူမ်ား ႏွင့္ ၿပိဳင္ဘက္ မ်ားစေသာ အခက္အခဲမ်ားႏွင့္ သူရင္ဆိုင္ခဲ့ရသည္။သူက ၿမိဳ႕ေသးေလးမွ လာသည္ျဖစ္ေသာ္ျငားလည္း သူငယ္ခ်င္းလား ရန္သူလား အျမန္ပင္ ခဲွျခားသိရွိခဲ့သည္။ထိုလူေတြကို မည္သို႔ကိုင္တြယ္ရမည္ကို သူသိသည္ အဘယ္ေၾကာင့္ဆိုေသာ္ သူ႕သည္လည္း ဥာဏ္မ်ားတတ္ေသာ သူျဖစ္သည္။အဲ့ဒီအခ်ိန္တုန္းက သူ႕ရဲ႕IQကို စစ္ခဲ့မယ္ဆိုရင္ သူ႕ရဲ႕ကလိမ္ကက်စ္ဥာဏ္မ်ားတဲ့ဘက္ျခမ္းက သာမာန္ဥာဏ္ထက္ ပိုျမင့္မားေနမယ္ဆိုတာ က်ိန္းေသပဲ။
မၾကာမီမွာပဲ သူေအာင္ျမင္လာၿပီး ေနာက္ႏွစ္အနည္းငယ္ၾကာတြင္ မတူညီေသာ နယ္ပယ္အသီးသီး၌ သူ၏ စီးပြားေရးသည္ က်ယ္ျပန့္လာခဲ့သည္။သူ႕ အိမ္မ က္ ျပည့္စုံေစရန္ ထူလိုက္ပါးလိုက္ျဖစ္ေနေသာ သူ႕ရဲ႕ခရီးရွည္တစ္ေလွ်ာက္ အားေပးကူညီခဲ့သည့္ ေဝးကြာလွလြန္းေသာ ဝမ္းကြဲေမာင္ႏွမ သူ၏ ကေလးဘဝက ကစားေဖာ္ျဖစ္ေသာ Ning Jiahui ႏွင့္ လက္ထပ္ခဲ့သည္။ေဆြမ်ိဳးမ်ားကိုလည္း ခ်စ္ခင္၍ ဂ႐ုစိုက္တတ္သည့္ အမ်ိဳးသမီးျဖစ္သည္။
ျမစ္ဆိုေသာ စကားလုံးကို ၾကားေသာအခါ Su Hui ရဲ႕စိတ္ထဲတြင္ ခ်က္ခနဲ႕သေဘာေပါက္သြားသည္။
Su Hui သည္ ဒုတိယသား Lu Chen ၏မိန္းမျဖစ္ၿပီး Lu မိသားစု၏ ဒုတိယေခြၽးမ ျဖစ္သည္ကာ သူမေယာက်ာ္း Lu Chen ရဲ႕ေဘးတြင္ ထိုင္ေနခဲ့သည္။လွပ၍ ဂုဏ္ယူတတ္သည့္ ရိုးရွင္းတဲ့အမ်ိဳးသမီး၏ စကားလုံးမ်ားသည္ တစ္ျခားလူကို ေစာ္ကားရာေရာက္သည္။
"အေသအခ်ာေပါ့ အေဖရယ္။ အေဒၚတစ္ေယာက္အေနနဲ႕ဆို Lu Qiang ကို ကြၽန္မအရမ္းစိတ္ပူတယ္ ။ သူအနားယူသင့္ၿပီး သူ႕ က်န္းမာ
ေရးကို သူေစာင့္ေရွာက္သင့္တယ္။"
အႀကီးအကဲ Lu က ဆက္ေျပာခြင့္ေပးခဲ့ေသာေၾကာင့္ သူမ ဆက္ေျပာခဲ့သည္။
"သူ႕ရဲ႕ ဝမ္းကြဲညီအစ္ကို ႏွစ္ေယာက္ကလည္းဒီမွာရွိၿပီး ကုမ္ပဏီ ကိုတာဝန္ခြဲယူနိုင္ၾကသလို ျမစ္ေတြအတြက္လည္း စိတ္မပူပါနဲ႕။ Lu Qiang အျပင္ အေဖရဲ႕ ဆန္ဒေတြကိုျဖည့္ေပးဖို႔ ေျမးႏွစ္ေယာက္ရွိပါေသးတယ္"သူမက အၿပဳံးႀကီးတစ္ပြင့္ ပန္ဆင္၍ ေျပာသည္။
အႀကီးအကဲ Lu က သူမကို စိတ္အႏွောင့္အယွက္ျဖစ္ေသာ အမူအရာျဖင့္ၾကည့္သည္။
"ေျမးႏွစ္ေယာက္ကလား။ မင္းရဲ႕သားေတြကိုအေၾကာင္းကို ေျပာေနတာလား။အဒရီနယ္လင္ေတြ ခန္ဓာကိုယ္မွာ စီးဆင္းလြန္းလို႔ လြန္ခဲ့တဲ့ငါးႏွစ္က လက္ထပ္ခဲ့တဲ့ တစ္ေယာက္ အခုထိ ကေလးမလိုခ်င္ဘူး ။ တစ္ျခားတစ္ေယာက္ က်ေတာ့လည္း သူ႕ကမ္ဘာမွာပဲ အၿမဲအလုပ္ရႈပ္ေနၿပီးေတာ့ အရက္ေသာက္လိုက္ အသုံးမဝင္တဲ့သူငယ္ခ်င္းေတြနဲ႕ ဦးတည္ခ်က္ မရွိ ေလွ်ာက္သြား ႀကိဳးစားပမ္းစား ရွာေဖြထားတဲ့ မိသားစုပိုက္ဆံေတြကို ထိုင္ျဖဳန္းေနတယ္ေလ။"
(A/N:Adrenalin=စြမ္းအင္ႏွင့္တုံ႕ျပန္မႈကို ပိုမိုတုံ႕ျပန္ေစေသာ (အရည္) ပစ္စည္း အဲ့လိုႀကီးျပန္ရမွာ တစ္မ်ိဳးျဖစ္ေနလို႔ ဒီတိုင္းေလး အဒရီနယ္လင္ လို႔ပဲေရးလိုက္တယ္)
အႀကီးအကဲ Lu က ေဒါသေၾကာင့္ မ်က္ႏွာနီျမန္းလာၿပီး Su Hui ၏ သားႏွစ္ေယာက္ကို မည္မွ် မေက်နပ္ေၾကာင္း ျပေနသည္။
ျပင္းထန္တဲ့စကားလုံးေတြကို ၾကားၿပီးတဲ့အခါမွာေတာ့ Su Hui မ်က္ႏွာသည္ ေအာက္သို႔က်သြားၿပီး အခန္းက ေလထုအေျခအေနသည္လည္း ၿငိမ္သက္သြားသည္။မည္သူမွ ဘာစကားလုံးမွ ထပ္မေျပာရဲေတာ့ေခ်။
(ဒီေန႕ ႏွစ္ပိုင္း တင္ေပးတယ္ေနာ္)