Part (23) U
ရိပ်သာမှာ ညနေ စားပွဲရှိသဖြင့် စောပြန်ရမှာမို့ နာရီကြည့်မိတော့ ညနေ လေးနာရီတိတိကို ညွှန်ပြနေသည်။
လုပ်လက်စအလုပ်တွေ လက်စသတ်ကာ cap ဆောင်းပြီး မှတ်စုစာအုပ်နှင့်ဖုန်းကိုယူပြီး ပြန်လာရင်း စွာတေးနှင့် တစ်နေ့လုံး ဖုန်းမပြောရသေးတာကို သတိရမိတာ။
စွာတေးဝက်ပေါက်က ရှောင်းကျန့် မနက်ခင်း တန်းစီသွားအချိန်ထိ အိပ်ကောင်းတုန်းမို့ ခေါ်လို့မဖြစ်။
ရုံးရောက်ပြန်တော့လည်း ရုံးချိန်ဖုန်းမပြောချင်သည့်ကိုယ်က စာလောက်ပဲ ပို့ဖြစ်တာ။
မျက်စောင်းထိုးက မတော်ရသေးသည့် ယောက္ခမရုံးခန်းကို မြင်နေရတာ စိတ်မလုံတာလည်း ပါသည်။
စာကြည့်တိုက်ဘက်က ပတ်ပြန်လာတာမို့ အဝါရောင်ပန်းနှမ်းခင်းကြီးကို အဖြတ် ပါးဖောင်းလေးကို ပိုလွမ်းလာမိသလိုလို။
"အာ့...."
"ဗိုလ်ကြီးကလည်း မြှားတောင် မရှောင်နိုင်ဘူး...."
ကလေးတွေပစ်သည့် စုပ်ခွက်ပါသည့် မြှားလေးက ယူနီဖောင်းအိတ်ကပ်မှာ လာကပ်တာမို့ သတိဝင်လာတော့ နှာခေါင်းလေးရှုံ့ကာ ပုခုံးတွန့်ပြနေသည့် စွာတေး။
"ဝမ်လေး...ဘယ်လိုက ဘယ်လို..."
"ကိုကို့ကို လာကြိုတာလေ..."
"တစ်ယောက်တည်းလာတာလား...အိမ်ကသိလား..."
"နိုနိုနဲ့ချန်ချန် ပါတယ်...ဟိုးဘက်မှာ ဗာဒံသီးထုစားနေတယ်..."
နိုနိုနှင့်ချန်ချန်က စီနီယာအကိုကြီးတွေရဲ့ မူလတန်းအရွယ် သားလေးတွေ။
စွာတေးက ကလေးတပ်ဖွဲ့ကို ဦးဆောင်လာတာ ဖြစ်မည်။
"ကလေးတွေ ညနေစောင်းကြီး ခေါ်ထွက်လာရလား...ဝမ်လေးရယ်..."
"ကိုကိုနဲ့မှ မတွေ့ရတာကို...."
"ဝမ်လေးရယ် ....."
နှုတ်ခမ်းလေးထော်ကာ ခပ်တိုးတိုးပြောလာသည့် ကိုယ်နွေးနွေးလေးကို ရင်ခွင်ထဲ ဆွဲပွေ့ရင်း ဆံပင်လေးတွေကို ဖိနမ်းကာ နှစ်သိမ့်နေမိသည်။
ကိစ္စရှိရင်ရှိသလို သွားဖြစ်ခဲ့သည့် တပ်ရင်းမှူးအိမ်ဟာ ယောက္ခမလောင်းအိမ်ဖြစ်လာမယ်မှ မထင်ခဲ့ပဲ။
မျက်နှာပူသလို၊ စိတ်မလုံသလိုနှင့် အနေရခက်သည့်အပြင် အကြောင်းကိစ္စကလည်း အထွေအထူးမရှိသည်မို့ မရောက်ဖြစ်ခဲ့ပေမယ့် တကယ်ပဲ လွမ်းနေခဲ့တာ။
ကိုယ်ကအလုပ်ထဲ စိတ်နှစ်နေပေမယ့် ကိုယ့်ကိုပဲ ဆိုးစရာရှိသည့် ချစ်သူလေးခမျာ ဘယ်လောက်လွမ်းနေရှာမလဲ။
"ကိုကို...ဟိုမှာ ဘာငှက်လေးလဲ...."
"ဘာငှက်မှ....အမ်...."
မျက်လုံးလေးပြူးကာ လက်ညှိုးညွှန်ရာဘက် လှည့်အကြည့် ဘယ်ဘက်ပါးထက်မှာ နွေးခနဲ။
ကြောင်အမ်းကြည့်မိတော့ သွားစေ့ကာ တဟိဟိရယ်ပြီး လူချင်းခွာရန် ပြင်နေသည့် စွာတေး။
နှုတ်ခမ်းတွန့်ရုံပြုံးကာ ခါးကနေ ဖျတ်ခနဲ
ဆွဲဖက်ပြီး နဖူးချင်းထိတိုက်ရင်း နှာသီးဖျားလေးကို ဖွဖွကိုက်မိတော့ မှဲ့နက်လေးဆီ ရှပ်ပြေးလာသည့် နှုတ်ခမ်းထူထူလေးတွေ။
နူးညံ့လိုက်တာ....နွေးလိုက်တာ....
တစ်သားတည်း ပေါင်းစည်းမိသွားသည့် နူးညံ့နွေးမြခြင်းတို့က မက်မက်မောမော နင့်နင့်မျောမျော လှိုက်မောစွာ။
အလွမ်းတို့ကို အနမ်းများနှင့် တိုက်စားရင်း ခါးသွယ်သွယ်ထက်မှ လက်တို့က ပိုမိုတင်းကျပ်လာသလို ယူနီဖောင်းကော်လံစကို တင်းတင်းဆွဲထားသည့် လက်ကလေးတွေလည်း တုန်ယင်လာခဲ့ပြီ။
"တိုတို...တိုတို....ဘာရန်ချေ့တွေ များကြီးပဲ..."
"အု...အဟွတ်...." "အာ့..."
ဗာဒံသီးလေးတွေ လက်ခုပ်အပြည့်ကောက်ကာ ရောက်လာသည့် အလည်လေးတွေကြောင့် လူချင်း အမြန်ခွာလိုက်ရပေမယ့် မျက်လုံးပြူးလေးတွေနှင့် စူးစမ်းနေသေးသည့် ကျေးဇူးရှင်လေးတွေ။
"ဦးဦးရှောင်း တိုတိုဝမ်ရို ချားနေတာရား...."
"ဗိုက်ချာနေတာရား ဦးဦး.... ဘာရန်ချေ့ ချားရေ..."
"အာ....သားတို့ကိုကို မျက်လုံးထဲ ဖုန်ဝင်သွားလို့ ဦးဦးက ဖယ်ပေးတာ..."
"ဟုတ်...ဟုတ်တယ်....နိုနိုရဲ့...အား...ဗာဒံစေ့တွေ အများကြီးပဲ...ချန်ချန်က တော်လိုက်တာ...ကိုကိုက အရုပ်ဆုချမယ်နော်..."
"တိုတိုက ရုပ်ရုပ်တွေ ဆုချမှာရဲ့..."
ဗာဒံစေ့တွေ ပစ်ချကာ လက်ချင်းချိတ်ပြီး ခုန်ပေါက်သွားနေသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း နှစ်ယောက်သား ရယ်မောကာ မျက်လုံးချင်း နှုတ်ဆက်ကာ ကိုယ်စီပြန်လာခဲ့ရပြီ။
အလွမ်းပြေ ညနေခင်းလေးက ရိပ်သာပြန်ရောက်ပြီး မကြာခင် အမောမပြေစရာ ပြောင်းသွားမယ်မှန်းတော့ ရှောင်းကျန့် ထင်မထားခဲ့မိပါ။
မငိုနဲ့တော့နော်...ဝမ်လေး...
ခေါင်းကိုက်နေမယ်...
ငိုမှာပဲ...မတော်တဆဖြစ်တဲ့ဟာကို...
ဒူးလည်းနာတယ်...
လက်လည်းညောင်းတယ်...
ဖုန်းခေါ်လိုက်မယ်....
"Ring....."
"တမင်လုပ်တာ မဟုတ်မှန်း သိပေမယ့် လူကြီးတွေက လူကြီးလိုပဲ တွေးလို့ပါ ဝမ်လေးရယ်...Allergic က အခန့်မသင့်ရင် အသက်ပါ ထိခိုက်နိုင်တာ...
ကလေးတွေက အရမ်းငယ်သေးတာကိုး...ကိုယ့်အချစ်က လိမ်မာပါတယ်...နောက်ဆို သတိထားနော်..."
"သူတို့ကို ဗာဒံသီးထုစားဖို့ပဲ ခေါ်တာလေ...ဗာဒံပင်အောက်က ခူယားတွေကျ သူတို့ဘာသာ ကောက်တာကို...ရွှတ်...ဖေကြီးကလည်း တစ်ခါလာ ဒူးထောက်လက်မြှောက်ပဲ ခိုင်းနေတာ...ကိုကိုရဲ့...ရွှတ်...ဗိုက်လည်းဆာတယ်...."
နှာတရှုံ့ရှုံ့နှင့် တိုင်တောမဆုံးသော ချစ်သူလေးကို သနားပေမယ့် ရင်ခွင်ထဲထည့်ကာ ချော့ချင်ပေမယ့် ဘာလုပ်ရမှန်းမသိ။
သို့သော်....ကံတရားက ရှားရှားပါးပါး မျက်နှာသာပေးခဲ့ပါသည်။
......................................
ဒုဗိုလ်ကနေ ဗိုလ်အဖြစ် အဆင့်တိုးသွားသည့် ဟောက်ရွှမ်းကို ဂုဏ်ပြုသည့်အနေနှင့် ရိပ်သာမှာ ကြက်သားကာလသားချက်နှင့် သောက်စရာလေးတွဲကာ ဂုဏ်ပြုပွဲလေး ကျင်းပဖြစ်ကြတာ။
အရာရှိငယ်တွေချည်း အပျော်စုတာမို့ လူကြီးတွေကို မဖိတ်ဖြစ်သော်ငြား ဗိုလ်မှူးရိကျိုးက တပ်ရင်းမှူးအိမ်သွားပို့ဖို့ ပြောတာမို့ သွားရန်ပြင်နေသည့် ညီလေးလက်ထဲမှ ဟင်းဘူးကိုယူကာ ဟောက်ရွှမ်းကိုခေါ်ပြီး ရှောင်းကျန့် ထွက်လာခဲ့လိုက်ပြီ။
စိတ်ရင်းကောင်းသည့် တပ်ရင်းမှူးက အနေအထိုင်တည်ကြည်သလို ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနေကြမို့ အဆူခံထားရသည့် စွာတေးကို တွေ့ချင်တာလည်း ပါသည်။
နှစ်ယောက်သား အချစ်ကမ္ဘာတည်နေတုန်း ဗာဒံစေ့ကောက်နေသည့် ကလေးတွေက ခူယားတွေပါ ရောကိုင်ထားတာကို သတိကို မထားမိလိုက်တာ။
နှုတ်ဆက်ပြီးပြန်သွားတော့ လက်လေးတွေတောင် လှမ်းပြနေသေးသည့် ကလေးတွေက အိမ်ရောက်ပြီး မကြာခင်လေးတင် အနီစက်တွေ အဖုအပိန့်ကြီးတွေထကာ ယားလေကုတ်လေနှင့် ဒုက္ခများကုန်တာကြောင့် ဆေးဗိုလ်ကြီး ဒေါက်တာ စုန်ကျိရန်ကို လှမ်းခေါ်ရတဲ့အခြေအနေ ရောက်သွားသည်။
အမွှေစိန်စွာတေးလည်း အစဥ်အလာမပျက် ဒူးထောက်လက်မြှောက်ရလေပြီ။
"ဟော...ဗိုလ်ကြီးတို့...ထိုင်ဦးနော်...ဗိုလ်ကြီးတို့ တပ်ရင်းမှူးက ဖုန်းပြောနေလို့..."
"ဟုတ်ကဲ့ခင်ဗျ...ဟောက်ရွှမ်း အပွင့်တင်လို့ အပျော် ကာလသားဟင်း ချက်စားကြတာ လာပို့တာပါ ခင်ဗျ...."
"ကျေးဇူးပါ ဗိုလ်ကြီးတို့ရေ...တပ်ရင်းမှူးက အဲ့လိုဆီကျန်ရေကျန်လေးဆို အရမ်းကြိုက်တာ....ဒါနဲ့ တစ်ခုလောက် အကူအညီတောင်းချင်လို့...."
"ဟုတ်ကဲ့..."
"ခဏနေ အမတို့ ကလေးတွေအိမ် သွားကြည့်ကြမလို့...ဆရာရန်ရှင်းလည်း မရှိတော့ သားငယ်လေးကို ရိပ်သာမှာ ခဏ ခေါ်ထားပေးလို့ ရမလား....သူ့အဖေက ဒေါသမပြေသေးဘူးရယ်...ပြန်လာရင် ထပ်ဖြစ်နေမစိုးလို့....အခုတောင် အခန်းထဲဝင်နေလို့သာ...."
"ရ...ရပါတယ် ခင်ဗျ...ဟို တပ်ရင်းမှူးသိသွားရင်သာ..."
"စိတ်ပြေသွားမှသိတာ အကြောင်းမဟုတ်ဘူး ဗိုလ်ကြီးရေ...မပူနဲ့...ခဏနော်...တပ်ရင်းမှူးမလာခင် သွားလို့ရအောင်...."
ခဏအကြာ မှုံကုပ်ကုပ်ပါလာသည့် မျက်နှာလေးက နီရဲကာ အငိုတိတ်စပြုဟန်။
တပ်ရင်းမှူးထွက်မလာခင် စွာတေးကို ခေါ်ပြီး ခပ်သွက်သွက်လှမ်းလာတုန်း အိမ်ထောင်သည်လိုင်းခန်းဘက် လမ်းခွဲအရောက် ငြိမ့်ခနဲထိုးရပ်လာသော ဆိုင်ကယ်မီးလေး။
"အကိုကြီး...."
"ကျိရန်....ညီလေး...ကလေးတွေ အခြေအနေ...."
"အဆင်ပြေပါတယ် အကိုကြီး...လိမ်းဆေးရော သောက်ဆေးရောပေးခဲ့တယ်...ကုတ်ဖဲ့လိုက်လို့ ဆိုးသွားတာပါ...အခုတော့ အပိန့်တွေလည်း လျော့သွားပါပြီ...."
"အေးကွာ...ကိုယ်လည်း ဆေးရုံဆင်းတည်းက မဆုံဖြစ်ဘူး...ရောက်လက်စနဲ့ တစ်ခါတည်း ရိပ်သာလိုက်ခဲ့ကွာ... ညီလေး..."
"ဟုတ်ပါတယ် ဒေါက်တာ...အစားရောအသောက်ရော ပွဲလေးရှိလို့ပါ...ရောက်တုန်းရောက်ခိုက်လေး မငြင်းပါနဲ့ဗျာ..."
စီနီယာအကိုကလည်းခေါ်၊ ကြည့်မရခဲ့သည့် ဂျစ်ကန်ကန် ဂျူနီယာလေးကပါ ဖော်ဖော်ရွေရွေ ခေါ်နေသည်မို့ ကျိရန် အားနာနာနှင့် ခေါင်းငြိမ့်မိသည်။
ဟောက်ရွှမ်းနှင့်ကျိရန် ဆိုင်ကယ်မီးလေးဖျော့သွားတော့မှ အေးစက်စက်လက်လေးတွေကို ထွေးဆုပ်ကာ အနွေးဓါတ်ပေးရတော့တာ။
ရိပ်သာရှေ့ကွင်းပြင်ထဲက မီးဖိုနံဘေးမှာ အစားရော အသောက်ရော ဂစ်တာသံချိုချိုနှင့် အတော်လေး စည်ကားနေပြီ။
ဗိုလ်မှူးရိကျိုးက အသံဝါကြီးနှင့် စစ်သီချင်းတွေ ဆိုနေတာမို့ ဂစ်တာတီးနေသည့် ဟိုက်ခွမ်းခမျာ အီလည်လည်နှင့်။
မီးရောင်သိပ်မရောက်သည့်နေရာမို့ ပန်ထမင်းပူပူ၊ ဘူးသီးနုနုနှင့် ကြက်သားကာလသားချက်လေးကို ခွံ့ပေးတော့ ခေါင်းလေးငုံ့ကာ ငြိမ်ငြိမ်လေး စားနေသည့် စွာတေး။
ရေခပ်ပေး၊ပါးစပ်သုတ်ပေးပြီး မယောင်မလည်နှင့် ကွပ်ပျစ်မှာ ဝင်ထိုင်တော့ ဟောက်ရွှမ်းက ဂစ်တာတီးကာ ကျိရန်ကို ရွှန်းရွှန်းစားစားကြည့်ရင်း ဆိုနေတာမို့ ဖြူဖြူပါးပါး ကျိရန်ခမျာ နီစွေးစပြုချေပြီ။
"တို့ရိပ်သာရဲ့ ပင်တိုင်အဆိုရှင် အလှည့်ပါ...ရှောင်းကျန့်....ညီလေးရေ...."
ဗိုလ်မှူးရိကျိုးရဲ့ ခပ်သောသော အပြောမှာ ဂစ်တာကို ကြိုးညှိရင်း မျက်ဝန်းစိုစိုလေးတွေကို တစ်ချက်စိုက်ကြည့်ကာ intro စပြီ။
နေမင်းရဲ့ အလင်းရောင်သည်လည်း
မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ပြီ....
အားသစ်အင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ ငါသည်....
အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ...
ငှက်ကျေးရဲ့ သီချင်းသံသည်လည်း
မနေ့ကနဲ့မတူ မနေ့ကလို မဆူတော့ပြီ....
အတွေးသစ် အမြင်သစ်တွေ ဆောင်ကျဥ်းပေးခဲ့လို့ ငါသည်...
အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ...
မျှော်လင့်ခြင်းတွေ ရင်မှာ ပြန်ရှင်သန်လာ...
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ....
ဒီဘဝကို အရှုံးမပေးတော့ဘူး လို့...
ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းသည် မနေ့ကနဲ့ကွာ မနေ့ကလို မနာတော့ပြီ...
သူ့မျက်နှာ ခဏ မြင်လိုက်တည်းက စပြီး ငါသည်....
အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ...
မျှော်လင့်ခြင်းတွေ ရင်မှာ ပြန်ရှင်သန်လာ...
မာန်မာနတွေ ရင်မှာ ပြန်ခိုင်မာလာ....
ဒီဘဝကို အရှုံးမပေးတော့ဘူး လို့...
ငါ့နှလုံးသား တစ်ချက်ခုန်လိုက်တိုင်းသည် မနေ့ကနဲ့ကွာ မနေ့ကလို မနာတော့ပြီ...
သူ့မျက်နှာ ခဏ မြင်လိုက်တည်းက စပြီး ငါသည်....
အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ...
နှင်းငွေ့တွေဝေနေသည့် ညချမ်းလေးရဲ့ မီးဖိုလေးဘေးမှာ....
ချစ်သူရဲ့သီချင်းကို နှုတ်ခမ်းလေးကိုက်ကာ ကြည်နူးနေခဲ့တဲ့ ကောင်လေးဟာ...
ဂစ်တာကြိုးပေါ် ဖိကစားနေတဲ့ ဗိုလ်ကြီးရဲဲဲ့ လက်တွေက heart sign လေးကြောင့်.....
ဟူဒီလေးကို မလုံတလုံဆွဲခြုံရင်း ကြည်ကြည်နူးနူး ပြုံးနေခဲ့ပါသတဲ့။
...............................................
Note >>>
တကယ်ကို မအားတာရယ် မရေးဖြစ်တာရယ်နဲ့ update တွေ နောက်ကျသွားတယ်
ကျောင်းဖွင့်လို့မပြန်ခင်အထိ ပျော်ရွှင်စရာ ချစ်သူဘဝလေးပေါ့
ဦးထီး (စိုင်းထီးဆိုင်) ရဲ့ အချစ်အတွက် တစ်ဖန်မွေးဖွားခြင်း... သီချင်းလေး ထည့်သုံးပါတယ်
ဦးထီးသီချင်းတွေက အေးအေးငြိမ့်ငြိမ့်နဲ့ ရင်ကိုထိသလို တပ်မတော်သားအများစုက ဦးထီးသီချင်းတွေကို အတော်လေးကြိုက်ကြတာမို့ပါ
Love U All ♥
#NwayOo
13.11.2020 (01:00) AM
~~~~~~~~~~~~~~~~~~~~
Part (23) Z
ရိပ္သာမွာ ညေန စားပြဲရွိသျဖင့္ ေစာျပန္ရမွာမို႔ နာရီၾကည့္မိေတာ့ ညေန ေလးနာရီတိတိကို ၫႊန္ျပေနသည္။
လုပ္လက္စအလုပ္ေတြ လက္စသတ္ကာ cap ေဆာင္းၿပီး မွတ္စုစာအုပ္ႏွင့္ဖုန္းကိုယူၿပီး ျပန္လာရင္း စြာေတးႏွင့္ တစ္ေန႔လုံး ဖုန္းမေျပာရေသးတာကို သတိရမိတာ။
စြာေတးဝက္ေပါက္က ေရွာင္းက်န္႔ မနက္ခင္း တန္းစီသြားအခ်ိန္ထိ အိပ္ေကာင္းတုန္းမို႔ ေခၚလို႔မျဖစ္။
႐ုံးေရာက္ျပန္ေတာ့လည္း ႐ုံးခ်ိန္ဖုန္းမေျပာခ်င္သည့္ကိုယ္က စာေလာက္ပဲ ပို႔ျဖစ္တာ။
မ်က္ေစာင္းထိုးက မေတာ္ရေသးသည့္ ေယာကၡမ႐ုံးခန္းကို ျမင္ေနရတာ စိတ္မလုံတာလည္း ပါသည္။
စာၾကည့္တိုက္ဘက္က ပတ္ျပန္လာတာမို႔ အဝါေရာင္ပန္းႏွမ္းခင္းႀကီးကို အျဖတ္ ပါးေဖာင္းေလးကို ပိုလြမ္းလာမိသလိုလို။
"အာ့...."
"ဗိုလ္ႀကီးကလည္း ျမႇားေတာင္ မေရွာင္ႏိုင္ဘူး...."
ကေလးေတြပစ္သည့္ စုပ္ခြက္ပါသည့္ ျမႇားေလးက ယူနီေဖာင္းအိတ္ကပ္မွာ လာကပ္တာမို႔ သတိဝင္လာေတာ့ ႏွာေခါင္းေလးရႈံ႕ကာ ပုခုံးတြန္႔ျပေနသည့္ စြာေတး။
"ဝမ္ေလး...ဘယ္လိုက ဘယ္လို..."
"ကိုကို႔ကို လာႀကိဳတာေလ..."
"တစ္ေယာက္တည္းလာတာလား...အိမ္ကသိလား..."
"ႏိုႏိုနဲ႔ခ်န္ခ်န္ ပါတယ္...ဟိုးဘက္မွာ ဗာဒံသီးထုစားေနတယ္..."
ႏိုႏိုႏွင့္ခ်န္ခ်န္က စီနီယာအကိုႀကီးေတြရဲ႕ မူလတန္းအ႐ြယ္ သားေလးေတြ။
စြာေတးက ကေလးတပ္ဖြဲ႕ကို ဦးေဆာင္လာတာ ျဖစ္မည္။
"ကေလးေတြ ညေနေစာင္းႀကီး ေခၚထြက္လာရလား...ဝမ္ေလးရယ္..."
"ကိုကိုနဲ႔မွ မေတြ႕ရတာကို...."
"ဝမ္ေလးရယ္ ....."
ႏႈတ္ခမ္းေလးေထာ္ကာ ခပ္တိုးတိုးေျပာလာသည့္ ကိုယ္ေႏြးေႏြးေလးကို ရင္ခြင္ထဲ ဆြဲေပြ႕ရင္း ဆံပင္ေလးေတြကို ဖိနမ္းကာ ႏွစ္သိမ့္ေနမိသည္။
ကိစၥရွိရင္ရွိသလို သြားျဖစ္ခဲ့သည့္ တပ္ရင္းမႉးအိမ္ဟာ ေယာကၡမေလာင္းအိမ္ျဖစ္လာမယ္မွ မထင္ခဲ့ပဲ။
မ်က္ႏွာပူသလို၊ စိတ္မလုံသလိုႏွင့္ အေနရခက္သည့္အျပင္ အေၾကာင္းကိစၥကလည္း အေထြအထူးမရွိသည္မို႔ မေရာက္ျဖစ္ခဲ့ေပမယ့္ တကယ္ပဲ လြမ္းေနခဲ့တာ။
ကိုယ္ကအလုပ္ထဲ စိတ္ႏွစ္ေနေပမယ့္ ကိုယ့္ကိုပဲ ဆိုးစရာရွိသည့္ ခ်စ္သူေလးခမ်ာ ဘယ္ေလာက္လြမ္းေနရွာမလဲ။
"ကိုကို...ဟိုမွာ ဘာငွက္ေလးလဲ...."
"ဘာငွက္မွ....အမ္...."
မ်က္လုံးေလးျပဴးကာ လက္ညႇိဳးၫႊန္ရာဘက္ လွည့္အၾကည့္ ဘယ္ဘက္ပါးထက္မွာ ေႏြးခနဲ။
ေၾကာင္အမ္းၾကည့္မိေတာ့ သြားေစ့ကာ တဟိဟိရယ္ၿပီး လူခ်င္းခြာရန္ ျပင္ေနသည့္ စြာေတး။
ႏႈတ္ခမ္းတြန္႔႐ုံၿပဳံးကာ ခါးကေန ဖ်တ္ခနဲ
ဆြဲဖက္ၿပီး နဖူးခ်င္းထိတိုက္ရင္း ႏွာသီးဖ်ားေလးကို ဖြဖြကိုက္မိေတာ့ မွဲ႔နက္ေလးဆီ ရွပ္ေျပးလာသည့္ ႏႈတ္ခမ္းထူထူေလးေတြ။
ႏူးညံ့လိုက္တာ....ေႏြးလိုက္တာ....
တစ္သားတည္း ေပါင္းစည္းမိသြားသည့္ ႏူးညံ့ေႏြးျမျခင္းတို႔က မက္မက္ေမာေမာ နင့္နင့္ေမ်ာေမ်ာ လႈိက္ေမာစြာ။
အလြမ္းတို႔ကို အနမ္းမ်ားႏွင့္ တိုက္စားရင္း ခါးသြယ္သြယ္ထက္မွ လက္တို႔က ပိုမိုတင္းက်ပ္လာသလို ယူနီေဖာင္းေကာ္လံစကို တင္းတင္းဆြဲထားသည့္ လက္ကေလးေတြလည္း တုန္ယင္လာခဲ့ၿပီ။
"တိုတို...တိုတို....ဘာရန္ေခ်႕ေတြ မ်ားႀကီးပဲ..."
"အု...အဟြတ္...." "အာ့..."
ဗာဒံသီးေလးေတြ လက္ခုပ္အျပည့္ေကာက္ကာ ေရာက္လာသည့္ အလည္ေလးေတြေၾကာင့္ လူခ်င္း အျမန္ခြာလိုက္ရေပမယ့္ မ်က္လုံးျပဴးေလးေတြႏွင့္ စူးစမ္းေနေသးသည့္ ေက်းဇူးရွင္ေလးေတြ။
"ဦးဦးေရွာင္း တိုတိုဝမ္႐ို ခ်ားေနတာရား...."
"ဗိုက္ခ်ာေနတာရား ဦးဦး.... ဘာရန္ေခ်႕ ခ်ားေရ..."
"အာ....သားတို႔ကိုကို မ်က္လုံးထဲ ဖုန္ဝင္သြားလို႔ ဦးဦးက ဖယ္ေပးတာ..."
"ဟုတ္...ဟုတ္တယ္....ႏိုႏိုရဲ႕...အား...ဗာဒံေစ့ေတြ အမ်ားႀကီးပဲ...ခ်န္ခ်န္က ေတာ္လိုက္တာ...ကိုကိုက အ႐ုပ္ဆုခ်မယ္ေနာ္..."
"တိုတိုက ႐ုပ္႐ုပ္ေတြ ဆုခ်မွာရဲ႕..."
ဗာဒံေစ့ေတြ ပစ္ခ်ကာ လက္ခ်င္းခ်ိတ္ၿပီး ခုန္ေပါက္သြားေနသည့္ ကေလးႏွစ္ေယာက္ကို ၾကည့္ရင္း ႏွစ္ေယာက္သား ရယ္ေမာကာ မ်က္လုံးခ်င္း ႏႈတ္ဆက္ကာ ကိုယ္စီျပန္လာခဲ့ရၿပီ။
အလြမ္းေျပ ညေနခင္းေလးက ရိပ္သာျပန္ေရာက္ၿပီး မၾကာခင္ အေမာမေျပစရာ ေျပာင္းသြားမယ္မွန္းေတာ့ ေရွာင္းက်န္႔ ထင္မထားခဲ့မိပါ။
မငိုနဲ႔ေတာ့ေနာ္...ဝမ္ေလး...
ေခါင္းကိုက္ေနမယ္...
ငိုမွာပဲ...မေတာ္တဆျဖစ္တဲ့ဟာကို...
ဒူးလည္းနာတယ္...
လက္လည္းေညာင္းတယ္...
ဖုန္းေခၚလိုက္မယ္....
"Ring....."
"တမင္လုပ္တာ မဟုတ္မွန္း သိေပမယ့္ လူႀကီးေတြက လူႀကီးလိုပဲ ေတြးလို႔ပါ ဝမ္ေလးရယ္...Allergic က အခန္႔မသင့္ရင္ အသက္ပါ ထိခိုက္ႏိုင္တာ...
ကေလးေတြက အရမ္းငယ္ေသးတာကိုး...ကိုယ့္အခ်စ္က လိမ္မာပါတယ္...ေနာက္ဆို သတိထားေနာ္..."
"သူတို႔ကို ဗာဒံသီးထုစားဖို႔ပဲ ေခၚတာေလ...ဗာဒံပင္ေအာက္က ခူယားေတြက် သူတို႔ဘာသာ ေကာက္တာကို...႐ႊတ္...ေဖႀကီးကလည္း တစ္ခါလာ ဒူးေထာက္လက္ေျမႇာက္ပဲ ခိုင္းေနတာ...ကိုကိုရဲ႕...႐ႊတ္...ဗိုက္လည္းဆာတယ္...."
ႏွာတရႈံ႕ရႈံ႕ႏွင့္ တိုင္ေတာမဆုံးေသာ ခ်စ္သူေလးကို သနားေပမယ့္ ရင္ခြင္ထဲထည့္ကာ ေခ်ာ့ခ်င္ေပမယ့္ ဘာလုပ္ရမွန္းမသိ။
သို႔ေသာ္....ကံတရားက ရွားရွားပါးပါး မ်က္ႏွာသာေပးခဲ့ပါသည္။
......................................
ဒုဗိုလ္ကေန ဗိုလ္အျဖစ္ အဆင့္တိုးသြားသည့္ ေဟာက္႐ႊမ္းကို ဂုဏ္ျပဳသည့္အေနႏွင့္ ရိပ္သာမွာ ၾကက္သားကာလသားခ်က္ႏွင့္ ေသာက္စရာေလးတြဲကာ ဂုဏ္ျပဳပြဲေလး က်င္းပျဖစ္ၾကတာ။
အရာရွိငယ္ေတြခ်ည္း အေပ်ာ္စုတာမို႔ လူႀကီးေတြကို မဖိတ္ျဖစ္ေသာ္ျငား ဗိုလ္မႉးရိက်ိဳးက တပ္ရင္းမႉးအိမ္သြားပို႔ဖို႔ ေျပာတာမို႔ သြားရန္ျပင္ေနသည့္ ညီေလးလက္ထဲမွ ဟင္းဘူးကိုယူကာ ေဟာက္႐ႊမ္းကိုေခၚၿပီး ေရွာင္းက်န္႔ ထြက္လာခဲ့လိုက္ၿပီ။
စိတ္ရင္းေကာင္းသည့္ တပ္ရင္းမႉးက အေနအထိုင္တည္ၾကည္သလို ဆုေပးဒဏ္ေပးစနစ္ က်င့္သုံးေနၾကမို႔ အဆူခံထားရသည့္ စြာေတးကို ေတြ႕ခ်င္တာလည္း ပါသည္။
ႏွစ္ေယာက္သား အခ်စ္ကမာၻတည္ေနတုန္း ဗာဒံေစ့ေကာက္ေနသည့္ ကေလးေတြက ခူယားေတြပါ ေရာကိုင္ထားတာကို သတိကို မထားမိလိုက္တာ။
ႏႈတ္ဆက္ၿပီးျပန္သြားေတာ့ လက္ေလးေတြေတာင္ လွမ္းျပေနေသးသည့္ ကေလးေတြက အိမ္ေရာက္ၿပီး မၾကာခင္ေလးတင္ အနီစက္ေတြ အဖုအပိန္႔ႀကီးေတြထကာ ယားေလကုတ္ေလႏွင့္ ဒုကၡမ်ားကုန္တာေၾကာင့္ ေဆးဗိုလ္ႀကီး ေဒါက္တာ စုန္က်ိရန္ကို လွမ္းေခၚရတဲ့အေျခအေန ေရာက္သြားသည္။
အေမႊစိန္စြာေတးလည္း အစဥ္အလာမပ်က္ ဒူးေထာက္လက္ေျမႇာက္ရေလၿပီ။
"ေဟာ...ဗိုလ္ႀကီးတို႔...ထိုင္ဦးေနာ္...ဗိုလ္ႀကီးတို႔ တပ္ရင္းမႉးက ဖုန္းေျပာေနလို႔..."
"ဟုတ္ကဲ့ခင္ဗ်...ေဟာက္႐ႊမ္း အပြင့္တင္လို႔ အေပ်ာ္ ကာလသားဟင္း ခ်က္စားၾကတာ လာပို႔တာပါ ခင္ဗ်...."
"ေက်းဇူးပါ ဗိုလ္ႀကီးတို႔ေရ...တပ္ရင္းမႉးက အဲ့လိုဆီက်န္ေရက်န္ေလးဆို အရမ္းႀကိဳက္တာ....ဒါနဲ႔ တစ္ခုေလာက္ အကူအညီေတာင္းခ်င္လို႔...."
"ဟုတ္ကဲ့..."
"ခဏေန အမတို႔ ကေလးေတြအိမ္ သြားၾကည့္ၾကမလို႔...ဆရာရန္ရွင္းလည္း မရွိေတာ့ သားငယ္ေလးကို ရိပ္သာမွာ ခဏ ေခၚထားေပးလို႔ ရမလား....သူ႔အေဖက ေဒါသမေျပေသးဘူးရယ္...ျပန္လာရင္ ထပ္ျဖစ္ေနမစိုးလို႔....အခုေတာင္ အခန္းထဲဝင္ေနလို႔သာ...."
"ရ...ရပါတယ္ ခင္ဗ်...ဟို တပ္ရင္းမႉးသိသြားရင္သာ..."
"စိတ္ေျပသြားမွသိတာ အေၾကာင္းမဟုတ္ဘူး ဗိုလ္ႀကီးေရ...မပူနဲ႔...ခဏေနာ္...တပ္ရင္းမႉးမလာခင္ သြားလို႔ရေအာင္...."
ခဏအၾကာ မႈံကုပ္ကုပ္ပါလာသည့္ မ်က္ႏွာေလးက နီရဲကာ အငိုတိတ္စျပဳဟန္။
တပ္ရင္းမႉးထြက္မလာခင္ စြာေတးကို ေခၚၿပီး ခပ္သြက္သြက္လွမ္းလာတုန္း အိမ္ေထာင္သည္လိုင္းခန္းဘက္ လမ္းခြဲအေရာက္ ၿငိမ့္ခနဲထိုးရပ္လာေသာ ဆိုင္ကယ္မီးေလး။
"အကိုႀကီး...."
"က်ိရန္....ညီေလး...ကေလးေတြ အေျခအေန...."
"အဆင္ေျပပါတယ္ အကိုႀကီး...လိမ္းေဆးေရာ ေသာက္ေဆးေရာေပးခဲ့တယ္...ကုတ္ဖဲ့လိုက္လို႔ ဆိုးသြားတာပါ...အခုေတာ့ အပိန္႔ေတြလည္း ေလ်ာ့သြားပါၿပီ...."
"ေအးကြာ...ကိုယ္လည္း ေဆး႐ုံဆင္းတည္းက မဆုံျဖစ္ဘူး...ေရာက္လက္စနဲ႔ တစ္ခါတည္း ရိပ္သာလိုက္ခဲ့ကြာ... ညီေလး..."
"ဟုတ္ပါတယ္ ေဒါက္တာ...အစားေရာအေသာက္ေရာ ပြဲေလးရွိလို႔ပါ...ေရာက္တုန္းေရာက္ခိုက္ေလး မျငင္းပါနဲ႔ဗ်ာ..."
စီနီယာအကိုကလည္းေခၚ၊ ၾကည့္မရခဲ့သည့္ ဂ်စ္ကန္ကန္ ဂ်ဴနီယာေလးကပါ ေဖာ္ေဖာ္ေ႐ြေ႐ြ ေခၚေနသည္မို႔ က်ိရန္ အားနာနာႏွင့္ ေခါင္းၿငိမ့္မိသည္။
ေဟာက္႐ႊမ္းႏွင့္က်ိရန္ ဆိုင္ကယ္မီးေလးေဖ်ာ့သြားေတာ့မွ ေအးစက္စက္လက္ေလးေတြကို ေထြးဆုပ္ကာ အေႏြးဓါတ္ေပးရေတာ့တာ။
ရိပ္သာေရွ႕ကြင္းျပင္ထဲက မီးဖိုနံေဘးမွာ အစားေရာ အေသာက္ေရာ ဂစ္တာသံခ်ိဳခ်ိဳႏွင့္ အေတာ္ေလး စည္ကားေနၿပီ။
ဗိုလ္မႉးရိက်ိဳးက အသံဝါႀကီးႏွင့္ စစ္သီခ်င္းေတြ ဆိုေနတာမို႔ ဂစ္တာတီးေနသည့္ ဟိုက္ခြမ္းခမ်ာ အီလည္လည္ႏွင့္။
မီးေရာင္သိပ္မေရာက္သည့္ေနရာမို႔ ပန္ထမင္းပူပူ၊ ဘူးသီးႏုႏုႏွင့္ ၾကက္သားကာလသားခ်က္ေလးကို ခြံ႕ေပးေတာ့ ေခါင္းေလးငုံ႔ကာ ၿငိမ္ၿငိမ္ေလး စားေနသည့္ စြာေတး။
ေရခပ္ေပး၊ပါးစပ္သုတ္ေပးၿပီး မေယာင္မလည္ႏွင့္ ကြပ္ပ်စ္မွာ ဝင္ထိုင္ေတာ့ ေဟာက္႐ႊမ္းက ဂစ္တာတီးကာ က်ိရန္ကို ႐ႊန္း႐ႊန္းစားစားၾကည့္ရင္း ဆိုေနတာမို႔ ျဖဴျဖဴပါးပါး က်ိရန္ခမ်ာ နီေစြးစျပဳေခ်ၿပီ။
"တို႔ရိပ္သာရဲ႕ ပင္တိုင္အဆိုရွင္ အလွည့္ပါ...ေရွာင္းက်န္႔....ညီေလးေရ...."
ဗိုလ္မႉးရိက်ိဳးရဲ႕ ခပ္ေသာေသာ အေျပာမွာ ဂစ္တာကို ႀကိဳးညႇိရင္း မ်က္ဝန္းစိုစိုေလးေတြကို တစ္ခ်က္စိုက္ၾကည့္ကာ intro စၿပီ။
ေနမင္းရဲ႕ အလင္းေရာင္သည္လည္း
မေန႕ကနဲ႕မတူ မေန႕ကလို မပူေတာ့ၿပီ....
အားသစ္အင္သစ္ေတြ ေဆာင္ၾကဥ္းေပးခဲ့လို႔ ငါသည္....
အခ်စ္အတြက္ တစ္ဖန္ ေမြးဖြားခဲ့ၿပီ...
ငွက္ေက်းရဲ႕ သီခ်င္းသံသည္လည္း
မေန႕ကနဲ႕မတူ မေန႕ကလို မဆူေတာ့ၿပီ....
အေတြးသစ္ အျမင္သစ္ေတြ ေဆာင္က်ဥ္းေပးခဲ့လို႔ ငါသည္...
အခ်စ္အတြက္ တစ္ဖန္ ေမြးဖြားခဲ့ၿပီ...
ေမွ်ာ္လင့္ျခင္းေတြ ရင္မွာ ျပန္ရွင္သန္လာ...
မာန္မာနေတြ ရင္မွာ ျပန္ခိုင္မာလာ....
ဒီဘဝကို အရႈံးမေပးေတာ့ဘူး လို႔...
ငါ့ႏွလုံးသား တစ္ခ်က္ခုန္လိုက္တိုင္းသည္ မေန႕ကနဲ႕ကြာ မေန႕ကလို မနာေတာ့ၿပီ...
သူ႕မ်က္ႏွာ ခဏ ျမင္လိုက္တည္းက စၿပီး ငါသည္....
အခ်စ္အတြက္ တစ္ဖန္ ေမြးဖြားခဲ့ၿပီ...
ေမွ်ာ္လင့္ျခင္းေတြ ရင္မွာ ျပန္ရွင္သန္လာ...
မာန္မာနေတြ ရင္မွာ ျပန္ခိုင္မာလာ....
ဒီဘဝကို အရႈံးမေပးေတာ့ဘူး လို႔...
ငါ့ႏွလုံးသား တစ္ခ်က္ခုန္လိုက္တိုင္းသည္ မေန႕ကနဲ႕ကြာ မေန႕ကလို မနာေတာ့ၿပီ...
သူ႕မ်က္ႏွာ ခဏ ျမင္လိုက္တည္းက စၿပီး ငါသည္....
အခ်စ္အတြက္ တစ္ဖန္ ေမြးဖြားခဲ့ၿပီ...
ႏွင္းေငြ႕ေတြေဝေနသည့္ ညခ်မ္းေလးရဲ႕ မီးဖိုေလးေဘးမွာ....
ခ်စ္သူရဲ႕သီခ်င္းကို ႏႈတ္ခမ္းေလးကိုက္ကာ ၾကည္ႏူးေနခဲ့တဲ့ ေကာင္ေလးဟာ...
ဂစ္တာႀကိဳးေပၚ ဖိကစားေနတဲ့ ဗိုလ္ႀကီးရဲဲဲ့ လက္ေတြက heart sign ေလးေၾကာင့္.....
ဟူဒီေလးကို မလုံတလုံဆြဲၿခဳံရင္း ၾကည္ၾကည္ႏူးႏူး ၿပဳံးေနခဲ့ပါသတဲ့။
...............................................
Note >>>
တကယ္ကို မအားတာရယ္ မေရးျဖစ္တာရယ္နဲ႔ update ေတြ ေနာက္က်သြားတယ္
ေက်ာင္းဖြင့္လို႔မျပန္ခင္အထိ ေပ်ာ္႐ႊင္စရာ ခ်စ္သူဘဝေလးေပါ့
ဦးထီး (စိုင္းထီးဆိုင္) ရဲ႕ အခ်စ္အတြက္ တစ္ဖန္ေမြးဖြားျခင္း... သီခ်င္းေလး ထည့္သုံးပါတယ္
ဦးထီးသီခ်င္းေတြက ေအးေအးၿငိမ့္ၿငိမ့္နဲ႔ ရင္ကိုထိသလို တပ္မေတာ္သားအမ်ားစုက ဦးထီးသီခ်င္းေတြကို အေတာ္ေလးႀကိဳက္ၾကတာမို႔ပါ
Love U All ♥
#NwayOo
13.11.2020 (01:00) AM