I'm a Chef in the Modern Era...

Galing kay Dancing_Breeze

581K 107K 3.1K

Name 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Sc... Higit pa

Chapter - 1.1
Chapter - 1.2
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8.1
Chapter - 8.2
Chapter - 9.1
Chapter - 9.2
Chapter - 10
Chapter - 11.1
Chapter - 11.2
Chapter - 12.1
Chapter - 12.2
Chapter - 13
Chapter - 14
Chapter - 15.1
Chapter - 15.2
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51.1
Chapter - 51.2
Chapter - 52
Chapter - 53
Chapter - 54
Chapter -55
Chapter - 56.1
Chapter - 56.2
Chapter - 57
Chapter - 58
Chapter - 59
Chpater - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88.1
Chapter - 88.2
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121

Chapter - 29

4.9K 1K 108
Galing kay Dancing_Breeze

[Zawgyi]

{ဖက္ထုပ္ျပဳတ္}

ေခ်ာင္ယန္လမ္းကိုလာတဲ့ဒီခရီးက ျပသနာတက္လိမ့္မယ္လို႔ ေက်ာင္းရႊယ္ေမ့ေမ်ွာ္လင့္မထား။ ၿပီးေတာ့ သူမ လူအိုႀကီးယန္ကိုလည္းမေတြ႕နိုင္ခဲ့။ သူမ ဘယ္တုန္းကမွနွစ္ခါျပန္မၾကည့္ခဲ့တဲ့ ဒီမေလာက္ေလးမေလာက္စားနွစ္ေယာက္က တစ္ေလ်ွာက္လံုး ရိုက်ိဳးနွိမ့္ခ်တတ္တဲ့ပံုစံနဲ႔ပုန္းကြယ္ေနခဲ့သည္ပဲ။

ဒီသိုးေရၿခံဳထားတဲ့ဝံပုေလြေကာင္ေၾကာင့္ ေရွာင္ေရွာင္ထိခိုက္သြားတဲ့အတြက္ ေက်ာင္းရႊယ္ေမ့မွာ အဖိုးအိုယန္ကို ထပ္ကာထပ္ကာမုန္းတီးေနမိၿပီး ဒီအမုန္းတရားေတြက ေရာေထြးသြားကာ ပိုမိုခါးသီးနာက်ည္းမုန္းတီးမႈဆီေျပာင္းလဲသြားၿပီး သူမစိတ္က အထင္ေသးမုန္းတီးမႈေတြနဲ႔လႈိင္းထန္ေနေတာ့သည္။ လူအိုႀကီးယန္ကသာ သူတို႔နွစ္ေယာက္ကို သူ႔အိမ္ကိုေခၚမလာဘူး၊ တင္ေကြၽးမထားဘူး၊ အဝတ္ေတြဆင္မေပးဘူး၊ ေနခိုင္းမထားဘူးဆိုရင္ ဒီလိုကိစၥမ်ိဳးက ဘယ္လိုလုပ္ျဖစ္လာမွာလဲ?

စက္ဆုပ္မုန္းတီးမႈက အထြတ္အထိပ္ေရာက္လ်က္နွင့္ပင္ ေစာေစာက ရွီခ်င္စားေသာက္ဆိုင္ရဲ႕ျမင္ကြင္းကို ေက်ာင္းရႊယ္ေမ့ သတိရလာမိၿပီး အဖိုးအိုယန္က စားပဲြေအာက္ကပိုက္ဆံေတြကိုယူၿပီး အေမွာင္ထဲမွာဖြက္ထားတယ္လို႔ ပိုမိုယံုၾကည္လာသည္။ ဒီနွစ္ေတြအတြင္း သူ သူမတို႔ဆီကေန ေငြဘယ္ေလာက္မ်ားမ်ားဝွက္ထားၿပီလဲဆိုတာ သူမ မသိ။ ၿပီးေတာ့ သူက အခုထိ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ဆိုင္ေလးတစ္ဆိုင္ကိုေတာင္ မေပးေသး။

စဥ္းစားရင္းစဥ္းစားရင္းနဲ႔ သူမခန္႔မွန္းခ်က္က မွန္တယ္လို႔ ယံုၾကည္သည္ထက္ယံုၾကည္လာသည္။

ခဏၾကာေတာ့ ေက်ာင္းရႊယ္ေမ့ အံႀကိတ္ကာ ယန္ေရွာင့္ကိုထူလိုက္သည္။

"နင္တို႔နွစ္ေယာက္နဲ႔ ငါ မၿပီးေသးဘူး!"

သူမ တံေတြးေထြးလိုက္သည္။

"ျပန္ရေအာင္ပါ အေမရာ။ အိမ္အေၾကာင္းကိုလည္း ေမ့လိုက္ပါေတာ့။ အဖိုးက ကြၽန္ေတာ္တို႔ကို ဘယ္နည္းနဲ႔မွအိမ္မေပးဘူးလို႔ ဆံုးျဖတ္ထားေလာက္ၿပီ။"

"အိမ္အေၾကာင္း ေမ့လိုက္ရမယ္?"

ေက်ာင္းရႊယ္ေမ့က သေရာ္သည္။

"ေကာင္းၿပီေလ၊ ဒါေပမယ့္ အေမ အိမ္အၾကာင္းကိုေမ့လိုက္ရင္ေတာင္ ဒီမုန္းတီးမႈကို ဘယ္ေတာ့မွေမ့မွာမဟုတ္ဘူး။ ဒီမိမစစ္ဖမစစ္နွစ္ေယာက္ကို အေမ ဒီအတိုင္းေတာ့မထားနိုင္ဘူး!"

ယန္ေရွာင္က သူမရဲ႕မ်က္လံုးေတြထဲက ရွင္းလင္းျပတ္သားေနတဲ့အမုန္းတရားေတြကို မသိျမင္နိုင္ခဲ့ဘဲ သူ႔အေမက ေဒါသထြက္ေနတုန္းမို႔သာ ရန္လိုတဲ့စကားေတြေျပာေနတာလို႔ေတြးလိုက္သည္။

ထိုအခ်ိန္တြင္မူ တစ္ျခားဘက္၌ ရွန္ဖူက ေျခလွမ္းႀကဲႀကီးအနည္းငယ္အတြင္းမွာပင္ လင္ရႈယီကိုမီွလာၿပီး လင္ရႈယီက သူ႔ကိုစိုက္ၾကည့္ေနတာကိုေတြ႕လိုက္ရသည္။

ရွန္ဖူက ခ်က္ခ်င္းပင္သတိထားမိသြားသည္။

"ဘာျဖစ္လို႔လဲ? ဘာလို႔ ကိုယ့္ကိုစိုက္ၾကည့္ေနတာလဲ? မင္း ကိုယ့္ကိုၾသဝါဒေႁခြေတာ့မယ္လို႔ေတာ့ မေျပာနဲ႔ေနာ္။ ကိုယ္တကယ္သူ႔ကို လက္နဲ႔ေတာင္မ႐ြယ္ခဲ့ပါဘူး။ ေျခေထာက္နဲ႔ပဲ။ ဒါက ရန္ျဖစ္တယ္လို႔ေျပာလို႔မရဘူးေလ။ ဟုတ္တယ္ဟုတ္?"

"ခင္ဗ်ား ထိခိုက္လာေသးလား?"

ရွန္ဖူတစ္ေယာက္ ခဏမ်ွအံ့အားသင့္သြားၿပီးေနာက္ ၿပံဳးၿဖီးသြားေတာ့သည္။

"ကိုယ္က ဒီေလာက္ေလးနဲ႔ ထိခိုက္မယ့္လူနဲ႔တူေနလို႔လား?"

လင္ရႈယီက ရယ္သည္။

"မတူဘူး။"

ထပ္မံအံ့ၾသသြားရင္းနဲ႔ပဲ ရွန္ဖူ မ်က္နွာတည္လိုက္သည္။

"မရယ္နဲ႔ေလကြာ!"

လင္ရႈယီက အားသိပ္စိုက္ျခင္းမရွိဘဲ ရွန္ဖူ႔ကို မ်က္နွာအမ်ိဳးမ်ိဳးေျပာင္းလဲျပၿပီးေနာက္ ရွန္ဖူက ေျပာလိုက္တာျဖစ္၏။ လင္ရႈယီက သူ႔ကို ခဏၾကာေအာင္ၾကည့္ေနၿပီးေနာက္ လွည့္ထြက္သြားေတာ့သည္။

ရွန္ဖူက ေနရာမွာပဲ အၾကာႀကီးရပ္ေနခဲ့သည္။ သူက မခ်င့္မရဲအံႀကိတ္ရင္း တီးတိုးေရ႐ြတ္သည္။

"...ထိန္းခ်ဳပ္မႈ လြတ္လုနီးပါးပဲ။"

ေနာက္ဆံုး၌မူ သူတို႔နွစ္ေယာက္ ရွီခ်င္စားေသာက္ဆိုင္သို႔ျပန္ေရာက္လာၾကၿပီျဖစ္၏။ အဖိုးပိုယန္က အခ်ိန္ေတြအၾကာႀကီး လဲေလ်ာင္းအနားမယူခဲ့ရေသာ္လည္း ထေနၿပီျဖစ္ၿပီး စားပဲြတြင္ထိုင္ေန၏။ ေရွာင္ဝမ္က သူ႔နဲ႔မ်က္နွာခ်င္းဆိုင္တြင္ ထိုင္ေနသည္။ အဖိုးအိုယန္က သူတို႔ကိုေက်ာေပးထားၿပီး သူ႔မ်က္နွာကိုမျမင္ရတာေၾကာင့္ သူတို႔(အဖိုးအိုယန္နဲ႔ေရွာင္ဝမ္)ဘာေျပာေနလဲဆိုတာ မရွင္းလင္းေပ။

"ေရွာင္ယီကိုကို! ေရွာင္ဖူကိုကို!"

ေရွာင္ဝမ္ရဲ႕စူးရွတဲ့မ်က္လံုးေတြက သူတို႔နွစ္ေယာက္ ဆိုင္ထဲဝင္လာလာခ်င္းမွာပင္ သူတို႔ကိုေတြ႕သြားၿပီး သူမက တက္ႂကြစြာေအာ္ေခၚလိုက္ေလ၏။ အဖိုးအိုယန္လည္း လွည့္ၾကည့္လာသည္။

ေက်ာင္းရႊယ္ေမ့နဲ႔သူမရဲ႕သားလာတုန္းကရွိေနတဲ့ စားသံုးသူေတြ မရွိေတာ့ဘဲ စာသံုးသူအသစ္မ်ားေရာက္ရွိေနသည္။ လက္ရွိ ဆိုင္ထဲမွာရွိေနတဲ့ဘယ္သူကမွ ေစာေစာကအျဖစ္အပ်က္ကို မသိၾကေပ။ အဖိုးအိုယန္က သူတို႔နွစ္ေယာက္ကို ရႊင္ျမဴ းစြာနႈတ္ဆက္လာ၏။

"ေရွာင္ဝမ့္အဖြားက ဝက္ေျခေထာက္ေတြပို႔လိုက္တယ္။ လာစားၾက!"

ေစာေစာကျဖစ္သြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အဖိုးအိုယန္ ဘာမွမသိတာကိုျမင္မွ လင္ရႈယီတစ္ေယာက္ စိတ္သက္သာရာရသြားရွာ၏။

သူ မထင္ထားတာက ရွန္ဖူက ပါးစပ္ဟၿပီးခ်က္ခ်င္းႀကီးေျပာလိုက္မယ္ဆိုတာကိုပင္။

"ယန္ေရွာင္နဲ႔ သူ႔အေမ ေစာေစာကတင္လာသြားတယ္။"

"…"

လင္ရႈယီက ေခါင္းလွည့္ကာ ရွန္ဖူ႔ကိုၾကည့္လာသည္။

အဖိုးအိုယန္ရဲ႕အမူအရာက အနည္းငယ္ေျပာင္းလဲသြား၏။ သူက ေျပာသည္။

"သူတို႔ထပ္လာျပန္ၿပီလား? ဘာျပသနာမွမရွာဘူးမလား?"

ရွန္ဖူ ေခါင္းယမ္းလိုက္သည္။ သူတို႔ရဲ႕ႏူလရည္႐ြယ္ခ်က္က ျပသနာရွာဖို႔ဆိုေပမယ့္ ဘာျပသနာမွမရွာလိုက္နိုင္ပါဘူး။

"ကြၽန္ေတာ္ ယန္ေရွာင့္ကို သင္ခန္းစာနည္းနည္းေပးလိုက္တယ္။ အဖိုး စိတ္မဆိုးဖို႔ေမ်ွာ္လင့္ပါတယ္။"

"…"

လင္ရႈယီနဲ႔ေရွာင္ဝမ္တို႔နွစ္ေယာက္လံုး ဆံြ႕အသြားၾကသည္။

ရွန္ဖူက ကိစၥတိုင္းကို ဒီလိုမ်ိဳးတန္းခနဲေျပာခ်လိုက္မည္ဟု အဖိုးအိုယန္ တကယ္ပင္ထင္မထားပါေခ်။ သူက ႏူးညံ့စြာၿပံဳး၏။

"အဆင္ေျပပါတယ္။ အဲ့လိုစိတ္ဓာတ္မ်ိဳးနဲ႔ ဒီကေလးယန္ေရွာင္က သင္ခန္းစာတစ္ခုနွစ္ခုေလာက္အေပးခံရသင့္တယ္။ သူသိတာက သူ႔မိဘေတြကိုဘယ္လိုမွီခိုၿပီးဒုကၡေပးရမလဲဆိုတာပဲ။ ရပါတယ္၊ အဖိုးစိတ္မဆိုးပါဘူး။ လူေလးက ဘယ္ေတာ့မွအလြန္အကြၽံမလုပ္ဘူးဆိုတာ အဖိုးသိပါတယ္။"

ရွန္ဖူက ေႏြးေထြးစြာၿပံဳးသည္။

အဖိုးအိုယန္က အေဝးတစ္ေနရာကိုအၾကာႀကီးေငးၾကည့္ေန၏။ ထို႔ေနာက္ သူက သက္ျပင္းခ်လိုက္ကာ စကားေျပာလာသည္။

"က်န္းေကာ္ငယ္ငယ္ေလးတည္းက သူ႔အေမဆံုးသြားခဲ့တယ္။ အဖိုးက သူ႔ကိုဂရုစိုက္ေပးဖို႔ ပိုက္ဆံရွာရင္းအလုပ္မ်ားေနခဲ့ေတာ့ သူက သူ႔အဖြားနဲ႔ပဲႀကီးပ်င္းလာရတယ္။ အဖိုးက ခဏခဏအေဝးကိုေရာက္ေနခဲ့ၿပီး သူ႔ကို တစ္နွစ္မွာအႀကိမ္နည္းနည္းပဲေတြ႕နိုင္ခဲ့တယ္။ ဒါေပမယ့္ ဒါေတြအားလံုးက သူ႔အတြက္ပဲလို႔ အဖိုးကိုယ္အဖိုးအၿမဲေျပာတယ္။ တစ္ခ်ိန္လံုးအေဝးေ ရာက္ေနၿပီး ကုန္းရုန္းၿပီးေငြရွာေနတာ က်န္းေကာ္ကိုေထာက္ပံ့ေပးဖို႔အတြက္ပါပဲ။ အဖိုး သူ႔ေဘးမွာရွိမေနနိုင္ရင္ေတာင္ အဆင္ေျပတယ္လို႔ထင္ခဲ့တာ။ အဲ့ဒါက အဖိုးကူညီနိုင္တဲ့အရာမဟုတ္ခဲ့ဘူးေလ။

အခ်ိန္ေတြၾကာၿပီးလို႔ တစ္ေန႔ အဖိုးအိမ္ျပန္လာတဲ့အခ်ိန္ သူတံခါးေရွ႕မွာရပ္ေနတာကို ျမင္လိုက္ရတဲ့အထိပဲ။ သူက နွစ္ေတြအၾကာႀကီး သူ႔အဖြားရဲ႕ၾကမ္းၾကမ္းတမ္းတမ္းဆူပူႀကိမ္းေမာင္းတာေတြ၊ ျပင္းျပင္းထန္ထန္ရိုက္နွက္ခဲ့တာေတြကိုခံခဲ့ရတာေၾကာင့္ အဖိုးကိုေခၚရင္း အရမ္းကိုေၾကာက္ရံြ႕ၿပီးမဝ့ံမရဲျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ အဖိုးရဲ႕အမွားေတြကို အရမ္းေနာက္က်ၿပီးမွသိခဲ့ရတာ။ ကေလးဘဝက ပံုသြင္းခံခဲ့ရတဲ့ ေၾကာက္တတ္တဲ့စိတ္ထားက စဲြၿမဲပံုက်ေနခဲ့ၿပီ။

ေနာက္ေတာ့ သူေက်ာင္းရႊယ္ေမ့နဲ႔လက္ထပ္ဖို႔လုပ္ခ်ိန္မွာ မေကာင္းဘူးဆိုတာ အဖိုးသိတယ္။ အဖိုး ဒါကို ဘယ္တုန္းကမွသေဘာမက်ခဲ့ဘူး။ ရႊယ္ေမ့၊ အဲ့မိန္းကေလးက အရမ္းကိုလႊမ္းမိုးနိုင္တဲ့အမူအက်င့္ရွိတယ္။ က်န္းေကာ္ရဲ႕ႏူးညံ့တဲ့စိတ္ထားမ်ိဳးနဲ႔သာဆို သူက သူ႔ရဲ႕က်န္ရွိေနတဲ့တစ္ဘဝလံုး သူ(မ)လက္ထဲမွာခ်ဳပ္ကိုင္ခံထားရေတာ့မွာ။ ဒါေပမယ့္ ဒီကိစၥမွာလည္း အဖိုးလုပ္နိုင္တာ ဘာမွမရွိခဲ့ဘူး။ က်န္းေကာ္က သူ႔(မ)ကိုခ်စ္တယ္ေလ။ ဒီလိုလႊမ္းမိုးတတ္တဲ့အက်င့္စရိုက္ရွိတာလည္း အဆင္ေျပမွာပါ၊ အနည္းဆံုးေတာ့ အဖိုးထြက္သြားၿပီးတဲ့အခ်ိန္က်ရင္ က်န္းေကာ္က တစ္ျခားသူေတြအနိုင္က်င့္တာမခံရေတာ့ဘူးေပါ့လို႔ အဖိုးကိုယ္အဖိုး ေျဖာင္းဖ်ဖို႔ႀကိဳးစားခဲ့ရတယ္။

တစ္ခါတစ္ေလေတာ့လည္း ဒါေတြအားလံုးက အဖိုးရဲ႕အမွားေတြလို႔ အဖိုးဘာသာေတြးမိေနတုန္းပဲ။ အကုန္လံုးက အဖိုးရဲ႕လြတ္လြတ္လပ္လပ္ေနၿပီး ကိုယ့္သေဘာအတိုင္းလုပ္ခ်င္တာေတြကိုလုပ္ခဲ့တာေၾကာင့္ပဲ။ အဖိုးရဲ႕မိသားစုက ဒီလိုအဆံုးသတ္သြားရတာ အဖိုးရဲ႕အမွားေတြပဲ။ အဖိုးရဲ႕သားကို လ်စ္လ်ဴ ရႈမိတဲ့အတြက္ ေကာင္းကင္ဘံုက အျပစ္ေပးတာပဲ။ အကုန္လံုးက အဖိုးသူ႔ကို ေကာင္းေကာင္းမြန္မြန္ေျမေတာင္မေျမႇာက္ေပးခဲ့လို႔ ဒီလိုအဆံုးသတ္သြားရတာ။"

လင္ရႈယီ၊ ရွန္ဖူနဲ႔ ေရွာင္ဝမ္တို႔မွာ အခ်ိန္ခဏၾကာၿပီးမွသာ တုန္႔ျပန္လိုက္နိုင္ၾကသည္။ အဖိုးအိုယန္က အတိတ္ကိုသတိရေနၿပီး သူ႔ကိုယ္သူအျပစ္တင္ကာ ဝန္ထုပ္ဝန္ပိုးမ်ားကို သူ႔ပခံုးေပၚတြင္သာထမ္း႐ြက္ထားၿပီး အမွန္တရားရဲ႕ရက္စက္မႈကို ပိုၿပီးခံနိုင္ရည္ရွိေအာင္ႀကိဳးစားေနသည္။

ဒါေတြအားလံုးကို အခုလိုဖြင့္ထုတ္ေျပာျပလိုက္ျခင္းက တစ္စံုတစ္ရာကိုအစပ်ိဳးျခင္းျဖစ္ေပလိမ့္မည္။ သူ႔ေခါင္းထဲမွာ တစ္ခုခုေတြးထားၿပီးသားရွိေပမည္။

လင္ရႈယီမွာ ဘာစကားကိုမွေျပာရန္မရွာနိုင္သည့္အေလ်ာက္ သူက အဖိုးအိုယန္ဆီေလ်ွာက္သြားကာ အဖိုးအိုယန္ရဲ႕ပိန္ပါးၿပီးငံု႔ကိုင္းေနတဲ့ပခံုးေပၚက္ု သူ႔လက္ေတြတင္လိုက္သည္။ ထိုစဥ္တြင္ပင္ သူက ရွန္ဖူ႔ကို အဖိုးအိုယန္အား နွစ္သိမ့္ေပးရန္တိုက္တြန္းဟန္ျဖင့္ ရွန္ဖူ႔ထံ အသနားခံသည့္အၾကည့္တစ္ခ်က္ပစ္လႊတ္လိုက္သည္။ စကားေျပာျခင္းက ရွန္ဖူ႔ရဲ႕ထူးခြၽန္မႈပဲေလ။

ရွန္ဖူ သက္ျပင္းရွည္ႀကီးခ်လိုက္မိသည္။

"အဖိုးရာ၊ ဒါေတြအကုန္လံုးက ဘာလို႔အဖိုးရဲ႕အမွားေတြျဖစ္ရမွာလဲ? သူတို႔ရဲ႕ေ႐ြးခ်ယ္မႈအတြက္ လူတိုင္းမွာ တာဝန္ရွိတယ္။"

အဖိုးအိုယန္က ေက်ာကိုမတ္ကာ မ်က္လံုးကိုပြတ္သည္။

"ထားလိုက္ေတာ့၊ လူေလး ဘာမွေျပာဖုိ႔မလုိပါဘူး။ လူေတြက သူတို႔အသက္ႀကီးလာတဲ့အခါ အတိတ္အေၾကာင္းေတြးမိတတ္ၾကတယ္။ ဒါပါပဲ။"

အမွန္ေတာ့ အဖိုးအိုယန္က နွစ္သိမ့္မႈကိုရွာေဖြေနျခင္းမဟုတ္ေပ။ သူက သူ႔ပခံုးထက္မွာထမ္းပိုးထားရေသာ ဆိုး႐ြားလြန္းလွသည့္ စိတ္ဓာတ္က်ဖြယ္မ်ားကို ဖြင့္ဟလိုက္ျခင္းသာ။ ဒါမွသာ သူ႔အေနနဲ႔ စိတ္ရွင္းရွင္းနဲ႔ ဆံုးျဖတ္ခ်က္တစ္ခုခ်နိုင္မည္ေလ။

"ေတာ္ၿပီ၊ ေတာ္ၿပီ။ သူတို႔ လာခ်င္ င္ရင္လည္း လာပါေစ။ ေရွာင္ဖူ၊ လူေလး သူတို႔ကို တားဖို႔မလိုဘူး။ သူတို႔က ေကာင္းေကာင္းမြန္မြန္စကားေျပာခ်င္တယ္ဆိုရင္ အဖိုးက သူတို႔အတြက္ လက္ဖက္ရည္ငွဲ႔ေပးၿပီး ထိုင္ဖို႔ဖိတ္လိုက္မယ္။ ေကာင္းေကာင္းမြန္မြန္စကားမေျပာခ်င္ဘူးဆိုရင္လည္း သူတို႔ကို ထြက္သြားဖို႔ေျပာတာ မခက္ခဲပါဘူး။"

သူေျပာတာကိုနားေထာင္ရသည္မွာ တစ္စံုတစ္ေယာက္က သူတို႔ရဲ႕ရင္းႏွီးတဲ့မိသားစုအေၾကာင္းေျပာေနပံုနွင့္ လားလားမွမတူပါေခ်။

ရွန္ဖူနဲ႔လင္ရႈယီတို႔နွစ္ေယာက္လံုးက အဖိုးအိုယန္ဆိုလိုတာကို နားလည္ေသာ္လည္း ေရွာင္ဝမ္ကေတာ့ ရႈပ္ေထြးေနဆဲပင္။ သူမမွာ အဖိုးအိုယန္ ဘယ္သူ႔အေၾကာင္းေျပာေနလဲဆိုတာနွင့္ ဘာေတြျဖစ္ေနတယ္ဆိုတာကို လိုက္မမွီနိုင္ေခ်။

အိမ္ကိုျပန္ေရာက္တဲ့အခါ သူမက ဒီေန႔အျဖစ္အပ်က္ေတြနဲ႔ ထိုစကားဝိုင္းအေၾကာင္းကို သူမအဖြားအားေဖာက္သည္ခ်၏။ သူမအဖြားက ခ်က္ခ်င္းသေဘာေပါက္သြားကာ ရယ္ေလ၏။

"သိပ္ေကာင္းတယ္! သူတို႔နွစ္ေယာက္လိုေျမးမ်ိဳးနဲ႔ေခြၽးမမ်ိဳးက သူတို႔တည္ရွိမႈက ဒါေတြကိုပိုင္ဆိုင္ရဖို႔မဟုတ္ဘူးဆိုတာ သိဖို႔လိုတယ္။ မိဘတစ္ဦးအတြက္ မိဘေတြကိုဆန္႔က်င္ၿပီးဝတၲရားမေက်ပြန္တဲ့သားသမီးမ်ိဳးရွိတာက ဘာဘီက်ဴးဝက္သားတံုးေတြအမ်ားႀကီးရွိတာနဲ႔ဘာကြာလို႔လဲ?"

[T/N : ဒီေနရာကိုသိပ္နားမလည္ဘူး။ ဘာသာျပန္တာမွားသြားရင္ ေတာင္းပန္ပါတယ္။]

ရယ္သံရပ္သြားၿပီးေနာက္ ေရွာင္ဝမ့္အဖြားက သက္ျပင္းခ်၏။

"အဖြားစိုးရိမ္တာက အဖိုးႀကီးယန္လိုလူမ်ိဳးအတြက္ ဒီလိုဆံုးျဖတ္ခ်က္မ်ိဳးက မေရတြက္နိုင္တဲ့အိပ္မေပ်ာ္တဲ့ညေပါင္းမ်ားစြာကိုေက်ာ္လြန္ၿပီးမွ ရလာတဲ့ဆံုးျဖတ္ခ်က္ျဖစ္မွာကိုပဲ။ အိုင္း...ေၾကာက္တတ္လြန္းတဲ့သားနဲ႔ အညႇာအတာမဲ့ၿပီးရက္စက္လြန္းတဲ့ေခြၽးမကိုရထာားတာ၊ ဘယ္လိုေတာင္ကံဆိုးတဲ့သူလဲ။"

ေနာက္ဆံုးေတာ့ ေရွာင္ဝမ္တစ္ေယာက္ အေျခအေနကို အနည္းငယ္နားလည္သြားေခ်ၿပီ။ သူမက သူမအဖြားနားကိုတိုးကပ္ကာ လက္ေမာင္းကိုဆဲြၿပီး ကေလးေပါက္စတစ္ေယာက္လိုလႈပ္ခါလိုက္သည္။

"ၾကည့္၊ သမီးတို႔မိသားစုက အေကာင္းဆံုးပါပဲဆို! အေမက အဖြားကိုအၿမဲဂရုစိုက္ၿပီး အေဖကလည္း အဖြားကိုေလးစားတယ္။ ၿပီးေတာ့ ေျမးဆိုရင္ေျပာစရာကိုမလိုဘူး။ ေျမးက အဖြားကိုအခ်စ္ဆံုး!"

ေနာက္ဆံုးေတာ့ ေရွာင္ဝမ့္အဖြားမွာ မေနနိုင္စြာၿပံဳးမိရရင္း ေရွာင္ဝမ့္နွာေခါင္းကို ခပ္သာသာကေလးဆဲြလိမ္လိုက္သည္။

"ဒါေပါ့၊ ေျမးကသာခ်စ္စရာအေကာင္းဆံုးပါပဲ!"

ေက်ာင္းရႊယ္ေမ့နဲ႔ ယန္ေရွာင္တို႔ အိမ္ျပန္ေရာက္လာခ်ိန္မွာ ယန္က်န္းေကာ္က ဖက္ထုတ္လုပ္ေနသည္။ သူ႔အေမရဲ႕အကူအညီနဲ႔ ေထာ့နဲ႔ေထာ့နဲ႔ေလ်ွာက္လာတဲ့ယန္ေရွာင့္ကိုျမင္တဲ့အခါမွာေတာ့ သူ႔အမူအရာက ခ်က္ခ်င္းေျပာင္းလဲသြား၏။

"ဘာျဖစ္လာတာလဲ? မင္းတို႔နွစ္ေယာက္ ဘယ္သြားတာလဲ?"

ေက်ာင္းရႊယ္ေမ့က ယန္က်န္းေကာ္ အိမ္မွာရွိေနမည္ဟုထင္မထားေပ။ သူမက ေစာေစာကအျဖစ္အပ်က္ကိုစိတ္ထဲမွာရွိေနဆဲျဖစ္ၿပီး ေပါက္ကဲြထြက္ေတာ့မည့္ေဒါသမ်ားျဖင့္ျပည့္ေနရကား ထိုေဒါသအားလံုးကို ယန္က်န္းေကာ္အေပၚပံုခ်လိုက္ေတာ့သည္။

"ဘယ္ကိုသြားရမွာလဲ? ဘာျဖစ္လာရမွာလဲ? ဟက္၊ ရွင္က ေမးရဲေသးတယ္ေပါ့?ဒီဒုကၡေတြအကုန္လံုးက ရွင့္အေဖေၾကာင့္ပဲ!"

ေက်ာင္းရႊယ္ေမ့က သူမရဲ႕ကံဆိုးမႈေတြထဲ သူ႔အေဖကို ေနာက္တစ္ႀကိမ္ဆဲြထည့္ေနတာကိုျမင္လိုက္ရတဲ့အခါ ယန္က်န္းေကာ္၏အမူအရာမွာ ဆိုး႐ြားလာ၏။

"မင္းလုပ္ရမွာက ဘာျဖစ္လာလဲဆိုတာ ငါ့ကိုေျပာဖို႔ေလ။ ဘာလို႔ အေၾကာင္းျပခ်က္မရွိဘဲ ငါ့အေဖကိုဆဲြထည့္ေနရတာလဲ?"

ယန္က်န္းေကာ္က သူမကိုျပန္ခံေျပာလိုက္တယ္ဆိုတာကို သေဘာေပါက္သြားတဲ့အခါ ေက်ာင္းရႊယ္ေမ့ရဲ႕ေဒါသေတြက ပို၍ပင္ဆူပြက္လာ၏။ သူမက ယန္ေရွာင့္ရဲ႕ရွပ္အက်ႌကို ၾကမ္းတမ္းစြာဆဲြလွန္လိုင္ရင္း သူ႔ဝမ္းဗိုက္ဆီက အတြင္းေၾကဒဏ္ရာက္ုျပလိုက္သည္။

"အေၾကာင္းျပခ်က္မရွိဘူးတဲ့လား? ဒါက ရွင့္အေဖရဲ႕ေစာင့္ေရွာက္မႈေအာက္မွာရွိေနတဲ့ ဟိုမိမစစ္ဖမစစ္ေလးေတြလုပ္တာပဲ။ ရွင္က ကြၽန္မမွာ အေၾကာင္းျပခ်က္မရွိဘူးလို႔ေျပာရဲတယ္လား?!"

ယန္က်န္းေကာ္ ရုတ္ခ်ည္းဆိုသလိုနားလည္သြားသည္။ ေက်ာင္းရႊယ္ေမ့နဲ႔ယန္ေရွာင္က သူ႔အေဖကိုေတြ႕ဖို႔သြားၾကျပန္ၿပီပဲ။ သူ႔ကြယ္ရာမွာေလ။

"မင္းတို႔ ငါ့အေဖကို သြားေတြျပန္တာလား?"

ေက်ာင္းရႊယ္ေမ့က သူ႔ကို မ်က္နွာရွစ္ေခါက္ခ်ိဳးလ်က္ၾကည့္လာ၏။

"ဟုတ္တယ္။ အဲ့ေတာ့ ဘာျဖစ္လဲ!?"

ယန္က်န္းေကာ္ရဲ႕မ်က္နွာက နီရဲတက္လာသည္။

"အေဖက သူအိမ္ကိုေရာင္းမွာမဟုတ္ပါဘူးလို႔ ေျပာထားၿပီးၿပီေလ။ မင္း ဘာလို႔မ်ား အဲ့ကိစၥကို ဒီအတိုင္းမထားလိုက္နိုင္ရတာလဲ?"

ေက်ာင္းရႊယ္ေမ့ရဲ႕အသံက ခုနစ္သံခ်ီရွစ္သံခ်ီက်ယ္ေလာင္လာ၏။

"ကြၽန္မ ဒီကိစၥကို ဒီအတိုင္းမထားလိုက္နိုင္ဘူး! အဲ့ေတာ့ ဘာျဖစ္လဲ? အမႈိက္သာသာအိမ္စုတ္တစ္လံုးပဲကို သူက ရတနာတစ္ပါးလိုလုပ္ေနတယ္ေလ။ ကြၽန္မသိၿပီ၊ ယန္က်န္းေကာ္၊ ရွင္က ရွင့္ျပသနာေတြကို ကြၽန္မအေပၚပံုခ်ေနတာ၊ ဟုတ္တယ္မလား? ေရွာင္ေရွာင္ သူမ်ားတိုက္ခိုက္တာခံလာရတာ၊ ဒါကိုရွင္က သူ႔ကိုတစ္ခ်က္ေလးေတာင္မၾကည့္ဘဲ ကြၽန္မကို ရွင့္အေဖဆီသြားတဲ့အေၾကာင္းကိုပဲ ေမးခြန္းထုတ္ေနတယ္။ ေကာင္းၿပီေလ၊ ကြၽန္မေျပာလိုက္မယ္! အိမ္ကိစၥထပ္ေျပာဖို႔သြားခဲ့တာ။ ရွင္ဘာလုပ္ခ်င္လဲ၊ ဟမ္?!"

ယန္က်န္းေကာ္ရဲ႕အသံသည္လည္း က်ယ္ေလာင္လာ၏။

"ဟိုဟာလည္းေရွာင္ေရွာင္၊ ဒီဟာလည္းေရွာင္ေရွာင္၊ မင္း သူ႔ကို ဖ်က္ဆီးအလိုလိုက္လို႔မၿပီးေတာ့ဘူးလား! သူ႔ပံုစံမ်ိဳးနဲ႔ သူ ဘယ္ေတာ့မွ ေလာကႀကီးမွာတစ္ေယာက္တည္းရပ္တည္နိုင္မွာမဟုတ္ေတာ့ဘူးကြ!"

ထုိစကားမ်ားေၾကာင့္ ယန္ေရွာင့္မ်က္နွာသည္လည္း မည္းေမွာင္သြားရ၏။

သူတို႔အတူရွိလာတဲ့တစ္ေလ်ွာက္လံူး ယန္က်န္းေကာ္ကာ ေက်ာင္းရႊယ္ေမ့ကို ဒီေန႔လိုမ်ိဳး တစ္ခါမွျပန္ခံမေျပာဖူးခဲ့သလို ထိုကဲ့သို႔ေသာစကားမ်ားကိုလည္း မေျပာဖူးခဲ့။ ေက်ာင္းရႊယ္ေမ့မွာ ေဒါသထြက္လြန္း၍တုန္ရီေနေလၿပီ။ သူမက ေရွ႕ကိုဆတ္ကနဲတိုးက ယန္က်န္းေကာ္ကိုရိုက္လိုက္ၿပီး ေအာ္ဟစ္ေလ၏။

"ကြၽန္မက သူ႔ကိုအလိုလိုက္တယ္? ေရွာင္ေရွာင္က အရမ္းအသက္ႀကီးေနၿပီဆိုေပမယ့္ ရွင္ကေရာ သူ႔ကိုဂရုစိုက္ဖူးလို႔လား? ရွင္ဂရုစိုက္တာက ရွင့္အေဖပဲ! ရွင့္အေဖက ရွင့္ကို ဘယ္တုန္းကမွဂရုမစိုက္ခဲ့တာ ရွက္စရာပဲ! သူက အိမ္အေဟာင္းတစ္လံုးကိုေတာင္ ရွင့္ကိုေပးမယ့္အစား သူ႔ရဲ႕ဟိုမ်ိဳးမစစ္ေလးနွစ္ေယာက္ကိုေပးခဲ့မွာ!"

"ေက်ာင္းရႊယ္ေမ့၊ မင္းဘာေျပာလိုက္တာလဲ?!"

ေက်ာင္းရႊယ္ေမ့ရဲ႕ရုတ္ခ်ည္းေျပာလိုက္တဲ့အေၾကာင္းအရာေၾကာင့္ ယန္က်န္းေကာ္ တကယ္ပင္ေဒါသထြက္လာရေသာ္လည္း ေက်ာင္းရႊယ္ေမ့ကေတာ့ လံုးလံုးဂရုမစိုက္ေပ။

"ကြၽန္္္မ ဘာေျပာလိုက္တာလဲ၊ ဟုတ္လား? ထပ္ေျပာမယ္! မ်ိဳးမစစ္၊ မ်ိဳးမစစ္၊ မ်ိဳးမစစ္၊ ကဲ! အဲ့မ်ိဳးမစစ္ေလးနွစ္ေယာက္က ရွင့္အေဖ ဘယ္သူမွန္းမသိတဲ့သူနဲ႔ရလာတဲ့ မ်ိဴးမစစ္ေလးေတြေလ။ မိဘမဲ့တဲ့၊ ရယ္ခ်င္စရာေကာင္းလိုက္တာ! ေလာကႀကီးမွာ မိဘမဲ့ေတြအမ်ားႀကီးပဲ၊ ဒါေပမယ့္ ရွင့္အေဖက သူတို႔အကုန္လံုးကို ေခၚထားၿပီး ေကြၽးေမြးေစာင့္ေရွာက္ထားတာကို ကြၽန္မေတာ့မေတြ႕ေပါင္။ အဲ့မ်ိဳးမစစ္နွစ္ေယာက္ေပၚလာၿပီးတည္းက ရွင့္အေဖက သူတို႔ကို ဖူးဖူးမႈတ္ဂရုစိုက္ေနတာေလ။ သူတို႔က သူ႔ရဲ႕မ်ိဳးမစစ္ေလးေတြမဟုတ္ရင္ ဘာလဲ? ၿပီးေတာ့ သူ ဘယ္လိုမိန္းမပ်က္မ်ိဳးကို ဆက္ဆံခဲ့လဲဆိုတာ ဘုရားပဲသိ—"

ေျဖာင္း!

ေက်ာင္းရႊယ္ေမ့ရဲ႕စကားေတြမဆံုးေသးခင္မွာပဲ ယန္က်န္းေကာ္ရဲ႕လက္ျပန္ရိုက္ခ်က္က သူမမ်က္နွာကိုအားျပင္းျပင္းနဲ႔ထိသြားၿပီး သူမတစ္ကိုယ္လံုး ေဘးကိုလည္ထြက္သြားသည္။ သူမ နားေတြအူသြားသည္။ ေက်ာင္းရႊယ္ေမ့ရဲ႕မ်က္လံုးေတြက ျပဴ းက်ယ္ေနၿပီး သူမေအးခဲရပ္တန္႔သြားသည္မွာ တစ္ကမၻာေလာက္ၾကာသြားသလိုထင္ရ၏။

ယန္က်န္းေကာ္သည္လည္း သူဒီလိုမ်ိဳးလုပ္မိမယ္လို႔ထင္မထားေခ်။ သူ႔လက္က ေလထဲမွာပဲရွိေသးၿပီး တန္ျပန္အားေၾကာင့္ထံုက်င္ေနကာ သူကေတာ့ မခံမရပ္နိုင္ေသာေဒါသတို႔ေၾကာင့္ တုန္ရီေနသည္။ သူ႔ဘဝမွာ စိတ္ေစာေနမႈေၾကာင့္ အဟန္႔အတားမဲ့စြာျဖင့္   ပထမဆံုးအႀကိမ္အျဖစ္ အလိုလိုတုန္႔ျပန္မိတာျဖစ္သည္။

ေက်ာင္းရႊယ္ေမ့ရဲ႕ပါးက ထံုက်င္ေနကာ စပ္ဖ်င္းဖ်င္းနွင့္ပူေလာင္လာၿပီး သူမနႈတ္ခမ္းေထာင့္မွာ ေသြးစတို႔စီးဆင္းလာသည္။ ေသြးအရသာငံက်ိက်ိက သူမလ်ွာထက္ေရာက္လာၿပီး သူမကိုယ္ထဲက တစ္စံုတစ္ရာနိုးထလာသည့္အလား ေနာက္ဆံုးေတာ့ သူမလႈပ္ရွားလာ၏။ ဆံပင္ေတြရႈပ္ပြေနကာ မ်က္လံုးေတြက အရူးတစ္ေယာက္နွယ္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနလ်က္ သူမက ယန္က်န္းေကာ္ကို သူမကိုယ္လံုးနွင့္ပစ္တိုက္လိုက္သည္။

"ယန္က်န္းေကာ္! နင္ ငါ့ကိုရိုက္ရဲတယ္?! နင့္ကို အသက္ရွင္ေနရတာေနာင္တရေနေအာင္ ငါလုပ္ပစ္မယ္!"

ၾကမ္းျပင္မွာလံုးေထြးသတ္ပုတ္ေနၾကတဲ့လူနွစ္ေယာက္ကိုျမင္ကြင္းက ေရွာ႔ခ္ရေနတဲ့ယန္ေရွာင့္စိတ္ထဲဝင္ေရာက္လာသည္။ သူ႔အေဖက...သူ႔အေမကို ရိုက္လိုက္တယ္? တကယ္လို႔သာ ဒါက အတိတ္မွာျဖစ္ခဲ့မယ္ဆို ဒီလိုကိစၥမ်ိဳးက စိတ္ကူးလို႔ပင္ရနိုင္မည္မဟုတ္။

ဘာေတြျဖစ္ကုန္တာလဲ? ဘယ္လိုလုပ္ၿပီး အဖိုးဆီကုိသြားလည္ခဲ့တဲ့ အဲ့ဒီပထမဆံုးအႀကိမ္တည္းက သူတို႔မိသားစုက အက္ေၾကာင္းေတြပ်ံ႕နွံ႔ေနၿပီးကဲြအက္ေနတဲ့ေရခဲစိုင္လို ျဖစ္လာရတာလဲ?

ယန္ေရွာင္ သူ႔မ်က္လံုးမ်ားကိုေမွးစင္းလိုက္သည္။ ေနာက္ဆံုးေတာ့ သူ႔အဖိုးအေပၚထားတဲ့ မုန္းတီးမႈအပ္ခ်ည္မ်ွင္ေသးေသးေလးေတြက သူ႔နွလံုးသားထဲမွာ တစ္စုတစ္စည္းတည္းေပါင္းစုသြားခဲ့ေလၿပီ။
....

ဘာသာျပန္ရင္းနဲ႔ စိတ္ထဲမွာတအားမြန္းက်ပ္လာေရာပဲ။ အဲ့ကကြန္မန္႔တစ္ခုမွာေတြ႕လိုက္ေသးတယ္။ ယန္က်န္းေကာ္က ေက်ာင္းရႊယ္ေမ့ကိုရိုက္တာက အိမ္တြင္းအၾကမ္းဖက္မႈမို႔ အားမေပးဘူးဆိုလားဘာလားပဲ။ ဒါေပမယ့္ အိုင္သာဆိုလည္း ခံနိုင္မွာမဟုတ္ဘူးရယ္။ ရိုက္ရံုတင္မကဘဲ ဓားဆဲြၿပီးပါခုတ္ေလာက္တယ္။ ဒီလိုရိုက္တာက အိမ္တြင္းအၾကမ္းဖက္မႈဆို ေက်ာင္းရႊယ္ေမ့က ယန္က်န္းေကာ္ကို စိတ္ပိုင္းဆိုင္ရာမွာ အမ်ားႀကီးလႊမ္းမိုးခ်ဳပ္ကိုင္ၿပီးဒုကၡေပးလာတာၾကာခဲ့ၿပီပဲ။ ယန္ေရွာင္ကလည္း ဘာထေဖာက္ဦးမယ္မသိ။ ေလပန္းလိုက္မိၿပီ >< ေနာက္မေရးေတာ့ပါဘူး။
ပံုကေတာ့ထိပ္ဆံုးမွာ။ Chapတိုင္း ထိပ္ဆံုးမွာပဲထည့္ေတာ့မယ္။ စာလံုးေပါင္းေတြကိုလည္းစစ္မထားတာမို႔ အမွားေတြအမ်ားႀကီးအတြက္ ေတာင္းပန္ပါတယ္။
....

[Unicode]

{ဖက်ထုပ်ပြုတ်}

ချောင်ယန်လမ်းကိုလာတဲ့ဒီခရီးက ပြသနာတက်လိမ့်မယ်လို့ ကျောင်းရွှယ်မေ့မျှော်လင့်မထား။ ပြီးတော့ သူမ လူအိုကြီးယန်ကိုလည်းမတွေ့နိုင်ခဲ့။ သူမ ဘယ်တုန်းကမှနှစ်ခါပြန်မကြည့်ခဲ့တဲ့ ဒီမလောက်လေးမလောက်စားနှစ်ယောက်က တစ်လျှောက်လုံး ရိုကျိုးနှိမ့်ချတတ်တဲ့ပုံစံနဲ့ပုန်းကွယ်နေခဲ့သည်ပဲ။

ဒီသိုးရေခြုံထားတဲ့ဝံပုလွေကောင်ကြောင့် ရှောင်ရှောင်ထိခိုက်သွားတဲ့အတွက် ကျောင်းရွှယ်မေ့မှာ အဖိုးအိုယန်ကို ထပ်ကာထပ်ကာမုန်းတီးနေမိပြီး ဒီအမုန်းတရားတွေက ရောထွေးသွားကာ ပိုမိုခါးသီးနာကျည်းမုန်းတီးမှုဆီပြောင်းလဲသွားပြီး သူမစိတ်က အထင်သေးမုန်းတီးမှုတွေနဲ့လှိုင်းထန်နေတော့သည်။ လူအိုကြီးယန်ကသာ သူတို့နှစ်ယောက်ကို သူ့အိမ်ကိုခေါ်မလာဘူး၊ တင်ကျွေးမထားဘူး၊ အဝတ်တွေဆင်မပေးဘူး၊ နေခိုင်းမထားဘူးဆိုရင် ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ်ဖြစ်လာမှာလဲ?

စက်ဆုပ်မုန်းတီးမှုက အထွတ်အထိပ်ရောက်လျက်နှင့်ပင် စောစောက ရှီချင်စားသောက်ဆိုင်ရဲ့မြင်ကွင်းကို ကျောင်းရွှယ်မေ့ သတိရလာမိပြီး အဖိုးအိုယန်က စားပွဲအောက်ကပိုက်ဆံတွေကိုယူပြီး အမှောင်ထဲမှာဖွက်ထားတယ်လို့ ပိုမိုယုံကြည်လာသည်။ ဒီနှစ်တွေအတွင်း သူ သူမတို့ဆီကနေ ငွေဘယ်လောက်များများဝှက်ထားပြီလဲဆိုတာ သူမ မသိ။ ပြီးတော့ သူက အခုထိ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ဆိုင်လေးတစ်ဆိုင်ကိုတောင် မပေးသေး။

စဉ်းစားရင်းစဉ်းစားရင်းနဲ့ သူမခန့်မှန်းချက်က မှန်တယ်လို့ ယုံကြည်သည်ထက်ယုံကြည်လာသည်။

ခဏကြာတော့ ကျောင်းရွှယ်မေ့ အံကြိတ်ကာ ယန်ရှောင့်ကိုထူလိုက်သည်။

"နင်တို့နှစ်ယောက်နဲ့ ငါ မပြီးသေးဘူး!"

သူမ တံတွေးထွေးလိုက်သည်။

"ပြန်ရအောင်ပါ အမေရာ။ အိမ်အကြောင်းကိုလည်း မေ့လိုက်ပါတော့။ အဖိုးက ကျွန်တော်တို့ကို ဘယ်နည်းနဲ့မှအိမ်မပေးဘူးလို့ ဆုံးဖြတ်ထားလောက်ပြီ။"

"အိမ်အကြောင်း မေ့လိုက်ရမယ်?"

ကျောင်းရွှယ်မေ့က သရော်သည်။

"ကောင်းပြီလေ၊ ဒါပေမယ့် အမေ အိမ်အကြာင်းကိုမေ့လိုက်ရင်တောင် ဒီမုန်းတီးမှုကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ဒီမိမစစ်ဖမစစ်နှစ်ယောက်ကို အမေ ဒီအတိုင်းတော့မထားနိုင်ဘူး!"

ယန်ရှောင်က သူမရဲ့မျက်လုံးတွေထဲက ရှင်းလင်းပြတ်သားနေတဲ့အမုန်းတရားတွေကို မသိမြင်နိုင်ခဲ့ဘဲ သူ့အမေက ဒေါသထွက်နေတုန်းမို့သာ ရန်လိုတဲ့စကားတွေပြောနေတာလို့တွေးလိုက်သည်။

ထိုအချိန်တွင်မူ တစ်ခြားဘက်၌ ရှန်ဖူက ခြေလှမ်းကြဲကြီးအနည်းငယ်အတွင်းမှာပင် လင်ရှုယီကိုမှီလာပြီး လင်ရှုယီက သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။

ရှန်ဖူက ချက်ချင်းပင်သတိထားမိသွားသည်။

"ဘာဖြစ်လို့လဲ? ဘာလို့ ကိုယ့်ကိုစိုက်ကြည့်နေတာလဲ? မင်း ကိုယ့်ကိုသြဝါဒခြွေတော့မယ်လို့တော့ မပြောနဲ့နော်။ ကိုယ်တကယ်သူ့ကို လက်နဲ့တောင်မရွယ်ခဲ့ပါဘူး။ ခြေထောက်နဲ့ပဲ။ ဒါက ရန်ဖြစ်တယ်လို့ပြောလို့မရဘူးလေ။ ဟုတ်တယ်ဟုတ်?"

"ခင်ဗျား ထိခိုက်လာသေးလား?"

ရှန်ဖူတစ်ယောက် ခဏမျှအံ့အားသင့်သွားပြီးနောက် ပြုံးဖြီးသွားတော့သည်။

"ကိုယ်က ဒီလောက်လေးနဲ့ ထိခိုက်မယ့်လူနဲ့တူနေလို့လား?"

လင်ရှုယီက ရယ်သည်။

"မတူဘူး။"

ထပ်မံအံ့သြသွားရင်းနဲ့ပဲ ရှန်ဖူ မျက်နှာတည်လိုက်သည်။

"မရယ်နဲ့လေကွာ!"

လင်ရှုယီက အားသိပ်စိုက်ခြင်းမရှိဘဲ ရှန်ဖူ့ကို မျက်နှာအမျိုးမျိုးပြောင်းလဲပြပြီးနောက် ရှန်ဖူက ပြောလိုက်တာဖြစ်၏။ လင်ရှုယီက သူ့ကို ခဏကြာအောင်ကြည့်နေပြီးနောက် လှည့်ထွက်သွားတော့သည်။

ရှန်ဖူက နေရာမှာပဲ အကြာကြီးရပ်နေခဲ့သည်။ သူက မချင့်မရဲအံကြိတ်ရင်း တီးတိုးရေရွတ်သည်။

"...ထိန်းချုပ်မှု လွတ်လုနီးပါးပဲ။"

နောက်ဆုံး၌မူ သူတို့နှစ်ယောက် ရှီချင်စားသောက်ဆိုင်သို့ပြန်ရောက်လာကြပြီဖြစ်၏။ အဖိုးပိုယန်က အချိန်တွေအကြာကြီး လဲလျောင်းအနားမယူခဲ့ရသော်လည်း ထနေပြီဖြစ်ပြီး စားပွဲတွင်ထိုင်နေ၏။ ရှောင်ဝမ်က သူ့နဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ အဖိုးအိုယန်က သူတို့ကိုကျောပေးထားပြီး သူ့မျက်နှာကိုမမြင်ရတာကြောင့် သူတို့(အဖိုးအိုယန်နဲ့ရှောင်ဝမ်)ဘာပြောနေလဲဆိုတာ မရှင်းလင်းပေ။

"ရှောင်ယီကိုကို! ရှောင်ဖူကိုကို!"

ရှောင်ဝမ်ရဲ့စူးရှတဲ့မျက်လုံးတွေက သူတို့နှစ်ယောက် ဆိုင်ထဲဝင်လာလာချင်းမှာပင် သူတို့ကိုတွေ့သွားပြီး သူမက တက်ကြွစွာအော်ခေါ်လိုက်လေ၏။ အဖိုးအိုယန်လည်း လှည့်ကြည့်လာသည်။

ကျောင်းရွှယ်မေ့နဲ့သူမရဲ့သားလာတုန်းကရှိနေတဲ့ စားသုံးသူတွေ မရှိတော့ဘဲ စာသုံးသူအသစ်များရောက်ရှိနေသည်။ လက်ရှိ ဆိုင်ထဲမှာရှိနေတဲ့ဘယ်သူကမှ စောစောကအဖြစ်အပျက်ကို မသိကြပေ။ အဖိုးအိုယန်က သူတို့နှစ်ယောက်ကို ရွှင်မြူးစွာနှုတ်ဆက်လာ၏။

"ရှောင်ဝမ့်အဖွားက ဝက်ခြေထောက်တွေပို့လိုက်တယ်။ လာစားကြ!"

စောစောကဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဖိုးအိုယန် ဘာမှမသိတာကိုမြင်မှ လင်ရှုယီတစ်ယောက် စိတ်သက်သာရာရသွားရှာ၏။

သူ မထင်ထားတာက ရှန်ဖူက ပါးစပ်ဟပြီးချက်ချင်းကြီးပြောလိုက်မယ်ဆိုတာကိုပင်။

"ယန်ရှောင်နဲ့ သူ့အမေ စောစောကတင်လာသွားတယ်။"

"…"

လင်ရှုယီက ခေါင်းလှည့်ကာ ရှန်ဖူ့ကိုကြည့်လာသည်။

အဖိုးအိုယန်ရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူက ပြောသည်။

"သူတို့ထပ်လာပြန်ပြီလား? ဘာပြသနာမှမရှာဘူးမလား?"

ရှန်ဖူ ခေါင်းယမ်းလိုက်သည်။ သူတို့ရဲ့နူလရည်ရွယ်ချက်က ပြသနာရှာဖို့ဆိုပေမယ့် ဘာပြသနာမှမရှာလိုက်နိုင်ပါဘူး။

"ကျွန်တော် ယန်ရှောင့်ကို သင်ခန်းစာနည်းနည်းပေးလိုက်တယ်။ အဖိုး စိတ်မဆိုးဖို့မျှော်လင့်ပါတယ်။"

"…"

လင်ရှုယီနဲ့ရှောင်ဝမ်တို့နှစ်ယောက်လုံး ဆွံ့အသွားကြသည်။

ရှန်ဖူက ကိစ္စတိုင်းကို ဒီလိုမျိုးတန်းခနဲပြောချလိုက်မည်ဟု အဖိုးအိုယန် တကယ်ပင်ထင်မထားပါချေ။ သူက နူးညံ့စွာပြုံး၏။

"အဆင်ပြေပါတယ်။ အဲ့လိုစိတ်ဓာတ်မျိုးနဲ့ ဒီကလေးယန်ရှောင်က သင်ခန်းစာတစ်ခုနှစ်ခုလောက်အပေးခံရသင့်တယ်။ သူသိတာက သူ့မိဘတွေကိုဘယ်လိုမှီခိုပြီးဒုက္ခပေးရမလဲဆိုတာပဲ။ ရပါတယ်၊ အဖိုးစိတ်မဆိုးပါဘူး။ လူလေးက ဘယ်တော့မှအလွန်အကျွံမလုပ်ဘူးဆိုတာ အဖိုးသိပါတယ်။"

ရှန်ဖူက နွေးထွေးစွာပြုံးသည်။

အဖိုးအိုယန်က အဝေးတစ်နေရာကိုအကြာကြီးငေးကြည့်နေ၏။ ထို့နောက် သူက သက်ပြင်းချလိုက်ကာ စကားပြောလာသည်။

"ကျန်းကော်ငယ်ငယ်လေးတည်းက သူ့အမေဆုံးသွားခဲ့တယ်။ အဖိုးက သူ့ကိုဂရုစိုက်ပေးဖို့ ပိုက်ဆံရှာရင်းအလုပ်များနေခဲ့တော့ သူက သူ့အဖွားနဲ့ပဲကြီးပျင်းလာရတယ်။ အဖိုးက ခဏခဏအဝေးကိုရောက်နေခဲ့ပြီး သူ့ကို တစ်နှစ်မှာအကြိမ်နည်းနည်းပဲတွေ့နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါတွေအားလုံးက သူ့အတွက်ပဲလို့ အဖိုးကိုယ်အဖိုးအမြဲပြောတယ်။ တစ်ချိန်လုံးအဝေးေ ရာက်နေပြီး ကုန်းရုန်းပြီးငွေရှာနေတာ ကျန်းကော်ကိုထောက်ပံ့ပေးဖို့အတွက်ပါပဲ။ အဖိုး သူ့ဘေးမှာရှိမနေနိုင်ရင်တောင် အဆင်ပြေတယ်လို့ထင်ခဲ့တာ။ အဲ့ဒါက အဖိုးကူညီနိုင်တဲ့အရာမဟုတ်ခဲ့ဘူးလေ။

အချိန်တွေကြာပြီးလို့ တစ်နေ့ အဖိုးအိမ်ပြန်လာတဲ့အချိန် သူတံခါးရှေ့မှာရပ်နေတာကို မြင်လိုက်ရတဲ့အထိပဲ။ သူက နှစ်တွေအကြာကြီး သူ့အဖွားရဲ့ကြမ်းကြမ်းတမ်းတမ်းဆူပူကြိမ်းမောင်းတာတွေ၊ ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့တာတွေကိုခံခဲ့ရတာကြောင့် အဖိုးကိုခေါ်ရင်း အရမ်းကိုကြောက်ရွံ့ပြီးမဝံ့မရဲဖြစ်နေခဲ့တယ်။ ဒါပေမယ့် အဖိုးရဲ့အမှားတွေကို အရမ်းနောက်ကျပြီးမှသိခဲ့ရတာ။ ကလေးဘဝက ပုံသွင်းခံခဲ့ရတဲ့ ကြောက်တတ်တဲ့စိတ်ထားက စွဲမြဲပုံကျနေခဲ့ပြီ။

နောက်တော့ သူကျောင်းရွှယ်မေ့နဲ့လက်ထပ်ဖို့လုပ်ချိန်မှာ မကောင်းဘူးဆိုတာ အဖိုးသိတယ်။ အဖိုး ဒါကို ဘယ်တုန်းကမှသဘောမကျခဲ့ဘူး။ ရွှယ်မေ့၊ အဲ့မိန်းကလေးက အရမ်းကိုလွှမ်းမိုးနိုင်တဲ့အမူအကျင့်ရှိတယ်။ ကျန်းကော်ရဲ့နူးညံ့တဲ့စိတ်ထားမျိုးနဲ့သာဆို သူက သူ့ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံး သူ(မ)လက်ထဲမှာချုပ်ကိုင်ခံထားရတော့မှာ။ ဒါပေမယ့် ဒီကိစ္စမှာလည်း အဖိုးလုပ်နိုင်တာ ဘာမှမရှိခဲ့ဘူး။ ကျန်းကော်က သူ့(မ)ကိုချစ်တယ်လေ။ ဒီလိုလွှမ်းမိုးတတ်တဲ့အကျင့်စရိုက်ရှိတာလည်း အဆင်ပြေမှာပါ၊ အနည်းဆုံးတော့ အဖိုးထွက်သွားပြီးတဲ့အချိန်ကျရင် ကျန်းကော်က တစ်ခြားသူတွေအနိုင်ကျင့်တာမခံရတော့ဘူးပေါ့လို့ အဖိုးကိုယ်အဖိုး ဖြောင်းဖျဖို့ကြိုးစားခဲ့ရတယ်။

တစ်ခါတစ်လေတော့လည်း ဒါတွေအားလုံးက အဖိုးရဲ့အမှားတွေလို့ အဖိုးဘာသာတွေးမိနေတုန်းပဲ။ အကုန်လုံးက အဖိုးရဲ့လွတ်လွတ်လပ်လပ်နေပြီး ကိုယ့်သဘောအတိုင်းလုပ်ချင်တာတွေကိုလုပ်ခဲ့တာကြောင့်ပဲ။ အဖိုးရဲ့မိသားစုက ဒီလိုအဆုံးသတ်သွားရတာ အဖိုးရဲ့အမှားတွေပဲ။ အဖိုးရဲ့သားကို လျစ်လျူ ရှုမိတဲ့အတွက် ကောင်းကင်ဘုံက အပြစ်ပေးတာပဲ။ အကုန်လုံးက အဖိုးသူ့ကို ကောင်းကောင်းမွန်မွန်မြေတောင်မမြှောက်ပေးခဲ့လို့ ဒီလိုအဆုံးသတ်သွားရတာ။"

လင်ရှုယီ၊ ရှန်ဖူနဲ့ ရှောင်ဝမ်တို့မှာ အချိန်ခဏကြာပြီးမှသာ တုန့်ပြန်လိုက်နိုင်ကြသည်။ အဖိုးအိုယန်က အတိတ်ကိုသတိရနေပြီး သူ့ကိုယ်သူအပြစ်တင်ကာ ဝန်ထုပ်ဝန်ပိုးများကို သူ့ပခုံးပေါ်တွင်သာထမ်းရွက်ထားပြီး အမှန်တရားရဲ့ရက်စက်မှုကို ပိုပြီးခံနိုင်ရည်ရှိအောင်ကြိုးစားနေသည်။

ဒါတွေအားလုံးကို အခုလိုဖွင့်ထုတ်ပြောပြလိုက်ခြင်းက တစ်စုံတစ်ရာကိုအစပျိုးခြင်းဖြစ်ပေလိမ့်မည်။ သူ့ခေါင်းထဲမှာ တစ်ခုခုတွေးထားပြီးသားရှိပေမည်။

လင်ရှုယီမှာ ဘာစကားကိုမှပြောရန်မရှာနိုင်သည့်အလျောက် သူက အဖိုးအိုယန်ဆီလျှောက်သွားကာ အဖိုးအိုယန်ရဲ့ပိန်ပါးပြီးငုံ့ကိုင်းနေတဲ့ပခုံးပေါ်က်ု သူ့လက်တွေတင်လိုက်သည်။ ထိုစဉ်တွင်ပင် သူက ရှန်ဖူ့ကို အဖိုးအိုယန်အား နှစ်သိမ့်ပေးရန်တိုက်တွန်းဟန်ဖြင့် ရှန်ဖူ့ထံ အသနားခံသည့်အကြည့်တစ်ချက်ပစ်လွှတ်လိုက်သည်။ စကားပြောခြင်းက ရှန်ဖူ့ရဲ့ထူးချွန်မှုပဲလေ။

ရှန်ဖူ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

"အဖိုးရာ၊ ဒါတွေအကုန်လုံးက ဘာလို့အဖိုးရဲ့အမှားတွေဖြစ်ရမှာလဲ? သူတို့ရဲ့ရွေးချယ်မှုအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။"

အဖိုးအိုယန်က ကျောကိုမတ်ကာ မျက်လုံးကိုပွတ်သည်။

"ထားလိုက်တော့၊ လူလေး ဘာမှပြောဖို့မလိုပါဘူး။ လူတွေက သူတို့အသက်ကြီးလာတဲ့အခါ အတိတ်အကြောင်းတွေးမိတတ်ကြတယ်။ ဒါပါပဲ။"

အမှန်တော့ အဖိုးအိုယန်က နှစ်သိမ့်မှုကိုရှာဖွေနေခြင်းမဟုတ်ပေ။ သူက သူ့ပခုံးထက်မှာထမ်းပိုးထားရသော ဆိုးရွားလွန်းလှသည့် စိတ်ဓာတ်ကျဖွယ်များကို ဖွင့်ဟလိုက်ခြင်းသာ။ ဒါမှသာ သူ့အနေနဲ့ စိတ်ရှင်းရှင်းနဲ့ ဆုံးဖြတ်ချက်တစ်ခုချနိုင်မည်လေ။

"တော်ပြီ၊ တော်ပြီ။ သူတို့ လာချင် င်ရင်လည်း လာပါစေ။ ရှောင်ဖူ၊ လူလေး သူတို့ကို တားဖို့မလိုဘူး။ သူတို့က ကောင်းကောင်းမွန်မွန်စကားပြောချင်တယ်ဆိုရင် အဖိုးက သူတို့အတွက် လက်ဖက်ရည်ငှဲ့ပေးပြီး ထိုင်ဖို့ဖိတ်လိုက်မယ်။ ကောင်းကောင်းမွန်မွန်စကားမပြောချင်ဘူးဆိုရင်လည်း သူတို့ကို ထွက်သွားဖို့ပြောတာ မခက်ခဲပါဘူး။"

သူပြောတာကိုနားထောင်ရသည်မှာ တစ်စုံတစ်ယောက်က သူတို့ရဲ့ရင်းနှီးတဲ့မိသားစုအကြောင်းပြောနေပုံနှင့် လားလားမှမတူပါချေ။

ရှန်ဖူနဲ့လင်ရှုယီတို့နှစ်ယောက်လုံးက အဖိုးအိုယန်ဆိုလိုတာကို နားလည်သော်လည်း ရှောင်ဝမ်ကတော့ ရှုပ်ထွေးနေဆဲပင်။ သူမမှာ အဖိုးအိုယန် ဘယ်သူ့အကြောင်းပြောနေလဲဆိုတာနှင့် ဘာတွေဖြစ်နေတယ်ဆိုတာကို လိုက်မမှီနိုင်ချေ။

အိမ်ကိုပြန်ရောက်တဲ့အခါ သူမက ဒီနေ့အဖြစ်အပျက်တွေနဲ့ ထိုစကားဝိုင်းအကြောင်းကို သူမအဖွားအားဖောက်သည်ချ၏။ သူမအဖွားက ချက်ချင်းသဘောပေါက်သွားကာ ရယ်လေ၏။

"သိပ်ကောင်းတယ်! သူတို့နှစ်ယောက်လိုမြေးမျိုးနဲ့ချွေးမမျိုးက သူတို့တည်ရှိမှုက ဒါတွေကိုပိုင်ဆိုင်ရဖို့မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ မိဘတစ်ဦးအတွက် မိဘတွေကိုဆန့်ကျင်ပြီးဝတ္တရားမကျေပွန်တဲ့သားသမီးမျိုးရှိတာက ဘာဘီကျူးဝက်သားတုံးတွေအများကြီးရှိတာနဲ့ဘာကွာလို့လဲ?"

[T/N : ဒီနေရာကိုသိပ်နားမလည်ဘူး။ ဘာသာပြန်တာမှားသွားရင် တောင်းပန်ပါတယ်။]

ရယ်သံရပ်သွားပြီးနောက် ရှောင်ဝမ့်အဖွားက သက်ပြင်းချ၏။

"အဖွားစိုးရိမ်တာက အဖိုးကြီးယန်လိုလူမျိုးအတွက် ဒီလိုဆုံးဖြတ်ချက်မျိုးက မရေတွက်နိုင်တဲ့အိပ်မပျော်တဲ့ညပေါင်းများစွာကိုကျော်လွန်ပြီးမှ ရလာတဲ့ဆုံးဖြတ်ချက်ဖြစ်မှာကိုပဲ။ အိုင်း...ကြောက်တတ်လွန်းတဲ့သားနဲ့ အညှာအတာမဲ့ပြီးရက်စက်လွန်းတဲ့ချွေးမကိုရထာားတာ၊ ဘယ်လိုတောင်ကံဆိုးတဲ့သူလဲ။"

နောက်ဆုံးတော့ ရှောင်ဝမ်တစ်ယောက် အခြေအနေကို အနည်းငယ်နားလည်သွားချေပြီ။ သူမက သူမအဖွားနားကိုတိုးကပ်ကာ လက်မောင်းကိုဆွဲပြီး ကလေးပေါက်စတစ်ယောက်လိုလှုပ်ခါလိုက်သည်။

"ကြည့်၊ သမီးတို့မိသားစုက အကောင်းဆုံးပါပဲဆို! အမေက အဖွားကိုအမြဲဂရုစိုက်ပြီး အဖေကလည်း အဖွားကိုလေးစားတယ်။ ပြီးတော့ မြေးဆိုရင်ပြောစရာကိုမလိုဘူး။ မြေးက အဖွားကိုအချစ်ဆုံး!"

နောက်ဆုံးတော့ ရှောင်ဝမ့်အဖွားမှာ မနေနိုင်စွာပြုံးမိရရင်း ရှောင်ဝမ့်နှာခေါင်းကို ခပ်သာသာကလေးဆွဲလိမ်လိုက်သည်။

"ဒါပေါ့၊ မြေးကသာချစ်စရာအကောင်းဆုံးပါပဲ!"

ကျောင်းရွှယ်မေ့နဲ့ ယန်ရှောင်တို့ အိမ်ပြန်ရောက်လာချိန်မှာ ယန်ကျန်းကော်က ဖက်ထုတ်လုပ်နေသည်။ သူ့အမေရဲ့အကူအညီနဲ့ ထော့နဲ့ထော့နဲ့လျှောက်လာတဲ့ယန်ရှောင့်ကိုမြင်တဲ့အခါမှာတော့ သူ့အမူအရာက ချက်ချင်းပြောင်းလဲသွား၏။

"ဘာဖြစ်လာတာလဲ? မင်းတို့နှစ်ယောက် ဘယ်သွားတာလဲ?"

ကျောင်းရွှယ်မေ့က ယန်ကျန်းကော် အိမ်မှာရှိနေမည်ဟုထင်မထားပေ။ သူမက စောစောကအဖြစ်အပျက်ကိုစိတ်ထဲမှာရှိနေဆဲဖြစ်ပြီး ပေါက်ကွဲထွက်တော့မည့်ဒေါသများဖြင့်ပြည့်နေရကား ထိုဒေါသအားလုံးကို ယန်ကျန်းကော်အပေါ်ပုံချလိုက်တော့သည်။

"ဘယ်ကိုသွားရမှာလဲ? ဘာဖြစ်လာရမှာလဲ? ဟက်၊ ရှင်က မေးရဲသေးတယ်ပေါ့?ဒီဒုက္ခတွေအကုန်လုံးက ရှင့်အဖေကြောင့်ပဲ!"

ကျောင်းရွှယ်မေ့က သူမရဲ့ကံဆိုးမှုတွေထဲ သူ့အဖေကို နောက်တစ်ကြိမ်ဆွဲထည့်နေတာကိုမြင်လိုက်ရတဲ့အခါ ယန်ကျန်းကော်၏အမူအရာမှာ ဆိုးရွားလာ၏။

"မင်းလုပ်ရမှာက ဘာဖြစ်လာလဲဆိုတာ ငါ့ကိုပြောဖို့လေ။ ဘာလို့ အကြောင်းပြချက်မရှိဘဲ ငါ့အဖေကိုဆွဲထည့်နေရတာလဲ?"

ယန်ကျန်းကော်က သူမကိုပြန်ခံပြောလိုက်တယ်ဆိုတာကို သဘောပေါက်သွားတဲ့အခါ ကျောင်းရွှယ်မေ့ရဲ့ဒေါသတွေက ပို၍ပင်ဆူပွက်လာ၏။ သူမက ယန်ရှောင့်ရဲ့ရှပ်အင်္ကျီကို ကြမ်းတမ်းစွာဆွဲလှန်လိုင်ရင်း သူ့ဝမ်းဗိုက်ဆီက အတွင်းကြေဒဏ်ရာက်ုပြလိုက်သည်။

"အကြောင်းပြချက်မရှိဘူးတဲ့လား? ဒါက ရှင့်အဖေရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ ဟိုမိမစစ်ဖမစစ်လေးတွေလုပ်တာပဲ။ ရှင်က ကျွန်မမှာ အကြောင်းပြချက်မရှိဘူးလို့ပြောရဲတယ်လား?!"

ယန်ကျန်းကော် ရုတ်ချည်းဆိုသလိုနားလည်သွားသည်။ ကျောင်းရွှယ်မေ့နဲ့ယန်ရှောင်က သူ့အဖေကိုတွေ့ဖို့သွားကြပြန်ပြီပဲ။ သူ့ကွယ်ရာမှာလေ။

"မင်းတို့ ငါ့အဖေကို သွားတွေပြန်တာလား?"

ကျောင်းရွှယ်မေ့က သူ့ကို မျက်နှာရှစ်ခေါက်ချိုးလျက်ကြည့်လာ၏။

"ဟုတ်တယ်။ အဲ့တော့ ဘာဖြစ်လဲ!?"

ယန်ကျန်းကော်ရဲ့မျက်နှာက နီရဲတက်လာသည်။

"အဖေက သူအိမ်ကိုရောင်းမှာမဟုတ်ပါဘူးလို့ ပြောထားပြီးပြီလေ။ မင်း ဘာလို့များ အဲ့ကိစ္စကို ဒီအတိုင်းမထားလိုက်နိုင်ရတာလဲ?"

ကျောင်းရွှယ်မေ့ရဲ့အသံက ခုနစ်သံချီရှစ်သံချီကျယ်လောင်လာ၏။

"ကျွန်မ ဒီကိစ္စကို ဒီအတိုင်းမထားလိုက်နိုင်ဘူး! အဲ့တော့ ဘာဖြစ်လဲ? အမှိုက်သာသာအိမ်စုတ်တစ်လုံးပဲကို သူက ရတနာတစ်ပါးလိုလုပ်နေတယ်လေ။ ကျွန်မသိပြီ၊ ယန်ကျန်းကော်၊ ရှင်က ရှင့်ပြသနာတွေကို ကျွန်မအပေါ်ပုံချနေတာ၊ ဟုတ်တယ်မလား? ရှောင်ရှောင် သူများတိုက်ခိုက်တာခံလာရတာ၊ ဒါကိုရှင်က သူ့ကိုတစ်ချက်လေးတောင်မကြည့်ဘဲ ကျွန်မကို ရှင့်အဖေဆီသွားတဲ့အကြောင်းကိုပဲ မေးခွန်းထုတ်နေတယ်။ ကောင်းပြီလေ၊ ကျွန်မပြောလိုက်မယ်! အိမ်ကိစ္စထပ်ပြောဖို့သွားခဲ့တာ။ ရှင်ဘာလုပ်ချင်လဲ၊ ဟမ်?!"

ယန်ကျန်းကော်ရဲ့အသံသည်လည်း ကျယ်လောင်လာ၏။

"ဟိုဟာလည်းရှောင်ရှောင်၊ ဒီဟာလည်းရှောင်ရှောင်၊ မင်း သူ့ကို ဖျက်ဆီးအလိုလိုက်လို့မပြီးတော့ဘူးလား! သူ့ပုံစံမျိုးနဲ့ သူ ဘယ်တော့မှ လောကကြီးမှာတစ်ယောက်တည်းရပ်တည်နိုင်မှာမဟုတ်တော့ဘူးကွ!"

ထိုစကားများကြောင့် ယန်ရှောင့်မျက်နှာသည်လည်း မည်းမှောင်သွားရ၏။

သူတို့အတူရှိလာတဲ့တစ်လျှောက်လူံး ယန်ကျန်းကော်ကာ ကျောင်းရွှယ်မေ့ကို ဒီနေ့လိုမျိုး တစ်ခါမှပြန်ခံမပြောဖူးခဲ့သလို ထိုကဲ့သို့သောစကားများကိုလည်း မပြောဖူးခဲ့။ ကျောင်းရွှယ်မေ့မှာ ဒေါသထွက်လွန်း၍တုန်ရီနေလေပြီ။ သူမက ရှေ့ကိုဆတ်ကနဲတိုးက ယန်ကျန်းကော်ကိုရိုက်လိုက်ပြီး အော်ဟစ်လေ၏။

"ကျွန်မက သူ့ကိုအလိုလိုက်တယ်? ရှောင်ရှောင်က အရမ်းအသက်ကြီးနေပြီဆိုပေမယ့် ရှင်ကရော သူ့ကိုဂရုစိုက်ဖူးလို့လား? ရှင်ဂရုစိုက်တာက ရှင့်အဖေပဲ! ရှင့်အဖေက ရှင့်ကို ဘယ်တုန်းကမှဂရုမစိုက်ခဲ့တာ ရှက်စရာပဲ! သူက အိမ်အဟောင်းတစ်လုံးကိုတောင် ရှင့်ကိုပေးမယ့်အစား သူ့ရဲ့ဟိုမျိုးမစစ်လေးနှစ်ယောက်ကိုပေးခဲ့မှာ!"

"ကျောင်းရွှယ်မေ့၊ မင်းဘာပြောလိုက်တာလဲ?!"

ကျောင်းရွှယ်မေ့ရဲ့ရုတ်ချည်းပြောလိုက်တဲ့အကြောင်းအရာကြောင့် ယန်ကျန်းကော် တကယ်ပင်ဒေါသထွက်လာရသော်လည်း ကျောင်းရွှယ်မေ့ကတော့ လုံးလုံးဂရုမစိုက်ပေ။

"ကျွန်မ ဘာပြောလိုက်တာလဲ၊ ဟုတ်လား? ထပ်ပြောမယ်! မျိုးမစစ်၊ မျိုးမစစ်၊ မျိုးမစစ်၊ ကဲ! အဲ့မျိုးမစစ်လေးနှစ်ယောက်က ရှင့်အဖေ ဘယ်သူမှန်းမသိတဲ့သူနဲ့ရလာတဲ့ မျိူးမစစ်လေးတွေလေ။ မိဘမဲ့တဲ့၊ ရယ်ချင်စရာကောင်းလိုက်တာ! လောကကြီးမှာ မိဘမဲ့တွေအများကြီးပဲ၊ ဒါပေမယ့် ရှင့်အဖေက သူတို့အကုန်လုံးကို ခေါ်ထားပြီး ကျွေးမွေးစောင့်ရှောက်ထားတာကို ကျွန်မတော့မတွေ့ပေါင်။ အဲ့မျိုးမစစ်နှစ်ယောက်ပေါ်လာပြီးတည်းက ရှင့်အဖေက သူတို့ကို ဖူးဖူးမှုတ်ဂရုစိုက်နေတာလေ။ သူတို့က သူ့ရဲ့မျိုးမစစ်လေးတွေမဟုတ်ရင် ဘာလဲ? ပြီးတော့ သူ ဘယ်လိုမိန်းမပျက်မျိုးကို ဆက်ဆံခဲ့လဲဆိုတာ ဘုရားပဲသိ—"

ဖြောင်း!

ကျောင်းရွှယ်မေ့ရဲ့စကားတွေမဆုံးသေးခင်မှာပဲ ယန်ကျန်းကော်ရဲ့လက်ပြန်ရိုက်ချက်က သူမမျက်နှာကိုအားပြင်းပြင်းနဲ့ထိသွားပြီး သူမတစ်ကိုယ်လုံး ဘေးကိုလည်ထွက်သွားသည်။ သူမ နားတွေအူသွားသည်။ ကျောင်းရွှယ်မေ့ရဲ့မျက်လုံးတွေက ပြူးကျယ်နေပြီး သူမအေးခဲရပ်တန့်သွားသည်မှာ တစ်ကမ္ဘာလောက်ကြာသွားသလိုထင်ရ၏။

ယန်ကျန်းကော်သည်လည်း သူဒီလိုမျိုးလုပ်မိမယ်လို့ထင်မထားချေ။ သူ့လက်က လေထဲမှာပဲရှိသေးပြီး တန်ပြန်အားကြောင့်ထုံကျင်နေကာ သူကတော့ မခံမရပ်နိုင်သောဒေါသတို့ကြောင့် တုန်ရီနေသည်။ သူ့ဘဝမှာ စိတ်စောနေမှုကြောင့် အဟန့်အတားမဲ့စွာဖြင့်   ပထမဆုံးအကြိမ်အဖြစ် အလိုလိုတုန့်ပြန်မိတာဖြစ်သည်။

ကျောင်းရွှယ်မေ့ရဲ့ပါးက ထုံကျင်နေကာ စပ်ဖျင်းဖျင်းနှင့်ပူလောင်လာပြီး သူမနှုတ်ခမ်းထောင့်မှာ သွေးစတို့စီးဆင်းလာသည်။ သွေးအရသာငံကျိကျိက သူမလျှာထက်ရောက်လာပြီး သူမကိုယ်ထဲက တစ်စုံတစ်ရာနိုးထလာသည့်အလား နောက်ဆုံးတော့ သူမလှုပ်ရှားလာ၏။ ဆံပင်တွေရှုပ်ပွနေကာ မျက်လုံးတွေက အရူးတစ်ယောက်နှယ် ကြောင်တောင်တောင်ဖြစ်နေလျက် သူမက ယန်ကျန်းကော်ကို သူမကိုယ်လုံးနှင့်ပစ်တိုက်လိုက်သည်။

"ယန်ကျန်းကော်! နင် ငါ့ကိုရိုက်ရဲတယ်?! နင့်ကို အသက်ရှင်နေရတာနောင်တရနေအောင် ငါလုပ်ပစ်မယ်!"

ကြမ်းပြင်မှာလုံးထွေးသတ်ပုတ်နေကြတဲ့လူနှစ်ယောက်ကိုမြင်ကွင်းက ရှော့ခ်ရနေတဲ့ယန်ရှောင့်စိတ်ထဲဝင်ရောက်လာသည်။ သူ့အဖေက...သူ့အမေကို ရိုက်လိုက်တယ်? တကယ်လို့သာ ဒါက အတိတ်မှာဖြစ်ခဲ့မယ်ဆို ဒီလိုကိစ္စမျိုးက စိတ်ကူးလို့ပင်ရနိုင်မည်မဟုတ်။

ဘာတွေဖြစ်ကုန်တာလဲ? ဘယ်လိုလုပ်ပြီး အဖိုးဆီကိုသွားလည်ခဲ့တဲ့ အဲ့ဒီပထမဆုံးအကြိမ်တည်းက သူတို့မိသားစုက အက်ကြောင်းတွေပျံ့နှံ့နေပြီးကွဲအက်နေတဲ့ရေခဲစိုင်လို ဖြစ်လာရတာလဲ?

ယန်ရှောင် သူ့မျက်လုံးများကိုမှေးစင်းလိုက်သည်။ နောက်ဆုံးတော့ သူ့အဖိုးအပေါ်ထားတဲ့ မုန်းတီးမှုအပ်ချည်မျှင်သေးသေးလေးတွေက သူ့နှလုံးသားထဲမှာ တစ်စုတစ်စည်းတည်းပေါင်းစုသွားခဲ့လေပြီ။
....

ဘာသာပြန်ရင်းနဲ့ စိတ်ထဲမှာတအားမွန်းကျပ်လာရောပဲ။ အဲ့ကကွန်မန့်တစ်ခုမှာတွေ့လိုက်သေးတယ်။ ယန်ကျန်းကော်က ကျောင်းရွှယ်မေ့ကိုရိုက်တာက အိမ်တွင်းအကြမ်းဖက်မှုမို့ အားမပေးဘူးဆိုလားဘာလားပဲ။ ဒါပေမယ့် အိုင်သာဆိုလည်း ခံနိုင်မှာမဟုတ်ဘူးရယ်။ ရိုက်ရုံတင်မကဘဲ ဓားဆွဲပြီးပါခုတ်လောက်တယ်။ ဒီလိုရိုက်တာက အိမ်တွင်းအကြမ်းဖက်မှုဆို ကျောင်းရွှယ်မေ့က ယန်ကျန်းကော်ကို စိတ်ပိုင်းဆိုင်ရာမှာ အများကြီးလွှမ်းမိုးချုပ်ကိုင်ပြီးဒုက္ခပေးလာတာကြာခဲ့ပြီပဲ။ ယန်ရှောင်ကလည်း ဘာထဖောက်ဦးမယ်မသိ။ လေပန်းလိုက်မိပြီ >< နောက်မရေးတော့ပါဘူး။
ပုံကတော့ထိပ်ဆုံးမှာ။ Chapတိုင်း ထိပ်ဆုံးမှာပဲထည့်တော့မယ်။ စာလုံးပေါင်းတွေကိုလည်းစစ်မထားတာမို့ အမှားတွေအများကြီးအတွက် တောင်းပန်ပါတယ်။
....

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
32K 4.3K 38
BL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်...
377K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.