Chapter - 20

5.5K 1K 21
                                    

[Zawgyi]

{သကြားဆမ်းမုန်လုံးကြော်}

ထိုကိစ္စဖြစ်ပွားပြီး ရက်များစွာကြာသွားပြီဖြစ်သည့်တိုင် အဖိုးအိုယန်မှာအတော်လေးစိတ်ဓာတ်ကျဝမ်းနည်းနေပုံပေါ်နေဆဲဖြစ်သည်။ သူ သူတို့ကို အကြိမ်အနည်းငယ်ခန့်ဖုန်းခေါ်ခဲ့သော်လည်း မည်သူမျှဖုန်းကိုင်ခြင်းမရှိ။ သူ့အနေဖြင့် သူတို့ဖုန်းကိုတောင်ခေါ်မရသည်အြခြေအနေထိရောက်သွားခဲ့ချေပြီ။

ရှောင်ဝမ့်အဖွားက အကြာကြီးစိတ်မတိုတတ်သော်လည်း သူမကအမြဲလိုလို အလျင်အမြန်ဒေါသထွက်လွယ်သည်။ ကျောင်းရွှယ်မေ့ပြောတာတွေက ဟန်ဆောင်နေတယ်လို့သာ သူမထင်နေသည်။ ပြီးတော့ မိသားစုတစ်စုက သူတို့အချင်းချင်းစကားများပြသနာတက်ကြလျှင်တောင် အဖိုးအိုယန်က အခုထိ ယန်ရှောင့်အဖိုးနဲ့ ယန်ကျန်းကော်ရဲ့အဖေဖြစ်နေသေးသည်။ သူမ သူ့ကိုဘာမှမတော်ချင်တာနဲ့ပဲ သူနဲ့ဆက်နွယ်မှုကို ဘယ်လိုလုပ်ဖြတ်တောက်လို့ရမလဲ? ဒါပေမယ့် ကျောင်းရွှယ်မေ့က အဖိုးအိုယန်ရဲ့ဖုန်းကိုတောင်မကိုင်ဘူးလို့တော့ သူမ မထင်ထားခဲ့။

ဒီတစ်ကြိမ်မှာတော့ အဖိုးအိုယန်ကို သူ့ရဲ့ဒေါသတွေအတွက်ထွက်ပေါက်ရှာနိုင်အောင်ကူညီပေးနေတဲ့ သူမရဲ့စကားတွေက အတော်လေးစိတ်တိုဖို့ကောင်းသည်။ အဖိုးအိုယန်ကို ဒီလိုမျိုးမြင်ရသည်၌ သူမကိုယ်သူမ အပြစ်နည်းနည်းတင်မိသည်။ ကျောင်းရွှယ်မေ့က သူမရဲ့အာဃာတတွေကို ဒီလောက်အကြာကြီးဆုပ်ကိုင်ထားရလောက်တဲ့အထိ အဲ့နေက သူမ အမျာျးြားကြီးပြောခဲ့မိလားဆိုတာ သူမသိချင်သည်။

ထို့ကြောင့် ဒီနှစ်ရက်အတွင်းမှာ သူမက မကြာခဏဆိုသလိုလာတတ်ပြီး အကြိမ်တိုင်း ပစ္စည်းတစ်မျိုးမျိုးယူလာတတ်၏။ တစ်ခါလေမှာတော့ အဲ့ဒါက ရှောင်ဝမ်ဝယ်လာတဲ့ကိတ်မုန့်ဖြစ်ပြီး ကျန်အကြိမ်များတွင်တော့ သူမကိုယ်တိုင်လုပ်သည့် စွပ်ပြုတ် ဒါမှမဟုတ် ဟင်းလျာတစ်မျိုးမျိုးပင်။

ယနေ့တွင်မူ ရှီချင်စားသောက်ဆိုင်ပိတ်ပြီးချိန်၌ ရှောင်ဝမ့်အဖွားက အစားအစာဓာတ်ဘူးကိုသယ်လာ၏။

"အခု ဆိုင်ပိတ်သွားပြီလား? ဒါဆို ငါအချိန်မီလေးရောက်လာတာပဲ။ ငါအခုလေူးတင်လုပ်လာတဲ့ မုန့်လုံးကြော်တွေလာစားကြည့်။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now