Chpater - 60

4K 796 46
                                    

Unicode

ကြက်သားနဲ့ငရုတ်ပွသီးဆီပြန်
___________________

ညစာစားပြီးနောက် သူတို့ အဖိုးအိုယန်ရဲ့အိမ်မှာပဲ အချိန်အတော်ကြာအောင်နေခဲ့ကြသည်။ သူတို့ ပြန်သွားဖို့အဆင်သင့်ဖြစ်ချိန်မှာ ကောင်းကင်ပေါ်ကလက မြင့်တက်နေပြီဖြစ်၏။

လင်ရှုယီ နည်းနည်းအိပ်ချင်နေသည်။ သို့သော်ငြား ရှောင်ဝမ်က ဒီနေ့မှ ရှန်ဖူနဲ့ထူးထူးခြားခြားရင်းနှီးနေပုံရသည်။ သူတို့နှစ်ယောက်က အားလုံးနဲ့ရောမထိုင်ဘဲ တစ်ဖက်မှာထိုင်ကာ စကားပြောနေခဲ့ကြ၏။ အချိန်အများစုမှာ ရှောင်ဝမ်စကားပြောနေတာဆိုပေမယ့်လည်း ရှန်ဖူ့ရဲ့နှုတ်ခမ်းတွေကလည်း ရံဖန်ရံခါဆိုသလို ကွေးတက်သွားပြီး သူကိုယ်တိုင်လည်း သဘောကျနေပုံပေါ်သည်။ ဒါ့အပြင် လင်ရှုယီလျှောက်လာတာနဲ့ သူတို့က ချက်ချင်းတိတ်သွားပြီး ဘာမှမပြောတော့တာမို့ သူတို့ ဘာ‌အကြောင်းတွေပြောနေတယ်ဆိုတာ လင်ရှုယီ မသိပါချေ။

သူတို့ပြန်တော့မယ့်အချိန်မှာတောင် ရှောင်ဝမ်က လင်ရှုယီကို နှုတ်ဆက်စကားပြောပြီးတာနဲ့ ရှန်ဖူ့ကို စကားနည်းနည်းပြောဖို့ ဘေးကိုဆွဲခေါ်သွား၏။ ရှန်ဖူကလည်း စိတ်အခြေအနေကောင်းနေတဲ့ပုံပေါ်ပြီး ရှောင်ဝမ့်ခေါင်းကို ပွတ်သပ်ပေးရင်း စိတ်ပါလက်ပါရယ်နေသည်။

လင်ရှုယီမှာ စွန့်ပစ်ခံလိုက်ရဲတဲ့ခံစားချက်နဲ့ စကားနဲ့ဖော်ပြဖို့ခက်တဲ့စိတ်တိုမှုကို အကြီးအကျယ်ခံစားလိုက်ရသည်။ ဤသည်မှာ အပြင်ထွက်သွားချိန်၌ သူ ရှန်ဖူ့ကိုမစောင့်တော့ဘဲ ထွက်သွားသည်အထိပါပေ။

"တာ့-တာ၊ အစ်ကိုရှောင်ဖူ~"

"တာ့တာ ရှောင်ဝမ်~"

ရှန်ဖူက ရှောင်ဝမ်နဲ့အပြန်အလှန်နှုတ်ဆက်လိုက်ပြီး သူပြန်လှည့်လိုက်ချိန်တွင်တော့...လင်ရှုယီက ဟိုးအဝေးကြီးကို ရောက်သွားချေပြီ။ လင်ရှုယီ သူ့ကို ဘာကြောင့်မစောင့်တာလဲဆိုတာ ရှန်ဖူ သိချင်မိသွားသည်။

ဤအကြောင်းတွေးရင်း သူက ခြေလှမ်းကျဲကျဲလှမ်းကာ လင်ရှုယီကို ဆွဲကာရပ်စေ၏။ သူက သူ့လည်ပင်းထက်က လည်စည်းပဝါကိုချွတ်ပြီး လင်ရှုယီရဲ့လည်ပင်းမှာပတ်ပေးလိုက်ကာ သူ့ကို ဇဝေဇဝါကြည့်နေတဲ့ ဝိုင်းစက်နူးညံ့တဲ့မျက်လုံးလေးတစ်စုံကိုသာချန်ထားပြီး မျက်နှာနဲ့မေးစေ့ကိုပါ ဖုံးပေးလိုက်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now