Chapter - 31

4.7K 997 52
                                    

[Zawgyi]

{ကြက်ဟင်းခါးသီးအစာသွပ်}

ယန်ရှောင် စာလုံးတွေကို တုန်ရီစွာချရေးလိုက်သည်။ ရေးပြီးနောက် သူ ထိုလူ့ကို တုန်ရီစွာမော့ကြည့်လိုက်မိပြီး ထိုလူက ပြုံးကာ တစ်ခြားလူနှစ်ယောက်ဆီမှ ဓားများကိုယူလိုက်ပြီး ယန်ရှောင့်အနားကိုတိုးကပ်လာသည်။ ယန်ရှောင်က အရမ်းကိုကြောက်ရွံ့နေတာကြောင့် တုန်ရီနေပြီး သူက စကားတစ်ခွန်းကိုသာ ထပ်ကာထပ်ကာပြောနေ၏။

"ကျွန်တော် လက်မှတ်ထိုးပြီးပြီမဟုတ်ဘူးလား?! ကျွန်တော် လက်မှတ်ထိုးပြီးပြီလေ!"

ထိုလူက ဝါးလုံးကွဲရယ်ချလိုက်ကာ သူ့နှုတ်ခမ်းထောင့်စွန်းများကို သရော်တော်တော်တွန့်ကွေးလိုက်သည်။ သူက ဓားပြားနဲ့ ယန်ရှောင့်မျက်နှာကိုပုတ်သည်။

"မင်း လက်မှတ်ထိုးပြီးတာ ငါသိပါတယ်၊ ဘာလို့ အရမ်းတွေကြောက်နေရတာလဲ? ငါတို့နှစ်ယောက်က ညီအစ်ကိုကောင်းတွေလေ။ အစ်ကိုကြီးအတွက် လိမ်လိမ်မာမာလေးသာပိုက်ဆံရှာပေးလိုက်၊ အစ်ကိုကြီးက မင်းကို ထိခိုက်အောင်မလုပ်ပါဘူး။ အာ...လိမ်လိမ်မာမာလေးနဲ့နော်။"

မင်းအနေနဲ့ ဒီစကားတွေကို ဘယ်လိုပဲအဓိပ္ပါယ်ကောက်ပါစေ၊ ဒီစကားတွေက လှောင်ပြောင်သရော်မှုတွေပြည့်နေမည်ဖြစ်၏။ သို့သော်လည်း ယန်ရှောင်ကတော့ သည်စကားများကိုနားထောင်ရမည်သာဖြစ်သည်။ ထိုလူစကားပြောပြီးသွားတာကိုမြင်တဲ့ာခါ သူက တံတွေးမြိုချလိုက်ပြီး သူ့မျက်နှာကိုဖိကပ်ထားသည့် ရေခဲလိုအေးစက်နေသောဓားကို ဖယ်လိုက်သည်။

"ကျွန်တော် အခု သွားလို့ရပြီလား?"

ထိုလူက ထပ်မံရယ်မောလိုက်ကာ ယန်ရှောင့်မျက်နှာထက်က ဓားကိုဖယ်လိုက်သည်။

"ရပြီ။"

ယန်ရှောင်က တံခါးအပြင်ကို ထွက်သွားပြီးနောက် ပြေးလေတော့သည်။ သူ့ရဲ့ခြေထောက်နှစ်ချောင်းလုံးကယိုင်နဲ့နေသော်လည်း သူက လုံးဝအရှိန်မလျှော့ချေ။

ရယ်မောကာအော်ပြောလိုက်တဲ့ထိုလူ့အသံက သူ့နောက်မှထွက်ပေါ်လာသည်။

"ရှောင်ကျီ၊ အစ်ကိုကြီးက မင်းမိသားစုဘယ်မှာနေတယ်ဆိုတာ သိတယ်ကွနော်။ မင်းထွက်ပြေးရင်၊ ဒါမှမဟုတ် ရဲကိုတိုင်ရင်...ဒီအစ်ကိုကြီးက ဘာပဲဖြစ်နေနေ မင်းကိုရအောင်ရှာမယ်ဆိုတာ စိတ်ချထားလိုက်။"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now