Unicode
ပေါင်မုန့်ကြက်ဥ
_____________အဆုံးမှာတော့ သူတို့ ကားထဲမှာတစ်ခုခုလုပ်မိမှာကနေ ထိန်းလိုက်နိုင်ကြသည်။ ရှန်ဖူ နည်းနည်းအမူးပြေသွားပြီးနောက်မှာ သူတို့က တခြားတစ်ယောက်ကို သူတို့ကိုလာခေါ်ခိုင်းလိုက်သည်။
သူတို့နှစ်ယောက်ပြန်ရောက်သွားချိန်မှာ ရှန်ဖူ့မိဘတွေက ရှောင်ယွီ၊ ထောင်ထောင်တို့နဲ့အတူ ပြန်ရောက်မလာကြသေးဘဲ ဖိုးဖိုးရှန်က နေ့ခင်းတစ်ရေးတစ်မောအိပ်နေကာ Alanက သိပ်မကြာခင် လော့စ်အိန်ဂျလိစ်ကိုပြန်တော့မှာမို့ အန်တီရှန်နဲ့Alanတို့နှစ်ယောက်က ကော်လိုပူးကပ်နေကြကာ နှစ်ယောက်လုံးအိမ်မှာမရှိပေ။
ရှန်ယန်တစ်ယောက်တည်း အိမ်မှာကျန်နေခဲ့သည်။
သူ့ကိုမြင်တဲ့အခါ ရှန်ဖူအံ့ဩသွားသည်။
"ယို၊ အစ်ကို ဒိတ်လုပ်ဖို့အပြင်မသွားဘူးလား?"
ရှန်ယန် : ...
ရှန်ယန်ပြန်မဖြေတာကိုတွေ့တဲ့အခါ ရှန်ဖူက ပြုံးကာ သူ့ဘေးနားဝင်ထိုင်သည်။ လင်ရှုယီက ရှန်ဖူအမူးပြေစေဖို့အတွက် စွပ်ပြုတ်လုပ်ပေးဖို့ မီးဖိုခန်းထဲဝင်သွားကာ ညီအစ်ကိုနှစ်ယောက်ကို စကားပြောစေ၏။
"ငါဘာဖြစ်နေတယ်ဆိုတာ မင်းသိတယ်ပေါ့?"
ရှန်ယန်ကမေးသည်။
ရှန်ဖူက မျက်ခုံးပင့်၏။
"ဘာဖြစ်နေလို့လဲ? အစ်ကို့အချစ်ရေးအကြောင်းပြောနေတာဆိုရင်တော့ လူသိတယ်လို့ ကျွန်တော်ထင်တယ်။"
ရှန်ယန် : ...
ရှန်ဖူကပြုံးကာဆိုသည်။
"ဒါပေမယ့် အစ်ကိုက လျှို့ဝှက်တဲ့နေရာမှာတော်လွန်းတယ်။ ကျွန်တော် အစ်ကို့ရဲ့လျှို့ဝှက်ချစ်သူကို တစ်ခါတောင်မတွေ့ရသေးဘူး။"
ရှန်ယန်တစ်ယောက် ခဏမျှတိတ်သွားပြီး ရုတ်တရက်ပြုံးလေ၏။
"မင်း သူ့ကိုတွေ့ချင်တယ်ပေါ့?"
ရှန်ဖူက ချက်ချင်းပြန်ဖြေသည်။
"ဒါပေါ့! ဘယ် မိန်းကလေးက..."
YOU ARE READING
I'm a Chef in the Modern Era [Myanmar Translation]
FantasyName 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Scanlations Chapter 125chapters(118chapters+7extras) Status in COO Completed Myanmar Translation start date 6.4.2020