Chapter - 98

2.3K 425 6
                                    

Unicode

ဘလူးမောင်တိန်ကော်ဖီ
_________________

အကင်လုပ်စားကြပြီးနောက်နေ့မှာ ရှန်ယန်ပြန်သွားသည်။ ချန်ဖန်းကလည်း ဒီမှာ တောက်ပကြီးမားတဲ့တတိယဘီးလုံးကလေးအဖြစ်ကျန်မနေချင်တာကြောင့် ရှန်ယန်နဲ့အတူပြန်သွားသည်။

ဒီရက်ပိုင်းတွေမှာ ခွေးစာတွေဇွတ်အတင်းအကျွေးခံနေရတာကြောင့် သူတောင် ရည်းစားထားပြီးလက်ထပ်တာက အတော်လေးကောင်းတဲ့ပုံပဲလို့တွေးမိလာ၏။

ခွေးစာတွေက စိတ်ကိုတကယ်အန္တရာယ်ပေးတာပဲ။

ရှန်ယန်က ပြန်မသွားခင်မှာ ရှန်ဖူနဲ့စကားပြောသည်။ သူတို့စကားပြောပြီးသွားချိန်မှာ ရှန်ဖူတစ်ယောက် ပန်းအညှိုးလေးလိုဖြစ်နေရှာသည်။ လင်ရှုယီက နည်းနည်းသိချင်လာကာမေး၏။

"ဘာဖြစ်လို့လဲ?"

ရှန်ဖူက လင်ရှုယီနားကပ်သွားပြီး သူ့ကိုရင်ခွင်ထဲဆွဲသွင်းကာ လင်ရှုယီရဲ့လည်ပင်းထက်မှာ အားလျော့စွာဖြင့်မျက်နှာအပ်လျက် ရှင်းပြနေရင်း လင်ရှုယီ နည်းနည်းအရပ်ရှည်လာသလိုပဲလို့ အမှတ်မဲ့တွေးနေမိသည်။

"သူက ကိုယ့်ကိုလာကူညီစေချင်နေတာ။"

လင်ရှုယီ ခဏမျှတန့်သွားသည်။

"ရှန်ကော်ပိုရေးရှင်းကိုအုပ်ချုပ်တဲ့နေရာမှာလား?"

ရှန်ဖူကခေါင်းငြိမ့်သည်။

"အဲ့လိုမျိုးပဲ။"

"ခင်ဗျား ဘယ်လိုတွေးထားလဲ?"

"ငြင်းမှာသေချာတာပေါ့။"

သူ ကုမ္ပဏီကိုစီမံခန့်ခွဲရတာကိုမကြိုက်ဘူး၊ မဟုတ်ရင် သူ ဒီအချိန်ထိအချိန်ဆွဲနေမှာမဟုတိဘူး။ သူ့မှာ သူ့ကိုယ်ပိုင်အလုပ်ရှိတယ်၊ ပြီးတော့ အခုလိုပဲ သူလုပ်ချင်တာလုပ်ဖို့ အားလပ်ချိန်တွေလည်းအများကြီးရှိတယ်။ သူ လအတော်ကြာအောင်အလုပ်နားထားပေမယ့် ပိုက်ဆံပြတ်မှာစိုးရိမ်စရာမလိုဘူး။ သူ့ပိုက်ဆံတွေက များသောအားဖြင့် သူ့ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်ကနေလာတာ၊ ကိုယ့်ကိုကိုယ်အားကိုးရတာကို သူ အရမ်းကျေနပ်တယ်၊ ပြီးတော့ လင်ရှုယီနဲ့ကလေးတွေကဒီမှာလေ။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now