Chapter - 79

3.5K 703 51
                                    

Unicode

စတော်ဘယ်ရီမုန့်ခေါက်(Strawberry Crepe)
____________________

သူတို့ Hမြို့ကိုရောက်ချိန်မှာ မွန်းတည့်ပြီဖြစ်၏။ သူတို့တွေက အရသာရှိတဲ့ဟင်းပွဲတွေအပြည့်စားပွဲနဲ့ မေမေရှန်ရဲ့နွေးထွေးတဲ့ကြိုဆိုမှုကို သေချာပေါက်ထပ်ရလိုက်သည်ပေါ့။

ဖိုးဖိုးရှန်မှာ လင်ရှုယီ၏ဖိုထျောင့်ချန်ကို အာသာပြင်းပြနေသော်ငြား ဒီလိုဟင်းလျာအကောင်းစားကို နှစ်သစ်ကူးပွဲတော်အတွက်ထားတာ ပိုကောင်းတာမို့ ဟင်းပွဲမှာ ရေခဲသေတ္တာထဲထည့်ထားခြင်းခံလိုက်ရသည်။ နောက်ရက်မှာ အပူပြန်ပေးလို့ရပေသည်၊ ကံကောင်းစွာဖြင့် ဒီလိုအနှပ်ဟင်းလျာမျိုးရဲ့အရသာက တစ်ရက်လောက်ထားလိုက်ရင်တောင် အများကြီးမပြောင်းလဲပါချေ။ ထိုအစား အရသာတွေက ရောနှောသွားပြီး နည်းနည်းတောင်ပိုကောင်းလာတတ်သည်။

မေမေရှန်ပြင်ထားတဲ့ ခမ်းနားလှတဲ့နေ့လည်စာတွေကတော့ အရသာရှိလှသော စားပွဲအပြည့်အနောက်တိုင်းစတိုင်ဟင်းလျာတွေပင်ဖြစ်သည်။ ငါးဥဆားနယ်သုပ်၊ ထောပတ်တွေအများကြီးပါတဲ့ကြက်မှိုဟင်းချိုပျစ်ပျစ်၊ လိမ္မော်ရည်စိမ်ဆော်လမွန်ငါး၊ ဝက်ဆားနယ်ခြောက်ကညွတ်လိပ်နဲ့ ဝိုင်နီဆမ်းထားတဲ့ငန်းအသည်းကြော်တို့ပင်ဖြစ်၏။ လင်ရှုယီအကြိုက်အချိုပွဲတွေဖြစ်သည့် ဘယ်ရီချဉ်ကွတ်ကီး၊ စတော်ဘယ်ရီမုန့်ခေါက်နဲ့ သစ်ကြံပိုးပန်းသီးပိုင်မုန့်တို့လည်း သေချာပေါက်ပါပေသည်။

ရှန်မိသားစုထဲလူအများစုက အချိုပွဲတွေစားရတာ တကယ်မကြိုက်တာမို့ မေမေရှန်ပြင်ပေးထားတဲ့အချိုပွဲတွေက အချိုပေါ့ပေမယ့် နို့အရသာအပြည့်အဝပါသည်။ သို့သော်ငြား အချိုကြိုက်လှသူ – လင်ရှုယီကတော့ – တချို့အချိုပွဲတွေက အရမ်းကြီးမချိုတဲ့အတွက် ပိုလို့ပင်အရသာရှိသည်ဟုထင်နေ၏။ ဥပမာ - မုန့်ခေါက်အလွှာပါးလေးနဲ့ စတော်ဘယ်ရီမုန့်ခေါက်ဖြစ်၏၊ နို့အရသာအပြည့်အဝပါတဲ့ခရင်မ်နှစ်တွေအများကြီးနဲ့ပေမယ့် အရမ်းကြီးမချိုဘဲ အလယ်မှာတော့ ချိုချိုချဉ်ချဉ်အရသာရှိသည့် လတ်လတ်ဆတ်ဆတ်စတော်ဘယ်ရီလေးတွေရှိသည်။ နှစ်လိုဖွယ်အရသာတွေက ရောနှောသွားပြီး ထူးထူးကဲကဲအရသာရှိသွားစေသည်။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now