Transmigrating into a mob cha...

SHIN_s által

277K 52K 3.5K

Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Hell... Több

Vol 1. Chapter 1
Vol 1 Chapter 2
Vol 1 Chapter 3
Vol 1 Chapter 4
Vol 1 chapter 5
Vol 1 Chapter 6
Vol 1 Chapter 7
Vol 1 Chapter 8
Vol 1 Chapter 9
Vol 1: Chapter 10
Vol 1 : Chapter 11
Not update
Vol 1: Chapter 12
Vol 1 : Chapter 13
Vol 1 : Chapter 14
Vol 1 : Chapter 15
Vol 1 : Chapter 16
Vol 1 : Chapter 18
Vol 1 : Chapter 19
Vol 1 : Chapter 20
Vol 1 : Chapter 21
Vol 1 : Chapter 22
Vol 1 : Chapter 23
Vol 1 : Chapter 24
Vol 1 : Chapter 25
Vol 1 : Chapter 26
Vol 1 : Chapter 27
Vol 1 : Chapter 28
Vol 1 : Chapter 29
Vol 2 : Chapter 1
Vol 2 : Chapter 2
Vol 2 : Chapter 3
Vol 2 : Chapter 4
Vol 2 : Chapter 5
Vol 2 : Chapter 6
Vol 2 : Chapter 7
Vol 2 : Chapter 8
Vol 2 : Chapter 9
Vol 2 : Chapter 10
Vol 2 : Chapter 11
Vol 2 : Chapter 12
Vol 2 : Chapter 13
Vol 2 : Chapter 14
Vol 2 : Chapter 15
Vol 2 : Chapter 16
Vol 2 : Chapter 17
Vol 2 : Chapter 18
Vol 2 : Chapter 19
Vol 2 : Chapter 20
Vol 2 : Chapter 21
Vol 2 : Chapter 22
Vol2 : Chapter 23
Vol 3 : Chapter 1
Vol 3 : Chapter 2
Vol 3 : Chapter 3
Vol 3 : Chapter 4
Vol 3 : Chapter 5
Vol 3 : Chapter 6
Vol 3 : Chapter 7
Vol 3 : Chapter 8
Vol 3 : Chapter 9
Vol 3 : Chapter 10
Vol 3 : Chapter 11
Vol 3 : Chapter 12
Vol 3 : Chapter 13
Vol 3 : Chapter 14
⛔️ Notice ⛔️

Vol 1 : Chapter 17

3.8K 818 15
SHIN_s által


<Zawgyi>

လင္းရွ လက္ရွိ ေရာက္ေနသည့္ အခန္းမွာ ဂိုဏ္းခ်ဳပ္၏ တပည့္သစ္မ်ား အခန္းခြဲေဝ၍ မၿပီးေသးခင္တြင္ နားေနရန္အတြက္ သံုးသည့္ အခန္းျဖစ္ကာ ထို ဂိုဏ္းသားသစ္မ်ားအားလံုးသည္ ယခုအခါတြင္ သူတို႔ ၏ သက္ဆိုင္ရာ အခန္းအသီးသီးသို႔ သြားကုန္ၾကၿပီျဖစ္၏။ တစ္နည္းေျပာရလွ်င္ သူသည္ ဆုန္းေရွာင္ဟူ ႏွင့္ ယုဇီေကြ်း တို႔၏ အေရာင္အဝါမ်ားအားကိုးျဖင့္ သည္အခန္းထဲတြင္ ေအးေအးေဆးေဆး နားေနရျခင္း ျဖစ္ေပသည္။

လင္းရွ သည္ ယြင္ေရွာက္ ၿမိဳ႕မွ လူမ်ားအေၾကာင္းကို သိခ်င္ေနေသးေသာ္လည္း ယုဇီေကြ်း ၏ ေအးစက္လွေသာ မွတ္ဉာဏ္မ်ားကို ျပန္ မႏႈိးဆြလိုေတာ့သည့္ အတြက္ ဆုန္းေရွာင္ဟူ ကိုသာ ခိုးေၾကာင္ခိုးဝွက္ျဖင့္ လွမ္းေမးလိုက္၏။ ဆုန္းေရွာင္ဟူ သည္လည္း ခ်က္ခ်င္းပင္ ျပန္ေျဖလာေပသည္။

" ကြ်န္ေတာ္ ဖုန္းေလာ္ ဆီက ၾကားတာေတာ့ အဲ့ဒီလူေတြ မျပန္ေသးဘူးဆိုပဲ။ ေျပာရရင္ … သူတို႔ရဲ႕ အငယ္ဆံုး ဆရာတူညီေလးက ဒီမွာတင္ေပ်ာက္သြားတာဆိုေတာ့ မေတြ႔ေသးမခ်င္း ေနဦးမယ့္ ပံုေပၚတယ္။ "

လင္းရွ သည္ ထိုဆံုးျဖတ္ခ်က္တြင္ ခြ်႕ယု ၏ လက္ခ်က္ပါေနေၾကာင္းကိုမူ ေသခ်ာေပါက္ သိမေနေခ်။ စစ္ေဆးပြဲ ၿပီးသြားသည္ႏွင့္ မာ့တိုင္ သည္ သူမအား နည္းမ်ိဳးစံုျဖင့္ ေခ်ာ့ေမာ့ၿပီး လက္ရွိတြင္ ယုဇီေကြ်း သည္ ရွာက္ယန္ ဂိုဏ္းသား ျဖစ္ေနၿပီ ျဖစ္ရာ ဖုန္းစူးမင္ ထံတြင္ သြားေတာင္း၍ မသင့္ေတာ္ေၾကာင္း စသည္ စသည္ျဖင့္ ရွင္းျပခဲ့ရေလသည္။ ေနာက္ဆံုးတြင္မူ ခြ်႕ယု သည္ ေနာက္ဆုတ္လိုက္ရေသာ္ျငား အေလ်ာ့မေပးႏိုင္ပဲ ဂိုဏ္းသို႔ ျပန္သြားၿပီးေနာက္ သူမ အေဖထံတြင္ ခြင့္ေတာင္းၿပီးပါက ထိုကိစၥကို ျပန္ေဆြးေႏြးေပးရမည္ဟု ကတိေတာင္း သြားေသးသည္ပင္။ ခြ်႕ယု သည္ အလိုလိုက္ ခံထားရ၍ ဆိုးသြမ္းေနသည္ ဆိုလွ်င္ေတာင္မွ ဤသို႔ တပည့္ေတာင္းသည့္ ကိစၥမွာ ထင္သေလာက္ မရိုးရွင္းမွန္းေတာ့ နားလည္ေသးသည္ေပ။ ထိုအခ်ိန္တြင္ ရွန္းယန္ ၏ အခ်ိန္ကိုက္ ေပ်ာက္ဆံုးသြားမႈေၾကာင့္ မေမွ်ာ္လင့္ပဲ သူမအတြက္ ထပ္ေနဖို႔ အေၾကာင္းျပခ်က္ ရလာေလေတာ့သည္။

လင္းရွ သည္ ထိုအေၾကာင္းကို ၾကားရေသာအခါ ထိတ္လန္႔ တုန္လႈပ္သြားရသည္။ သူသည္ ထိုအခ်ိန္တုန္းက စိတ္မာမာထားကာ အေလာင္းႏွင့္ က်န္သဲလြန္စ မွန္သမွ်ကို ရွာမေတြ႔ေအာင္ ေဖ်ာက္ဖ်က္ပစ္ခဲ့သင့္ေၾကာင္း ေတြးလိုက္မိေသာ္လည္း ယခုမွေတာ့ ေနာင္တရဖို႔ ေနာက္က်လြန္းသြားေခ်ၿပီ။ ထို႔ျပင္ သူ႔အား အခြင့္အေရး ေနာက္တစ္ခု ထပ္ေပးလာဦးမည္ ဆိုလွ်င္ေတာင္ သူ႔လုပ္ရဲလိမ့္မည္မဟုတ္ေခ် … သူ႔အေနနဲ႔ ရွန္းယန္ ရဲ႕ အေလာင္းကို ရွာမေတြ႔ပါေစနဲ႔ လို႔သာ ဆုေတာင္းဖို႔ တတ္ႏိုင္ေတာ့သည္။ ထို႔ေနာက္ သူသည္ ဆုန္းေရွာင္ဟူ အား ထိုအေၾကာင္းကို အျခားသူမ်ားေရွ႕တြင္ တစ္စြန္းတစ္စေလးေတာင္ ထုတ္မေျပာဖို႔ ေသေသခ်ာခ်ာ ထပ္သတိေပးလိုက္ေလရာ တစ္ဖက္မွလည္း နားလည္ေၾကာင္း ေခါင္းၿငိမ့္ျပလာေပသည္။

ဖုန္းေလာ္ ႏွင့္ ဆုန္းေရွာင္ဟူ တို႔သည္ အေတာ္အတန္ ရင္းႏွီးေနၾကၿပီျဖစ္ရာ သူမ သည္ လင္းရွ ကိုျမင္သည္ႏွင့္ ေရွာင္ဖယ္ကာ မသိခ်င္ေယာင္ေဆာင္ျခင္း မရွိပဲ ယဥ္ယဥ္းေက်းေက်းပင္ ေခါင္းၿငိမ့္ကာ ႏႈတ္ဆက္လာေလသည္။ လင္းရွ သည္ ဤကမာ႓တြင္ အဆင့္အတန္း သတ္မွတ္ခ်က္မွာ အသက္အရြယ္အရြယ္ေပၚ မူတည္သည္မဟုတ္ပဲ စြမ္းရည္မ်ားအေပၚတြင္သာ မူတည္ေနေၾကာင္းကို ေသေသခ်ာခ်ာ နားလည္ေပသည္။ ေျပာစရာပင္ မလိုေလာက္ေလာက္ေအာင္ပင္၊ ဂိုဏ္းတစ္ဂိုဏ္းသို႔ ဝင္ၿပီ ဆိုပါက ဂိုဏ္းခ်ဳပ္တပည့္ ဆိုသည့္ ရာထူးမွာ အျမင့္ဆံုးဟု ယူဆ၍ ရေခ်သည္။ ထိုစည္းကမ္းမ်ားအရဆိုလွ်င္ သူသည္ ဖုန္းေလာ္ အား " ဂိုဏ္းတူအစ္မ " ဟုေခၚကာ၊ ယုဇီေကြ်း ႏွင့္ ဆုန္းေရွာင္ဟူ တို႔အား " ဂိုဏ္းတူအစ္ကို " ဟု ေသခ်ာေပါက္ ေခၚရေပလိမ့္မည္။

လင္းရွ သည္ စိတ္ထိခိုက္သြားကာ သူ႔ ေဘာမ်ားပင္ ေအာင့္လာသလို ခံစားလိုက္ရေတာ့သည္။

ၿပီးေတာ့လည္း သူဒီမွာ နားေနရင္းႏွင့္ သိလိုက္ရသည္မွာ ဂိုဏ္းထဲရွိ လူမ်ားသည္ တစ္ေယာက္၏ အဆင့္အတန္းကို တစ္ေယာက္၏ ပံုပန္းသြင္ျပင္ျဖင့္ အလြယ္တကူ ဆံုးျဖတ္ႏိုင္ေၾကာင္းကိုပင္။ " အဝတ္အစားကိုၾကည့္ၿပီး အဆင့္အတန္းကို ဆံုးျဖတ္ " ဆိုသည့္ ဆိုရိုးမွာ ဤေနရာတြင္မူ တကယ့္ကို မွန္ကန္လွေပသည္။ ယခု ဖ်င္ မ်ိဳးဆက္ တပည့္မ်ားတြင္ဆိုလွ်င္ ဂိုဏ္းခ်ဳပ္ ၏ တပည့္မ်ားသည္ အနက္ေရာင္ကိုမွ ေရႊေရာင္အနား ကြပ္ထားေသာဝတ္ဝတ္စံု၊ ရွာက္ယန္ ဂိုဏ္းမွ အျခားအႀကီးအကဲမ်ား၏ ကိုယ္ပိုင္တပည့္မ်ားသည္ အနက္ေရာင္တြင္ ေငြေရာင္ ကြပ္ထားေသာဝတ္စံု၊ တတိယဆင့္ဟု ေျပာ၍ ရေလာက္သည့္ သာမန္တပည့္မ်ားသည္ မီးခိုးေရာင္ ဝတ္စံုႏွင့္ လင္းရွ တို႔ကဲ့သို႔ အျပင္တပည့္မ်ားသည္ နက္ျပာေရာင္ အေစခံပံုစံ ဝတ္စံုမ်ားကို အသီးသီး ဝတ္ဆင္ၾကရေလသည္။

(T/N; တရုတ္ေတြမွာ မ်ိဳးဆက္ေတြကုိ နာမည္ေပးတတ္ၾကေတာ့ အခု လင္းရွ တို႔ ေရာက္ေနတဲ့ မ်ိဳးဆက္က ဖ်င္ မ်ိဳးဆက္လို႔ နာမည္ရတာပါ။ )

သူသည္ ဤကမာ႓ႏွင့္ ပတ္သတ္ၿပီး ေမွ်ာ္လင့္ခ်က္ မ်ားမ်ားစားစား မထားခဲ့ေသာ္လည္း ထိုမွ်ေလာက္ ဖက္ဒရယ္မူဝါဒ ဆန္'ဆန္ အဆင့္အတန္းခြဲျခားမႈေၾကာင့္ တုန္လႈပ္သြားရေတာ့သည္။ ဤေနရာမ်ိဳးတြင္ ဒဏ္ရာသက္သာေအာင္ ကုေနသည္ ဆိုသည္ကပင္ မည္သို႔ပင္ၾကည့္ၾကည့္ မသင့္ေလ်ာ္သည့္ ကိစၥဟုသာ ျမင္ၾကမွာျဖစ္သည္။ ထို႔ျပင္ သူ႔ဒဏ္ရာမ်ားမွာလည္း အေတာ္အတန္ သက္သာသြားၿပီ ျဖစ္ရာ သူသြားရမည့္ မေသမ်ိဳး ဧည့္ေမွ်ာ္ ေမွ်ာ္စင္ သို႔ ထပ္မေႏွာင့္ေႏွးေနေတာ့ပဲ သြားေရာက္ စာရင္းသြင္းရန္ ဆံုးျဖတ္လိုက္ေတာ့သည္။

သူ ထိုဆံုးျဖတ္ခ်က္ကို ေျပာၿပီးေသာအခါ ဆုန္းေရွာင္ဟူ သည္ တြန္႔ဆုတ္မေနပဲ ႏႈတ္ခမ္းေလးမ်ား တြန္႔ေကြးကာ ျပံဳးျပလိုက္ၿပီး

" ဒါဆို ကြ်န္ေတာ္ အခ်ိန္အားတိုင္း အစ္ကို႔ဆီ လာခဲ့မယ္။ အစ္ကိုႀကီးလင္း လည္း ကြ်န္ေတာ္တို႔ဆီ မၾကာမၾကာ လာေတြ႔ရမယ္ေနာ္။ "

ဘာပဲေျပာေျပာ ဆုန္းေရွာင္ဟူ သည္ ဂိုဏ္းခ်ဳပ္ ၏ တိုက္ရိုက္တပည့္ပင္ ျဖစ္ေနၿပီ ျဖစ္ကာ ဖုန္းေလာ္ ၏ ေရွ႕တြင္လည္း ျဖစ္ေနသည့္အတြက္ လင္းရွ သည္ သာမန္တိုင္းကဲ့သို႔ ထိုကေလး၏ ျဖဴဆူးပံု ဆံပင္ေလးကို မပြတ္ေပးျဖစ္ေတာ့ပဲ အျပံဳးႏွင့္ပင္ ေခါင္းၿငိမ့္ျပလိုက္ကာ ျပန္ေျဖလိုက္၏။

" အင္း၊ အစ္ကို အခ်ိန္ရွိတာနဲ႔ မင္းတို႔ ႏွစ္ေယာက္ဆီ လာလည္မွာပါ။ "

ယုဇီေကြ်း ၏ အမူအရာမွာမူ အနည္းငယ္ ထူးျခားေနကာ လင္းရွ ကို တစ္ခ်က္ စိုက္ၾကည့္ၿပီးသည္ႏွင့္ အျခားတစ္ဖက္သို႔ လွည့္သြားၿပီးေနာက္

" ဒါဆိုလည္း ေသေသခ်ာခ်ာ က်င့္ၾကံခဲ့။ ေနာက္တစ္ခါ ဒီလိုမ်ိဳး ဝက္ေခါင္းပံုေပၚေအာင္ အရိုက္မခံရေစနဲ႔ေတာ့။ "

" …  ေကာင္းပါၿပီ။ "

ဘယ္တုန္းကတည္းက ဒီကေလးရဲ႕ လွ်ာက အရမ္း အဆိပ္ျပင္းသြားရတာလဲ ?

ဂိုဏ္းထဲသို႔ ဝင္ၿပီဆိုပါက လုပ္ရမည့္အလုပ္မ်ားမွာ အလြန္မ်ားျပားလွသည္၊ ဥပမာ… အခန္းခြဲေဝျခင္း၊ အေျခခံစည္းမ်ဥ္းမ်ားကို နားလည္ေအာင္ လုပ္ျခင္း၊ စသည္တို႔ ျဖစ္သည္။ ထိုအလုပ္မ်ားမွာ အလုပ္စဆင္းသည့္ အလုပ္သမားသစ္ တစ္ေယာက္ လုပ္ရသည့္ ကိစၥမ်ားထက္ နည္းနည္းမွ် ေလ်ာ့မေနေခ်။ ထို႔ေၾကာင့္ လင္းရွ သည္ ထိုကေလးႏွစ္ေယာက္ကို သူ႔ေနာက္ လိုက္မလာေစခဲ့ျခင္းပင္။ သို႔ေသာ္လည္း သူအေတာ္ေဝးေဝးသို႔ ေလွ်ာက္္ၿပီးေနာက္ ျပန္လွည့္ၾကည့္လိုက္ေသာအခါ ထိုကေလးႏွစ္ေယာက္သည္ သူ႔အား ၾကည့္ေနဆဲျဖစ္ေၾကာင္းကို ေတြ႔လိုက္ရၿပီး ရုတ္တရက္ပင္ သူ႔ရင္ထဲ၌ ေႏြးေထြးမႈကို ခံစားလိုက္ရေပသည္။

တစ္ဂိုဏ္းထဲတြင္ ရွိေနျခင္း ျဖစ္ေသာ္ျငား ဂိုဏ္းခ်ဴပ္၏ တိုက္ရိုက္တပည့္မ်ား က်င့္ၾကံသည့္ ေနရာျဖစ္ေသာ သစ္ေက်ာက္တံုး ေတာင္ႏွင့္ မေသမ်ိဳး ဧည့္ေမွ်ာ္ မွ်ာ္စင္ မွာ တစ္ေနရာႏွင့္ တစ္ေနရာကို သြားဖို႔အတြက္ ႏွစ္ နာရီ တိတိ အခ်ိန္ၾကာေလသည္။ လင္းရွ ႏွင့္ အတူတူ မေသမ်ိဳး ဧည့္ေမွ်ာ္ ေမွ်ာ္စင္ သို႔ တာဝန္က်သည့္ အျခားတပည့္ေလးဦးမွာ စစ္ေဆးပြဲ ၿပီးကတည္းက ႀကီးၾကပ္သည့္ တပည့္ေနာက္မွ လိုက္ၿပီး ထြက္သြားၾကၿပီျဖစ္သည္။ လင္းရွ သည္ လမ္းတစ္ေလွ်ာက္တြင္ ေတြ႔သည့္သူမ်ားအား သူသြားရမည့္ ေနရာကို လိုက္လံ ေမးျမန္းကာ တစ္ခါတစ္ရံ ျမန္ျမန္ေလွ်ာက္လိုက္ တစ္ခါတစ္ရံ ခပ္ေႏွးေႏွး ေလွ်ာက္လိုက္ျဖင့္ ခပ္သုတ္သုတ္ သြားေနရေပသည္။

စစ္ေဆးပြဲ တြင္ တိုက္ခိုက္ၾကစဥ္က ရႈယန္ ေၾကာင့္ ေျခေထာက္ ဒဏ္ရာ ရသြားေလရာ ထိုဒဏ္ရာမွာ ျဖည္းျဖည္းေလွ်ာက္လွ်င္ သိပ္မသိသာလွေသာ္လည္း ျမန္ျမန္ ေလွ်ာက္လိုက္လွ်င္မူ အနာကို ဖိသလိုျဖစ္သြားၿပီး မခံစားႏိုင္ေလာက္ေအာင္ နာက်င္ရေပသည္။ ထို႔ေၾကာင့္ လင္းရွ သည္ မေသမ်ိဳး ဧည့္ေမွ်ာ္ မွ်ာ္စင္ သို႔ ေရာက္ေသာအခါ ေလးနာရီ တိတိ ေနာက္က်ခဲ့ၿပီး ေကာင္းကင္တစ္ခုလံုးပင္ မည္းေမွာင္ေနၿပီျဖစ္သည္။

ထို မေသမ်ိဳး ဧည့္ေမွ်ာ္ ေမွ်ာ္စင္ မွာ ခ်ဳန္းမင္ ေတာင္တန္းႀကီးထဲမွ တစ္ခုျဖစ္သည့္ ေတာင္ငယ္တစ္ခု၏ ေအာက္ေျခတြင္ တည္ရွိျခင္းျဖစ္၏။ ထိုေနရာ၏ နာမည္မွာ ျမင့္ျမတ္ ထူးျခားဟန္ ေပၚေနေသာ္လည္း ယင္း၏ ဂိုဏ္းတြင္းအဆင့္အတန္းမွာ မျမင့္မားလွပဲ ဂိုဏ္း၏ ေဆးပင္ စိုက္ခင္းမ်ား၊ ထင္းမ်ား၊ စပါးခင္းမ်ားႏွင့္ အျခားေသာ အေရးမပါလွသည့္ အလုပ္မ်ားကိုသာ လုပ္ရသည့္ေနရာ ျဖစ္ေပသည္။ ဤေနရာရွိ ဂိုဏ္းတပည့္မ်ားသည္ အပင္ပန္းဆံုး အလုပ္မ်ားကိုသာ လုပ္ရေသာ္လည္း အေျခခံ အက်ဆံုးေသာ က်င့္ၾကံနည္း လမ္းညႊန္ခ်က္မ်ားကိုသာ ရၾကေပသည္။ ထိုသူတို႔အား ရွာက္ယန္ ဂိုဏ္းမွ တပည့္မ်ားဟု ေခၚသည္ထက္ ရွာက္ယန္ ဂိုဏ္း၏ အလုပ္ၾကမ္းမွန္သမွ်ကို လုပ္ေပးရသည့္ အခ်ိန္ပိုင္း အလုပ္သမားမ်ား ဟုဆိုသည္မွာ ပိုသင့္ေတာ္လွကာ သူတို႔၏ လစဥ္ေၾကးေငြမ်ားမွာလည္း တစ္ဂိုဏ္းလံုးတြင္ အနိမ့္ပါးဆံုးပင္ ျဖစ္ေလသည္။

အတိတ္တြင္မူ လင္းရွ သည္ ဤအပိုင္းကို ဖတ္စဥ္က သာမန္ကာလွ်ံကာပင္ ဖတ္ထားကာ အမ်ားစုကို ေက်ာ္လႊားသြားခဲ့ေပသည္။ သူသည္ ထိုဝတၳဳကို စိတ္ေပ်ာ္ေအာင္ ဖတ္ျခင္းျဖစ္ေလရာ ဤကဲ့သို႔ ဇာတ္လိုက္မွ အျမဲတမ္း ႏွိပ္စက္ခံေနရသည့္ အေၾကာင္းအရာမ်ားအေပၚ နည္းနည္းေလးမွ်ပင္ ဖတ္ခ်င္စိတ္ ရွိမေနပါေခ်။ ယခုတြင္မေတာ့ လင္းရွ သည္ အလြန္႔ကိုပင္ ေနာင္တရေနမိပါ၏။ အေၾကာင္းမွာ ဇာတ္လိုက္၏ ကံဆိုးမႈ အေပါင္းတို႔မွာ သူကိုယ္တိုင္ ၾကံဳေတြ႔ရေတာ့မည့္ အရာမ်ားအျဖစ္သို႔ ေျပာင္းလဲသြားျခင္းေၾကာင့္ပါေပ။

ဂိတ္တံခါးကို ေစာင့္ၾကပ္ေနၾကသည့္ ဂိုဏ္းသားႏွစ္ဦးလံုးမွာ အသက္ ၃၀ ခန္႔မွ် ရွိေနၿပီျဖစ္ရာ တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ သူတို႔သည္ က်င့္ၾကံျခင္းကို လံုးဝ စြန္႔လႊတ္လိုက္ၿပီျဖစ္ေၾကာင္း သိႏိုင္ေပသည္။ လင္းရွ သည္ ခါးတြင္ခ်ိတ္ထားသည့္ သူ႔နာမည္ကို ေရးထိုးထားေသာ တံဆိပ္ျပားကို ရိုရိုေသေသ ကမ္းေပးလိုက္ကာ ရင္းႏွီးေဖာ္ေရြသည့္ အျပံဳးတစ္ခု ျပံဳးျပလိုက္ရင္း

" ဂိုဏ္းတူ အစ္ကိုႀကီးတို႔ကို ေတြ႔ရတာ ဝမ္းသာပါတယ္။ ကြ်န္ေတာ့္ရဲ႕ ေျခေထာက္က ဒဏ္ရာေၾကာင့္ အခုလို ေႏွာင့္ေႏွးၿပီး ေရာက္လာခဲ့ရတာကို ဂိုဏ္းတူ အစ္ကိုႀကီးတို႔အေနနဲ႔ ခြင့္လႊတ္နားလည္ ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ! "

သို႔ေသာ္လည္း သူ႔မ်က္ႏွာေပၚရွိ အေယာင္မက်ေသးေသာ အညိဳအမဲကြက္မ်ားႏွင့္ ေယာင္ကိုင္းေနေသာ မ်က္လံုးမ်ားေၾကာင့္ သူ၏ ရင္းႏွီးသည့္ ဟန္ပန္မွာ သိပ္ၿပီး ထိေရာက္မႈမရွိပဲ ျဖစ္သြားရေပသည္။

ထို ဂိုဏ္းသားႏွစ္ဦးတို႔သည္ လင္းရွ ကို ေသေသခ်ာခ်ာ ၾကည့္လိုက္ၿပီးေနာက္ ထိုသူ႔ထံတြင္ မည္သည့္ ေနာက္ခံအင္အားမွ် ရွိမေနေၾကာင္း ေသခ်ာသြားေတာ့သည္။ ထို႔ျပင္ အျခားတပည့္မ်ားကဲ့သို႔ သူတို႔အား မ်က္ႏွာလုပ္ရန္ ဘာလက္ေဆာင္ကိုမွလည္း ထုတ္မေပးလာသည့္အတြက္ အနည္းငယ္ မေပ်ာ္မရႊင္ ျဖစ္သြားၾကေတာ့သည္။

အေစာင့္ႏွစ္ဦးထဲမွ ပိုဝသည့္ အေစာင့္သည္ စိတ္မရွည္ဟန္ျဖင့္ လက္ေဝွ႔ယမ္းကာ ဟိန္းေဟာက္လိုက္၏။

" တျခားတပည့္ေတြ အကုန္လံုးက မေန႔ကတည္းကေရာက္ေနၿပီ၊ မင္းတစ္ေယာက္တည္းကပဲ ဘာလို႔ ေနာက္က်ေနတာလဲ ? ဆရာဦးေလး ကြမ္ရႈဇီ က အဓိက ေဟာခန္းထဲမွာရွိတယ္။ ျမန္ျမန္လုပ္ၿပီး သြားစမ္းပါ။ "

လင္းရွ သည္ ေက်းဇူးတင္ေၾကာင္း လက္ဟန္ အမူအရာလုပ္ၿပီးေနာက္ အခ်ိန္မဆြဲရဲပဲ ခ်က္ခ်င္းပင္ ေလွကားထစ္မ်ားေပၚသို႔ ေထာ့က်ိဳးေထာ့က်ိဳးျဖင့္ ျမန္ျမန္တက္သြားေသာ္လည္း ထို ဂိတ္ဝမွ ေတာင္ထိပ္အထိသိုု႔ေရာက္ရန္ ေနာက္ထပ္တစ္နာရီ ၾကာသြားရေပသည္။

ေဟာခန္းထဲတြင္မူ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ အျခားေသာတပည့္မ်ားအားလံုးသည္ သူတို႔၏ ကိုယ္ပိုင္အခန္းမ်ားသို႔ ရွင္းလင္းရန္ ေရာက္ၿပီးၾကၿပီ ျဖစ္သည္။ ဂိတ္တံခါးမွ ဂိုဏ္းသားႏွစ္ဦးေျပာလိုက္သည့္ " ဆရာဦးေလး ကြမ္ရႈဇီ " ဆိုသည္မွာ ရွင္းရွင္းေျပာရလွ်င္ မေသမ်ိဳး ဧည့္ေမွ်ာ္ ေမွ်ာ္စင္ ၏ အေထြေထြ မန္ေနဂ်ာ ပံုစံမ်ိဳးျဖစ္ေလသည္။ သူသည္ အသက္ သံုးဆယ္ ခန္႔မွ် ရွိပံုေပၚကာ ပိန္ပိန္ပါးပါး မ်က္လံုး ညိဳမည္းမည္းႏွင့္ ခပ္ေယာင္ေယာင္ ေကာက္ေနေသာ ႏွာေခါင္းတို႔ေၾကာင့္ ၾကည့္လိုက္သည္ႏွင့္ ေပါင္းရသင္းရ လြယ္ကူသည့္ လူစားမ်ိဳး မဟုတ္ေၾကာင္းကို ခံစားလိုက္ႏိုင္ေပသည္။

ထိုသူသည္ လင္းရွ မွ သူ႔အား ေခါင္းငံု႔ အရိုအေသေပးေနသည္ကို ေတြ႔ရေသာ္လည္း ခ်က္ခ်င္းမတ္တပ္ရပ္ဖို႔ အမိန္႔မေပးေသးပဲ ထိုအစား သူ၏ လက္ဖက္ရည္ခြက္အား ပ်င္းရိစြာ ေကာက္ကိုင္လိုက္ကာ ႏွစ္ငံုမွ် ေသာက္လိုက္ၿပီးေနာက္ လင္းရွ အား ေခါင္းအစ ေျခအဆံုး အကဲခတ္ရင္းႏွင့္ပင္ လက္ဖက္ရည္ကို စိမ္ေျပနေျပ ေသာက္ေနေလေတာ့သည္။

လင္းရွ သည္ ေခါင္းငံု႔ရင္း တိတ္တိတ္ေလး က်ိန္ဆဲလိုက္မိ၏ - ငါျပႆနာထုပ္ႀကီးနဲ႔ ဒီေလာက္ျမန္ျမန္ တိုးသြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ?

ကြမ္ရႈဇီ သူ႔လက္ဖက္ရည္ကို အကုန္ကုန္ေအာင္ ေသာက္ၿပီးသြားသည္အထိ အခ်ိန္အၾကာႀကီး ေစာင့္လိုက္ရၿပီးေနာက္တြင္မွ သူသည္ လင္းရွ ကို မတ္တပ္ရပ္ဖို႔ ေျပာရင္း စိတ္မပါ့တစ္ပါျဖင့္ ေမးလိုက္၏။

" မင္းက ဒီ ရွာက္ယန္ ဂိုဏ္းထဲကိုေတာင္ ေရာက္လာၿပီ ဆိုမွေတာ့ မင္းမွာ အရည္အခ်င္းတစ္ခုခုေတာ့ ရွိရမယ္ မဟုတ္လား ? "

လင္းရွ သည္ ယဥ္ယဥ္ေက်းေက်းႏွင့္ပင္ အေသအခ်ာ ျပန္ေျဖလိုက္ေပသည္။

" ဒီတပည့္မွာ အရမ္းကို ႀကီးမားတဲ့ ခြန္အား ပိုင္ဆိုင္ပါတယ္။ "

ကြမ္ရႈဇီ သည္ ရုတ္တရက္ ခပ္ဟဟ ရယ္လိုက္၏။

" မဆိုးဘူး၊ မဆိုးဘူး၊ ေနာက္ဆံုးေတာ့ သူတို႔ေတြ အသံုးဝင္တဲ့ တစ္ေယာက္ေယာက္ကို ပို႔လာေပးေသးသားပဲ။ အခုအခ်ိန္က စၿပီး မင္းက ယြမ္ေဟြ႔ ေနာက္လိုက္ၿပီးေတာ့ ဆည္းဆာျမဴ ေဆးစိုက္ခင္းကို ေရေလာင္းရလိမ့္မယ္။ ယြမ္ေဟြ႔၊ မင္းရဲ႕ ဂိုဏ္းတူညီေလးလင္း ကို နားရမယ့္ေနရာ ေခၚသြားေပးလိုက္။ "

လင္းရွ သည္ ထိုေဆးပင္မ်ားအေၾကာင္းကို မၾကားဖူးသလို ေဆးစိုက္ခင္းက ဘယ္ေလာက္က်ယ္မွန္းလဲ ေသခ်ာမသိေသာ္ျငား လက္ရွိတြင္ ခိုင္းသည့္အတိုင္းလုပ္ရန္သာ ရွိေပသည္။ သူသည္ ကြမ္ရႈဇီ မွ သူ႔အား အခြင့္ေကာင္းယူမည္ စိုးသည့္အတြက္ သူ၏ နာေနေသာေျခေထာက္ကို တမင္တကာပင္ ေထာ့က်ိဳးေထာ့က်ိဳး လုပ္ေလွ်ာက္ျပလိုက္၏။ ထို႔ျပင္ သူသည္ နဂိုကတည္းကမွ ေတာင္တက္လာရ၍ ပင္ပန္းေနရာ သူ၏ ေထာ့နဲ႔ေထာ့နဲ႔ ႏွင့္ ယိုင္တိုင္တိုင္ သြားသည့္ပံုမွာ ဒဏၭာရီထဲမွ သံမဏိ ခ်ိဳင္းေထာက္ လီ ( က်ိကုန္း ) ႏွင့္ ခပ္ဆင္ဆင္ပင္ ျဖစ္ေနေတာ့သည္။ သို႔ေသာ္လည္း သူ၏ ထိုအျပဳအမူကို ကြမ္ရႈဇီ ျမင္လိုက္သလား မျမင္လိုက္ဘူးလားေတာ့ လင္းရွ ေသခ်ာမသိေခ်။

(T/N; သံမဏိ ခ်ိဳင္းေထာက္ လီ ဆိုတဲ့ နာမည္နဲ႔ သိပ္မရင္းႏွီးၾကေပမယ့္ က်ိကုန္း လို႔ ေျပာရင္ေတာ့ ပိုရင္းႏွီးမယ္ ထင္တယ္။ က်ိကုန္း ကို မသိေသးတဲ့ လူေတြအတြက္ေတာ့ ေျပာရရင္ သူက တရုတ္ဒဏၭာရီ ထဲက လူတစ္ေယာက္ျဖစ္ၿပီး သူ႔နာမည္ကို ေျပာလိုက္တာနဲ႔ ဘူးသီးေျခာက္ ေရဘူးရယ္၊ ယပ္ေတာင္ရယ္၊ သံခ်ိဳင္းေထာက္ရယ္ နဲ႔ ညစ္ညစ္ပတ္ပတ္ အဝတ္ေတြ ဝတ္ထားတာကို ေျပးျမင္ၾကတာပါ။ သူ႔ကို ေတာ္ေတာ္မ်ားမ်ားက စိတ္ဆတ္ၿပီး ေဒါသထြက္လြယ္တယ္လို႔ ေျပာၾကေပမယ့္ ဆင္းရဲသားေတြ၊ ေနမေကာင္းတဲ့လူေတြနဲ႔ ပိုက္ဆံမရွိတဲ့သူေတြ အေပၚကို စိတ္ထားေကာင္းပါတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ကို ဖိႏွိပ္ခံလူေတြနဲ႔ ဆင္းရဲသားေတြအေပၚ အကူအညီေပးဖို႔ ေကာင္းကင္ဘံုကေန ဆင္းလာၿပီး သူေတာင္းစား ေယာင္ေဆာင္ထားတဲ့ နတ္မင္းတစ္ပါး ဆိုၿပီးေတာ့ ပံုေဖာ္ေျပာၾကတယ္။ )

ယြမ္ေဟြ႔ သည္ ရိုးသားကာ စိတ္ထားေကာင္းပံုေပၚသည့္ လူငယ္တစ္ဦးျဖစ္ၿပီး လင္းရွ ၏ သူ႔အေပၚအျမင္မွာလည္း အေတာ္ေလး ေကာင္းသည္ပင္။ တဖက္သူက ေရွ႕မွ သြားေနစဥ္တြင္ အခြင့္အေရးတစ္ခုကို ရွာကာ လွမ္းေမးလိုက္၏။

" ဂိုဏ္းတူအကိုႀကီးယြမ္၊ တျခားသူေတြရဲ႕ အိပ္ေဆာင္က ဘယ္နားမွာ ရွိတာလဲ ? "

ယြမ္ေဟြ႔ သည္ သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ျဖည္းျဖည္းေလးပင္ ျပန္ေျဖလာသည္။

" အဲ့ဒီမွာ အခန္းလြတ္ ထပ္မရွိေတာ့လို႔ အရင္ဆံုး ဂိုဏ္းတူညီေလးလင္း ကို ထင္းတဲမွာ ခဏေလာက္ ေနဖို႔ ဒုကၡခံခိုင္းရေတာ့မွာပဲ။ ဒီ မေသမ်ိဳး ဧည့္ေမွ်ာ္ ေမွ်ာ္စင္ မွာ အခန္းလြတ္ေတြက အျမဲတမ္း ရွားပါးေနတာ၊ အခုတစ္ေလာ အလုပ္ရႈပ္တဲ့ ရက္ေတြၿပီးသြားေတာ့မွပဲ ဆရာဦးေလး က လူရွာၿပီး တစ္ျခားအိပ္ေဆာင္သစ္တစ္ခု ေဆာက္ေပးပါလိမ့္မယ္။ "

လင္းရွ သည္ မေမွ်ာ္လင့္ထားသည့္ ထိုစကားမ်ားကို ၾကားလိုက္ရေသာ္အခါ မ်က္ခံုးမ်ား လႈပ္သြားေသာ္လည္း သူ၏ ဆိုးရြားလွသည့္ ကံတရားကိုသာ အျပစ္တင္လိုက္ႏိုင္ေတာ့သည္။ သူသည္ ဤေနရာသို႔ေရာက္ရန္ စိတ္ေလာေနသညိ့အတြက္ ဗိုက္ဆာသည္ကိုပင္ ေမ့ေနေလရာ

" ဂိုဏ္းတူ အစ္ကိုႀကီးယြမ္၊ ေႏွာင့္ယွက္မိတာကိုေတာ့ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ ညေနစာကို ဘယ္နားမွာ စားလို႔ရလဲ သိႏိုင္မလား ? "

ဟု တစ္ဆက္တည္း ေမးလိုက္ေပ၏။

ယြမ္ေဟြ႔ သည္ ေနာက္လွည့္ၾကည့္လာကာ သိပ္မေဝးလွသည့္ အေဆာက္အအံုတစ္ခုကို လက္ညိွဳးထိုးရင္း ျပန္ေျဖလာ၏။

" ဟိုေနရာမွာ။ ေန႔တိုင္း ထမင္းသံုးနပ္ကို ေခါင္းေလာင္းတီးတာနဲ႔ စားရတယ္။ ဒီေန႔ ညေနစာစားရတဲ့ အခ်ိန္က ေက်ာ္သြားၿပီ ဆိုေတာ့ … အင္း အိပ္ေဆာင္ေတြနားသြားၿပီး တျခား ဂိုဏ္းတူညီေလးေတြ ဆီမွာ ေပါက္စီေလး ဘာေလးမ်ား က်န္ေနေသးလား ၾကည့္လိုက္မယ္။ "

" … အစ္ကိုႀကီး ဒုကၡခံေနဖို႔ မလိုပါဘူး။ ကြ်န္ေတာ္လည္း အဲ့ဒီေလာက္ ဗိုက္ဆာေနတာ မဟုတ္ပါဘူး။ "

လင္းရွ သည္ မည္မွ်ပင္ တံုးသည္ဟု ေျပာ'ေျပာ သည္တစ္ခါတြင္မူ သူသည္ ယြမ္ေဟြ႔ ၏ သူ႔အေပၚ စိတ္မပါ့တစ္ပါ ႏွင့္ ေလးေလးနက္နက္ မရွိလွသည့္ စိတ္ထားကို သတိထားေနမိၿပီ ျဖစ္သည္။ သူသည္ လြန္ခဲ့သည့္ ရက္ပိုင္းအတြင္းတြင္ တကယ့္ကို ပင္ပန္းခဲ့ရကာ ယခုအထိ ဖုန္းေလာ္ ေပးသည့္ ေဆးအခ်ိဳ႕ကိုသာ သံုးခဲ့ရေပသည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူသည္ ဤသို႔ေသာ ဗိုက္ဆာသည့္ ဒုကၡမ်ားကုိ လက္ေတြ႔ ေတြ႔ၾကံဳခဲ့ရၿပီး ျဖစ္ေသာေၾကာင့္ အေျခအေနတစ္ခုအထိ  သည္းခံၿပီးသည္ႏွင့္ ယင္း ဗိုက္ဆာသည့္ ျပႆနာေလးမွာ ဘာမွ် မဟုတ္ေတာ့ေခ်။

ေသခ်ာေပါက္ပင္၊ လင္းရွ ထိုသို႔ ေျပာၿပီးသည္ႏွင့္ ယြမ္ေဟြ႔ သည္လည္း ထိုကိစၥကို စိတ္ထဲထည့္မထားေတာ့ေခ်။

လင္းရွ သည္ အတန္ၾကာသည္အထိ ေနာက္မွ လိုက္ၿပီးေနာက္ ထင္းတဲသို႔ ေရာက္လာကာ ရိုးရွင္းကာ အၾကမ္းထည္ဆန္လွသည့္ ဖ်ာတစ္ခ်ပ္ကို လက္ခံရလိုက္ေပသည္။ က်င့္ၾကံသူ တစ္ဦး အေနျဖင့္ ဤသို႔ေသာ ကိစၥေလးမွာ ဘာမွ မေျပာပေလာက္ေခ်သည့္ျပင္ သူသည္ ထိုကေလး ႏွစ္ဦး ႏွင့္အတူ သစ္ရြက္ေျခာက္မ်ားႏွင့္ ေကာက္ရိုးပံုမ်ားေပၚတြင္ ရက္ေပါင္းမ်ားစြာ အိပ္ဖူးသည္ပင္။

မေသမ်ိဳး ဧည့္ေမွ်ာ္ ေမွ်ာ္စင္ မွ ထင္းတဲမွာ က်ယ္ဝန္းသည္ဟု ဆို၍ရကာ ေနရာလြတ္ အေတာ္မ်ားမ်ား ရွိေနေပသည္။ လင္းရွ သည္ ေနရာလြတ္တစ္ခုတြင္ ဖ်ာကို ခင္းလိုက္ကာ ယြမ္ေဟြ႔ ကို ေက်းဇူးတင္လိုက္၏။ ယြမ္ေဟြ႔ သည္ သာမန္ကာလွ်ံကာပင္ တစ္ခ်က္ၾကည့္ကာ စကားတစ္ခြန္းမွ မေျပာပဲ လွည့္ထြက္သြားေလေတာ့သည္။ လင္းရွ သည္ သက္ျပင္းခ်လိုက္မိ၏ - ေတာ္ပါေသးတယ္၊ ထင္းတဲထဲမွာ ေရနံဆီ မီးအိမ္တစ္ခု ရွိေနတာပဲ။

လင္းရွ သည္ ဖ်ာကို ျပန္႔သြားေအာင္ တစ္ခ်က္၊ ႏွစ္ခ်က္မွ် ခါလိုက္ကာ ခႏၶာကိုယ္ႏွင့္ မ်က္ႏွာေပၚရွိ ဒဏ္ရာမ်ားကို ေဆးလိမ္းၿပီးေနာက္ မီးအိမ္ကို ေလႏွင့္ မႈတ္ၿငိမ္းလိုက္ၿပီး ခ်ည့္နဲ႔စြာပင္ လွဲအိပ္လိုက္ေတာ့သည္။

သည္ေနရာ တစ္ခုလံုးမွာ ပိန္းပိတ္ေအာင္ ေမွာင္မည္းၿပီး ေအးစက္ေနေပမယ့္ အနည္းဆံုးေတာ့ အႏၲရာယ္ရွိတဲ့ ေမွာ္သားရဲေတြ ရန္က ကာကြယ္ၿပီးသား ျဖစ္ၿပီး လံုျခံဳေနေသးတာပဲ … ေျပာရမယ္ဆိုရင္၊ ဟိုကေလးႏွစ္ေယာက္ေကာ အခုဘာလုပ္ေနၾကမွာပါလိမ့္ ? … သူသည္ အတန္ၾကာေအာင္ ဟိုလွိမ့္သည္လွိမ့္ လုပ္ၿပီးေနာက္တြင္မွ အိပ္ေပ်ာ္သြားရ၏။ သို႔ေသာ္လည္း အေကာင္ကိုက္ေသာေၾကာင့္ ညလယ္ႀကီးတြင္ ႏွစ္ႀကိမ္မွ် ႏိုးလာရေသးသည္။

ေနာက္တစ္ေန႔တြင္ လင္းရွ သည္ အျပင္ဖက္ရွိ ေခါင္းေလာင္းသံေၾကာင့္ အေစာႀကီးႏိုးလာကာ မ်က္ႏွာပင္ မသစ္ႏိုင္ပဲ အျပင္ဖက္သို႔ ခပ္ျမန္ျမန္ ေျပးထြက္လိုက္၏။ သူသည္ လမ္းေၾကာင္းမ်ားကို မကြ်မ္းက်င္ေသးေသာေၾကာင့္ ေနရာမွန္ ကို ရွာေတြ႔သြားေသာအခါတြင္မူ သူသည္ ထပ္ၿပီး ေနာက္က်သြားျပန္ၿပီ ျဖစ္ကာ အျခားတပည့္မ်ားအားလံုးသည္ အတန္းလိုက္ သပ္သပ္ရပ္ရပ္ပင္ တန္းစီေနၾကၿပီ ျဖစ္သည္။

ကြမ္ရႈဇီ သည္ သူအား ေၾကာက္စရာေကာင္းလွသည့္ အၾကည့္တစ္ခ်က္ျဖင့္ စိုက္ၾကည့္ၿပီးေနာက္ ဟိန္းေဟာက္လိုက္၏။

" လင္းရွ ! ဒီကိုလာစမ္း ! "

လင္းရွ သည္ စိတ္ထဲမွ ေတြးလိုက္မိ၏ - မေကာင္းေတာ့ဘူး ။ ယင္းမွာ သူငယ္တန္းေက်ာင္းသားေလးမွ ေက်ာင္းေနာက္က်မွေရာက္လာကာ ေက်ာင္းအုပ္ႀကီးႏွင့္ တည့္တည့္တိုးသြားရသည့္ အတိုင္းပင္ …

သူသည္ ခပ္သြက္သြက္ ေလွ်ာက္သြားကာ ေလးစားစြာ အရိုအေသ ေပးလိုက္ရင္း

" ဒီတပည့္က တံုးအၿပီး လမ္းလည္းမမွတ္မိေတာ့တဲ့အတြက္ ေနာက္က်ၿပီး ေရာက္လာရတာျဖစ္ပါတယ္။ ဒီကိစၥကို အျပစ္ေပး' ေပးဖို႔အတြက္ ဆရာဦးေလးကို ေလးစားစြာ ေတာင္းဆိုပါတယ္။ "

သူ႔၏ စိတ္ပါလက္ပါ ရွိစြာ အရိုအေသေပးေလဟန္ကို ေတြ႔ရေသာအခါ ကြမ္ရႈဇီ သည္ စိတ္အနည္းငယ္ေပ်ာ့သြားၿပီး ေခါင္းၿငိမ့္ကာ ေျပာလာ၏။

" အင္း၊ ဒီေန႔က မင္းရဲ႕ ပထမဆံုးေန႔မလို႔ မင္းကို ျပင္းျပင္းထန္ထန္ အျပစ္မေပးေတာ့ဘူး။ ဒါေပမယ့္ ဒီ ရွာက္ယန္ ဂိုဏ္းထဲမွာေတာ့ အကုန္လံုးက ဂိုဏ္းစည္းမ်ည္းေတြကို စိတ္ထဲမွာ စြဲစြဲျမဲျမဲ မွတ္မိေနရမယ္ ! ဒါကို မလိုက္နာတဲ့သူ ရွိေနမယ္ဆိုရင္ ျပင္းျပင္းထန္ထန္ အျပစ္ေပးတာကို ခံရမွာပဲ ! မေန႔က မင္းကို ယြမ္ေဟြ႔ ေနာက္လိုက္ၿပီး ဆည္းဆာျမဴ ေဆးပင္ေတြကို ဂရုစိုက္ခိုင္းထားတယ္ဆိုေတာ့ ျပစ္ဒဏ္အေနနဲ႔ အဲ့ဒီေဆးပင္ေတြ အကုန္လံုးကို ဒီေန႔ မင္းတစ္ေယာက္တည္း ေရေလာင္းရမယ္။ မင္း ေရေလာင္းလို႔ မၿပီးေသးမခ်င္း အစာစားခြင့္ မရွိဘူး။ "

တပည့္ႀကီးမ်ားထံမွ ရႈပ္ေထြးကာ စာနာသည့္ အၾကည့္မ်ားကို သတိထားမိလိုက္ရာ လင္းရွ သည္ မေကာင္းသည့္ ခံစားခ်က္မ်ား ရလာေတာ့သည္။

လင္းရွ သည္ ထို ' စိုက္ခင္း ' ဆိုသည္မွာ မည္မွ် က်ယ္မွန္း ေသခ်ာမသိေသာ္လည္း သူသည္ ထိုေနရာသို႔ အျခားတပည့္တစ္ေယာက္၏ ဦးေဆာင္မႈျဖင့္ ေရာက္လာေသာအခါတြင္မူ ေဒါသထြက္လြန္၍ သတိပင္လစ္လုနီးပါး ျဖစ္သြားရသည္။

ဘယ္လိုေတာင္ သာက္အဓိပၸာယ္ မရွိတာမ်ိဳးႀကီးလဲ !

သူသည္ ယင္းစိုက္ခင္းမွာ အမ်ားဆံုး ဘက္စကတ္ေဘာ ကြင္းတစ္ကြင္းစာမွ်သာ က်ယ္ေလာက္မည္ဟု ေတြးမိေသာ္လည္း လက္ေတြ႔တြင္မူ ေဘာလံုးကြင္း တစ္ကြင္းစာမွ်ေတာင္ က်ယ္ဝန္းေနသည္ပင္ !

ၾကည့္ရသည္မွာ ကြမ္ရႈဇီ သည္ တပည့္သစ္မ်ားေရွ႕တြင္ ပါဝါျပသည့္ အေနျဖင့္ ထိုအလုပ္ကို ခိုင္းလိုက္ျခင္းျဖစ္ကာ သူကေတာ့ ကံဆိုးသူ  ေမာင္ရွင္ ျဖစ္သြားရျခင္းေပ …

သူသည္ တုတ္ေခ်ာင္းေလး တစ္ေခ်ာင္းတြင္ ေရပံုးႏွစ္ပံုးဆြဲထားသည့္ သူေရေလာင္းရမည့္ ထမ္းပိုးကို ေတြ႔ေသာအခါ ေနာက္တစ္ဖန္ ေဒါသမ်ားထြက္ကာ ခုန္ေပါက္ပစ္မိလုနီးပါး ျဖစ္သြားရသည္။

FUCK ! ငလူးတဲ့မွပဲ ! ဒါနဲ႔သာဆို ေရေလာင္းလို႔ မၿပီးမခ်င္း ဘယ္ႏွေခါက္ေတာင္ ေရျပန္သယ္ေနရမွာလဲ ?!

(T/N; ဘက္စကတ္ေဘာကြင္းက ၉၄ ေပ - ေပ ၅၀ အက်ယ္ရွိၿပီး ေဘာလံုးကြင္းကေတာ့ ၃၆၀ ေပ -  ၂၂၅ ေပ က်ယ္ပါတယ္။ )

~~~~~
<Unicode>

လင်းရှ လက်ရှိ ရောက်နေသည့် အခန်းမှာ ဂိုဏ်းချုပ်၏ တပည့်သစ်များ အခန်းခွဲဝေ၍ မပြီးသေးခင်တွင် နားနေရန်အတွက် သုံးသည့် အခန်းဖြစ်ကာ ထို ဂိုဏ်းသားသစ်များအားလုံးသည် ယခုအခါတွင် သူတို့ ၏ သက်ဆိုင်ရာ အခန်းအသီးသီးသို့ သွားကုန်ကြပြီဖြစ်၏။ တစ်နည်းပြောရလျှင် သူသည် ဆုန်းရှောင်ဟူ နှင့် ယုဇီကျွေး တို့၏ အရောင်အဝါများအားကိုးဖြင့် သည်အခန်းထဲတွင် အေးအေးဆေးဆေး နားနေရခြင်း ဖြစ်ပေသည်။

လင်းရှ သည် ယွင်ရှောက် မြို့မှ လူများအကြောင်းကို သိချင်နေသေးသော်လည်း ယုဇီကျွေး ၏ အေးစက်လှသော မှတ်ဉာဏ်များကို ပြန် မနှိုးဆွလိုတော့သည့် အတွက် ဆုန်းရှောင်ဟူ ကိုသာ ခိုးကြောင်ခိုးဝှက်ဖြင့် လှမ်းမေးလိုက်၏။ ဆုန်းရှောင်ဟူ သည်လည်း ချက်ချင်းပင် ပြန်ဖြေလာပေသည်။

" ကျွန်တော် ဖုန်းလော် ဆီက ကြားတာတော့ အဲ့ဒီလူတွေ မပြန်သေးဘူးဆိုပဲ။ ပြောရရင် … သူတို့ရဲ့ အငယ်ဆုံး ဆရာတူညီလေးက ဒီမှာတင်ပျောက်သွားတာဆိုတော့ မတွေ့သေးမချင်း နေဦးမယ့် ပုံပေါ်တယ်။ "

လင်းရှ သည် ထိုဆုံးဖြတ်ချက်တွင် ချွေ့ယု ၏ လက်ချက်ပါနေကြောင်းကိုမူ သေချာပေါက် သိမနေချေ။ စစ်ဆေးပွဲ ပြီးသွားသည်နှင့် မော့တိုင် သည် သူမအား နည်းမျိုးစုံဖြင့် ချော့မော့ပြီး လက်ရှိတွင် ယုဇီကျွေး သည် ရှောက်ယန် ဂိုဏ်းသား ဖြစ်နေပြီ ဖြစ်ရာ ဖုန်းစူးမင် ထံတွင် သွားတောင်း၍ မသင့်တော်ကြောင်း စသည် စသည်ဖြင့် ရှင်းပြခဲ့ရလေသည်။ နောက်ဆုံးတွင်မူ ချွေ့ယု သည် နောက်ဆုတ်လိုက်ရသော်ငြား အလျော့မပေးနိုင်ပဲ ဂိုဏ်းသို့ ပြန်သွားပြီးနောက် သူမ အဖေထံတွင် ခွင့်တောင်းပြီးပါက ထိုကိစ္စကို ပြန်ဆွေးနွေးပေးရမည်ဟု ကတိတောင်း သွားသေးသည်ပင်။ ချွေ့ယု သည် အလိုလိုက် ခံထားရ၍ ဆိုးသွမ်းနေသည် ဆိုလျှင်တောင်မှ ဤသို့ တပည့်တောင်းသည့် ကိစ္စမှာ ထင်သလောက် မရိုးရှင်းမှန်းတော့ နားလည်သေးသည်ပေ။ ထိုအချိန်တွင် ရှန်းယန် ၏ အချိန်ကိုက် ပျောက်ဆုံးသွားမှုကြောင့် မမျှော်လင့်ပဲ သူမအတွက် ထပ်နေဖို့ အကြောင်းပြချက် ရလာလေတော့သည်။

လင်းရှ သည် ထိုအကြောင်းကို ကြားရသောအခါ ထိတ်လန့် တုန်လှုပ်သွားရသည်။ သူသည် ထိုအချိန်တုန်းက စိတ်မာမာထားကာ အလောင်းနှင့် ကျန်သဲလွန်စ မှန်သမျှကို ရှာမတွေ့အောင် ဖျောက်ဖျက်ပစ်ခဲ့သင့်ကြောင်း တွေးလိုက်မိသော်လည်း ယခုမှတော့ နောင်တရဖို့ နောက်ကျလွန်းသွားချေပြီ။ ထို့ပြင် သူ့အား အခွင့်အရေး နောက်တစ်ခု ထပ်ပေးလာဦးမည် ဆိုလျှင်တောင် သူ့လုပ်ရဲလိမ့်မည်မဟုတ်ချေ … သူ့အနေနဲ့ ရှန်းယန် ရဲ့ အလောင်းကို ရှာမတွေ့ပါစေနဲ့ လို့သာ ဆုတောင်းဖို့ တတ်နိုင်တော့သည်။ ထို့နောက် သူသည် ဆုန်းရှောင်ဟူ အား ထိုအကြောင်းကို အခြားသူများရှေ့တွင် တစ်စွန်းတစ်စလေးတောင် ထုတ်မပြောဖို့ သေသေချာချာ ထပ်သတိပေးလိုက်လေရာ တစ်ဖက်မှလည်း နားလည်ကြောင်း ခေါင်းငြိမ့်ပြလာပေသည်။

ဖုန်းလော် နှင့် ဆုန်းရှောင်ဟူ တို့သည် အတော်အတန် ရင်းနှီးနေကြပြီဖြစ်ရာ သူမ သည် လင်းရှ ကိုမြင်သည်နှင့် ရှောင်ဖယ်ကာ မသိချင်ယောင်ဆောင်ခြင်း မရှိပဲ ယဉ်ယဉ်းကျေးကျေးပင် ခေါင်းငြိမ့်ကာ နှုတ်ဆက်လာလေသည်။ လင်းရှ သည် ဤကမ္ဘာတွင် အဆင့်အတန်း သတ်မှတ်ချက်မှာ အသက်အရွယ်အရွယ်ပေါ် မူတည်သည်မဟုတ်ပဲ စွမ်းရည်များအပေါ်တွင်သာ မူတည်နေကြောင်းကို သေသေချာချာ နားလည်ပေသည်။ ပြောစရာပင် မလိုလောက်လောက်အောင်ပင်၊ ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ပြီ ဆိုပါက ဂိုဏ်းချုပ်တပည့် ဆိုသည့် ရာထူးမှာ အမြင့်ဆုံးဟု ယူဆ၍ ရချေသည်။ ထိုစည်းကမ်းများအရဆိုလျှင် သူသည် ဖုန်းလော် အား " ဂိုဏ်းတူအစ်မ " ဟုခေါ်ကာ၊ ယုဇီကျွေး နှင့် ဆုန်းရှောင်ဟူ တို့အား " ဂိုဏ်းတူအစ်ကို " ဟု သေချာပေါက် ခေါ်ရပေလိမ့်မည်။

လင်းရှ သည် စိတ်ထိခိုက်သွားကာ သူ့ ဘောများပင် အောင့်လာသလို ခံစားလိုက်ရတော့သည်။

ပြီးတော့လည်း သူဒီမှာ နားနေရင်းနှင့် သိလိုက်ရသည်မှာ ဂိုဏ်းထဲရှိ လူများသည် တစ်ယောက်၏ အဆင့်အတန်းကို တစ်ယောက်၏ ပုံပန်းသွင်ပြင်ဖြင့် အလွယ်တကူ ဆုံးဖြတ်နိုင်ကြောင်းကိုပင်။ " အဝတ်အစားကိုကြည့်ပြီး အဆင့်အတန်းကို ဆုံးဖြတ် " ဆိုသည့် ဆိုရိုးမှာ ဤနေရာတွင်မူ တကယ့်ကို မှန်ကန်လှပေသည်။ ယခု ဖျင် မျိုးဆက် တပည့်များတွင်ဆိုလျှင် ဂိုဏ်းချုပ် ၏ တပည့်များသည် အနက်ရောင်ကိုမှ ရွှေရောင်အနား ကွပ်ထားသောဝတ်ဝတ်စုံ၊ ရှောက်ယန် ဂိုဏ်းမှ အခြားအကြီးအကဲများ၏ ကိုယ်ပိုင်တပည့်များသည် အနက်ရောင်တွင် ငွေရောင် ကွပ်ထားသောဝတ်စုံ၊ တတိယဆင့်ဟု ပြော၍ ရလောက်သည့် သာမန်တပည့်များသည် မီးခိုးရောင် ဝတ်စုံနှင့် လင်းရှ တို့ကဲ့သို့ အပြင်တပည့်များသည် နက်ပြာရောင် အစေခံပုံစံ ဝတ်စုံများကို အသီးသီး ဝတ်ဆင်ကြရလေသည်။

(T/N; တရုတ်တွေမှာ မျိုးဆက်တွေကို နာမည်ပေးတတ်ကြတော့ အခု လင်းရှ တို့ ရောက်နေတဲ့ မျိုးဆက်က ဖျင် မျိုးဆက်လို့ နာမည်ရတာပါ။ )

သူသည် ဤကမ္ဘာနှင့် ပတ်သတ်ပြီး မျှော်လင့်ချက် များများစားစား မထားခဲ့သော်လည်း ထိုမျှလောက် ဖက်ဒရယ်မူဝါဒ ဆန်'ဆန် အဆင့်အတန်းခွဲခြားမှုကြောင့် တုန်လှုပ်သွားရတော့သည်။ ဤနေရာမျိုးတွင် ဒဏ်ရာသက်သာအောင် ကုနေသည် ဆိုသည်ကပင် မည်သို့ပင်ကြည့်ကြည့် မသင့်လျော်သည့် ကိစ္စဟုသာ မြင်ကြမှာဖြစ်သည်။ ထို့ပြင် သူ့ဒဏ်ရာများမှာလည်း အတော်အတန် သက်သာသွားပြီ ဖြစ်ရာ သူသွားရမည့် မသေမျိုး ဧည့်မျှော် မျှော်စင် သို့ ထပ်မနှောင့်နှေးနေတော့ပဲ သွားရောက် စာရင်းသွင်းရန် ဆုံးဖြတ်လိုက်တော့သည်။

သူ ထိုဆုံးဖြတ်ချက်ကို ပြောပြီးသောအခါ ဆုန်းရှောင်ဟူ သည် တွန့်ဆုတ်မနေပဲ နှုတ်ခမ်းလေးများ တွန့်ကွေးကာ ပြုံးပြလိုက်ပြီး

" ဒါဆို ကျွန်တော် အချိန်အားတိုင်း အစ်ကို့ဆီ လာခဲ့မယ်။ အစ်ကိုကြီးလင်း လည်း ကျွန်တော်တို့ဆီ မကြာမကြာ လာတွေ့ရမယ်နော်။ "

ဘာပဲပြောပြော ဆုန်းရှောင်ဟူ သည် ဂိုဏ်းချုပ် ၏ တိုက်ရိုက်တပည့်ပင် ဖြစ်နေပြီ ဖြစ်ကာ ဖုန်းလော် ၏ ရှေ့တွင်လည်း ဖြစ်နေသည့်အတွက် လင်းရှ သည် သာမန်တိုင်းကဲ့သို့ ထိုကလေး၏ ဖြူဆူးပုံ ဆံပင်လေးကို မပွတ်ပေးဖြစ်တော့ပဲ အပြုံးနှင့်ပင် ခေါင်းငြိမ့်ပြလိုက်ကာ ပြန်ဖြေလိုက်၏။

" အင်း၊ အစ်ကို အချိန်ရှိတာနဲ့ မင်းတို့ နှစ်ယောက်ဆီ လာလည်မှာပါ။ "

ယုဇီကျွေး ၏ အမူအရာမှာမူ အနည်းငယ် ထူးခြားနေကာ လင်းရှ ကို တစ်ချက် စိုက်ကြည့်ပြီးသည်နှင့် အခြားတစ်ဖက်သို့ လှည့်သွားပြီးနောက်

" ဒါဆိုလည်း သေသေချာချာ ကျင့်ကြံခဲ့။ နောက်တစ်ခါ ဒီလိုမျိုး ဝက်ခေါင်းပုံပေါ်အောင် အရိုက်မခံရစေနဲ့တော့။ "

" …  ကောင်းပါပြီ။ "

ဘယ်တုန်းကတည်းက ဒီကလေးရဲ့ လျှာက အရမ်း အဆိပ်ပြင်းသွားရတာလဲ ?

ဂိုဏ်းထဲသို့ ဝင်ပြီဆိုပါက လုပ်ရမည့်အလုပ်များမှာ အလွန်များပြားလှသည်၊ ဥပမာ… အခန်းခွဲဝေခြင်း၊ အခြေခံစည်းမျဉ်းများကို နားလည်အောင် လုပ်ခြင်း၊ စသည်တို့ ဖြစ်သည်။ ထိုအလုပ်များမှာ အလုပ်စဆင်းသည့် အလုပ်သမားသစ် တစ်ယောက် လုပ်ရသည့် ကိစ္စများထက် နည်းနည်းမျှ လျော့မနေချေ။ ထို့ကြောင့် လင်းရှ သည် ထိုကလေးနှစ်ယောက်ကို သူ့နောက် လိုက်မလာစေခဲ့ခြင်းပင်။ သို့သော်လည်း သူအတော်ဝေးဝေးသို့ လျှောက်ပြီးနောက် ပြန်လှည့်ကြည့်လိုက်သောအခါ ထိုကလေးနှစ်ယောက်သည် သူ့အား ကြည့်နေဆဲဖြစ်ကြောင်းကို တွေ့လိုက်ရပြီး ရုတ်တရက်ပင် သူ့ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရပေသည်။

တစ်ဂိုဏ်းထဲတွင် ရှိနေခြင်း ဖြစ်သော်ငြား ဂိုဏ်းချူပ်၏ တိုက်ရိုက်တပည့်များ ကျင့်ကြံသည့် နေရာဖြစ်သော သစ်ကျောက်တုံး တောင်နှင့် မသေမျိုး ဧည့်မျှော် မျှော်စင် မှာ တစ်နေရာနှင့် တစ်နေရာကို သွားဖို့အတွက် နှစ် နာရီ တိတိ အချိန်ကြာလေသည်။ လင်းရှ နှင့် အတူတူ မသေမျိုး ဧည့်မျှော် မျှော်စင် သို့ တာဝန်ကျသည့် အခြားတပည့်လေးဦးမှာ စစ်ဆေးပွဲ ပြီးကတည်းက ကြီးကြပ်သည့် တပည့်နောက်မှ လိုက်ပြီး ထွက်သွားကြပြီဖြစ်သည်။ လင်းရှ သည် လမ်းတစ်လျှောက်တွင် တွေ့သည့်သူများအား သူသွားရမည့် နေရာကို လိုက်လံ မေးမြန်းကာ တစ်ခါတစ်ရံ မြန်မြန်လျှောက်လိုက် တစ်ခါတစ်ရံ ခပ်နှေးနှေး လျှောက်လိုက်ဖြင့် ခပ်သုတ်သုတ် သွားနေရပေသည်။

စစ်ဆေးပွဲ တွင် တိုက်ခိုက်ကြစဉ်က ရှုယန် ကြောင့် ခြေထောက် ဒဏ်ရာ ရသွားလေရာ ထိုဒဏ်ရာမှာ ဖြည်းဖြည်းလျှောက်လျှင် သိပ်မသိသာလှသော်လည်း မြန်မြန် လျှောက်လိုက်လျှင်မူ အနာကို ဖိသလိုဖြစ်သွားပြီး မခံစားနိုင်လောက်အောင် နာကျင်ရပေသည်။ ထို့ကြောင့် လင်းရှ သည် မသေမျိုး ဧည့်မျှော် မျှော်စင် သို့ ရောက်သောအခါ လေးနာရီ တိတိ နောက်ကျခဲ့ပြီး ကောင်းကင်တစ်ခုလုံးပင် မည်းမှောင်နေပြီဖြစ်သည်။

ထို မသေမျိုး ဧည့်မျှော် မျှော်စင် မှာ ချုန်းမင် တောင်တန်းကြီးထဲမှ တစ်ခုဖြစ်သည့် တောင်ငယ်တစ်ခု၏ အောက်ခြေတွင် တည်ရှိခြင်းဖြစ်၏။ ထိုနေရာ၏ နာမည်မှာ မြင့်မြတ် ထူးခြားဟန် ပေါ်နေသော်လည်း ယင်း၏ ဂိုဏ်းတွင်းအဆင့်အတန်းမှာ မမြင့်မားလှပဲ ဂိုဏ်း၏ ဆေးပင် စိုက်ခင်းများ၊ ထင်းများ၊ စပါးခင်းများနှင့် အခြားသော အရေးမပါလှသည့် အလုပ်များကိုသာ လုပ်ရသည့်နေရာ ဖြစ်ပေသည်။ ဤနေရာရှိ ဂိုဏ်းတပည့်များသည် အပင်ပန်းဆုံး အလုပ်များကိုသာ လုပ်ရသော်လည်း အခြေခံ အကျဆုံးသော ကျင့်ကြံနည်း လမ်းညွှန်ချက်များကိုသာ ရကြပေသည်။ ထိုသူတို့အား ရှောက်ယန် ဂိုဏ်းမှ တပည့်များဟု ခေါ်သည်ထက် ရှောက်ယန် ဂိုဏ်း၏ အလုပ်ကြမ်းမှန်သမျှကို လုပ်ပေးရသည့် အချိန်ပိုင်း အလုပ်သမားများ ဟုဆိုသည်မှာ ပိုသင့်တော်လှကာ သူတို့၏ လစဉ်ကြေးငွေများမှာလည်း တစ်ဂိုဏ်းလုံးတွင် အနိမ့်ပါးဆုံးပင် ဖြစ်လေသည်။

အတိတ်တွင်မူ လင်းရှ သည် ဤအပိုင်းကို ဖတ်စဉ်က သာမန်ကာလျှံကာပင် ဖတ်ထားကာ အများစုကို ကျော်လွှားသွားခဲ့ပေသည်။ သူသည် ထိုဝတ္ထုကို စိတ်ပျော်အောင် ဖတ်ခြင်းဖြစ်လေရာ ဤကဲ့သို့ ဇာတ်လိုက်မှ အမြဲတမ်း နှိပ်စက်ခံနေရသည့် အကြောင်းအရာများအပေါ် နည်းနည်းလေးမျှပင် ဖတ်ချင်စိတ် ရှိမနေပါချေ။ ယခုတွင်မတော့ လင်းရှ သည် အလွန့်ကိုပင် နောင်တရနေမိပါ၏။ အကြောင်းမှာ ဇာတ်လိုက်၏ ကံဆိုးမှု အပေါင်းတို့မှာ သူကိုယ်တိုင် ကြုံတွေ့ရတော့မည့် အရာများအဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့်ပါပေ။

ဂိတ်တံခါးကို စောင့်ကြပ်နေကြသည့် ဂိုဏ်းသားနှစ်ဦးလုံးမှာ အသက် ၃၀ ခန့်မျှ ရှိနေပြီဖြစ်ရာ တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့သည် ကျင့်ကြံခြင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သိနိုင်ပေသည်။ လင်းရှ သည် ခါးတွင်ချိတ်ထားသည့် သူ့နာမည်ကို ရေးထိုးထားသော တံဆိပ်ပြားကို ရိုရိုသေသေ ကမ်းပေးလိုက်ကာ ရင်းနှီးဖော်ရွေသည့် အပြုံးတစ်ခု ပြုံးပြလိုက်ရင်း

" ဂိုဏ်းတူ အစ်ကိုကြီးတို့ကို တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ခြေထောက်က ဒဏ်ရာကြောင့် အခုလို နှောင့်နှေးပြီး ရောက်လာခဲ့ရတာကို ဂိုဏ်းတူ အစ်ကိုကြီးတို့အနေနဲ့ ခွင့်လွှတ်နားလည် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ! "

သို့သော်လည်း သူ့မျက်နှာပေါ်ရှိ အယောင်မကျသေးသော အညိုအမဲကွက်များနှင့် ယောင်ကိုင်းနေသော မျက်လုံးများကြောင့် သူ၏ ရင်းနှီးသည့် ဟန်ပန်မှာ သိပ်ပြီး ထိရောက်မှုမရှိပဲ ဖြစ်သွားရပေသည်။

ထို ဂိုဏ်းသားနှစ်ဦးတို့သည် လင်းရှ ကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ထိုသူ့ထံတွင် မည်သည့် နောက်ခံအင်အားမျှ ရှိမနေကြောင်း သေချာသွားတော့သည်။ ထို့ပြင် အခြားတပည့်များကဲ့သို့ သူတို့အား မျက်နှာလုပ်ရန် ဘာလက်ဆောင်ကိုမှလည်း ထုတ်မပေးလာသည့်အတွက် အနည်းငယ် မပျော်မရွှင် ဖြစ်သွားကြတော့သည်။

အစောင့်နှစ်ဦးထဲမှ ပိုဝသည့် အစောင့်သည် စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်၏။

" တခြားတပည့်တွေ အကုန်လုံးက မနေ့ကတည်းကရောက်နေပြီ၊ မင်းတစ်ယောက်တည်းကပဲ ဘာလို့ နောက်ကျနေတာလဲ ? ဆရာဦးလေး ကွမ်ရှုဇီ က အဓိက ဟောခန်းထဲမှာရှိတယ်။ မြန်မြန်လုပ်ပြီး သွားစမ်းပါ။ "

လင်းရှ သည် ကျေးဇူးတင်ကြောင်း လက်ဟန် အမူအရာလုပ်ပြီးနောက် အချိန်မဆွဲရဲပဲ ချက်ချင်းပင် လှေကားထစ်များပေါ်သို့ ထော့ကျိုးထော့ကျိုးဖြင့် မြန်မြန်တက်သွားသော်လည်း ထို ဂိတ်ဝမှ တောင်ထိပ်အထိသိုု့ရောက်ရန် နောက်ထပ်တစ်နာရီ ကြာသွားရပေသည်။

ဟောခန်းထဲတွင်မူ မျှော်လင့်ထားသည့်အတိုင်းပင် အခြားသောတပည့်များအားလုံးသည် သူတို့၏ ကိုယ်ပိုင်အခန်းများသို့ ရှင်းလင်းရန် ရောက်ပြီးကြပြီ ဖြစ်သည်။ ဂိတ်တံခါးမှ ဂိုဏ်းသားနှစ်ဦးပြောလိုက်သည့် " ဆရာဦးလေး ကွမ်ရှုဇီ " ဆိုသည်မှာ ရှင်းရှင်းပြောရလျှင် မသေမျိုး ဧည့်မျှော် မျှော်စင် ၏ အထွေထွေ မန်နေဂျာ ပုံစံမျိုးဖြစ်လေသည်။ သူသည် အသက် သုံးဆယ် ခန့်မျှ ရှိပုံပေါ်ကာ ပိန်ပိန်ပါးပါး မျက်လုံး ညိုမည်းမည်းနှင့် ခပ်ယောင်ယောင် ကောက်နေသော နှာခေါင်းတို့ကြောင့် ကြည့်လိုက်သည်နှင့် ပေါင်းရသင်းရ လွယ်ကူသည့် လူစားမျိုး မဟုတ်ကြောင်းကို ခံစားလိုက်နိုင်ပေသည်။

ထိုသူသည် လင်းရှ မှ သူ့အား ခေါင်းငုံ့ အရိုအသေပေးနေသည်ကို တွေ့ရသော်လည်း ချက်ချင်းမတ်တပ်ရပ်ဖို့ အမိန့်မပေးသေးပဲ ထိုအစား သူ၏ လက်ဖက်ရည်ခွက်အား ပျင်းရိစွာ ကောက်ကိုင်လိုက်ကာ နှစ်ငုံမျှ သောက်လိုက်ပြီးနောက် လင်းရှ အား ခေါင်းအစ ခြေအဆုံး အကဲခတ်ရင်းနှင့်ပင် လက်ဖက်ရည်ကို စိမ်ပြေနပြေ သောက်နေလေတော့သည်။

လင်းရှ သည် ခေါင်းငုံ့ရင်း တိတ်တိတ်လေး ကျိန်ဆဲလိုက်မိ၏ - ငါပြဿနာထုပ်ကြီးနဲ့ ဒီလောက်မြန်မြန် တိုးသွားတာတော့ မဟုတ်လောက်ပါဘူးနော် ?

ကွမ်ရှုဇီ သူ့လက်ဖက်ရည်ကို အကုန်ကုန်အောင် သောက်ပြီးသွားသည်အထိ အချိန်အကြာကြီး စောင့်လိုက်ရပြီးနောက်တွင်မှ သူသည် လင်းရှ ကို မတ်တပ်ရပ်ဖို့ ပြောရင်း စိတ်မပါ့တစ်ပါဖြင့် မေးလိုက်၏။

" မင်းက ဒီ ရှောက်ယန် ဂိုဏ်းထဲကိုတောင် ရောက်လာပြီ ဆိုမှတော့ မင်းမှာ အရည်အချင်းတစ်ခုခုတော့ ရှိရမယ် မဟုတ်လား ? "

လင်းရှ သည် ယဉ်ယဉ်ကျေးကျေးနှင့်ပင် အသေအချာ ပြန်ဖြေလိုက်ပေသည်။

" ဒီတပည့်မှာ အရမ်းကို ကြီးမားတဲ့ ခွန်အား ပိုင်ဆိုင်ပါတယ်။ "

ကွမ်ရှုဇီ သည် ရုတ်တရက် ခပ်ဟဟ ရယ်လိုက်၏။

" မဆိုးဘူး၊ မဆိုးဘူး၊ နောက်ဆုံးတော့ သူတို့တွေ အသုံးဝင်တဲ့ တစ်ယောက်ယောက်ကို ပို့လာပေးသေးသားပဲ။ အခုအချိန်က စပြီး မင်းက ယွမ်ဟွေ့ နောက်လိုက်ပြီးတော့ ဆည်းဆာမြူ ဆေးစိုက်ခင်းကို ရေလောင်းရလိမ့်မယ်။ ယွမ်ဟွေ့၊ မင်းရဲ့ ဂိုဏ်းတူညီလေးလင်း ကို နားရမယ့်နေရာ ခေါ်သွားပေးလိုက်။ "

လင်းရှ သည် ထိုဆေးပင်များအကြောင်းကို မကြားဖူးသလို ဆေးစိုက်ခင်းက ဘယ်လောက်ကျယ်မှန်းလဲ သေချာမသိသော်ငြား လက်ရှိတွင် ခိုင်းသည့်အတိုင်းလုပ်ရန်သာ ရှိပေသည်။ သူသည် ကွမ်ရှုဇီ မှ သူ့အား အခွင့်ကောင်းယူမည် စိုးသည့်အတွက် သူ၏ နာနေသောခြေထောက်ကို တမင်တကာပင် ထော့ကျိုးထော့ကျိုး လုပ်လျှောက်ပြလိုက်၏။ ထို့ပြင် သူသည် နဂိုကတည်းကမှ တောင်တက်လာရ၍ ပင်ပန်းနေရာ သူ၏ ထော့နဲ့ထော့နဲ့ နှင့် ယိုင်တိုင်တိုင် သွားသည့်ပုံမှာ ဒဏ္ဌာရီထဲမှ သံမဏိ ချိုင်းထောက် လီ ( ကျိကုန်း ) နှင့် ခပ်ဆင်ဆင်ပင် ဖြစ်နေတော့သည်။ သို့သော်လည်း သူ၏ ထိုအပြုအမူကို ကွမ်ရှုဇီ မြင်လိုက်သလား မမြင်လိုက်ဘူးလားတော့ လင်းရှ သေချာမသိချေ။

(T/N; သံမဏိ ချိုင်းထောက် လီ ဆိုတဲ့ နာမည်နဲ့ သိပ်မရင်းနှီးကြပေမယ့် ကျိကုန်း လို့ ပြောရင်တော့ ပိုရင်းနှီးမယ် ထင်တယ်။ ကျိကုန်း ကို မသိသေးတဲ့ လူတွေအတွက်တော့ ပြောရရင် သူက တရုတ်ဒဏ္ဌာရီ ထဲက လူတစ်ယောက်ဖြစ်ပြီး သူ့နာမည်ကို ပြောလိုက်တာနဲ့ ဘူးသီးခြောက် ရေဘူးရယ်၊ ယပ်တောင်ရယ်၊ သံချိုင်းထောက်ရယ် နဲ့ ညစ်ညစ်ပတ်ပတ် အဝတ်တွေ ဝတ်ထားတာကို ပြေးမြင်ကြတာပါ။ သူ့ကို တော်တော်များများက စိတ်ဆတ်ပြီး ဒေါသထွက်လွယ်တယ်လို့ ပြောကြပေမယ့် ဆင်းရဲသားတွေ၊ နေမကောင်းတဲ့လူတွေနဲ့ ပိုက်ဆံမရှိတဲ့သူတွေ အပေါ်ကို စိတ်ထားကောင်းပါတယ်။ တော်တော်များများကတော့ သူ့ကို ဖိနှိပ်ခံလူတွေနဲ့ ဆင်းရဲသားတွေအပေါ် အကူအညီပေးဖို့ ကောင်းကင်ဘုံကနေ ဆင်းလာပြီး သူတောင်းစား ယောင်ဆောင်ထားတဲ့ နတ်မင်းတစ်ပါး ဆိုပြီးတော့ ပုံဖော်ပြောကြတယ်။ )

ယွမ်ဟွေ့ သည် ရိုးသားကာ စိတ်ထားကောင်းပုံပေါ်သည့် လူငယ်တစ်ဦးဖြစ်ပြီး လင်းရှ ၏ သူ့အပေါ်အမြင်မှာလည်း အတော်လေး ကောင်းသည်ပင်။ တဖက်သူက ရှေ့မှ သွားနေစဉ်တွင် အခွင့်အရေးတစ်ခုကို ရှာကာ လှမ်းမေးလိုက်၏။

" ဂိုဏ်းတူအကိုကြီးယွမ်၊ တခြားသူတွေရဲ့ အိပ်ဆောင်က ဘယ်နားမှာ ရှိတာလဲ ? "

ယွမ်ဟွေ့ သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းလေးပင် ပြန်ဖြေလာသည်။

" အဲ့ဒီမှာ အခန်းလွတ် ထပ်မရှိတော့လို့ အရင်ဆုံး ဂိုဏ်းတူညီလေးလင်း ကို ထင်းတဲမှာ ခဏလောက် နေဖို့ ဒုက္ခခံခိုင်းရတော့မှာပဲ။ ဒီ မသေမျိုး ဧည့်မျှော် မျှော်စင် မှာ အခန်းလွတ်တွေက အမြဲတမ်း ရှားပါးနေတာ၊ အခုတစ်လော အလုပ်ရှုပ်တဲ့ ရက်တွေပြီးသွားတော့မှပဲ ဆရာဦးလေး က လူရှာပြီး တစ်ခြားအိပ်ဆောင်သစ်တစ်ခု ဆောက်ပေးပါလိမ့်မယ်။ "

လင်းရှ သည် မမျှော်လင့်ထားသည့် ထိုစကားများကို ကြားလိုက်ရသော်အခါ မျက်ခုံးများ လှုပ်သွားသော်လည်း သူ၏ ဆိုးရွားလှသည့် ကံတရားကိုသာ အပြစ်တင်လိုက်နိုင်တော့သည်။ သူသည် ဤနေရာသို့ရောက်ရန် စိတ်လောနေသညိ့အတွက် ဗိုက်ဆာသည်ကိုပင် မေ့နေလေရာ

" ဂိုဏ်းတူ အစ်ကိုကြီးယွမ်၊ နှောင့်ယှက်မိတာကိုတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ညနေစာကို ဘယ်နားမှာ စားလို့ရလဲ သိနိုင်မလား ? "

ဟု တစ်ဆက်တည်း မေးလိုက်ပေ၏။

ယွမ်ဟွေ့ သည် နောက်လှည့်ကြည့်လာကာ သိပ်မဝေးလှသည့် အဆောက်အအုံတစ်ခုကို လက်ညှိုးထိုးရင်း ပြန်ဖြေလာ၏။

" ဟိုနေရာမှာ။ နေ့တိုင်း ထမင်းသုံးနပ်ကို ခေါင်းလောင်းတီးတာနဲ့ စားရတယ်။ ဒီနေ့ ညနေစာစားရတဲ့ အချိန်က ကျော်သွားပြီ ဆိုတော့ … အင်း အိပ်ဆောင်တွေနားသွားပြီး တခြား ဂိုဏ်းတူညီလေးတွေ ဆီမှာ ပေါက်စီလေး ဘာလေးများ ကျန်နေသေးလား ကြည့်လိုက်မယ်။ "

" … အစ်ကိုကြီး ဒုက္ခခံနေဖို့ မလိုပါဘူး။ ကျွန်တော်လည်း အဲ့ဒီလောက် ဗိုက်ဆာနေတာ မဟုတ်ပါဘူး။ "

လင်းရှ သည် မည်မျှပင် တုံးသည်ဟု ပြော'ပြော သည်တစ်ခါတွင်မူ သူသည် ယွမ်ဟွေ့ ၏ သူ့အပေါ် စိတ်မပါ့တစ်ပါ နှင့် လေးလေးနက်နက် မရှိလှသည့် စိတ်ထားကို သတိထားနေမိပြီ ဖြစ်သည်။ သူသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းတွင် တကယ့်ကို ပင်ပန်းခဲ့ရကာ ယခုအထိ ဖုန်းလော် ပေးသည့် ဆေးအချို့ကိုသာ သုံးခဲ့ရပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ဤသို့သော ဗိုက်ဆာသည့် ဒုက္ခများကို လက်တွေ့ တွေ့ကြုံခဲ့ရပြီး ဖြစ်သောကြောင့် အခြေအနေတစ်ခုအထိ  သည်းခံပြီးသည်နှင့် ယင်း ဗိုက်ဆာသည့် ပြဿနာလေးမှာ ဘာမျှ မဟုတ်တော့ချေ။

သေချာပေါက်ပင်၊ လင်းရှ ထိုသို့ ပြောပြီးသည်နှင့် ယွမ်ဟွေ့ သည်လည်း ထိုကိစ္စကို စိတ်ထဲထည့်မထားတော့ချေ။

လင်းရှ သည် အတန်ကြာသည်အထိ နောက်မှ လိုက်ပြီးနောက် ထင်းတဲသို့ ရောက်လာကာ ရိုးရှင်းကာ အကြမ်းထည်ဆန်လှသည့် ဖျာတစ်ချပ်ကို လက်ခံရလိုက်ပေသည်။ ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဤသို့သော ကိစ္စလေးမှာ ဘာမှ မပြောပလောက်ချေသည့်ပြင် သူသည် ထိုကလေး နှစ်ဦး နှင့်အတူ သစ်ရွက်ခြောက်များနှင့် ကောက်ရိုးပုံများပေါ်တွင် ရက်ပေါင်းများစွာ အိပ်ဖူးသည်ပင်။

မသေမျိုး ဧည့်မျှော် မျှော်စင် မှ ထင်းတဲမှာ ကျယ်ဝန်းသည်ဟု ဆို၍ရကာ နေရာလွတ် အတော်များများ ရှိနေပေသည်။ လင်းရှ သည် နေရာလွတ်တစ်ခုတွင် ဖျာကို ခင်းလိုက်ကာ ယွမ်ဟွေ့ ကို ကျေးဇူးတင်လိုက်၏။ ယွမ်ဟွေ့ သည် သာမန်ကာလျှံကာပင် တစ်ချက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောပဲ လှည့်ထွက်သွားလေတော့သည်။ လင်းရှ သည် သက်ပြင်းချလိုက်မိ၏ - တော်ပါသေးတယ်၊ ထင်းတဲထဲမှာ ရေနံဆီ မီးအိမ်တစ်ခု ရှိနေတာပဲ။

လင်းရှ သည် ဖျာကို ပြန့်သွားအောင် တစ်ချက်၊ နှစ်ချက်မျှ ခါလိုက်ကာ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်ရှိ ဒဏ်ရာများကို ဆေးလိမ်းပြီးနောက် မီးအိမ်ကို လေနှင့် မှုတ်ငြိမ်းလိုက်ပြီး ချည့်နဲ့စွာပင် လှဲအိပ်လိုက်တော့သည်။

သည်နေရာ တစ်ခုလုံးမှာ ပိန်းပိတ်အောင် မှောင်မည်းပြီး အေးစက်နေပေမယ့် အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ မှော်သားရဲတွေ ရန်က ကာကွယ်ပြီးသား ဖြစ်ပြီး လုံခြုံနေသေးတာပဲ … ပြောရမယ်ဆိုရင်၊ ဟိုကလေးနှစ်ယောက်ကော အခုဘာလုပ်နေကြမှာပါလိမ့် ? … သူသည် အတန်ကြာအောင် ဟိုလှိမ့်သည်လှိမ့် လုပ်ပြီးနောက်တွင်မှ အိပ်ပျော်သွားရ၏။ သို့သော်လည်း အကောင်ကိုက်သောကြောင့် ညလယ်ကြီးတွင် နှစ်ကြိမ်မျှ နိုးလာရသေးသည်။

နောက်တစ်နေ့တွင် လင်းရှ သည် အပြင်ဖက်ရှိ ခေါင်းလောင်းသံကြောင့် အစောကြီးနိုးလာကာ မျက်နှာပင် မသစ်နိုင်ပဲ အပြင်ဖက်သို့ ခပ်မြန်မြန် ပြေးထွက်လိုက်၏။ သူသည် လမ်းကြောင်းများကို မကျွမ်းကျင်သေးသောကြောင့် နေရာမှန် ကို ရှာတွေ့သွားသောအခါတွင်မူ သူသည် ထပ်ပြီး နောက်ကျသွားပြန်ပြီ ဖြစ်ကာ အခြားတပည့်များအားလုံးသည် အတန်းလိုက် သပ်သပ်ရပ်ရပ်ပင် တန်းစီနေကြပြီ ဖြစ်သည်။

ကွမ်ရှုဇီ သည် သူအား ကြောက်စရာကောင်းလှသည့် အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်ပြီးနောက် ဟိန်းဟောက်လိုက်၏။

" လင်းရှ ! ဒီကိုလာစမ်း ! "

လင်းရှ သည် စိတ်ထဲမှ တွေးလိုက်မိ၏ - မကောင်းတော့ဘူး ။ ယင်းမှာ သူငယ်တန်းကျောင်းသားလေးမှ ကျောင်းနောက်ကျမှရောက်လာကာ ကျောင်းအုပ်ကြီးနှင့် တည့်တည့်တိုးသွားရသည့် အတိုင်းပင် …

သူသည် ခပ်သွက်သွက် လျှောက်သွားကာ လေးစားစွာ အရိုအသေ ပေးလိုက်ရင်း

" ဒီတပည့်က တုံးအပြီး လမ်းလည်းမမှတ်မိတော့တဲ့အတွက် နောက်ကျပြီး ရောက်လာရတာဖြစ်ပါတယ်။ ဒီကိစ္စကို အပြစ်ပေး' ပေးဖို့အတွက် ဆရာဦးလေးကို လေးစားစွာ တောင်းဆိုပါတယ်။ "

သူ့၏ စိတ်ပါလက်ပါ ရှိစွာ အရိုအသေပေးလေဟန်ကို တွေ့ရသောအခါ ကွမ်ရှုဇီ သည် စိတ်အနည်းငယ်ပျော့သွားပြီး ခေါင်းငြိမ့်ကာ ပြောလာ၏။

" အင်း၊ ဒီနေ့က မင်းရဲ့ ပထမဆုံးနေ့မလို့ မင်းကို ပြင်းပြင်းထန်ထန် အပြစ်မပေးတော့ဘူး။ ဒါပေမယ့် ဒီ ရှောက်ယန် ဂိုဏ်းထဲမှာတော့ အကုန်လုံးက ဂိုဏ်းစည်းမျည်းတွေကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေရမယ် ! ဒါကို မလိုက်နာတဲ့သူ ရှိနေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးတာကို ခံရမှာပဲ ! မနေ့က မင်းကို ယွမ်ဟွေ့ နောက်လိုက်ပြီး ဆည်းဆာမြူ ဆေးပင်တွေကို ဂရုစိုက်ခိုင်းထားတယ်ဆိုတော့ ပြစ်ဒဏ်အနေနဲ့ အဲ့ဒီဆေးပင်တွေ အကုန်လုံးကို ဒီနေ့ မင်းတစ်ယောက်တည်း ရေလောင်းရမယ်။ မင်း ရေလောင်းလို့ မပြီးသေးမချင်း အစာစားခွင့် မရှိဘူး။ "

တပည့်ကြီးများထံမှ ရှုပ်ထွေးကာ စာနာသည့် အကြည့်များကို သတိထားမိလိုက်ရာ လင်းရှ သည် မကောင်းသည့် ခံစားချက်များ ရလာတော့သည်။

လင်းရှ သည် ထို ' စိုက်ခင်း ' ဆိုသည်မှာ မည်မျှ ကျယ်မှန်း သေချာမသိသော်လည်း သူသည် ထိုနေရာသို့ အခြားတပည့်တစ်ယောက်၏ ဦးဆောင်မှုဖြင့် ရောက်လာသောအခါတွင်မူ ဒေါသထွက်လွန်၍ သတိပင်လစ်လုနီးပါး ဖြစ်သွားရသည်။

ဘယ်လိုတောင် သောက်အဓိပ္ပာယ် မရှိတာမျိုးကြီးလဲ !

သူသည် ယင်းစိုက်ခင်းမှာ အများဆုံး ဘက်စကတ်ဘော ကွင်းတစ်ကွင်းစာမျှသာ ကျယ်လောက်မည်ဟု တွေးမိသော်လည်း လက်တွေ့တွင်မူ ဘောလုံးကွင်း တစ်ကွင်းစာမျှတောင် ကျယ်ဝန်းနေသည်ပင် !

ကြည့်ရသည်မှာ ကွမ်ရှုဇီ သည် တပည့်သစ်များရှေ့တွင် ပါဝါပြသည့် အနေဖြင့် ထိုအလုပ်ကို ခိုင်းလိုက်ခြင်းဖြစ်ကာ သူကတော့ ကံဆိုးသူ  မောင်ရှင် ဖြစ်သွားရခြင်းပေ …

သူသည် တုတ်ချောင်းလေး တစ်ချောင်းတွင် ရေပုံးနှစ်ပုံးဆွဲထားသည့် သူရေလောင်းရမည့် ထမ်းပိုးကို တွေ့သောအခါ နောက်တစ်ဖန် ဒေါသများထွက်ကာ ခုန်ပေါက်ပစ်မိလုနီးပါး ဖြစ်သွားရသည်။

FUCK ! ငလူးတဲ့မှပဲ ! ဒါနဲ့သာဆို ရေလောင်းလို့ မပြီးမချင်း ဘယ်နှခေါက်တောင် ရေပြန်သယ်နေရမှာလဲ ?!

(T/N; ဘက်စကတ်ဘောကွင်းက ၉၄ ပေ - ပေ ၅၀ အကျယ်ရှိပြီး ဘောလုံးကွင်းကတော့ ၃၆၀ ပေ -  ၂၂၅ ပေ ကျယ်ပါတယ်။ )

Olvasás folytatása

You'll Also Like

93.4K 5K 113
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
99.6K 13.8K 108
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။
10.2K 333 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...