Part (7) U
"ဖန်ရှင်းတို့နယ်က အကိုကြီးအပြန် ပါလာတာ မေကြီးရဲ့...အများကြီး ပေးချင်တာ...နှစ်ထုပ်ပဲ ရတာမို့..."
"ကော်ဖီဆို အဲ့လို ကိုယ့်ဘာသာနှပ်ထားမှ သောက်တဲ့ သားဖေကြီးကတော့ အကြိုက်ပေါ့..."
"မေကြီးရော ကြိုက်ဘူးလား...သား ဘာမှ ထပ်မထည့်ပေးလိုက်ရလို့..."
"မေကြီးလည်း ကြိုက်ပါသတဲ့ရှင်...အချွဲလေး... အရမ်းတွေ လိမ်မာနေပါလား...ဖိုးဖိုးကို ဂျီထားပြန်ပြီလား..."
"မေကြီးနော်...ကလေးက မဆိုစလောက်လေး ပိစိလေး ဆိုးမိတာကို..."
"တက္ကသိုလ် ကျောင်းသားကြီးကလည်း ကလေးကျနေတာပဲ...အင်းပါ...အမေ့ရှေ့ ကလေးဖြစ်ပြီး ကွယ်ရာလူကြီးမဖြစ်ရင်ပဲ တော်လှပါပြီ..."
"ဝက်ပေါက်..."
"ဖေကြီး ရုံးနောက်ကျတယ်ကော...အလုပ်တွေ ရှုပ်နေတာလား...."
မေကြီးနှင့် သားအမိနှစ်ယောက် လိုင်းကောင်းတုန်း v call ပြောနေတုန်း ဝင်လာသည့် ဖေကြီးက ယူနီဖောင်းပင် မလဲရသေး။
"နည်းနည်းပါးပါးပါ....မုန့်ဖိုးကုန်ခါနီးလို့ ဆက်တာလား...ခင်ဗျားလေးက...."
"သားမှာ အပေါဆုံးက မုန့်ဖိုးနော်...ဖေကြီးနဲ့မေကြီးကို ဒီတိုင်း သတိရလို့ ဆက်တာကို..."
"ပေါရင်လည်း မယူနဲ့ကွာ...ငါ့မိန်းမပဲ ဝယ်ဆင်တော့မယ်...."
"ဒီသားလေးတစ်ယောက်ရှိတာကို...ဖိုးဖိုးနဲ့တိုင်ပြောမယ်...."
"တိုင်လေ...သူ့သမီးက ကိုယ့်ဘက်မှာ...."
"ကဲ...မောင်ကလေ...ကလေးနဲ့ တုပြီးတော့ စကားနိုင်လုနေပြန်ပြီ...."
"ဝက်ပေါက်စ...စာမှန်မှန်လုပ်ရဲ့လား...အတန်းချိန်မှန်ရဲ့လား..."
"စာလည်းလုပ်တယ်...အတန်းလည်း မှန်တယ်...မယုံရင် ဖေကြီး BFF ကြီးကို မေးကြည့်...."
"ဘာလဲ...BFF...."
"Best Friend Forever လေ...ဖေကြီးကလည်း...social media သုံးပါဆို မသုံးဘူး...."
"ဒီဝက်ပေါက်တော့ ..."
"No ပါနော်...only one but lion ပါ...acc name တောင် Leo Wang..."
"ခြင်္သေ့ဖြစ်ချင်ရင် အစားလျော့စား...ပါးနှစ်ဖက်က ပေါက်စီဖြစ်နေပြီ..."
"အား....body shaming နော် မေကြီး...ပြောတော့ဘူးလား....လို့...."
ဖေကြီးလက်ထဲမှ Cap နှင့် ရုံးအိတ်ကို ယူကာ ရေခွက်လေး ကမ်းပေးနေသော မေကြီးက သားအဖနှစ်ယောက် စကားစစ်ပွဲကို ပြုံးတုံတုံ့ ကြည့်ကာ လွှတ်ထားပေးလေသည်။
"ငါ့မိန်းမ ငါ့ဘက်ကပဲ ပါမှာပေါ့ကွ...."
"အဲ...လိုင်းကျသွားပြီ... ကလေးကို သွားသွားစတယ်..."
ဖေကြီးတို့တပ်က အတန်ငယ်ဝေးခေါင်သည့် တောတောင်ကြားက နယ်မြို့လေးမို့ ရာသီဥတုမကောင်းလျှင်ဖြစ်ဖြစ်၊ တစ်ခါတစ်လေ သူ့အလိုလိုနေရင်းပင် လိုင်းက ကျနေတတ်သည်။
အခုလည်း မေကြီးတို့ဘက်က လိုင်းကျသွားပြီ။
သို့သော် မေကြီးတို့ဘက်သာ သူ့ဘက်ကို မကြားတာ။
သူ့ဘက်ကတော့ မေကြီးတို့စကားသံတွေကို မရှင်းလင်းရင်တောင် သေချာတော့ ကြားနေရသေးသည်။
"မောင့်ကို...ခုနကတောင် ထွက်စောင့်နေသေးတယ်...ဆရာ ရန်ရှင်းက ရိပ်သာမှာ ကျန်ခဲ့တယ် ပြောလို့...."
"ဒုတပ်ရင်းမှူးက သူတို့ရိပ်သာကို မွှမ်းနေလို့ သွားကြည့်တာ မေရေ..."
"ဘာတွေမွှမ်းနေတုန်း...လူပျိုကြီးက..."
"ရိပ်သာရှေ့က ပန်းပင်တွေနဲ့ စိုက်ခင်းတွေအကြောင်း....Gym အသစ်လေးအကြောင်း...သွားလေ့လာတာ..."
"မွှမ်းတဲ့အတိုင်းပဲလား...."
"အရင်ထက်ကို သပ်ရပ်ရှင်းလင်းနေတာ....ပန်းတွေ စိုက်ခင်းတွေများ စိမ်းလို့ ...မရှိမဲ့ရှိမဲ့ ရသမျှပစ္စည်းတွေနဲ့ Gym လုပ်ထားတာလည်း အဟုတ်...ကိုယ်တောင် သွားဆော့ချင်လာတယ်..."
"ဗိုလ်မှူးက ခုကျမှ ဘာစိတ်ကူးပေါက်သွားပါလိမ့်..."
"ဗိုလ်မှူး မဟုတ်ဘူး...ဗိုလ်ကြီး ရှောင်းကျန့် idea တွေဗျား...ဦးဆောင်လိုစိတ်ရှိတယ်...မဖြစ်ဖြစ်အောင် လုပ်ချင်စိတ်ရှိတယ်...ကိုယ်တော့ ဒီလိုအရာရှိငယ်တွေဆို တကယ် လေးစားမိတယ်...."
"ခပ်တည်တည်ဆိုတော့ သီးသန့်နေတတ်မယ်ထင်တာ...လူတော်လေးပဲ မောင်ရဲ့..."
"Fighter တပ်မက လာတော့ အကြမ်းအရမ်းပဲ ရမယ် ထင်နေတာ...နံရံကပ်စာစောင် ကိစ္စလည်း သူပဲဦးဆောင်နေတာ...တဖြည်းဖြည်းတော့ ရုပ်လုံးပေါ်လာပြီ...သစ်လုံးတွေနဲ့ ခုံတန်းလေးတွေလည်း လုပ်ထားတယ်...စကားမစပ်...မေ့သားလက်ချက်နဲ့ ပြိုခဲ့တဲ့ ကွပ်ပျစ်လေးတောင် ပြန်လုပ်ထားတာ ပိုတောင် လှသေး...."
ဘာရယ်မဟုတ်၊ ဖုန်းမပိတ်မိပဲ ဆက်နားထောင်မိဆဲ လူကြီးနာမည် ကြားလိုက်ရတာမို့ စားလက်စ Oishi လေးပင် မဝါးပဲ ငုံထားလိုက်မိတာ။
လက်အောက်ငယ်သားတွေကို ထူးချွန်လျှင်ထူးချွန်သလို အားပေးမြှောက်စားတတ်သော ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးတတ်သော ဖေကြီးက တော်ရုံချီးကျူးခဲသူမို့ လူ့ဂွစာကြီးက တော်ရုံတော့ ဟုတ်ဟန်မတူ။
သေနတ်ကိုင်တဲ့ လက်တွေက အပင်တွေလည်း စိုက်တတ်သလို စာတွေကဗျာတွေလည်း ရေးတတ်သတဲ့လား။
ခင်ဗျားရေးတဲ့ ကဗျာတွေ ဖတ်ခွင့်ရဖူးချင်သလို...
ခင်ဗျား စိုက်ထားတဲ့ ပန်းတွေရဲ့ ရနံ့ကိုလည်း ခံစားကြည့်ဖူးချင်မိပါရဲ့....
စစ်သားကြီးရယ်....
V call ပိတ်လိုက်ရင်း contact name မှ အလွတ်ရနေသော နံပါတ်လေးကို ကြည့်မိစဥ် အမည်ဖော်မရသော တစ်စုံတစ်ရာက လှိုက်ခနဲ လှုပ်ခတ်သွားလေသည်။
..........................................
ဟိုက်ခွမ်းတို့ နယ်မြေရှင်းလင်းရေးအဖွဲ့ပါ ပြန်ရောက်နေပြီမို့ ရိပ်သာက အင်အားဖြည့်ကာ ပိုစည်နေပြီ။
ညနေစောင်း ကိုယ်လက်လှုပ်ရှားမှုအနေနှင့် ဘောလုံးတစ်ပွဲကန်အပြီး ချွေးတိတ်အောင် စောင့်သည့်အနေနှင့် ရိပ်သာနောက်က ပျိုးခင်းကို ရေလောင်းပေါင်းသင်ကြပြီး ရေချိုးပြီး ကိုယ့်အခန်းကိုယ် နားနေကြပြီ။
စားပွဲပေါ်မှ Green Tea Parking ထုပ်စိမ်းစိမ်းကိုမြင်တော့ "မယူချင်လည်း နေ..."ဆိုကာ စူထော်သွားသော နှုတ်ခမ်းလေးကို မြင်ယောင်မိတော့ ခပ်ရေးရေး ပြုံးမိသည်။
အာရုံလွှဲဖို့ အရင်ရက်တွေက ယူဖတ်ထားဖြစ်သည့် စာအုပ်တွေကို သူ့အကန့်နှင့်သူ ပြန်စီထပ်ရင်း The Girl With White Flag စာအုပ်လေးကို မြင်မိတော့ လှည့်ပတ် ငြင်းနေသော အမွှေစိန်စွာတေးလေးရဲ့ ဂျစ်တူးသံလေးကို ကြားယောင်မိပြန်တာ။
ဘာကြောင့်ရယ် မသိ။
တိုက်ဆိုင်မှုတွေ ရှိလာတိုင်း သတိရမိတဲ့ မျက်နှာလေးက အတွေးမှာ တရစ်ဝဲဝဲ။
"အကိုကြီး...ဝင်ခဲ့မယ်နော်...."
"လာလေ...ညီလေး...."
ဂစ်တာကိုင်ရင်း ဝင်ခွင့်တောင်းလာသည့် ဟောက်ရွှမ်းကို စာအုပ်တွေ လက်စသတ်စီထပ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ရာသီဥတုကလည်း ငြိမ့်ငြိမ့်လေးဆိုတော့ လူလည်းစုံတာနဲ့ တီးကြဆိုကြမလို့ အကိုကြီးရဲ့...ဝိုင်းရအောင်လေ...အကိုကြီးလက်သံ နားမထောင်ဖူးသေးဘူး...."
"အကုန် ရောက်နေပြီလား..."
"စုံနေပြီ...အကိုဟိုက်ခွမ်းတို့ ပါလာတဲ့ ခေါင်ရည်နဲ့ ဆတ်သားခြောက်ဖုတ်လည်း ပါတယ်...လူသာလိုက်ခဲ့ပါဗျာ..."
"အေးပါကွာ..."
နံရံမှာ ချိတ်ထားသည့် ဂစ်တာကို ဆွဲထွက်လာတော့ သစ်လုံးခုံတန်းလေးတွေနှင့် ရိပ်သာရှေ့ကွပ်ပျစ်လေးမှာ ဟောက်ရွှမ်းပြောသည့်အတိုင်း လူစုံနေပြီ။
ဒုတပ်ရင်းမှူး ဗိုလ်မှူး ရိကျိုးကတော့ ခေါင်ရည်ထည့်ထားသည့် ဝါးဆစ်ခွက်ရှည်ကို ဆကာဆကာနှင့် ညီငယ်တွေကို တပြုံးပြုံး ကြည့်နေလေသည်။
ဟောက်ရွှမ်းရဲ့ ဂစ်တာသံနှင့်အတူ သြရှရှ သီချင်းသံငြိမ့်ငြိမ့်က တကယ်ပဲ နားထောင်ကောင်းလှသည်။
ဝါသနာရှင်အဆင့်ထက်ပင် ပိုနေသော လက်သံမျိုးမို့ တကယ်ချီးကျူးရပါသည်။
"ရှေ့တန်းပြန် အကိုကြီး အလှည့်ပါ ခင်ဗျာ..."
"မင်းကြီးတော် ရှေ့တန်းလား....နယ်မြေရှင်းလင်းရေးပါ ဆိုမှ..."
"ခေါင်ရည်မျက်နှာနဲ့ ညီလေးက role တင်ပေးတဲ့ဟာကို..."
"တင်မနေနဲ့ ပြန်ချ...ခရီးပမ်းလာတော့ ဆိုမကောင်းဘူးကွ....ရှောင်းကျန့် ဆိုလိမ့်မယ်..."
"ဟုတ်တယ်...အကိုရှောင်း လက်သံရော ဆိုတာရော မကြားဖူးသေးဘူး....စပါတော့ဗျို့...."
တစ်ယောက်တစ်ပေါက် ပြောနေကြသော သွေးမတော်သည့် သွေးသောက်ညီအကိုများကို ကြည့်ရင်း ခေါင်းငြိမ့်ရင်း ပြုံးပြမိသည်။
မိဝေးဖဝေး၊ မိသားစုနှင့်ဝေးနေရသော စစ်သားဘဝမှာ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကသာ ဒုတိယမိသားစု မဟုတ်လား။
ရုတ်တရက်မို့ ဘာသီချင်းဆိုရမည် မသိသေး။
ဂစ်တာကြိုးညှိပြီး လက်ကွက်စမ်းနေရင်း မိုးသားထက်က လခြမ်းကွေးကို မော့ငေးမိစဥ် မျက်နှာလုံးလုံးလေးနှင့် နှုတ်ခမ်းဖူးဖူးလေးကို မြင်ယောင်လာရပြန်ချေပြီ။
Intro အဝင်မှာတင် ငြိမ်ကျသွားသော ဂစ်တာဝိုင်းလေးက ညရေးရေး လကွေးကွေးမှာ လွမ်းရိပ်သမ်းကာ မှိုင်းညိ့ညို့။
သေနတ်ထက် အလွမ်းက စစ်သားနဲ့ ပိုများလိုက်နေသလားကွာ....
ရွှေဗဟိုရ်စည်သံ မကြားရတဲ့ အဝေးမှာ....
တာဝန်လွယ်ကာ စစ်ကြောင်းထွက်နေရ...
ပြည်တော်မပြန်နိုင်တဲ့ မင်းခယောက်ျား...
ကိုယ်ရယ်ပါ....ကိုယ်ရယ်ပါ...
ဘယ်ဆီကိုမျှော်မှန်းပြီး လွမ်းရမှန်း...
နေရောင်မမြင်တဲ့ ရိပ်ကြီးတောတောင်ကြား....
ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား...
ကိုယ်ရယ်ပါ....ကိုယ်ရယ်ပါ....
မြင်းယာဥ်ကလေးနဲ့ ညလေညင်းခံကာ...
အဖော်အပေါင်းများနဲ့ ထွက်ကစားတဲ့ အခိုက်မှာ....
ကိုယ့်ရွှေအသည်းပန်းလေး ယောင်လို့တောင်မှ အဝေးရောက် တစ်ယောက်သူကို သတိရမလား....
တစ်ခါတစ်လေတော့လည်း ဝမ်းတော့နည်းမိသား...
မမြင်တာကြာလို့ မေ့များသွားပြီလား....
ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား...
ကိုယ်ရယ်ပါ....ကိုယ်ရယ်ပါ....
"ဖြောင်း....ဖြောင်း....ရွှီး...."
"ကောင်းလိုက်တာ...ညီလေးရာ...တကယ် လွမ်းသွားတာ...."
"အကိုကြီးက လွမ်းစရာ ရှိလို့လားဗျ....အု...ဟု..."
ရေချိန်မှန်စပြုနေသော ဟောက်ရွှမ်းကို ထဆွဲပေမယ့် မမီတော့တာမို့ ဆတ်သားခြောက်ဖုတ်တစ်ဖတ်ကို ပါးစပ်ထဲ ထိုးထည့်မှ ငြိမ်သွားတော့သည်။
ဒုတပ်ရင်းမှူး လူပျိုကြီးက အရှိုက်ထိသွားသည်မို့ မျက်နှာတည်ကြီးနှင့် လစ်သွားလေပြီ။
"ရှောင်းကျန့်....ရှောင်းကျန့်....လွမ်းတတ်နေပြီပေါ့လေ..."
"အရင်လည်း ဆိုနေကြကို...အထူးအဆန်း..."
"ငါထင်ရင်လွဲခဲတယ်နော်...မင်း....အဟင်း...ဟင်း..."
ကျောင်းတုန်းက မရင်းနှီးပဲ မဟာဆက်တက်မှ ရင်းနှီးခဲ့သော ဟောက်ရွှမ်းက အကြောင်းသိချင်းတွေ ဟူသော အပြုံးကြီးဖြင့် ကြည့်လာတာမို့.....
လက်မောင်းကို မနာအောင် ပိတ်ထိုးပြီး ဂစ်တာဆွဲကာ ထွက်လာခဲ့ပေမယ့် သူ တကယ်ပဲ
တစ်စုံတစ်ယောက်ကို လွမ်းနေခဲ့ပါသည်။
..............................................
Note >>>
ဒီအပိုင်းလေးအတွက် သီချင်းတွေ စဥ်းစားခဲ့ပေမယ့် ဦးထီး (စိုင်းထီးဆိုင်) ရဲ့ မင်းခယောက်ျား သီချင်းလေးက အလိုက်ဖက်ဆုံး ဖြစ်မယ်ထင်လို့ ထည့်လိုက်ပါတယ်
စစ်သားတော်တော်များများကလည်း ဦးထီး သီချင်းတွေ ပိုကြိုက်ကြတယ် လို့ ကြားဖူးတာမို့ပါ
ဗိုလ်ကြီးရဲ့ တိတ်တခိုး အလွမ်းလေးကို မြန်မာဗားရှင်းနဲ့ ခံစားပေးကြပါဦး
Love U All ♥
23.10.2020 (11:00) PM
~~~~~~~~~~~~~~~~~~~~
Part (7) Z
"ဖန္ရွင္းတို႔နယ္က အကိုႀကီးအျပန္ ပါလာတာ ေမႀကီးရဲ႕...အမ်ားႀကီး ေပးခ်င္တာ...ႏွစ္ထုပ္ပဲ ရတာမို႔..."
"ေကာ္ဖီဆို အဲ့လို ကိုယ့္ဘာသာႏွပ္ထားမွ ေသာက္တဲ့ သားေဖႀကီးကေတာ့ အႀကိဳက္ေပါ့..."
"ေမႀကီးေရာ ႀကိဳက္ဘူးလား...သား ဘာမွ ထပ္မထည့္ေပးလိုက္ရလို႔..."
"ေမႀကီးလည္း ႀကိဳက္ပါသတဲ့ရွင္...အခြၽဲေလး... အရမ္းေတြ လိမ္မာေနပါလား...ဖိုးဖိုးကို ဂ်ီထားျပန္ၿပီလား..."
"ေမႀကီးေနာ္...ကေလးက မဆိုစေလာက္ေလး ပိစိေလး ဆိုးမိတာကို..."
"တကၠသိုလ္ ေက်ာင္းသားႀကီးကလည္း ကေလးက်ေနတာပဲ...အင္းပါ...အေမ့ေရွ႕ ကေလးျဖစ္ၿပီး ကြယ္ရာလူႀကီးမျဖစ္ရင္ပဲ ေတာ္လွပါၿပီ..."
"ဝက္ေပါက္..."
"ေဖႀကီး ႐ုံးေနာက္က်တယ္ေကာ...အလုပ္ေတြ ရႈပ္ေနတာလား....
ေမႀကီးႏွင့္ သားအမိႏွစ္ေယာက္ လိုင္းေကာင္းတုန္း v call ေျပာေနတုန္း ဝင္လာသည့္ ေဖႀကီးက ယူနီေဖာင္းပင္ မလဲရေသး။
"နည္းနည္းပါးပါးပါ....မုန့္ဖိုးကုန္ခါနီးလို႔ ဆက္တာလား...ခင္ဗ်ားေလးက...."
"သားမွာ အေပါဆုံးက မုန္႔ဖိုးေနာ္...ေဖႀကီးနဲ႔ေမႀကီးကို ဒီတိုင္း သတိရလို႔ ဆက္တာကို..."
"ေပါရင္လည္း မယူနဲ႔ကြာ...ငါ့မိန္းမပဲ ဝယ္ဆင္ေတာ့မယ္...."
"ဒီသားေလးတစ္ေယာက္ရွိတာကို...ဖိုးဖိုးနဲ႔တိုင္ေျပာမယ္...."
"တိုင္ေလ...သူ႔သမီးက ကိုယ့္ဘက္မွာ...."
"ကဲ...ေမာင္ကေလ...ကေလးနဲ႕ တုၿပီးေတာ့ စကားနိုင္လုေနျပန္ၿပီ...."
"ဝက္ေပါက္စ...စာမွန္မွန္လုပ္ရဲ႕လား...အတန္းခ်ိန္မွန္ရဲ႕လား..."
"စာလည္းလုပ္တယ္...အတန္းလည္း မွန္တယ္...မယုံရင္ ေဖႀကီး BFF ႀကီးကို ေမးၾကည့္...."
"ဘာလဲ...BFF...."
"Best Friend Forever ေလ...ေဖႀကီးကလည္း...social media သုံးပါဆို မသုံးဘူး...."
"ဒီဝက္ေပါက္ေတာ့ ..."
"No ပါေနာ္...only one but lion ပါ...acc name ေတာင္ Leo Wang..."
"ျခေသၤ့ျဖစ္ခ်င္ရင္ အစားေလ်ာ့စား...ပါးႏွစ္ဖက္က ေပါက္စီျဖစ္ေနၿပီ..."
"အား....body shaming ေနာ္ ေမႀကီး...ေျပာေတာ့ဘူးလား....လို႔...."
ေဖႀကီးလက္ထဲမွ Cap ႏွင့္ ႐ုံးအိတ္ကို ယူကာ ေရခြက္ေလး ကမ္းေပးေနေသာ ေမႀကီးက သားအဖႏွစ္ေယာက္ စကားစစ္ပြဲကို ၿပဳံးတုံတုံ႔ ၾကည့္ကာ လႊတ္ထားေပးေလသည္။
"ငါ့မိန္းမ ငါ့ဘက္ကပဲ ပါမွာေပါ့ကြ...."
"အဲ...လိုင္းက်သြားၿပီ... ကေလးကို သြားသြားစတယ္..."
ေဖႀကီးတို႔တပ္က အတန္ငယ္ေဝးေခါင္သည့္ ေတာေတာင္ၾကားက နယ္ၿမိဳ႕ေလးမို႔ ရာသီဥတုမေကာင္းလွ်င္ျဖစ္ျဖစ္၊ တစ္ခါတစ္ေလ သူ႔အလိုလိုေနရင္းပင္ လိုင္းက က်ေနတတ္သည္။
အခုလည္း ေမႀကီးတို႔ဘက္က လိုင္းက်သြားၿပီ။
သို႔ေသာ္ ေမႀကီးတို႔ဘက္သာ သူ႔ဘက္ကို မၾကားတာ။
သူ႔ဘက္ကေတာ့ ေမႀကီးတို႔စကားသံေတြကို မရွင္းလင္းရင္ေတာင္ ေသခ်ာေတာ့ ၾကားေနရေသးသည္။
"ေမာင့္ကို...ခုနကေတာင္ ထြက္ေစာင့္ေနေသးတယ္...ဆရာ ရန္ရွင္းက ရိပ္သာမွာ က်န္ခဲ့တယ္ ေျပာလို႔...."
"ဒုတပ္ရင္းမႉးက သူတို႔ရိပ္သာကို မႊမ္းေနလို႔ သြားၾကည့္တာ ေမေရ..."
"ဘာေတြမႊမ္းေနတုန္း...လူပ်ိဳႀကီးက..."
"ရိပ္သာေရွ႕က ပန္းပင္ေတြနဲ႔ စိုက္ခင္းေတြအေၾကာင္း....Gym အသစ္ေလးအေၾကာင္း...သြားေလ့လာတာ..."
"မႊမ္းတဲ့အတိုင္းပဲလား...."
"အရင္ထက္ကို သပ္ရပ္ရွင္းလင္းေနတာ....ပန္းေတြ စိုက္ခင္းေတြမ်ား စိမ္းလို႔ ...မရွိမဲ့ရွိမဲ့ ရသမွ်ပစၥည္းေတြနဲ႔ Gym လုပ္ထားတာလည္း အဟုတ္...ကိုယ္ေတာင္ သြားေဆာ့ခ်င္လာတယ္..."
"ဗိုလ္မႉးက ခုက်မွ ဘာစိတ္ကူးေပါက္သြားပါလိမ့္..."
"ဗိုလ္မႉး မဟုတ္ဘူး...ဗိုလ္ႀကီး ေရွာင္းက်န္႔ idea ေတြဗ်ား...ဦးေဆာင္လိုစိတ္ရွိတယ္...မျဖစ္ျဖစ္ေအာင္ လုပ္ခ်င္စိတ္ရွိတယ္...ကိုယ္ေတာ့ ဒီလိုအရာရွိငယ္ေတြဆို တကယ္ ေလးစားမိတယ္...."
"ခပ္တည္တည္ဆိုေတာ့ သီးသန့္ေနတတ္မယ္ထင္တာ...လူေတာ္ေလးပဲ ေမာင္ရဲ႕..."
"Fighter တပ္မက လာေတာ့ အၾကမ္းအရမ္းပဲ ရမယ္ ထင္ေနတာ...နံရံကပ္စာေစာင္ ကိစၥလည္း သူပဲဦးေဆာင္ေနတာ...တျဖည္းျဖည္းေတာ့ ႐ုပ္လုံးေပၚလာၿပီ...သစ္လုံးေတြနဲ႔ ခုံတန္းေလးေတြလည္း လုပ္ထားတယ္...စကားမစပ္...ေမ့သားလက္ခ်က္နဲ႔ ၿပိဳခဲ့တဲ့ ကြပ္ပ်စ္ေလးေတာင္ ျပန္လုပ္ထားတာ ပိုေတာင္ လွေသး...."
ဘာရယ္မဟုတ္၊ ဖုန္းမပိတ္မိပဲ ဆက္နားေထာင္မိဆဲ လူႀကီးနာမည္ ၾကားလိုက္ရတာမို႔ စားလက္စ Oishi ေလးပင္ မဝါးပဲ ငုံထားလိုက္မိတာ။
လက္ေအာက္ငယ္သားေတြကို ထူးခြၽန္လွ်င္ထူးခြၽန္သလို အားေပးေျမႇာက္စားတတ္ေသာ ဆုေပးဒဏ္ေပးစနစ္ က်င့္သုံးတတ္ေသာ ေဖႀကီးက ေတာ္႐ုံခ်ီးက်ဴးခဲသူမို႔ လူ႔ဂြစာႀကီးက ေတာ္႐ုံေတာ့ ဟုတ္ဟန္မတူ။
ေသနတ္ကိုင္တဲ့ လက္ေတြက အပင္ေတြလည္း စိုက္တတ္သလို စာေတြကဗ်ာေတြလည္း ေရးတတ္သတဲ့လား။
ခင္ဗ်ားေရးတဲ့ ကဗ်ာေတြ ဖတ္ခြင့္ရဖူးခ်င္သလို...
ခင္ဗ်ား စိုက္ထားတဲ့ ပန္းေတြရဲ႕ ရနံ႔ကိုလည္း ခံစားၾကည့္ဖူးခ်င္မိပါရဲ႕....
စစ္သားႀကီးရယ္....
V call ပိတ္လိုက္ရင္း contact name မွ အလြတ္ရေနေသာ နံပါတ္ေလးကို ၾကည့္မိစဥ္ အမည္ေဖာ္မရေသာ တစ္စုံတစ္ရာက လႈိက္ခနဲ လႈပ္ခတ္သြားေလသည္။
..........................................
ဟိုက္ခြမ္းတို႔ နယ္ေျမရွင္းလင္းေရးအဖြဲ႕ပါ ျပန္ေရာက္ေနၿပီမို႔ ရိပ္သာက အင္အားျဖည့္ကာ ပိုစည္ေနၿပီ။
ညေနေစာင္း ကိုယ္လက္လႈပ္ရွားမႈအေနႏွင့္ ေဘာလုံးတစ္ပြဲကန္အၿပီး ေခြၽးတိတ္ေအာင္ ေစာင့္သည့္အေနႏွင့္ ရိပ္သာေနာက္က ပ်ိဳးခင္းကို ေရေလာင္းေပါင္းသင္ၾကၿပီး ေရခ်ိဳးၿပီး ကိုယ့္အခန္းကိုယ္ နားေနၾကၿပီ။
စားပြဲေပၚမွ Green Tea Parking ထုပ္စိမ္းစိမ္းကိုျမင္ေတာ့ "မယူခ်င္လည္း ေန..."ဆိုကာ စူေထာ္သြားေသာ ႏႈတ္ခမ္းေလးကို ျမင္ေယာင္မိေတာ့ ခပ္ေရးေရး ၿပဳံးမိသည္။
အာ႐ုံလႊဲဖို႔ အရင္ရက္ေတြက ယူဖတ္ထားျဖစ္သည့္ စာအုပ္ေတြကို သူ႕အကန့္ႏွင့္သူ ျပန္စီထပ္ရင္း The Girl With White Flag စာအုပ္ေလးကို ျမင္မိေတာ့ လွည့္ပတ္ ျငင္းေနေသာ အေမႊစိန္စြာေတးေလးရဲ႕ ဂ်စ္တူးသံေလးကို ၾကားေယာင္မိျပန္တာ
ဘာေၾကာင့္ရယ္ မသိ။
တိုက္ဆိုင္မႈေတြ ရွိလာတိုင္း သတိရမိတဲ့ မ်က္ႏွာေလးက အေတြးမွာ တရစ္ဝဲဝဲ။
"အကိုႀကီး...ဝင္ခဲ့မယ္ေနာ္...."
"လာေလ...ညီေလး...."
ဂစ္တာကိုင္ရင္း ဝင္ခြင့္ေတာင္းလာသည့္ ေဟာက္႐ႊမ္းကို စာအုပ္ေတြ လက္စသတ္စီထပ္ရင္း ေခါင္းၿငိမ့္ျပလိုက္သည္။
"ရာသီဥတုကလည္း ၿငိမ့္ၿငိမ့္ေလးဆိုေတာ့ လူလည္းစုံတာနဲ႔ တီးၾကဆိုၾကမလို႔ အကိုႀကီးရဲ႕...ဝိုင္းရေအာင္ေလ...အကိုႀကီးလက္သံ နားမေထာင္ဖူးေသးဘူး...."
"အကုန္ ေရာက္ေနၿပီလား..."
"စုံေနၿပီ...အကိုဟိုက္ခြမ္းတို႔ ပါလာတဲ့ ေခါင္ရည္နဲ႔ ဆတ္သားေျခာက္ဖုတ္လည္း ပါတယ္...လူသာလိုက္ခဲ့ပါဗ်ာ..."
"ေအးပါကြာ..."
နံရံမွာ ခ်ိတ္ထားသည့္ ဂစ္တာကို ဆြဲထြက္လာေတာ့ သစ္လုံးခုံတန္းေလးေတြႏွင့္ ရိပ္သာေရွ႕ကြပ္ပ်စ္ေလးမွာ ေဟာက္႐ႊမ္းေျပာသည့္အတိုင္း လူစုံေနၿပီ။
ဒုတပ္ရင္းမႉး ဗိုလ္မႉး ရိက်ိဳးကေတာ့ ေခါင္ရည္ထည့္ထားသည့္ ဝါးဆစ္ခြက္ရွည္ကို ဆကာဆကာႏွင့္ ညီငယ္ေတြကို တၿပဳံးၿပဳံး ၾကည့္ေနေလသည္။
ေဟာက္႐ႊမ္းရဲ႕ ဂစ္တာသံႏွင့္အတူ ၾသရွရွ သီခ်င္းသံၿငိမ့္ၿငိမ့္က တကယ္ပဲ နားေထာင္ေကာင္းလွသည္။
ဝါသနာရွင္အဆင့္ထက္ပင္ ပိုေနေသာ လက္သံမ်ိဳးမို႔ တကယ္ခ်ီးက်ဴးရပါသည္။
"ေရွ႕တန္းျပန္ အကိုႀကီး အလွည့္ပါ ခင္ဗ်ာ..."
"မင္းႀကီးေတာ္ ေရွ႕တန္းလား....နယ္ေျမရွင္းလင္းေရးပါ ဆိုမွ..."
"ေခါင္ရည္မ်က္ႏွာနဲ႔ ညီေလးက role တင္ေပးတဲ့ဟာကို..."
"တင္မေနနဲ႔ ျပန္ခ်...ခရီးပမ္းလာေတာ့ ဆိုမေကာင္းဘူးကြ....ေရွာင္းက်န္႔ ဆိုလိမ့္မယ္..."
"ဟုတ္တယ္...အကိုေရွာင္း လက္သံေရာ ဆိုတာေရာ မၾကားဖူးေသးဘူး....စပါေတာ့ဗ်ိဳ႕...."
တစ္ေယာက္တစ္ေပါက္ ေျပာေနၾကေသာ ေသြးမေတာ္သည့္ ေသြးေသာက္ညီအကိုမ်ားကို ၾကည့္ရင္း ေခါင္းၿငိမ့္ရင္း ၿပဳံးျပမိသည္။
မိေဝးဖေဝး၊ မိသားစုႏွင့္ေဝးေနရေသာ စစ္သားဘဝမွာ လုပ္ေဖာ္ကိုင္ဖက္ ရဲေဘာ္ရဲဘက္ေတြကသာ ဒုတိယမိသားစု မဟုတ္လား။
႐ုတ္တရက္မို႔ ဘာသီခ်င္းဆိုရမည္ မသိေသး။
ဂစ္တာႀကိဳးညႇိၿပီး လက္ကြက္စမ္းေနရင္း မိုးသားထက္က လျခမ္းေကြးကို ေမာ့ေငးမိစဥ္ မ်က္ႏွာလုံးလုံးေလးႏွင့္ ႏႈတ္ခမ္းဖူးဖူးေလးကို ျမင္ေယာင္လာရျပန္ေခ်ၿပီ။
Intro အဝင္မွာတင္ ၿငိမ္က်သြားေသာ ဂစ္တာဝိုင္းေလးက ညေရးေရး လေကြးေကြးမွာ လြမ္းရိပ္သမ္းကာ မႈိင္းညိ့ညိဳ႕။
ေသနတ္ထက္ အလြမ္းက စစ္သားနဲ႔ ပိုမ်ားလိုက္ေနသလားကြာ....
ေ႐ႊဗဟိုရ္စည္သံ မၾကားရတဲ့ အေဝးမွာ....
တာဝန္လြယ္ကာ စစ္ေၾကာင္းထြက္ေနရ...
ျပည္ေတာ္မျပန္ႏိုင္တဲ့ မင္းခေယာက္်ား...
ကိုယ္ရယ္ပါ....ကိုယ္ရယ္ပါ...
ဘယ္ဆီကိုေမွ်ာ္မွန္းၿပီး လြမ္းရမွန္း...
ေနေရာင္မျမင္တဲ့ ရိပ္ႀကီးေတာေတာင္ၾကား....
ေပ်ာ္ရာမေမွ်ာ္သာတဲ့ မင္းခေယာက္်ား...
ကိုယ္ရယ္ပါ....ကိုယ္ရယ္ပါ....
ျမင္းယာဥ္ကေလးနဲ႔ ညေလညင္းခံကာ...
အေဖာ္အေပါင္းမ်ားနဲ႔ ထြက္ကစားတဲ့ အခိုက္မွာ....
ကိုယ့္ေ႐ႊအသည္းပန္းေလး ေယာင္လို႔ေတာင္မွ အေဝးေရာက္ တစ္ေယာက္သူကို သတိရမလား....
တစ္ခါတစ္ေလေတာ့လည္း ဝမ္းေတာ့နည္းမိသား...
မျမင္တာၾကာလို႔ ေမ့မ်ားသြားၿပီလား....
ေပ်ာ္ရာမေမွ်ာ္သာတဲ့ မင္းခေယာက္်ား...
ကိုယ္ရယ္ပါ....ကိုယ္ရယ္ပါ....
"ေျဖာင္း....ေျဖာင္း....႐ႊီး...."
"ေကာင္းလိုက္တာ...ညီေလးရာ...တကယ္ လြမ္းသြားတာ...."
"အကိုႀကီးက လြမ္းစရာ ရွိလို႔လားဗ်....အု...ဟု..."
ေရခ်ိန္မွန္စျပဳေနေသာ ေဟာက္႐ႊမ္းကို ထဆြဲေပမယ့္ မမီေတာ့တာမို႔ ဆတ္သားေျခာက္ဖုတ္တစ္ဖတ္ကို ပါးစပ္ထဲ ထိုးထည့္မွ ၿငိမ္သြားေတာ့သည္။
ဒုတပ္ရင္းမႉး လူပ်ိဳႀကီးက အရႈိက္ထိသြားသည္မို႔ မ်က္ႏွာတည္ႀကီးႏွင့္ လစ္သြားေလၿပီ။
"ေရွာင္းက်န္႔....ေရွာင္းက်န္႔....လြမ္းတတ္ေနၿပီေပါ့ေလ..."
"အရင္လည္း ဆိုေနၾကကို...အထူးအဆန္း..."
"ငါထင္ရင္လြဲခဲတယ္ေနာ္...မင္း....အဟင္း...ဟင္း..."
ေက်ာင္းတုန္းက မရင္းႏွီးပဲ မဟာဆက္တက္မွ ရင္းႏွီးခဲ့ေသာ ေဟာက္႐ႊမ္းက အေၾကာင္းသိခ်င္းေတြ ဟူေသာ အၿပဳံးႀကီးျဖင့္ ၾကည့္လာတာမို႔.....
လက္ေမာင္းကို မနာေအာင္ ပိတ္ထိုးၿပီး ဂစ္တာဆြဲကာ ထြက္လာခဲ့ေပမယ့္ သူ တကယ္ပဲ
တစ္စုံတစ္ေယာက္ကို လြမ္းေနခဲ့ပါသည္။
..............................................
Note >>>
ဒီအပိုင္းေလးအတြက္ သီခ်င္းေတြ စဥ္းစားခဲ့ေပမယ့္ ဦးထီး (စိုင္းထီးဆိုင္) ရဲ႕ မင္းခေယာက္်ား သီခ်င္းေလးက အလိုက္ဖက္ဆုံး ျဖစ္မယ္ထင္လို႔ ထည့္လိုက္ပါတယ္
စစ္သားေတာ္ေတာ္မ်ားမ်ားကလည္း ဦးထီး သီခ်င္းေတြ ပိုႀကိဳက္ၾကတယ္ လို႔ ၾကားဖူးတာမို႔ပါ
ဗိုလ္ႀကီးရဲ႕ တိတ္တခိုး အလြမ္းေလးကို ျမန္မာဗားရွင္းနဲ႔ ခံစားေပးၾကပါဦး
Love U All ♥
23.10.2020 (11:00) PM