To Love❤(Complete)
By TommyBell92
2.1M 143K 2.7K
မမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ More
Intro
Part 1*
Part 2*
Part 3*
Part 4*
Part 5*
Part 6*
Part 7*
Part 8*
Part 9*
Part 10*
Part 11*
Part 12*
Part 13*
Part 14*
Part 15*
Part 16*
Part 17*
Part 19*
Part 20*
Part 21*
Part 22*
Part 23*
Part 24*
Part 25*
Part 26*
Part 27*
Part 28*
Part 29*
Part 30*
​ဖြေရှင်းချက်*
Part 31*
Part 32*
Part 33*
Part 34*
Part 35*
Part 36*
Part 37*
Part 38*
Part 39*
Part 40*
Part 41*
Part 42*
Part 43*
Part 44*
Part 45*
Part 46*
Part 47*
Part 48*
Part 49*
Part 50*
Part 51*
Part 52*
Part 53*
Part 54*
Part 55*
Part 56*
Part 57*
Part 58*
Part 59*
Part 60*
Part 61*
Part 62*
Part 63*
Part 64*
Part 65*
Part 66*
Part 67*
Part 68*
Part 69*
Part 70*
Part 71*(Final)
ကျေးဇူးတင်လွှာ*
To My Dear Readers ❤
Extra*
Book Announcement!!
Book Cover
Book Order Time💙
Part 18*
34.5K 2.3K 20
By TommyBell92
ဒီနေ့ရဲ့ မနက်ခင်းလေးဟာ အရင်ကထက် သာယာနေတယ်လို့ သုခ ထင်မိသည်။ အကြောင်းက မိမိ သိပ်ချစ်ရတဲ့ ကလေးလေးကို တရားဝင် ပိုင်ဆိုင်ခဲ့ရပြီလေ။ ကျွန်တော့်ရင်ဘတ်ပေါ် သူ့ရဲ့ လက်ပိစိလေးတွေကို တင်ထားပြီး ခြေထောက်တွေကတော့ ကျွန်တော့်ကို ခွလျက်သားလေး အိပ်ပျော်နေသည်။
တစ်ခြမ်းစောင်း အိပ်နေတဲ့ ကောင်လေးရဲ့ ပါးကတော့ မို့အစ်လို့နေသည်။ သုခသည် သန့်မှူးရဲ့ နှာဖူးပြင်ပေါ် ဝဲကျနေတဲ့ ဆံပင်အစအနလေးအား ဖယ်ရှားလိုက်ကာ ရှင်းလင်းနေတဲ့ ကောင်လေးရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပိတိဖြစ်လို့မဆုံး။ ဒီကောင်လေးကို မြတ်နိုးနေရတာ ချစ်နေရတာ ပိုင်ဆိုင်နေရတာ တော်တော် ကံကောင်းတဲ့ ကျွန်တော်ပါပဲ။
ကျွန်တော် သူ့မျက်နှာကို ဖွဖွလေး ကိုင်နေတုန်း နိုးလာခဲ့သည်။
"ကို...ကို"
"ဟင်"
ကလေးငယ်သည် ကျွန်တော့်ကို ခေါ်ပြီးသည်နှင့် သူ့ရဲ့ခေါင်းလေးအား ကျွန်တော်ရင်ဘတ်ပေါ် လာတင်ကာ ကျွန်တော့်ကို မျက်နှာချင်းဆိုင် ကြည့်နေသည်။
"ဘာပြောမလို့လဲ ကလေးလေး"
"ဟီးးးးး ဒီတိုင်း ခေါ်ကြည့်တာ"
"ဟုတ်ပါပြီဗျာ"
"ကိုကို သား ဒီနေ့ ဆိုင်သွားမလို့ "
"အာ မဖြစ်သေးပါဘူး ခြေထောက်က သိပ်အဆင်ပြေသေးတာ မဟုတ်ပဲနဲ့ ကိုကို စိတ်မချဘူး"
"အိမ်ထဲမှာပဲ နေရတာ ​ပျင်းလာပြီ ကိုကိုရဲ့ လုပ်ပါ ကိုကိုနော်"
"မရဘူးကွာ ကိုကို မလွှတ်နိုင်ဘူး"
"ကိုကို တကယ် မကောင်းဘူး သားကို အလို မလိုက်ဘူး "ဆိုကာ ကုတင်ပေါ်ကနေ ထပြီး ရေချိုးခန်းထဲ ဝင်သွားသည် သူစိတ်တိုနေသည်ကို တံခါးအား အသံမြည်နေအောင် ဆောင့်ပြီး ပိတ်သွားသည်က သက်သေပင်။
စိတ်မချလို့ ပြောမိတဲ့ စကားကို စိတ်ဆိုးသွားတဲ့ ကောင်လေးအား ချော့ရဉီးမည် အိပ်နေရာမှ ထလိုက်ပြီး အဝတ်ဗီဒိုထဲက အဆင်ပြေမည့် အဝတ်အစားအား ရွေးလိုက်သည်။ ပြီးနောက် အောက်ထပ်ဆင်းကာ မနက်စာစားဖို့အတွက် ပြင်ဆင်ဖို့ မှာလိုက်ပြီး နေလင်းကိုလည်း Companyအတွက် လိုအပ်သည်များကို ပြောထားလိုက်သည်။
ကျွန်တော်လည်း အခန်းထဲသို့ ပြန်အရောက် ကောင်ငယ်လေးက ရေချိုးခန်ထဲက ထွက်လာသည်။
"ကိုကို ကုတင်ပေါ်မှာ အဝတ်တင်ထားပေးတယ် အဲ့တာ ဝတ်လိုက်နော်ဘကိုကို ရေချိုးလိုက်ဉီးမယ်"
ကျွန်တော်ကတော့ ပြောလိုက်ပေမယ့် သူ့ဘက်ကနေ ဘာတုံ့ပြန်ချက်မှ ပြန်မရ၊ ကျွန်တော်လည်း အချိန်လင့်နေမှာ စိုးတာကြောင့် ရေချိုးဖို့သာ လုပ်လိုက်သည်။
*ပေးမသွားဘူးဆိုပြီး အဝတ်တွေ ထုတ်ပေးနေသေးတယ်*ဆိုကာ သုခ ထုတ်ပေးခဲ့သော အဝတ်တွေကို သေချာ ဝတ်လိုက်သည်။ ပြီးနောက် မနက်စာ စားဖို့ သွားရမှာ ဆိုပေမယ့် သုခကို စောင့်နေလိုက်သည်။
သုခသည် ရေချိုးပြီး ပြန်ထွက်လာတော့ သူ ဝတ်ခိုင်းထားသော အဝတ်အစားကို ဝတ်ဆင်ပြီး ကုတင်ပေါ်ထိုင်ကာ ဖုန်းသုံးနေသည်။
သုခလည်း အဝတ်လဲစရာရှိတာ လဲလိုက်ပြီး
"မနက်စာ သွားစားမယ် ကလေးလေး"လို့ ပြောရုံရှိသေး သုခကို မစောင့်ပဲ အောက်ထပ်ကို ဆင်းသွားသည်။ ခြေ ဗလာ ဖြစ်နေတဲ့ ကောင်လေးကြောင့် ဗီဒိုထဲက အဖြူရောင် ခြေအိတ်တစ်စုံယူပြီး သူ့နောက် လိုက်ရတော့သည်။
မနက်စာ စားပြီးသည်အထိ ဘာစကားမှ မပြောပဲနေတဲ့ ကလေးလေးက တော်တော် နေနိုင်သည်ပဲ။ အပြင်ထွက်ကာ ဧည့်ခန်းsofaပေါ် ထိုင်နေသော ကောင်ငယ်လေးနား သွားထိုင်ပြီး ခြေထောက်နှစ်ဖက်အား မိမိ ပေါင်ပေါ် အရင်တင်လိုက်သည်။ထို့နောက် ယူလာသော ခြေအိတ်အဖြူ အား စွပ်ပေးတော့
"ကိုကို ဘာလုပ်တာလဲ "
"ခြေအိတ် ဝတ်ပေးနေတာ"
"သား ကိုယ့်ဘာသာကိုယ် ဝတ်ယူမယ်"
"ကိုကို ဝတ်ပေးပါ့မယ် ကလေးလေးရာ ငြိမ်ငြိမ်လေးနေ"
"ဘယ်မှ မသွားပဲနဲ့ ဘာလို့ ခြေအိတ် ဝတ်ပေးနေတာလဲ"
"ကလေးပဲ ဆိုင်သွားမလို့ဆို"
"ပေးမသွားဘူးဆို"
"ဟုတ်တယ် ပထမကတော့ ပေးမသွားဘူး လုပ်ထားတာ ကလေးလေးက ကိုကို့ကို စိတ်ဆိုးပြီး လျစ်လျှူရှုသလိုကြီး နေမှတော့ ကိုကိုက ဘယ် စိတ်ကောင်းပါ့မလဲ"
"ကိုကိုက သားကို အလိုမလိုက်တော့ သားလည်း စိတ်ဆိုးတာပေါ​့"
"ကိုကို အလိုလိုက်ပါတယ် ကလေးရယ် ကလေးလေး ခြေထောက် အဆင်မပြေတာတွေ ဖြစ်မှာစိုးလို့ စိတ်ပူလို့ မသွား စေချင်ရုံပါ"
"သားကြောင့် စိတ်မကောင်းဖြစ်သွားတာလား တောင်းပန်ပါတယ်"
"မလိုပါဘူး ကလေးလေး ပျော်နေဖို့ အရေးကြီးတယ် ဆိုင်က ကလေးတစ်ယောက်တည်း သွားရမှာ မဟုတ်ဘူးနော် ကိုကိုပါ လိုက်ခဲ့မှာ "
"ပိုကောင်းတာပေါ့ ကိုကိုပါ ပါတော့"
"ကောင်းပါပြီဗျာ ကဲ သွားကြတော့မလား"
"ဟုတ်"ဆိုပြီး ပြောလာတဲ့ ကောင်လေးအား ခြေထောက်နဲ့ ကျောအောက် လက်လျှိုသွင်းကာ ပွေ့ချီလိုက်တော့ အလန့်တကြားဖြစ်သွားကာ ကျွန်တော့်ရဲ့ လည်ပင်းအား တင်းကျပ်စွာ ဖမ်းဆုပ်လာသည်။
"ကိုကို!!!"
"လန်သွားတာလား ကလေးလေး"လို့ မေးလိုက်တော့ ခေါင်းကို အသာ ညိမ့်ပြသည်။ ကျွန်တော်လည်း ကလေးငယ်ရဲ့ နှဖူးပြင်အား မြတ်နိုးစွာ နမ်းရှိုက်လိုက်ပြီး
"ကိုကိုက ကလေးလေး လမ်းလျှောက်ရတာ ပင်ပန်းမှာ စိုးလို့"
"ကိုကိုကတော့ ပိုပြီ "
"မပိုပါဘူးဗျာ ကဲ သွားရအောင်"
...................
At TM Cafe.......
သူရမှာ ဆိုင်ထဲကို ပြုံးဖြီးဖြီးနဲ့ ရောက်လာသော သန့်မှူးအား မျက်စောင်းထိုးလိုက်သည်။ အကြောင်းက သူ့လူကြီးက သူနဲ့ အတူ ပါလာခြင်းကြောင့်ပင်
"ဘာလို့ လာတာလဲ"
"ကိုယ့်ဆိုင်ကို လာတာလေ ဘာဖြစ်လဲ"
"အေးနော် ဆိုင်ကို လာပြီး ပိကျိပိကျိ မလုပ်နဲ့ အေးဆေးနေ"
"မင်းကလည်း ပြောမယ် ဆိုတာကြီးပဲ"
ဒီနေ့ဟာ သုခအတွက် Company CEO ရာထူးမှ စားပွဲထိုးရာထူး ပြောင်းလဲသွားတဲ့ နေ့ပင်။
အရမ်းတွေ customer serviceပေးချင်နေသော ကောင်လေးကြောင့် သူကိုယ်တိုင် ဝင်လုပ်လိုက်ရပြီး ကောင်လေးကိုတော့ ေငွရှင်းကောင်တာမှာ အေးဆေး ထိုင်နေဖို့ရန် ပြောရသည်။
"ကိုကို ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူးဗျာ ကလေးလေးသာ အေးဆေးနေ ဟုတ်ပြီလား"
"ဟုတ်"
"သန့်မှူးရေ ငါလည်း စားပွဲထိုးလုပ်နေတာ ငါ့ကိုလည်း မေးပါဉီးလား"
"မင်းက ဘာဖြစ်နေနေ ရတယ် ကိုကို မပင်ပန်းဖို့ အရေးကြီးတယ် "
ကလေးငယ်ရဲ့ စကားကြောင့် ကျွန်တော့်မှာ အသည်းယားလာပြီး သူ့ရဲ့ ပြည့်ဖောင်းဖောင်းပါးလေးအား နစ်ဝင်သွားအောင် နမ်းလိုက်သည်။
"တော်ပြီ နောက်ခါ ဘယ်တော့မှ ဆိုင်မလာခဲ့ကြနဲ့"
"ဟုတ်သားပဲ ကိုကိုကလည်း သူများရှေ့မှာ"
"ကလေးငယ်က ချစ်ဖို့ကောင်းအောင် လုပ်ပြနေတာကို"
"ဟီးးးး"
................
မနက်ကတည်းက ကြိုးစားရေးကြည့်ပေမယ့် ဒီလောက်လေးပဲ ရတာမို့ အဆင်မပြေဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်.......နေပြန်ကောင်းတဲ့ အချိန်ကျရင်တော့ အများကြီး ရေးပေးပါ့မယ်....
Replyမပြန်လို့ စိတ်မဆိုးကြပါနဲ့ နောက်မှ တစ်ယောက်ချင်းစီ ပြန်ပေးပါ့မယ်နော်🙆🏻🙆🏻🙆🏻
Love you all of my readers❤
~~~~~~~~~~~~~~~~~~~~~
Zawgyi!!!!!!!
ဒီနေ့ရဲ့ မနက်ခင်းလေးဟာ အရင်ကထက် သာယာနေတယ်လို့ သုခ ထင်မိသည် အကြောင်းက မိမိ သိပ်ချစ်ရတဲ့ ကလေးလေးကို တရားဝင် ပိုင်ဆိုင်ခဲ့ရပြီလေ ကျွန်တော့်ရင်ဘတ်ပေါ် သူ့ရဲ့ လက်ပိစိလေးတွေကို တင်ထားပြီး ခြေထောက်တွေကတော့ ကျွန်တော့်ကို ခွလျက်သားလေး အိပ်ပျော်နေသည်
တစ်ခြမ်းစောင်း အိပ်နေတဲ့ ကောင်လေးရဲ့ ပါးကတော့ မို့အစ်လို့နေသည် သုခသည် သန့်မှူးရဲ့ နှာဖူးပြင်ပေါ် ဝဲကျနေတဲ့ ဆံပင်အစအနလေးအား ဖယ်ရှားလိုက်ကာ ရှင်းလင်းနေတဲ့ ကောင်လေးရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပိတိဖြစ်လို့မဆုံး..... ဒီကောင်လေးကို မြတ်နိုးနေရတာ ချစ်နေရတာ ပိုင်ဆိုင်နေရတာ တော်တော် ကံကောင်းတဲ့ ကျွန်တော်ပါပဲ
"ကို...ကို...."
"ဟင်"
"ဟုတ်ပါပြီဗျာ"
စိတ်မချလို့ ပြောမိတဲ့ စကားကို စိတ်ဆိုးသွားတဲ့ ကောင်လေးအား ချော့ရဉီးမည် အိပ်နေရာမှ ထလိုက်ပြီး အဝတ်ဗီဒိုထဲက အဆင်ပြေမည့် အဝတ်အစားအား ရွေးလိုက်သည် ပြီးနောက် အောက်ထပ်ဆင်းကာ မနက်စာစားဖို့အတွက် ပြင်ဆင်ဖို့ မှာလိုက်ပြီး နေလင်းကိုလည်း Companyအတွက် လိုအပ်သည်များကို ပြောထားလိုက်သည်
*ပေးမသွားဘူးဆိုပြီး အဝတ်တွေ ထုတ်ပေးနေသေးတယ်*ဆိုကာ သုခ ထုတ်ပေးခဲ့သော အဝတ်တွေကို သေချာ ဝတ်လိုက်သည် ပြီးနောက် မနက်စာ စားဖို့ သွားရမှာ ဆိုပေမယ့် သုခကို စောင့်နေလိုက်သည်
"မနက်စာ သွားစားမယ် ကလေးလေး"လို့ ပြောရုံရှိသေး သုခကို မစောင့်ပဲ အောက်ထပ်ကို ဆင်းသွားသည် ခြေ ဗလာ ဖြစ်နေတဲ့ ကောင်လေးကြောင့် ဗီဒိုထဲက အဖြူရောင် ခြေအိတ်တစ်စုံယူပြီး သူ့နောက် လိုက်ရတော့သည်
မနက်စာ စားပြီးသည်အထိ ဘာစကားမှ မပြောပဲနေတဲ့ ကလေးလေးက တော်တော် နေနိုင်သည်ပဲ အပြင်ထွက်ကာ ဧည့်ခန်းsofaပေါ် ထိုင်နေသော ကောင်ငယ်လေးနား သွားထိုင်ပြီး ခြေထောက်နှစ်ဖက်အား မိမိ ပေါင်ပေါ် အရင်တင်လိုက်သည်ထို့နောက် ယူလာသော ခြေအိတ်အဖြူ အား စွပ်ပေးတော့
"ကိုကို ဘာလုပ်တာလဲ "
"ခြေအိတ် ဝတ်ပေးနေတာ"
"ပေးမသွားဘူးဆို"
"ကိုကို!!!"
"လန်သြားတာလား ကလေးလေး"လို့ မေးလိုက်တော့ ခေါင်းကို အသာ ညိမ့်ပြသည် ကျွန်တော်လည်း ကလေးငယ်ရဲ့ နှဖူးပြင်အား မြတ်နိုးစွာ နမ်းရှိုက်လိုက်ပြီး
"ကိုကိုကတော့ ပိုပြီ "
...................
At TM Cafe.......
သူရမှာ ဆိုင်ထဲကို ပြုံးဖြီးဖြီးနဲ့ ရောက်လာသော သန့်မှူးအား မျက်စောင်းထိုးလိုက်သည် အကြောင်းက သူ့လူကြီးက သူနဲ့ အတူ ပါလာခြင်းကြောင့်ပင်
"ဘာလို့ လာတာလဲ"
"ဟုတ်"
"ဟီးးးး"
................
~~~~~~~~~~~~~~~~~~~~~
Continue Reading
You'll Also Like
973K 88.7K 73
မှုတ်ထုတ်လိုက်တဲ့ အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... မှုတ်ထုတ်လိုက်တဲ့အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... Start- October-12 En...
201K 15.7K 33
fudanshiကလေး သွင်ယသော်နိုင်က သူ့အလုပ်ရှင် ဥက္ကဌ မြူမင်းလွင်ပြင်ကို ဘယ်လိုတွေ ယောက်ျားပေးစားရင်း ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ..... ကိုယ့်ကို ယောက်ျားပေးစားန...
76.7K 5K 24
ရိုးရိုးရှင်းရှင်းလေး နဲ့ ပေါ့ပေါ့ပါးပါးလေးပါပဲ ဖတ်ကြည့်ပေးကြပါဦး.. ကြိုပြီး warning ပေးထားပါတယ်။ Uni & ZawGyi 14.06.2022
116K 17K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ