C- 184 Fated.
အခန္း ၁၈၄ ကံၾကမၼာ (ကံတရား၏ စီရင္မႈ)
တကယ္ပဲ ကံၾကမၼာစက္၀ိုင္းၾကီးက တစ္ပါတ္လည္ေနတာပဲ။
လြန္ခဲ့ေသာ တစ္စကၠန္႕က Tang YunQi က You XiaoMo၏ ေသျခင္း ရွင္ျခင္းကို စကားတစ္လံုးတည္းႏွင့္ သူလုပ္ႏိုင္လိမ့္မည္ဟု ယံုၾကည္ခ်က္ရွိေနေသးသည္။ သူ(မ)စကားလံုးမ်ားႏွင့္ အမူအက်င့္မ်ားကို ဒီျမင္ကြင္းတြင္ ရွိေသာ လူသားပဲ ျဖစ္ျဖစ္ ေမွာ္၀င္သားရဲပဲ ျဖစ္ျဖစ္ ကို ရြ႕ံရွာေစသည္။ ရလာဒ္အေနႏွင့္ တစ္စကၠန္႕အၾကာတြင္ SheQiu ေရာက္ရွိလာျခင္းက အေျခအေနေတြကို ေျပာင္းျပန္ျဖစ္ေစသည္။ အေရးမသာေသာသူက အခုခ်ိန္တြင္ သူ(မ)ကိုယ္တုိင္ ျဖစ္သြားသည္။
တစ္ကမၻာလံုး၏ အထက္တြင္သာ အျမဲရွိသည္ဟု သူ႕ကိုယ္သူ ေတြးတတ္ေသာ Tang YunQi အတြက္ ဒီရုိက္ခတ္မႈၾကီးက သူ(မ)လက္ခံႏိုင္ဖို႕အတြက္ ၾကီးမားလြန္းလွသည္။ တစ္အခ်ိန္တစ္ခု ၾကာသည္အထိကို သူ(မ)ပါးစပ္ကေန စကားတစ္ခြန္းေတာင္ ထြက္မလာပဲ ပတ္၀န္းက်င္တစ္ခုလံုးကို အလြန္အမင္း တိတ္ဆိတ္သြားေစသည္။
You XiaoMo က သက္ျပင္းခ်ကာ “နင့္ကို ေျပးဖို႕ေျပာပါတယ္ နင္ပဲ ေျပးဖို႕ ျငင္းတာ”
SheQiu၏ မ်က္လံုးမ်ားက ဆတ္ခနဲ တြန္႕သြားကာ “သခင္ ဒီလုိစကားလံုးမ်ိဳးေတြက သခင္နဲ႕ မလုိက္ဖက္ဘူး”
You XiaoMo က မ်က္ေတာင္ေလးခတ္ကာ “အဲလိုလား? ဒါဆို ဘယ္လုိစကားလံုးမ်ိဳးက ငါနဲ႕လုိက္လဲ”
SheQiu က “သခင္ႏွင့္ လုိက္ဖက္တာ တစ္လံုးမွမရွိဘူး ။ သခင္ ပါးစပ္ေလးပိတ္ျပီး ဒီအတုိင္းပဲ ပြဲကို ထုိင္ၾကည့္တာ အေကာင္းဆံုးပဲ”
You XiaoMo က“ SheQiu မင္း ဘာလို႕ အစ္ကိုၾကီးLing နဲ႕တူရတာတာလဲ မုန္းဖို႕ေကာင္းလုိက္တာ”
SheQiu က ေပ်ာ္ရႊင္စြာ အေျဖျပန္ေပးလုိက္သည္ “ ေခါင္းေဆာင္ၾကီးႏွင့္ တူတယ္ဆိုလို႕ ကၽြန္ေတာ္အရမ္း ဂုဏ္ယူပါတယ္”
You XiaoMo “………………..”
ဒီအေကာင္ကေတာ့ ကယ္လုိ႕ေတာင္ မရေတာ့ဘူး။ အဲဒိပုဂၢိဳလ္က ဘာေတြမ်ား အရမ္းေကာင္းေနရတာလဲ လူအမ်ားၾကီးက သူ႕ဆီကေန သင္ယူေနရတယ္ သူကိုယ္တုိ္င္သည္လည္း သူ႕ဆီကေန သင္ယူေနရသည္။
SheQiu က Tang YunQi ကို လက္ညွိဳးထိုးျပီးေတာ့ ေမးလုိက္သည္ “သခင္ သူ႕ကို ဘယ္လုိ ကုိ္င္တြယ္ေစခ်င္သလဲ?”
You XiaoMo က ရုတ္တရတ္ ဒီမိန္းကေလး ရွိေနေသးတာ သတိရသြားသည္။ သူက ခ်က္ခ်င္းကို ေသခ်ာ စဥ္းစားေသာ ဟန္ပန္ ျဖစ္သြားသည္။ သူ႕နယ္ေျမလဲ မေပၚေပါက္သြားဘူးေလ။ သတ္မလား မသတ္ဘူးလား။ ဒါက တကယ့္ကို ေဘးက်ပ္နံၾကပ္ပဲ။
အေတာ္ေလး အထိတ္တလန္႕ ျဖစ္ျပီးေတာ့ ေနာက္ဆံုးတြင္ Tang YunQi ျပန္လည္ တည္ျငိမ္သြားသည္။
You XiaoMo ရဲ႕ ေ၀ခြဲမရေသာဟန္ကို ျမင္သည့္ေနာက္ Tang YunQi က ေမးေစ႕ကုိ အသာေလးေမာ့ကာ ဟြန္႕ခနဲျပဳကာ ျပတ္ျပတ္သားသားပင္ “You XiaoMo နင္ ငါ့ကို မသတ္ရဲဘူးပဲ ငါထင္ပါတယ္ဟာ။ ငါ့အေဖသာ သိသြားရင္ နင္ ျမဳပ္စရာေျမေတာင္ ရွိမွာ မဟုတ္ဘူး။ ငါ့အေဖက နင့္ကို အလြတ္ေပးမွာ မဟုတ္ဘူး ငါ နင့္ကို ေျပာမယ္ နင္ငါ့ကို သြားခြင့္ေပးတာ အေကာင္းဆံုးပဲ”
မမေလး ဒီစကားေတြက တုိက္ခိ္ုက္လြန္းရာ မရဘူးလား?
အခုခ်ိန္တြင္ အသာစီးက သူ႕လက္ထဲမွာ ျဖစ္သည္။ ဒါေတာင္ ဒီၾကက္ေပါက္စမက မေၾကာက္လန္႕ေသးေပ။ 'ငါ အေရးတယူလုပ္ျပီးေတာ့ မင္းအမွားကို ျပင္ဆင္ခြင့္ေပးတာ´ဆိုသည့္ ပံုကို ဆက္လုပ္ေနေသးသည္ ဘယ္သူက နင့္ သနားညွာတာမႈကို လိုခ်င္လို႕လဲ။
ထို စကားမ်ားၾကားေတာ့ သူလို ေစတနာတရားရွိျပီးေတာ့ သနားၾကင္နာတတ္ေသာ သူေတာင္မွ ေဒါသေဖ်ာ့ေဖ်ာ့ေလး မထြက္ပဲ မေနေပ။
You XiaoMo က SheQiu ကို ၾကည့္လုိက္ကာ “မင္းေျပာၾကည့္ အကယ္လို႕ လူေတြ သိသြားရင္ေကာ”
SheQiu က XiaoHe ကို အတုခိုးက သူ႕ကို မ်က္လံုးၾကီးလွန္ၾကည့္ခ်င္ေသာ္လညး္ သူက ဂုဏ္သေရရွိျပီးေတာ့ အဆင့္ျမင့္ ေမွာ္၀င္သားရဲတစ္ေကာင္ေလ “တစ္ေယာက္ေယာက္က သိသြားရင္ေတာ့ ကၽြန္ေတာ္က သူအျခားသူေတြကို ေျပာဖို႕ အခြင့္အေရး တစ္ခုေတာင္ မရခင္မွာတင္ သူ႕ကို သတ္ႏိုင္တယ္”
You XiaoMo က 'အိ´ ခနဲ အာေမဋိတ္ျပဳကာ “ငါေျပာခ်င္တာ မင္းသိတယ္လား”
SheQiu က သူ႕ကို မ်က္လံုးေလးလွန္မၾကည့္ပဲ မေနႏို္င္ေတာ့ပဲ “သခင္ေျပာခ်င္ေနတာေတြက မ်က္ႏွာေပၚမွာ ေရးထားတယ္ေလ”
အဲ့ေလာက္ေတာင္ သိသာေနလုိ႕လား ? You XiaoMo ပါးေလးေတြကို ပြတ္လုိ္ုက္သည္။
SheQiu က ထပ္ေမးျပန္သည္ “ဒီေတာ့ သခင့္ရဲ႕ ဆံုးျဖတ္ခ်က္က ဘာလဲဆိုတာ ကၽြန္ေတာ့ကို ရွင္းရွင္းလင္းလင္း ေျပာပါ”
သူက Tang YunQi က တကယ္ သတ္ခ်င္ေနေသာ္လည္း ေမွာ္၀င္သားရဲတစ္ေကာင္၏ ေလးစားသမႈအရေတာ့ သူ႕သခင္၏ ဆႏၵကို သူအမ်ားၾကီး တန္ဖိုးထားပါသည္။
You XiaoMo က ေခါင္းေလးတိမ္းကာ Tang YunQi ကို ၾကည့္ျပီးေတာ့ “ဒါဆိုလဲ…. သင့္ေတာ္သလုိသာ လုပ္လုိက္ေတာ့”
Tang YunQi၏ ယံုၾကည္ခ်က္ ျပည့္၀ကာ ေတာက္ပေနေသာ အသြင္အျပင္က ခ်က္ခ်င္းယိုင္နဲ႕သြားသည္။ သူ႕(မ)ေခါင္းေပၚက ဆံပင္တစ္မွ်င္ကိုေတာင္ ထိခိုက္ေစမွာ မဟုတ္ဘူးလို႕ သူ(မ)ရင္ထဲ ေတြးထားေသာ You XiaoMo က အခုေတာ့ တကယ္ၾကီး သူ႕ေမွာ္၀င္သားရဲကို သူ(မ)ကို သတ္ဖို႕ ဖြင့္ဟစရာေတာင္ မလုိပဲ သေဘာတူလုိက္သည္။
ဒါ မျဖစ္ႏို္င္ဘူး။ ေနာက္ဆံုးေတာ့ ထိတ္လန္႕စြာႏွင့္ Tang YunQi က အေနာက္ကို ေျခလွမ္းအနည္းငယ္ေလာက္ တုန္တုန္ရီရီ ဆုတ္သြားသည္။ သူ(မ)က TianXin ဂိုဏ္းက သခင္မေလးေလ။ လူတိုင္း၏ အထက္မွာသာ ရွိသည္။ သူ(မ)အေဖက ဂိုဏ္းခ်ဳပ္ၾကီးေလ။ သူ(မ)ရဲ႕ အနာဂတ္က အကန္႕အသတ္မရွိေပ။ သူ(မ)က ဒီမွာ ဘယ္လိုလုပ္ ေသႏိုင္မလဲ?
“နင္……..”
Tang YunQi က က်ယ္ေလာင္စြာ စေျပာေတာ့မလို႕ပဲ သို႕ေသာ္ သူစကားတစ္လံုးသာ ေျပာႏိုင္သည္။ က်န္ေသာ စကားလံုးမ်ားက ဘယ္ေတာ့မွ ေျပာႏုိ္င္မွာ မဟုတ္ေတာ့ေပ တစ္ခုခု ခ်က္ခ်င္းျဖစ္သြားသလိုမ်ိဳး နီရဲေသာ လွ်ာက သူ(မ)ေျခေထာက္ဆီကို ျပဳတ္ကလာသည္။
သူ(မ) ပါးစပ္ကေန အဆက္မျပတ္ထြက္ေနေသာ နီနီရဲရဲေသြးမ်ားကုိ သုတ္လုိက္သည္။ '၀ူး ၀ူ´ ဆိုေသာ အသံမ်ားသာ သူ(မ)ပါးစပ္ကေန ထြက္လာႏိုင္ေတာ့သည္။ လွ်ာျဖတ္သြားေသာ ေနရာမွ လာေသာ စူးရွလွသည့္ နာက်င္မႈက ထိုေနရာမွာတင္ ေသသြားခ်င္စိတ္ေပၚလာလုနီးပါး ခံစားေနရသည္။ သုိ႕ေသာ္ သူ(မ)က မေသရံုမကပဲ သူ(မ)ေျခေထာက္နားက သူ(မ)ရဲ႕ လွ်ာကိုေတာင္ ေသခ်ာ ရွင္းရွင္းလင္းလင္း ျမင္ေနရေသးသည္။
Tang YunQi မ်က္လံုးၾကီး ျပဴးထြက္ကာ လဲက်ေတာ့မလုိပဲ။ သူ(မ)လွ်ာက အျဖတ္ခံလုိက္ရတာလား သူ(မ)ေနာက္ထပ္ စကားမေျပာႏိုင္ေတာ့ဘူးေပ့ါ။
You XiaoMo တုန္ရီကာ သူ႕ပါးစပ္သူ ျပန္အုပ္လိ္ုက္မိသည္။ SheQiu က သူေျပာတာကို သူလုပ္လုိက္တာပဲ။ သူ ေခါင္းညိမ့္လုိက္ရံုရွိေသးသည္ လွ်ပ္စီးလက္သလို ေရြ႕ကာ Tang YunQi ၏ လွ်ာကိုေတာင္ ေလအလွ်င္ႏွင့္ သြားကာ ျဖတ္လိုက္ေသးသည္ ျပီးေတာ့ ဒါက လွ်ာတစ္လံုးလို႕ ထင္ရသည္……….
SheQiu က သူ႕လက္သည္းေပၚက ေသြးေတြကို ခါထုတ္ကာ လံုး၀ကို တုန္လႈပ္ေျခာက္ျခားေနေသာ Tang YunQi ကို သာမာန္ပဲ ဖ်တ္ခနဲၾကည့္လုိက္သည္ “ ေနာက္ဆံုးေတာ့ မိန္းမတစ္ေယာက္ ဘယ္လုိ တုန္လႈပ္ေျခာက္ျခားရသလဲ သိသြားျပီေပါ့။ အရမ္းေနာက္က်သြားတာပဲ စိတ္မေကာင္းတာ။ မင္းရဲ႕ အသံုးမက်မႈအတြက္ ျပန္ေပးရမွာေပါ့ ျပီးေတာ့ တန္ဖိုးကေတာ့ ရိုးရိုးေလးပါပဲ ေသျခင္းေလ ”
Tang YunQi ေနာင္တရေနသည္။ သူ(မ)ေသရလိမ့္မည္ဟု ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ေပ။
SheQiu က သူ(မ)ရဲ႕ မ်က္ႏွာထားကို နားလည္ပံုရကာ အဆိပ္ျပည့္ပါေသာ အသံခ်ိဳခ်ိဳေလးႏွင့္ ရယ္ကာ “တကယ္ေတာ့ မငး္က ငါ့ကိုေတာင္ ေက်းဇူးတင္သင့္တယ္ ဘာလုိ႕လဲ ဆိုေတာ့ မင္းကို သတ္မယ့္သူက ငါေလ အၾကီးအကဲ Ling Xiao မဟုတ္ဘူး၊ ဘာ့ေၾကာင့္လဲဆိုေတာ့………… မင္းသာ သူ႕လက္နဲ႕ အသတ္ခံရမယ္ဆိိုရင္ ပိုျပီးထိတ္လန္႕စရာေသျခင္းနဲ႕ ေသရမွာ ”
Tang YunQi က ေဒါသတၾကီးႏွင့္ ေခါင္းခါလုိ္က္သည္။ မျဖစ္ႏိုင္ဘူး။ အစ္ကို Xiao က သူ(မ) ကို ဘယ္ေတာ့မွ သတ္မွာ မဟုတ္။
SheQiu က သူ(မ)မ်က္လံုးထဲကို ၾကည့္ျပီး ရယ္ကာ အသံႏွိမ့္ျပီးေတာ့ “ဘာလို႕လဲ ဆိုတာ မင္းသိခ်င္လား တကယ္ေတာ့ ဒါက အရမ္းရိုးရွင္းတယ္ မင္းရဲ႕ ခ်စ္လွစြာေသာ အစ္ကို Xiao က ေသသြားတာ ၾကာ..လွျပီ။ မင္း ေန႕တုိင္း ညတုိင္း စိတ္အေႏွာင့္အယွက္ သြားေပးေနတဲ့ တစ္ေယာက္က ဟန္ေဆာင္ထားတဲ့သူတစ္ေယာက္ပဲ”
Tang YunQi ၏ သူငယ္အိမ္မ်ား က က်ံဳက်ံဳသြားသည္။ သူ(မ)သာ စကားေျပာႏို္င္လိမ့္မည္ဆိုလွ်င္ SheQiu၏ စကားမ်ားကုိ ေနာက္ဆံုးအခ်ိန္အထိကုိ ေသခ်ာေပါက္ ငိုေၾကြး ျမည္တမ္းေနလိမ့္မည္။ သို႕ေသာ္လည္း သူ(မ)က စကားမွ မေျပာႏိုင္ေတာ့ပဲ။ သူ(မ)စိတ္ထဲတြင္ ခ်က္ခ်င္းကို အခုတစ္ေလာက အစ္ကို Xiao ၏ ပံုမွန္မဟုတ္ေသာအျပဳအမူ မ်ားကို ေသခ်ာ ရွင္းလင္းသြားသည္။ သူေျပာတာ တကယ္ဆိုလွ်င္ ဒီရက္ပိုင္းမွာ သူ(မ)ရဲ႕ သံသယမ်ားက ၀ါး ႏွင့္ ဓါးအစြန္း ေတြ႕ဆံုသြားသလိုမ်ိဳး အကုန္ ေျဖရွင္းျပီးသား ျဖစ္သြားျပီ မဟုတ္ပါလား။
သို႕ေသာ္လည္း သူ(မ)က သူ(မ)၏ အခ်စ္ရဆံုး အစ္ကို Xiao တကယ္ေသသြားျပီဆိုတာ ကို မယံုၾကည္ႏို္င္ ျဖစ္ေနေသးသည္။ အစ္ကို Xiao က အရမ္းအထင္ၾကီးဖုိ႕ေကာင္းသည္။ ဘယ္လုိလုပ္ သူေသသြားတာလဲ။ သံသယမ်ား ေနာင္တမ်ား အျပည့္ျဖင့္ Tang YunQi ၏ ႏွလံုးက SheQiu ဆြဲထုတ္လိုက္ျခင္းကို ခံလုိ္က္ရသည္။
သူတို႕ႏွင့္ ဆန္႕က်င္ဘက္က You XiaoMoကေတာ့ ထပ္ျပီး သည္းမခံႏိုင္ေတာ့ပဲ တစ္ဖက္ကို လွည့္လိုက္ေတာ့သည္။ သူ႕ဘက္မွာ ရွိေသာသူမ်ား တစ္ေယာက္စီ တစ္ေယာက္စီက အၾကမ္းဖက္မႈႏွင့္ ေသြးထြက္သံယို ျဖစ္မႈတို႕တြင္ အကုန္လံုးက မင္းသားေတြခ်ည္းပဲ တာ သေဘာေပါက္နားလည္သြားသည္။ အူမ်ားႏွင့္ ဦးေနွာက္မ်ားသာ မဟုတ္ပါက ႏွလံုးမ်ားႏွင့္ အျခားေသာ ကိုယ္အဂၤါမ်ားပင္။ သူတို႕ေတြ အေကာင္းပကတိအေလာင္းမ်ား မထားခဲ့ႏိုင္ဘူးလား?
SheQiu ေခါင္းလွည့္ၾကည့္လုိက္ေတာ့ You XioaMo တစ္ဖက္လွည့္သြားတာ ျမင္လုိက္သည္ သူရဲ႕ မျမင္ရတာက သန္႕ရွင္းတယ္ဆိုတဲ့ အမူအက်င့္ကို သူ မအံ့ၾသေပ။
ျပီးေတာ့ You XiaoMo က ဒီျဖစ္စဥ္တစ္ခုလံုကို မၾကည့္ရဲေလာက္ဘူးဆိုတာလဲ သူေမွ်ာ္လင့္ျပီးသားပင္။ ဒါေပ့ါ သူ႕ကိုယ္သူေတာ့ ေသြးဆာျပီး အၾကမ္းဖက္တတ္တယ္လို႕ မယူဆေပ။
Tang YunQi ကို အျပီးသတ္ျပီးေနာက္ ShiQiu က သူ႕အာရံုကို သူ႕သခင္အသတ္ခံရတာကို တစ္ခ်ိန္လံုး တိတ္တိတ္ေလး မတ္တပ္ရပ္ၾကည့္ေနေသာ အျမီးခုနစ္ခုေျမေခြးဆီကို ေျပာင္းလဲလိုက္သည္။ အဲဒိအျပဳအမူကေနျပီးေတာ့ Tang YunQi က ေတာ္ေတာ္ တစ္ကိုယ္ေကာင္းဆန္ေသာ မိန္းမဆိုတာ သူေျပာႏိုင္သည္။
ေရွးက်ေသာ အျမီးကိုးခု မိစၧာေျမေခြးကေန ဆင္းသက္လာေသာသူ။ မယံုႏုိ္င္ေလာက္ေအာင္ ကံေကာင္းလွသည္ ျပီးေတာ့ သူ(မ)က တကယ္ၾကီးကုိ သာမာန္ဆက္ႏြယ္မႈတစ္ခုသာ လုပ္ထားသည္။ ျပီးေတာ့ အသံုးမက်ေသာ အေကာင္ဆိုျပီး ဆဲဆိုေနသည္မွာလဲ သူ(မ)ပါးစပ္ ဖြင့္တုိင္းပင္။ အျမီးခုနစ္ခု မိစၧာေျမေခြး က သူမ၏ ျဖစ္ေတာ့မည့္ ေသျခင္းကုိ လ်စ္လ်ဴရႈကာ ဆက္ႏြယ္မႈ၏ တုံ႕ျပန္ခ်က္ သာ ေရြးခ်ယ္သည္မွာ အံ့ၾသစရာမရွိေပ။ အခုေတာ့ ဒီမိန္းမ ေသျပီ သူသည္လဲ လြတ္လပ္မႈ ျပန္ရသြားျပီ။
“ေ၀့. မင္း သခင္နဲ႕ ေခါင္းေဆာင္ၾကီးတို႕ရဲ႕ ငါတို႕မိသားစုထဲကို ၀င္ဖို႕ စိတ္၀င္စားသလား”
အျမီးခုနစ္ခုေျမေခြး၏ သတိထားေနေသာ မ်က္လံုးမ်ားေအာက္တြင္ SheQiu က ရုတ္တရတ္ၾကီး ဖိတ္ေခၚစာ တစ္ခု လႊတ္လုိက္သည္။
အဲဒိအခ်ိန္တြင္ အျမီးခုနစ္ခု မိစၦာေျမေခြး သာ ထိတ္လန္႕သြားသည္မဟုတ္ You XiaoMo ေတာင္ လွည့္ကာ သူတို႕ကို တအံ့တၾသၾကည့္လုိ္က္သည္။
တစ္ခဏေလာက္ တိတ္ဆိတ္သြားျပီးေနာက္ အျမီးခုနစ္ခု မိစၦာေျမေခြး က ေမးလုိက္သည္ “ဘာလို႕လဲ”
ဘာလို႕ မင္းလို အဆင့္ျမင့္ ေမွာ္၀င္သားရဲထဲ ပါတဲ့သူက သူ႕ကိုယ္သူေတာင္ မကာကြယ္ႏိုင္တဲ့ အရမ္းအားနည္းတဲ့ ေမွာ္ဆရာေလးတစ္ေယာက္ေနာက္ကို စိတ္ပါလက္ပါ နဲ႕ လုိက္ေနတာလဲ နားမလည္ဘူး
SheQiu က ျပံဳးျပလုိက္သည္ “အခုေတာ့ ငါမင္းကို မရွင္းျပႏိုင္ေသးဘူး ဒါေပမယ့္ မင္းေနာင္တ မရေစရဘူးလို႕ေတာ့ ငါကတိေပးတယ္”
ထုိစကားမ်ား ေျပာျပီးေနာက္ သူ႕ပါးစပ္အစြန္းက ရုတ္တရတ္ ဆတ္ခနဲ တြန္႕သြားသည္။
အျမီးခုနစ္ခု မိစၦာေျမေခြး ၏ ညိဳးေနေသာ မ်က္လံုးမ်ားက ခ်က္ခ်င္း က်ယ္ကာ စကားနဲက မေျပာဖို႕ ထိန္းေတာင္ မထိန္းခင္တြင္ပင္ အသံကထြက္သြားျပီးျပီ “ မင္းေျပာတာ အမွန္ပဲလား”
SheQiu ကေခါင္းညိမ့္ျပလုိက္သည္ “ငါ့ရဲ႕ ကိုးေတာင္ပံ ညီညြတ္ျခင္းေျမြ ဆိုတဲ႕နာမည္နဲ႕ကို ငါက်ိန္ဆိုတယ္ စကားတစ္လံုးကမွ မွားတာ မရွိဘူး ”
“ေကာင္းျပီ ငါလက္ခံတယ္”
အျမီးခုနစ္ခု မိစၦာေျမေခြး က အလြယ္တကူ လက္ခံလုိက္သည္။
You XiaoMo၏ မ်က္လံုးထဲတြင္ သူတို႕က စကားေလး သံုးေၾကာင္းသာ အျပန္အလွန္ေျပာလို္က္ၾကသည္။ ႏွစ္ေၾကာင္းက SheQiu ေျပာတာ ျဖစ္ကာ တစ္ေၾကာင္းကေတာ့ အျမီးခုနစ္ခု မိစၦာေျမေခြး ဆီက ျဖစ္သည္။ ျပီးေတာ့ အျမီးခုနစ္ခု မိစၦာေျမေခြး က ရုတ္တရတ္ၾကီး SheQiu ဖိတ္ေခၚခ်က္ကို လက္ခံလုိက္သည္။ ထူးဆန္းတယ္ ကို႕ယိုကားယားက အလြန္႕အလြန္ပဲ။
မုန္းစရာအေကာင္းဆံုးအရာကေတာ့ သူတို႕က သူလိုဆက္ႏြယ္ရမည့္သခင္နဲ႕ မေဆြးေႏြးပဲႏွင့္ သူတုိ႕ဘာသာဆံုးျဖတ္လုိက္ၾကကာ ဒီကိစၥၾကီး ျဖစ္ေပၚလာသည္။
You XiaoMo က စိတ္ပ်က္လက္ပ်က္ႏွင့္ ကန္႕ကြက္လိုက္သည္ “SheQiu ငါ့သေဘာတူညီခ်က္အရင္ေမးရမယ္လို႕ မင္းမထင္ဘူးလား ”
SheQiu က သူ႕ကို ေတာင္းပန္ျခင္းမမည္ေသာ ေတာင္းပန္ေသာ အမူအရာႏွင့္ၾကည့္ကာ “ေတာင္းပန္ပါတယ္။ ကၽြန္ေတာ္က သခင့္ကို ေမ့လုနီးပါး ျဖစ္သြားတယ္။ ဒီေတာ့ သခင္ သခင့္ အျမင္ကေရာ…..”
You XiaoMoက အံကို ၾကိတ္ကာ ဘာလဲ သခင့္ကို ေမ့လုနီးပါး ဆိုတာက မုနး္စရာပဲ။
အျမီးခုနစ္ခု မိစၦာေျမေခြး က You XiaoMoဆီကို ေလွ်ာက္လာကာ သူ႕ရဲ႕မြန္ျမတ္လွေသာ ေခါင္းကို ငံုလိုက္သည္။ ႏွိမ့္ခ်စြာနွင့္ “ေက်းဇူးျပဳျပီး ကၽြန္ေတာ့ကို လက္ခံေပးပါ။ သာမာန္ဆက္ႏြယ္မႈတစ္ခုပဲ ဆိုရင္ေတာင္ ကိစၥမရွိပါဘူး ကၽြန္ေတာ္ သေဘာတူပါတယ္”
သေဘာတူတယ္ဆိုသည့္ စကားက ဂရုမစိုက္ပဲ ေျပာလုိက္ေသာ အရာမဟုတ္ေပ။ SheQiu၏ စကားမ်ားေနာက္ကို လုိက္လာသည္ဟု ထင္ရေသာ္လည္း သူက တကယ္ေတာ့ ဂရုတစုိ္က္ ေတြးဆထားျပီးျဖစ္သည္။
ကိုးေတာင္ပံ ညီညြတ္ျခင္းေျမြ ကို ၾကည့္တာႏွင့္တင္ သူရဲ႕ ဆက္ႏြယ္သခင္က ရွားပါးလွေသာ သူတစ္ေယာက္ျဖစ္သည္ ။ လံုး၀ကို Tang YunQi ဆိုေသာ မိန္းမ ႏွင့္ ကြဲျပားသည္။ သာမာန္ဆက္ႏြယ္မႈခ်င္းတူေသာ္လည္း ေနပံုထုိင္ပံု ျပဳမူပံုက ေကာင္းကင္ႏွင့္ ေျမၾကီးကဲ႕သို႕ ကြာျခားလွသည္။ ဒီလို သခင္မ်ိဳး ျပီးေတာ့ အေရးအၾကီးဆံုးက SheQiu ေျပာျပေသာ အက်ိဳးစီးပြားအတြက္ဆိုလွ်င္ သာမာန္ဆက္ႏြယ္မႈတစ္ခုပဲ ဆိုလွ်င္ေတာင္ သေဘာတူလွသည္။
တစ္စံုတစ္ေယာက္က အရမ္းကို အမွန္အကန္ျဖစ္ေနေတာ့ သူသာ ျငင္းလုိက္လွ်င္ အသည္းႏွလံုးမာလြန္းသူမ်ား ျဖစ္ေလာက္မလား။
အဆံုးမွာေတာ့ You XiaoMo က ေခါင္းညိမ့္ကာ လက္ခံလုိ္က္သည္ “ မင္းက ငါ့ေဘာလံုးအသင္းကို ၀င္ဖို႕ ျပင္ဆင္ေနျပီဆိုေတာ့ ငါက နာမည္တစ္ခု ေရြးေပးရေတာ့မွာေပ့ါ။ မင္းရဲ႕ ကုိယ္က သားေမြးေတြက အရမ္းထူးတယ္ MaoQiu လို႕ေခၚမယ္ဆိုရင္ ဘယ္လိုလဲ” (MaoQiu = သားေမႊးလံုး)
အျမီးခုနစ္ခု မိစၦာေျမေခြး “……………”
တစ္ခဏေလာက္ တိတ္ဆိတ္သြားျပီးေနာက္ အျမီးခုနစ္ခု မိစၦာေျမေခြး က SheQiu ကို ျပန္ၾကည့္လုိက္သည္ ငါ့စိတ္ကို ေျပာင္းလို႕ ရေသးလား
SheQiu အဟြတ္.. အားေတာ့နာတယ္ မရဘူး . သခင္က ေရာင္းဖုိ႕ ျပင္ျပီးျပီဆိုရင္ ျပန္ေပးတာတို႕ လဲတာတို႕ လံုး၀မရေတာ့ဘူး
အျမီးခုနစ္ခု မိစၦာေျမေခြး “……………”
အဆံုးေတာ့ အဲဒါကို လက္ခံလုိက္တာပင္။ SheQiu ထက္စာလွ်င္ MaoQiu က ေတာ္ေတာ္ေလး ပိုေကာင္းသည္။ ကံေကာင္းစြာႏွင့္ HuQiu လို႕ မေခၚေပ။ မဟုတ္လွ်င္ HuQiu လို႕ ေခၚခံေနရဦးမည္။ (HuQiu = ေျမေခြးလံုး)
အဖြဲ႕၀င္အသစ္ကို အတည္ျပဳျပီးေနာက္ လူတစ္ေယာက္ႏွင့္ သားရဲႏွစ္ေကာင္က ျပစ္မႈ ျဖစ္ပြားရာ ေနရာကေန အလြယ္တကူ ထြက္ခြာသြားၾကသည္။
အခုခ်ိန္တြင္ လူတုိ္င္းက ေမွာ္၀င္သားရဲေတာင္ထြတ္ လဲျပဳိျခငး္ေၾကာင့္ တစ္ကြဲတစ္ျပား ျဖစ္ေနၾကသည္။ သို႕ေသာ္ ျပန္လည္ေကာင္းမြန္သြားျပီဆိုလွ်င္ အေႏွးႏွင့္ အျမန္ ဒီေနရာကို ရွာေဖြေနသူေတြ ေရာက္လာလိမ့္မည္။ Tang YunQi ကို ရွာေဖြသြားမႈသည္ အခ်ိန္အတို္င္းအတာ တစ္ခုေလာက္သာ ျဖစ္လိမ့္မည္။
ပထမေတာ့ You XiaoMo က အျမီးခုနစ္ခု မိစၦာေျမေခြး ကုိ ပဥၥမအစ္ကို ႏွင့္ ဆက္ႏြယ္ေစခ်င္သည္။ သို႕ေသာ္ Lei Ji ႏွင့္ အျခားသူမ်ားက Tang YunQi ၏ ဆက္ႏြယ္သားရဲက အျမီးခုနစ္ခု မိစၦာေျမေခြးဆိုတာ သိၾကသည္။ သူတို႕သာ မွတ္မိသြားပါက ပဥၥမအစ္ကို ကို ဒုကၡမ်ားေစလိမ့္မည္။ ထုိ႕ေၾကာင့္ ထိုသေဘာထားကို ပယ္ဖ်တ္လုိက္သည္။
တိုက္ဆိုင္စြာနွင့္ Ling Xiao က အေတာင္ေျခာက္ခု အံ့ဖြယ္က်ားေပါက္ေလးကို အေစာပိုင္းေလးကတင္ ေခၚလာခဲ့သည္။ သူက ငယ္ေနေသးလို႕ ျပဳစုပ်ိဳးေထာင္ေပးရဦးမည္ ဆိုေသာ္လည္း အေတာင္ေျခာက္ခု အံ့ဖြယ္က်ား၏ စြမ္းရည္က အံၾသတုန္လႈပ္ဖြယ္ေကာင္းသည္။ ျပီးေတာ့ ငယ္ငယ္ထဲက ျပဳစုေစာင့္ေရွာက္တာ ပိုျပီး နီးနီးကပ္ကပ္ႏွင့္ နားလည္မႈ ရွိေစသည္။
ဒီတစ္ခ်ိန္တည္းတြင္ Fang ChenLe ႏွင့္ Fu ZiLin တို႕ ရွိေနသည့္ ေနရာတြင္လည္း ေရာင္းရခက္ေသာ ကိစၥရပ္ၾကီးတစ္ခု ျဖစ္ပ်က္ေနသည္။
ေမွာ္၀င္သားရဲေတာင္ ျပိဳက်သြားျခင္းေၾကာင့္ ေသျခင္း၀ိဥာဏ္သားရဲ က Fu ZiLin ကို အျမန္ဆံုး မရွာနို္င္ဘူး ျဖစ္သြားသည္။ ကံေကာင္းစြာနွင့္ Ling Xiao က Fang ChenLe ၏ ဆက္ႏြယ္သားရဲက အဆိပ္လႊမ္းမိုးနဂါးဆိုတာ ေျပာလုိက္သည္။
ေမွာ္၀င္သားရဲေတာင္ ျပိဳက်ျခင္းကေန ေရွာင္ရွားႏိုင္ရန္အတြက္ Fang ChenLe က ေရြးခ်ယ္စရာ မရွိပဲ အဆိပ္လႊမ္းမိုးနဂါးကို သူ႕ပံုမွန္အသြင္သ႑ာန္ကို ယူလုိက္ရေစသည္။ အဲသလိုနဲ႕ မေမွ်ာ္လင့္စြာပဲ သူတို႕ေတြ ရွိေနခဲ့ေသာ ေရာမွာ ေတာင္ၾကီး ႏွစ္ျခမ္းကြဲေသာ ေနရာ ျဖစ္ေနသည္။ အဆိပ္လႊမ္းမိုးနဂါးက အဆင့္ရွစ္ ေမွာ္၀င္သားရဲ တစ္ေကာင္ ျဖစ္ေနေသာ္လည္း အခုခ်ိန္တြင္ သူက အဆင့္ခုနစ္သာ ရွိသည္။ Fang ChenLe ႏွင့္ ဒုတိယညီေလးကို ကာကြယ္ရန္အတြက္ သူတို႕က ျပားလု ျပားခင္ေတာင္ ျဖစ္သြားသည္။ ကံေကာင္းစြာႏွင့္ သူ႕ခႏၱာကိုယ္က အျခားသူမ်ား၏ အာရံုစိုက္မႈကို လံုလံုေလာက္ေလာက္ ဆြဲေဆာင္ႏို္င္ကာ ထိုေနရာတြင္ ရွာေဖြေနေသာ ေသျခင္း၀ိဥာဏ္သားရဲ ကို ျမင္သြားေစသည္။ မဟုတ္လွ်င္ လူႏွစ္ေယာက္ႏွင့္ သားရဲတစ္ေကာင္က အက္ကြဲေၾကာင္းထဲ က်ေတာ့မလုိပင္။
သို႕ေသာ္ ျပႆနာ အဲဒိမွာ စတာပင္။ ေသျခင္း၀ိဥာဏ္သားရဲ က Fu ZiLin ႏွင့္ ဆက္ႏြယ္ခ်င္သည္ သို႕ေသာ္ Fu ZiLin က သတိထားတတ္ေသာ အေလ့အက်င့္ ရွိသည္။ သူက သူ႕ဆီကို အေျပးလာျပီး အေၾကာင္းျပခ်က္မရွိ ပဲသူနွင့္ ဆက္ႏြယ္ခ်င္တာကို မယံုၾကည္ေပ။ အဲဒါက အဓိပၸါယ္မွ မရွိတာပဲ။
ေသျခင္း၀ိဥာဏ္သားရဲ က သူတို႕၏ အသက္ကယ္ေပးသူ ျဖစ္ေသာ္လည္း အေၾကြးနည္းနည္းတင္သြားရံုႏွင့္ ေတာ့ သူ႕အနာဂတ္ကို အေပ့ါေပ့ါေလး မလုပ္ႏိုင္ေပ။
“ဘာလို႕ ငါ့နဲ႕ စိတ္ပါလက္ပါ ဆက္ႏြယ္ခ်င္ရသလဲဆိုတာပဲ ေျပာျပစမ္းပါ”
ေသျခင္း၀ိဥာဏ္သားရဲ ကို စိတ္ဆင္းရဲစြာနွင့္ ေမးလို္က္သည္။
“ငါ့နဲ႕ ဆက္ႏြယ္မွ ဘာလို႕ျဖစ္မွာလဲ” Fu ZiLin က အမူအရာ ကင္းမဲ့စြာ တည္တည္ၾကီး ေမးလုိက္သည္။
“ဒီအဖိုးၾကီး…. ဒီအဖိုးၾကီးက လြတ္လပ္မႈေတြ ခံစားတာ မ်ားလြန္းေနျပီ ဒီေတာ့ က်ဳပ္က ဆက္ႏြယ္သခင္တစ္ေယာက္ ရွာခ်င္တယ္ ခြင့္မျပဳဘူးလား”
ေသျခင္း၀ိဥာဏ္သားရဲ၏ မ်က္ႏွာက မျဖစ္ႏိုင္ေသာ အေၾကာင္းျပခ်က္ေပးလိုက္ရသျဖင့္ ရွံဳတြသြားသည္။ ေသစမ္း ဘယ္သူကမ်ား လြတ္လပ္ခြင့္မ်ားလြန္းတာနဲ႕ ပတ္သတ္ျပီးေတာ့ ညည္းညူမွာလဲ သူ႕မွာ လြတ္လပ္ခြင့္ လံုလံုေလာက္ေလာက္ မရမွာကို သူတစ္ကယ္ မုန္းတီးလွသည္။
Fu ZiLin က အရူးမဟုတ္ေပ “အဲလို ျဖစ္ေနမွေတာ့ ဘာလို႕ ငါလို႕ ျဖစ္စရာမွ မရွိတာ လူတို္င္း ျဖစ္ႏုိင္တာပဲ”
ေသျခင္း၀ိဥာဏ္သားရဲ က အစထဲက သီးခံတတ္သူ မဟုတ္ေပ။ သူက သူ႕ကို သူ တံခါး၀အထိ ျပျပီးျပီ ျပီးေတာ့ ဆင္ေျခေပါင္းစံုလဲ လုပ္ျပီးျပီ ဒီေတာ့ သူက ေနရာမွာတင္ ဆတ္ဆတ္ခါကာ “အေမေရ! ဒီအဖိုးၾကီးက မင္းကိုပဲ သေဘာက်တာဆို ဘာေျပာမလဲ ဒီအဖိုးၾကီးက မင္းနဲ႕ပဲ ဆက္ႏြယ္ခ်င္တာဆိုေကာ ဘာေျပာမလဲ ဒီအဖိုးၾကီးက အဲေလာက္ စိတ္မရွည္ဘူး ..ဒီေတာ့ မင္း ဒီအဖိုးၾကီးနဲ႕ ဆက္ႏြယ္မႈ လုပ္မလား မလုပ္ခ်င္ဘူးလား”
Fu ZiLin “…………..”
Fang ChenLe “……………”
အဆံုးသတ္တြင္ သူတို႕ ဆက္ႏြယ္မႈ ျပဳလုပ္လုိက္ၾကသည္ သို႕ေသာ္လည္း ယခုေလာေလာဆယ္အတြက္ကေတာ့ သာမာန္ ဆက္ႏြယ္မႈတစ္ခု သာပဲ ျဖစ္ေနေသးသည္ အဘယ့္ေၾကာင့္ ဆိုေသာ္ Fu ZiLin က သူ႕ကို အခုခ်ိန္တြင္ မယံုၾကည့္ႏို္င္ေသးဟု ဆိုကာ သူ႕ရဲ႕ ျပဳမူ ေဆာင္ရြက္ပံုေတြကို ေ၀ဖန္ ပိုင္းျခားမႈ ျပဳခ်င္ေသးသည္။ အဲဒိမွာ ျပႆနာ မရွိဘူးဆိုလွ်င္ အနာဂတ္တြင္ အသက္ဆက္ႏြယ္မႈ အျဖစ္ကို ေျပာင္းလဲႏုိ္င္သည္။
ေသျခင္း၀ိဥာဏ္သားရဲ က ဆက္ႏြယ္မႈ ျပဳေနခ်ိန္တြင္ အံကို ၾကိတ္ကာ မ်က္ရည္မ်ားက်ေနသည္။ အကယ္လို႕သာ ဒီကမၻာမွာ အရံွဳးသမားမ်ားကို အဆင့္သတ္မွတ္မည္ဆိုလွ်င္ သူက ထိပ္ဆံုးတြင္ ရွိမွာ က်ိန္းေသေလာက္သည္။
Unicode
C- 184 Fated.
အခန်း ၁၈၄ ကံကြမ္မာ (ကံတရား၏ စီရင်မှု)
တကယ်ပဲ ကံကြမ္မာစက်ဝိုင်းကြီးက တစ်ပါတ်လည်နေတာပဲ။
လွန်ခဲ့သော တစ်စက္ကန့်က Tang YunQi က You XiaoMo၏ သေခြင်း ရှင်ခြင်းကို စကားတစ်လုံးတည်းနှင့် သူလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသေးသည်။ သူ(မ)စကားလုံးများနှင့် အမူအကျင့်များကို ဒီမြင်ကွင်းတွင် ရှိသော လူသားပဲ ဖြစ်ဖြစ် မှော်ဝင်သားရဲပဲ ဖြစ်ဖြစ် ကို ရွံ့ရှာစေသည်။ ရလာဒ်အနေနှင့် တစ်စက္ကန့်အကြာတွင် SheQiu ရောက်ရှိလာခြင်းက အခြေအနေတွေကို ပြောင်းပြန်ဖြစ်စေသည်။ အရေးမသာသောသူက အခုချိန်တွင် သူ(မ)ကိုယ်တိုင် ဖြစ်သွားသည်။
တစ်ကမ္ဘာလုံး၏ အထက်တွင်သာ အမြဲရှိသည်ဟု သူ့ကိုယ်သူ တွေးတတ်သော Tang YunQi အတွက် ဒီရိုက်ခတ်မှုကြီးက သူ(မ)လက်ခံနိုင်ဖို့အတွက် ကြီးမားလွန်းလှသည်။ တစ်အချိန်တစ်ခု ကြာသည်အထိကို သူ(မ)ပါးစပ်ကနေ စကားတစ်ခွန်းတောင် ထွက်မလာပဲ ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်အမင်း တိတ်ဆိတ်သွားစေသည်။
You XiaoMo က သက်ပြင်းချကာ “နင့်ကို ပြေးဖို့ပြောပါတယ် နင်ပဲ ပြေးဖို့ ငြင်းတာ”
SheQiu၏ မျက်လုံးများက ဆတ်ခနဲ တွန့်သွားကာ “သခင် ဒီလိုစကားလုံးမျိုးတွေက သခင်နဲ့ မလိုက်ဖက်ဘူး”
You XiaoMo က မျက်တောင်လေးခတ်ကာ “အဲလိုလား? ဒါဆို ဘယ်လိုစကားလုံးမျိုးက ငါနဲ့လိုက်လဲ”
SheQiu က “သခင်နှင့် လိုက်ဖက်တာ တစ်လုံးမှမရှိဘူး ။ သခင် ပါးစပ်လေးပိတ်ပြီး ဒီအတိုင်းပဲ ပွဲကို ထိုင်ကြည့်တာ အကောင်းဆုံးပဲ”
You XiaoMo က“ SheQiu မင်း ဘာလို့ အစ်ကိုကြီးLing နဲ့တူရတာတာလဲ မုန်းဖို့ကောင်းလိုက်တာ”
SheQiu က ပျော်ရွှင်စွာ အဖြေပြန်ပေးလိုက်သည် “ ခေါင်းဆောင်ကြီးနှင့် တူတယ်ဆိုလို့ ကျွန်တော်အရမ်း ဂုဏ်ယူပါတယ်”
You XiaoMo “………………..”
ဒီအကောင်ကတော့ ကယ်လို့တောင် မရတော့ဘူး။ အဲဒိပုဂ္ဂိုလ်က ဘာတွေများ အရမ်းကောင်းနေရတာလဲ လူအများကြီးက သူ့ဆီကနေ သင်ယူနေရတယ် သူကိုယ်တိုင်သည်လည်း သူ့ဆီကနေ သင်ယူနေရသည်။
SheQiu က Tang YunQi ကို လက်ညှိုးထိုးပြီးတော့ မေးလိုက်သည် “သခင် သူ့ကို ဘယ်လို ကိုင်တွယ်စေချင်သလဲ?”
You XiaoMo က ရုတ်တရတ် ဒီမိန်းကလေး ရှိနေသေးတာ သတိရသွားသည်။ သူက ချက်ချင်းကို သေချာ စဉ်းစားသော ဟန်ပန် ဖြစ်သွားသည်။ သူ့နယ်မြေလဲ မပေါ်ပေါက်သွားဘူးလေ။ သတ်မလား မသတ်ဘူးလား။ ဒါက တကယ့်ကို ဘေးကျပ်နံကြပ်ပဲ။
အတော်လေး အထိတ်တလန့် ဖြစ်ပြီးတော့ နောက်ဆုံးတွင် Tang YunQi ပြန်လည် တည်ငြိမ်သွားသည်။
You XiaoMo ရဲ့ ဝေခွဲမရသောဟန်ကို မြင်သည့်နောက် Tang YunQi က မေးစေ့ကို အသာလေးမော့ကာ ဟွန့်ခနဲပြုကာ ပြတ်ပြတ်သားသားပင် “You XiaoMo နင် ငါ့ကို မသတ်ရဲဘူးပဲ ငါထင်ပါတယ်ဟာ။ ငါ့အဖေသာ သိသွားရင် နင် မြုပ်စရာမြေတောင် ရှိမှာ မဟုတ်ဘူး။ ငါ့အဖေက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး ငါ နင့်ကို ပြောမယ် နင်ငါ့ကို သွားခွင့်ပေးတာ အကောင်းဆုံးပဲ”
မမလေး ဒီစကားတွေက တိုက်ခိ်ုက်လွန်းရာ မရဘူးလား?
အခုချိန်တွင် အသာစီးက သူ့လက်ထဲမှာ ဖြစ်သည်။ ဒါတောင် ဒီကြက်ပေါက်စမက မကြောက်လန့်သေးပေ။ 'ငါ အရေးတယူလုပ်ပြီးတော့ မင်းအမှားကို ပြင်ဆင်ခွင့်ပေးတာ´ဆိုသည့် ပုံကို ဆက်လုပ်နေသေးသည် ဘယ်သူက နင့် သနားညှာတာမှုကို လိုချင်လို့လဲ။
ထို စကားများကြားတော့ သူလို စေတနာတရားရှိပြီးတော့ သနားကြင်နာတတ်သော သူတောင်မှ ဒေါသဖျော့ဖျော့လေး မထွက်ပဲ မနေပေ။
You XiaoMo က SheQiu ကို ကြည့်လိုက်ကာ “မင်းပြောကြည့် အကယ်လို့ လူတွေ သိသွားရင်ကော”
SheQiu က XiaoHe ကို အတုခိုးက သူ့ကို မျက်လုံးကြီးလှန်ကြည့်ချင်သော်လည်း သူက ဂုဏ်သရေရှိပြီးတော့ အဆင့်မြင့် မှော်ဝင်သားရဲတစ်ကောင်လေ “တစ်ယောက်ယောက်က သိသွားရင်တော့ ကျွန်တော်က သူအခြားသူတွေကို ပြောဖို့ အခွင့်အရေး တစ်ခုတောင် မရခင်မှာတင် သူ့ကို သတ်နိုင်တယ်”
You XiaoMo က 'အိ´ ခနဲ အာမေဋိတ်ပြုကာ “ငါပြောချင်တာ မင်းသိတယ်လား”
SheQiu က သူ့ကို မျက်လုံးလေးလှန်မကြည့်ပဲ မနေနိုင်တော့ပဲ “သခင်ပြောချင်နေတာတွေက မျက်နှာပေါ်မှာ ရေးထားတယ်လေ”
အဲ့လောက်တောင် သိသာနေလို့လား ? You XiaoMo ပါးလေးတွေကို ပွတ်လိုုက်သည်။
SheQiu က ထပ်မေးပြန်သည် “ဒီတော့ သခင့်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတာ ကျွန်တော့ကို ရှင်းရှင်းလင်းလင်း ပြောပါ”
သူက Tang YunQi က တကယ် သတ်ချင်နေသော်လည်း မှော်ဝင်သားရဲတစ်ကောင်၏ လေးစားသမှုအရတော့ သူ့သခင်၏ ဆန္ဒကို သူအများကြီး တန်ဖိုးထားပါသည်။
You XiaoMo က ခေါင်းလေးတိမ်းကာ Tang YunQi ကို ကြည့်ပြီးတော့ “ဒါဆိုလဲ…. သင့်တော်သလိုသာ လုပ်လိုက်တော့”
Tang YunQi၏ ယုံကြည်ချက် ပြည့်ဝကာ တောက်ပနေသော အသွင်အပြင်က ချက်ချင်းယိုင်နဲ့သွားသည်။ သူ့(မ)ခေါင်းပေါ်က ဆံပင်တစ်မျှင်ကိုတောင် ထိခိုက်စေမှာ မဟုတ်ဘူးလို့ သူ(မ)ရင်ထဲ တွေးထားသော You XiaoMo က အခုတော့ တကယ်ကြီး သူ့မှော်ဝင်သားရဲကို သူ(မ)ကို သတ်ဖို့ ဖွင့်ဟစရာတောင် မလိုပဲ သဘောတူလိုက်သည်။
ဒါ မဖြစ်နိုင်ဘူး။ နောက်ဆုံးတော့ ထိတ်လန့်စွာနှင့် Tang YunQi က အနောက်ကို ခြေလှမ်းအနည်းငယ်လောက် တုန်တုန်ရီရီ ဆုတ်သွားသည်။ သူ(မ)က TianXin ဂိုဏ်းက သခင်မလေးလေ။ လူတိုင်း၏ အထက်မှာသာ ရှိသည်။ သူ(မ)အဖေက ဂိုဏ်းချုပ်ကြီးလေ။ သူ(မ)ရဲ့ အနာဂတ်က အကန့်အသတ်မရှိပေ။ သူ(မ)က ဒီမှာ ဘယ်လိုလုပ် သေနိုင်မလဲ?
“နင်……..”
Tang YunQi က ကျယ်လောင်စွာ စပြောတော့မလို့ပဲ သို့သော် သူစကားတစ်လုံးသာ ပြောနိုင်သည်။ ကျန်သော စကားလုံးများက ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်တော့ပေ တစ်ခုခု ချက်ချင်းဖြစ်သွားသလိုမျိုး နီရဲသော လျှာက သူ(မ)ခြေထောက်ဆီကို ပြုတ်ကလာသည်။
သူ(မ) ပါးစပ်ကနေ အဆက်မပြတ်ထွက်နေသော နီနီရဲရဲသွေးများကို သုတ်လိုက်သည်။ '၀ူး ၀ူ´ ဆိုသော အသံများသာ သူ(မ)ပါးစပ်ကနေ ထွက်လာနိုင်တော့သည်။ လျှာဖြတ်သွားသော နေရာမှ လာသော စူးရှလှသည့် နာကျင်မှုက ထိုနေရာမှာတင် သေသွားချင်စိတ်ပေါ်လာလုနီးပါး ခံစားနေရသည်။ သို့သော် သူ(မ)က မသေရုံမကပဲ သူ(မ)ခြေထောက်နားက သူ(မ)ရဲ့ လျှာကိုတောင် သေချာ ရှင်းရှင်းလင်းလင်း မြင်နေရသေးသည်။
Tang YunQi မျက်လုံးကြီး ပြူးထွက်ကာ လဲကျတော့မလိုပဲ။ သူ(မ)လျှာက အဖြတ်ခံလိုက်ရတာလား သူ(မ)နောက်ထပ် စကားမပြောနိုင်တော့ဘူးပေ့ါ။
You XiaoMo တုန်ရီကာ သူ့ပါးစပ်သူ ပြန်အုပ်လိ်ုက်မိသည်။ SheQiu က သူပြောတာကို သူလုပ်လိုက်တာပဲ။ သူ ခေါင်းညိမ့်လိုက်ရုံရှိသေးသည် လျှပ်စီးလက်သလို ရွေ့ကာ Tang YunQi ၏ လျှာကိုတောင် လေအလျှင်နှင့် သွားကာ ဖြတ်လိုက်သေးသည် ပြီးတော့ ဒါက လျှာတစ်လုံးလို့ ထင်ရသည်……….
SheQiu က သူ့လက်သည်းပေါ်က သွေးတွေကို ခါထုတ်ကာ လုံးဝကို တုန်လှုပ်ခြောက်ခြားနေသော Tang YunQi ကို သာမာန်ပဲ ဖျတ်ခနဲကြည့်လိုက်သည် “ နောက်ဆုံးတော့ မိန်းမတစ်ယောက် ဘယ်လို တုန်လှုပ်ခြောက်ခြားရသလဲ သိသွားပြီပေါ့။ အရမ်းနောက်ကျသွားတာပဲ စိတ်မကောင်းတာ။ မင်းရဲ့ အသုံးမကျမှုအတွက် ပြန်ပေးရမှာပေါ့ ပြီးတော့ တန်ဖိုးကတော့ ရိုးရိုးလေးပါပဲ သေခြင်းလေ ”
Tang YunQi နောင်တရနေသည်။ သူ(မ)သေရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
SheQiu က သူ(မ)ရဲ့ မျက်နှာထားကို နားလည်ပုံရကာ အဆိပ်ပြည့်ပါသော အသံချိုချိုလေးနှင့် ရယ်ကာ “တကယ်တော့ မင်းက ငါ့ကိုတောင် ကျေးဇူးတင်သင့်တယ် ဘာလို့လဲ ဆိုတော့ မင်းကို သတ်မယ့်သူက ငါလေ အကြီးအကဲ Ling Xiao မဟုတ်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့………… မင်းသာ သူ့လက်နဲ့ အသတ်ခံရမယ်ဆိုရင် ပိုပြီးထိတ်လန့်စရာသေခြင်းနဲ့ သေရမှာ ”
Tang YunQi က ဒေါသတကြီးနှင့် ခေါင်းခါလိုက်သည်။ မဖြစ်နိုင်ဘူး။ အစ်ကို Xiao က သူ(မ) ကို ဘယ်တော့မှ သတ်မှာ မဟုတ်။
SheQiu က သူ(မ)မျက်လုံးထဲကို ကြည့်ပြီး ရယ်ကာ အသံနှိမ့်ပြီးတော့ “ဘာလို့လဲ ဆိုတာ မင်းသိချင်လား တကယ်တော့ ဒါက အရမ်းရိုးရှင်းတယ် မင်းရဲ့ ချစ်လှစွာသော အစ်ကို Xiao က သေသွားတာ ကြာ..လှပြီ။ မင်း နေ့တိုင်း ညတိုင်း စိတ်အနှောင့်အယှက် သွားပေးနေတဲ့ တစ်ယောက်က ဟန်ဆောင်ထားတဲ့သူတစ်ယောက်ပဲ”
Tang YunQi ၏ သူငယ်အိမ်များ က ကျုံကျုံသွားသည်။ သူ(မ)သာ စကားပြောနိုင်လိမ့်မည်ဆိုလျှင် SheQiu၏ စကားများကို နောက်ဆုံးအချိန်အထိကို သေချာပေါက် ငိုကြွေး မြည်တမ်းနေလိမ့်မည်။ သို့သော်လည်း သူ(မ)က စကားမှ မပြောနိုင်တော့ပဲ။ သူ(မ)စိတ်ထဲတွင် ချက်ချင်းကို အခုတစ်လောက အစ်ကို Xiao ၏ ပုံမှန်မဟုတ်သောအပြုအမူ များကို သေချာ ရှင်းလင်းသွားသည်။ သူပြောတာ တကယ်ဆိုလျှင် ဒီရက်ပိုင်းမှာ သူ(မ)ရဲ့ သံသယများက ၀ါး နှင့် ဓါးအစွန်း တွေ့ဆုံသွားသလိုမျိုး အကုန် ဖြေရှင်းပြီးသား ဖြစ်သွားပြီ မဟုတ်ပါလား။
သို့သော်လည်း သူ(မ)က သူ(မ)၏ အချစ်ရဆုံး အစ်ကို Xiao တကယ်သေသွားပြီဆိုတာ ကို မယုံကြည်နိုင် ဖြစ်နေသေးသည်။ အစ်ကို Xiao က အရမ်းအထင်ကြီးဖို့ကောင်းသည်။ ဘယ်လိုလုပ် သူသေသွားတာလဲ။ သံသယများ နောင်တများ အပြည့်ဖြင့် Tang YunQi ၏ နှလုံးက SheQiu ဆွဲထုတ်လိုက်ခြင်းကို ခံလိုက်ရသည်။
သူတို့နှင့် ဆန့်ကျင်ဘက်က You XiaoMoကတော့ ထပ်ပြီး သည်းမခံနိုင်တော့ပဲ တစ်ဖက်ကို လှည့်လိုက်တော့သည်။ သူ့ဘက်မှာ ရှိသောသူများ တစ်ယောက်စီ တစ်ယောက်စီက အကြမ်းဖက်မှုနှင့် သွေးထွက်သံယို ဖြစ်မှုတို့တွင် အကုန်လုံးက မင်းသားတွေချည်းပဲ တာ သဘောပေါက်နားလည်သွားသည်။ အူများနှင့် ဦးနှောက်များသာ မဟုတ်ပါက နှလုံးများနှင့် အခြားသော ကိုယ်အင်္ဂါများပင်။ သူတို့တွေ အကောင်းပကတိအလောင်းများ မထားခဲ့နိုင်ဘူးလား?
SheQiu ခေါင်းလှည့်ကြည့်လိုက်တော့ You XioaMo တစ်ဖက်လှည့်သွားတာ မြင်လိုက်သည် သူရဲ့ မမြင်ရတာက သန့်ရှင်းတယ်ဆိုတဲ့ အမူအကျင့်ကို သူ မအံ့သြပေ။
ပြီးတော့ You XiaoMo က ဒီဖြစ်စဉ်တစ်ခုလုံကို မကြည့်ရဲလောက်ဘူးဆိုတာလဲ သူမျှော်လင့်ပြီးသားပင်။ ဒါပေ့ါ သူ့ကိုယ်သူတော့ သွေးဆာပြီး အကြမ်းဖက်တတ်တယ်လို့ မယူဆပေ။
Tang YunQi ကို အပြီးသတ်ပြီးနောက် ShiQiu က သူ့အာရုံကို သူ့သခင်အသတ်ခံရတာကို တစ်ချိန်လုံး တိတ်တိတ်လေး မတ်တပ်ရပ်ကြည့်နေသော အမြီးခုနစ်ခုမြေခွေးဆီကို ပြောင်းလဲလိုက်သည်။ အဲဒိအပြုအမူကနေပြီးတော့ Tang YunQi က တော်တော် တစ်ကိုယ်ကောင်းဆန်သော မိန်းမဆိုတာ သူပြောနိုင်သည်။
ရှေးကျသော အမြီးကိုးခု မိစ္ဆာမြေခွေးကနေ ဆင်းသက်လာသောသူ။ မယုံနိုင်လောက်အောင် ကံကောင်းလှသည် ပြီးတော့ သူ(မ)က တကယ်ကြီးကို သာမာန်ဆက်နွယ်မှုတစ်ခုသာ လုပ်ထားသည်။ ပြီးတော့ အသုံးမကျသော အကောင်ဆိုပြီး ဆဲဆိုနေသည်မှာလဲ သူ(မ)ပါးစပ် ဖွင့်တိုင်းပင်။ အမြီးခုနစ်ခု မိစ္ဆာမြေခွေး က သူမ၏ ဖြစ်တော့မည့် သေခြင်းကို လျစ်လျူရှုကာ ဆက်နွယ်မှု၏ တုံ့ပြန်ချက် သာ ရွေးချယ်သည်မှာ အံ့သြစရာမရှိပေ။ အခုတော့ ဒီမိန်းမ သေပြီ သူသည်လဲ လွတ်လပ်မှု ပြန်ရသွားပြီ။
“ဝေ့. မင်း သခင်နဲ့ ခေါင်းဆောင်ကြီးတို့ရဲ့ ငါတို့မိသားစုထဲကို ၀င်ဖို့ စိတ်ဝင်စားသလား”
အမြီးခုနစ်ခုမြေခွေး၏ သတိထားနေသော မျက်လုံးများအောက်တွင် SheQiu က ရုတ်တရတ်ကြီး ဖိတ်ခေါ်စာ တစ်ခု လွှတ်လိုက်သည်။
အဲဒိအချိန်တွင် အမြီးခုနစ်ခု မိစ္ဆာမြေခွေး သာ ထိတ်လန့်သွားသည်မဟုတ် You XiaoMo တောင် လှည့်ကာ သူတို့ကို တအံ့တသြကြည့်လိုက်သည်။
တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အမြီးခုနစ်ခု မိစ္ဆာမြေခွေး က မေးလိုက်သည် “ဘာလို့လဲ”
ဘာလို့ မင်းလို အဆင့်မြင့် မှော်ဝင်သားရဲထဲ ပါတဲ့သူက သူ့ကိုယ်သူတောင် မကာကွယ်နိုင်တဲ့ အရမ်းအားနည်းတဲ့ မှော်ဆရာလေးတစ်ယောက်နောက်ကို စိတ်ပါလက်ပါ နဲ့ လိုက်နေတာလဲ နားမလည်ဘူး
SheQiu က ပြုံးပြလိုက်သည် “အခုတော့ ငါမင်းကို မရှင်းပြနိုင်သေးဘူး ဒါပေမယ့် မင်းနောင်တ မရစေရဘူးလို့တော့ ငါကတိပေးတယ်”
ထိုစကားများ ပြောပြီးနောက် သူ့ပါးစပ်အစွန်းက ရုတ်တရတ် ဆတ်ခနဲ တွန့်သွားသည်။
အမြီးခုနစ်ခု မိစ္ဆာမြေခွေး ၏ ညိုးနေသော မျက်လုံးများက ချက်ချင်း ကျယ်ကာ စကားနဲက မပြောဖို့ ထိန်းတောင် မထိန်းခင်တွင်ပင် အသံကထွက်သွားပြီးပြီ “ မင်းပြောတာ အမှန်ပဲလား”
SheQiu ကခေါင်းညိမ့်ပြလိုက်သည် “ငါ့ရဲ့ ကိုးတောင်ပံ ညီညွတ်ခြင်းမြွေ ဆိုတဲ့နာမည်နဲ့ကို ငါကျိန်ဆိုတယ် စကားတစ်လုံးကမှ မှားတာ မရှိဘူး ”
“ကောင်းပြီ ငါလက်ခံတယ်”
အမြီးခုနစ်ခု မိစ္ဆာမြေခွေး က အလွယ်တကူ လက်ခံလိုက်သည်။
You XiaoMo၏ မျက်လုံးထဲတွင် သူတို့က စကားလေး သုံးကြောင်းသာ အပြန်အလှန်ပြောလိုက်ကြသည်။ နှစ်ကြောင်းက SheQiu ပြောတာ ဖြစ်ကာ တစ်ကြောင်းကတော့ အမြီးခုနစ်ခု မိစ္ဆာမြေခွေး ဆီက ဖြစ်သည်။ ပြီးတော့ အမြီးခုနစ်ခု မိစ္ဆာမြေခွေး က ရုတ်တရတ်ကြီး SheQiu ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။ ထူးဆန်းတယ် ကို့ယိုကားယားက အလွန့်အလွန်ပဲ။
မုန်းစရာအကောင်းဆုံးအရာကတော့ သူတို့က သူလိုဆက်နွယ်ရမည့်သခင်နဲ့ မဆွေးနွေးပဲနှင့် သူတို့ဘာသာဆုံးဖြတ်လိုက်ကြကာ ဒီကိစ္စကြီး ဖြစ်ပေါ်လာသည်။
You XiaoMo က စိတ်ပျက်လက်ပျက်နှင့် ကန့်ကွက်လိုက်သည် “SheQiu ငါ့သဘောတူညီချက်အရင်မေးရမယ်လို့ မင်းမထင်ဘူးလား ”
SheQiu က သူ့ကို တောင်းပန်ခြင်းမမည်သော တောင်းပန်သော အမူအရာနှင့်ကြည့်ကာ “တောင်းပန်ပါတယ်။ ကျွန်တော်က သခင့်ကို မေ့လုနီးပါး ဖြစ်သွားတယ်။ ဒီတော့ သခင် သခင့် အမြင်ကရော…..”
You XiaoMoက အံကို ကြိတ်ကာ ဘာလဲ သခင့်ကို မေ့လုနီးပါး ဆိုတာက မုန်းစရာပဲ။
အမြီးခုနစ်ခု မိစ္ဆာမြေခွေး က You XiaoMoဆီကို လျှောက်လာကာ သူ့ရဲ့မွန်မြတ်လှသော ခေါင်းကို ငုံလိုက်သည်။ နှိမ့်ချစွာနှင့် “ကျေးဇူးပြုပြီး ကျွန်တော့ကို လက်ခံပေးပါ။ သာမာန်ဆက်နွယ်မှုတစ်ခုပဲ ဆိုရင်တောင် ကိစ္စမရှိပါဘူး ကျွန်တော် သဘောတူပါတယ်”
သဘောတူတယ်ဆိုသည့် စကားက ဂရုမစိုက်ပဲ ပြောလိုက်သော အရာမဟုတ်ပေ။ SheQiu၏ စကားများနောက်ကို လိုက်လာသည်ဟု ထင်ရသော်လည်း သူက တကယ်တော့ ဂရုတစိုက် တွေးဆထားပြီးဖြစ်သည်။
ကိုးတောင်ပံ ညီညွတ်ခြင်းမြွေ ကို ကြည့်တာနှင့်တင် သူရဲ့ ဆက်နွယ်သခင်က ရှားပါးလှသော သူတစ်ယောက်ဖြစ်သည် ။ လုံးဝကို Tang YunQi ဆိုသော မိန်းမ နှင့် ကွဲပြားသည်။ သာမာန်ဆက်နွယ်မှုချင်းတူသော်လည်း နေပုံထိုင်ပုံ ပြုမူပုံက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ဒီလို သခင်မျိုး ပြီးတော့ အရေးအကြီးဆုံးက SheQiu ပြောပြသော အကျိုးစီးပွားအတွက်ဆိုလျှင် သာမာန်ဆက်နွယ်မှုတစ်ခုပဲ ဆိုလျှင်တောင် သဘောတူလှသည်။
တစ်စုံတစ်ယောက်က အရမ်းကို အမှန်အကန်ဖြစ်နေတော့ သူသာ ငြင်းလိုက်လျှင် အသည်းနှလုံးမာလွန်းသူများ ဖြစ်လောက်မလား။
အဆုံးမှာတော့ You XiaoMo က ခေါင်းညိမ့်ကာ လက်ခံလိုက်သည် “ မင်းက ငါ့ဘောလုံးအသင်းကို ၀င်ဖို့ ပြင်ဆင်နေပြီဆိုတော့ ငါက နာမည်တစ်ခု ရွေးပေးရတော့မှာပေ့ါ။ မင်းရဲ့ ကိုယ်က သားမွေးတွေက အရမ်းထူးတယ် MaoQiu လို့ခေါ်မယ်ဆိုရင် ဘယ်လိုလဲ” (MaoQiu = သားမွှေးလုံး)
အမြီးခုနစ်ခု မိစ္ဆာမြေခွေး “……………”
တစ်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အမြီးခုနစ်ခု မိစ္ဆာမြေခွေး က SheQiu ကို ပြန်ကြည့်လိုက်သည် ငါ့စိတ်ကို ပြောင်းလို့ ရသေးလား
SheQiu အဟွတ်.. အားတော့နာတယ် မရဘူး . သခင်က ရောင်းဖို့ ပြင်ပြီးပြီဆိုရင် ပြန်ပေးတာတို့ လဲတာတို့ လုံးဝမရတော့ဘူး
အမြီးခုနစ်ခု မိစ္ဆာမြေခွေး “……………”
အဆုံးတော့ အဲဒါကို လက်ခံလိုက်တာပင်။ SheQiu ထက်စာလျှင် MaoQiu က တော်တော်လေး ပိုကောင်းသည်။ ကံကောင်းစွာနှင့် HuQiu လို့ မခေါ်ပေ။ မဟုတ်လျှင် HuQiu လို့ ခေါ်ခံနေရဦးမည်။ (HuQiu = မြေခွေးလုံး)
အဖွဲ့ဝင်အသစ်ကို အတည်ပြုပြီးနောက် လူတစ်ယောက်နှင့် သားရဲနှစ်ကောင်က ပြစ်မှု ဖြစ်ပွားရာ နေရာကနေ အလွယ်တကူ ထွက်ခွာသွားကြသည်။
အခုချိန်တွင် လူတိုင်းက မှော်ဝင်သားရဲတောင်ထွတ် လဲပြိုခြင်းကြောင့် တစ်ကွဲတစ်ပြား ဖြစ်နေကြသည်။ သို့သော် ပြန်လည်ကောင်းမွန်သွားပြီဆိုလျှင် အနှေးနှင့် အမြန် ဒီနေရာကို ရှာဖွေနေသူတွေ ရောက်လာလိမ့်မည်။ Tang YunQi ကို ရှာဖွေသွားမှုသည် အချိန်အတိုင်းအတာ တစ်ခုလောက်သာ ဖြစ်လိမ့်မည်။
ပထမတော့ You XiaoMo က အမြီးခုနစ်ခု မိစ္ဆာမြေခွေး ကို ပဉ္စမအစ်ကို နှင့် ဆက်နွယ်စေချင်သည်။ သို့သော် Lei Ji နှင့် အခြားသူများက Tang YunQi ၏ ဆက်နွယ်သားရဲက အမြီးခုနစ်ခု မိစ္ဆာမြေခွေးဆိုတာ သိကြသည်။ သူတို့သာ မှတ်မိသွားပါက ပဉ္စမအစ်ကို ကို ဒုက္ခများစေလိမ့်မည်။ ထို့ကြောင့် ထိုသဘောထားကို ပယ်ဖျတ်လိုက်သည်။
တိုက်ဆိုင်စွာနှင့် Ling Xiao က အတောင်ခြောက်ခု အံ့ဖွယ်ကျားပေါက်လေးကို အစောပိုင်းလေးကတင် ခေါ်လာခဲ့သည်။ သူက ငယ်နေသေးလို့ ပြုစုပျိုးထောင်ပေးရဦးမည် ဆိုသော်လည်း အတောင်ခြောက်ခု အံ့ဖွယ်ကျား၏ စွမ်းရည်က အံသြတုန်လှုပ်ဖွယ်ကောင်းသည်။ ပြီးတော့ ငယ်ငယ်ထဲက ပြုစုစောင့်ရှောက်တာ ပိုပြီး နီးနီးကပ်ကပ်နှင့် နားလည်မှု ရှိစေသည်။
ဒီတစ်ချိန်တည်းတွင် Fang ChenLe နှင့် Fu ZiLin တို့ ရှိနေသည့် နေရာတွင်လည်း ရောင်းရခက်သော ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်နေသည်။
မှော်ဝင်သားရဲတောင် ပြိုကျသွားခြင်းကြောင့် သေခြင်းဝိဥာဏ်သားရဲ က Fu ZiLin ကို အမြန်ဆုံး မရှာနိုင်ဘူး ဖြစ်သွားသည်။ ကံကောင်းစွာနှင့် Ling Xiao က Fang ChenLe ၏ ဆက်နွယ်သားရဲက အဆိပ်လွှမ်းမိုးနဂါးဆိုတာ ပြောလိုက်သည်။
မှော်ဝင်သားရဲတောင် ပြိုကျခြင်းကနေ ရှောင်ရှားနိုင်ရန်အတွက် Fang ChenLe က ရွေးချယ်စရာ မရှိပဲ အဆိပ်လွှမ်းမိုးနဂါးကို သူ့ပုံမှန်အသွင်သဏ္ဍာန်ကို ယူလိုက်ရစေသည်။ အဲသလိုနဲ့ မမျှော်လင့်စွာပဲ သူတို့တွေ ရှိနေခဲ့သော ရောမှာ တောင်ကြီး နှစ်ခြမ်းကွဲသော နေရာ ဖြစ်နေသည်။ အဆိပ်လွှမ်းမိုးနဂါးက အဆင့်ရှစ် မှော်ဝင်သားရဲ တစ်ကောင် ဖြစ်နေသော်လည်း အခုချိန်တွင် သူက အဆင့်ခုနစ်သာ ရှိသည်။ Fang ChenLe နှင့် ဒုတိယညီလေးကို ကာကွယ်ရန်အတွက် သူတို့က ပြားလု ပြားခင်တောင် ဖြစ်သွားသည်။ ကံကောင်းစွာနှင့် သူ့ခန္တာကိုယ်က အခြားသူများ၏ အာရုံစိုက်မှုကို လုံလုံလောက်လောက် ဆွဲဆောင်နိုင်ကာ ထိုနေရာတွင် ရှာဖွေနေသော သေခြင်းဝိဥာဏ်သားရဲ ကို မြင်သွားစေသည်။ မဟုတ်လျှင် လူနှစ်ယောက်နှင့် သားရဲတစ်ကောင်က အက်ကွဲကြောင်းထဲ ကျတော့မလိုပင်။
သို့သော် ပြဿနာ အဲဒိမှာ စတာပင်။ သေခြင်းဝိဥာဏ်သားရဲ က Fu ZiLin နှင့် ဆက်နွယ်ချင်သည် သို့သော် Fu ZiLin က သတိထားတတ်သော အလေ့အကျင့် ရှိသည်။ သူက သူ့ဆီကို အပြေးလာပြီး အကြောင်းပြချက်မရှိ ပဲသူနှင့် ဆက်နွယ်ချင်တာကို မယုံကြည်ပေ။ အဲဒါက အဓိပ္ပါယ်မှ မရှိတာပဲ။
သေခြင်းဝိဥာဏ်သားရဲ က သူတို့၏ အသက်ကယ်ပေးသူ ဖြစ်သော်လည်း အကြွေးနည်းနည်းတင်သွားရုံနှင့် တော့ သူ့အနာဂတ်ကို အပေ့ါပေ့ါလေး မလုပ်နိုင်ပေ။
“ဘာလို့ ငါ့နဲ့ စိတ်ပါလက်ပါ ဆက်နွယ်ချင်ရသလဲဆိုတာပဲ ပြောပြစမ်းပါ”
သေခြင်းဝိဥာဏ်သားရဲ ကို စိတ်ဆင်းရဲစွာနှင့် မေးလိုက်သည်။
“ငါ့နဲ့ ဆက်နွယ်မှ ဘာလို့ဖြစ်မှာလဲ” Fu ZiLin က အမူအရာ ကင်းမဲ့စွာ တည်တည်ကြီး မေးလိုက်သည်။
“ဒီအဖိုးကြီး…. ဒီအဖိုးကြီးက လွတ်လပ်မှုတွေ ခံစားတာ များလွန်းနေပြီ ဒီတော့ ကျုပ်က ဆက်နွယ်သခင်တစ်ယောက် ရှာချင်တယ် ခွင့်မပြုဘူးလား”
သေခြင်းဝိဥာဏ်သားရဲ၏ မျက်နှာက မဖြစ်နိုင်သော အကြောင်းပြချက်ပေးလိုက်ရသဖြင့် ရှုံတွသွားသည်။ သေစမ်း ဘယ်သူကများ လွတ်လပ်ခွင့်များလွန်းတာနဲ့ ပတ်သတ်ပြီးတော့ ညည်းညူမှာလဲ သူ့မှာ လွတ်လပ်ခွင့် လုံလုံလောက်လောက် မရမှာကို သူတစ်ကယ် မုန်းတီးလှသည်။
Fu ZiLin က အရူးမဟုတ်ပေ “အဲလို ဖြစ်နေမှတော့ ဘာလို့ ငါလို့ ဖြစ်စရာမှ မရှိတာ လူတိုင်း ဖြစ်နိုင်တာပဲ”
သေခြင်းဝိဥာဏ်သားရဲ က အစထဲက သီးခံတတ်သူ မဟုတ်ပေ။ သူက သူ့ကို သူ တံခါးဝအထိ ပြပြီးပြီ ပြီးတော့ ဆင်ခြေပေါင်းစုံလဲ လုပ်ပြီးပြီ ဒီတော့ သူက နေရာမှာတင် ဆတ်ဆတ်ခါကာ “အမေရေ! ဒီအဖိုးကြီးက မင်းကိုပဲ သဘောကျတာဆို ဘာပြောမလဲ ဒီအဖိုးကြီးက မင်းနဲ့ပဲ ဆက်နွယ်ချင်တာဆိုကော ဘာပြောမလဲ ဒီအဖိုးကြီးက အဲလောက် စိတ်မရှည်ဘူး ..ဒီတော့ မင်း ဒီအဖိုးကြီးနဲ့ ဆက်နွယ်မှု လုပ်မလား မလုပ်ချင်ဘူးလား”
Fu ZiLin “…………..”
Fang ChenLe “……………”
အဆုံးသတ်တွင် သူတို့ ဆက်နွယ်မှု ပြုလုပ်လိုက်ကြသည် သို့သော်လည်း ယခုလောလောဆယ်အတွက်ကတော့ သာမာန် ဆက်နွယ်မှုတစ်ခု သာပဲ ဖြစ်နေသေးသည် အဘယ့်ကြောင့် ဆိုသော် Fu ZiLin က သူ့ကို အခုချိန်တွင် မယုံကြည့်နိုင်သေးဟု ဆိုကာ သူ့ရဲ့ ပြုမူ ဆောင်ရွက်ပုံတွေကို ဝေဖန် ပိုင်းခြားမှု ပြုချင်သေးသည်။ အဲဒိမှာ ပြဿနာ မရှိဘူးဆိုလျှင် အနာဂတ်တွင် အသက်ဆက်နွယ်မှု အဖြစ်ကို ပြောင်းလဲနိုင်သည်။
သေခြင်းဝိဥာဏ်သားရဲ က ဆက်နွယ်မှု ပြုနေချိန်တွင် အံကို ကြိတ်ကာ မျက်ရည်များကျနေသည်။ အကယ်လို့သာ ဒီကမ္ဘာမှာ အရှုံးသမားများကို အဆင့်သတ်မှတ်မည်ဆိုလျှင် သူက ထိပ်ဆုံးတွင် ရှိမှာ ကျိန်းသေလောက်သည်။