Unicode
"သားသားကလည်း လိမ္မာပါတယ်နော် ဘွားဘွားလေးတို့အိမ်မှာ သွားအိပ်ရင် ဦးဦးက
မနက်ဖြန်ညနေကျရင် ဆိုင်ကယ်လိုက်စီးပေးမယ်လေ"
ညနေစာစားပြီးထဲက ဒီရေနားက မခွာတဲ့ မြတ်မင်းလေးကြောင့် အာကာစိတ်ညစ်နေရသည်။
ကိုယ့်ယောကျာ်းအနားတောင် ကိုယ်ကပ်ခွင့်မရဘူး
သူပဲ ကပ်နေတယ်။သူ့မေမေနဲ့ဖေဖေတို့ အလုပ်ကိစ္စနဲ့
နိုင်ငံခြားသွားရသည်မို့ ကိုယ့်တူလေးကိုယ်စိတ်မချဖူးဆိုပြီး ခေါ်ထားမိတဲ့
အာကာ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်နေပြီ။
"ကိုကို သားသားကို ဦးဦးက ဘွားလေးတို့အိမ်ကို
အတင်းသွားအိပ်ခိုင်းနေတယ် ကိုကိုနဲ့ပဲ အိပ်ချင်တာပါဆို"
မျက်နှာငယ်လေးနဲ့ ဒီရေကိုမော့ကြည့်ပြီး စစ်ကူတောင်းသည်။ဒီကလေးကို အာကာ အတူမသိပ်ချင်တာလဲ မပြောနဲ့ အိပ်ရင် အလယ်ကနေ
၀င်အိပ်ပြီး ခြေရော လက်ရော ဒီရေပေါ်ပစ်တင်ထားတာ။သူကသာ တစ်ကိုယ်လုံး
ပစ်တင်ထားတာ သူ့ဦးလေးကျတော့ လက်ကလေးထိတာ ခေါင်းကလေးကိုင်တာတောင်
မထိနဲ့ မကိုင်နဲ့ဆိုပြီး ရန်စွယ်အငေါငေါပင်။
ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြည့်နဲ့ ကြည့်လာတဲ့ ဒီရေကို လက်မခံနဲ့ဟူသောအကြည့်ဖြင့် အကြည့်ချင်း
လက်ခံစကားပြောလိုက်သည်။
"အဟမ်း ဒီလိုလေ သားသားရဲ့ ဘွားဘွားလေးက
တီတီသီရိပြန်သွားတော့ တစ်ယောက်ထဲဖြစ်နေတာ
အဲ့တာ အဖော်မရှိတော့ တစ်ယောက်ထဲ မအိပ်ရဲလို့
သားသားကို အဖော်သွားနေပေးဖို့ပြောတာ
သားသားက မသွားရင် ဘွားဘွားလေးက ဘယ်စိတ်ကောင့်ပါ့မလဲ သနားပါတယ် သားရယ် သွားလိုက်ပါ"
ယောကျာ်းစကားကို မလွန်ဆန်နိုင်တော့လည်း မြတ်မင်းလေးကို ဟိုဘက်အိမ်သွားအိပ်ဖို့ ဝိုင်းချော့ပေး
ရသည်။သူ့ဦးလေးစကားထက် ကိုယ့်စကားကို ပိုနား၀င်သည်မို့ မျက်လုံးလေးကလယ် ကလယ်လုပ်ပြီး
စဉ်းစားနေရှာသည် ။
"သားသား မသွားရင် ဘွားဘွားလေးက တစ်ယောက်ထဲ ဖြစ်နေမှာပေါ့နော်"
"အင်းပေါ့သားရဲ့"
"ဒါဆို သားသားကို ဘွားဘွားလေးအိမ်လိုက်ပို့ပေး"
မြတ်မင်းလေးဆီက အဖြေရရချင်း ဆတ်ခနဲကောက်ပွေ့ပြီး ချီလိုက်သည်က အာကာ။
ဒီကလေး မြန်မြန်ဟိုဘက်အိမ်ရောက်မှကို ဖြစ်တော့မှာ။မနက်ဖြန်ဆိုင်ကယ်လိုက်စီးပေးမယ်ဆို
တဲ့စကားကိုလည်း သေချာအောင်ထပ်မေးသွားသည်။
ယောက္ခမကြီးအိမ်ရောက်တော့ အန်တီတစ်ယောက်ထဲမို့ မြတ်မင်းကို လာပို့ပေးတာဆိုပြီး မှင်သေသေပြောကာ ထားခဲ့သည်။
အဓိကက သူနဲ့ ဒီရေ နှစ်ယောက်ထဲရှိဖို့ အရေးကြီးသည်။
"ကိုကို ပြန်လာပြီလား ကျွန်တော်က အမေနဲ့စကားပြောအုံးမယ်ထင်နေတာ"
အိပ်ယာကိုသေချာဆွဲဆန့်ပြီး အာကာကိုလှမ်းမေးလိုက်သည်။
"ဟုတ်တယ် အမြန်ပြန်လာတာ အဲ့ကောင်စုတ်လေး
အိမ်ကို ရောက်ထဲက ဘာကိုမှမဘာရသေးဘူးလေ"
ဒီရေ သဘောတကျနဲ့ရယ်ကာ.......
"ဘာလဲ ကိုကိုက အဘာခံချင်လို့လား"
"ကြိုးစားကြည့်လေ ဘယ်သူက အဘာခံရမလဲဆိုတာ"
မွေ့ယာပေါ်တွန်းလှဲပြီး ငုံ့မိုးလိုက်သည်။
ဖြောင့်စင်းနေသည့်နှာတံနုနုလေးကို
တတိတိ ကိုက်လိုက်တော့ တွန့်တွန့်လူးနေရှာသည်။
"ကိုကို မကိုက်နဲ့ဗျာ နာတယ်"
"ဒီစကားကို အမြဲတမ်းပြောနေရတာမရိုးသေးဘူးလား"
"အဲ့တာဆို ကိုကိုမကိုက်နဲ့လေ ကျွန်တော်မပြောရတော့ဘူးပေါ့"
တစ်ကိုယ်လုံးကို ကိုက်မှာဆိုတဲ့ စကားသံအဆုံး ဒီရေရဲ့
အော်သံဟာ ခပ်တိုးတိုး ပျံ့လွင့်နေတော့သည်။
************************************
"ကိုကို ကိုကို"
အခန်းတံခါးကို ရိုက်သံသဲ့သဲ့နဲ့ ခေါ်သံသဲ့သဲ့ကြောင့်
ဒီရေ စောင်ပုံထဲကနေ မနည်းနားစွင့်နေမိသည်။
"ကိုကို ကိုကို ထအုံးမြတ်မင်းလေး ပြန်လာပြီထင်တယ်
တံခါး သွားဖွင့်ပေးလိုက်အုံး"
ညက အကဲလွန်ပြီး မိုးလင်းခါနီးမှအိပ်စက်အနားယူကြတာမို့ နှစ်ယောက်လုံး မထချင်ပေ။နောက်ဆုံးတော့လည်း
အာကာပဲ မထချင်ထချင်နဲ့ တံခါးသွားဖွင့်ပေးရသည်။
"ကိုကို ကိုကို"
တံခါးလည်းပွင့်ရော အခန်းထဲပြေးဝင်ပြီး ကုတင်ပေါ်ခုန်တက်လာသည်။
"ဟိတ်ကောင် ကိုကိုအိပ်နေတယ် ဘာလို့အစောကြီးပြန်လာတာလဲ"
"ဦးဦးကလည်း သားက ကိုကိုကို သတိရနေပြီ ညက
အိပ်လို့တောင်မပျော်ဘူး လွမ်းနေလို့"
"ဟုတ်ပါပြီ အခုကိုကိုအိပ်ချင်နေလို့ ငြိမ်ငြိမ်လေးနေပေးနော်"
ဟုတ်ဆိုပြီး ဒီရေဘေးကို ၀င်လှဲပြီး ခွဖက်ထားသည်။
ဒါကြောင့် ဒီကောင်လေးကို အာကာသူတို့နဲ့အတူမသိပ်ချင်တာ။အသားယူဖို့လောက်ပဲသိတဲ့ ကောင်စုတ်လေး။
"ဦးဦး သားနဲ့ကိုကိုစားဖို့ အန်တီတိုးဆီက မုန်ဟင်းခါးသွားဝယ်ပေးထားလေ"
"ငါတစ်ယောက်ထဲ မသွားဘူး မင်းပါလိုက်ခဲ့"
ဟင်းဟင်း ငါက မင်းကို ငါ့ယောကျာ်းနဲ့ စိတ်ချလက်ချထားခဲ့မယ်များ ထင်နေတာလား။လူက
လက်တောက်လောက်လေးနဲ့ မင်းက ငါ့သွေးပါပြီးငါ့လိုပဲ အသားယူချင်နေတဲ့ ကလေးလေး။
"ကိုကို တစ်ယောက်ပဲ ကျန်ခဲ့မှာပေါ့အဲတာဆို"
"သူ့ဘာသာအိပ်နေပါစေပေါကွ မင်းမလိုက်ရင် ငါမသွားဘူး ဆိုက်ကယ်နဲ့သွားမှာနော်"
ဆူပုတ်နေတဲ့ မျက်နှာလေးနဲ့ထလာသည်။ဆိုင်ကယ်
နဲ့သာ သွားရမဲ့ ဘယ်အရပ်ကိုပဲဖြစ်ဖြစ် လိုက်မဲ့ ကောင်လေးလေ။နှစ်ယောက်သား မျက်နှာသစ်
သွားတိုက်ပြီး အနွေးထည် ထူထူလဲဝတ်ပြီး အပြင်ထွက်လာလိုက်သည်။
ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့ရက်တွေမို့ အအေးဓာတ်က
တောင်ပေါ်မြို့လေးကို ခပ်သည်းသည်းလေး ဖုံးလွှမ်းလာသည်။မြူတွေဝေနေတဲ့ တောင်ပေါ်လမ်းလေးပေါ် တောင်ပေါ်သားတစ်ပိုင်း
ဖြစ်နေတဲ့သူ မောင်းနှင်နေတဲ့ ဆိုင်ကယ်လေး တစ်စီးက မှန်မှန်လေး ရွေ့လျားနေသည်။
ဆောင်းရောက်ရင် အေးမယ်ဆိုပြီး ချစ်ရသူကိုယ်တိုင်
ထိုးပေးထားတဲ့ မာဖလာလေးနှစ်ခုက လေတိုက်တိုင်း
လွင့်ပျံနေသည်။ဦးဦးကိုပဲ လုပ်ပေးတယ် သားကျတော့
မလုပ်ပေးဘူးဆိုပြီး ဂျီကျနေတဲ့ ငဂျစ်လေးကိုလည်စိတ်ကျေနပ်အောင် တစ်ခုထိုးပေးထားရတာပင်။
ဈေးထဲရောက်တော့ သူသူကိုယ်ကိုယ် သွားလာလှုပ်ရှားသူတွေအပြည့်ဖြစ် အသက်၀င်လှသည်။တို့ဟူးနွေးနွေးလေးလည်း
၀ယ်သွားပေးရမည် ဒီရေအကြိုက်ပဲ မဟုတ်လား။
"ဦးဦး သားတို့ ဈေးပါတစ်ခါတည်း ၀ယ်သွားမယ်လေ"
"အေးပါကွ မင်းကိုကိုကလည်း အခုချိန်သိုးနေအောင်
အိပ်နေမှာ သေချာတယ် အေးဆေးဈေး၀ယ်ပြီးမှ ပြန်ကြတာပေါ့"
တူဝရီးနှစ်ယောက် ဈေးထဲပတ်ကာဝယ်ခြမ်းပြီး အန်တီတိုး မုန့်ဟင်းခါးဆိုင်သို့ ချီတက်ခဲ့ကြသည်။
"အမလေး ငါ့သားလေး မြတ်မင်းလေးလည်း ပါလာတာကို လာပါအုံး အန်တီတိုးဆီ"
အပျိုကြီးအန်တီတိုးက မြတ်မင်းလေးကို အင်မတန်ချစ်လှသည်။ရောက်တိုင်း မုန့်ဟင်းခါးကျွေး
မုန့်ဖိုးပေးလုပ်နေလို့ မပေးပါနဲ့လို့တားပြန်တော့လည်း
သူချစ်လွန်းလို့ပေးတာပါ ဘာညာပြောတော့လည်း
ကိုယ်ကပဲ လူဆိုးဖြစ်ရသည်မို့ လက်လျှော့ထားရသည်။
"သားက အန်တီတိုးဆီတောင်လာမလည်ဘူး
တီတိုးက သတိရနေတာ"
"သားက လာချင်ပါတယ် ဦးဦးက ကိုကို့နားပဲကပ်နေပြီး သားကို ဘယ်မှလိုက်မပို့လို့"
တူတော်မောင်ရဲ့အရောက်ပို့ကောင်းမှု့ကြောင့် မျက်နှာ
ဘယ်နား ထားရမှန်း မသိတော့ပေ။လူစုံရင် အထုပ်ဖြေ
တတ်တဲ့ ကောင်စုတ်လေး အိမ်ရောက်ရင် မင်းကို
ဟိုဘက်အိမ် ပို့ပစ်မယ်။
"ဒါဆို သားက ပျင်းနေမှာပေါ့ "
"သားက ညဘက်ဆိုလည်း ဘွားဘွားလေးပျင်းနေမှာစိုး
လို့ အဖော်လည်း သွားအိပ်ပေးသေးတယ်"
"အမလေး လိမ္မာလိုက်တဲ့ ကလေးလေး ရော့ အန်တီတိုးက သားစားဖို့ လိမ္မောသီးတွေ ထည့်ပေးလိုက်မယ်"
မုန့်ဟင်းခါးကိုပါဆယ်ဆွဲပြီး အိမ်ရောက်မှ အတူတူစားမယ်ဆိုပြီး ပြန်လာခဲ့ရသည်။ကြာကြာနေရင် ဒီကောင်လေး
သူတို့လင်လင်ကြားက ကိစ္စတွေကို အကုန် ဖွင့်ပြောတော့မှာပင်။
"ကိုကို ကိုကိုနိုးပြီလား သားတို့မုန့်ဟင်းခါးဝယ်လာတယ် "
မျက်နှာသစ်နေတဲ့ ဒီရေကို အပြေးအလွှားသွားခေါ်ပြီး ထမင်းစားဝိုင်းမှာ ထိုင်စောင့်နေသည်။ပွဲပြင်သူကတော့ ထုံးစံအတိုင်း
အာကာ။
"မောင် မင်းသက်သာရဲ့လား မုန့်ဟင်းခါးစားပြီးရင်
ဆေးသောက်ထားအုံး"
"နောက်တစ်ခါဆို မင်းအရမ်းအရမ်းမလုပ်နဲ့လေ သူမခံရတိုင်း ကိုယ်ချင်းမစာဘူး"
"ကိုကိုကို့ ဦးဦးဘာလုပ်လိုက်လို့လဲ"
သေစမ်း!နှစ်ယောက်စလုံး အကြည့်ချင်းဆုံသွားရသည်။သူတို့ဘာလို့ ဒီစပ်စု
လေးရှိနေတာကို မေ့ပြီး စကားတွေ ခြေလွတ်လက်လွတ် ပြောလိုက်ရတာပါလိမ့်။
(Extraကို အဆင်ပြေသလို ဆက်တင်ပေးပါ့မယ်ရှင်
အခုတော့ completedဖြစ်သွားပါပြီ ဖတ်ရှု့ပေးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင် အများကြီး ချစ်ပါတယ်)
Zawgyi
"သားသားကလည္း လိမၼာပါတယ္ေနာ္ ဘြားဘြားေလးတို႔အိမ္မွာ သြားအိပ္ရင္ ဦးဦးက
မနက္ျဖန္ညေနက်ရင္ ဆိုင္ကယ္လိုက္စီးေပးမယ္ေလ"
ညေနစာစားၿပီးထဲက ဒီေရနားက မခြာတဲ့ ျမတ္မင္းေလးေၾကာင့္ အာကာစိတ္ညစ္ေနရသည္။
ကိုယ့္ေယာက်ာ္းအနားေတာင္ ကိုယ္ကပ္ခြင့္မရဘူး
သူပဲ ကပ္ေနတယ္။သူ႕ေမေမနဲ႕ေဖေဖတို႔ အလုပ္ကိစၥနဲ႕
နိုင္ငံျခားသြားရသည္မို႔ ကိုယ့္တူေလးကိုယ္စိတ္မခ်ဖဴးဆိုၿပီး ေခၚထားမိတဲ့
အာကာ အခုေတာ့ ကိုယ့္ရႉးကိုယ္ပတ္ေနၿပီ။
"ကိုကို သားသားကို ဦးဦးက ဘြားေလးတို႔အိမ္ကို
အတင္းသြားအိပ္ခိုင္းေနတယ္ ကိုကိုနဲ႕ပဲ အိပ္ခ်င္တာပါဆို"
မ်က္ႏွာငယ္ေလးနဲ႕ ဒီေရကိုေမာ့ၾကည့္ၿပီး စစ္ကူေတာင္းသည္။ဒီကေလးကို အာကာ အတူမသိပ္ခ်င္တာလဲ မေျပာနဲ႕ အိပ္ရင္ အလယ္ကေန
၀င္အိပ္ၿပီး ေျခေရာ လက္ေရာ ဒီေရေပၚပစ္တင္ထားတာ။သူကသာ တစ္ကိုယ္လုံး
ပစ္တင္ထားတာ သူ႕ဦးေလးက်ေတာ့ လက္ကေလးထိတာ ေခါင္းကေလးကိုင္တာေတာင္
မထိနဲ႕ မကိုင္နဲ႕ဆိုၿပီး ရန္စြယ္အေငါေငါပင္။
ဘယ္လိုလုပ္ရမလဲဆိုတဲ့ အၾကည့္နဲ႕ ၾကည့္လာတဲ့ ဒီေရကို လက္မခံနဲ႕ဟူေသာအၾကည့္ျဖင့္ အၾကည့္ခ်င္း
လက္ခံစကားေျပာလိုက္သည္။
"အဟမ္း ဒီလိုေလ သားသားရဲ႕ ဘြားဘြားေလးက
တီတီသီရိျပန္သြားေတာ့ တစ္ေယာက္ထဲျဖစ္ေနတာ
အဲ့တာ အေဖာ္မရွိေတာ့ တစ္ေယာက္ထဲ မအိပ္ရဲလို႔
သားသားကို အေဖာ္သြားေနေပးဖို႔ေျပာတာ
သားသားက မသြားရင္ ဘြားဘြားေလးက ဘယ္စိတ္ေကာင့္ပါ့မလဲ သနားပါတယ္ သားရယ္ သြားလိုက္ပါ"
ေယာက်ာ္းစကားကို မလြန္ဆန္နိုင္ေတာ့လည္း ျမတ္မင္းေလးကို ဟိုဘက္အိမ္သြားအိပ္ဖို႔ ဝိုင္းေခ်ာ့ေပး
ရသည္။သူ႕ဦးေလးစကားထက္ ကိုယ့္စကားကို ပိုနား၀င္သည္မို႔ မ်က္လုံးေလးကလယ္ ကလယ္လုပ္ၿပီး
စဥ္းစားေနရွာသည္ ။
"သားသား မသြားရင္ ဘြားဘြားေလးက တစ္ေယာက္ထဲ ျဖစ္ေနမွာေပါ့ေနာ္"
"အင္းေပါ့သားရဲ႕"
"ဒါဆို သားသားကို ဘြားဘြားေလးအိမ္လိုက္ပို႔ေပး"
ျမတ္မင္းေလးဆီက အေျဖရရခ်င္း ဆတ္ခနဲေကာက္ေပြ႕ၿပီး ခ်ီလိုက္သည္က အာကာ။
ဒီကေလး ျမန္ျမန္ဟိုဘက္အိမ္ေရာက္မွကို ျဖစ္ေတာ့မွာ။မနက္ျဖန္ဆိုင္ကယ္လိုက္စီးေပးမယ္ဆို
တဲ့စကားကိုလည္း ေသခ်ာေအာင္ထပ္ေမးသြားသည္။
ေယာကၡမႀကီးအိမ္ေရာက္ေတာ့ အန္တီတစ္ေယာက္ထဲမို႔ ျမတ္မင္းကို လာပို႔ေပးတာဆိုၿပီး မွင္ေသေသေျပာကာ ထားခဲ့သည္။
အဓိကက သူနဲ႕ ဒီေရ ႏွစ္ေယာက္ထဲရွိဖို႔ အေရးႀကီးသည္။
"ကိုကို ျပန္လာၿပီလား ကြၽန္ေတာ္က အေမနဲ႕စကားေျပာအုံးမယ္ထင္ေနတာ"
အိပ္ယာကိုေသခ်ာဆြဲဆန႔္ၿပီး အာကာကိုလွမ္းေမးလိုက္သည္။
"ဟုတ္တယ္ အျမန္ျပန္လာတာ အဲ့ေကာင္စုတ္ေလး
အိမ္ကို ေရာက္ထဲက ဘာကိုမွမဘာရေသးဘူးေလ"
ဒီေရ သေဘာတက်နဲ႕ရယ္ကာ.......
"ဘာလဲ ကိုကိုက အဘာခံခ်င္လို႔လား"
"ႀကိဳးစားၾကည့္ေလ ဘယ္သူက အဘာခံရမလဲဆိုတာ"
ေမြ႕ယာေပၚတြန္းလွဲၿပီး ငုံ႕မိုးလိုက္သည္။
ေျဖာင့္စင္းေနသည့္ႏွာတံႏုႏုေလးကို
တတိတိ ကိုက္လိုက္ေတာ့ တြန႔္တြန႔္လူးေနရွာသည္။
"ကိုကို မကိုက္နဲ႕ဗ်ာ နာတယ္"
"ဒီစကားကို အၿမဲတမ္းေျပာေနရတာမရိုးေသးဘူးလား"
"အဲ့တာဆို ကိုကိုမကိုက္နဲ႕ေလ ကြၽန္ေတာ္မေျပာရေတာ့ဘူးေပါ့"
တစ္ကိုယ္လုံးကို ကိုက္မွာဆိုတဲ့ စကားသံအဆုံး ဒီေရရဲ႕
ေအာ္သံဟာ ခပ္တိုးတိုး ပ်ံ့လြင့္ေနေတာ့သည္။
************************************
"ကိုကို ကိုကို"
အခန္းတံခါးကို ရိုက္သံသဲ့သဲ့နဲ႕ ေခၚသံသဲ့သဲ့ေၾကာင့္
ဒီေရ ေစာင္ပုံထဲကေန မနည္းနားစြင့္ေနမိသည္။
"ကိုကို ကိုကို ထအုံးျမတ္မင္းေလး ျပန္လာၿပီထင္တယ္
တံခါး သြားဖြင့္ေပးလိုက္အုံး"
ညက အကဲလြန္ၿပီး မိုးလင္းခါနီးမွအိပ္စက္အနားယူၾကတာမို႔ ႏွစ္ေယာက္လုံး မထခ်င္ေပ။ေနာက္ဆုံးေတာ့လည္း
အာကာပဲ မထခ်င္ထခ်င္နဲ႕ တံခါးသြားဖြင့္ေပးရသည္။
"ကိုကို ကိုကို"
တံခါးလည္းပြင့္ေရာ အခန္းထဲေျပးဝင္ၿပီး ကုတင္ေပၚခုန္တက္လာသည္။
"ဟိတ္ေကာင္ ကိုကိုအိပ္ေနတယ္ ဘာလို႔အေစာႀကီးျပန္လာတာလဲ"
"ဦးဦးကလည္း သားက ကိုကိုကို သတိရေနၿပီ ညက
အိပ္လို႔ေတာင္မေပ်ာ္ဘူး လြမ္းေနလို႔"
"ဟုတ္ပါၿပီ အခုကိုကိုအိပ္ခ်င္ေနလို႔ ၿငိမ္ၿငိမ္ေလးေနေပးေနာ္"
ဟုတ္ဆိုၿပီး ဒီေရေဘးကို ၀င္လွဲၿပီး ခြဖက္ထားသည္။
ဒါေၾကာင့္ ဒီေကာင္ေလးကို အာကာသူတို႔နဲ႕အတူမသိပ္ခ်င္တာ။အသားယူဖို႔ေလာက္ပဲသိတဲ့ ေကာင္စုတ္ေလး။
"ဦးဦး သားနဲ႕ကိုကိုစားဖို႔ အန္တီတိုးဆီက မုန္ဟင္းခါးသြားဝယ္ေပးထားေလ"
"ငါတစ္ေယာက္ထဲ မသြားဘူး မင္းပါလိုက္ခဲ့"
ဟင္းဟင္း ငါက မင္းကို ငါ့ေယာက်ာ္းနဲ႕ စိတ္ခ်လက္ခ်ထားခဲ့မယ္မ်ား ထင္ေနတာလား။လူက
လက္ေတာက္ေလာက္ေလးနဲ႕ မင္းက ငါ့ေသြးပါၿပီးငါ့လိုပဲ အသားယူခ်င္ေနတဲ့ ကေလးေလး။
"ကိုကို တစ္ေယာက္ပဲ က်န္ခဲ့မွာေပါ့အဲတာဆို"
"သူ႕ဘာသာအိပ္ေနပါေစေပါကြ မင္းမလိုက္ရင္ ငါမသြားဘူး ဆိုက္ကယ္နဲ႕သြားမွာေနာ္"
ဆူပုတ္ေနတဲ့ မ်က္ႏွာေလးနဲ႕ထလာသည္။ဆိုင္ကယ္
နဲ႕သာ သြားရမဲ့ ဘယ္အရပ္ကိုပဲျဖစ္ျဖစ္ လိုက္မဲ့ ေကာင္ေလးေလ။ႏွစ္ေယာက္သား မ်က္ႏွာသစ္
သြားတိုက္ၿပီး အေႏြးထည္ ထူထူလဲဝတ္ၿပီး အျပင္ထြက္လာလိုက္သည္။
ဒီဇင္ဘာရဲ႕ ေနာက္ဆုံးေန႕ရက္ေတြမို႔ အေအးဓာတ္က
ေတာင္ေပၚၿမိဳ႕ေလးကို ခပ္သည္းသည္းေလး ဖုံးလႊမ္းလာသည္။ျမဴေတြေဝေနတဲ့ ေတာင္ေပၚလမ္းေလးေပၚ ေတာင္ေပၚသားတစ္ပိုင္း
ျဖစ္ေနတဲ့သူ ေမာင္းႏွင္ေနတဲ့ ဆိုင္ကယ္ေလး တစ္စီးက မွန္မွန္ေလး ေ႐ြ႕လ်ားေနသည္။
ေဆာင္းေရာက္ရင္ ေအးမယ္ဆိုၿပီး ခ်စ္ရသူကိုယ္တိုင္
ထိုးေပးထားတဲ့ မာဖလာေလးႏွစ္ခုက ေလတိုက္တိုင္း
လြင့္ပ်ံေနသည္။ဦးဦးကိုပဲ လုပ္ေပးတယ္ သားက်ေတာ့
မလုပ္ေပးဘူးဆိုၿပီး ဂ်ီက်ေနတဲ့ ငဂ်စ္ေလးကိုလည္စိတ္ေက်နပ္ေအာင္ တစ္ခုထိုးေပးထားရတာပင္။
ေဈးထဲေရာက္ေတာ့ သူသူကိုယ္ကိုယ္ သြားလာလႈပ္ရွားသူေတြအျပည့္ျဖစ္ အသက္၀င္လွသည္။တို႔ဟူးေႏြးေႏြးေလးလည္း
၀ယ္သြားေပးရမည္ ဒီေရအႀကိဳက္ပဲ မဟုတ္လား။
"ဦးဦး သားတို႔ ေဈးပါတစ္ခါတည္း ၀ယ္သြားမယ္ေလ"
"ေအးပါကြ မင္းကိုကိုကလည္း အခုခ်ိန္သိုးေနေအာင္
အိပ္ေနမွာ ေသခ်ာတယ္ ေအးေဆးေဈး၀ယ္ၿပီးမွ ျပန္ၾကတာေပါ့"
တူဝရီးႏွစ္ေယာက္ ေဈးထဲပတ္ကာဝယ္ျခမ္းၿပီး အန္တီတိုး မုန႔္ဟင္းခါးဆိုင္သို႔ ခ်ီတက္ခဲ့ၾကသည္။
"အမေလး ငါ့သားေလး ျမတ္မင္းေလးလည္း ပါလာတာကို လာပါအုံး အန္တီတိုးဆီ"
အပ်ိဳႀကီးအန္တီတိုးက ျမတ္မင္းေလးကို အင္မတန္ခ်စ္လွသည္။ေရာက္တိုင္း မုန႔္ဟင္းခါးေကြၽး
မုန႔္ဖိုးေပးလုပ္ေနလို႔ မေပးပါနဲ႕လို႔တားျပန္ေတာ့လည္း
သူခ်စ္လြန္းလို႔ေပးတာပါ ဘာညာေျပာေတာ့လည္း
ကိုယ္ကပဲ လူဆိုးျဖစ္ရသည္မို႔ လက္ေလွ်ာ့ထားရသည္။
"သားက အန္တီတိုးဆီေတာင္လာမလည္ဘူး
တီတိုးက သတိရေနတာ"
"သားက လာခ်င္ပါတယ္ ဦးဦးက ကိုကို႔နားပဲကပ္ေနၿပီး သားကို ဘယ္မွလိုက္မပို႔လို႔"
တူေတာ္ေမာင္ရဲ႕အေရာက္ပို႔ေကာင္းမႈ႕ေၾကာင့္ မ်က္ႏွာ
ဘယ္နား ထားရမွန္း မသိေတာ့ေပ။လူစုံရင္ အထုပ္ေျဖ
တတ္တဲ့ ေကာင္စုတ္ေလး အိမ္ေရာက္ရင္ မင္းကို
ဟိုဘက္အိမ္ ပို႔ပစ္မယ္။
"ဒါဆို သားက ပ်င္းေနမွာေပါ့ "
"သားက ညဘက္ဆိုလည္း ဘြားဘြားေလးပ်င္းေနမွာစိုး
လို႔ အေဖာ္လည္း သြားအိပ္ေပးေသးတယ္"
"အမေလး လိမၼာလိုက္တဲ့ ကေလးေလး ေရာ့ အန္တီတိုးက သားစားဖို႔ လိေမၼာသီးေတြ ထည့္ေပးလိုက္မယ္"
မုန႔္ဟင္းခါးကိုပါဆယ္ဆြဲၿပီး အိမ္ေရာက္မွ အတူတူစားမယ္ဆိုၿပီး ျပန္လာခဲ့ရသည္။ၾကာၾကာေနရင္ ဒီေကာင္ေလး
သူတို႔လင္လင္ၾကားက ကိစၥေတြကို အကုန္ ဖြင့္ေျပာေတာ့မွာပင္။
"ကိုကို ကိုကိုနိုးၿပီလား သားတို႔မုန႔္ဟင္းခါးဝယ္လာတယ္ "
မ်က္ႏွာသစ္ေနတဲ့ ဒီေရကို အေျပးအလႊားသြားေခၚၿပီး ထမင္းစားဝိုင္းမွာ ထိုင္ေစာင့္ေနသည္။ပြဲျပင္သူကေတာ့ ထုံးစံအတိုင္း
အာကာ။
"ေမာင္ မင္းသက္သာရဲ႕လား မုန႔္ဟင္းခါးစားၿပီးရင္
ေဆးေသာက္ထားအုံး"
"ေနာက္တစ္ခါဆို မင္းအရမ္းအရမ္းမလုပ္နဲ႕ေလ သူမခံရတိုင္း ကိုယ္ခ်င္းမစာဘူး"
"ကိုကိုကို႔ ဦးဦးဘာလုပ္လိုက္လို႔လဲ"
ေသစမ္း!ႏွစ္ေယာက္စလုံး အၾကည့္ခ်င္းဆုံသြားရသည္။သူတို႔ဘာလို႔ ဒီစပ္စု
ေလးရွိေနတာကို ေမ့ၿပီး စကားေတြ ေျခလြတ္လက္လြတ္ ေျပာလိုက္ရတာပါလိမ့္။
(Extraကို အဆင္ေျပသလို ဆက္တင္ေပးပါ့မယ္ရွင္
အခုေတာ့ completedျဖစ္သြားပါၿပီ ဖတ္ရႈ႕ေပးသူတစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္ရွင္ အမ်ားႀကီး ခ်စ္ပါတယ္)