အပိုင္း ၃၁/အပိုင်း ၃‌၁

9.8K 964 40
                                    

Unicode

မနက်နေအတော်လင့်မှ အာကာ အိပ်ယာကနိုးလာသည်။ အောက်ရောက်ရောက်ချင်း
မမနဲ့စကားပြောနေတဲ့ ဒီရေအမေကြောင့် အံ့ဩသင့်သွားရသည်။

"အန်တီ လာလည်တာလား"

"ဒီရေက သားအာကာရဲ့အစ်မရောက်နေတယ် သွားတွေ့လိုက်ပါအုံးဆိုပြီး တဂျီဂျီ လုပ်နေတာ ပြီးတော့ အန်တီကလည်း မုန့်ဟင်းခါးလေးချက်လို့
တစ်ခါတည်း လာပို့လိုက်တာ"

"ခုအိမ်မှာ ဒီရေရှိလား အန်တီ သားသွားလိုက်အုံးမယ်"

မမရဲ့ မသွားစေချင်သည့်အကြည့်တို့ကို မမြင်ချင်ယောင်ဆောင်ပြီး ဟိုဘက်ခြံကို ကူးသွား
လိုက်သည်။

"အကို အာကာ လာလေ ညီမတို့နဲ့ တစ်ခါတည်းလာစား"

မုန့်ဟင်းခါးပွဲပြင်နေသည့်သီရိမေရဲ့ စကားကြောင့်
ဒီရေလှည့်ကြည့်လိုက်သည်။မနက်အစောကြီး သူ့အိမ်
ရောက်လာသည့် အာကာကြောင့် ‌သူ့ဆန္ဒပြည့်ဝသွားရသည်။အချိန်ပြည့်တွေ့ချင်နေသည့် သူ့ကိုသူလည်း နားမလည်နိုင်။သီရိမပြင်ပေးသည့်
မုန့်ဟင်းခါးကို နှစ်ယောက်အတူ စားယှဉ်စားဖို့ နေရာချတော့ သီရိမကမျက်စောင်းလှမ်းထိုးသည်။

"ရော့ အရည်အများကြီး မကြိုက်ဘူးမလား
ဒီပန်းကန်ယူလိုက်"

"အမလေး အမြင်တွေကပ်လိုက်တာနော် နင့်အစ်မငါတစ်ယောက်လုံးရှိတာကိုလည်း သတိရ
ပါအုံး ဒီရေရေ"

"နင်က ငါ့အစ်မလား"

"ခွေးကောင်လေး"

ဒီရေတို့မောင်နှမနှစ်ယောက် စကားနိုင်လုနေတာကို
မမောမပန်း တဟားဟားထိုင်ရယ်ပြီး ထိုင်ကြည့်နေလိုက်သည်။နောက်ဆုံး လူချင်းခွဲကာ
တစ်ယောက်တစ်နေရာစီဖြစ်မှ ရပ်သွားကြသည်။
ဒီရေ အခန်းထဲကို၀င်လာပြီး ကုတင်ပေါ် ပက်လက်လှဲလိုက်သည်။သူ့ဘေး လာ၀င်လှဲကာ လက်ထောက်ပြီးကြည့်နေတဲ့ ဒီရေဘက်ကိုမျက်နှာလှည့်လိုက်သည်။

"ဒီရေ မမတို့က တစ်ပတ်လောက်ပဲကြာမှာ အဲ့တော့
ဒီကြားထဲမှာ အစစအရာရာ သည်းခံပေး ဒီတစ်ပတ်ပြီး
ရင် ကိုယ်တို့အရင်လို ပြန်နေလို့ရပြီ"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)On viuen les histories. Descobreix ara