အပိုင္း၆/အပိုင်း၆

15K 1.5K 91
                                    

Unicode

"အာကာ အာကာ ထအုံး"

"ဟင် ဟင် ဘာဖြစ်လို့လည်း"

အိပ်ချင်မူးတူးနဲ့ ထလာတဲ့ သူကို စိတ်မရှည်တော့ပဲ အတင်းဆွဲထူလိုက်သည်။

"ငါ့လည်ပင်းကို ဘာကောင်ကိုက်သွားတာလဲ မသိဘူး
ကြည့်ပါအုံး အကွက်အကွက် တွေဖြစ်နေတယ်။"

လည်ပင်းက အကွက်တွေကိုကြည့်ပြီး အလန့်တကြားဖြစ်နေတဲ့ ဒီရေကြောင့် မနည်း မျက်လုံးဖြဲကြည့်လိုက်ရသည်။

"ဟင် ဘာတွေလဲ အဲ့တာ"

"ချီးပဲ ငါမသိလို့ ‌မင်းကို မေးတာပေါ့ ပြအုံး မင်းလည်ပင်း"

သူ့လည်ပင်းကို ကိုင်ပြီး အကျီဖြဲကြည့်နေတဲ့ ဒီရေ။

"နေ....နေပါအုံး ငါ့ကိုပြပါအုံး မင်လည်ပင်း
စုန်းစုပ်တာများလား"

"ဟင်"

အလန့်တကြားနဲ့ မျက်လုံးပြူးသွားတဲ့ ဒီရေကို သနားသွားမိသည်။ ဒီကောင်လေးက တကယ်ကြောက်တတ်တာပဲ။

"မင်းတစ်ခုခုများ အမှားလုပ်မိသေးလား"

"ဟင့်အင်း ငါ... ငါ မသိဘူး ပြန်တော့မယ် အမေ့ကို
ပြန်ပြရမယ်"

"မပြနဲ့"

ရုတ်တရက် ထအော်လိုက်တဲ့ အသံနှုန်းကြောင့် ဒီရေ
လန့်သွားရသည်။

"ကိုယ်...ကိုယ်ရေခဲကပ်ပေးမယ် ပျောက်သွားလိမ့်မယ်
အန်တီ့ကို မပြနဲ့ စိတ်ပူနေလိုက်မယ်"

အိပ်ယာထဲကနေ ကြုံးရုန်းထပြီး ရေခဲသေတ္တာထဲက ရေခဲအတုံးသေးလေးကိုယူပြီး အ၀တ်သန့်သန့်လေးနဲ့
အုပ်ပြီး ကပ်ပေးတော့ မျက်လုံးလေးကလည်လည်နဲ့
ငြိမ်နေရှာသည်။အတော်ကြာ ကပ်ပေးပြီးတော့
ပျောက်သလောက် ဖြစ်သွားသည်။

"သိပ်မကျန်တော့ဘူး မကြာခင်အကုန်ပျောက်သွားလိမ့်မယ်"

"ငါလချီးလိုပဲ ဘယ်အစုတ်ပလုတ် စုန်းစုတ်က လာစုပ်သွားတာလဲ မသိဘူး။ ဒီတစ်ခါ xင်ကို
လာစုပ် ချီးစားစုန်း"

ကျိန်ဆဲသံတွေကြောင့် အာကာ တံတွေးပါ သီးသွားရသည်။ကိုယ့်ကိုကိုယ်တောင် မသတီချင်တော့ဘူး။စုန်းတောင် ရိုးရိုးစုန်း မဟုတ်ဘူး။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now