အပိုင္း ၂၄/အပိုင်း ၂၄

11.4K 1.1K 8
                                    

Unicode

အိမ်တံခါးကြီး ဖွင့်ထားပြီး လူလည်းမတွေ့ဘူး။
ဘယ်များသွားလို့လည်း တစ်အိမ်လုံး နှံ့အောင်ရှာပေမဲ့
မတွေ့တာနဲ့ အပြင်က ပိတောက်ပင်ကြီးအောက် သူစာရေးလေ့ရှိတဲ့ နေရာလေးမှာ ထိုင်ပြီး စောင့်နေလိုက်တာပဲ ကောင်းပါတယ်‌။

သူက ဘယ်ကိုသွားတာပါလိမ့်။တစ်မြို့လုံးမှာ သူနဲ့
ခင်မင်ရင်းနှီးတာဆိုလို့ ငါပဲရှိတာလေ အဲ့တာကို
ဘယ်သွားနေတာပါလိမ့်။အသေးလေး ငါ့ကိုတော်တော်များ စိတ်ဆိုးသွားလား မသိဘူး။
မသိလို့ လုပ်မိတာကို စိတ်ကြီးပဲ ။

တစ်နေကုန်ထိုင်စောင့်နေတာ ညနေခြောက်နာရီတောင်ရှိပြီ။ကိုယ့်ဘာသာ သွားရှာ
ရင်းကော သူဘယ်တွေသွားပြီး ဘာတွေလုပ်နေတာလဲ။
ဒါမှမဟုတ် သူလမ်းများပျောက်နေတာလား။တစ်ကိုယ်
လုံး ထူပူသွားရသည်။ အသေးလေးက သူမပါပဲ ဘယ်မှ
မသွားဖူး မလာဖူးဘူး။တစ်နေရာရာမှာများ မျက်စိလည်နေတာလား မဖြစ်ဘူး ငါ သွား...သွားရှာမှ
ဖြစ်မယ်။

အိမ်ပြန်ပြေးပြီး ဆိုင်ကယ်ကို ကမန်းကတန်းထုတ်ပြီး
တစ်မြို့လုံးသွားဖူးတဲ့ နေရာတွေ လူရှုပ်တဲ့နေရာတွေ
အပြေးအလွှား လိုက်ရှာပေမဲ့ မတွေ့။ညက နက်လာခြင်းနဲ့အတူ စိုးရိမ်စိတ်တွေက သိပ်သည်းလာသည်။ဘယ်ရောက်နေတာလဲ
တစ်ခုခုများ ဖြစ်နေတာလား။ငါရူးတော့မယ်
အားလုံး ငါ့ကြောင့် ငါ့ကြောင့် ငါသာ အဲ့နေ့က
ဒီလို့ မလုပ်ခဲ့ရင် အခုလို ဖြစ်လာမှမဟုတ်ဘူး။

မဟုတ်ဘူး ဒီရေ ပေါက်ကရမတွေးနဲ့ ဘာမှမဖြစ်ဘူး
သူက ယောကျာ်းလေး ဘာအန္တရာယ်မှမရှိဘူး။မင်းစိုးရိမ်လွန်နေတာ ဟုတ်တယ် ငါ စိုးရိမ်လွန်နေတာ ဘာမှမဖြစ်ဘူး။

"အားးးးးးးး"

စိတ်ရှိလက်ရှိ အားကုန်အော်လိုက်သည်။ရင်ဘတ်တစ်ခုလုံး ပူထူပြီ
စုတ်ပြတ်သတ်နေပြီ။ဒီအသေးလေး သူ့ကို တော်တော်
အပူပေးတယ် ဘယ်သွားမယ် ဘယ်လာမယ်တောင်မပြောသွားဘူး။ဒီကျန်ခဲ့တဲ့သူကအရူးတစ်ပိုင်း ဖြစ်နေခဲ့ပြီ။

"သားရယ် ပြန်တော့မလို့လား တစ်ရက်နှစ်ရက်တော့နေပါအုံး"

"ပြန်တော့မယ်လေ မေမေရဲ့ သားဒီမှာလည်း ဘာအလုပ်မှ ရှိတာလည်း မဟုတ်ဘူး ဖေဖေလည်း
သက်သာနေတာပဲကို"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now