အပိုင္း ၁၉/အပိုင်း ၁၉

11.8K 1.1K 20
                                    

Unicode

"စားဖူးတဲ့ ကိုယ့်ကိုကော ကြိုက်လား"

ရုတ်တရက် ဘာပြောမှန်းမသိလို့ သေချာစဉ်းစားရသည်။ ငါဘာစား.....စားး

"ဘောကို စားဖူးရမှာလား"

"ဟား....ဟား...အေးလေ"

စောက်အသေးလေးဗိုက်နှိပ်ပြီး အူတက်အောင် ရယ်နေသည်။ ရှက်ဖို့ကောင်းလိုက်တာ မတော်တဆ
အမှားတစ်ခုကြောင့် အခုထက်ထိ အစခံ အလှောင်ခံ
နဲ့ ဒီလူသေးသေးလေးရှေ့မှာ ရှက်ရွံ့စွာနဲ့ နေနေရသည်။

မျက်နှာမကောင်းပဲ ငြိမ်သွားတဲ့ ဒီရေကြောင့် ကိုယ်စတာ လွန်သွားမှန်း ရိပ်မိလိုက်သည်။

"ဆောရီး ကိုယ်စတာလွန်သွားတယ်"

"ရပါတယ် ငါ့အမှားပဲ ငါခံရမှာပေါ့ မင်းအပြစ်မှ မဟုတ်တာ"

"ဘာကိုမဟုတ်ရမှာလဲကွာ"

ရှေ့တော်မှောက် ခစားရောက်ကာ ငုံ့ထားတဲ့ ဦးခေါင်းထောင်မတ်လာအောင် ပုခုံးနှစ်ဖက်ကနေ
အသာအယာ ဆုပ်ကိုင်လိုက်တော့ မျက်၀န်းညိုညိုတို့မှာ အရည်ကြည်တွေ ရစ်သိုင်းနေသည်။ကိုယ့်ကိုကိုယ် မကောင်းတဲ့အကောင်လို့ ခံစားရစေတာ ဒါပထမဆုံးပဲ
ဒီရေ။

"ဒီကိုကြည့် ဒီရေအမှားမဟုတ်ဘူး ကိုယ့်အမှား။ မူးနေတဲ့မင်းကို အခွင့်အရေးယူခဲ့တာ ကိုယ်ပဲလေ။
ပြီးတော့ စတယ်ဆိုတာကလည်း သိမ်ငယ်စိတ် ၀င်အောင် တမင်စတာမဟုတ်ပါဘူး ဘယ်လိုပြောရမလဲ ကိုယ်....ကိုယ်..."

"ရပြီ ဒီလောက်ဆို ဖယ် ဒရာမာလာခင်းနေတယ်
မသိရင် စိတ်ကောက်နေတဲ့ မင်းသမီးကို ချော့နေတဲ့
မင်းသားများမှတ်နေလား မင်းကိုမင်း"

ပေါ့ပါးသွားအောင် စကားတွေနဲ့ပြန်စကာ ခွင့်လွှတ်ကြောင်း ဖော်ပြပေးမဲ့ ကိုယ့်စိတ်ထဲ ဘယ်လိုမှနေလို့မကောင်း။ဒီကောင်ငယ်လေးစိတ်ထဲ
မှာ သူဟာမကောင်းတဲ့အကောင်များ ဖြစ်နေပြီလား။

နီးစပ်ဖို့ကြိုးစားချင်ခဲ့တာမို့
အဝေးကြီးဝေးသွားမဲ့ ဘယ်လိုအကြောင်းမျိုးကိုမှ
ကိုယ်လက်မခံနိုင်ဘူး။

"ရော့ ကိုယ့်ဘာသာ ဆက်ချက်တော့ ရေသွားချိုးတော့မယ်"

ဆိတ်ထားတဲ့ ကန်စွန်းရွက်တွေကို ရှေ့ချပေးပြီး
အမြန်သူ့ရှေ့က ပြေးထွက်လာရသည်။ကိုယ့်ကို
အားနာတဲ့မျက်၀န်းတွေနဲ့ ကြည့်နေတာကို ဘယ်လိုမှ
သည်းမခံနိုင်။ကိုယ်တို့ကြားမှာ ဒါမျိုးတွေ မလိုအပ်ဘူးထင်တယ်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now