အပိုင္း ၂၁/အပိုင်း ၂၁

11.8K 1.1K 10
                                    

Unicode

ဘာလိုလိုနဲ့ တစ်နေကုန်သွားပြီး အော်လိုက်ဟစ်လိုက်နဲ့ပဲ။အိပ်ယာပေါ် ပစ်လှဲပြီး အနားယူနေတုန်း ရေချိုးခန်းထဲက ထွက်လာတဲ့ ဒီရေ
ရဲ့ ခန္ဓာကိုယ်အလှကို စိတ်ပြေနပြေ ထိုင်ကြည့်နေလိုက်သည်။

ညဘက်ကြီး ခေါင်းလျှော်လာတယ်ထင်တယ် သပတ်တစ်ထည်နဲ့ ခေါင်းက ရေတွေသုတ်နေရှာသည်။

"မိုးချုပ်မှ ခေါင်းလျှော်ရလား"

"လျှော်ချင်စိတ်ပေါက်လာလို့"

"လာ ကိုယ်သုတ်ပေးမယ် dryerလည်း မှုတ်ပေးမယ်"

"ရတယ် ကိုယ့်ဘာသာလုပ်မယ်"

သူ့စကားကို နားထောင်မနေတော့ပဲ သပတ်ကိုဆွဲယူပြီး
ကုတင်ပေါ်ထိုင်ခိုင်းလိုက်သည်။dryerကို တစ်ခါတည်း ပလပ်ပေါက်ထိုးပြီး ကုတင်ပေါ်တက်လာလိုက်သည်။
သူ့ထက်အနည်းငယ်ရှည်တဲ့အရပ်ကြောင့် ကုတင်ပေါ်ဒူးထောက်ထားရသည်။

ဆံသားပျော့ပျော့အိအိလေးတွေက ကိုင်ရတာ အိစက်လှသည်။ကိုယ့်ဆံပင်တွေတောင် သူ့လောက်
မပျော့စင်းဘူး။ခေါင်းလျှော်ရေအနံ့သင်းသင်းလေးက
စိတ်ခံစားတွေကိုပါ နူးညံ့သွားစေသည်။
သတိလက်လွတ်နဲ့ ဆံနွယ်ပျော့ပျော့တွေကို နမ်းမွှေးမိပြီးမှ ရှက်သွားရသည်။ဒီကောင်ငယ်လေးက
အမြဲတမ်း သတိလက်လွတ်နဲ့ အရာအားလုံးကို မေ့လျော့စေသည်။

သူ့ဆံပင်တွေကို နမ်းရှိုက်လိုက်တာကို မှန်ထဲက တဆင့်
ပြန်မြင်လိုက်ရသည်။ဒီလူဟာလေး တစ်ခုမဟုတ်တစ်ခု
အမြဲ အသားယူလိုက်ရမှ။

"ရေသွားချိုးတော့ ကိုယ့်ဘာသာ မှုတ်တော့မယ်"

လက်ထဲက dryerကိုပြန်ဆွဲယူပြီး ရေချိုးဖို့ သတိပေးရသည်။

"မချိုးလို့မရဘူးလား ပျင်းတယ်"

"မရဘူးချိုး ငါနဲ့အိပ်မှာဆိုချိုး ငါ့အိပ်ယာပေါ် ရေမချိုးတဲ့ လူညစ်ပတ်တွေ အအိပ်မခံနိုင်ဘူး"

အိပ်ယာပေါ်ပြန်ပစ်လှဲပြီး အပျင်းတစ်နေတဲ့ အာကာကို လက်ကနေပြန်ဆွဲထူပြီး ရေချိုးဖို့ပြောရသည်။ရုတ်တရက် ပျင်းတွဲတွဲလုပ်နေတဲ့
အိပ်ယာပေါ်ကလူက အရှိန်နဲ့ပြန်ဆောင့်ဆွဲပြီး ကုတင်ပေါ် ဆွဲချပြီး
ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now