အပိုင္း၅/အပိုင်း၅

15.2K 1.6K 42
                                    

Unicode

"ခများ ကိုယ့်စကားကိုတည်နော် ညနေမိုးချုပ်တာနဲ့
ကျွန်တော် လာခဲ့မှာ"

"လာပါဗျာ လာပါ ကိုယ်က အကြီးပါ မဟုတ်ပဲနဲ့
ပြောပါ့မလား"

ဒီရေက တကယ့်အဆိုးအပေလေး မနက်ပိုင်း သူဘုရား
လိုက်ပေးကလို့ ညနေ သူ့ကို အရက်တိုက်ရမယ်တဲ့။
မနက်ပိုင်း ကုသိုလ်ယူပြီး ညနေပိုင်း ဘုရားမကြိုက်တဲ့
အလုပ်ကို လုပ်ဖို့ သဘောတူပေးရသည်။ငါးပါးသီလ
ထဲက တစ်ပါးတော့ ကျိုးပျက်ရပြီ။

"ဈေးထဲ လိုက်ပို့အုံး ဘယ်နားမှာလဲ ဈေးက"

"ဘာသွားလုပ်မလို့လဲ"

"ဈေးပါဆို ဈေး၀ယ်မလို့လေ အမြည်းမစားပဲ ပလိန်းသောက်မှာလား အဲ့တာဆို မသွားတော့ဘူး
"

မျက်မှောင်ကုပ်ပြီး ဆူဆောင့်နေသည်။ကလေးတွေ
မသွားချင်တဲ့နေရာကို မိဘက အတင်းခေါ်လို့ မလိုက်ချင်ကြောင်း ဆန္ဒပြနေသလိုပင်။

ဈေးရောက်တော့ အထည်တန်းတွေ ပန်းတွေကို
ဖြတ်ပြီး အသားငါးတန်းကို လိုက်ရှာရသည်။ကိုးနာရီကျော် ဆယ်နာရီနီးနီးဆိုတော့ ဈေးကွဲစပြုနေပြီ။ အသားတန်းရောက်မှ ပြဿနာကစတာ။

"ဟင် ညစ်ပတ်နေတာပဲ"

"အသားငါးတန်းပါဆို ဒီလိုပဲလေ ဒီရေရာ "

"နံလိုက်တာ အန်ချင်နေပြီ ဝေါ့"

"မအန်နဲ့လေ သူများတွေ ကြည့်နေပြီ"

"မြန်မြန်၀ယ် ဒီမှာ နေလို့မရတော့ဘူး
ဟိုရှေ့နားမှာ စောင့်နေမယ် ၀ယ်ပြီထွက်လာခဲ့"

‌မျက်စောင်းတခဲခဲဖြစ်နေတဲ့ ဈေးသည်တွေ မျက်နှာချိုသွေးကာ ပြုံးရယ်ပြရသည်။မဟုတ်ရင်
ကိုင်ထားတဲ့ဓားတွေ အလေးတွေက လေထဲ ပျံဝဲလာနိုင်သည်မဟုတ်လား။

"ဒီရေ ဘယ်လိုလုပ်တာလဲ ဈေးသည်တွေကို အားနာစရာကြီး "

"ဘာကို အားနာရမှာလည်း ကိုယ့်စိတ်နဲ့ကိုယ် နံလို့
အန်ချင်တာလေ ငါက လက်နဲ့ပိတ်ထားရမှာလား"

"မင်းဈေးတစ်ခါမှ မ၀ယ်ဖူးဘူးလား"

"မ‌၀ယ်ဖူးဘူး အမေ့ကို ဈေးရှေ့ တစ်ခါတစ်ခါ လာပို့ပေးတာလောက်ပဲရှိတယ်"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now