အပိုင္း ၃၇/အပိုင်း ၃၇

11.2K 904 49
                                    

Unicode

အခန်းထဲရှိ လူနှစ်ယောက်ရဲ့ အသက်ရှုသံမျည်မျည်လေးတောင် မကြားရသည့်အထိ
တိတ်ဆတ်ခြောက်ကပ်နေသည်။ပြောစရာစကားတွေရှိပေမဲ့ ဘယ်ကစပြောရမှန်းမသိတဲ့ အခြေအနေပင်။တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က.....

"ကိုကို ကျွန်တော့်ကို နည်းနည်းလေးတောင် လာတွေ့ဖို့ စိတ်ကူးမရှိခဲ့ဖူးလား"

အဝေးတစ်နေရာကို ငေးကြည့်ပြီး တိုးတိမ်စွာ ထွက်လာသည့်အသံက အားမရှိစွာ။

"ကိုယ်တောင်းပန်ပါတယ် ကိုယ့်စိတ်ထဲမှာရှိတာက
တစ်ခုထဲပဲ အဲ့တာ မင်းရဲ့ဝိဉာဉ်ပူလောင်နေမှာစိုးတာ
ပြီးတော့ ကိုယ့်မှာသတ္တိမရှိခဲ့ဘူး မင်းထွက်ပြေးဖို့ပြောတုန်းက ကိုယ်ဘာကြောင့်လက်မခံခဲ့ရတာလည်း ကိုယ်သာလက်ခံခဲ့ရင်ဆိုတဲ့ အတွေးက
နေ့တိုင်း မင်းကို ရှက်ရွံ့စေတယ်"

တဖန်ပြန်လည်တိတ်ဆိတ်သွားတဲ့ အခန်းငယ်လေးထဲ
မည်သူချလိုက်မှန်းမသိတဲ့ သက်ပြင်းချသံတစ်ခု။

"ကိုယ်မင်းဆီပြန်လာချင်တယ် ဒီရေ"

"ကျွန်တော် လက်မခံဘူးလို့ ကိုကို ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော်"

ဒီရေနားတိုးသွားပြီး ခါးကနေ သိမ်းကြုံးပြီး ဖက်ထားလိုက်သည်။ဒီလောက် ကြီးမားတဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ ကောင်လေးကို ထားပစ်ခဲ့တဲ့ ကိုယ့်ကိုကိုယ်တောင် အံ့ဩလှသည်။
ကိုယ်တို့ကြားမှာ ကုန်လွန်ခဲ့တဲ့ အချိန်တွေအတွက်
အတိုးချပြီး မင်းကို ချစ်ပေးပါ့မယ်။

"ဒီရေ"

မေးစေ့ကို လက်ဖျားလေးနဲ့ပင့်တင်ပြီး ကိုယ်ကိုကိုင်းကာ နှုတ်ခမ်းလေးကို ထိတွေ့ဖိကပ်လိုက်သည်။လွမ်းနေခဲ့ရတာ မင်းနဲ့
ပတ်သက်သမျှ အရာအကုန်လုံးကို လွမ်းနေခဲ့တာ။

ဖယ်ခွာသွားတဲ့ နှုတ်ခမ်းသားနုနုကြောင့် ဒီရေ အားမလို
အားမရ ဖြစ်မိသည်။တဖန်ပြန်လည်
အာကာ့ခေါင်းကို အသာအယာဆွဲကာ တရှိုက်မက်မက်
ဦးဆောင်ပြီး နမ်းလိုက်သည်။ဒီနှုတ်ခမ်းသားနုနုကို ခပ်ဖွဖွလေးကိုက်လိုက်တော့ ပွင့်အာသွားတဲ့အခွင့်အရေးကို အမိအရဖမ်းယူလိုက်သည်။

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now