အပိုင္း ၁၇/အပိုင်း ၁၇

12K 1.2K 23
                                    

Unicode

"ဒါလေးကိုင်တာကို တွန့်
တိုနေလိုက်တာ မကျေနပ်ရင် ငါ့ဗိုက်ပြန်ကိုင်"

အရှေ့တိုးလာပြီး သူ့ဗိုက်ကို ပြန်ကိုင်ခိုင်းသောကြောင်
ရယ်ရခက် ငိုရခက်။သူ့ဗိုက်ဖြူဖြူသွယ်သွယ်လေးက
လက်တစ်ဖဝါးစာပဲရှိတယ်။

"ဗိုက်ကလည်း မိန်းမဗိုက်ကျနေတာပဲ"

"မိန်းမဗိုက်ဖြစ်စရာလားကွ ယောကျာ်းမှယောကျာ်း"

"ယောကျာ်းဗိုက်ကမှ ဒီလို တွေ့လား"

ကြွက်သားအမြောင်းမြောင်းထနေတဲ့ ဗိုက်ကို လှန်ပြပြီး ဘယ်လိုလည်းဆိုတဲ့ သဘောနဲ့ မျက်စပစ်ပြလိုက်သည်။

"ခင်များအမေက ခင်များကို ဖြူဖြူသေးသေးလေးမွေးပေးလိုက်တာကို ဟား....ဟား"

"ခန္ဓာကိုယ်တည်ဆောက်ပုံချင်းသာမတူတာ ယောကျာ်းက ယောကျာ်းပါပဲ အဲ နေပါအုံး ကိုယ်
ယောကျာ်း ဟုတ်မဟုတ်က မင်းအသိဆုံးပါ ဒီရေရာ"

အရှေ့တဖြေးဖြေးတိုးလာတဲ့ သူကြောင့်နောက်ကို
ဆုတ်ရင်းဆုတ်ရင်းနဲ့ နံရံနဲ့ကျောပြင်ကပ်မိနေသည်။
‌သူ့ထက်အနည်းငယ်ပုတဲ့အရပ်ကြောင့် ရူထုတ်လိုက်လာတဲ့ လေငွေ့က မေးစေ့ကို တိုက်ရိုက် ထိတွေ့သည်။အသက်တောင် ရှုမိလား မရှုမိလား မ‌သိတော့တဲ့အထိပင်။

"ဒေါ်မိမိကြီး ဒေါ်မိမိကြီး"

အိမ်ရှေ့က တစ်စုံတစ်ယောက်ခေါ်သံက လက်ရှိအခြေအနေကနေ လွတ်မြောက်စေသည်။

"လာပြီ"

အိမ်ရှေ့ကို ထွက်လာတော့ အမေ့ဆီက ‌ပိုက်ဆံချေးထားတဲ့ အန်တီကြီး။အကြွေးလာဆပ်တာထင်တယ်။

"ဒေါ်မိမိကြီး မရှိဘူးလား ဒီရေ"

"မရှိလို့မတွေ့တာပေါ့ "

၀၀ဖိုင့်ဖိုင့်ကိုယ်လုံးကြီးနဲ့မလိုက်အောင် သွားနိုင်လာနိုင်
အတင်းပြောနိုင်တဲ့ ရပ်ကွက် CCTV။သူများကိုသာ
အတင်းပြောတာ သူ့သားသမီးကျ အမြဲအမွမ်းတင်နေတတ်လို့ လုံး၀ကြည့်မရပေ။

"အန်တီက ပိုက်ဆံလာပြန်ဆပ်တာ ဒေါ်မိမိကြီးမရှိတော့အဆင်မပြေဘူး သူပြန်ရောက်မှပဲ လာခဲ့တော့မယ်"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now