အပိုင္း ၃၀/အပိုင်း ၃၀

10.9K 982 8
                                    

Unicode

"ရိုင်းလိုက်တာ"

မမဆီမှ တီးတိုးစကားသံကြောင့် မျက်နှာပူစွာ ခေါင်းငုံ့ထားမိသည်။

"အာကာ မမတို့ ဒီမှာ တစ်ပတ်လောက်ပဲ နေဖြစ်မယ်
ဖြူဖြူကလည်း မအားဘူး အခုတော့ ခရီးပန်းနေပြီမို့
မမတို့နားတော့မယ် ညကျမှ အပြင်မှာ တစ်ခုခုထွက်စားကြမယ်"

မမတို့ထွက်သွားမှ လေပူတွေကို မှုတ်ထုတ်ပြီး စိတ်ကို
အနည်းငယ်ကြည်အောင် ကြိုးစားကြည့်မိသည်။မမအမြင်မှာ ဒီရေကို ရိုင်းတယ်လို့ ထင်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရသည်။တကယ်လည်း ရိုင်းတဲ့အပြုအမူပင်။

ပထမဆုံးတွေ့ဆုံမှုမှာတောင် လိုက်လျောညီထွေမဖြစ်တဲ့ ဒီရေကို သူဘယ်လို
မိသားစုနဲ့ ‌မိတ်ဆက်ပေးရမလဲ။ကိုယ်မင်းကို
အလိုလိုက်တာ များလွန်းနေပြီ ထင်တယ်။

"မောင်လေး"

"အာ မမ ခုနကပြောတော့ ပင်ပန်းလို့ နားချင်တယ်ဆို"

"အင်း ခု ခြံထဲသွားပြီး စကားပြောရအောင်"

သွက်လက်ဖြတ်လက်စွာ အရှေ့ကနေ ထွက်သွားတဲ့
မမကိုကြည့်ပြီး တစ်ခုခုကို ရင်ထဲလေးလံလာသည်။

နှင်းဆီဖြူအပင်ရှေ့ လက်ပိုက်ပြီး မတ်တပ်ရပ်နေပုံက
တစ်ခုခုကို ပြောမလို့ အရှိန်နေဟန်။

"မမ"

"အာကာ ဖြူဖြူလွင်ကို မမသဘောကျတယ် ပြီးတော့
မင်းအတွက် သင့်တော်မဲ့ မိန်းကလေးလို့လည်းထင်တယ်"

ပြောမဲ့ပြောတော့လည်း ဆိုင်းမဆင့်ဗုံမဆင့်။သူ့အတွက်
သင့်တော်မဲ့သူရှာနေတာဆိုတဲ့စကားက မမ
နောက်နေတာမဟုတ်ခဲ့ဘူးပဲ။ပွဲပြီးမီသေလုပ်လာခဲ့တဲ့
မမကြောင့် စိတ်ဆိုးရသည်။လူကိုယ်တိုင်ခေါ်လာပြီးမှ
မင်းအတွက် သင့်တော်မဲ့ မိန်းကလေးတဲ့လား။

"မမ မဟုတ်သေးဘူး မဖြူဖြူလွင်ကို ကျွန်တော်နဲ့
ပေးစားမယ်လို့ပြောပြီး ခေါ်လာတာလား ကျွန်တော့်သဘောကို မမေးပဲနဲ့လေ ဒါမြန်မာကား
ရိုက်နေတာ မဟုတ်ဘူးနော်မမ"

သူ့ကိုကျောပေးရာမှ မမ မျက်နှာချင်းဆိုင်လှည့်လာသည်။

"သိတယ်လေ မင်းအသက် နှစ်ဆယ့်လေးပြည့်ပြီးပြီး
အခုချိန်ထိ ရည်းစားလည်းတိတိကျကျရှိတာမဟုတ်ဘူး
ရှိတယ်ဆိုရင်တောင် ငါလွယ်လွယ်နဲ့ သဘောမတူနိုင်ဘူး အာကာ ဂုဏ်သရေရှိ အမျိုးသမီးကောင်း‌ေလးနဲ့ပဲ ဖြစ်ရမယ်"

မောင်အရိုင်း ပန်း(မောင် အရိုင်းပန်း)Where stories live. Discover now