မောင်အရိုင်း ပန်း(ေမာင္ အရိုင...
Od OwantSung
573K 50.8K 1.8K
အပိုငျး ၁/အပိုင်း ၁
အပိုငျး၂/အပိုင်း၂
အပိုင်း၃/အပိုငျး ၃
အပိုငျး ၄/အပိုင်း၎
အပိုင်း၅/အပိုငျး၅
အပိုင်း၆/အပိုငျး၆
အပိုင်း၇/အပိုငျး ၇
အပိုင်း၈/အပိုငျး ၈
အပိုင်း၉/အပိုငျး၉
အပိုင်း၁၀/အပိုငျး ၁၀
အပိုင်း၁၁/အပိုငျး ၁၁
အပိုင်း ၁၂/အပိုငျး ၁၂
အပိုင်း၁၃/အပိုငျး ၁၃
အပိုင်း၁၄/အပိုငျး ၁၄
အပိုင်း၁၅/အပိုငျး ၁၅
အပိုင်း ၁၆/အပိုငျး ၁၆
အပိုင်း ၁၇/အပိုငျး ၁၇
အပိုင်း ၁၈/အပိုငျး ၁၈
အပိုင်း ၁၉/အပိုငျး ၁၉
အပိုင်း ၂၀/အပိုငျး ၂၀
အပိုင်း ၂၁/အပိုငျး ၂၁
အပိုင်း ၂၂/အပိုငျး ၂၂
အပိုင်း ၂၃/အပိုငျး ၂၃
အပိုင်း ၂၄/အပိုငျး ၂၄
အပိုင်း ၂၅/အပိုငျး ၂၅
အပိုင်း၂၆/အပိုငျး ၂၆
အပိုင်း ၂၇/အပိုငျး ၂၇
အပိုင်း ၂၈/အပိုငျး ၂၈
အပိုငျး ၂၉/အပိုင်း ၂၉
No update
အပိုင်း ၃၀/အပိုငျး ၃၀
အပိုင်း ၃၁/အပိုငျး ၃‌၁
အပိုင်း ၃၂/အပိုငျး ၃ ၂
အပိုင်း ၃၃/အပိုငျး ၃၃
အပိုင်း ၃၄/အပိုငျး ၃၄
အပိုင်း ၃၅/အပိုငျး ၃၅
အပိုင်း ၃၆/အပိုငျး ၃၆
အပိုင်း ၃၇/အပိုငျး ၃၇
အပိုင်း ၃၉/အပိုငျး ၃၉
အပိုငျး ၄၀/အပိုင်း ၄၀
အပိုင်း ၃၈/အပိုင်း ၃၈
10.7K 895 54
Od OwantSung
Unicode
"ဒီရေ ဒီရေ ထတော့ ဒီမနက် မမတို့လာမယ်လို့"
အခန်းထဲပြန့်ကျဲနေတဲ့ အ၀တ်တွေကို လိုက်ကောက်၀တ်ရင်း ဒီရေကိုပါ တစ်ပါတည်း နှိုးလိုက်သည်။
"အင်းးး ခဏလေး ခဏလေး အိပ်..."
စကားတောင်ဆုံးအောင်မပြောနိုင်ပဲ ပြန်အိပ်ပျော်သွားတဲ့ ဒီရေကိုကြည့်ပြီး တွေးမိသည်။
ကြက်အိပ် ကြက်နိုးဆိုတာ ဒီလိုမျိုးပါလားလို့။
"ဒီရေ ဒီရေလို့ ထပါတော့ဆိုကွာ ကိုယ့်ကိုကူညီအုံး"
"အင်းးခဏလေး ငါးမိနစ်ပဲ ငါးမိနစ်မှ တကယ့်ငါးမိနစ်"
ပါးစပ်ကသာစကားပြောနေတာ မျက်လုံးက လုံး၀မပွင့်ပေ။အိပ်ရင်လည်း အိပ်ပါစေတော့ ညကလည်း ပင်ပန်းထားသေးသည်မဟုတ်လား။
ကိုယ့်ဘာသာ ညက စားထားတဲ့ ပန်းကန်တွေဆေး၊အ၀တ်တွေ အ၀တ်လျှော်စက်ထဲထည့်၊ ကြမ်းတိုက်၊ခြံထဲက ပန်းတွေ ဆင်းခူးပြီး ဘုရားပန်းလည်းလဲ ဧည့်ခန်းထဲက
အလှပန်းအိုးလည်းထိုးပြီး မီးဖိုထဲ ၀င်လာလိုက်သည်။
"အော် ယောကျာ်းမယူခင်နဲ့ ယူပြီးကာစ ကွာခြားလိုက်တာ အခုတော့ အိမ်မှုကိစ္စလည်း ကိုယ်
အပြင်လည်း ကိုယ် အမလေး အမေ့သားတော့ လင်ယူတာမှားပါပြီ"
ပါးစပ်က ပွစိပွစိပြောနေတာ လက်ကတော့ ဇယ်စပ်သလိုပင်။ပိန်သွားတဲ့ ကောင်လေးအတွက်
အားအင်ပြည့်ဖိုးအောင် နွားနို့စစ်စစ်ကို နေ့တိုင်း
ကြိုချက်ပြီး တစ်ခွက်ပုံမှန်တိုက်ရသည်။မုန့်ဟင်းခါး
ကိုလည်း အရင်လိုနေ့တိုင်းမစားခိုင်းတော့ဘူး။
တစ်ခါတစ်လေ စားချင်မှ ကိုယ်တိုင် ချက်ပြုတ်ကျွေးသည်။ဒေါ်တိုးသိရင်တော့ အကဲပိုသပ
ဆိုပြီး ဆဲမှာသေချာသည်။ဘာပဲပြောပြော ကိုယ့်ယောကျာ်း ကျန်းမာရေးက ကိုယ့်ပေါ် အများကြီး
မူတည်သည်မဟုတ်လား။
"ဒီရေ ထတော့လေ ဘယ်ချိန်ထိအိပ်မှာလည်း မင်းဒီပုံစံ အတိုင်းမမတို့မြင်သွားမှာနော် ရေချိုးပြီး
မနက်စာ စားရအောင်"
အိပ်ယာက ချက်ချင်းမထသေး‌ပဲ အပျင်းကြောဆွဲနေသည့်ကောင်လေးကို ကြည့်ပြီး
သက်ပြင်းလညါးချ လက်ကလည်း စောင်တွေ ခေါက်လိုက်သည်။
"ကိုကို ကျွန်တော့်အဝတ်တွေကော"
"အ၀တ်လျှော်စက်ထဲထည့်လိုက်ပြီ သွားရေချိုးတော့"
စောင်တွေခေါက်သိမ်းနေတဲ့ ကိုကိုသေးသေးလေးကို
ခါးကနေဆွဲလှဲလိုက်သည်။
"Morning kiss မပေးချင်ဘူးလား"
နှုတ်ခမ်းကို တစ်တောင်လောင်ထော်ပြီး morning kissတောင်းနေသည့်ကောင်လေးရဲ့ နှုတ်ခမ်းကို
လက်ဝါးနဲ့ပိတ်ပြီး တားလိုက်သည်။
"မျက်နှာသစ် သွားတိုက်၊ပါးလုတ်ကျင်းပြီးမှ kissပေးမယ်"
"ဘာလဲ ရွံ့လို့လား ညက ကိုကိုပဲ...."
"ဘာဖြစ်လဲ ကိုကိုပဲလည်း ဆက်ပြောလေ"
လက်ပိုက်ပြီး ဆက်ပြောလေဆိုတော့ တိတ်သွားသည်။
ဒီကောင်လေး တကယ်တမ်းကျ အရှက်အကြောက်
သိပ်ကြီးသည်။ဘာလေးပဲဖြစ်ဖြစ် ကိုယ့်ဘက်ကသာ
ရှက်ကြောကိုဖြတ်ပြီး စတင်ရသည်။
"ဘာမှမလည်းဘူး ရေချိုးတော့မယ် ဟိုဘက်လှည့်နေ"
ဆောင့်ဆောင့်အောင့်အောင့်နဲ့သာဖြေလိုက်သည်။
လူဆိုး အရှက်ကိုမရှိဘူး။ဟိုဘက်ကို လှည့်နေမှ ရေချိုးခန်းထဲ လျှောက်လာသည်။ဒီလိုပုံစံနဲ့ နိုးထရတဲ့
မနက်ခင်းတွေဆို ရေချိုးခန်း၀င်ခါနီးတိုင်း ဟိုဘက်ကို
လှည့်နေပေးရှာသည်။ရေချိုးခန်းထဲကို အလျင်စလိုဝင်စရာမလိုအောင် အချိန်ကြာကြီး လှည့်ပေးမယ် အေးအေးဆေးဆေးသာ၀င်ဆိုပြီး
ကိုယ့်ခြေထောက်ကို အမြဲငဲ့ညာပေးရှာသည်။
"ဒီရေ အကြာကြီး မလုပ်နဲ့နော် အအေးပတ်မယ်"
"သိပါတယ် ခင်များ ဆရာလုပ်ပြန်ပြီ"
ရေချိုးခန်းထဲကနေ တစ်ခွန်းမကျန်ခံပက်သည်။လူကို
တွေ့ရင်သာ အမြဲ ရန်မူနေတတ်တာမတွေ့ပြန်ရင်လည်း သူပဲ တစ်အိမ်လုံး အနှံ့လိုက်ရှာနေတတ်သည်။ရှိရင်မတည့်ဘူး မမြင်တော့လည်း ချောင်းကြည့်။
"ကိုကို ကျွန်တော်ဘာ၀တ်ရင်ကောင်းမလဲ"
"ဘာဖြစ်လို့လဲ ဒီရေရဲ့ အဆင်ပြေတာပဲ ၀တ်လေ"
မျက်နှာငယ်လေးနဲ့ လှည့်ကြည့်ရှာသည်။ဒီကလေး
ဘာတွေတွေးပြီး ပူပန်နေပြန်ပြီလည်း မသိဘူး။
"ဟို ကိုကို့မမက ကျွန်တော့်ကို စိတ်ဆိုးနေသေးလား
ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိဘူးလေ အဲ့တာကြောင့်ပါ ပြီးတော့
ကိုကို စိတ်မပူပါနဲ့ ကျွန်တော့်ကောင်းကောင်းမွန်မွန်
ဆက်ဆံမှာပါ"
"မဟုတ်တာ ဒီရေရာ ကိုယ်တို့ကြားမှာ အရာအားလုံးကို သင်ပုန်းချေပြီး ပျော်ရွှင်တဲ့ မိသားစု ဘ၀တစ်ခုကို
လက်ကမ်းကြရမှာလေ မမကလည်း မင်းကို အားနာနေတာ"
စိတ်ကျေနပ်အောင် နှစ်သိမ့်ပွေ့ဖက်ပေးနေတုန်း
ခြံထဲ ကား၀င်လာသံကြားလိုက်သည်။
အ၀တ်တွေ အမြန်၀တ်ဖို့ပြောပြီး အပြင်ထွက်လာတော့ မမတို့မိသားစုက အိမ်‌ထဲ၀င်လာသည်။
"ဦးဦး တားတားတို့ ဦးဦးဆီလာတာ"
မြတ်မင်းလေးက လက်နှစ်ဖက်ရှေ့ဆန့်ပြီး အာကာ‌
ကို ပြေးဖက်သည်။
"အမလေး လာပါအုံး ဦးဦးဆီ ဦးဦးက သားသားကိုသတိရနေတာပါနော်"
"ဟုတ်လို့လား မေမေပြောတော့ ဦဦးက ဒီမှာ
အိမ်ထောင်ကျနေပြီ တားတားတို့က မဂ်လာဆောင်ပေးဖို့ လာတာဆို"
"ဟားးဟားး ဟုတ်တယ်သားသားရေ ဦးဦးမဂ်လာဆောင်ကျရင် သားက ဘာလက်ဖွဲ့မှာလဲ"
မြတ်မင်းလေးကို ဖက်ပြီး ချော့မြူမေးနေပေမဲ့ အကြည့်တွေက အနောက်မှာပဲမို့လို့ လှည့်ကြည့်လိုက်တော့ အခန်းရှေ့တွင် မတ်တပ်ရပ်နေသည့် ဒီရေ။
"ဒီရေ လာလေ မတ်တပ်ကြီး"
မသိမသာထော့နဲ့ ထော့နဲ့ ဖြစ်နေရှာတဲ့ ဒီရေကိုကြည့်ပြီး မမတို့မိသားစုရှေ့တွင် သိမ်ငယ်နေမလားဆိုတဲ့ စိတ်‌က သူ့ကို ပူလောင်စေ
ပြန်သည်။ဧည့်ခန်းထဲတွင် စုံညီစွာ ထိုင်မိတော့
မြတ်မင်းက အာကာပေါင်ပေါ်ကနေ ဒီရေကို သိသိသာသာ ကြည့်နေသည်။
"အဟမ်း ဘယ်ကနေ စပြောရမလဲ မသိဘူး ဒါက
အစ်မအမျိုးသား ကိုသန့်စင်နိုင်တဲ့ ကို ဒါက ကျွန်မ
ပြောပြောနေတဲ့ မောင်လေးရဲ့ လက်တွဲဖော် ဒီရေတဲ့"
သန့်စင်နိုင်ဆိုတဲ့ တည်ကြည်ခံ့ငြားတဲ့ ဥပတိရုပ်ရည်နဲ့
အမျိုးသားက ကြည်လင်စွာပြုံးပြီး လက်ဆွဲနှုတ်‌ဆက်သည်။
"နှင်းပြောပြောနေလို အစ်ကို မင်းကို လူမမြင်ဖူးပေမဲ့
နာမည်ကို ကောင်းကောင်းရင်းနှီးပါတယ် သူလည်း
မောင်စိတ်နဲ့ မမှားသင့်တာတွေမှားခဲ့တာပါ အဲ့အတွက်လည်း အစ်ကို့အမျိုးသမီးကိုယ်စား
အစ်ကိုပဲတောင်းပန်ပါတယ် သူလည်း ညီလေးကို
တောင်းပန်အုံးမှာပါ"
လူကြီးလူကောင်းပီသစွာနှုတ်ခွန်းဆက်ပြီး တောင်းပန်စကားဆိုသည်။
"ဟုတ်ပါတယ် အစ်မတောင်းပန်ပါတယ် ဒီရေ
အစ်မ အတ္တကြီးခဲ့မိတဲ့အတွက် အခုအစ်မတို့ မိသားစု
ဆန်စွာ နွေးနွေးထွေးထွေး နေချင်ပါတယ် မောင်လေး
ဘက်က အစ်မကို ပြောချင်တာရှိရင် ပြောပါ အစ်မတောင်းပန်ဖို့အဆင်သင့်ပါပဲ "
တောင်းပန်စကားဆိုနေသူက တခြားသူမဟုတ်ပဲ
မိမိအချစ်ရဆုံးသူရဲ့ အစ်မပင်။ကိုယ့်အစ်မကိုယ်တိုင်က
ကိုယ့်စိတ်ကြောင်ြ မှားခဲ့တာတွေရှိသေးတာပဲ သူလည်း
အစ်မ‌တစ်ယောက်ပေပဲမို့ ကိုယ်ချင်းစာပါသည်။
"ဟုတ် ရပါတယ် အစ်မ တောင်းပန်စရာမလိုပါဘူး
ကျွန်တော် နားလည်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်း အစ်မပေါ် မကောင်းတာတွေရှိခဲ့ရင်လည်း တောင်းပန်ပါတယ်"
အပြန်အလှန်တောင်းပန်စကားပြောနေသူတွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေစဉ် သူ့ပေါ်က ဆင်းသွားတဲ့ မြတ်မင်းကိုမေ့လျော့သွားသည်။
"ကိုကိုက ဘယ်သူလဲ ဦးဦးရဲ့ အိမိထောင်ဖက်လား"
ဒီရေလက်ကို လာဆုပ်ကိုင်တဲ့ လက်သေးသေးလေးကြောင့် ငုံကြည့်မိတော့
ကလေးသေးသေးလေးပင်။
"ဟုတ်တယ်ကလေးရဲ့ ဘာဖြစ်လို့လဲ"
"ဦးဦးကို လက်မထပ်ပါနဲ့လား သားနဲ့ပဲ လက်ထပ်လေ"
ဟင် ကလေးစကားကြောင့် အားလုံးဟင်ခနဲဖြစ်သွားသလို ဒီရေမျက်လုံးတို့သည်လည်း ပြိုတော့မဲ့မိုးလို
မှုန်မှိုင်းသွားသည့် အာကာထံ ရောက်သွားရသည်။
(ဟီးဟီး အားလုံးပဲ တကယ်ထင်သွားကြတယ်မလား
ကိုယ်စတာပါ မပြီးသေးပါဘူး roပါအုံးမယ်နော်
သဲငယ်လေးတို့က extraဖြစ်ဖြစ် S2ဖြစ်ဖြစ်တောင်းတိုင်း ကိုယ့်မှာ ပြုံးပြုံးကြီး
ဖြစ်နေတာ အမေကတောင် မျက်နှာက ဘာဖြစ်နေတာလဲလို့ မေးရသည့်အထိပင် စိတ်ဆိုးသွားကြလားဟင် ကိုယ့်rpကြောင့်
ချစ်ပ်တယ်နော် )
Zawgyi
မူတည်သည်မဟုတ်လား။
မနက်စာ စားရအောင်"