Zawgyi
~~ျမနန္းစံေတာ္~~
အပိုင္း(၂၂)
"အကၡရာ.. "
ေအးစက္စက္ေခၚသံႏွင့္အတူ စူးရွေသာအၾကည့္ေၾကာင့္ ရင္ထဲလွပ္ခနဲ႔။ သူ႔ပံုစံကဘာလို႔ရုတ္တရက္ေျပာင္းလဲသြားပါလိမ့္
ဒါမွမဟုတ္ အာကာေက်ာ္မဟုတ္ဘူးဆိုသည့္အသိေၾကာင့္ သူမစိတ္ထင္ေနျခင္းလား. ..
"ဘယ္သူ႔ဆီကဖုန္းမို႔ လန္႔ေနရသလဲ"
ခ်က္ခ်င္းမေျဖရဲေသး။ ဖုန္းကိုေယာင္ယမ္းျပန္ေကာက္လိုက္ျပီး
"ဟို ယမ္းဆီကပါ သားသားေနမေကာင္းဘူးဆိုလို႔"
အသံမတုန္ေအာင္ထိန္းရင္း ကိုယ့္ကိုကိုယ္အားတင္းပစ္သည္။ သူဟာအာကာေက်ာ္အျဖစ္ သိထားသည့္ပံုစံႏွင့္သာ သူမေနရမည္။ သူမသိပ္မူပ်က္ေနလို႔မျဖစ္ပါ။ သူရိပ္မိပါက အႏၲရယ္ရွိႏုိင္သည္။
အေတြးျဖင့္ၾကိဳးစားျပံဳးလိုက္ရင္း...
"အကၡရာတို႔ျမနန္းစံေတာ္ကိုပဲျပန္ရေအာင္ အကၡရာစိတ္ထဲ ေနလို႔မေကာင္းလို႔ပါ "
"ဘယ္ဟုတ္မလဲ ျမိဳ႕ျပင္ဖက္ရူးခင္းလိုက္ၾကည့္လိုက္ပါ စိတ္ေပ်ာ္သြားလိမ့္မယ္.."
"ဒါေပမယ့္..."
"လာ.. ဒီလိုအခ်ိန္ကရူးခင္းၾကည့္လို႔အေကာင္းဆံုးပဲ အကၡရာစိတ္ၾကည္သြားလိမ့္မယ္."
သူ..ဘာလို႔အတင္းေခၚေနပါလိမ့္။ ဇြတ္ျငင္းျပန္ရင္လည္း သံသယဝင္စရာေကာင္းေနမည္။ ေရြးခ်ယ္စရာလမ္းမရွိသည့္အဆံုး သက္ျပင္းေလးသာ ခိုးရူိက္ရင္း ရင္တထိတ္ထိတ္ႏွင့္ လိုက္ပါလာရေတာ့၏။
ကားကျမိဳ႕ျပင္သို႔ တရိပ္ရိပ္ေျပးလႊားေနဆဲ..
သူႏွင့္အကၡရာၾကား မလိုအပ္ဘဲၾကီးစိုးေနသည့္ တိတ္ဆိတ္ျခင္းတို႔က စိုးရြံ႔ဖြယ္ေကာင္းလွသည္။ ၾကိဳးစားထိန္းခ်ဳပ္ထားသည့္ၾကားမွ ထိတ္လန္႔မႈေၾကာင့္ ေဇာေခၽြးေလးေတြပ်ံကာ လက္ေလးမ်ားပင္ တုန္ယင္ေနေတာ့သည္။
သူဘယ္သူလဲ ဘာျဖစ္လို႔အာကာေက်ာ္ေနရာ ဟန္ေဆာင္ရသလဲ ..
အေတြးျဖင့္ ရုတ္တရက္ အာကာေက်ာ္ႏွင့္ပထမဆံုး ေတြ႔ဆံုသည့္ေန႔ကို အမွတ္ရမိသည္။ သူႏွင့္အတူ ျမနန္းစံဂူသခ်ႋဳင္းကိုသြားေတာ့ မ်က္ႏွာရုပ္ပ်က္ဆင္းပ်က္ႏွင့္ အမ်ိဳးသမီး အလန္႔တၾကား ထြက္ေျပးဖူးသည္။
ျပီးေတာ့.. ဘြားႏြံ၏ခါခါသီးသီးႏွင္ထုတ္မႈ...
ဘုရားေရ... ဒီလူဟာလူေကာင္းမဟုတ္မွန္း သူတို႔ေတြစိတ္ထဲ ခံစားမိေနသလား။ မဟုတ္မွလြဲ၍ သူကျမနန္းစံေတာ္ကလူပဲလား
ဝင္လာသည့္အေတြးဆိုးေၾကာင့္ ရင္ထဲထိတ္သြား၏။ ေဘးမွကားေမာင္းေနသည့္ အာကာေက်ာ္၏မ်က္ႏွာက တျဖည္းျဖည္းႏွင့္ ေအးစက္လာသေယာင္...
ဖ်တ္ခနဲ႔ေပၚလာသည့္အၾကံျဖင့္ သူမတမင္မ်က္ႏွာရူံ႔ထားရင္း
"ဟို.. ေရွ႔ကအိမ္ေလးမွာ အကၡရာကိုခဏရပ္ေပးပါလားဟင္ အကၡရာဗိုက္နာလာလို႔ပါ. ကၽြတ္ကၽြတ္.."
သူကအကၡရာမ်က္ႏွာကို တစ္ခ်က္အကဲခတ္ျပီးမွ လမ္းေဘးက အိမ္ေလးေရွ႔ကားကိုထိုးရပ္လိုက္ျပီး..
"ကၽြန္ေတာ္...ကားေပၚကေစာင့္ေနမယ္"
"ဟုတ္ကဲ့...ေက်းဇူးပါ"
အကၡရာ အိမ္ထဲခပ္သြက္သြက္လွမ္းဝင္လာလိုက္သည္။ အိမ္ေလးထဲတြင္ေတာ့ အဖြားအိုတစ္ေယာက္ႏွင့္ ကေလး၂ေယာက္သာ ရွိသည္။ အကၡရာ အက်ိဳးအေၾကာင္းေျပာျပေတာ႔ ျခံေနာက္ဖက္သို႔ လမ္းညႊန္လိုက္ပါရဲ႔..
ျခံထဲမွာ အလုပ္သမားႏွစ္ေယာက္ကို ေတြ႔ရသည္။ သူမကိုတစ္ခ်က္သာလွမ္းၾကည့္ျပီး ကိုယ့္အလုပ္သာ ဆက္လုပ္ၾကသည္။ ဖုန္းကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ no service..
အကၡရာစဥ္းစားမေနေတာ့ပါ..။ ျခံစည္းရုိး သီးသန္႔ခတ္မထားသျဖင့္ အိမ္သာကိုေက်ာ္ျပီး ဟိုးဖက္စိုက္ခင္းဆီသို႔ ေျပးႏုိင္သမွ် ေျပးသြားမိသည္။
ဘယ္သြားရမယ္မွန္း အကၡရာမသိပါ။ အာကာေက်ာ္ဟန္ေဆာင္ထားသည့္ ဒီလူသည္ လူေကာင္းမျဖစ္ႏုိင္ဘူးဆိုသည့္အသိျဖင့္ သူမေဝးသထက္ ေဝးေအာင္ ေျပးေနမိ၏။
ဘယ္ေလာက္ၾကာေအာင္ ေျပးမိသည္မသိ.။ မခံရပ္ႏုိင္ေအာင္ ေမာဟပ္လာမွ အကၡရာအေျပးရပ္မိ၏။
ပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ စိုက္ခင္းေတြႏွင့္ လူသူအရိပ္အေယာင္မေတြ႔မိ။ ဘယ္ေရာက္ေနသလဲမေတြးအား။ ခုခ်ိန္သူမေပ်ာက္သြားမွန္းသိ၍ ထိုလူလိုက္ရွာေတာ့မည္။
ထိုအေတြးျဖင့္ အထိတ္တလန္႔ေျပးမိျပန္၏။ ေျပးရင္း အားငယ္စိတ္တို႔ျဖင့္ မ်က္ရည္အခ်ိဳ႕ကေပါက္ခနဲ႔...
အကၡရာဘာဆက္လုပ္ရမလဲ။ ျမနန္းစံေတာ္ကို ျပန္ရမလား.. ဒီလူဟာျမနန္းစံေတာ္ကလူဆိုရင္ ျပန္ဖို႔ေရာလိုအပ္ပါရဲ႔လား...
သူမအျဖစ္က သိပ္သနားစရာေကာင္းလြန္၏။ သူမလူပ္ရွားသမွ်ကိုၾကည့္ျပီး ဘယ္ေလာက္ေတာင္ ဟားတိုက္ရယ္ေနလိမ့္မလဲ.....
"ဂ်ိန္း....ေ၀ါ"
ရုတ္တရက္မိုးခ်ိန္းသံေၾကာင့္ အကၡရာအလန္႔တၾကား ရပ္လိုက္မိ၏။ ေ၀ါခနဲ႔ျမည္သံႏွင့္အတူ ေလကခပ္ျပင္းျပင္းတိုက္လာရာ..
"ဟင့္အင္း.....မရြာပါနဲ႔.."
သူမ... ဆုေတာင္းေလးမျပည့္ရွာပါ။ မၾကာလိုက္ပါ မိုးကတ၀ုန္း၀ုန္း ရြာခ်လာေတာ့၏။ မိုးေႏွာင္းကာလ ေဆာင္းအကူးေလးမွာ ဒီေဒသဒီနယ္ေျမက အေတာ္ေလး ေအးေနျပီျဖစ္သည္။
ခုလိုမိုးသည္းခ်ိန္ဆို.. ဆိုဖြယ္ရာမရွိေတာ့ပါ။ ခႏၶာကိုယ္ေပၚ တေျဖာက္ေျဖာက္ က်လာသည့္ မိုးေရစက္တို႔ေၾကာင့္ စိမ့္ခနဲ႔ေနေအာင္ျဖစ္ရသည့္ အေအးဒဏ္ကို အံၾကိတ္ထားရင္း ဦးတည္ရာမဲ႔ေလွ်ာက္သြားေနမိေတာ့သည္။
ဟိုး....ေရွ႔မွာတဲပ်က္ေလးတစ္လံုးပါလား။
ဝမ္းသာအားရႏွင့္မိုးဝင္ခိုရင္း ကြပ္ပ်စ္ေလးေပၚ အရုပ္ၾကိဳးျပတ္ထိုင္ခ်လာမိ၏။ အေအးဒဏ္ႏွင့္အတူပင္ပန္းမႈေၾကာင့္ မၾကာလိုက္ပါ။ လူကေမွးခနဲ႔အိပ္ေပ်ာ္သလိုျဖစ္သြားသည္။
"ဖ်တ္....ဖ်တ္"
ေျခသံေၾကာင့္ ဖ်တ္ခနဲ႔လန့္ႏူိးလာေတာ့ မိုးက တိတ္ေနျပီျဖစ္သည္။ ညေနဆည္းဆာက မိုးရြာအျပီး ပို၍ရႊန္းလက္ေတာက္ပေနေတာ့၏။
သို႔ေသာ္ အကၡရာမသာယာႏုိင္ပါ။ အထိတ္တလန္႔ႏွင့္ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့....
"ဟင္...ရွင္..ရွင္"
ေၾကာက္မက္ဖြယ္အျပံဳးႏွင့္သူ.. သူမရွိရာသို႕ ေအးေအးေဆးေဆးဟန္ျဖင့္ ေလွ်ာက္လာရင္း
"ဘာလို့ေျပးေနရသလဲအကၡရယ္ အပင္ပန္းခံလို႔ ၾကည့္စမ္း မိုးေရေတြေတာင္ရြဲလို့ပါလား ဖ်ားေတာ့မွာပဲကြာ"
"ရွင္ဘယ္သူလဲ..."
ေၾကာက္ရြံ႔တုန္လႈပ္စြာေမးလိုက္ေသာ အကၡရာကိုၾကည့္ျပီး သူကဟက္ခနဲ႔ရယ္လိုက္ကာ
"ကိုယ္လား...အာကာေက်ာ္ေလ "
"မဟုတ္ဘူး.. ရွင္အာကာေက်ာ္မဟုတ္ဘူး ရွင္ဘယ္သူလဲ ဘာကိစၥအာကာေက်ာ္ ဟန္ေဆာင္ရသလဲ"
"ေမးခြန္းေတြကမ်ားလိုက္တာ အကၡရာရယ္"
"အာကာေက်ာ္...ဘယ္မွာလဲ"
ေလွာင္ျပံဳးေနေသာသူ႔ႏူတ္ခမ္းက တင္းတင္းေစ့သြားျပီး
"ေသျပီ.."
"ဟင္..."
အထိတ္တလန္႔ႏွင့္ထေျပးဖို႔ျပင္ေတာ့ သူက အကၡရာလက္ကို ဖ်တ္ခနဲ႔လွမ္းဆြဲလိုက္ျပီး..
"ဘယ္ေျပးမလို႔လဲ.. မင္းေျပးလည္းမလြတ္ဘူး အကၡရာ အပင္ပန္းမခံခ်င္စမ္းပါနဲ႔.."
"ဟင့္အင္း... လြတ္.. အကၡရာကို ခုခ်က္ခ်င္းလြတ္ေပး"
ေၾကာက္လန္႔တၾကားႏွင့္ အသဲအသန္ရုန္းကန္ေနေသာ အကၡရာေၾကာင့္ သူေဒါသထြက္သြားဟန္ျဖင့္
"ေတာက္.. ဒီေလာက္ေတာင္ျဖစ္ေနတယ္ ကဲဟာ.."
"ျဖန္း..."
"အား..."
မညာမတာရုိက္ခ်က္က ပါးတစ္ဖက္သို႔ ရက္ရက္စက္စက္။ ျပင္းရွေသာနာက်င္မႈႏွင့္အတူ ေခါင္းေတြခ်ာခ်ာလည္ရင္း အကၡရာအရုပ္ၾကိဳးျပတ္လဲွက်သြားရင္း ေမ့ေမ်ာသြားရသည္။
ဘယ္ေလာက္ၾကာေအာင္ ေမ့သြားသည္မသိ.။ မ်က္ႏွာေပၚ တေပါက္ေပါက္က်ေနသည့္ မိုးစက္တို႔ေၾကာင့္ ျပန္သတိရလာေတာ့ ေခါင္းေတြက မူးေဝေနဆဲ..
ႏူတ္ခမ္းေတာင့္မွာ ေသြးအခ်ိဳ႕ကစြန္းထင္လို႔။ အကၡရာ မညည္းႏုိင္ရွာေသးပါ။ ပတ္၀န္းက်င္ကိုၾကည့္ေတာ့ ပိုျပီးထိတ္လန္႔သြားရ၏။
ျမနန္းစံဂူသခ်ႋဳင္း အနီးေရာက္ေနပါလား...
ကမန္းကတမ္းလူးလဲထေတာ့ လူကဟန္ခ်က္ပ်က္ျပီး ျပန္လဲသြားသည္။ ထိုအျဖစ္ကိုၾကည့္ျပီး အုပ္ဂူတစ္ခုေပၚတက္ထိုင္ေနသည့္ အာကာေက်ာ္က သေဘာက်စြာ ရယ္လိုက္ရင္း
"သိပ္လည္းစိတ္မလႈပ္ရွားပါနဲ႔ဦး ဒီထက္စိတ္လႈပ္ရွားစရာေတြ မင္းၾကံဳရဦးမွာပါ..."
အကၡရာစက္ဆုပ္စြာႏွင့္သူ႔ကိုဆတ္ခနဲ႔ ေမာ့ၾကည့္လိုက္မိသည္။ မထီတရီအျပံဳးတို႔ျဖင့္ ရြ႔ံမုန္းဖို႔ေကာင္းလိုက္ေလျခင္း...
တစ္ခ်ိန္လံုး ေဖာ္ေရြေႏြးေထြးဟန္ျဖင့္ သူမနားဟန္ေဆာင္ေနခဲ႔သည္။ အခုမ်က္ႏွာဖံုးေတြကြာက်မွ ဒီလူဟာ အင္မတန္ေသြးေအးရက္စက္မွန္းအကၡရာသိရေတာ့သည္။ အာကာေက်ာ္ေသျပီဆိုေတာ့ အာကာေက်ာ္အစစ္ကို သူသတ္လိုက္သလား...
အေတြးျဖင့္အံကို တင္းခနဲ႔ၾကိတ္ထားမိသည္။ ပါးတစ္ဖက္က စပ္ဖ်င္းဖ်င္းႏွင့္ ခံရခက္ေအာင္နာေနဆဲ....။
"ရွင္ဘယ္သူလဲ အာကာေက်ာ္ကို ရွင္သတ္လိုက္သလား "
"ဟုတ္တယ္ ငါသတ္လိုက္တာ "
"ရွင္...ရွင္ေတာ္ေတာ္ယုတ္မာတဲ႔လူ တစ္ခ်ိန္လံုး ဟန္ေဆာင္ေနခဲ့တဲ႔ လူယုတ္မာ "
"ဟား...ဟား မင္းတို႔ကိုမင္းတို႔ သိပ္လည္လွျပီ ထင္ျပီး ျမနန္းစံေတာ္နဲ႔ကစားေနသလား အကၡရာေမ ကၽြတ္ကၽြတ္ သနားဖို႔ေကာင္းလိုက္တာ "
ဟားတိုက္ရယ္လိုက္ပံုက စက္ဆုပ္ဖြယ္အတိ။ တစ္ခ်ိန္လံုးကစားခံခဲ႔ရသည့္ ကိုယ့္အျဖစ္အတြက္လည္း အကၡရာရင္နာမိသည္။ စက္ဆုပ္ဖြယ္ရယ္သံအဆံုးတြင္ သူအကၡရာကိုေစ့ေစ့ၾကည့္ျပီး
"လူေကာင္းတစ္ေယာက္ဟန္ေဆာင္ရတာ ဘယ္ေလာက္ ပင္ပန္းလဲသိလား.. တကယ္ေတာ့ ငါကသိပ္ဆာေလာင္ေနတာကြ ေထာင္က်ျပီးကတည္းက မိန္းမနဲ႔ ကင္းကြာရတာၾကာျပီ "
ေျပာရင္း သူမနားေလွ်ာက္လာသျဖင့္ အကၡရာ အလန္႔တၾကားထရပ္မိရင္းႏွင့္..
"ရွင္..ေရွ့မတိုးလာနဲ႔ေနာ္ "
"သူတို႔ကမင္းကိုသတ္ပစ္လိမ့္မယ္ ဒီတိုင္းေသခိုင္းရမယ္ ႏွေမ်ာဖို့ေကာင္းလြန္းတယ္ မင္းကသိပ္လွတဲ႔မိန္းကေလးပဲ အကၡရာ အစကေတာ့ ငါဒီလိုစိတ္မ်ိဳးမရွိပါဘူး ဒါေပမယ့္ ငါ့တသက္မွာ ဒီလိုမိန္းကေလးမ်ိဳးနဲ႔ တစ္ခါၾကံဳဖူးခ်င္တယ္ သတ္ပစ္မယ့္အတူတူ မင္းကိုဒီလိုလုပ္ရင္ သူတို႔ငါ့ကိုအျပစ္မတင္ေလာက္ပါဘူး ဟားဟား"
ရုတ္တရက္စိတ္ရုိင္းဝင္လာကာ သူမအေပၚစိတ္ေျပာင္းသြားပံုရေသာ သူ႔အျပဳအမႈေၾကာင့္ အကၡရာေသြးပ်က္ေနမိစဥ္....
"ဒုတ္...."
"ခြပ္...."
"အား..."
ျပင္းထန္ေသာရုိက္ခ်က္တစ္ခုႏွင့္အတူ အာကာေက်ာ္လဲွက်သြားသျဖင့္ အကၡရာမွင္သက္သြားမိသည္။ အာကာေက်ာ္ကို ေနာက္ကေနတုတ္ႏွင့္ ရုိက္လိုက္သူက...
ရုပ္ပ်က္ဆင္းပ်က္မ်က္ႏွာႏွင့္မိန္းကေလး
သတိလစ္သြားသည့္အာကာေက်ာ္ကို တစ္ခ်က္ၾကည့္ကာ ခ်ာခနဲ႔လွည့္ထြက္သြား၏။ ရုတ္တရက္မို႔အကၡရာေၾကာင္ေနရင္းမွ သတိ၀င္လာကာ....
"ခဏေနပါဦး..."
သူမလွည့္မၾကည့္ပါ။ ျမနန္းစံဂူသခ်ႋဳင္းတြင္း ေျပးဝင္သြားသျဖင့္ အကၡရာေနာက္ကေန ေျပးလိုက္လာရင္း
"ခဏေလာက္ပါပဲ. အကၡရာရွင့္ကိုေက်းဇူးတင္လို႔ပါ.."
သူမ..ဆက္သြားျမဲ။ မိုးကတေပါက္ေပါက္က်လာျပန္၏။ ျမနန္းစံအုတ္ဂူေရွ႕အေရာက္ အကၡရာမလိုက္ႏုိင္ေတာ့သျဖင့္ ရပ္လိုက္ျပီး ႏူတ္ကလြတ္ခနဲ႔ေခၚလိုက္မိသည္က..
"နန္းေဒစီယာ..."
ရုတ္တရက္သူမေျခလွမ္းေတြ တုန္႔ခနဲ႔ရပ္သြားသျဖင့္ အကၡရာအားတက္မိကာ
"နန္းေဒစီယာ..."
ဒုတိယေခၚသံအဆံုး သူမခ်ာကနဲ႔လွည့္ၾကည့္လာ၏။ ေတာက္ပေသာမ်က္ဝန္းအစံုမွာ မ်က္ရည္စတို႔ကလက္ခနဲ႔..
အကၡရာသူမကို နာက်င္စြာေငးၾကည့္ရင္း..
"ရွင္က တကယ္ပဲ နန္းေဒစီယာလား "
သူမ...မေျဖပါ။ သို႔ေသာ္မ်က္ရည္အခ်ိဳ႕က စီးက်လာ၏။ ညေနဆည္းဆာက မိုးရြာေနလို႔ထင္ပါ့... ညိွဳ႕မိူင္းလို့ေနသည္။
သို႔ေသာ္သူမမ်က္ရည္တို႔က လင္းလက္ေနပါလား.။ တေျဖာက္ေျဖာက္ရြာသြန္းေနသည့္ မိုးေရစက္တို႔က သူမမ်က္ရည္ကို သယ္ေဆာင္မသြားႏုိင္ခဲ႔ပါ....။
သူမထံမွ တစ္စံုတရာေသာအေျဖထြက္မလာသျဖင့္ အကၡရာသက္ျပင္းရူိက္မိရင္း...
"ဘယ္သူ... ရွင့္ကိုဒီလိုလုပ္ခဲ႔သလဲဟင္"
သူမတိတ္ဆိတ္ေနဆဲ....။ အတန္ၾကာမွ သူမဆီထြက္လာေသာစကားက အကၡရာေမွ်ာ္လင့္သလို မဟုတ္ခဲ႔ပါ....
"ျမနန္းစံ. သခင္ေလးခ်စ္ရသူအေနနဲ႔ ကၽြန္မရွင့္ကိုသိပ္မုန္းခဲ႔တယ္ ဒါေပမယ့္ ရွင္ကကၽြန္မတို႔အားလံုးရဲ႔ေမွ်ာ္လင့္ခ်က္ပါ ကၽြန္မကိုေက်းဇူးမတင္ပါနဲ႔ ကၽြန္မတို႔ေမွ်ာ္လင့္ခ်က္ေတြကိုသာ ျဖည့္ဆည္းေပးပါ ကၽြန္မတို႔အရမ္းပင္ပန္းေနျပီ.."
သူမႏူတ္ဖ်ားမွစကားတို႔က နာက်င္မႈေၾကာင့္ လိႈက္ခါလို႔။ တစ္ခါတခါ စိတ္ေဖာက္ျပန္တတ္ေသာသူမက ခုေတာ့ လူေကာင္းတစ္ေယာက္ႏွယ္ တည္ျငိမ္လို႔ပါလား။
အကၡရာဆြံ႔အေနမိစဥ္ သူမလွည့္ထြက္သြားကာ အုပ္ဂူေတြၾကား တိုး၀င္ေပ်ာက္ကြယ္သြား၏။
သတိဝင္လာရင္းၾကည့္ေတာ့ ထိုမိန္းကေလး မရွိေတာ့ပါ...။
ထိုေနရာမွာပင္ အကၡရာမတုန္မလႈပ္ ရပ္ေနမိသည္။ ရူိက္ထုတ္လိုက္တဲ႔ အသက္ရႉသံေတြထဲမွာ နာက်င္ျခင္းေတြက တဆစ္ဆစ္..
သူမဘာဆက္လုပ္ရမလဲ..။ ဘယ္သြားရမလဲ.
အျပန္လမ္းေတြမဲ႔ေနခဲ႔ေလျပီ။ ျမနန္းစံေတာ္က သူမရည္ရြယ္ခ်က္ေတြသိႏွင့္ေနျပီဆို သူမဘာဆက္သြားလုပ္ရမလဲ
သို႔ေသာ္သူမမွာသြားစရာေနရာမရွိပါ။ ခုေနတစ္ခါတည္း ေသဆံုးသြားရင္ ဘယ္ေလာက္ေတာင္ေကာင္းလိုက္ေလမလဲ ..
မ်က္ရည္ပူမ်ားက ပါးထက္၀ယ္တလိမ့္လိမ့္စီးက်လာ၏။ မိုးကတိတ္သြားသည့္တိုင္ မ်က္ရည္မိုးမ်ားက တျခိမ့္ျခိမ့္ ရြာသြန္းေနဆဲ..
ျမနန္းစံအုတ္ဂူေရွ႔တြင္ အရုပ္ၾကိဳးျပတ္ ထိုင္ခ်ျပီး အကၡရာစိတ္လြတ္ကိုယ္လြတ္ အားပါးတရငိုခ်မိ၏။ မိုးေရစိုစြတ္ေနသည့္ ခႏၶာကိုယ္က ေအးစက္ေနသည့္တိုင္ ရင္ထဲအပူေတြကေတာ့ ႏွလံုးသားကိုပင္ျပာက်လုမတက္ ျပင္းရွပူေလာင္ေန၏။
ျမနန္းစံအုတ္ဂူကိုေငးၾကည့္ရင္း ႏူတ္ခမ္းကိုျပတ္လုမတက္ ဖိကိုက္ထားမိကာ..
"ဟင့္အင္း.... ျမနန္းစံက အကၡရာမဟုတ္ဘူး အကၡရာ ကိုယ့္ကိုကိုယ္ေတာင္ ဘယ္ခ်ိန္ေသမလဲမသိတာ ဘယ္လိုလုပ္ရွင္တို႔ကိုကယ္ႏုိင္မလဲ ရွင္တို႔ေမွ်ာ္လင့္ခ်က္ေတြက အကၡရာကို အရမ္းပင္ပန္းေစတယ္ အရမ္းနာက်င္ေစတယ္ အကၡရာဘာမွမတတ္ႏုိင္ဘူး ေက်းဇူးျပဳ၍ ဖိအားေတြမေပးပါနဲ႔လား ျမနန္းစံရဲ႔ ေလာင္းရိပ္ကေန အကၡရာလြတ္ေျမာက္ခ်င္တယ္ ဘယ္သူကေရာ အကၡရာကိုကယ္တင္မလဲ..."
သူမနာနာက်င္က်င္ငိုမိ၏။ သို႔ေသာ္ သူမငိုသံကို ဘယ္သူမွမၾကားႏုိင္ခဲ႔ပါ..။
ထိုစဥ္ရုတ္တရက္ သူမကိုယ္ေလးေပၚသို႔ ေႏြးေထြးေသာအဝတ္တစ္စံုျဖင့္ တစ္စံုတေယာက္ လႊမ္းျခံဳေပးလိုက္ရာ...
အလန္႔တၾကားႏွင့္ ဖ်တ္ခနဲ႔ေမာ့ၾကည့္လိုက္ေတာ့..
"သခင္ေလး..."
သူ..ျပံဳးလိုက္သည္။ ထိုအျပံဳးက ေႏြးေထြးလြန္းသျဖင့္ အကၡရာရင္ထဲထိေအာင္ တိုး၀င္လာေတာ့၏။
"မင္း.. အရမ္းေအးေနျပီမဟုတ္လား ကိုယ့္အေႏြးထည္ေလး ခဏဝတ္ထားလိုက္ပါ..."
တကယ္လည္းခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနျပီမို႔ အကၡရာ မျငင္းမိပါ။ သူ႔အေႏြးထည္ေလးျခံဳရင္း လက္ႏွစ္ဖက္ကိုက်စ္က်စ္ပါေအာင္ ပိုက္ထားသည့္အကၡရာက မ်က္ရည္ေလး၀ဲလ်က္ သူ႔ကိုေမာ့ၾကည့္ေနဆဲ....
သူမဘာျဖစ္လာသလဲ...။ ဘာလို႔ဒီေနရာမွာ ငိုေၾကြးေနရသလဲ
သူ....မေမးပါ။ သူမမ်က္ရည္ေတြကိုသုတ္ေပးရင္ သူမခႏၶာကိုယ္ေလးကို ရင္ခြင္ထဲေထြးေပြ႔ထားလိုက္ကာ..
"မေၾကာက္ပါနဲ႔ ကိုယ္ရွိေနေသးသေရြ႔ျမနန္းစံေတာ္မွာ မင္းဘာမွမျဖစ္ေစရဘူး ကိုယ္ကတိေပးတယ္"
ထို႔ေနာက္ျမနန္းစံအုတ္ဂူေလးကို စူးစူးစိုက္စိုက္ၾကည့္ရင္း
"မင္းတစ္ခါပဲေသရမယ္ ေနာက္တစ္ခါ ဘယ္သူမွမင္းကိုမသတ္ေစရဘူး အဲ႔ဒီလိုျဖစ္ခြင့္ကိုယ္မေပးဘူး "
"အို..."
ရင္ထဲဘာရယ္ေၾကာင့္မသိ လိႈက္ခနဲ႔။ ထိန္းထားသည့္ၾကားမွ မ်က္ရည္အခ်ိဳ႕က ေပါက္ခနဲ႔....
သူကသူမႏွဖူးေလးကိုဖြဖြနမ္းလိုက္ရင္း...
"ျပန္ရေအာင္... မင္းအရမ္းေအးေနျပီ ေမ "
သူမ..မျငင္းပါ။ အားကိုးရာလက္တစ္စံုကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း ျမနန္းစံေတာ္ျပန္ရာ လမ္းတေလွ်ာက္ သူမေျခလွမ္းေတြ ထံုက်င္ေနခဲ႔၏။
ခုနေနရာေလးအျဖတ္တြင္ေတာ့ အာကာေက်ာ္ရွိမေနေတာ့ပါ။
သူဘယ္ေရာက္သြားလဲ. အကၡရာ မေတြးအားပါ။ သခင္ေလး ဘာလို႔ဒီေနရာေရာက္လာသလဲ...
သူမ...မေတြးခ်င္ျပန္ေတာ့ပါ။ သို႔ေသာ္ သူမအေတြးကို ရိပ္မိဟန္ျဖင့္ သူကတစ္ခ်က္ျပံဳးလိုက္ျပီး...
"မထူးဆန္းပါဘူး မင္းငိုသံေတြကိုယ္ၾကားေနရလို႔ပါ "
စကားေတြက တမင္အလွဆင္မထားပါ..။ သို႔ေသာ္ သူမရင္ထဲခမ္းနားလို႔ေန၏။ တစ္ခါတခါ ခ်စ္ျခင္းေတြက လြင့္ျပယ္သြားျပန္သည္..
ေသခ်ာသည္ကဒီညခင္းမွာသူဟာ... အကၡရာအတြက္ ေကာင္းကင္တစ္ခုျဖစ္ခဲ႔ေလျပီ....။
မ်က္ရည္ေတြကိုသူ႔ရင္ဘတ္ထဲ ငိုခ်ပစ္ရင္းႏွင့္....။
။............................................... ။
အကၡရာဆီ ဖုန္းေခၚလို႔မရေတာ့သျဖင့္ သူ႔စိတ္ေတြ ပူေလာင္ျပင္းရွလို႔ေနသည္။
ေခၚလို႔မရသည့္ဖုန္းကိုပဲ ထပ္ခါထပ္ခါေခၚရင္း သူမအတြက္ ပူေလာင္စိတ္က သူ႔ကိုသူပင္မယံုခ်င္မိသည္အထိပင္...။
သူပို႔လိုက္တဲ႔အာကာေက်ာ္... ဘယ္ေရာက္သြားလဲ
ဘာလို႔တစ္ျခားတစ္ေယာက္က အာကာေက်ာ္ဟန္ေဆာင္ေနရသလဲ။ ဟန္ေဆာင္ေနတယ္ဆိုကတည္းက သူ႔ရည္ရြယ္ခ်က္ေတြ သိေနလို႔ပဲမဟုတ္လား
ဒါဆိုအကၡရာအတြက္ အႏၲရယ္မကင္းႏုိင္ေတာ့ပါ
အေတြးျဖင့္ ရင္ထဲတင္းခနဲ႔။ တစ္စံုတရာကို ျပတ္သားစြာဆံုးျဖတ္ျပီး ထရပ္လိုက္စဥ္...
"ကိုယမ္း..."
အသံေဖ်ာ့ေဖ်ာ့ေလးႏွင့္အတူ ေရာက္လာသူက သားသား။ သားသားမ်က္ႏွာေလး မေကာင္းသျဖင့္ သူမ်က္ေမွာင္က်ံဳ႕မိရင္း
"ဘာျဖစ္လို႔လဲ..သားသား"
"သား မမကိုအိမ္မက္တယ္ အိပ္မက္မေကာင္းဘူး အိပ္မက္ထဲမွာ မမက.."
"ဘာ...ဘယ္လို"
"မမျပန္မလာႏုိင္ေတာ့ဘူးတဲ့ သားသား လိမ္လိမ္မာမာေနတဲ့ မမမ်က္ႏွာေလးကညိွဳးေနတာပဲ ျပီးေတာ့မမကေလ မီးေတာက္ၾကီး တစ္ခုထဲဝင္သြားတယ္ ျပန္မထြက္လာေတာ့ဘူး"
သူ႔မ်က္ႏွာကြက္ကနဲ႔ပ်က္သြားျပီးမွ ဟန္ေဆာင္ျပံဳးလိုက္ျပီး
"အိပ္မက္ပဲကြာ စိတ္ထဲမထားစမ္းပါနဲ႔ မင္းအစ္မ ဘာမွမျဖစ္ဘူး ဟုတ္ျပီလာ "
"သားစိတ္ထဲတစ္မ်ိဳးပဲ မမဆီဖုန္းေခၚေပးလို႔ရမလားဟင္ သားမမအတြက္ စိတ္ပူတယ္"
သူဘာေျပာရမယ္မွန္းပင္မသိေတာ့။ သူကိုယ္တိုင္ တစ္ညေနလံုးဖုန္းေခၚေနတာမဟုတ္လား
သားသားပုခံုးႏွစ္ဖက္ကို သူက်စ္က်စ္ပါေအာင္ ဆုပ္ထားမိရင္း
"စိတ္မပူပါနဲ႔ကိုယ္မနက္ျဖန္က် မင္းအစ္မကို သြားေခၚမလို႔ပါ"
"ဗ်ာ....တကယ္ေျပာသလား.."
"လိမ္စရာလားကြာ စိတ္ေအးေအးသာထား ဟုတ္ျပီလား မင္းအစ္မကို ကိုယ္အျပီးေခၚလာခဲ႔မယ္ "
သားသားမ်က္၀န္းအစံုက ဝင္းလက္ေတာက္ပလာရင္း
"ေက်းဇူးပါဗ်ာ.. မမကိုသားအရမ္းလြမ္းေနတာ မမကိုသားဆီဆက္ဆက္ေခၚလာခဲ႔ပါေနာ္ သားေစာင့္ေနမယ္ သားကိုကတိေပးပါ မမကိုေခၚလာေပးမယ္ဆိုတာ.."
ထိုစကားအတြက္ ဘာေၾကာင့္မွန္းမသိသူ႔ရင္ေတြ ေလးလံေနမိသည္။ သားသားမသိေအာင္ သက္ျပင္းရူိက္မိရင္း
"ကတိေပးပါတယ္ကြာ"
သူ႔စကားက အသက္မဲ႔သလိုပင္ခံစားေနမိသည္။ ဒါကိုသူအလိုမက်ခ်င္ ။ ပူေလာင္ေနာက္က်ိေနေသာစိတ္တို႔ျဖင့္ ဒီညသူဘယ္လိုမွ မအိပ္စက္ႏုိင္ခဲ႔ပါ..။
တစ္ညလံုးအျပစ္ကင္းစင္ေသာ သူမ၏မ်က္ႏွာလွလွေလးကို ျမင္ေယာင္ရင္း ပူေလာင္စိတ္တို႔ျဖင့္ ေနမထိထိုင္မသာျဖစ္ရသည္။
ဘဝမွာ ပထမဆံုးသူစိမ္းမိန္းကေလးတစ္ေယာက္အတြက္ သူအိပ္ေရးပ်က္ခဲ႔ျခင္းပင္။ သို႔ေသာ္ထိုအေတြးထက္ အကၡရာအတြက္ စိုးရိမ္စိတ္က သူ႔ကိုပို၍ႏွိပ္စက္ေနခဲ႔သည္။
တစ္ညလံုးခက္ခဲပင္ပန္းစြာျဖတ္သန္းျပီး မနက္ေရာက္သည္ႏွင့္ သူမဆိုင္းမတြပင္ခရီးထြက္ဖို႔ျပင္ဆင္ေတာ့သည္။
သူမရွိရာျမိဳ႕သို႔အျမန္ဆံုးလာသည့္တိုင္ သူ႔စိတ္ထဲမွာ ၾကန္႔ၾကာလြန္းသလို ခံစားေနရသည္။ ေတာင္ေပၚျမိဳ႕ေလးကိုေရာက္ေတာ့ အေျခအေနမ်ားက သူထင္ထားသည္ထက္ပို၍ ရူပ္ေထြးေနခဲ႔သည္။
ထိုလူက အာကာေက်ာ္အျဖစ္ဟန္ေဆာင္ရုံသာမက သူအျမဲဌားေနသည့္ သစ္လံုးအိမ္တြင္ပါ တစ္ခ်ိန္လံုးေနထိုင္ခဲ႔သည္။ သူတစ္ျခားေနရာမွ အိမ္တစ္လံုးအျမန္ရွာဌားရေတာ့သည္။
ထိုသူကဘယ္သူလဲ..
သူအရင္ဆံုးေဖာ္ထုတ္ရမည္
မဆိုင္းမတြပင္ ေတာင္ေပၚျမိဳ႕ေလးရဲ႔တစ္ခုတည္းေသာရဲစခန္းသို႔ သူသြားလိုက္သည္။ ကံတရားကဒီတစ္ခါသူ႔ကို ညွာတာလိုက္သလား.
အသစ္ေရာက္လာသည့္စခန္းမႈးက ႏုိင္ငံျခားမွာတုန္းက ခင္ခဲ႔တဲ႔မိတ္ေဆြျဖစ္ေနသည္။ ဝမ္းေျမာက္မႈက ဆိုဖြယ္ရာမရွိေတာ့ပါ။ ေထြရာေလးပါေျပာျပီး သူ႔ကိစၥကို အတိုခ်ဳပ္ေျပာေတာ့.
စခန္းမႈးကိုသူရိန္က ေခါင္းတစ္ညိတ္ညိတ္ႏွင့္..
"ကိုယ္လည္းျမနန္းစံေတာ္ သတင္းေတြၾကားရတယ္ အရင္စခန္းမႈးေဟာင္းဆီကေန သိရသေလာက္ေတာ့ ျမနန္းစံေတာ္မွာ ပိတ္လိုက္တဲ႔အမႈေတြအမ်ားၾကီးရွိတယ္ သရဲေတြဘာေတြက ကိုယ္တို႔အပိုင္းမဟုတ္ပါဘူး တစ္ခ်ိဳ႕လူေပ်ာက္တာ လူေသတာကေတာ့ ဥပေဒေဘာင္ ေက်ာ္သြားျပီး ဒါေပမယ့္လံုေလာက္တဲ႔ သက္ေသျပစရာမရွိတာခံရခက္တယ္ကြာ အခုငါ့ညီဆီကသိရသေလာက္ဆို ကိုယ္တို႔ဒီအမႈေတြအတြက္ ျပန္စလို့ရတယ္ အတူပူးေပါင္းၾကတာေပါ့ "
"ကၽြန္ေတာ္လည္းဆူးေပ်ာက္သြားတဲ႔ေနာက္မွာ ျမနန္းစံေတာ္နဲ႔ေရစက္ဆံုရေတာ့တာပဲ ၂ႏွစ္ရွိျပီဗ်ာ ခုထိဘာမွမေရရာဘူး ျမနန္းစံေတာ္ရဲ႔အာဏာကသိပ္ကိုၾကီးမားတယ္ မေရရာဘဲ လုပ္လို႔မရလို႔ ခုထိျငိမ္ခံေနရတာဗ်ာ.."
"ဒါနဲ႔ခုန ငါ့ညီေပ်ာက္သြားလို႔တိုင္ခ်က္လာဖြင့္တာ ဘယ္သူ"
"အာကာေက်ာ္ပါ.... ဒီမွာသူ႔ဓာတ္ပံု"
အသင့္ပါလာသည့္ဓာတ္ပံုကိုထုတ္ျပေတာ့ ကိုသူရိန္က အတန္ၾကာစိုက္ၾကည့္ျပီး...
"ေျပာရမွာစိတ္မေကာင္းဘူးဗ် ကၽြန္ေတာ္တို့ လြန္ခဲ႔တဲ႔သံုးရက္က ျမိဳ႕ျပင္ေခ်ာက္ထဲမွာ အေလာင္းတစ္ခုေတြ႔တယ္ ထင္းရွာတဲ႔အဘိုးၾကီးေတြ႔လို႔ လာအေၾကာင္းၾကားထားတယ္ အေလာင္းကရုပ္ေတာ့ပ်က္ေနျပီ ဟုတ္မဟုတ္ေတာ့ မေသခ်ာဘူး"
"ဗ်ာ...ဆိုလိုခ်င္တာက"
"ကိုယ္လည္းတပ္အပ္မေျပာႏုိင္ဘူး ဒီလိုလုပ္ပါလား ေသခ်ာသြားေအာင္ ငါ့ညီအစ္ကိုနဲ႔ေဆးရုံလိုက္ခဲ႔လိုက္ တစ္ခါတည္းဝင္ၾကည့္ျပီး ဆံုးျဖတ္လို့ရတာေပါ့"
"ဟာ..ပိုေကာင္းတာေပါ့ ေက်းဇူးပါဗ်ာ "
ေဆးရုံက ေရခဲတိုက္ေရာက္ေတာ့ အေျဖရလဒ္က မေကာင္းေတာ့ပါ။ အေလာင္းကရုပ္ပ်က္ေနလို့ သိပ္မေသခ်ာသည့္တိုင္ ဝတ္ထားသည့္အဝတ္အစားေတြက အာကာေက်ာ္မွန္း တပ္အပ္ညႊန္ျပေနျပီျဖစ္သည္။ ဒီအဝတ္အစားေတြ သူရင္ႏွီးခဲ႔ဖူးသည္။
သက္ျပင္းအသာခ်လိုက္ရင္းေလးပင့္စြာျဖင့္
"ဟုတ္တယ္အကို သူကအာကာေက်ာ္ပဲ"
ကိုသူရိန္ကစိတ္မေကာင္းစြာျဖင့္ သူပုခံုးတစ္ခ်က္ပုတ္လိုက္ရင္း
"စိတ္မေကာင္းပါဘူးငါ့ညီရာ ဘာျဖစ္ျဖစ္ သူ႔ကိုသတ္တဲ႔ တရားခံကိုေတာ့ ကိုယ္တို႔ၾကိဳးစား ေဖာ္ထုတ္ေပးပါ့မယ္"
တရားခံ....။ ဖ်တ္ခနဲ႔အာကာေက်ာ္ ဟန္ေဆာင္ထားသူကို ေျပးျမင္ေယာင္မိသည္။ အျဖစ္ႏုိင္ဆံုးက သူပဲျဖစ္မည္..
ခ်က္ခ်င္းဖုန္းထုတ္လိုက္ျပီး အကၡရာပို့ထားသည့္ပံုကိုျပကာ
"အစ္ကိုသူ႔ကိုသိမသိ တစ္ခ်က္စခန္းကလူေတြ ေမးေပးလို႔ရမလားဗ်ာ ဒါမွမဟုတ္အမႈတြဲထဲ႐ွိမရွိကူညီရွာေပးပါဦး အေရးၾကီးလို႔ပါ "
"ဟုတ္ျပီ. ဒါဆိုကိုယ္တို႔စခန္းျပန္သြားရေအာင္"
စခန္းေရာက္ေတာ့ သိပ္အပင္ပန္းမခံလိုက္ရပါ။ နယ္ေျမမႉးက သူ႔ကိုေကာင္းေကာင္းသိေနသည္။
"သူ႔နာမည္ကမင္းကို ဒီေကာင္ကလူဆိုးပဲဗ် မူးယစ္ရမ္းကားျပီး ျပသာနာခဏခဏ႐ွာတယ္ မိန္းမလည္းလိုက္စားတယ္ တစ္ခါက ရန္ျဖစ္ရင္း ေျခလြန္လက္လြန္ျဖစ္ျပီး တစ္ဖက္ကလူေသလို႔ ေထာင္က်သြားတယ္"
"ျပန္လြတ္လာတာၾကာျပီလားဗ်ာ "
"သိပ္မၾကာေသးဘူးထင္တယ္ ေအာ္ေျပာဖို႔ေမ့ေနတာ သူကျမနန္းစံေတာ္က ျခံေစာင့္ဦးနက္နဲ႔တူဝရီးေတာ္တယ္ "
"ဗ်ာ..."
ဒီစကားကသူ႔ရင္ကို မီးစႏွင့္ထိုးလိုက္သည့္အလား ။ ဒီလိုဆိုျမနန္စံေတာ္က သူ႔ရည္ရြယ္ခ်က္ေတြသိသြားခဲ႔ျပီလား...
သူျမနန္းစံေတာ္ကို တအားေလွ်ာ့တြက္ခဲ႔မိသြားသလာ။ ေသခ်ာသည္က မရူးမလွရုိက္ခ်ခံလိုက္ရျပီျဖစ္သည္။
ခံျပင္းမႈႏွင့္အတူ ခ်က္ခ်င္းလိုအကၡရာအတြက္ စိုးရိမ္မိသြား၏။ အကၡရာဘယ္နည္းႏွင့္မွေဘးကင္းေတာ့မည္ မဟုတ္ပါ။ အေတြးျဖင့္ ရင္ထဲမီးစဝင္သည့္အလား ပူေလာင္ေနမိသည္။
စခန္းမႈး ကိုသူရိန္ႏွင့္ေျပာစရာရွိတာ ေျပာျပီးသည္ႏွင့္ တည္းခိုရာေနရာသို႔ ျပန္လာလိုက္သည္။ တစ္ေနကုန္လႈပ္ရွားရသျဖင့္ ပင္ပန္းေနသည့္တိုင္ သူမနားႏုိင္...။
အကၡရာအတြက္ ေတြးပူေနမိသည္။ သူမႏွင့္ အဆက္အသြယ္မရတာ သံုးရက္ရွိေခ်ျပီ။
သူမ... တစ္ခုခုျဖစ္သြားခဲ႔ျပီလား
အေတြးကိုအလိုမက်စြာ ခ်က္ခ်င္းေမာင္းထုတ္ပစ္လိုက္သည္။ ဘယ္နည္းနဲ႔မွသူမကို သူအထိခိုက္မခံႏုိင္ပါ..။
ဒီခံစားခ်က္က မႏွစ္ျမိဳဖြယ္ေကာင္းေနသည့္တိုင္ ေသခ်ာသည္ကေတာ့ သူအကၡရာကို သိပ္လြမ္းေနျပီျဖစ္သည္။
ဟုတ္တယ္.. ႏႈးညံ႔ေသာသူမအသံေလးကို သူအရမ္းလြမ္းေနခဲ႔ရာ..
"တီ..တီ...တီ"
ဖုန္းျမည္သံက သူ႔အလြမ္းေတြကိုေႏွာင့္ယွက္ပစ္သည္။ မေက်မနပ္ျဖင့္ ဖုန္းယူၾကည့္လိုက္ေတာ့...
အကၡရာ.....
စိတ္လႈပ္ရွားစြာျဖင့္ ဖုန္းကိုင္လိုက္ရင္း
"အကၡရာ မင္းဘယ္မွာလဲ အဆင္ေျပရဲ႔လား မင္းဘယ္ေတြေပ်ာက္ေနသလဲ ဘာေတြျဖစ္သြားေသးလဲ"
"ေျဖးေျဖးေျပာပါ မင္းအစားငါေမာလိုက္တာ "
သို႔ေသာ္သူေမွ်ာ္လင့္သလို အကၡရာအသံမဟုတ္ခဲ႔ပါ။ ျပင္းရွရွေယာက်ာၤးတစ္ေယာက္အသံေၾကာင့္ သူမ်က္ေမွာင္က်ံဳ႕မိရင္း
"မင္း..ဘယ္သူလဲ"
"စ၀္ခြန္မင္းဆက္ "
သူ႔ႏူတ္ခမ္းေတြ တင္းခနဲ႔ျဖစ္သြားရင္းႏွင့္
"အကၡရာ...ဘယ္မွာလဲ"
"အိပ္ေနတယ္..ငါ့နားမွာ.."
"ဘာ..."
တစ္ဖက္ကရယ္သံကခံရခက္ဖြယ္ ထြက္လာၿပီး
"မင္းဘာေတြေတြးေနလဲ. သူေနမေကာင္းဘူး မင္းေၾကာင့္ စိတ္ပင္ပန္းလူပင္ပန္းျဖစ္ေနရွာတယ္ စိတ္မပူပါနဲ႔ သူအဆင္ေျပပါတယ္ "
"ဘာကိစၥ.. ငါ့ဆီဖုန္းဆက္ရသလဲ"
"ငါ့ဇနီးေလာင္းကို ထပ္ျပီးစိတ္အေႏွာင့္အယွက္ မေပးပါနဲ႔ ယမ္းစက္ရွင္... "
"ဘာ.."
ေျပာၿပီးဖုန္းခ်လိုက္သံက ရင္ထဲသို႔ခပ္ျပင္ျပင္း လြင့္စင္လာ၏။ အံကိုတင္းတင္းၾကိတ္ထားရင္း ခံျပင္းမႈက ရင္ထဲတႏုံ႔ႏုံ႔...။
တစ္စံုတရာကြဲေၾကသြားသလား မသဲကြဲ။ ေသခ်ာသည္က နင္က်င္မႈက စူးစူးနင့္နင့္...။
အက္ရွသြားသည့္အရာအတြက္ ေၾကကြဲမေနခ်င္ပါ။ သို႔ေသာ္ ဆူးႏွင့္ပတ္သတ္၍ ရွင္းစရာသမိုင္းေၾကြးရွိေသးသည္။
ဆူးအတြက္ အကၡရာကို ငါစစ္ခင္းယူျပမယ္ စ၀္ခြန္မင္းဆက္
မာနေတြေအာက္မွာ အခ်ိဳ႕အရာက
လြင့္စင္လ်က္ႏွင့္......
ဆက္ရန္
ဆူးခတ္ပန္း
Unicode
Zawgyi
~~မြနန်းစံတော်~~
အပိုင်း(၂၂)
"အက္ခရာ.. "
အေးစက်စက်ခေါ်သံနှင့်အတူ စူးရှသောအကြည့်ကြောင့် ရင်ထဲလှပ်ခနဲ့။ သူ့ပုံစံကဘာလို့ရုတ်တရက်ပြောင်းလဲသွားပါလိမ့်
ဒါမှမဟုတ် အာကာကျော်မဟုတ်ဘူးဆိုသည့်အသိကြောင့် သူမစိတ်ထင်နေခြင်းလား. ..
"ဘယ်သူ့ဆီကဖုန်းမို့ လန့်နေရသလဲ"
ချက်ချင်းမဖြေရဲသေး။ ဖုန်းကိုယောင်ယမ်းပြန်ကောက်လိုက်ပြီး
"ဟို ယမ်းဆီကပါ သားသားနေမကောင်းဘူးဆိုလို့"
အသံမတုန်အောင်ထိန်းရင်း ကိုယ့်ကိုကိုယ်အားတင်းပစ်သည်။ သူဟာအာကာကျော်အဖြစ် သိထားသည့်ပုံစံနှင့်သာ သူမနေရမည်။ သူမသိပ်မူပျက်နေလို့မဖြစ်ပါ။ သူရိပ်မိပါက အန္တရယ်ရှိနိုင်သည်။
အတွေးဖြင့်ကြိုးစားပြုံးလိုက်ရင်း...
"အက္ခရာတို့မြနန်းစံတော်ကိုပဲပြန်ရအောင် အက္ခရာစိတ်ထဲ နေလို့မကောင်းလို့ပါ "
"ဘယ်ဟုတ်မလဲ မြို့ပြင်ဖက်ရူးခင်းလိုက်ကြည့်လိုက်ပါ စိတ်ပျော်သွားလိမ့်မယ်.."
"ဒါပေမယ့်..."
"လာ.. ဒီလိုအချိန်ကရူးခင်းကြည့်လို့အကောင်းဆုံးပဲ အက္ခရာစိတ်ကြည်သွားလိမ့်မယ်."
သူ..ဘာလို့အတင်းခေါ်နေပါလိမ့်။ ဇွတ်ငြင်းပြန်ရင်လည်း သံသယဝင်စရာကောင်းနေမည်။ ရွေးချယ်စရာလမ်းမရှိသည့်အဆုံး သက်ပြင်းလေးသာ ခိုးရိူက်ရင်း ရင်တထိတ်ထိတ်နှင့် လိုက်ပါလာရတော့၏။
ကားကမြို့ပြင်သို့ တရိပ်ရိပ်ပြေးလွှားနေဆဲ..
သူနှင့်အက္ခရာကြား မလိုအပ်ဘဲကြီးစိုးနေသည့် တိတ်ဆိတ်ခြင်းတို့က စိုးရွံ့ဖွယ်ကောင်းလှသည်။ ကြိုးစားထိန်းချုပ်ထားသည့်ကြားမှ ထိတ်လန့်မှုကြောင့် ဇောချွေးလေးတွေပျံကာ လက်လေးများပင် တုန်ယင်နေတော့သည်။
သူဘယ်သူလဲ ဘာဖြစ်လို့အာကာကျော်နေရာ ဟန်ဆောင်ရသလဲ ..
အတွေးဖြင့် ရုတ်တရက် အာကာကျော်နှင့်ပထမဆုံး တွေ့ဆုံသည့်နေ့ကို အမှတ်ရမိသည်။ သူနှင့်အတူ မြနန်းစံဂူသင်္ချိုင်းကိုသွားတော့ မျက်နှာရုပ်ပျက်ဆင်းပျက်နှင့် အမျိုးသမီး အလန့်တကြား ထွက်ပြေးဖူးသည်။
ပြီးတော့.. ဘွားနွံ၏ခါခါသီးသီးနှင်ထုတ်မှု...
ဘုရားရေ... ဒီလူဟာလူကောင်းမဟုတ်မှန်း သူတို့တွေစိတ်ထဲ ခံစားမိနေသလား။ မဟုတ်မှလွဲ၍ သူကမြနန်းစံတော်ကလူပဲလား
ဝင်လာသည့်အတွေးဆိုးကြောင့် ရင်ထဲထိတ်သွား၏။ ဘေးမှကားမောင်းနေသည့် အာကာကျော်၏မျက်နှာက တဖြည်းဖြည်းနှင့် အေးစက်လာသယောင်...
ဖျတ်ခနဲ့ပေါ်လာသည့်အကြံဖြင့် သူမတမင်မျက်နှာရူံ့ထားရင်း
"ဟို.. ရှေ့ကအိမ်လေးမှာ အက္ခရာကိုခဏရပ်ပေးပါလားဟင် အက္ခရာဗိုက်နာလာလို့ပါ. ကျွတ်ကျွတ်.."
သူကအက္ခရာမျက်နှာကို တစ်ချက်အကဲခတ်ပြီးမှ လမ်းဘေးက အိမ်လေးရှေ့ကားကိုထိုးရပ်လိုက်ပြီး..
"ကျွန်တော်...ကားပေါ်ကစောင့်နေမယ်"
"ဟုတ်ကဲ့...ကျေးဇူးပါ"
အက္ခရာ အိမ်ထဲခပ်သွက်သွက်လှမ်းဝင်လာလိုက်သည်။ အိမ်လေးထဲတွင်တော့ အဖွားအိုတစ်ယောက်နှင့် ကလေး၂ယောက်သာ ရှိသည်။ အက္ခရာ အကျိုးအကြောင်းပြောပြတော့ ခြံနောက်ဖက်သို့ လမ်းညွှန်လိုက်ပါရဲ့..
ခြံထဲမှာ အလုပ်သမားနှစ်ယောက်ကို တွေ့ရသည်။ သူမကိုတစ်ချက်သာလှမ်းကြည့်ပြီး ကိုယ့်အလုပ်သာ ဆက်လုပ်ကြသည်။ ဖုန်းကိုတစ်ချက်ကြည့်လိုက်တော့ no service..
အက္ခရာစဉ်းစားမနေတော့ပါ..။ ခြံစည်းရိုး သီးသန့်ခတ်မထားသဖြင့် အိမ်သာကိုကျော်ပြီး ဟိုးဖက်စိုက်ခင်းဆီသို့ ပြေးနိုင်သမျှ ပြေးသွားမိသည်။
ဘယ်သွားရမယ်မှန်း အက္ခရာမသိပါ။ အာကာကျော်ဟန်ဆောင်ထားသည့် ဒီလူသည် လူကောင်းမဖြစ်နိုင်ဘူးဆိုသည့်အသိဖြင့် သူမဝေးသထက် ဝေးအောင် ပြေးနေမိ၏။
ဘယ်လောက်ကြာအောင် ပြေးမိသည်မသိ.။ မခံရပ်နိုင်အောင် မောဟပ်လာမှ အက္ခရာအပြေးရပ်မိ၏။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ စိုက်ခင်းတွေနှင့် လူသူအရိပ်အယောင်မတွေ့မိ။ ဘယ်ရောက်နေသလဲမတွေးအား။ ခုချိန်သူမပျောက်သွားမှန်းသိ၍ ထိုလူလိုက်ရှာတော့မည်။
ထိုအတွေးဖြင့် အထိတ်တလန့်ပြေးမိပြန်၏။ ပြေးရင်း အားငယ်စိတ်တို့ဖြင့် မျက်ရည်အချို့ကပေါက်ခနဲ့...
အက္ခရာဘာဆက်လုပ်ရမလဲ။ မြနန်းစံတော်ကို ပြန်ရမလား.. ဒီလူဟာမြနန်းစံတော်ကလူဆိုရင် ပြန်ဖို့ရောလိုအပ်ပါရဲ့လား...
သူမအဖြစ်က သိပ်သနားစရာကောင်းလွန်၏။ သူမလူပ်ရှားသမျှကိုကြည့်ပြီး ဘယ်လောက်တောင် ဟားတိုက်ရယ်နေလိမ့်မလဲ.....
"ဂျိန်း....ဝေါ"
ရုတ်တရက်မိုးချိန်းသံကြောင့် အက္ခရာအလန့်တကြား ရပ်လိုက်မိ၏။ ဝေါခနဲ့မြည်သံနှင့်အတူ လေကခပ်ပြင်းပြင်းတိုက်လာရာ..
"ဟင့်အင်း.....မရွာပါနဲ့.."
သူမ... ဆုတောင်းလေးမပြည့်ရှာပါ။ မကြာလိုက်ပါ မိုးကတဝုန်းဝုန်း ရွာချလာတော့၏။ မိုးနှောင်းကာလ ဆောင်းအကူးလေးမှာ ဒီဒေသဒီနယ်မြေက အတော်လေး အေးနေပြီဖြစ်သည်။
ခုလိုမိုးသည်းချိန်ဆို.. ဆိုဖွယ်ရာမရှိတော့ပါ။ ခန္ဓာကိုယ်ပေါ် တဖြောက်ဖြောက် ကျလာသည့် မိုးရေစက်တို့ကြောင့် စိမ့်ခနဲ့နေအောင်ဖြစ်ရသည့် အအေးဒဏ်ကို အံကြိတ်ထားရင်း ဦးတည်ရာမဲ့လျှောက်သွားနေမိတော့သည်။
ဟိုး....ရှေ့မှာတဲပျက်လေးတစ်လုံးပါလား။
ဝမ်းသာအားရနှင့်မိုးဝင်ခိုရင်း ကွပ်ပျစ်လေးပေါ် အရုပ်ကြိုးပြတ်ထိုင်ချလာမိ၏။ အအေးဒဏ်နှင့်အတူပင်ပန်းမှုကြောင့် မကြာလိုက်ပါ။ လူကမှေးခနဲ့အိပ်ပျော်သလိုဖြစ်သွားသည်။
"ဖျတ်....ဖျတ်"
ခြေသံကြောင့် ဖျတ်ခနဲ့လန့်နိူးလာတော့ မိုးက တိတ်နေပြီဖြစ်သည်။ ညနေဆည်းဆာက မိုးရွာအပြီး ပို၍ရွှန်းလက်တောက်ပနေတော့၏။
သို့သော် အက္ခရာမသာယာနိုင်ပါ။ အထိတ်တလန့်နှင့် နောက်ကိုလှည့်ကြည့်လိုက်တော့....
"ဟင်...ရှင်..ရှင်"
ကြောက်မက်ဖွယ်အပြုံးနှင့်သူ.. သူမရှိရာသို့ အေးအေးဆေးဆေးဟန်ဖြင့် လျှောက်လာရင်း
"ဘာလို့ပြေးနေရသလဲအက္ခရယ် အပင်ပန်းခံလို့ ကြည့်စမ်း မိုးရေတွေတောင်ရွဲလို့ပါလား ဖျားတော့မှာပဲကွာ"
"ရှင်ဘယ်သူလဲ..."
ကြောက်ရွံ့တုန်လှုပ်စွာမေးလိုက်သော အက္ခရာကိုကြည့်ပြီး သူကဟက်ခနဲ့ရယ်လိုက်ကာ
"ကိုယ်လား...အာကာကျော်လေ "
"မဟုတ်ဘူး.. ရှင်အာကာကျော်မဟုတ်ဘူး ရှင်ဘယ်သူလဲ ဘာကိစ္စအာကာကျော် ဟန်ဆောင်ရသလဲ"
"မေးခွန်းတွေကများလိုက်တာ အက္ခရာရယ်"
"အာကာကျော်...ဘယ်မှာလဲ"
လှောင်ပြုံးနေသောသူ့နူတ်ခမ်းက တင်းတင်းစေ့သွားပြီး
"သေပြီ.."
"ဟင်..."
အထိတ်တလန့်နှင့်ထပြေးဖို့ပြင်တော့ သူက အက္ခရာလက်ကို ဖျတ်ခနဲ့လှမ်းဆွဲလိုက်ပြီး..
"ဘယ်ပြေးမလို့လဲ.. မင်းပြေးလည်းမလွတ်ဘူး အက္ခရာ အပင်ပန်းမခံချင်စမ်းပါနဲ့.."
"ဟင့်အင်း... လွတ်.. အက္ခရာကို ခုချက်ချင်းလွတ်ပေး"
ကြောက်လန့်တကြားနှင့် အသဲအသန်ရုန်းကန်နေသော အက္ခရာကြောင့် သူဒေါသထွက်သွားဟန်ဖြင့်
"တောက်.. ဒီလောက်တောင်ဖြစ်နေတယ် ကဲဟာ.."
"ဖြန်း..."
"အား..."
မညာမတာရိုက်ချက်က ပါးတစ်ဖက်သို့ ရက်ရက်စက်စက်။ ပြင်းရှသောနာကျင်မှုနှင့်အတူ ခေါင်းတွေချာချာလည်ရင်း အက္ခရာအရုပ်ကြိုးပြတ်လဲှကျသွားရင်း မေ့မျောသွားရသည်။
ဘယ်လောက်ကြာအောင် မေ့သွားသည်မသိ.။ မျက်နှာပေါ် တပေါက်ပေါက်ကျနေသည့် မိုးစက်တို့ကြောင့် ပြန်သတိရလာတော့ ခေါင်းတွေက မူးဝေနေဆဲ..
နူတ်ခမ်းတောင့်မှာ သွေးအချို့ကစွန်းထင်လို့။ အက္ခရာ မညည်းနိုင်ရှာသေးပါ။ ပတ်ဝန်းကျင်ကိုကြည့်တော့ ပိုပြီးထိတ်လန့်သွားရ၏။
မြနန်းစံဂူသင်္ချိုင်း အနီးရောက်နေပါလား...
ကမန်းကတမ်းလူးလဲထတော့ လူကဟန်ချက်ပျက်ပြီး ပြန်လဲသွားသည်။ ထိုအဖြစ်ကိုကြည့်ပြီး အုပ်ဂူတစ်ခုပေါ်တက်ထိုင်နေသည့် အာကာကျော်က သဘောကျစွာ ရယ်လိုက်ရင်း
"သိပ်လည်းစိတ်မလှုပ်ရှားပါနဲ့ဦး ဒီထက်စိတ်လှုပ်ရှားစရာတွေ မင်းကြုံရဦးမှာပါ..."
အက္ခရာစက်ဆုပ်စွာနှင့်သူ့ကိုဆတ်ခနဲ့ မော့ကြည့်လိုက်မိသည်။ မထီတရီအပြုံးတို့ဖြင့် ရွံ့မုန်းဖို့ကောင်းလိုက်လေခြင်း...
တစ်ချိန်လုံး ဖော်ရွေနွေးထွေးဟန်ဖြင့် သူမနားဟန်ဆောင်နေခဲ့သည်။ အခုမျက်နှာဖုံးတွေကွာကျမှ ဒီလူဟာ အင်မတန်သွေးအေးရက်စက်မှန်းအက္ခရာသိရတော့သည်။ အာကာကျော်သေပြီဆိုတော့ အာကာကျော်အစစ်ကို သူသတ်လိုက်သလား...
အတွေးဖြင့်အံကို တင်းခနဲ့ကြိတ်ထားမိသည်။ ပါးတစ်ဖက်က စပ်ဖျင်းဖျင်းနှင့် ခံရခက်အောင်နာနေဆဲ....။
"ရှင်ဘယ်သူလဲ အာကာကျော်ကို ရှင်သတ်လိုက်သလား "
"ဟုတ်တယ် ငါသတ်လိုက်တာ "
"ရှင်...ရှင်တော်တော်ယုတ်မာတဲ့လူ တစ်ချိန်လုံး ဟန်ဆောင်နေခဲ့တဲ့ လူယုတ်မာ "
"ဟား...ဟား မင်းတို့ကိုမင်းတို့ သိပ်လည်လှပြီ ထင်ပြီး မြနန်းစံတော်နဲ့ကစားနေသလား အက္ခရာမေ ကျွတ်ကျွတ် သနားဖို့ကောင်းလိုက်တာ "
ဟားတိုက်ရယ်လိုက်ပုံက စက်ဆုပ်ဖွယ်အတိ။ တစ်ချိန်လုံးကစားခံခဲ့ရသည့် ကိုယ့်အဖြစ်အတွက်လည်း အက္ခရာရင်နာမိသည်။ စက်ဆုပ်ဖွယ်ရယ်သံအဆုံးတွင် သူအက္ခရာကိုစေ့စေ့ကြည့်ပြီး
"လူကောင်းတစ်ယောက်ဟန်ဆောင်ရတာ ဘယ်လောက် ပင်ပန်းလဲသိလား.. တကယ်တော့ ငါကသိပ်ဆာလောင်နေတာကွ ထောင်ကျပြီးကတည်းက မိန်းမနဲ့ ကင်းကွာရတာကြာပြီ "
ပြောရင်း သူမနားလျှောက်လာသဖြင့် အက္ခရာ အလန့်တကြားထရပ်မိရင်းနှင့်..
"ရှင်..ရှေ့မတိုးလာနဲ့နော် "
"သူတို့ကမင်းကိုသတ်ပစ်လိမ့်မယ် ဒီတိုင်းသေခိုင်းရမယ် နှမျောဖို့ကောင်းလွန်းတယ် မင်းကသိပ်လှတဲ့မိန်းကလေးပဲ အက္ခရာ အစကတော့ ငါဒီလိုစိတ်မျိုးမရှိပါဘူး ဒါပေမယ့် ငါ့တသက်မှာ ဒီလိုမိန်းကလေးမျိုးနဲ့ တစ်ခါကြုံဖူးချင်တယ် သတ်ပစ်မယ့်အတူတူ မင်းကိုဒီလိုလုပ်ရင် သူတို့ငါ့ကိုအပြစ်မတင်လောက်ပါဘူး ဟားဟား"
ရုတ်တရက်စိတ်ရိုင်းဝင်လာကာ သူမအပေါ်စိတ်ပြောင်းသွားပုံရသော သူ့အပြုအမှုကြောင့် အက္ခရာသွေးပျက်နေမိစဉ်....
"ဒုတ်...."
"ခွပ်...."
"အား..."
ပြင်းထန်သောရိုက်ချက်တစ်ခုနှင့်အတူ အာကာကျော်လဲှကျသွားသဖြင့် အက္ခရာမှင်သက်သွားမိသည်။ အာကာကျော်ကို နောက်ကနေတုတ်နှင့် ရိုက်လိုက်သူက...
ရုပ်ပျက်ဆင်းပျက်မျက်နှာနှင့်မိန်းကလေး
သတိလစ်သွားသည့်အာကာကျော်ကို တစ်ချက်ကြည့်ကာ ချာခနဲ့လှည့်ထွက်သွား၏။ ရုတ်တရက်မို့အက္ခရာကြောင်နေရင်းမှ သတိဝင်လာကာ....
"ခဏနေပါဦး..."
သူမလှည့်မကြည့်ပါ။ မြနန်းစံဂူသင်္ချိုင်းတွင်း ပြေးဝင်သွားသဖြင့် အက္ခရာနောက်ကနေ ပြေးလိုက်လာရင်း
"ခဏလောက်ပါပဲ. အက္ခရာရှင့်ကိုကျေးဇူးတင်လို့ပါ.."
သူမ..ဆက်သွားမြဲ။ မိုးကတပေါက်ပေါက်ကျလာပြန်၏။ မြနန်းစံအုတ်ဂူရှေ့အရောက် အက္ခရာမလိုက်နိုင်တော့သဖြင့် ရပ်လိုက်ပြီး နူတ်ကလွတ်ခနဲ့ခေါ်လိုက်မိသည်က..
"နန်းဒေစီယာ..."
ရုတ်တရက်သူမခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွားသဖြင့် အက္ခရာအားတက်မိကာ
"နန်းဒေစီယာ..."
ဒုတိယခေါ်သံအဆုံး သူမချာကနဲ့လှည့်ကြည့်လာ၏။ တောက်ပသောမျက်ဝန်းအစုံမှာ မျက်ရည်စတို့ကလက်ခနဲ့..
အက္ခရာသူမကို နာကျင်စွာငေးကြည့်ရင်း..
"ရှင်က တကယ်ပဲ နန်းဒေစီယာလား "
သူမ...မဖြေပါ။ သို့သော်မျက်ရည်အချို့က စီးကျလာ၏။ ညနေဆည်းဆာက မိုးရွာနေလို့ထင်ပါ့... ညှို့မိူင်းလို့နေသည်။
သို့သော်သူမမျက်ရည်တို့က လင်းလက်နေပါလား.။ တဖြောက်ဖြောက်ရွာသွန်းနေသည့် မိုးရေစက်တို့က သူမမျက်ရည်ကို သယ်ဆောင်မသွားနိုင်ခဲ့ပါ....။
သူမထံမှ တစ်စုံတရာသောအဖြေထွက်မလာသဖြင့် အက္ခရာသက်ပြင်းရိူက်မိရင်း...
"ဘယ်သူ... ရှင့်ကိုဒီလိုလုပ်ခဲ့သလဲဟင်"
သူမတိတ်ဆိတ်နေဆဲ....။ အတန်ကြာမှ သူမဆီထွက်လာသောစကားက အက္ခရာမျှော်လင့်သလို မဟုတ်ခဲ့ပါ....
"မြနန်းစံ. သခင်လေးချစ်ရသူအနေနဲ့ ကျွန်မရှင့်ကိုသိပ်မုန်းခဲ့တယ် ဒါပေမယ့် ရှင်ကကျွန်မတို့အားလုံးရဲ့မျှော်လင့်ချက်ပါ ကျွန်မကိုကျေးဇူးမတင်ပါနဲ့ ကျွန်မတို့မျှော်လင့်ချက်တွေကိုသာ ဖြည့်ဆည်းပေးပါ ကျွန်မတို့အရမ်းပင်ပန်းနေပြီ.."
သူမနူတ်ဖျားမှစကားတို့က နာကျင်မှုကြောင့် လှိုက်ခါလို့။ တစ်ခါတခါ စိတ်ဖောက်ပြန်တတ်သောသူမက ခုတော့ လူကောင်းတစ်ယောက်နှယ် တည်ငြိမ်လို့ပါလား။
အက္ခရာဆွံ့အနေမိစဉ် သူမလှည့်ထွက်သွားကာ အုပ်ဂူတွေကြား တိုးဝင်ပျောက်ကွယ်သွား၏။
သတိဝင်လာရင်းကြည့်တော့ ထိုမိန်းကလေး မရှိတော့ပါ...။
ထိုနေရာမှာပင် အက္ခရာမတုန်မလှုပ် ရပ်နေမိသည်။ ရိူက်ထုတ်လိုက်တဲ့ အသက်ရှူသံတွေထဲမှာ နာကျင်ခြင်းတွေက တဆစ်ဆစ်..
သူမဘာဆက်လုပ်ရမလဲ..။ ဘယ်သွားရမလဲ.
အပြန်လမ်းတွေမဲ့နေခဲ့လေပြီ။ မြနန်းစံတော်က သူမရည်ရွယ်ချက်တွေသိနှင့်နေပြီဆို သူမဘာဆက်သွားလုပ်ရမလဲ
သို့သော်သူမမှာသွားစရာနေရာမရှိပါ။ ခုနေတစ်ခါတည်း သေဆုံးသွားရင် ဘယ်လောက်တောင်ကောင်းလိုက်လေမလဲ ..
မျက်ရည်ပူများက ပါးထက်ဝယ်တလိမ့်လိမ့်စီးကျလာ၏။ မိုးကတိတ်သွားသည့်တိုင် မျက်ရည်မိုးများက တခြိမ့်ခြိမ့် ရွာသွန်းနေဆဲ..
မြနန်းစံအုတ်ဂူရှေ့တွင် အရုပ်ကြိုးပြတ် ထိုင်ချပြီး အက္ခရာစိတ်လွတ်ကိုယ်လွတ် အားပါးတရငိုချမိ၏။ မိုးရေစိုစွတ်နေသည့် ခန္ဓာကိုယ်က အေးစက်နေသည့်တိုင် ရင်ထဲအပူတွေကတော့ နှလုံးသားကိုပင်ပြာကျလုမတက် ပြင်းရှပူလောင်နေ၏။
မြနန်းစံအုတ်ဂူကိုငေးကြည့်ရင်း နူတ်ခမ်းကိုပြတ်လုမတက် ဖိကိုက်ထားမိကာ..
"ဟင့်အင်း.... မြနန်းစံက အက္ခရာမဟုတ်ဘူး အက္ခရာ ကိုယ့်ကိုကိုယ်တောင် ဘယ်ချိန်သေမလဲမသိတာ ဘယ်လိုလုပ်ရှင်တို့ကိုကယ်နိုင်မလဲ ရှင်တို့မျှော်လင့်ချက်တွေက အက္ခရာကို အရမ်းပင်ပန်းစေတယ် အရမ်းနာကျင်စေတယ် အက္ခရာဘာမှမတတ်နိုင်ဘူး ကျေးဇူးပြု၍ ဖိအားတွေမပေးပါနဲ့လား မြနန်းစံရဲ့ လောင်းရိပ်ကနေ အက္ခရာလွတ်မြောက်ချင်တယ် ဘယ်သူကရော အက္ခရာကိုကယ်တင်မလဲ..."
သူမနာနာကျင်ကျင်ငိုမိ၏။ သို့သော် သူမငိုသံကို ဘယ်သူမှမကြားနိုင်ခဲ့ပါ..။
ထိုစဉ်ရုတ်တရက် သူမကိုယ်လေးပေါ်သို့ နွေးထွေးသောအဝတ်တစ်စုံဖြင့် တစ်စုံတယောက် လွှမ်းခြုံပေးလိုက်ရာ...
အလန့်တကြားနှင့် ဖျတ်ခနဲ့မော့ကြည့်လိုက်တော့..
"သခင်လေး..."
သူ..ပြုံးလိုက်သည်။ ထိုအပြုံးက နွေးထွေးလွန်းသဖြင့် အက္ခရာရင်ထဲထိအောင် တိုးဝင်လာတော့၏။
"မင်း.. အရမ်းအေးနေပြီမဟုတ်လား ကိုယ့်အနွေးထည်လေး ခဏဝတ်ထားလိုက်ပါ..."
တကယ်လည်းခိုက်ခိုက်တုန်အောင် ချမ်းနေပြီမို့ အက္ခရာ မငြင်းမိပါ။ သူ့အနွေးထည်လေးခြုံရင်း လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင် ပိုက်ထားသည့်အက္ခရာက မျက်ရည်လေးဝဲလျက် သူ့ကိုမော့ကြည့်နေဆဲ....
သူမဘာဖြစ်လာသလဲ...။ ဘာလို့ဒီနေရာမှာ ငိုကြွေးနေရသလဲ
သူ....မမေးပါ။ သူမမျက်ရည်တွေကိုသုတ်ပေးရင် သူမခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထွေးပွေ့ထားလိုက်ကာ..
"မကြောက်ပါနဲ့ ကိုယ်ရှိနေသေးသရွေ့မြနန်းစံတော်မှာ မင်းဘာမှမဖြစ်စေရဘူး ကိုယ်ကတိပေးတယ်"
ထို့နောက်မြနန်းစံအုတ်ဂူလေးကို စူးစူးစိုက်စိုက်ကြည့်ရင်း
"မင်းတစ်ခါပဲသေရမယ် နောက်တစ်ခါ ဘယ်သူမှမင်းကိုမသတ်စေရဘူး အဲ့ဒီလိုဖြစ်ခွင့်ကိုယ်မပေးဘူး "
"အို..."
ရင်ထဲဘာရယ်ကြောင့်မသိ လှိုက်ခနဲ့။ ထိန်းထားသည့်ကြားမှ မျက်ရည်အချို့က ပေါက်ခနဲ့....
သူကသူမနှဖူးလေးကိုဖွဖွနမ်းလိုက်ရင်း...
"ပြန်ရအောင်... မင်းအရမ်းအေးနေပြီ မေ "
သူမ..မငြင်းပါ။ အားကိုးရာလက်တစ်စုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မြနန်းစံတော်ပြန်ရာ လမ်းတလျှောက် သူမခြေလှမ်းတွေ ထုံကျင်နေခဲ့၏။
ခုနနေရာလေးအဖြတ်တွင်တော့ အာကာကျော်ရှိမနေတော့ပါ။
သူဘယ်ရောက်သွားလဲ. အက္ခရာ မတွေးအားပါ။ သခင်လေး ဘာလို့ဒီနေရာရောက်လာသလဲ...
သူမ...မတွေးချင်ပြန်တော့ပါ။ သို့သော် သူမအတွေးကို ရိပ်မိဟန်ဖြင့် သူကတစ်ချက်ပြုံးလိုက်ပြီး...
"မထူးဆန်းပါဘူး မင်းငိုသံတွေကိုယ်ကြားနေရလို့ပါ "
စကားတွေက တမင်အလှဆင်မထားပါ..။ သို့သော် သူမရင်ထဲခမ်းနားလို့နေ၏။ တစ်ခါတခါ ချစ်ခြင်းတွေက လွင့်ပြယ်သွားပြန်သည်..
သေချာသည်ကဒီညခင်းမှာသူဟာ... အက္ခရာအတွက် ကောင်းကင်တစ်ခုဖြစ်ခဲ့လေပြီ....။
မျက်ရည်တွေကိုသူ့ရင်ဘတ်ထဲ ငိုချပစ်ရင်းနှင့်....။
။............................................... ။
အက္ခရာဆီ ဖုန်းခေါ်လို့မရတော့သဖြင့် သူ့စိတ်တွေ ပူလောင်ပြင်းရှလို့နေသည်။
ခေါ်လို့မရသည့်ဖုန်းကိုပဲ ထပ်ခါထပ်ခါခေါ်ရင်း သူမအတွက် ပူလောင်စိတ်က သူ့ကိုသူပင်မယုံချင်မိသည်အထိပင်...။
သူပို့လိုက်တဲ့အာကာကျော်... ဘယ်ရောက်သွားလဲ
ဘာလို့တစ်ခြားတစ်ယောက်က အာကာကျော်ဟန်ဆောင်နေရသလဲ။ ဟန်ဆောင်နေတယ်ဆိုကတည်းက သူ့ရည်ရွယ်ချက်တွေ သိနေလို့ပဲမဟုတ်လား
ဒါဆိုအက္ခရာအတွက် အန္တရယ်မကင်းနိုင်တော့ပါ
အတွေးဖြင့် ရင်ထဲတင်းခနဲ့။ တစ်စုံတရာကို ပြတ်သားစွာဆုံးဖြတ်ပြီး ထရပ်လိုက်စဉ်...
"ကိုယမ်း..."
အသံဖျော့ဖျော့လေးနှင့်အတူ ရောက်လာသူက သားသား။ သားသားမျက်နှာလေး မကောင်းသဖြင့် သူမျက်မှောင်ကျုံ့မိရင်း
"ဘာဖြစ်လို့လဲ..သားသား"
"သား မမကိုအိမ်မက်တယ် အိပ်မက်မကောင်းဘူး အိပ်မက်ထဲမှာ မမက.."
"ဘာ...ဘယ်လို"
"မမပြန်မလာနိုင်တော့ဘူးတဲ့ သားသား လိမ်လိမ်မာမာနေတဲ့ မမမျက်နှာလေးကညှိုးနေတာပဲ ပြီးတော့မမကလေ မီးတောက်ကြီး တစ်ခုထဲဝင်သွားတယ် ပြန်မထွက်လာတော့ဘူး"
သူ့မျက်နှာကွက်ကနဲ့ပျက်သွားပြီးမှ ဟန်ဆောင်ပြုံးလိုက်ပြီး
"အိပ်မက်ပဲကွာ စိတ်ထဲမထားစမ်းပါနဲ့ မင်းအစ်မ ဘာမှမဖြစ်ဘူး ဟုတ်ပြီလာ "
"သားစိတ်ထဲတစ်မျိုးပဲ မမဆီဖုန်းခေါ်ပေးလို့ရမလားဟင် သားမမအတွက် စိတ်ပူတယ်"
သူဘာပြောရမယ်မှန်းပင်မသိတော့။ သူကိုယ်တိုင် တစ်ညနေလုံးဖုန်းခေါ်နေတာမဟုတ်လား
သားသားပုခုံးနှစ်ဖက်ကို သူကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း
"စိတ်မပူပါနဲ့ကိုယ်မနက်ဖြန်ကျ မင်းအစ်မကို သွားခေါ်မလို့ပါ"
"ဗျာ....တကယ်ပြောသလား.."
"လိမ်စရာလားကွာ စိတ်အေးအေးသာထား ဟုတ်ပြီလား မင်းအစ်မကို ကိုယ်အပြီးခေါ်လာခဲ့မယ် "
သားသားမျက်ဝန်းအစုံက ဝင်းလက်တောက်ပလာရင်း
"ကျေးဇူးပါဗျာ.. မမကိုသားအရမ်းလွမ်းနေတာ မမကိုသားဆီဆက်ဆက်ခေါ်လာခဲ့ပါနော် သားစောင့်နေမယ် သားကိုကတိပေးပါ မမကိုခေါ်လာပေးမယ်ဆိုတာ.."
ထိုစကားအတွက် ဘာကြောင့်မှန်းမသိသူ့ရင်တွေ လေးလံနေမိသည်။ သားသားမသိအောင် သက်ပြင်းရိူက်မိရင်း
"ကတိပေးပါတယ်ကွာ"
သူ့စကားက အသက်မဲ့သလိုပင်ခံစားနေမိသည်။ ဒါကိုသူအလိုမကျချင် ။ ပူလောင်နောက်ကျိနေသောစိတ်တို့ဖြင့် ဒီညသူဘယ်လိုမှ မအိပ်စက်နိုင်ခဲ့ပါ..။
တစ်ညလုံးအပြစ်ကင်းစင်သော သူမ၏မျက်နှာလှလှလေးကို မြင်ယောင်ရင်း ပူလောင်စိတ်တို့ဖြင့် နေမထိထိုင်မသာဖြစ်ရသည်။
ဘဝမှာ ပထမဆုံးသူစိမ်းမိန်းကလေးတစ်ယောက်အတွက် သူအိပ်ရေးပျက်ခဲ့ခြင်းပင်။ သို့သော်ထိုအတွေးထက် အက္ခရာအတွက် စိုးရိမ်စိတ်က သူ့ကိုပို၍နှိပ်စက်နေခဲ့သည်။
တစ်ညလုံးခက်ခဲပင်ပန်းစွာဖြတ်သန်းပြီး မနက်ရောက်သည်နှင့် သူမဆိုင်းမတွပင်ခရီးထွက်ဖို့ပြင်ဆင်တော့သည်။
သူမရှိရာမြို့သို့အမြန်ဆုံးလာသည့်တိုင် သူ့စိတ်ထဲမှာ ကြန့်ကြာလွန်းသလို ခံစားနေရသည်။ တောင်ပေါ်မြို့လေးကိုရောက်တော့ အခြေအနေများက သူထင်ထားသည်ထက်ပို၍ ရူပ်ထွေးနေခဲ့သည်။
ထိုလူက အာကာကျော်အဖြစ်ဟန်ဆောင်ရုံသာမက သူအမြဲဌားနေသည့် သစ်လုံးအိမ်တွင်ပါ တစ်ချိန်လုံးနေထိုင်ခဲ့သည်။ သူတစ်ခြားနေရာမှ အိမ်တစ်လုံးအမြန်ရှာဌားရတော့သည်။
ထိုသူကဘယ်သူလဲ..
သူအရင်ဆုံးဖော်ထုတ်ရမည်
မဆိုင်းမတွပင် တောင်ပေါ်မြို့လေးရဲ့တစ်ခုတည်းသောရဲစခန်းသို့ သူသွားလိုက်သည်။ ကံတရားကဒီတစ်ခါသူ့ကို ညှာတာလိုက်သလား.
အသစ်ရောက်လာသည့်စခန်းမှုးက နိုင်ငံခြားမှာတုန်းက ခင်ခဲ့တဲ့မိတ်ဆွေဖြစ်နေသည်။ ဝမ်းမြောက်မှုက ဆိုဖွယ်ရာမရှိတော့ပါ။ ထွေရာလေးပါပြောပြီး သူ့ကိစ္စကို အတိုချုပ်ပြောတော့.
စခန်းမှုးကိုသူရိန်က ခေါင်းတစ်ညိတ်ညိတ်နှင့်..
"ကိုယ်လည်းမြနန်းစံတော် သတင်းတွေကြားရတယ် အရင်စခန်းမှုးဟောင်းဆီကနေ သိရသလောက်တော့ မြနန်းစံတော်မှာ ပိတ်လိုက်တဲ့အမှုတွေအများကြီးရှိတယ် သရဲတွေဘာတွေက ကိုယ်တို့အပိုင်းမဟုတ်ပါဘူး တစ်ချို့လူပျောက်တာ လူသေတာကတော့ ဥပဒေဘောင် ကျော်သွားပြီး ဒါပေမယ့်လုံလောက်တဲ့ သက်သေပြစရာမရှိတာခံရခက်တယ်ကွာ အခုငါ့ညီဆီကသိရသလောက်ဆို ကိုယ်တို့ဒီအမှုတွေအတွက် ပြန်စလို့ရတယ် အတူပူးပေါင်းကြတာပေါ့ "
"ကျွန်တော်လည်းဆူးပျောက်သွားတဲ့နောက်မှာ မြနန်းစံတော်နဲ့ရေစက်ဆုံရတော့တာပဲ ၂နှစ်ရှိပြီဗျာ ခုထိဘာမှမရေရာဘူး မြနန်းစံတော်ရဲ့အာဏာကသိပ်ကိုကြီးမားတယ် မရေရာဘဲ လုပ်လို့မရလို့ ခုထိငြိမ်ခံနေရတာဗျာ.."
"ဒါနဲ့ခုန ငါ့ညီပျောက်သွားလို့တိုင်ချက်လာဖွင့်တာ ဘယ်သူ"
"အာကာကျော်ပါ.... ဒီမှာသူ့ဓာတ်ပုံ"
အသင့်ပါလာသည့်ဓာတ်ပုံကိုထုတ်ပြတော့ ကိုသူရိန်က အတန်ကြာစိုက်ကြည့်ပြီး...
"ပြောရမှာစိတ်မကောင်းဘူးဗျ ကျွန်တော်တို့ လွန်ခဲ့တဲ့သုံးရက်က မြို့ပြင်ချောက်ထဲမှာ အလောင်းတစ်ခုတွေ့တယ် ထင်းရှာတဲ့အဘိုးကြီးတွေ့လို့ လာအကြောင်းကြားထားတယ် အလောင်းကရုပ်တော့ပျက်နေပြီ ဟုတ်မဟုတ်တော့ မသေချာဘူး"
"ဗျာ...ဆိုလိုချင်တာက"
"ကိုယ်လည်းတပ်အပ်မပြောနိုင်ဘူး ဒီလိုလုပ်ပါလား သေချာသွားအောင် ငါ့ညီအစ်ကိုနဲ့ဆေးရုံလိုက်ခဲ့လိုက် တစ်ခါတည်းဝင်ကြည့်ပြီး ဆုံးဖြတ်လို့ရတာပေါ့"
"ဟာ..ပိုကောင်းတာပေါ့ ကျေးဇူးပါဗျာ "
ဆေးရုံက ရေခဲတိုက်ရောက်တော့ အဖြေရလဒ်က မကောင်းတော့ပါ။ အလောင်းကရုပ်ပျက်နေလို့ သိပ်မသေချာသည့်တိုင် ဝတ်ထားသည့်အဝတ်အစားတွေက အာကာကျော်မှန်း တပ်အပ်ညွှန်ပြနေပြီဖြစ်သည်။ ဒီအဝတ်အစားတွေ သူရင်နှီးခဲ့ဖူးသည်။
သက်ပြင်းအသာချလိုက်ရင်းလေးပင့်စွာဖြင့်
"ဟုတ်တယ်အကို သူကအာကာကျော်ပဲ"
ကိုသူရိန်ကစိတ်မကောင်းစွာဖြင့် သူပုခုံးတစ်ချက်ပုတ်လိုက်ရင်း
"စိတ်မကောင်းပါဘူးငါ့ညီရာ ဘာဖြစ်ဖြစ် သူ့ကိုသတ်တဲ့ တရားခံကိုတော့ ကိုယ်တို့ကြိုးစား ဖော်ထုတ်ပေးပါ့မယ်"
တရားခံ....။ ဖျတ်ခနဲ့အာကာကျော် ဟန်ဆောင်ထားသူကို ပြေးမြင်ယောင်မိသည်။ အဖြစ်နိုင်ဆုံးက သူပဲဖြစ်မည်..
ချက်ချင်းဖုန်းထုတ်လိုက်ပြီး အက္ခရာပို့ထားသည့်ပုံကိုပြကာ
"အစ်ကိုသူ့ကိုသိမသိ တစ်ချက်စခန်းကလူတွေ မေးပေးလို့ရမလားဗျာ ဒါမှမဟုတ်အမှုတွဲထဲရှိမရှိကူညီရှာပေးပါဦး အရေးကြီးလို့ပါ "
"ဟုတ်ပြီ. ဒါဆိုကိုယ်တို့စခန်းပြန်သွားရအောင်"
စခန်းရောက်တော့ သိပ်အပင်ပန်းမခံလိုက်ရပါ။ နယ်မြေမှူးက သူ့ကိုကောင်းကောင်းသိနေသည်။
"သူ့နာမည်ကမင်းကို ဒီကောင်ကလူဆိုးပဲဗျ မူးယစ်ရမ်းကားပြီး ပြသာနာခဏခဏရှာတယ် မိန်းမလည်းလိုက်စားတယ် တစ်ခါက ရန်ဖြစ်ရင်း ခြေလွန်လက်လွန်ဖြစ်ပြီး တစ်ဖက်ကလူသေလို့ ထောင်ကျသွားတယ်"
"ပြန်လွတ်လာတာကြာပြီလားဗျာ "
"သိပ်မကြာသေးဘူးထင်တယ် အော်ပြောဖို့မေ့နေတာ သူကမြနန်းစံတော်က ခြံစောင့်ဦးနက်နဲ့တူဝရီးတော်တယ် "
"ဗျာ..."
ဒီစကားကသူ့ရင်ကို မီးစနှင့်ထိုးလိုက်သည့်အလား ။ ဒီလိုဆိုမြနန်စံတော်က သူ့ရည်ရွယ်ချက်တွေသိသွားခဲ့ပြီလား...
သူမြနန်းစံတော်ကို တအားလျှော့တွက်ခဲ့မိသွားသလာ။ သေချာသည်က မရူးမလှရိုက်ချခံလိုက်ရပြီဖြစ်သည်။
ခံပြင်းမှုနှင့်အတူ ချက်ချင်းလိုအက္ခရာအတွက် စိုးရိမ်မိသွား၏။ အက္ခရာဘယ်နည်းနှင့်မှဘေးကင်းတော့မည် မဟုတ်ပါ။ အတွေးဖြင့် ရင်ထဲမီးစဝင်သည့်အလား ပူလောင်နေမိသည်။
စခန်းမှုး ကိုသူရိန်နှင့်ပြောစရာရှိတာ ပြောပြီးသည်နှင့် တည်းခိုရာနေရာသို့ ပြန်လာလိုက်သည်။ တစ်နေကုန်လှုပ်ရှားရသဖြင့် ပင်ပန်းနေသည့်တိုင် သူမနားနိုင်...။
အက္ခရာအတွက် တွေးပူနေမိသည်။ သူမနှင့် အဆက်အသွယ်မရတာ သုံးရက်ရှိချေပြီ။
သူမ... တစ်ခုခုဖြစ်သွားခဲ့ပြီလား
အတွေးကိုအလိုမကျစွာ ချက်ချင်းမောင်းထုတ်ပစ်လိုက်သည်။ ဘယ်နည်းနဲ့မှသူမကို သူအထိခိုက်မခံနိုင်ပါ..။
ဒီခံစားချက်က မနှစ်မြိုဖွယ်ကောင်းနေသည့်တိုင် သေချာသည်ကတော့ သူအက္ခရာကို သိပ်လွမ်းနေပြီဖြစ်သည်။
ဟုတ်တယ်.. နှုးညံ့သောသူမအသံလေးကို သူအရမ်းလွမ်းနေခဲ့ရာ..
"တီ..တီ...တီ"
ဖုန်းမြည်သံက သူ့အလွမ်းတွေကိုနှောင့်ယှက်ပစ်သည်။ မကျေမနပ်ဖြင့် ဖုန်းယူကြည့်လိုက်တော့...
အက္ခရာ.....
စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုင်လိုက်ရင်း
"အက္ခရာ မင်းဘယ်မှာလဲ အဆင်ပြေရဲ့လား မင်းဘယ်တွေပျောက်နေသလဲ ဘာတွေဖြစ်သွားသေးလဲ"
"ဖြေးဖြေးပြောပါ မင်းအစားငါမောလိုက်တာ "
သို့သော်သူမျှော်လင့်သလို အက္ခရာအသံမဟုတ်ခဲ့ပါ။ ပြင်းရှရှယောကျာၤးတစ်ယောက်အသံကြောင့် သူမျက်မှောင်ကျုံ့မိရင်း
"မင်း..ဘယ်သူလဲ"
"စဝ်ခွန်မင်းဆက် "
သူ့နူတ်ခမ်းတွေ တင်းခနဲ့ဖြစ်သွားရင်းနှင့်
"အက္ခရာ...ဘယ်မှာလဲ"
"အိပ်နေတယ်..ငါ့နားမှာ.."
"ဘာ..."
တစ်ဖက်ကရယ်သံကခံရခက်ဖွယ် ထွက်လာပြီး
"မင်းဘာတွေတွေးနေလဲ. သူနေမကောင်းဘူး မင်းကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရှာတယ် စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ် "
"ဘာကိစ္စ.. ငါ့ဆီဖုန်းဆက်ရသလဲ"
"ငါ့ဇနီးလောင်းကို ထပ်ပြီးစိတ်အနှောင့်အယှက် မပေးပါနဲ့ ယမ်းစက်ရှင်... "
"ဘာ.."
ပြောပြီးဖုန်းချလိုက်သံက ရင်ထဲသို့ခပ်ပြင်ပြင်း လွင့်စင်လာ၏။ အံကိုတင်းတင်းကြိတ်ထားရင်း ခံပြင်းမှုက ရင်ထဲတနုံ့နုံ့...။
တစ်စုံတရာကွဲကြေသွားသလား မသဲကွဲ။ သေချာသည်က နင်ကျင်မှုက စူးစူးနင့်နင့်...။
အက်ရှသွားသည့်အရာအတွက် ကြေကွဲမနေချင်ပါ။ သို့သော် ဆူးနှင့်ပတ်သတ်၍ ရှင်းစရာသမိုင်းကြွေးရှိသေးသည်။
ဆူးအတွက် အက္ခရာကို ငါစစ်ခင်းယူပြမယ် စဝ်ခွန်မင်းဆက်
မာနတွေအောက်မှာ အချို့အရာက
လွင့်စင်လျက်နှင့်......
ဆက်ရန်
ဆူးခတ်ပန်း