C- 177 Water Demon
Zqwgyi
အခန္း ၁၇၇ ေရ မိစၧာ
Ling Xiao က "Fang ChenLe ဒီေလာက္ လိမၼာပါးနပ္လိမ့္မယ္လို႔ ကိုယ္မထင္ထားဘူး"
သူမ်ားေတြ ေျပာၾကသလိုပဲ ႂကြယ္ဝခ်မ္းသာျခင္းက ျပႆနာေတြကို ျဖစ္ေစတယ္။ သူတို႔ေတြက ဂိုဏ္းတစ္ခုတည္းက ညီအစ္ကိုေတြ အႀကီးအကဲ ေတြ ျဖစ္ေနေသာ္ျငားလည္း မနာလိုျခင္းေၾကာင့္ ထိခိုက္နာက်င္ေစလိမ့္မယ္။ ၿပီးေတာ့ ဒါက သုခဘံုနယ္ေျမ ျဖစ္သည္။ အရာအားလံုး ျဖစ္ႏိုင္သည္။ လူအခ်ိဳ႕ကသာ ဒါကို လုပ္ခ်င္ၾကည့္ အျပစ္တင္ ေဝဖန္မႈေတြကေန အလြယ္တကူ လြတ္ေျမာက္သြားေအာင္ သူတို႔ဘာသာ လုပ္ႏိုင္သည္။ ထိုေ့ၾကာင့္ ေမွာ္ဝင္သားရဲတစ္ေကာင္ႏွင့္ ဆက္ႏြယ္ထားေသာ ကိစၥရပ္ကို ကိုယ့္ဘာသာကိုယ္ သိုဝွက္ထားတာ အေကာင္းဆံုး နည္းလမ္းပဲ ျဖစ္သည္။
ဒါ့ေၾကာင့္လဲ သူ႔ကို လိမၼာပါးနပ္သည္ဟု Ling Xiao ေျပာျခင္း ျဖစ္သည္။
အဆင့္ေျခာက္ေမွာ္ဝင္သားရဲႏွင့္ အဆင့္ခုနစ္ ေမွာ္ဝင္သားရဲတို႔ကို ႂကြားလံုးထုတ္ေနေသာ လူႏွစ္ေယာက္ထပ္စာလ်ွင္ Fang ChenLe က ပိုၿပီးေတာ့ ေတာ္သည္။ အနည္းဆံုးေတာ့ သူက လူတစ္ေယာက္ရဲ့ ကိုယ္ပိုင္ႂကြယ္ဝမႈ႔ကို အျခားသူေတြ မျမင္ေစနဲ႔ ဆိုေသာ နိယာမကို နားလည္သည္။
"အစ္ကိုႀကီးက အၿမဲတမ္း ေတာ္ေတာ္ ေတာ္တယ္"
You XiaoMo က သူ႔ကိုသူ အလြန္အမင္းေက်နပ္ အားရေနစဥ္ ေျပာလိုက္တာ ျဖစ္သည္။
Ling Xiao က သူ႔ကို ၾကည့္ၿပီး "ဒါဆို ဘယ္သူက ပိုၿပီး ေတာ္တဲ့လို႔ ထင္လဲ မင့္ အစ္ကိုႀကီးလား ကိုယ္လား"
You XiaoMo က ႏႈတ္ခမ္းေတြ တြန္႔ေကြးလိုက္သည္။ အစ္ကိုႀကီးက ေတာတယ္လို႔သာ သူေျပာၾကည့္ပါလား Ling Xiao က သူ႔ကို ေသခ်ာေပါက္ သတ္မည္ဆိုတာ သူသိတာေပါ့။ ဒီေတာ့ သူ႔မွာ ေရြးခ်ယ္စရာ မရိွပဲ ခပ္ေပါ့ေပါ့ေလာသာျပန္ေျဖလိုက္သည္ "ဒါေပါ့ အစ္ကိုက ပိုေတာ္တာေပါ့"
PiQiu နဲ႔ က်န္တဲ့သူေတြသာ ဒီမွာရိွလ်ွင္ အားနည္းသူကို အႏိုင္က်င့္ၿပီး အားႀကီးသူကို ေၾကာက္ေနရေသူသူ႔ကို ေသခ်ာေပါက္ ရႈံခ်လိမ့္မည္။
Ling Xiao က ထပ္ေျပာသည္ "ဒါေပမယ့္ မင္းရဲ့ အစ္ကိုႀကီးနဲ႔ အစ္ကိုႏွစ္ က အေလးေပးခံေနရပံု မေပၚဘူး"
You XiaoMo နားမလည္ႏိုင္ေအာင္ ျဖစ္သြားကာ ကတိုက္ကရိုက္ေမးလိုက္သည္ "ဘာလို႔လဲ"
အခုခ်ိန္မွာ အကြာအေဝးက ေဝးေသာေၾကာင့္ ရွင္းရွင္းလင္းလင္း မျမင္ရေခ်။
Ling Xiao က "ေျမကမ႓ာေတာင္ထြတ္တစ္ခုလံုးမွာ မင္းအပါအဝင္မွ ဆယ္ေယာက္ေတာင္ မရိွဘူး ၿပီးေတာ့ ေျမကမ႓ာေတာင္ထြတ္က ေကာင္းကင္ ေတာင္ထြတ္နဲ႔ လဲ အေစးမကပ္ဘူး အခုလတ္တေလာေလးတင္ Tang YunQi နဲ႔ Lei Ju က အလယ္အလတ္အဆင့္ ေမွာဝင္သားရဲ တစ္ေကာင္စီနဲ႔ ဆက္ႏြယ္ထားတယ္ သူတိုရဲ့ အင္အားက အရမ္းအျမင့္ေပမယ့္ Tian Xinဂိုဏ္းရဲ့ တိုက္ခိုက္ႏိုင္စြမ္းကိုေတာ့ တိုးသြားေစတယ္လို႔ေတာ့ ယူဆလို႔ရတယ္ ဒီနည္းနဲ႔ ေျမကမ႓ာေတာင္ထြတ္က ေက်ာ္လႊားႏိုင္မွာ မဟုတ္ဘူး ေဘးဖယ္ ခံထားရတာ ဒီအတိုင္းေတာင္ ျမင္ႏိုင္တာပဲ"
ဒီလို ကိစၥမ်ိဳးကေတာ့ ကူေပးလို႔ မရမွန္း You XiaoMo ခံစားမိသည္။
ကိုယ့္ကိုကိုယ္ ႏိွမ့္ခ်ၿပီးေနျခင္းကို ေရြးခ်ယ္ျခင္းသည္ ေဘးထုတ္ခံရႏိုင္သည္။ သူ႔ အဆိပ္လႊမ္းမိုးနဂါးကိုသာ ထုတ္ေဖာ္ျပလိုက္လ်ွင္ Tang YunQiကို ဆက္ဆံသလိုမ်ိဳး အႀကီးအကဲမ်ားက လဲ သူ႔ကိုဆက္ဆံႏိုင္သည္။ သို႔ေသာ္လည္း ထိုအခ်င္းအရာက သူ႔ကို အႏၲရာယ္ေတာထဲ တြန္းပို႔ေစႏိုင္သည္။ အကယ္လို႔ Lei Juသာ အစ္ကိုႀကီး၏ ေမွာ္ဝင္သားရဲက သူ႔အေကာင္ထက္ ပိုၿပီး အစြမ္းရိွတာသိလ်ွင္ လွည့္စားတတ္ေသာ အရာတစ္ခ်ိဳ႕ လုပ္မလားဆိုတာ ဘယ္သူသိမွာလဲ။
ဒီေတာ့ ထိုအခ်က္ကို အာရံုစိုက္ၿပီးေတာ့ ေဘးဖယ္ခံထားရမည္ကို ကို သိေသာ္လည္း You XiaoMo ကေတာ့ အစ္ကိုႀကီး၏ လုပ္ေဆာင္ခ်က္ကို အမ်ားႀကီးသေဘာတူလွေသးသည္။
အဲဒိေနာက္ေတာ့ သူတို႔ႏွစ္ၪီးက အဲဒိ ကိစၥရပ္နဲ႔ ပတ္သတ္ၿပီးေတာ့ ဆက္မေျပာေတာ့ေခ်။
ေမွာ္ဝင္သားရဲေတာင္ထြတ္ကို သြားေရာက္ရန္ လမ္းေပါင္းမ်ားစြာ ရိွေသာ္လည္း ေတာင္ေပၚတက္ရန္ေတာ့ တစ္လမ္းသာ ရိွသည္။ အဲဒါကေတာ့ ေမွာ္ဝင္သားရဲေတာင္ထြတ္အေျခက မရဏေတာင္ၾကားကို ျဖတ္သြားရတာ ျဖစ္သည္။
မရဏေတာင္ၾကားက ေမွာ္ဝင္သားရဲ ေတာင္ထြတ္၏ ပထမဆံုးအႏၲရာယ္ အခက္အခဲ ျဖစ္သည္။ အထဲက တကယ္ေတာ့ ေႁမြအသိုက္တစ္ခု ျဖစ္သည္။ ၿပီးေတာ့ သူမ်ားေတြ ေျပာၾကသည္က ထိုအသိုက္ကေႁမြမ်ားက နတ္ဆိုးစပါးအံုးေႁမြတစ္ေသာင္းလြင္ျပင္ မွာ ေတြ့ရေသာ အမ်ိဳးအစားႏွင့္ မ်ိဳးတူပဲ ျဖစ္သည္။
ထို႔ေၾကာင့္ လူအခ်ိဳ႕က နတ္ဆိုးစပါးအံုးေႁမြတစ္ေသာင္းလြင္ျပင္က မိုးထိေအာင္ဆိုးယုတ္ေသာစပါးအံုးေႁမြက သုခဘံုနယ္ေျမက လာတာ ျဖစ္ေကာင္းျဖစ္ႏိုင္သည္ ဟုပင္ ခန္႔မွန္းၿပီးျဖစ္သည္။
အမွန္တရားက ဘာပဲျဖစ္ျဖစ္ မရဏေတာင္ၾကားကေတာ့ ေသခ်ာေပါက္ စိတ္အားတက္ႂကြစရာေကာင္းေသာ ေနရာ မဟုတ္ေပ ။ TianXinဂိုဏ္းလိုမ်ိဳး အားႀကီးေသာ အင္အားစုေတာင္မွပဲAt least for forces of TianXin sect's strength.
0ကံေကာင္းစြာႏွင့္ပဲ သူ႔တို႔တြင္ အရင္က အေတြ့အႀကံဳရိွၿပီးသားျဖစ္တာေၾကာင့္ ဒီအတားအဆီးကို ျဖတ္ေက်ာ္ေနစဥ္ အတြင္း ဘယ္လို အဆံုးအရႈံးနည္းေအာင္ လုပ္ရမလဲ သိသည္။ သို႔ေသာ္လည္း ဒီလို အရာမ်ိဳးမ်ားဆိုတာ Ling Xiaoႏွင့္ You XiaoMo တို႔ဆီေရာက္သြားလ်ွင္ အေရးမႀကီးေတာ့ေပ။
သူတို႔ေတြ မရဏေတာင္ၾကားကို ေျခခ်လိုက္ခ်င္းကိုပဲ Ling Xiao က SheQiu ကို ဆင့္ေခၚလိုက္သည္။
She Qiu က Ling Xiao ကို မယံုၾကည္ဟန္ႏွင့္ၾကည့္ကာ "ကိစၥတစ္ခုခုမ်ားရိွလို႔လား ေခါင္းေဆာင္ႀကီး"
Ling Xiao ကၿပံဳးကာ မရဏေတာင္ၾကား အဝင္ဝ ကို ၫႊန္ျပၿပီး သူ႔ပခံုးကို ပုတ္ကာ "မင္းညီအစ္ကိုေတြနဲ႔ စကားသြားေျပာေခ် နာရီနဲ႔ခ်ီၿပီးေတာ့ ေျပာမေနဖို႔လဲ သတိရ ၿပီးေတာ့ ျပန္မလာခဲ့နဲ႔ၪီး"
SheQiu မ်က္ႏွာ အိုစာသြားကာ "ေခါင္းေဆာင္ႀကီး ဒီလိုအဆင့္နိမ့္သတၲဝါေတြက ကြၽန္ေတာ့ ညီအစ္ကိုေတြ မဟုတ္ဘူး"
Ling Xiao က ေခါင္းညိမ့္ကာ "ငါ သိတာေပါ့ ဒါေပသိ သူတို႔အားလံုးက မင္းရဲ့မ်ိဳးႏြယ္ေတြေလ ျမန္ျမန္သြား အခ်ိန္ျဖဳန္းမေနနဲ႔ "
SheQiu က ခါးသီးမႈကို မ်ိဳသာ ခ်ႏိုင္ကာ သူ႔'ညီအစ္ကိုမ်ား'ကို ႏွလံုးသားျခင္းစကားေျပာရန္ သြားရွာေတာ့သည္။ အေမေရ သူက အဆင့္ကိုးေမွာ္ဝင္သားရဲပါ။ အဆင့္နိမ့္ ေမွာ္ဝင္သားရဲမ်ားကို စကားေျပာရမည္တဲ့ ၿပီးေတာ့ သူတို႔အမ်ားစုက ဉာဏ္အလင္းပြင့္ျခင္းေတာင္ မရေသးဘူးေလ။ သူတို႔ေတြ ဘာေ-ာက္စကားမ်ားေျပာႏိုင္မွာလဲ သို႔ေသာ္လည္း ဒါက ေခါင္းေဆာင္ႀကီး၏ အမိန္႔ျဖစ္ေနသည္။ သူမသြားခ်င္လ်ွင္ေတာင္ သူသြားရမည္။
SheQiu က မရဏေတာင္ၾကားထဲကို ျမန္ေပ်ာက္ကြယ္သြားသည္။ သိပ္မၾကာခင္ မရဏေတာင္ၾကားထဲက စိတ္လႈပိရွားမႈေၾကာင့္ ထြက္ေပၚေနသည့္ အသံတိုးတိုးက ရုတ္တရက္ တိတ္ဆိတ္သြားသည္။ ထို ပံုမွန္မဟုတ္ေသာ ေဘးဥပဒ္ရိွသည့္အေငြ့အသက္သည္လည္းပဲ လြင့္စင္ ပေပ်ာက္သြားသည္။
SheQiu ၏လုပ္ေဆာင္ခ်က္ေၾကာင့္ဆိုတာ ရွင္းလင္းလွသည္။ အဆင့္ျမင့္ေမွာ္ဝင္သားရဲ တစ္ေကာင္အေနႏွင့္ အဆင့္နိမ့္ေမွာ္ဝင္သားရဲတစ္စုကိုမွ မဖိႏိွပ္ႏိုင္လ်ွင္ သူ႔ဘဝတြင္ ရႈံးနိမ့္မႈမ်ားက မ်ားျပားေပလိမ့္မည္။
Luo ShuHeတို႔အဖြဲ႕ကေတာ့ ဒီ မရဏေတာင္ၾကားကို ျဖတ္သန္းရန္ တစ္နာရီသာ ၾကာလိမ့္မည္ဟု သူတို႔ေတြရင္ထဲမွာ တြက္ဆထားခ်က္က ShuQiu ၏ စိတ္ဆိုးအမ်က္ထြက္ေအာင္ ျပဳလုပ္ျခင္းေအာက္မွာ ဘာ့ေၾကာင့္ သံုးနာရီအထိ ၾကာသြားမွန္း ေတြးမရဘူးကို ျဖစ္ေနၾကသည္။ ဒီေတာ့ သူတို႔ေတြ ေမွာ္ဝင္သားရဲေတာင္ထြတ္ကို စတင္ တက္ေရာက္ခ်ိန္တြင္ ေတာင္ေပၚမွ ရတနာမ်ားမွာ လူအခ်ိဳ႕ ၏ သိမ္းႀကံဳးယူငင္သြားေလာက္ၿပီ။
ထို လူအခ်ိဳ႕ေၾကာင္း ေျပာရမည္ ဆိုလ်ွင္ ပထမ အတားအဆီးျဖစ္ေသာ မရဏေတာင္ၾကားကို လြယ္လြယ္ေလး ျဖတ္ေက်ာ္သြားၿပီးေနာက္ အလြယ္တကူပင္ ေတာင္ထြတ္တို႔ တက္ေရာက္ၾကသည္။
ေမွာ္ဝင္သားရဲေတာင္ထြတ္တြင္ အရံအတားတစ္ခု ရိွသည္။ နန္းေတာ္က တစ္လတစ္ခါ ပြင့္သည္ဟု လူအမ်ားက ဆိုၾကသည္။ အမွန္တကယ္ ပြင့္တာက ေမွာ္ဝင္သားရဲေတာင္ထြတ္၏ အရံအတားက ပြင့္တာသာ ျဖစ္သည္။
တစ္ကယ္ေတာ့ အျခားသူမ်ားက အရံအတားမပြင့္လဲ သြားႏိုင္သည္ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအရံအတားက အမွန္တကယ္ေတာ့ ေမွာ္ဝင္သားရဲမ်ားကို အဓိကထားေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ေမွာ္ဝင္သားရဲေတာင္ထြတ္၏ ထိပ္တြင္ အဆိပ္ေငြ့တစ္လႊာ လႊမ္းၿခံဳေနကာ အဆိပ္ျမဴေငြ့မ်ားထဲတြင္ ႀကီးျပင္းလာေသာ ေမွာ္ဝင္သားရဲမ်ားသာလ်ွင္ မေၾကာက္မွာ ျဖစ္သည္။
ထို႔ေၾကာင့္ အရံအတားမပြင့္လ်ွင္ ေမွာ္ဝင္သားရဲေတာင္ထြတ္၏ ထိပ္တြင္ အဆိပ္ေငြ့မ်ား စုေဝးကာ အလႊာတစ္ခုရိွေနသည္။ အသက္တစ္ရိႈက္ ရိႈက္မိယံုႏွင့္ ကိုယ္ခံပညာရွင္မ်ားႏွင့္ ေမွာ္ဆရာမ်ား၏ ခႏၲာကိုယ္ကို အႏၲရာယ္ရိွေစႏိုင္သည္။ အရံအတား ပြင့္သြားခ်ိန္တြင္ ေမွာ္ဝင္သားရဲေတာင္ထြတိထိပ္ရိွ အဆိပ္ေငြ့မ်ားမွာ ေတာ္ေတာ္လြင့္ပါးသြားသည္။ အဲဒိအခ်ိန္တြင္ တစ္ၪီးတစ္ေယာက္တက္ေရာက္သြား ပါက အဆိပ္ေငြ့ေတြ ရိွေသးေသာ္လည္း သတ္မွတ္ထားေသာ အခ်ိန္အတြင္း ျပန္ဆင္းႏိုင္သေရြ့ ျပႆနာ မရိွေပ။
ေမွာ္ဝင္သားရဲေတာင္ထြတ္၏ ဒုတိယအတားအဆီးအျဖစ္ ခြဲျခားသိျမင္ႏိုင္သည့္အရာမွာ ေရတိမ္ကမ္းေျခ ျဖစ္သည္။ ေမွာ္ဝင္သားရဲေတာင္ထြတ္၏ အႏၲရာယ္အမ်ားဆံုးထဲမွ တစ္ခုမဟုတ္ပဲ အႏၲရာယ္ အရိွဆံုး ေနရာ ျဖစ္သည္။
ေရတိမ္ကမ္းေျခကို မွန္ထဲမွ ပန္းမ်ား သို႔မဟုတ္ ေရထဲကလ (ပံုရိပ္ေယာင္) ဟုလဲ ေခၚတြင္ေသးသည္။ အဓိပၸါယ္ကေတာ့ အသြင္အျပင္နဲ႔ သင့္ကို မမွားယြင္းေစနဲ႔ ဆိုတာမ်ိဳးျဖစ္သည္။ သင့္မ်က္လံုးမ်ားႏွင့္ ျမင္ရတာက အမွန္မဟုတ္တာမ်ားသာ ျဖစ္သည္။
ထပ္ုပီးေျပာရလ်ွင္ သူ႔ကို ေရတိမ္ကမ္းေျခဟု ေခၚေသာ္လည္း အနည္းေလး ေရတိမ္ေနတာေတာ့ မဟုတ္ေပ။ ဒါက နာမည္တစ္ခုသာ ျဖစ္ၿပီး ဘာမွ ထပ္မပိုေပ အဘယ့္ေၾကာင့္ဆိုေသာ္ ေရမ်က္ႏွာျပင္ေအာက္က ေဖာက္ထြင္းျမင္ႏိုင္ေသာ ေရမိစၧာ အုပ္စုေၾကာင့္ျဖစ္သည္။ ေရမိစၧာမ်ားမွာ အလယ္အလတ္အဆင့္ ေမွာ္ဝင္သားရဲမ်ား ျဖစ္သည္။ သူ႔တို႔ ၏ ႀကံ့ခိုင္မႈက သိပ္မျမင့္ေသာ္လည္း ေရေအာက္သည္ သူတို႔၏ ကမ႓ာ ျဖစ္သည္။
ေရမိစၧာမ်ားသည္ ႏူးညံ့ ၾကင္နာတတ္ေသာ ေမွာ္ဝင္သားရဲမ်ိဳး မဟုတ္ေပ။ သူတို႔က ေရထဲမွာပဲ ျဖစ္ျဖစ္ ေလထဲမွာပဲျဖစ္ျဖစ္ လူသားေတြကို တမင္သက္သက္ကို တိုက္ခိုက္တတ္ၾကသည္။
ပံုမွန္အားျဖင့္ဆိုလ်ွင္ ေရတိမ္ကမ္းေျခေပၚမွ ျဖတ္ပ်ံေသာအရာမ်ားသည္ ေရတိမ္ကမ္းေျခ ေအာက္ဘက္တြင္ ဘာေတြ ျဖစ္ေနသလဲဆိုတာကို သတိမထားမိပဲ ခပ္နိမ့္နိမ့္ ပ်ံသန္းမိမည္ဆိုလ်ွင္ သူတို႔ေတြက ေရမိစၲာမ်ား၏ ေရထဲသို႔ ဆြဲခ်ျခင္းကို ခံရဖို႔ မ်ားသည္။
တစ္ေယာက္ေယာက္ကသာ အခ်ိန္မီ မကယ္တင္ဘူးဆိုလ်ွင္ ကိုယ့္ကိုကိုယ္လဲ ကယ္တင္ႏိုင္စြမ္းမရိွဘူးဆိုလ်ွင္ ေရတိမ္ကမ္းေျခေအာက္ရိွ ေရမိစၧာမ်ား ၏ ခြဲေဝ စားေသာက္ျခင္း ခံရဖို႔ အမ်ားဆံုး ျဖစ္သည္။
သို႔ေသာ္ ေရတိမ္ကမ္းေျခ၏ ေၾကာက္မက္ဖြယ္ အေကာင္းဆံုးေနရာမွာ တကယ္ေတာ့ ဒီမွာ မဟုတ္ေပ။
ေရတိမ္ကမ္းေျခ၏ ေဘးပတ္ပတ္လည္ကို အဆင့္ခုနစ္ႏွင့္ အထက္ ေမွာ္ဝင္သားရဲမ်ားစြာက ကန္႔သတ္ ခ်ယ္လွယ္ထားသည္ဟု ဆိုၾကသည္။ ဒီေနရာသည္ သုခဘံုနယ္ေျမတြင္ ေက်ာက္စိမ္းဝိဉာဏ္ဂူထက္ေတာင္မွ အသန္မာဆံုးေမွာ္ဝင္သားရဲမ်ား ရိွေသာ ေနရာ ျဖစ္သည္။
ထို႔ေၾကာင့္ လႈပ္ရွားမႈ မ်ားလြန္းလ်ွင္ အလြန္အင္အားႀကီးေသာ ေမွာ္ဝင္သားရဲမ်ားကို ဆြဲေဆာင္သြားမိဖို႔ မ်ားသည္။
You XiaoMo ကေတာ့ Ling Xiao၏ သယ္ေဆာင္ျခင္းခံရကာ ေရတိမ္ကမ္းေျခေပၚကေန ပ်ံသန္းသြားသည္။
သို႔ေသာ္လည္း Ling Xiao ကပဲ စိတ္မေနွာင့္အယွက္ ျဖစ္ေန၍ပဲလားေတာ့မသိ You XiaoMo က သူတို႔ပ်ံသန္းေနသည္မွာ ေရတိမ္ကမ္းေျခ မ်က္ႏွာျပင္ ႏွင့္ အေတာ္ေလး ကပ္ေနသည္ဟု ခံစားေနရသည္ အရမ္းနိမ့္ေနသည္မွာ သူေတာင္မွ ၾကည္လင္ေနေသာ ေရျပင္၏ ေအာက္ေျခအထိေတာင္ ျမင္ႏိုင္ေနသည္။ သို႔ေသာ္လည္း ေရမ်က္ႏွာျပင္က တည္ၿငိမ္လြန္းလို႔ အဲဒါက ၾကည္လင္ေနတဲ့ ေအာက္ေျခ မျဖစ္ႏိုင္ဘူးဟု ထင္ရသည့္အျပင္ ရက္စက္လွေသာ ေရမိစၧာမ်ား ရိွေနသည္ဆိုတာကႏုပါ အထင္ရေခ်။
ေရမိစၧာမ်ားက ေရေပၚကို ဘယ္လိုေတြေတာင္ ခုန္တက္ၿပီး သူတို႔ကို လွမ္းဆြဲႏိုင္မွန္း ေတြးမိေတာ့ You XiaoMo ၾကသ္သီးေတြထလာကာ Ling Xiao ပခံုးကို အျမန္ပုတ္ေတာ့သည္။ "အစ္ကိုႀကီးLing ကြၽန္ေတာ္တို႔ နဲနဲ ျမင့္ျမင့္ေလး ပ်ံရင္ေကာ ဘယ္လိုလဲ"
ထိုစကားမ်ားကို Ling Xiaoၾကားေတာ့ သူေၾကာက္ေနတယ္ဆိုတာ သိလိုက္သည္။ သူ႔ဘက္ေလးကို လွည့္ကာ ၿပံဳးျပလိုက္သည္။ သူစကားေျပာရန္ ျပင္လိုက္တုန္းပဲ ရိွေသးသည္ ေရမ်က္ႏွာျပင္တြင္ လႈပ္ရွားမႈ ျဖစ္ေပၚသြားသည္။ တစ္ခုခုျဖတ္သြား သလိုမ်ိဳး ေရမ်က္ျပင္ေပၚ လမ္းဂယက္ေလးတစ္ခု ရိုက္ခတ္သြားသည္။ ေနာက္ေတာ့ လိႈင္းလံုးေတြက တစ္ခုၿပီးတစ္ခု အရိွန္ျပင္းထန္စြာ ခပ္ျမန္ျမန္ ထႂကြလာသည္။
အဲဒိအခ်ိန္မွာတင္ ေရမ်က္ႏွာျပင္က ရုတ္တစ္ရက္ ပြင့္အာသြားကာ စီခနဲ က်ယ္ေလာင္ေသာ အသံႀကီး ျမည္တမ္းၿပီးေတာ့ ေဖာက္ထြင္းျမင္ေနရေသာ ေရမိစၧာတစ္ေကာင္ ေရေအာက္ကေန တိုးထြက္လာသည္။
ထိုအသံက You XiaoMo ကို နားအူေစကာ ထိတ္လန္႔ၿပီးေတာ့ Ling Xiao လက္ေမာင္းကိုေတာင္ လႊတ္ခ်လိုက္မိေတာ့မလို ျဖစ္သြားသည္။ ကံေကာင္းစြာႏွင့္ Ling Xiao က အခ်ိန္မွီ တုန္႔ျပန္ကာ သူ႔ကို ခပ္တင္းတင္း ဖက္လိုက္ကာ အျမင့္ကို ခ်က္ခ်င္း ျမန္ျမန္ေလး အရိွန္တင္ကာ တက္လိုက္ရသည္။ ေရမိစၧာကေတာ့ ဗလာအတြက္ လာျခင္းျဖစ္သြားသည္။
You XiaoMo က ေနာက္လွည့္ ၾကည့္လိုက္သည္။ ေရမိစၧာ၏ ထုတ္ခ်င္းေပါက္ ျမင္ေနရေသာ ကိုယ္က ေရ၏အေပၚတြင္ ရွင္းရွင္းလင္းလင္း ျမင္ရသည္။ သူ႔ပံုက လူသားခႏၶာကိုယ္ကို ေရျဖင့္ ျပဳလုပ္ထားသည္ႏွင့္ တူလွသည္။ ကြာျခားသည္က သူက မတူညီေသာ မ်ိဳးစိတ္တစ္ခုဟုေတာင္ ထင္ရသည္။ သူ႔နားရြက္က ရွည္ကာ အလြန္ခြၽန္ထက္ေနေသာ သြားမ်ားရိွသည္။ စကားမျေပာႏိုင္ေပမယ့္ သူ႔ပါးစပ္ကေနေတာ့ အသံထြက္ႏိုင္ကာ ထိုအသံက လူသားမ်ားကို အလြန္ဆိုးဆိုးရြားရြား ခံစားရေစသည္။
ဗလာကိုသာ ဟပ္မိေသာေၾကာင့္ ေရမိစၧာက ေရထဲကို ျပန္လည္ ျပဳတ္က်ကာ ပလံု ခနဲေတာင္ ျမည္သြားသည္ သို႔ေသာ္လည္း သူက ေရေအာက္ကို ျပန္ငုပ္မဆင္းသြားေပ။ အဲဒိအစား ေရမ်က္ႏွာျပင္ေပၚတြင္ ေမ်ွာေနကာ သူတို႔ကို ဆိုးဆိုးရြားရြားႀကီး စူးစိုက္ၾကည့္ေနေတာ့သည္။
You XiaoMo က အဲဒါႀကီးကို တုန္လႈပ္ေခ်ာက္ခ်ားစြာ ၾကည့္ကာ "အစ္ကိုႀကီးLing ဘာလို႔ ဒီ ေရမိစၧာက လူနဲ႔တူေနတာလဲ?"
Ling Xiao က သူ႔ခါးေလးကို ဖက္ထားရင္းႏွင့္ ေလထဲတြင္ ရပ္ေနသည္။ သူတို႔ကို မ်က္ေမွာင္ႀကီး ၾကဳပ္ကာ ၾကည့္ေနေသာ ေရမိစၧာကို အေပၚစီးကေန ငံု႔ၾကည့္လိုက္သည္ ၿပီးေတာ့ ရယ္ကာ "ေရမိစၧာ ေမွာ္ဝင္သားရဲက ဘယ္ကေနျဖစ္လာတာလဲ ဆိုတာ သိလား?"
You XiaoMo က ခ်က္ခ်င္း ေခါင္းခါ ျပလိုက္သည္။ သူ ေရမိစၧာ၏ အေသးစိတ္အခ်က္အလက္မ်ားကို ေမွာ္ဝင္သားရဲစာလိပ္တြင္ မေတြ့ခဲ့ေခ်။ အဲဒါက အလယ္အလတ္အဆင့္ ေမွာ္ဝင္သားရဲ ျဖစ္ၿပီးေတာ့ သူ႔ရဲ့ စြမ္းအင္က ပံုမွန္အားျဖင့္ အဆင့္ေလး ကေန အဆင့္ငါးအထိ ရိွမွန္းသာ သူသိသည္။
သူက အရမ္းမသန္မာေပမယ့္ ေရမိစၧာမ်ားက သူ႔တို႔ရဲ့ သက္တမ္းတစ္ေလ်ွာက္လံုး ေရထဲတြင္သာ ေနထိုင္သည္။ ၿပီးေတာ့ သူတို႔က အေရအတြက္လဲ မ်ားျပားသည္။ ထို႔ေၾကာင့္ ၾကယ္အဆင့္ တိုက္ခိုက္သူ တစ္ေယာက္ က်သြားလ်ွင္ေတာင္ သူ႔ကိုယ္သူ လြတ္ေအာင္ မလုပ္ႏိုင္ေလာက္ေခ်။
"ေသခ်ာေျပာရရင္ ဒီ ေရမိစၧာက သူ႔ရဲ့ မူရင္းခႏၶာကိုယ္က လူသားတစ္ေယာက္ဆိုေတာ့ သူက ေမွာ္ဝင္သားရဲ တစ္ပိုင္း ပဲ" Ling Xiao က ေျပာျပသည္။
"လူသား?" You XiaoMo လန္႔ၿပီး ဆတ္ခနဲ ျဖစ္သြားသည္။ လူသားနဲ႔တူတာ အံၾသစရာမရိွပါဘူး။
"ဟိုးေရွးေရွးတုန္းကေပါ့ ဒီကမ႓ာမွာ ေရမိစၧာဆိုတဲ့ ဒီ ေမွာ္ဝင္သားရဲမ်ိဳးမရိွခင္တုန္းက ဒ႑ာရီမွာေတာ့ ပထမဆံုး ေရမိစၧာက ေရခဲအဆိပ္ကို မွားၿပီးသံုးစြဲလိုက္မိတဲ့ ကိုယ္ခံပညာရွင္ တစ္ေယာက္ကေန အသြင္ကူးေျပာင္းတယ္လို႔ ဆိုတယ္။ အဲဒိ ေရခဲ အဆိပ္က ႏွစ္တစ္ေသာင္းသက္တမ္းရိွတဲ့ ေခ်ာက္နက္ႀကီးတစ္ခုရဲ့ ေအာက္ေျခမွာပဲ ေတြ့ႏိုင္တယ္တဲ့။ အဲဒိ ကိုယ္ခံပညာရွင္က မွားၿပီးေတာ့ အဲဒိ ႏွစ္တစ္ေသာင္းသက္တမ္းရိွတဲ့ ေခ်ာက္ထဲကို ဝင္သြားမိတာ ရလာဒ္ကေတာ့ ေရခဲအဆိပ္ကို ေမွာ္ေက်ာက္တံုးနဲ႔ မွားၿပီးေတာ့ စားမိသြားတယ္ အဲဒိေနာက္ေတာ့ ေရခဲအဆိပ္က သူ႔တစ္ကိုယ္လံုး ပ်ံႏွံ႔သြားေရာ သူ မေသသြားေပမယ့္ လူတစ္ပိုင္း မိစၧာတစ္ပိုင္းနဲ႔ ေရမိစၧာ ျဖစ္သြားတယ္ ၿပီးေတာ့ ေရထဲမွာပဲ အသက္ရွင္ႏိုင္ေတာ့တယ္"
ေရမိစၧာမ်ားမွာ အရမ္းေတာ့ လူသိမမ်ားေပ သို႔ေသာ္ ေရခဲအဆိပ္ကေတာ့ လူတိုင္း သိေသာ အရာျဖစ္သည္။ ေခ်ာက္က ႏွစ္တစ္ေသာင္းသက္တမ္းရိွသေရြ့ သူ႔ကို ေတြ့ႏိုင္သည္။
"အဲဒိေတာ့ ေရမိစၧာေတြ အကုန္လံုးက ေရခဲအဆိပ္ကို မွားၿပီး ယူမိတဲ့သူေတြကေန ေျပာင္းသြားတာလား?"
You XiaoMo က တအံ့တၾသေမးလိုက္သည္။ အဲဒါသာ တကယ္ဆိုရင္ ေခ်ာက္ရဲ့ ေအာက္ေျခက ေရခဲအဆိပ္က အေတာ့္ကို မယံုႏိုင္စရာ ျဖစ္သြားၿပီ။
Ling Xiao က သူ႔ကို ရႊင္ျမဴးရိပ္ႏွင့္ ၾကည့္ကာ သူ႔အဆိုကို ျပန္လည္ ေခ်ပလိုက္သည္ "ဘယ္ဟုတ္မလဲ ႏွစ္တစ္ေသာင္းသက္တမ္းရိွတဲ့ ေခ်ာက္ဆိုတာ အမ်ားႀကီးလို႔ မင္းထင္ေနတာလား? "
You XiaoMo က သူ႔ႏွာေခါင္းကို ပြတ္ကာ "ဒါဆို အျခားေရမိစၧာေတြက ဘယ္လိုျဖစ္လာတာလဲ"
Ling Xiao က ေျပာလိုက္သည္ "ကူးတာေပါ့ ဟိုကိုယ္ခံပညာရွင္က ေရမိစၧာတစ္ေကာင္အျဖစ္ ေျပာင္းသြားၿပီးေတာ့ သူ႔ခႏၶာကိုယ္ တစ္ခုလံုး ေခါင္းအစ ေျခအဆံုးက ေရခဲအဆိပ္အျဖစ္ ေျပာင္းသြားတယ္ ၿပီးေတာ့ သူေရမိစၧာတစ္ေကာင္ အျဖစ္ေျပာင္းၿပီး ေနာက္မွာ သူ လူအျဖစ္ရိွေနစဥ္ကထက္ ပို သန္မာလာတယ္ အေရးအႀကီးဆံုးကေတာ့ သူက အရမ္းဉာဏ္ေကာင္းသြားတာပဲ။ သူ က ကိုယ္ခံပညာရွင္ေတြကို မ်ွားေခၚဖို႔ အဲဒိ ႏွစ္တစ္ေသာင္း သက္တမ္းရိွ ေခ်ာက္ႀကီးရဲ့ ေအာက္မွာ ေမွာ္ေက်ာက္ေတြ ရိွတယ္လို႔ ေကာလဟာလ လႊင့္လိုက္ေရာ ဟိုငတံုးေတြကလဲ ငါးစာကို ဟပ္တယ္ေလ ေနာက္ေတာ့ အဆံုးမရိွတဲ့ ကိုယ္ခံပညာရွင္ေတြ က အဲဒိေခ်ာက္ကို ၪီးတည္ သြားေတာ့တာပဲ ရလာဒ္ကေတာ့ ထင္ထားတဲ့ အတိုင္းပဲ ဟို ငတံုး တစ္ဝက္ေက်ာ္ေက်ာ္ေလာက္က သူ႔မ်ိဳးႏြယ္ေတြ ျဖစ္ကုန္တယ္"
You XiaoMo အသက္ မ်ွင္းမ်ွင္းေလး တစ္ခ်က္ ရႉလိုက္သည္။ အဲဒိ ေရမိစၧာက အေတာ္ေတာ္မ်ားသြားၿပီ။
အလြန္႔အလြန္ေတာ္လွေသာ အကြက္က အခုမွ လာမွာျဖစ္သည္။
ေနာက္ပိုင္းတြင္ စြမ္းအားႀကီးမားလွေသာ ကိုယ္ခံပညာရွင္အခ်ိဳ႕က လူေတြစုစည္းကာ ထိုေရမိစၧာကို အျပတ္ျဖတ္ရန္လုပ္ေသာ္လည္း အရမ္းေနာက္က်သြားၿပီ ျဖစ္သည္။
အရင္အသုတ္က ကူးစက္သြာေးသာ ကိုယ္ခံပညာရွင္မ်ားတြင္ အခ်ိဳ႕မွာ သန္မာလွၿပီး ေရမိစၧာအျဖစ္ ခ်က္ခ်င္း ေျပာင္းမသြားေခ်။ ဒါေပမယ့္ ရလာဒ္ကေတာ့ အတူတူပဲျဖစ္သည္။ ဆိုးရြားေသာအရာမွာ သူတို႔က သူတို႔၏ လူသားၪီးေရႏွင့္ ထိုက္သင့္ေသာ ေရခဲအဆိပ္ကိုယ္လံုးကို ရလိုက္တာပဲ ျဖစ္သည္။
အဆိုပါ အခ်ိန္တုန္းက လူအမ်ားအျပားက ေရခဲအဆိပ္က အလြန္႔အလြန္ ကူးစက္လြယ္သည္ကို မသိခဲ့ေပ။ ထိရံုႏွင့္တင္ ကူးစက္သည္မဟုတ္ပဲ ေလထဲမွလည္း ကူးစက္ႏိုင္ေသးသည္။
အဲဒိေတာ့ ေဘးဒုကၡတစ္ခုအျဖစ္ အလြယ္တကူ ပ်ံ့ႏွံ႔သြားသည္။ ၿမိဳ႔တစ္ၿမိဳ႔လံုး၏ လူၪီးေရတစ္ခုလံုး က ေရခဲအဆိပ္မိသြားကာ ေရမိစၧာေတြ အျဖစ္ ျေပာင္းလဲသြားသည္။ အဲဒိ အခ်ိန္တြင္ ထိူသတင္းအေပၚ လူအမ်ား တုန္လႈပ္ေျခာက္ျခားသြားၾကသည္။ ေနာက္ဆံုးက်မွသာ ေရခဲအဆိပ္က ဘယ္ေလာက္ထိ အႏၲရာယ္မ်ားသလဲဆိုတာ နားလည္သြားၾကသည္။
အဲဒိေနာက္တြင္ေတာ့ က်င့္ႀကံသူမဟာမိတ္ အစုႀကီးက ေရမိစၧာမ်ားကို အျမစ္ျဖဳတ္ၾကေသာ္လည္း ျပႆနာက က်ယ္ျပန္႔လြန္းသည္။ ငါးဖမ္းပိုက္ထဲကေန လြတ္သြားေသာ ငါးတစ္ေကာင္က အၿမဲ ရိွၿမဲပင္။ ထို႔ျေကာင့္ သူတို႔က ေရမိစၧာမ်ားကို အလံုးစံု မႏိွမ္နင္းႏိုင္ေပ။ ကံေကာင္းသည္မွာ ေရမိစၧာမ်ားက ေရထဲတြင္သာ အသက္ရွင္ႏိုင္သည္ ။ဒီေတာ့ လူသားတစ္ေယာက္က ေရမိစၧာရိွေနေသာ ေရနားမသြားသေရြ့ အဆင္ေျပသည္။
ဒီေတာ့ အခုခ်ိန္မတိုင္ခင္အထိ ေရမိစၧာဆိုတာ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက အေခ်မႈန္းခံလိုက္ရေသာ ေမွာ္ဝင္သားရဲတစ္ပိုင္းမ်ားဟု ထင္ရသည္။ ဘယ္သူကမွ မထင္ထားတာကေတာ့ သုခဘံုနယ္ေျမ ပိုင္ရွင္က တကယ္ႀကီးကို ေရမိစၧာတစ္စုကို အက်ဥ္းက်ကာ ေမြးျမဴထားတာက က်ငိ့ႀကံသူမ်ားကို နာမည္ေတာင္ ေဖာ္ထုတ္မျပႏိုင္ေအာင္ တုန္လႈပိ ထိတ္လန္႔သြားေစသည္။
Yiu XiaoMo က ခဏခဏ သေတြးၿမိဳခ်ကာ "အကိုႀကီးLing ဒီေရတိမ္ကမ္းေျခက အတယ္ႀကီး ႏွစ္တစ္ေသာင္း သက္တမ္းရိွတဲ့ ေခ်ာက္ရိွမယ္လို႔ ထင္လား"
ႏွစ္တစ္ေသာင္း သက္တမ္းရိွေခ်ာက္တြင္ ေရမိစၧာမ်ားစြာ ရိွေနေသာ္လည္း စြန္႔စားတာက ဆုရေစသည္။ အေစာက Ling Xiao ေျပာသြားတာက ေရခဲ အဆိပ္က ႏွစ္တစ္ေသာင္း သက္တမ္းရိွ ေခ်ာက္တြင္သာ ေတြ့ႏိုင္သည္။ အဲဒါကလည္း ေမွာ္ေက်ာက္ႏွင့္ အတူတူပင္ ျဖစ္ကာ သူကမူ ေသခ်ာမႈ မရိွေပ။ သို႔ေသာ္လည္း အရမ္းတူလွသည္။
Ling Xiao က ရုတ္တရက္ သူ႔ကို ထူးဆန္းေသာအၿပံဳးတစ္ပြင့္ ေပးကာ "အာ့ ကိုယ္ မင္းကို ေျပာဖို႔ ေမ့ေနတာ ႏွစ္တစ္ေသာင္း သက္တမ္းရိွေခ်ာက္ မွာ ေသခ်ာေပါက္ ႏွစ္တစ္ေထာင္ေရမိစၧာ ရိွမွာ"
အကယ္လို႔ ဒီလူက အဲဒါကို ေျပာႏိုင္တယ္ဆိုရင္ ေအာက္မွာႏွစ္တစ္ေထာင္ေရမိစၧာရဗိတယ္ဆိုတာကို You XiaoMo ခိုင္ခိုင္မာမာ ခံစားသိရိွသည္
You XiaoMo ၏ အထိတ္တလန္႔ အၾကည့္ေအာက္တြင္ Ling Xiao က သူ႔လက္ကို ထားက ၿပံဳးစစႏွင့္ "ညီေလး သူတို႔ေတြ ေအာက္မွာရိွမရိွ သိခ်င္တယ္မလား ကိုယ္တို႔ တန္းဆင္းၾကည့္တာေပါ့ အာ့ဆို ကိုယ္တို႔သိသြားမွာပဲ"
You XiaoMo က ေအာ္ဟစ္သံ ထြက္မလာခင္ေလးကို သုက Ling Xiao ႏွင့္အတူ ေရထဲကို ဒိုင္ဗင္ထိုး ဆင္းသြားၿပီ ျဖစ္သည္
Unicode
အခန်း ၁၇၇ ရေ မိစ္ဆာ
Ling Xiao က "Fang ChenLe ဒီလောက် လိမ္မာပါးနပ်လိမ့်မယ်လို့ ကိုယ်မထင်ထားဘူး"
သူများတွေ ပြောကြသလိုပဲ ကြွယ်ဝချမ်းသာခြင်းက ပြဿနာတွေကို ဖြစ်စေတယ်။ သူတို့တွေက ဂိုဏ်းတစ်ခုတည်းက ညီအစ်ကိုတွေ အကြီးအကဲ တွေ ဖြစ်နေသော်ငြားလည်း မနာလိုခြင်းကြောင့် ထိခိုက်နာကျင်စေလိမ့်မယ်။ ပြီးတော့ ဒါက သုခဘုံနယ်မြေ ဖြစ်သည်။ အရာအားလုံး ဖြစ်နိုင်သည်။ လူအချို့ကသာ ဒါကို လုပ်ချင်ကြည့် အပြစ်တင် ဝေဖန်မှုတွေကနေ အလွယ်တကူ လွတ်မြောက်သွားအောင် သူတို့ဘာသာ လုပ်နိုင်သည်။ ထိုေ့ကြာင့် မှော်ဝင်သားရဲတစ်ကောင်နှင့် ဆက်နွယ်ထားသော ကိစ္စရပ်ကို ကိုယ့်ဘာသာကိုယ် သိုဝှက်ထားတာ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်သည်။
ဒါ့ကြောင့်လဲ သူ့ကို လိမ္မာပါးနပ်သည်ဟု Ling Xiao ပြောခြင်း ဖြစ်သည်။
အဆင့်ခြောက်မှော်ဝင်သားရဲနှင့် အဆင့်ခုနစ် မှော်ဝင်သားရဲတို့ကို ကြွားလုံးထုတ်နေသော လူနှစ်ယောက်ထပ်စာလျှင် Fang ChenLe က ပိုပြီးတော့ တော်သည်။ အနည်းဆုံးတော့ သူက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ကြွယ်ဝမှု့ကို အခြားသူတွေ မမြင်စေနဲ့ ဆိုသော နိယာမကို နားလည်သည်။
"အစ်ကိုကြီးက အမြဲတမ်း တော်တော် တော်တယ်"
You XiaoMo က သူ့ကိုသူ အလွန်အမင်းကျေနပ် အားရနေစဥ် ပြောလိုက်တာ ဖြစ်သည်။
Ling Xiao က သူ့ကို ကြည့်ပြီး "ဒါဆို ဘယ်သူက ပိုပြီး တော်တဲ့လို့ ထင်လဲ မင့် အစ်ကိုကြီးလား ကိုယ်လား"
You XiaoMo က နှုတ်ခမ်းတွေ တွန့်ကွေးလိုက်သည်။ အစ်ကိုကြီးက တောတယ်လို့သာ သူပြောကြည့်ပါလား Ling Xiao က သူ့ကို သေချာပေါက် သတ်မည်ဆိုတာ သူသိတာပေါ့။ ဒီတော့ သူ့မှာ ရွေးချယ်စရာ မရှိပဲ ခပ်ပေါ့ပေါ့လောသာပြန်ဖြေလိုက်သည် "ဒါပေါ့ အစ်ကိုက ပိုတော်တာပေါ့"
PiQiu နဲ့ ကျန်တဲ့သူတွေသာ ဒီမှာရှိလျှင် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်နေရသေူသူ့ကို သေချာပေါက် ရှုံချလိမ့်မည်။
Ling Xiao က ထပ်ပြောသည် "ဒါပေမယ့် မင်းရဲ့ အစ်ကိုကြီးနဲ့ အစ်ကိုနှစ် က အလေးပေးခံနေရပုံ မပေါ်ဘူး"
You XiaoMo နားမလည်နိုင်အောင် ဖြစ်သွားကာ ကတိုက်ကရိုက်မေးလိုက်သည် "ဘာလို့လဲ"
အခုချိန်မှာ အကွာအဝေးက ဝေးသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရချေ။
Ling Xiao က "မြေကမ္ဘာတောင်ထွတ်တစ်ခုလုံးမှာ မင်းအပါအဝင်မှ ဆယ်ယောက်တောင် မရှိဘူး ပြီးတော့ မြေကမ္ဘာတောင်ထွတ်က ကောင်းကင် တောင်ထွတ်နဲ့ လဲ အစေးမကပ်ဘူး အခုလတ်တလောလေးတင် Tang YunQi နဲ့ Lei Ju က အလယ်အလတ်အဆင့် မှောဝင်သားရဲ တစ်ကောင်စီနဲ့ ဆက်နွယ်ထားတယ် သူတိုရဲ့ အင်အားက အရမ်းအမြင့်ပေမယ့် Tian Xinဂိုဏ်းရဲ့ တိုက်ခိုက်နိုင်စွမ်းကိုတော့ တိုးသွားစေတယ်လို့တော့ ယူဆလို့ရတယ် ဒီနည်းနဲ့ မြေကမ္ဘာတောင်ထွတ်က ကျော်လွှားနိုင်မှာ မဟုတ်ဘူး ဘေးဖယ် ခံထားရတာ ဒီအတိုင်းတောင် မြင်နိုင်တာပဲ"
ဒီလို ကိစ္စမျိုးကတော့ ကူပေးလို့ မရမှန်း You XiaoMo ခံစားမိသည်။
ကိုယ့်ကိုကိုယ် နှိမ့်ချပြီးနေခြင်းကို ရွေးချယ်ခြင်းသည် ဘေးထုတ်ခံရနိုင်သည်။ သူ့ အဆိပ်လွှမ်းမိုးနဂါးကိုသာ ထုတ်ဖော်ပြလိုက်လျှင် Tang YunQiကို ဆက်ဆံသလိုမျိုး အကြီးအကဲများက လဲ သူ့ကိုဆက်ဆံနိုင်သည်။ သို့သော်လည်း ထိုအချင်းအရာက သူ့ကို အန္တရာယ်တောထဲ တွန်းပို့စေနိုင်သည်။ အကယ်လို့ Lei Juသာ အစ်ကိုကြီး၏ မှော်ဝင်သားရဲက သူ့အကောင်ထက် ပိုပြီး အစွမ်းရှိတာသိလျှင် လှည့်စားတတ်သော အရာတစ်ချို့ လုပ်မလားဆိုတာ ဘယ်သူသိမှာလဲ။
ဒီတော့ ထိုအချက်ကို အာရုံစိုက်ပြီးတော့ ဘေးဖယ်ခံထားရမည်ကို ကို သိသော်လည်း You XiaoMo ကတော့ အစ်ကိုကြီး၏ လုပ်ဆောင်ချက်ကို အများကြီးသဘောတူလှသေးသည်။
အဲဒိနောက်တော့ သူတို့နှစ်ဦးက အဲဒိ ကိစ္စရပ်နဲ့ ပတ်သတ်ပြီးတော့ ဆက်မပြောတော့ချေ။
မှော်ဝင်သားရဲတောင်ထွတ်ကို သွားရောက်ရန် လမ်းပေါင်းများစွာ ရှိသော်လည်း တောင်ပေါ်တက်ရန်တော့ တစ်လမ်းသာ ရှိသည်။ အဲဒါကတော့ မှော်ဝင်သားရဲတောင်ထွတ်အခြေက မရဏတောင်ကြားကို ဖြတ်သွားရတာ ဖြစ်သည်။
မရဏတောင်ကြားက မှော်ဝင်သားရဲ တောင်ထွတ်၏ ပထမဆုံးအန္တရာယ် အခက်အခဲ ဖြစ်သည်။ အထဲက တကယ်တော့ မြွေအသိုက်တစ်ခု ဖြစ်သည်။ ပြီးတော့ သူများတွေ ပြောကြသည်က ထိုအသိုက်ကမြွေများက နတ်ဆိုးစပါးအုံးမြွေတစ်သောင်းလွင်ပြင် မှာ တွေ့ရသော အမျိုးအစားနှင့် မျိုးတူပဲ ဖြစ်သည်။
ထို့ကြောင့် လူအချို့က နတ်ဆိုးစပါးအုံးမြွေတစ်သောင်းလွင်ပြင်က မိုးထိအောင်ဆိုးယုတ်သောစပါးအုံးမြွေက သုခဘုံနယ်မြေက လာတာ ဖြစ်ကောင်းဖြစ်နိုင်သည် ဟုပင် ခန့်မှန်းပြီးဖြစ်သည်။
အမှန်တရားက ဘာပဲဖြစ်ဖြစ် မရဏတောင်ကြားကတော့ သေချာပေါက် စိတ်အားတက်ကြွစရာကောင်းသော နေရာ မဟုတ်ပေ ။ TianXinဂိုဏ်းလိုမျိုး အားကြီးသော အင်အားစုတောင်မှပဲAt least for forces of TianXin sect's strength.
0ကံကောင်းစွာနှင့်ပဲ သူ့တို့တွင် အရင်က အတွေ့အကြုံရှိပြီးသားဖြစ်တာကြောင့် ဒီအတားအဆီးကို ဖြတ်ကျော်နေစဥ် အတွင်း ဘယ်လို အဆုံးအရှုံးနည်းအောင် လုပ်ရမလဲ သိသည်။ သို့သော်လည်း ဒီလို အရာမျိုးများဆိုတာ Ling Xiaoနှင့် You XiaoMo တို့ဆီရောက်သွားလျှင် အရေးမကြီးတော့ပေ။
သူတို့တွေ မရဏတောင်ကြားကို ခြေချလိုက်ချင်းကိုပဲ Ling Xiao က SheQiu ကို ဆင့်ခေါ်လိုက်သည်။
She Qiu က Ling Xiao ကို မယုံကြည်ဟန်နှင့်ကြည့်ကာ "ကိစ္စတစ်ခုခုများရှိလို့လား ခေါင်းဆောင်ကြီး"
Ling Xiao ကပြုံးကာ မရဏတောင်ကြား အဝင်ဝ ကို ညွှန်ပြပြီး သူ့ပခုံးကို ပုတ်ကာ "မင်းညီအစ်ကိုတွေနဲ့ စကားသွားပြောချေ နာရီနဲ့ချီပြီးတော့ ပြောမနေဖို့လဲ သတိရ ပြီးတော့ ြပန်မလာခဲ့နဲ့ဦး"
SheQiu မျက်နှာ အိုစာသွားကာ "ခေါင်းဆောင်ကြီး ဒီလိုအဆင့်နိမ့်သတ္တဝါတွေက ကျွန်တော့ ညီအစ်ကိုတွေ မဟုတ်ဘူး"
Ling Xiao က ခေါင်းညိမ့်ကာ "ငါ သိတာပေါ့ ဒါပေသိ သူတို့အားလုံးက မင်းရဲ့မျိုးနွယ်တွေလေ မြန်မြန်သွား အချိန်ဖြုန်းမနေနဲ့ "
SheQiu က ခါးသီးမှုကို မျိုသာ ချနိုင်ကာ သူ့'ညီအစ်ကိုများ'ကို နှလုံးသားခြင်းစကားပြောရန် သွားရှာတော့သည်။ အမေရေ သူက အဆင့်ကိုးမှော်ဝင်သားရဲပါ။ အဆင့်နိမ့် မှော်ဝင်သားရဲများကို စကားပြောရမည်တဲ့ ပြီးတော့ သူတို့အများစုက ဉာဏ်အလင်းပွင့်ခြင်းတောင် မရသေးဘူးလေ။ သူတို့တွေ ဘာေ-ာက်စကားများပြောနိုင်မှာလဲ သို့သော်လည်း ဒါက ခေါင်းဆောင်ကြီး၏ အမိန့်ဖြစ်နေသည်။ သူမသွားချင်လျှင်တောင် သူသွားရမည်။
SheQiu က မရဏတောင်ကြားထဲကို မြန်ပျောက်ကွယ်သွားသည်။ သိပ်မကြာခင် မရဏတောင်ကြားထဲက စိတ်လှုပိရှားမှုကြောင့် ထွက်ပေါ်နေသည့် အသံတိုးတိုးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ထို ပုံမှန်မဟုတ်သော ဘေးဥပဒ်ရှိသည့်အငွေ့အသက်သည်လည်းပဲ လွင့်စင် ပပျောက်သွားသည်။
SheQiu ၏လုပ်ဆောင်ချက်ကြောင့်ဆိုတာ ရှင်းလင်းလှသည်။ အဆင့်မြင့်မှော်ဝင်သားရဲ တစ်ကောင်အနေနှင့် အဆင့်နိမ့်မှော်ဝင်သားရဲတစ်စုကိုမှ မဖိနှိပ်နိုင်လျှင် သူ့ဘဝတွင် ရှုံးနိမ့်မှုများက များပြားပေလိမ့်မည်။
Luo ShuHeတို့အဖဲွ့ကတော့ ဒီ မရဏတောင်ကြားကို ဖြတ်သန်းရန် တစ်နာရီသာ ကြာလိမ့်မည်ဟု သူတို့တွေရင်ထဲမှာ တွက်ဆထားချက်က ShuQiu ၏ စိတ်ဆိုးအမျက်ထွက်အောင် ပြုလုပ်ခြင်းအောက်မှာ ဘာ့ကြောင့် သုံးနာရီအထိ ကြာသွားမှန်း တွေးမရဘူးကို ဖြစ်နေကြသည်။ ဒီတော့ သူတို့တွေ မှော်ဝင်သားရဲတောင်ထွတ်ကို စတင် တက်ရောက်ချိန်တွင် တောင်ပေါ်မှ ရတနာများမှာ လူအချို့ ၏ သိမ်းကြုံးယူငင်သွားလောက်ပြီ။
ထို လူအချို့ကြောင်း ပြောရမည် ဆိုလျှင် ပထမ အတားအဆီးဖြစ်သော မရဏတောင်ကြားကို လွယ်လွယ်လေး ဖြတ်ကျော်သွားပြီးနောက် အလွယ်တကူပင် တောင်ထွတ်တို့ တက်ရောက်ကြသည်။
မှော်ဝင်သားရဲတောင်ထွတ်တွင် အရံအတားတစ်ခု ရှိသည်။ နန်းတော်က တစ်လတစ်ခါ ပွင့်သည်ဟု လူအများက ဆိုကြသည်။ အမှန်တကယ် ပွင့်တာက မှော်ဝင်သားရဲတောင်ထွတ်၏ အရံအတားက ပွင့်တာသာ ဖြစ်သည်။
တစ်ကယ်တော့ အခြားသူများက အရံအတားမပွင့်လဲ သွားနိုင်သည် အဘယ်ကြောင့်ဆိုသော် ထိုအရံအတားက အမှန်တကယ်တော့ မှော်ဝင်သားရဲများကို အဓိကထားသောကြောင့် ဖြစ်သည်။ သို့သော် မှော်ဝင်သားရဲတောင်ထွတ်၏ ထိပ်တွင် အဆိပ်ငွေ့တစ်လွှာ လွှမ်းခြုံနေကာ အဆိပ်မြူငွေ့များထဲတွင် ကြီးပြင်းလာသော မှော်ဝင်သားရဲများသာလျှင် မကြောက်မှာ ဖြစ်သည်။
ထို့ကြောင့် အရံအတားမပွင့်လျှင် မှော်ဝင်သားရဲတောင်ထွတ်၏ ထိပ်တွင် အဆိပ်ငွေ့များ စုဝေးကာ အလွှာတစ်ခုရှိနေသည်။ အသက်တစ်ရှိုက် ရှိုက်မိယုံနှင့် ကိုယ်ခံပညာရှင်များနှင့် မှော်ဆရာများ၏ ခန္တာကိုယ်ကို အန္တရာယ်ရှိစေနိုင်သည်။ အရံအတား ပွင့်သွားချိန်တွင် မှော်ဝင်သားရဲတောင်ထွတိထိပ်ရှိ အဆိပ်ငွေ့များမှာ တော်တော်လွင့်ပါးသွားသည်။ အဲဒိအချိန်တွင် တစ်ဦးတစ်ယောက်တက်ရောက်သွား ပါက အဆိပ်ငွေ့တွေ ရှိသေးသော်လည်း သတ်မှတ်ထားသော အချိန်အတွင်း ပြန်ဆင်းနိုင်သရွေ့ ပြဿနာ မရှိပေ။
မှော်ဝင်သားရဲတောင်ထွတ်၏ ဒုတိယအတားအဆီးအဖြစ် ခွဲြခားသိမြင်နိုင်သည့်အရာမှာ ရေတိမ်ကမ်းခြေ ဖြစ်သည်။ မှော်ဝင်သားရဲတောင်ထွတ်၏ အန္တရာယ်အများဆုံးထဲမှ တစ်ခုမဟုတ်ပဲ အန္တရာယ် အရှိဆုံး နေရာ ဖြစ်သည်။
ရေတိမ်ကမ်းခြေကို မှန်ထဲမှ ပန်းများ သို့မဟုတ် ရေထဲကလ (ပုံရိပ်ယောင်) ဟုလဲ ခေါ်တွင်သေးသည်။ အဓိပ္ပါယ်ကတော့ အသွင်အပြင်နဲ့ သင့်ကို မမှားယွင်းစေနဲ့ ဆိုတာမျိုးဖြစ်သည်။ သင့်မျက်လုံးများနှင့် မြင်ရတာက အမှန်မဟုတ်တာများသာ ဖြစ်သည်။
ထပ်ုပီးပြောရလျှင် သူ့ကို ရေတိမ်ကမ်းခြေဟု ခေါ်သော်လည်း အနည်းလေး ရေတိမ်နေတာတော့ မဟုတ်ပေ။ ဒါက နာမည်တစ်ခုသာ ဖြစ်ပြီး ဘာမှ ထပ်မပိုပေ အဘယ့်ကြောင့်ဆိုသော် ရေမျက်နှာပြင်အောက်က ဖောက်ထွင်းမြင်နိုင်သော ရေမိစ္ဆာ အုပ်စုကြောင့်ဖြစ်သည်။ ရေမိစ္ဆာများမှာ အလယ်အလတ်အဆင့် မှော်ဝင်သားရဲများ ဖြစ်သည်။ သူ့တို့ ၏ ကြံ့ခိုင်မှုက သိပ်မမြင့်သော်လည်း ရေအောက်သည် သူတို့၏ ကမ္ဘာ ဖြစ်သည်။
ရေမိစ္ဆာများသည် နူးညံ့ ကြင်နာတတ်သော မှော်ဝင်သားရဲမျိုး မဟုတ်ပေ။ သူတို့က ရေထဲမှာပဲ ဖြစ်ဖြစ် လေထဲမှာပဲဖြစ်ဖြစ် လူသားတွေကို တမင်သက်သက်ကို တိုက်ခိုက်တတ်ကြသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ရေတိမ်ကမ်းခြေပေါ်မှ ဖြတ်ပျံသောအရာများသည် ရေတိမ်ကမ်းခြေ အောက်ဘက်တွင် ဘာတွေ ဖြစ်နေသလဲဆိုတာကို သတိမထားမိပဲ ခပ်နိမ့်နိမ့် ပျံသန်းမိမည်ဆိုလျှင် သူတို့တွေက ရေမိစ္တာများ၏ ရေထဲသို့ ဆွဲချခြင်းကို ခံရဖို့ များသည်။
တစ်ယောက်ယောက်ကသာ အချိန်မီ မကယ်တင်ဘူးဆိုလျှင် ကိုယ့်ကိုကိုယ်လဲ ကယ်တင်နိုင်စွမ်းမရှိဘူးဆိုလျှင် ရေတိမ်ကမ်းခြေအောက်ရှိ ရေမိစ္ဆာများ ၏ ခွဲဝေ စားသောက်ခြင်း ခံရဖို့ အများဆုံး ဖြစ်သည်။
သို့သော် ရေတိမ်ကမ်းခြေ၏ ကြောက်မက်ဖွယ် အကောင်းဆုံးနေရာမှာ တကယ်တော့ ဒီမှာ မဟုတ်ပေ။
ရေတိမ်ကမ်းခြေ၏ ဘေးပတ်ပတ်လည်ကို အဆင့်ခုနစ်နှင့် အထက် မှော်ဝင်သားရဲများစွာက ကန့်သတ် ချယ်လှယ်ထားသည်ဟု ဆိုကြသည်။ ဒီနေရာသည် သုခဘုံနယ်မြေတွင် ကျောက်စိမ်းဝိဉာဏ်ဂူထက်တောင်မှ အသန်မာဆုံးမှော်ဝင်သားရဲများ ရှိသော နေရာ ဖြစ်သည်။
ထို့ကြောင့် လှုပ်ရှားမှု များလွန်းလျှင် အလွန်အင်အားကြီးသော မှော်ဝင်သားရဲများကို ဆွဲဆောင်သွားမိဖို့ များသည်။
You XiaoMo ကတော့ Ling Xiao၏ သယ်ဆောင်ခြင်းခံရကာ ရေတိမ်ကမ်းခြေပေါ်ကနေ ပျံသန်းသွားသည်။
သို့သော်လည်း Ling Xiao ကပဲ စိတ်မနှောင့်အယှက် ဖြစ်နေ၍ပဲလားတော့မသိ You XiaoMo က သူတို့ပျံသန်းနေသည်မှာ ရေတိမ်ကမ်းခြေ မျက်နှာပြင် နှင့် အတော်လေး ကပ်နေသည်ဟု ခံစားနေရသည် အရမ်းနိမ့်နေသည်မှာ သူတောင်မှ ကြည်လင်နေသော ရေပြင်၏ အောက်ခြေအထိတောင် မြင်နိုင်နေသည်။ သို့သော်လည်း ရေမျက်နှာပြင်က တည်ငြိမ်လွန်းလို့ အဲဒါက ကြည်လင်နေတဲ့ အောက်ခြေ မဖြစ်နိုင်ဘူးဟု ထင်ရသည့်အပြင် ရက်စက်လှသော ရေမိစ္ဆာများ ရှိနေသည်ဆိုတာကနုပါ အထင်ရချေ။
ရေမိစ္ဆာများက ရေပေါ်ကို ဘယ်လိုတွေတောင် ခုန်တက်ပြီး သူတို့ကို လှမ်းဆွဲနိုင်မှန်း တွေးမိတော့ You XiaoMo ကြသ်သီးတွေထလာကာ Ling Xiao ပခုံးကို အမြန်ပုတ်တော့သည်။ "အစ်ကိုကြီးLing ကျွန်တော်တို့ နဲနဲ မြင့်မြင့်လေး ပျံရင်ကော ဘယ်လိုလဲ"
ထိုစကားများကို Ling Xiaoကြားတော့ သူကြောက်နေတယ်ဆိုတာ သိလိုက်သည်။ သူ့ဘက်လေးကို လှည့်ကာ ပြုံးပြလိုက်သည်။ သူစကားပြောရန် ပြင်လိုက်တုန်းပဲ ရှိသေးသည် ရေမျက်နှာပြင်တွင် လှုပ်ရှားမှု ဖြစ်ပေါ်သွားသည်။ တစ်ခုခုဖြတ်သွား သလိုမျိုး ရေမျက်ပြင်ပေါ် လမ်းဂယက်လေးတစ်ခု ရိုက်ခတ်သွားသည်။ နောက်တော့ လှိုင်းလုံးတွေက တစ်ခုပြီးတစ်ခု အရှိန်ပြင်းထန်စွာ ခပ်မြန်မြန် ထကြွလာသည်။
အဲဒိအချိန်မှာတင် ရေမျက်နှာပြင်က ရုတ်တစ်ရက် ပွင့်အာသွားကာ စီခနဲ ကျယ်လောင်သော အသံကြီး မြည်တမ်းပြီးတော့ ဖောက်ထွင်းမြင်နေရသော ရေမိစ္ဆာတစ်ကောင် ရေအောက်ကနေ တိုးထွက်လာသည်။
ထိုအသံက You XiaoMo ကို နားအူစေကာ ထိတ်လန့်ပြီးတော့ Ling Xiao လက်မောင်းကိုတောင် လွှတ်ချလိုက်မိတော့မလို ဖြစ်သွားသည်။ ကံကောင်းစွာနှင့် Ling Xiao က အချိန်မှီ တုန့်ပြန်ကာ သူ့ကို ခပ်တင်းတင်း ဖက်လိုက်ကာ အမြင့်ကို ချက်ချင်း မြန်မြန်လေး အရှိန်တင်ကာ တက်လိုက်ရသည်။ ရေမိစ္ဆာကတော့ ဗလာအတွက် လာခြင်းဖြစ်သွားသည်။
You XiaoMo က နောက်လှည့် ကြည့်လိုက်သည်။ ရေမိစ္ဆာ၏ ထုတ်ချင်းပေါက် မြင်နေရသော ကိုယ်က ရေ၏အပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်ရသည်။ သူ့ပုံက လူသားခန္ဓာကိုယ်ကို ရေဖြင့် ပြုလုပ်ထားသည်နှင့် တူလှသည်။ ကွာခြားသည်က သူက မတူညီသော မျိုးစိတ်တစ်ခုဟုတောင် ထင်ရသည်။ သူ့နားရွက်က ရှည်ကာ အလွန်ချွန်ထက်နေသော သွားများရှိသည်။ စကားမြေပာနိုင်ပေမယ့် သူ့ပါးစပ်ကနေတော့ အသံထွက်နိုင်ကာ ထိုအသံက လူသားများကို အလွန်ဆိုးဆိုးရွားရွား ခံစားရစေသည်။
ဗလာကိုသာ ဟပ်မိသောကြောင့် ရေမိစ္ဆာက ရေထဲကို ပြန်လည် ပြုတ်ကျကာ ပလုံ ခနဲတောင် မြည်သွားသည် သို့သော်လည်း သူက ရေအောက်ကို ပြန်ငုပ်မဆင်းသွားပေ။ အဲဒိအစား ရေမျက်နှာပြင်ပေါ်တွင် မျှောနေကာ သူတို့ကို ဆိုးဆိုးရွားရွားကြီး စူးစိုက်ကြည့်နေတော့သည်။
You XiaoMo က အဲဒါကြီးကို တုန်လှုပ်ချောက်ချားစွာ ကြည့်ကာ "အစ်ကိုကြီးLing ဘာလို့ ဒီ ရေမိစ္ဆာက လူနဲ့တူနေတာလဲ?"
Ling Xiao က သူ့ခါးလေးကို ဖက်ထားရင်းနှင့် လေထဲတွင် ရပ်နေသည်။ သူတို့ကို မျက်မှောင်ကြီး ကြုပ်ကာ ကြည့်နေသော ရေမိစ္ဆာကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်သည် ပြီးတော့ ရယ်ကာ "ရေမိစ္ဆာ မှော်ဝင်သားရဲက ဘယ်ကနေဖြစ်လာတာလဲ ဆိုတာ သိလား?"
You XiaoMo က ချက်ချင်း ခေါင်းခါ ပြလိုက်သည်။ သူ ရေမိစ္ဆာ၏ အသေးစိတ်အချက်အလက်များကို မှော်ဝင်သားရဲစာလိပ်တွင် မတွေ့ခဲ့ချေ။ အဲဒါက အလယ်အလတ်အဆင့် မှော်ဝင်သားရဲ ဖြစ်ပြီးတော့ သူ့ရဲ့ စွမ်းအင်က ပုံမှန်အားဖြင့် အဆင့်လေး ကနေ အဆင့်ငါးအထိ ရှိမှန်းသာ သူသိသည်။
သူက အရမ်းမသန်မာပေမယ့် ရေမိစ္ဆာများက သူ့တို့ရဲ့ သက်တမ်းတစ်လျှောက်လုံး ရေထဲတွင်သာ နေထိုင်သည်။ ပြီးတော့ သူတို့က အရေအတွက်လဲ များပြားသည်။ ထို့ကြောင့် ကြယ်အဆင့် တိုက်ခိုက်သူ တစ်ယောက် ကျသွားလျှင်တောင် သူ့ကိုယ်သူ လွတ်အောင် မလုပ်နိုင်လောက်ချေ။
"သေချာပြောရရင် ဒီ ရေမိစ္ဆာက သူ့ရဲ့ မူရင်းခန္ဓာကိုယ်က လူသားတစ်ယောက်ဆိုတော့ သူက မှော်ဝင်သားရဲ တစ်ပိုင်း ပဲ" Ling Xiao က ပြောပြသည်။
"လူသား?" You XiaoMo လန့်ပြီး ဆတ်ခနဲ ဖြစ်သွားသည်။ လူသားနဲ့တူတာ အံသြစရာမရှိပါဘူး။
"ဟိုးရှေးရှေးတုန်းကပေါ့ ဒီကမ္ဘာမှာ ရေမိစ္ဆာဆိုတဲ့ ဒီ မှော်ဝင်သားရဲမျိုးမရှိခင်တုန်းက ဒဏ္ဍာရီမှာတော့ ပထမဆုံး ရေမိစ္ဆာက ရေခဲအဆိပ်ကို မှားပြီးသုံးစွဲလိုက်မိတဲ့ ကိုယ်ခံပညာရှင် တစ်ယောက်ကနေ အသွင်ကူးပြောင်းတယ်လို့ ဆိုတယ်။ အဲဒိ ရေခဲ အဆိပ်က နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ချောက်နက်ကြီးတစ်ခုရဲ့ အောက်ခြေမှာပဲ တွေ့နိုင်တယ်တဲ့။ အဲဒိ ကိုယ်ခံပညာရှင်က မှားပြီးတော့ အဲဒိ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ချောက်ထဲကို ဝင်သွားမိတာ ရလာဒ်ကတော့ ရေခဲအဆိပ်ကို မှော်ကျောက်တုံးနဲ့ မှားပြီးတော့ စားမိသွားတယ် အဲဒိနောက်တော့ ရေခဲအဆိပ်က သူ့တစ်ကိုယ်လုံး ပျံနှံ့သွားရော သူ မသေသွားပေမယ့် လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းနဲ့ ရေမိစ္ဆာ ဖြစ်သွားတယ် ပြီးတော့ ရေထဲမှာပဲ အသက်ရှင်နိုင်တော့တယ်"
ရေမိစ္ဆာများမှာ အရမ်းတော့ လူသိမများပေ သို့သော် ရေခဲအဆိပ်ကတော့ လူတိုင်း သိသော အရာဖြစ်သည်။ ချောက်က နှစ်တစ်သောင်းသက်တမ်းရှိသရွေ့ သူ့ကို တွေ့နိုင်သည်။
"အဲဒိတော့ ရေမိစ္ဆာတွေ အကုန်လုံးက ရေခဲအဆိပ်ကို မှားပြီး ယူမိတဲ့သူတွေကနေ ပြောင်းသွားတာလား?"
You XiaoMo က တအံ့တသြမေးလိုက်သည်။ အဲဒါသာ တကယ်ဆိုရင် ချောက်ရဲ့ အောက်ခြေက ရေခဲအဆိပ်က အတော့်ကို မယုံနိုင်စရာ ဖြစ်သွားပြီ။
Ling Xiao က သူ့ကို ရွှင်မြူးရိပ်နှင့် ကြည့်ကာ သူ့အဆိုကို ပြန်လည် ချေပလိုက်သည် "ဘယ်ဟုတ်မလဲ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ချောက်ဆိုတာ အများကြီးလို့ မင်းထင်နေတာလား? "
You XiaoMo က သူ့နှာခေါင်းကို ပွတ်ကာ "ဒါဆို အခြားရေမိစ္ဆာတွေက ဘယ်လိုြဖစ်လာတာလဲ"
Ling Xiao က ပြောလိုက်သည် "ကူးတာပေါ့ ဟိုကိုယ်ခံပညာရှင်က ရေမိစ္ဆာတစ်ကောင်အဖြစ် ပြောင်းသွားပြီးတော့ သူ့ခန္ဓာကိုယ် တစ်ခုလုံး ခေါင်းအစ ခြေအဆုံးက ရေခဲအဆိပ်အဖြစ် ပြောင်းသွားတယ် ပြီးတော့ သူရေမိစ္ဆာတစ်ကောင် အဖြစ်ပြောင်းပြီး နောက်မှာ သူ လူအဖြစ်ရှိနေစဥ်ကထက် ပို သန်မာလာတယ် အရေးအကြီးဆုံးကတော့ သူက အရမ်းဉာဏ်ကောင်းသွားတာပဲ။ သူ က ကိုယ်ခံပညာရှင်တွေကို မျှားခေါ်ဖို့ အဲဒိ နှစ်တစ်သောင်း သက်တမ်းရှိ ချောက်ကြီးရဲ့ အောက်မှာ မှော်ကျောက်တွေ ရှိတယ်လို့ ကောလဟာလ လွှင့်လိုက်ရော ဟိုငတုံးတွေကလဲ ငါးစာကို ဟပ်တယ်လေ နောက်တော့ အဆုံးမရှိတဲ့ ကိုယ်ခံပညာရှင်တွေ က အဲဒိချောက်ကို ဦးတည် သွားတော့တာပဲ ရလာဒ်ကတော့ ထင်ထားတဲ့ အတိုင်းပဲ ဟို ငတုံး တစ်ဝက်ကျော်ကျော်လောက်က သူ့မျိုးနွယ်တွေ ဖြစ်ကုန်တယ်"
You XiaoMo အသက် မျှင်းမျှင်းလေး တစ်ချက် ရှူလိုက်သည်။ အဲဒိ ရေမိစ္ဆာက အတော်တော်များသွားပြီ။
အလွန့်အလွန်တော်လှသော အကွက်က အခုမှ လာမှာဖြစ်သည်။
နောက်ပိုင်းတွင် စွမ်းအားြကီးမားလှသော ကိုယ်ခံပညာရှင်အချို့က လူတွေစုစည်းကာ ထိုရေမိစ္ဆာကို အပြတ်ဖြတ်ရန်လုပ်သော်လည်း အရမ်းနောက်ကျသွားပြီ ဖြစ်သည်။
အရင်အသုတ်က ကူးစက်သွာေးသာ ကိုယ်ခံပညာရှင်များတွင် အချို့မှာ သန်မာလှပြီး ရေမိစ္ဆာအဖြစ် ချက်ချင်း ပြောင်းမသွားချေ။ ဒါပေမယ့် ရလာဒ်ကတော့ အတူတူပဲဖြစ်သည်။ ဆိုးရွားသောအရာမှာ သူတို့က သူတို့၏ လူသားဦးရေနှင့် ထိုက်သင့်သော ရေခဲအဆိပ်ကိုယ်လုံးကို ရလိုက်တာပဲ ဖြစ်သည်။
အဆိုပါ အချိန်တုန်းက လူအများအပြားက ရေခဲအဆိပ်က အလွန့်အလွန် ကူးစက်လွယ်သည်ကို မသိခဲ့ပေ။ ထိရုံနှင့်တင် ကူးစက်သည်မဟုတ်ပဲ လေထဲမှလည်း ကူးစက်နိုင်သေးသည်။
အဲဒိတော့ ဘေးဒုက္ခတစ်ခုအဖြစ် အလွယ်တကူ ပျံ့နှံ့သွားသည်။ မြို့တစ်မြို့လုံး၏ လူဦးရေတစ်ခုလုံး က ရေခဲအဆိပ်မိသွားကာ ရေမိစ္ဆာတွေ အဖြစ် ြေပာင်းလဲသွားသည်။ အဲဒိ အချိန်တွင် ထိူသတင်းအပေါ် လူအများ တုန်လှုပ်ခြောက်ခြားသွားကြသည်။ နောက်ဆုံးကျမှသာ ရေခဲအဆိပ်က ဘယ်လောက်ထိ အန္တရာယ်များသလဲဆိုတာ နားလည်သွားကြသည်။
အဲဒိနောက်တွင်တော့ ကျင့်ကြံသူမဟာမိတ် အစုကြီးက ရေမိစ္ဆာများကို အမြစ်ဖြုတ်ကြသော်လည်း ပြဿနာက ကျယ်ပြန့်လွန်းသည်။ ငါးဖမ်းပိုက်ထဲကနေ လွတ်သွားသော ငါးတစ်ကောင်က အမြဲ ရှိမြဲပင်။ ထို့ြေကာင့် သူတို့က ရေမိစ္ဆာများကို အလုံးစုံ မနှိမ်နင်းနိုင်ပေ။ ကံကောင်းသည်မှာ ရေမိစ္ဆာများက ရေထဲတွင်သာ အသက်ရှင်နိုင်သည် ။ဒီတော့ လူသားတစ်ယောက်က ရေမိစ္ဆာရှိနေသော ရေနားမသွားသရွေ့ အဆင်ပြေသည်။
ဒီတော့ အခုချိန်မတိုင်ခင်အထိ ရေမိစ္ဆာဆိုတာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အချေမှုန်းခံလိုက်ရသော မှော်ဝင်သားရဲတစ်ပိုင်းများဟု ထင်ရသည်။ ဘယ်သူကမှ မထင်ထားတာကတော့ သုခဘုံနယ်မြေ ပိုင်ရှင်က တကယ်ကြီးကို ရေမိစ္ဆာတစ်စုကို အကျဥ်းကျကာ မွေးမြူထားတာက ကျငိ့ကြံသူများကို နာမည်တောင် ဖော်ထုတ်မပြနိုင်အောင် တုန်လှုပိ ထိတ်လန့်သွားစေသည်။
Yiu XiaoMo က ခဏခဏ သတွေးမြိုချကာ "အကိုကြီးLing ဒီရေတိမ်ကမ်းခြေက အတယ်ကြီး နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ချောက်ရှိမယ်လို့ ထင်လား"
နှစ်တစ်သောင်း သက်တမ်းရှိချောက်တွင် ရေမိစ္ဆာများစွာ ရှိနေသော်လည်း စွန့်စားတာက ဆုရစေသည်။ အစောက Ling Xiao ပြောသွားတာက ရေခဲ အဆိပ်က နှစ်တစ်သောင်း သက်တမ်းရှိ ချောက်တွင်သာ တွေ့နိုင်သည်။ အဲဒါကလည်း မှော်ကျောက်နှင့် အတူတူပင် ဖြစ်ကာ သူကမူ သေချာမှု မရှိပေ။ သို့သော်လည်း အရမ်းတူလှသည်။
Ling Xiao က ရုတ်တရက် သူ့ကို ထူးဆန်းသောအပြုံးတစ်ပွင့် ပေးကာ "အာ့ ကိုယ် မင်းကို ပြောဖို့ မေ့နေတာ နှစ်တစ်သောင်း သက်တမ်းရှိချောက် မှာ သေချာပေါက် နှစ်တစ်ထောင်ရေမိစ္ဆာ ရှိမှာ"
အကယ်လို့ ဒီလူက အဲဒါကို ပြောနိုင်တယ်ဆိုရင် အောက်မှာနှစ်တစ်ထောင်ရေမိစ္ဆာရဗိတယ်ဆိုတာကို You XiaoMo ခိုင်ခိုင်မာမာ ခံစားသိရှိသည်
You XiaoMo ၏ အထိတ်တလန့် အကြည့်အောက်တွင် Ling Xiao က သူ့လက်ကို ထားက ပြုံးစစနှင့် "ညီလေး သူတို့တွေ အောက်မှာရှိမရှိ သိချင်တယ်မလား ကိုယ်တို့ တန်းဆင်းကြည့်တာပေါ့ အာ့ဆို ကိုယ်တို့သိသွားမှာပဲ"
You XiaoMo က အော်ဟစ်သံ ထွက်မလာခင်လေးကို သူက Ling Xiao နှင့်အတူ ရေထဲကို ဒိုင်ဗင်ထိုး ဆင်းသွားပြီ ဖြစ်သည်