မောင်အရိုင်း ပန်း(ေမာင္ အရိုင...

By OwantSung

573K 50.8K 1.8K

အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။ More

အပိုင်း ၁/အပိုင္း ၁
အပိုင်း၂/အပိုင္း၂
အပိုင္း၃/အပိုင်း ၃
အပိုင်း ၄/အပိုင္း၄
အပိုင္း၅/အပိုင်း၅
အပိုင္း၆/အပိုင်း၆
အပိုင္း၇/အပိုင်း ၇
အပိုင္း၈/အပိုင်း ၈
အပိုင္း၉/အပိုင်း၉
အပိုင္း၁၀/အပိုင်း ၁၀
အပိုင္း၁၁/အပိုင်း ၁၁
အပိုင္း ၁၂/အပိုင်း ၁၂
အပိုင္း၁၃/အပိုင်း ၁၃
အပိုင္း၁၄/အပိုင်း ၁၄
အပိုင္း၁၅/အပိုင်း ၁၅
အပိုင္း ၁၆/အပိုင်း ၁၆
အပိုင္း ၁၇/အပိုင်း ၁၇
အပိုင္း ၁၈/အပိုင်း ၁၈
အပိုင္း ၁၉/အပိုင်း ၁၉
အပိုင္း ၂၀/အပိုင်း ၂၀
အပိုင္း ၂၁/အပိုင်း ၂၁
အပိုင္း ၂၂/အပိုင်း ၂၂
အပိုင္း ၂၃/အပိုင်း ၂၃
အပိုင္း ၂၄/အပိုင်း ၂၄
အပိုင္း ၂၅/အပိုင်း ၂၅
အပိုင္း၂၆/အပိုင်း ၂၆
အပိုင္း ၂၇/အပိုင်း ၂၇
အပိုင္း ၂၈/အပိုင်း ၂၈
အပိုင်း ၂၉/အပိုင္း ၂၉
No update
အပိုင္း ၃၁/အပိုင်း ၃‌၁
အပိုင္း ၃၂/အပိုင်း ၃ ၂
အပိုင္း ၃၃/အပိုင်း ၃၃
အပိုင္း ၃၄/အပိုင်း ၃၄
အပိုင္း ၃၅/အပိုင်း ၃၅
အပိုင္း ၃၆/အပိုင်း ၃၆
အပိုင္း ၃၇/အပိုင်း ၃၇
အပိုင္း ၃၈/အပိုင်း ၃၈
အပိုင္း ၃၉/အပိုင်း ၃၉
အပိုင်း ၄၀/အပိုင္း ၄၀

အပိုင္း ၃၀/အပိုင်း ၃၀

11K 983 8
By OwantSung

Unicode

"ရိုင်းလိုက်တာ"

မမဆီမှ တီးတိုးစကားသံကြောင့် မျက်နှာပူစွာ ခေါင်းငုံ့ထားမိသည်။

"အာကာ မမတို့ ဒီမှာ တစ်ပတ်လောက်ပဲ နေဖြစ်မယ်
ဖြူဖြူကလည်း မအားဘူး အခုတော့ ခရီးပန်းနေပြီမို့
မမတို့နားတော့မယ် ညကျမှ အပြင်မှာ တစ်ခုခုထွက်စားကြမယ်"

မမတို့ထွက်သွားမှ လေပူတွေကို မှုတ်ထုတ်ပြီး စိတ်ကို
အနည်းငယ်ကြည်အောင် ကြိုးစားကြည့်မိသည်။မမအမြင်မှာ ဒီရေကို ရိုင်းတယ်လို့ ထင်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရသည်။တကယ်လည်း ရိုင်းတဲ့အပြုအမူပင်။

ပထမဆုံးတွေ့ဆုံမှုမှာတောင် လိုက်လျောညီထွေမဖြစ်တဲ့ ဒီရေကို သူဘယ်လို
မိသားစုနဲ့ ‌မိတ်ဆက်ပေးရမလဲ။ကိုယ်မင်းကို
အလိုလိုက်တာ များလွန်းနေပြီ ထင်တယ်။

"မောင်လေး"

"အာ မမ ခုနကပြောတော့ ပင်ပန်းလို့ နားချင်တယ်ဆို"

"အင်း ခု ခြံထဲသွားပြီး စကားပြောရအောင်"

သွက်လက်ဖြတ်လက်စွာ အရှေ့ကနေ ထွက်သွားတဲ့
မမကိုကြည့်ပြီး တစ်ခုခုကို ရင်ထဲလေးလံလာသည်။

နှင်းဆီဖြူအပင်ရှေ့ လက်ပိုက်ပြီး မတ်တပ်ရပ်နေပုံက
တစ်ခုခုကို ပြောမလို့ အရှိန်နေဟန်။

"မမ"

"အာကာ ဖြူဖြူလွင်ကို မမသဘောကျတယ် ပြီးတော့
မင်းအတွက် သင့်တော်မဲ့ မိန်းကလေးလို့လည်းထင်တယ်"

ပြောမဲ့ပြောတော့လည်း ဆိုင်းမဆင့်ဗုံမဆင့်။သူ့အတွက်
သင့်တော်မဲ့သူရှာနေတာဆိုတဲ့စကားက မမ
နောက်နေတာမဟုတ်ခဲ့ဘူးပဲ။ပွဲပြီးမီသေလုပ်လာခဲ့တဲ့
မမကြောင့် စိတ်ဆိုးရသည်။လူကိုယ်တိုင်ခေါ်လာပြီးမှ
မင်းအတွက် သင့်တော်မဲ့ မိန်းကလေးတဲ့လား။

"မမ မဟုတ်သေးဘူး မဖြူဖြူလွင်ကို ကျွန်တော်နဲ့
ပေးစားမယ်လို့ပြောပြီး ခေါ်လာတာလား ကျွန်တော့်သဘောကို မမေးပဲနဲ့လေ ဒါမြန်မာကား
ရိုက်နေတာ မဟုတ်ဘူးနော်မမ"

သူ့ကိုကျောပေးရာမှ မမ မျက်နှာချင်းဆိုင်လှည့်လာသည်။

"သိတယ်လေ မင်းအသက် နှစ်ဆယ့်လေးပြည့်ပြီးပြီး
အခုချိန်ထိ ရည်းစားလည်းတိတိကျကျရှိတာမဟုတ်ဘူး
ရှိတယ်ဆိုရင်တောင် ငါလွယ်လွယ်နဲ့ သဘောမတူနိုင်ဘူး အာကာ ဂုဏ်သရေရှိ အမျိုးသမီးကောင်း‌ေလးနဲ့ပဲ ဖြစ်ရမယ်"

"နေပါအုံး ကျွန်တော်အိမ်ထောင်ပြုဖို့ ကိစ္စက အဲ့လောက်သေရေးရှင်ရေးတစ်ပါး အရေးကြီးနေလို့လား ကျွန်တော်ယောကျာ်း ဘယ်နေရာ ဘယ်အသက်အရွယ်
ရောက်ရောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်"

"မင်းငါ့ကို ပြန်အော်နေတာလား"

မမရဲ့ အသံစူးစူးကြောင့် ထွက်လက်စ ဒေါသတွေကိုထုပ်သိမ်းပြီး မျက်နှာလွဲလိုက်သလို
မမသည်လည်း တောက်ခေါက်ပြီး အိမ်ထဲပြန်၀င်သွား
သည်။ဒီနေ့ ဘာမှအဆင်မပြေဘူး unlucky day။

************************************

အိမ်ပြန်ရောက်တော့ အခန်းထဲတန်း၀င်လာပြီး
ဟိုအမျိုးသမီးနှစ်ယောက်အကြောင်းကိုပဲ စဉ်းစား
နေမိသည်။

"ဒီရေ ငါ၀င်လာမယ်နော်"

"မလာခဲ့နဲ့"

ကုတင်ပေါ်ကနေ မထပဲအော်လိုက်ပေမဲ့ သီရိမက
အခန်းထဲတောင် ရောက်လာပြီ။ကုတင်ပေါ် လာတက်ထိုင်ပြီး လူကို တရားထံစစ်သလို
ခြေဆုံးခေါင်းဖျား ကြည့်နေသည်။

"သီရိမ ငါစိတ်မကြည်ဘူး ဝေးဝေးမှာ နေစမ်းပါဟာ"

အကိုအာကာနဲ့ ရန်ဖြစ်လာပြန်ပြီ ထင်တယ်။သွားတုန်းကတောင် တက်တက်ကြွကြွပါ
အခုပြန်လာမှ မျောက်မှိုင်မှိုင်နေသည်။

"နင် အကိုအာကာနဲ့ ရန်ဖြစ်လာတာလား သူနင့်ကို
အနိုင်ကျင့်သေးလား ငါတို့မရှိတုန်းက"

"ကျင့်စရာလား ငါကပဲကျင့်တာ သူက အကြီးပီပီသည်းခံတယ် အခုလည်း တခြားဟာကို
စိတ်မကြည်တာ"

ပြောလည်းပြော စောင်ကို ခေါင်းမြီးဆွဲခြုံလိုက်သည်။

"နင် အကိုအာကာနဲ့တွဲနေတာကို ဒေါ်လေးကို
ဘယ်တော့ ဖွင့်ပြောမှာလဲ"

သီရိမ စကားကြောင့် စောစောက ဆွဲခြုံထားတဲ့
စောင်ကို ဖယ်ထုတ်ပြီး လူပါ ငုတ်တုတ်ထထိုင်မိသည်။
သူဘယ်လိုသိတာလည်း ငါလည်းတစ်ခါမှမပြောဖူးပါဘူး။အာကာပြောတာများလား ပြောရအောင်လည်း တစ်ခါမှ စကားမစပ်မိပါဘူး။

"မအံ့ဩသွားနဲ့ နင်တို့မတွဲခင်ထဲက အကိုအာကာ
နင့်ကို သဘောကျနေမှန်း ငါသိတာ ပြီးတော့
နင်တို့ ဒီလိုတွဲဖြစ်အောင်လို့ပဲ ငါပဲ ကူညီတာ"

ယုံကြည်ချက်အပြည့်နဲ့ မျက်နှာကိုမော်ပြီး ပြောတဲ့
သီရိမကြောင့် ပိုအံဩသွားရသည်။သူ့ကိုတစ်ခါမှလည်း
မပြောပြဖူးဘူး။ဘာပဲဖြစ်ဖြစ် ချစ်သူသက်တမ်း
တစ်လပဲပြည့်တော့မယ် အခုချိန်ထိ ဒီကိစ္စကို
သူမသိရ။

မျက်နှာပျက်သွားတဲ့ ဒီရေကြောင့် သီရိမေ အနေကျပ်သွားရသည်။

"ဟဲ့ ဘာဖြစ်လို့လဲ"

"ဘာလို့ သူ ငါ့ကို ဒီကိစ္စမပြောတာလည်းလို့
တွေးမိသွားလို့ပါ"

"အာ ဒါက အရေးမကြီးပါဘူး အရေးကြီးတာက
ဟိုဟာ....."

"ဘယ်ဟာလည်း"

"ဟိုဟာပါဆို ဟိုဟာလုပ်ဖြစ်လား"

သီရိမရဲ့ ဟိုဟာကို ဆိုတာကို စဉ်းစားခန်းဖွင့်လိုက်တော့
လင်းခနဲလက်ခနဲ ခေါင်းထဲပေါ်လာရသည်။သီရိမဆိုတဲ့
အသံကြီးနဲ့ အော်ပြီး ခေါင်းအုံးနဲ့ တဖုန်းဖုန်းနဲ့
ထုရိုက်လိုက်သည်။

************************************

အပြင်ကပြန်ရောက်တာ နောက်ကျသဖြင့် ဒီရေကို
ဖုန်းခေါ်ဖို့ အချိန်တောင်အတော်လင့်နေပြီ။

Ring Ring Ring

"ဘာလဲပြော"

"မအိပ်သေးဘူးလား"

"ဘာလို့ အခုမှ ဖုန်းဆက်ရတာလဲ"

"ကိုယ်အပြင်သွားနေလို့ ခဏလောက်ဖြစ်ဖြစ် တွေ့ချင်တယ်"

"မတွေ့ချင်ဘူး ထွက်လည်းမလာဘူး"

"လုပ်ပါ ဒီရေရယ် လိမ္မာပါတယ်နော် နော်လို့ ကိုကို့ကလေးလေးကလည်း"

"ကောင်းပြီလေ ခဏတော့ရမယ် သနားလို့နော်"

ဒီရေနဲ့ ဖုန်းပြောပြီး အိမ်ထဲကနေ ခိုးကြောင်ခိုးဝှက်နဲ့
ပြန်ထွက်လာပြီး ဟိုဘက်ခြံကူးလာခဲ့ရသည်။ပန်းပင်တွေရှေ့ မတ်တပ်ရပ်နေတဲ့ ဒီရေကို အနောက်ကနေ သိုင်းဖက်လိုက်သည်။

"ဒီနေ့တစ်နေကုန် ရေရေရာရာမတွေ့ရသေးလို့
ကိုယ်က လွမ်းနေတာ"

"သူ့ဘာသာ လမ်းသလားနေပြီပေါ့"

ဒီရေ ကျောပြင်လေးမှာ ပါးအပ်ပြီး ပြောသင့်မပြောသင့် စဉ်းစားနေရသည်။ပြောလိုက်ရင်
လည်း ဒီကောင်လေး ဝူးဝူးဝါးဝါးနဲ့ ပေါက်ကွဲမှာ သေချာတယ်။မမကိုပဲ အပြတ်ငြင်းလိုက်ရင်ကော
ပြီးတော့ ဒီရေနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းကို လက်ခံပါ့မလား။

"နေပါအုံး သီရိမနဲ့ခင်များနဲ့ ပေါင်းကြံတဲ့ ကိစ္စကို
ကျွန်တော့်ကို ဘာလို့မပြောပြတာလဲ ကျွန်တော်ကတော့ ဘာမှမသိရှာဘူး ဘယ်လောက်
သနားဖို့ကောင်းလဲ"

အာကာဘက်ကို မျက်နှာလှည့်ပြီး ရန်တွေ့လိုက်သည်။

"ဒါက ကိုယ်ကမင်းကို ချစ်နေတာဆိုတော့ မင်းကို အပိုင်လိုချင်တဲ့စိတ်နဲ့ လုပ်မိတာပါ ဒီအချိန်အတောအတွင်း မင်းအချစ်ကိုရဖို့ ကြိုးစားနေတာ အဲ့တာကြောင့်မို့ပါ"

"တော်လိုက်တာ ဆုချရမယ်"

အာကာမျက်နှာလေးကို လက်နှစ်ဖက်နဲ့ဆွဲယူပြီး
နှုတ်ခမ်းသားနုနုကို ခပ်ဖွဖွလေးထိကပ်လိုက်သည်။
ချစ်တယ် ကျွန်တော် ခင်များကို ချစ်တယ် အာကာ။
ဘယ်တော့မှ ခင်များကို လက်လွှတ်မခံဘူး ။
ဘယ်သူတွေ ဘယ်လိုတားဆီး တားဆီး ခင်များလက်ကို ကျွန်တော် ဖြုတ်မချဘူး။

"ချစ်တယ် ကိုကို ပြီးတော့ ကျွန်တော့်ကိုလည်း မောင်လို့ခေါ်ပေးပါ"

"အင်း ကိုယ်လည်း ချစ်တယ်မောင်"

(Hello သဲငယ်လေးတို့ရေ ကိုယ့်ရဲ့ ကော့စတွန်မှ ချစ်ပုံပြင်လေးကိုလည်း ဖတ်ပေးကြပါအုံးနော် နောက်ပြီး completed ဖြစ်မှဖတ်မယ်မလုပ်ပါနဲ့နော် အစ်မနဲ့အတူ လိုက်ပါ ခံစားပေးပါအုံး ဆာရာငဲ )

Zawgyi


"ရိုင္းလိုက္တာ"

မမဆီမွ တီးတိုးစကားသံေၾကာင့္ မ်က္ႏွာပူစြာ ေခါင္းငုံ႕ထားမိသည္။

"အာကာ မမတို႔ ဒီမွာ တစ္ပတ္ေလာက္ပဲ ေနျဖစ္မယ္
ျဖဴျဖဴကလည္း မအားဘူး အခုေတာ့ ခရီးပန္းေနၿပီမို႔
မမတို႔နားေတာ့မယ္ ညက်မွ အျပင္မွာ တစ္ခုခုထြက္စားၾကမယ္"

မမတို႔ထြက္သြားမွ ေလပူေတြကို မႈတ္ထုတ္ၿပီး စိတ္ကို
အနည္းငယ္ၾကည္ေအာင္ ႀကိဳးစားၾကည့္မိသည္။မမအျမင္မွာ ဒီေရကို ရိုင္းတယ္လို႔ ထင္သြားတဲ့အတြက္ စိတ္မေကာင္းျဖစ္ရသည္။တကယ္လည္း ရိုင္းတဲ့အျပဳအမူပင္။

ပထမဆုံးေတြ႕ဆုံမႈမွာေတာင္ လိုက္ေလ်ာညီေထြမျဖစ္တဲ့ ဒီေရကို သူဘယ္လို
မိသားစုနဲ႕ ‌မိတ္ဆက္ေပးရမလဲ။ကိုယ္မင္းကို
အလိုလိုက္တာ မ်ားလြန္းေနၿပီ ထင္တယ္။

"ေမာင္ေလး"

"အာ မမ ခုနကေျပာေတာ့ ပင္ပန္းလို႔ နားခ်င္တယ္ဆို"

"အင္း ခု ၿခံထဲသြားၿပီး စကားေျပာရေအာင္"

သြက္လက္ျဖတ္လက္စြာ အေရွ႕ကေန ထြက္သြားတဲ့
မမကိုၾကည့္ၿပီး တစ္ခုခုကို ရင္ထဲေလးလံလာသည္။

ႏွင္းဆီျဖဴအပင္ေရွ႕ လက္ပိုက္ၿပီး မတ္တပ္ရပ္ေနပုံက
တစ္ခုခုကို ေျပာမလို႔ အရွိန္ေနဟန္။

"မမ"

"အာကာ ျဖဴျဖဴလြင္ကို မမသေဘာက်တယ္ ၿပီးေတာ့
မင္းအတြက္ သင့္ေတာ္မဲ့ မိန္းကေလးလို႔လည္းထင္တယ္"

ေျပာမဲ့ေျပာေတာ့လည္း ဆိုင္းမဆင့္ဗုံမဆင့္။သူ႕အတြက္
သင့္ေတာ္မဲ့သူရွာေနတာဆိုတဲ့စကားက မမ
ေနာက္ေနတာမဟုတ္ခဲ့ဘူးပဲ။ပြဲၿပီးမီေသလုပ္လာခဲ့တဲ့
မမေၾကာင့္ စိတ္ဆိုးရသည္။လူကိုယ္တိုင္ေခၚလာၿပီးမွ
မင္းအတြက္ သင့္ေတာ္မဲ့ မိန္းကေလးတဲ့လား။

"မမ မဟုတ္ေသးဘူး မျဖဴျဖဴလြင္ကို ကြၽန္ေတာ္နဲ႕
ေပးစားမယ္လို႔ေျပာၿပီး ေခၚလာတာလား ကြၽန္ေတာ့္သေဘာကို မေမးပဲနဲ႕ေလ ဒါျမန္မာကား
ရိုက္ေနတာ မဟုတ္ဘူးေနာ္မမ"

သူ႕ကိုေက်ာေပးရာမွ မမ မ်က္ႏွာခ်င္းဆိုင္လွည့္လာသည္။

"သိတယ္ေလ မင္းအသက္ ႏွစ္ဆယ့္ေလးျပည့္ၿပီးၿပီး
အခုခ်ိန္ထိ ရည္းစားလည္းတိတိက်က်ရွိတာမဟုတ္ဘူး
ရွိတယ္ဆိုရင္ေတာင္ ငါလြယ္လြယ္နဲ႕ သေဘာမတူနိုင္ဘူး အာကာ ဂုဏ္သေရရွိ အမ်ိဳးသမီးေကာင္း‌ေလးနဲ႕ပဲ ျဖစ္ရမယ္"

"ေနပါအုံး ကြၽန္ေတာ္အိမ္ေထာင္ျပဳဖို႔ ကိစၥက အဲ့ေလာက္ေသေရးရွင္ေရးတစ္ပါး အေရးႀကီးေနလို႔လား ကြၽန္ေတာ္ေယာက်ာ္း ဘယ္ေနရာ ဘယ္အသက္အ႐ြယ္
ေရာက္ေရာက္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္နိုင္တယ္"

"မင္းငါ့ကို ျပန္ေအာ္ေနတာလား"

မမရဲ႕ အသံစူးစူးေၾကာင့္ ထြက္လက္စ ေဒါသေတြကိုထုပ္သိမ္းၿပီး မ်က္ႏွာလြဲလိုက္သလို
မမသည္လည္း ေတာက္ေခါက္ၿပီး အိမ္ထဲျပန္၀င္သြား
သည္။ဒီေန႕ ဘာမွအဆင္မေျပဘူး unlucky day။

************************************

အိမ္ျပန္ေရာက္ေတာ့ အခန္းထဲတန္း၀င္လာၿပီး
ဟိုအမ်ိဳးသမီးႏွစ္ေယာက္အေၾကာင္းကိုပဲ စဥ္းစား
ေနမိသည္။

"ဒီေရ ငါ၀င္လာမယ္ေနာ္"

"မလာခဲ့နဲ႕"

ကုတင္ေပၚကေန မထပဲေအာ္လိုက္ေပမဲ့ သီရိမက
အခန္းထဲေတာင္ ေရာက္လာၿပီ။ကုတင္ေပၚ လာတက္ထိုင္ၿပီး လူကို တရားထံစစ္သလို
ေျခဆုံးေခါင္းဖ်ား ၾကည့္ေနသည္။

"သီရိမ ငါစိတ္မၾကည္ဘူး ေဝးေဝးမွာ ေနစမ္းပါဟာ"

အကိုအာကာနဲ႕ ရန္ျဖစ္လာျပန္ၿပီ ထင္တယ္။သြားတုန္းကေတာင္ တက္တက္ႂကြႂကြပါ
အခုျပန္လာမွ ေမ်ာက္မွိုင္မွိုင္ေနသည္။

"နင္ အကိုအာကာနဲ႕ ရန္ျဖစ္လာတာလား သူနင့္ကို
အနိုင္က်င့္ေသးလား ငါတို႔မရွိတုန္းက"

"က်င့္စရာလား ငါကပဲက်င့္တာ သူက အႀကီးပီပီသည္းခံတယ္ အခုလည္း တျခားဟာကို
စိတ္မၾကည္တာ"

ေျပာလည္းေျပာ ေစာင္ကို ေခါင္းၿမီးဆြဲၿခဳံလိုက္သည္။

"နင္ အကိုအာကာနဲ႕တြဲေနတာကို ေဒၚေလးကို
ဘယ္ေတာ့ ဖြင့္ေျပာမွာလဲ"

သီရိမ စကားေၾကာင့္ ေစာေစာက ဆြဲၿခဳံထားတဲ့
ေစာင္ကို ဖယ္ထုတ္ၿပီး လူပါ ငုတ္တုတ္ထထိုင္မိသည္။
သူဘယ္လိုသိတာလည္း ငါလည္းတစ္ခါမွမေျပာဖူးပါဘူး။အာကာေျပာတာမ်ားလား ေျပာရေအာင္လည္း တစ္ခါမွ စကားမစပ္မိပါဘူး။

"မအံ့ဩသြားနဲ႕ နင္တို႔မတြဲခင္ထဲက အကိုအာကာ
နင့္ကို သေဘာက်ေနမွန္း ငါသိတာ ၿပီးေတာ့
နင္တို႔ ဒီလိုတြဲျဖစ္ေအာင္လို႔ပဲ ငါပဲ ကူညီတာ"

ယုံၾကည္ခ်က္အျပည့္နဲ႕ မ်က္ႏွာကိုေမာ္ၿပီး ေျပာတဲ့
သီရိမေၾကာင့္ ပိုအံဩသြားရသည္။သူ႕ကိုတစ္ခါမွလည္း
မေျပာျပဖူးဘူး။ဘာပဲျဖစ္ျဖစ္ ခ်စ္သူသက္တမ္း
တစ္လပဲျပည့္ေတာ့မယ္ အခုခ်ိန္ထိ ဒီကိစၥကို
သူမသိရ။

မ်က္ႏွာပ်က္သြားတဲ့ ဒီေရေၾကာင့္ သီရိေမ အေနက်ပ္သြားရသည္။

"ဟဲ့ ဘာျဖစ္လို႔လဲ"

"ဘာလို႔ သူ ငါ့ကို ဒီကိစၥမေျပာတာလည္းလို႔
ေတြးမိသြားလို႔ပါ"

"အာ ဒါက အေရးမႀကီးပါဘူး အေရးႀကီးတာက
ဟိုဟာ....."

"ဘယ္ဟာလည္း"

"ဟိုဟာပါဆို ဟိုဟာလုပ္ျဖစ္လား"

သီရိမရဲ႕ ဟိုဟာကို ဆိုတာကို စဥ္းစားခန္းဖြင့္လိုက္ေတာ့
လင္းခနဲလက္ခနဲ ေခါင္းထဲေပၚလာရသည္။သီရိမဆိုတဲ့
အသံႀကီးနဲ႕ ေအာ္ၿပီး ေခါင္းအုံးနဲ႕ တဖုန္းဖုန္းနဲ႕
ထုရိုက္လိုက္သည္။

************************************

အျပင္ကျပန္ေရာက္တာ ေနာက္က်သျဖင့္ ဒီေရကို
ဖုန္းေခၚဖို႔ အခ်ိန္ေတာင္အေတာ္လင့္ေနၿပီ။

Ring Ring Ring

"ဘာလဲေျပာ"

"မအိပ္ေသးဘူးလား"

"ဘာလို႔ အခုမွ ဖုန္းဆက္ရတာလဲ"

"ကိုယ္အျပင္သြားေနလို႔ ခဏေလာက္ျဖစ္ျဖစ္ ေတြ႕ခ်င္တယ္"

"မေတြ႕ခ်င္ဘူး ထြက္လည္းမလာဘူး"

"လုပ္ပါ ဒီေရရယ္ လိမၼာပါတယ္ေနာ္ ေနာ္လို႔ ကိုကို႔ကေလးေလးကလည္း"

"ေကာင္းၿပီေလ ခဏေတာ့ရမယ္ သနားလို႔ေနာ္"

ဒီေရနဲ႕ ဖုန္းေျပာၿပီး အိမ္ထဲကေန ခိုးေၾကာင္ခိုးဝွက္နဲ႕
ျပန္ထြက္လာၿပီး ဟိုဘက္ၿခံကူးလာခဲ့ရသည္။ပန္းပင္ေတြေရွ႕ မတ္တပ္ရပ္ေနတဲ့ ဒီေရကို အေနာက္ကေန သိုင္းဖက္လိုက္သည္။

"ဒီေန႕တစ္ေနကုန္ ေရေရရာရာမေတြ႕ရေသးလို႔
ကိုယ္က လြမ္းေနတာ"

"သူ႕ဘာသာ လမ္းသလားေနၿပီေပါ့"

ဒီေရ ေက်ာျပင္ေလးမွာ ပါးအပ္ၿပီး ေျပာသင့္မေျပာသင့္ စဥ္းစားေနရသည္။ေျပာလိုက္ရင္
လည္း ဒီေကာင္ေလး ဝူးဝူးဝါးဝါးနဲ႕ ေပါက္ကြဲမွာ ေသခ်ာတယ္။မမကိုပဲ အျပတ္ျငင္းလိုက္ရင္ေကာ
ၿပီးေတာ့ ဒီေရနဲ႕ ကိုယ့္ရဲ႕ ခ်စ္ျခင္းကို လက္ခံပါ့မလား။

"ေနပါအုံး သီရိမနဲ႕ခင္မ်ားနဲ႕ ေပါင္းႀကံတဲ့ ကိစၥကို
ကြၽန္ေတာ့္ကို ဘာလို႔မေျပာျပတာလဲ ကြၽန္ေတာ္ကေတာ့ ဘာမွမသိရွာဘူး ဘယ္ေလာက္
သနားဖို႔ေကာင္းလဲ"

အာကာဘက္ကို မ်က္ႏွာလွည့္ၿပီး ရန္ေတြ႕လိုက္သည္။

"ဒါက ကိုယ္ကမင္းကို ခ်စ္ေနတာဆိုေတာ့ မင္းကို အပိုင္လိုခ်င္တဲ့စိတ္နဲ႕ လုပ္မိတာပါ ဒီအခ်ိန္အေတာအတြင္း မင္းအခ်စ္ကိုရဖို႔ ႀကိဳးစားေနတာ အဲ့တာေၾကာင့္မို႔ပါ"

"ေတာ္လိုက္တာ ဆုခ်ရမယ္"

အာကာမ်က္ႏွာေလးကို လက္ႏွစ္ဖက္နဲ႕ဆြဲယူၿပီး
ႏႈတ္ခမ္းသားႏုႏုကို ခပ္ဖြဖြေလးထိကပ္လိုက္သည္။
ခ်စ္တယ္ ကြၽန္ေတာ္ ခင္မ်ားကို ခ်စ္တယ္ အာကာ။
ဘယ္ေတာ့မွ ခင္မ်ားကို လက္လႊတ္မခံဘူး ။
ဘယ္သူေတြ ဘယ္လိုတားဆီး တားဆီး ခင္မ်ားလက္ကို ကြၽန္ေတာ္ ျဖဳတ္မခ်ဘဴး။

"ခ်စ္တယ္ ကိုကို ၿပီးေတာ့ ကြၽန္ေတာ့္ကိုလည္း ေမာင္လို႔ေခၚေပးပါ"

"အင္း ကိုယ္လည္း ခ်စ္တယ္ေမာင္"

(Hello သဲငယ္ေလးတို႔ေရ ကိုယ့္ရဲ႕ ေကာ့စတြန္မွ ခ်စ္ပုံျပင္ေလးကိုလည္း ဖတ္ေပးၾကပါအုံးေနာ္ ေနာက္ၿပီး completed ျဖစ္မွဖတ္မယ္မလုပ္ပါနဲ႕ေနာ္ အစ္မနဲ႕အတူ လိုက္ပါ ခံစားေပးပါအုံး ဆာရာငဲ )

Continue Reading

You'll Also Like

274K 19.5K 35
ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ေဘးအိမ္ကအ႐ူးေလးကလည္း ကိုယ့္ခ်စ္သူျဖစ္လာနိုင္ပါတယ္ ☺️ Start date (13.4.2022)
2.4M 204K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
1.4M 101K 38
MyanmarxOC 1.5.2023 _ 30.6.2023
506 109 10
"I don't like that boy. But I love him. Because I have never met anyone like him. Nobody is like him" ||Yoonmin Fanfiction|| ____________________ 202...