Unicode
"အဲ့တာ ခင်များကြောင့်လေ ခင်များကြောင့် စိတ်တွေ
ပင်ပန်းဆင်းရဲရတာ ဈေးလေးနောက်ကျတာလောက်
ကတော့ အပန်းမကြီးပါဘူး"
"ဟုတ်ပါပြီ ကိုယ်မှားတာ အခုလောလောဆယ် ဈေးကို
အရင်သွားမယ် ၀ယ်စရာလေးတွေရှိတယ်"
ဆူပုတ်နေတဲ့ ဒီရေကို ချော့မော့ပြီး ဈေးကိုမောင်းခိုင်းရသည်။ဈေးရောက်တော့ ထင်သည့်
အတိုင်း အတော်ကို လူရှင်းနေပြီ။ခပ်သွက်သွက်
ဈေးရုံထဲကို၀င်တော့ တစ်စုံတစ်ယောက်က လက်ကို
လာဆွဲသောကြောင့် လှည့်ကြည့်မိတော့ ကောင်မလေးတစ်ယောက်။
သနပ်ခါးရည်ကျဲကျဲက ဖြူဖွေးသော အသားအရေမှာ
ခပ်ပါးပါးသာကျန်တော့သည်။ခပ်နွမ်းနွမ်းလက်ရှည်
တစ်ထည်ကို ၀တ်ဆင်ထားပြီး လှပသော မျက်နှာလေးက ညှိုးနွမ်းနေဟန်။
"အကို ဒီပန်းလေး၀ယ်သွားပေးပါလား ညီမ အိမ်ပြန်ပြီးအမေ့ကို ဆေးလေး ၀ယ်သွားပေးချင်လို့ပါ။ သုံးထောင့်ငါးရာပဲပေးပါနော်အကို တန်ပါတယ်အကိုရဲ့ ညီမဈေးကို အရင်းတိုင်းပဲထားပြီး
ပေးတာပါ "
ပန်းက ဒီရေတို့ခြံထဲမှာကော ကိုယ့်ခြံထဲမှာပါ ရှိနေပေမဲ့ ဘ၀ကိုရိုးသားစွာ ရှာဖွေလုပ်ကိုင်စားနေတဲ့
သူရဲ့ အခက်အခဲကို ကူညီချင်တာကြောင့် ၀ယ်မယ်လို့
စိတ်ကူးလိုက်ပြီး ပိုက်ဆံအိတ်ထုတ်ကာ ရှင်းခါနီး
ငါးထောင်တန်တစ်ရွက်ကမ်းပေးလိုက်သော ဒီရေ။
ကောင်မလေးက ၀မ်းသာသွားဟန်နဲ့ ပန်းကို ကမ်းပေးလိုက်ပေမဲ့....
"တခြားသူကို ရောင်းလိုက် ငါတို့မလိုဘူး ပြီးတော့
သနားစရာ ဒီဇာတ်လမ်းတွေက ရိုးနေပြီ"
"ဒီရေ"
လှမ်းဟန့်လိုက်ပေမဲ့ ကောင်မလေးကရှက်သွားပြီး ၀မ်းနည်းသွားသည်နဲ့တူတယ်။ခေါင်းလေးငုံ့ကာ
မျက်ရည်စတွေကို သိမ်းပြီး အားတင်းပြီ့း ပြုံးပြရှာသည်။
"မဟုတ်ပါဘူးအကို ညီမက ပန်းရောင်းတာပါ အခုလည်း နေနည်းနည်းမြင့်နေပြီမလို့ အိမ်ပြန်ချင်လို့
အတင်းထိုး ရောင်းမိတာပါ အကိုတို့မလိုရင် တခြား
သူကိုပဲ ညီမသွားရောင်းလိုက်ပါမယ် ကျေးဇူးပါ"
လှည့်ထွက်သွားတဲ့ကောင်မလေးလက်ကို ဆွဲတားပြီး...
"အကိုယူမယ် ညီမ"
"မယူရဘူး"
"ဒီရေ"
"တခြားသူကိုပဲ သွားရောင်းလိုက်ပါ ညီမ"
"မရောင်းနဲ့ အကိုယူမယ် ပြီးတော့ လျှော့မပေးနဲ့
မူရင်းဈေးအတိုင်းပဲပေး"
သူ့စကားကို လစ်လျူရှုပြီး အခုမှတွေ့ဖူးတဲ့သူကို
ယုံကြည်ပြီး ဘောင်မ၀င်တဲ့လူအနေနဲ့ သူ့ကို သဘောထားလိုက်တာပေါ့။ကောင်မလေးက ရောင်းရနိုးနိုး မရောင်းရနိုးနိုးနဲ့ သူ့မျက်နှာကိုတစ်လှည့်
အာကာမျက်နှာကိုတစ်လှည့်ကြည့်ပြီး ဝေခွဲရခက်နေရှာသည်။
ကောင်မလေးလက်ထဲက ပန်းစည်းကြီးကို ယူပြီး
ပိုက်ဆံတောင်ထုတ်ရှင်းနေပြီ။ဟက်...အခုလို
တိတိကျကျအဖြေပြန်မပေးရသေးချိန်မှာတောင်
သူ့စကားကို အလေးအနက်မထားနိုင်၊သူ့စိတ်အလို
ကိုမလိုက်နိုင်တဲ့ လူတစ်ယောက်ကို အားလုံးနဲ့ ရင်ဆိုင်ပြီး ချစ်ပေးဖို့က တန်ရောတန်ရဲ့လား။
ကန့်လန့်တွေပြောပြီး ပန်းမ၀ယ်ဖို့တားနေတဲ့
ဒီရေကို နားမလည်နိုင်။ပိုဆိုးတာက ပိုက်ဆံပဲပေး
ပြီး ပန်းမယူဘူးဆိုတာက တစ်ဖက်ရိုးရိုးသားသား
လုပ်ကိုင်စားသူကို သွယ်ဝိုက်ပြီး စော်ကားလိုက်တာ
ပဲ မဟုတ်လား။ကိုယ့်ကလေးက ရိုင်းတယ်ဆိုပေမဲ့
ဒီလို အထက်စီးမဆန်စေချင်ပါ။လူလူချင်း လေးစားမှုရှိစေချင်သည်။ဘုရားပေါ်မှာ ပန်းရောင်းတဲ့
ကလေးတွေကိုတောင် ပန်း၀ယ်ပြီး အကူအညီပေး
ခဲ့ဖူးသူမှ ဟုတ်ပါရဲ့လား။
ဈေးထဲ၀ယ်စရာရှိတာ ၀ယ်ခြမ်းပြီး အိမ်ပြန်ရောက်
သည့်အထိ တစ်ယောက်နဲ့တစ်ယောက် ဘာစကား
မှမပြောဖြစ်ပေ။အာကာလည်း ရေခဲသေတ္တာထဲ ထည့်စရာရှိတာထည့် ချက်စရာရှိတာ ချက်နေရင်း
ပြီးစိးမှ အခန်းထဲ၀င် ရေချိုးဖို့၀င်လာခဲ့သည်။
ကုတင်ပေါ် တက်အိပ်နေသူကြောင့် သက်ပြင်းဖွဖွချမိသည်။အမှန်ဆို ဒီရေက တောင်းပန်ရ
မှာဖြစ်ပေမဲ့ အကြီးဖြစ်တဲ့ကိုယ်ကပဲ သွင်သင်ဆုံးမ
လမ်းကြောင်းတည့်ပေးရမှာမို့ အိပ်နေတဲ့သူကို
နှိူးဖို့ ဆုံးဖြတ်လိုက်သည်။
"ဒီရေ ဒီရေ ထတော့လေ ရေချိုးပြီး ထမင်းစားမယ်
မနက်ကလည်း ရေရေရာရာမစားထားဖူးမလား"
ကိုယ်ကို လှုပ်ပြီးနှိုးပေမဲ့ တုတ်တုတ်မျှမလုပ်။ဟင်... ကျောပြင်လေးက သိမ့်ခနဲ သိမ့်ခနဲ လှုပ်နေပုံအရ
ဒီကလေး ငိုနေတာလား။
"ဒီရေ ဒီရေ ဘာဖြစ်လို့လဲ "
တစောင်းလှဲအိပ်နေသူကို ပက်လက်လှဲချလိုက်တော့
မျက်ရည်တွေ ဆိုရွဲနေတဲ့ မျက်နှာလေး။
"ဘာဖြစ်လို့လဲ ပြောပြ။ ကိုယ့်ကို စိတ်ပူအောင်မလုပ်နဲ့"
"သွားး ဘာကိုခုမှ စိတ်ပူတာလဲ မင်းငါ့ကိုမချစ်ဘူး ငါသိတယ်။တော်သေးတယ် ငါမင်းကို ယုံစားပြီး
အဖြေပြန်ပေးမိတော့မလို့။လူဆိုးကောင် မင်းက
ငါနဲ့တခြားသူ ယှဉ်လာရင် ငါ့ကိုပဲ အမြဲချန်ရစ်တယ်။
ငါ့စကားကိုဆို နားမထောင်ဘူး"
ငိုကြီးချက်မနဲ့ ခေါင်းအုံးအသေးလေးနဲ့ အာ့ကာကို
ထုရိုက်နေတော့သည်။
"မဟုတ်ဘူးလေကွာ မင်းကိုမချစ်တာလည်းမဟုတ်သလို
မင်းစကားကိုလည်း နားမထောင်တာလည်းမဟုတ်ပါဘူ
ကောင်မလေးက ရိုးရိုးသားသားလေး ရှိတဲ့ခွန်အားနဲ့
ရုန်းကန်နေတာကို ကူညီကောင်းပါတယ်"
"ခပ်ချောချော ခပ်လှလှကောင်မလေးမို့ မင်းက
ပတ်သက်ချင် ကူညီချင်နေတာလေ ငါမသိဘူးများ
ထင်နေလား"
ခဏ ဒီရေ သူ့ကို သ၀န်တိုနေတာလား။အဟား...
ဒီကောင်လေးဘာလို့ ဒီလောက်တောင်ချစ်ဖို့ကောင်း
နေတာပါလိမ့်။
"ဘာလဲ ကိုယ့်ကို သ၀န်တိုနေတာလား"
"ချီးဖြစ်လို့ သ၀န်တိုရမှာလား ငါက ချက်ဆို နားခွက်က
မီးတောက်ပြီးသားမို့ မင်းခြေလှမ်းတွေကို ရိပ်မိနေတာ ဟိုက ဖြူဖြူလှလှလေးလေ"
"ကိုယ်က ဖြူဖြူလှလှလေးတွေ မကြိုက်ပါဘူး အသားညိုညို အရပ်မြင့်မြင့်လေးတွေမှ ကြိုက်တာ
အဲ့တာကြောင့်မို့ သ၀န်မတိုနေနဲ့တော့ ရေချိုး ထမင်းစားမယ်"
************************************
အာကာ ရန်ကုန်ကပြန်ရောက်သည်မှာ တစ်ပတ်လောက်ရှိပြီထင်တယ်။သူတို့နှစ်ယောက်
အခုတလော အိပ်လိုက် စားလိုက်နဲ့ နေလာတာ တစ်ပတ်က ခဏလေးလိုပင်။ချစ်ရသူနဲ့အတူနေရတာ
ဟာ အချိန်တိုင်းက နေပျော်စရာကြီးပင်။
သိပ်မကြာခင်အမေတို့ပြန်လာခါနီးပြီမို့ ဒီလိုပုံစံနဲ့
ဟိုမရောက် သည်မရောက်အခြေအနေကြီးမှာ မနေချင်တော့ပေ။မြန်မြန်အဖြေပေးပြီး မြန်မြန်ချစ်သူတော်လိုက်တာက အဆင်ပြေဆုံးပင်။
ဒါကြောင့် အဖြေပြန်ပေးတော့မည်။
တစ်ခါမှ ရည်းစားမထားဖူးလို့လားမသိ။ဆယ်ကျော်သက်လေးလိုပဲ ရင်တထိတ်ထိတ်နှင့်။ရုတ်တရက် သူအံ့ဩသွားအောင် ပြောတာက ပိုပျော်စရာ ကောင်းမယ်ထင်တယ်။
"အာကာ"
"ဟင်"
"ကျွန်တော် ရည်းစားထားရင် ခင်များ စိတ်ဆိုးမှာလား"
ရုတ်တရက် ကြက်သွန်နီလှီးနေတာကနေ ခေတ္တခဏ
တန့်သွားရသည်။ဒါ ကိုယ့်ကို ငြင်းလိုက်တာလား
ဒီအခြေအနေကြီးရောက်မှ အငြင်းခံလိုက်ရတာလား။
ကိုယ့်လို ယောကျာ်းတစ်ယောက်ကို ပြန်ချစ်ပေးရမှာကို ကြောက်လို့လား။
"စိတ်ဆိုးပိုင်ခွင့်မှမရှိတာ မင်းဘယ်သူ့ကို ချစ်ချစ်
ကိုယ်လက်ခံပေးရမှာပေါ့ ကိုယ်က မင်းကို ချစ်တာကို"
"အိုကေ အဲ့တာဆို ကျွန်တော် ခင်များကို ချစ်တယ်"
(အူဝါးးးး မနက်ဖြန် အပ်ပုဒိတ်မသေချာပါ အဲ့လိုပြောမှ အပ်ပုဒိတ်လုပ်ချင်တာမို့ပါ)
Zawgyi
"အဲ့တာ ခင္မ်ားေၾကာင့္ေလ ခင္မ်ားေၾကာင့္ စိတ္ေတြ
ပင္ပန္းဆင္းရဲရတာ ေဈးေလးေနာက္က်တာေလာက္
ကေတာ့ အပန္းမႀကီးပါဘူး"
"ဟုတ္ပါၿပီ ကိုယ္မွားတာ အခုေလာေလာဆယ္ ေဈးကို
အရင္သြားမယ္ ၀ယ္စရာေလးေတြရွိတယ္"
ဆူပုတ္ေနတဲ့ ဒီေရကို ေခ်ာ့ေမာ့ၿပီး ေဈးကိုေမာင္းခိုင္းရသည္။ေဈးေရာက္ေတာ့ ထင္သည့္
အတိုင္း အေတာ္ကို လူရွင္းေနၿပီ။ခပ္သြက္သြက္
ေဈး႐ုံထဲကို၀င္ေတာ့ တစ္စုံတစ္ေယာက္က လက္ကို
လာဆြဲေသာေၾကာင့္ လွည့္ၾကည့္မိေတာ့ ေကာင္မေလးတစ္ေယာက္။
သနပ္ခါးရည္က်ဲက်ဲက ျဖဴေဖြးေသာ အသားအေရမွာ
ခပ္ပါးပါးသာက်န္ေတာ့သည္။ခပ္ႏြမ္းႏြမ္းလက္ရွည္
တစ္ထည္ကို ၀တ္ဆင္ထားၿပီး လွပေသာ မ်က္ႏွာေလးက ညွိုးႏြမ္းေနဟန္။
"အကို ဒီပန္းေလး၀ယ္သြားေပးပါလား ညီမ အိမ္ျပန္ၿပီးအေမ့ကို ေဆးေလး ၀ယ္သြားေပးခ်င္လို႔ပါ။ သုံးေထာင့္ငါးရာပဲေပးပါေနာ္အကို တန္ပါတယ္အကိုရဲ႕ ညီမေဈးကို အရင္းတိုင္းပဲထားၿပီး
ေပးတာပါ "
ပန္းက ဒီေရတို႔ၿခံထဲမွာေကာ ကိုယ့္ၿခံထဲမွာပါ ရွိေနေပမဲ့ ဘ၀ကိုရိုးသားစြာ ရွာေဖြလုပ္ကိုင္စားေနတဲ့
သူရဲ႕ အခက္အခဲကို ကူညီခ်င္တာေၾကာင့္ ၀ယ္မယ္လို႔
စိတ္ကူးလိုက္ၿပီး ပိုက္ဆံအိတ္ထုတ္ကာ ရွင္းခါနီး
ငါးေထာင္တန္တစ္႐ြက္ကမ္းေပးလိုက္ေသာ ဒီေရ။
ေကာင္မေလးက ၀မ္းသာသြားဟန္နဲ႕ ပန္းကို ကမ္းေပးလိုက္ေပမဲ့....
"တျခားသူကို ေရာင္းလိုက္ ငါတို႔မလိုဘူး ၿပီးေတာ့
သနားစရာ ဒီဇာတ္လမ္းေတြက ရိုးေနၿပီ"
"ဒီေရ"
လွမ္းဟန႔္လိုက္ေပမဲ့ ေကာင္မေလးကရွက္သြားၿပီး ၀မ္းနည္းသြားသည္နဲ႕တူတယ္။ေခါင္းေလးငုံ႕ကာ
မ်က္ရည္စေတြကို သိမ္းၿပီး အားတင္းၿပီ့း ၿပဳံးျပရွာသည္။
"မဟုတ္ပါဘူးအကို ညီမက ပန္းေရာင္းတာပါ အခုလည္း ေနနည္းနည္းျမင့္ေနၿပီမလို႔ အိမ္ျပန္ခ်င္လို႔
အတင္းထိုး ေရာင္းမိတာပါ အကိုတို႔မလိုရင္ တျခား
သူကိုပဲ ညီမသြားေရာင္းလိုက္ပါမယ္ ေက်းဇူးပါ"
လွည့္ထြက္သြားတဲ့ေကာင္မေလးလက္ကို ဆြဲတားၿပီး...
"အကိုယူမယ္ ညီမ"
"မယူရဘူး"
"ဒီေရ"
"တျခားသူကိုပဲ သြားေရာင္းလိုက္ပါ ညီမ"
"မေရာင္းနဲ႕ အကိုယူမယ္ ၿပီးေတာ့ ေလွ်ာ့မေပးနဲ႕
မူရင္းေဈးအတိုင္းပဲေပး"
သူ႕စကားကို လစ္လ်ဴရႈၿပီး အခုမွေတြ႕ဖူးတဲ့သူကို
ယုံၾကည္ၿပီး ေဘာင္မ၀င္တဲ့လူအေနနဲ႕ သူ႕ကို သေဘာထားလိုက္တာေပါ့။ေကာင္မေလးက ေရာင္းရနိုးနိုး မေရာင္းရနိုးနိုးနဲ႕ သူ႕မ်က္ႏွာကိုတစ္လွည့္
အာကာမ်က္ႏွာကိုတစ္လွည့္ၾကည့္ၿပီး ေဝခြဲရခက္ေနရွာသည္။
ေကာင္မေလးလက္ထဲက ပန္းစည္းႀကီးကို ယူၿပီး
ပိုက္ဆံေတာင္ထုတ္ရွင္းေနၿပီ။ဟက္...အခုလို
တိတိက်က်အေျဖျပန္မေပးရေသးခ်ိန္မွာေတာင္
သူ႕စကားကို အေလးအနက္မထားနိုင္၊သူ႕စိတ္အလို
ကိုမလိုက္နိုင္တဲ့ လူတစ္ေယာက္ကို အားလုံးနဲ႕ ရင္ဆိုင္ၿပီး ခ်စ္ေပးဖို႔က တန္ေရာတန္ရဲ႕လား။
ကန႔္လန႔္ေတြေျပာၿပီး ပန္းမ၀ယ္ဖို႔တားေနတဲ့
ဒီေရကို နားမလည္နိုင္။ပိုဆိုးတာက ပိုက္ဆံပဲေပး
ၿပီး ပန္းမယူဘူးဆိုတာက တစ္ဖက္ရိုးရိုးသားသား
လုပ္ကိုင္စားသူကို သြယ္ဝိုက္ၿပီး ေစာ္ကားလိုက္တာ
ပဲ မဟုတ္လား။ကိုယ့္ကေလးက ရိုင္းတယ္ဆိုေပမဲ့
ဒီလို အထက္စီးမဆန္ေစခ်င္ပါ။လူလူခ်င္း ေလးစားမႈရွိေစခ်င္သည္။ဘုရားေပၚမွာ ပန္းေရာင္းတဲ့
ကေလးေတြကိုေတာင္ ပန္း၀ယ္ၿပီး အကူအညီေပး
ခဲ့ဖူးသူမွ ဟုတ္ပါရဲ႕လား။
ေဈးထဲ၀ယ္စရာရွိတာ ၀ယ္ျခမ္းၿပီး အိမ္ျပန္ေရာက္
သည့္အထိ တစ္ေယာက္နဲ႕တစ္ေယာက္ ဘာစကား
မွမေျပာျဖစ္ေပ။အာကာလည္း ေရခဲေသတၱာထဲ ထည့္စရာရွိတာထည့္ ခ်က္စရာရွိတာ ခ်က္ေနရင္း
ၿပီးစိးမွ အခန္းထဲ၀င္ ေရခ်ိဳးဖို႔၀င္လာခဲ့သည္။
ကုတင္ေပၚ တက္အိပ္ေနသူေၾကာင့္ သက္ျပင္းဖြဖြခ်မိသည္။အမွန္ဆို ဒီေရက ေတာင္းပန္ရ
မွာျဖစ္ေပမဲ့ အႀကီးျဖစ္တဲ့ကိုယ္ကပဲ သြင္သင္ဆုံးမ
လမ္းေၾကာင္းတည့္ေပးရမွာမို႔ အိပ္ေနတဲ့သူကို
ႏွိူးဖို႔ ဆုံးျဖတ္လိုက္သည္။
"ဒီေရ ဒီေရ ထေတာ့ေလ ေရခ်ိဳးၿပီး ထမင္းစားမယ္
မနက္ကလည္း ေရေရရာရာမစားထားဖူးမလား"
ကိုယ္ကို လႈပ္ၿပီးႏွိုးေပမဲ့ တုတ္တုတ္မွ်မလုပ္။ဟင္... ေက်ာျပင္ေလးက သိမ့္ခနဲ သိမ့္ခနဲ လႈပ္ေနပုံအရ
ဒီကေလး ငိုေနတာလား။
"ဒီေရ ဒီေရ ဘာျဖစ္လို႔လဲ "
တေစာင္းလွဲအိပ္ေနသူကို ပက္လက္လွဲခ်လိဳက္ေတာ့
မ်က္ရည္ေတြ ဆို႐ြဲေနတဲ့ မ်က္ႏွာေလး။
"ဘာျဖစ္လို႔လဲ ေျပာျပ။ ကိုယ့္ကို စိတ္ပူေအာင္မလုပ္နဲ႕"
"သြားး ဘာကိုခုမွ စိတ္ပူတာလဲ မင္းငါ့ကိုမခ်စ္ဘူး ငါသိတယ္။ေတာ္ေသးတယ္ ငါမင္းကို ယုံစားၿပီး
အေျဖျပန္ေပးမိေတာ့မလို႔။လူဆိုးေကာင္ မင္းက
ငါနဲ႕တျခားသူ ယွဥ္လာရင္ ငါ့ကိုပဲ အၿမဲခ်န္ရစ္တယ္။
ငါ့စကားကိုဆို နားမေထာင္ဘူး"
ငိုႀကီးခ်က္မနဲ႕ ေခါင္းအုံးအေသးေလးနဲ႕ အာ့ကာကို
ထုရိုက္ေနေတာ့သည္။
"မဟုတ္ဘူးေလကြာ မင္းကိုမခ်စ္တာလည္းမဟုတ္သလို
မင္းစကားကိုလည္း နားမေထာင္တာလည္းမဟုတ္ပါဘူ
ေကာင္မေလးက ရိုးရိုးသားသားေလး ရွိတဲ့ခြန္အားနဲ႕
႐ုန္းကန္ေနတာကို ကူညီေကာင္းပါတယ္"
"ခပ္ေခ်ာေခ်ာ ခပ္လွလွေကာင္မေလးမို႔ မင္းက
ပတ္သက္ခ်င္ ကူညီခ်င္ေနတာေလ ငါမသိဘူးမ်ား
ထင္ေနလား"
ခဏ ဒီေရ သူ႕ကို သ၀န္တိုေနတာလား။အဟား...
ဒီေကာင္ေလးဘာလို႔ ဒီေလာက္ေတာင္ခ်စ္ဖို႔ေကာင္း
ေနတာပါလိမ့္။
"ဘာလဲ ကိုယ့္ကို သ၀န္တိုေနတာလား"
"ခ်ီးျဖစ္လို႔ သ၀န္တိုရမွာလား ငါက ခ်က္ဆို နားခြက္က
မီးေတာက္ၿပီးသားမို႔ မင္းေျခလွမ္းေတြကို ရိပ္မိေနတာ ဟိုက ျဖဴျဖဴလွလွေလးေလ"
"ကိုယ္က ျဖဴျဖဴလွလွေလးေတြ မႀကိဳက္ပါဘူး အသားညိုညို အရပ္ျမင့္ျမင့္ေလးေတြမွ ႀကိဳက္တာ
အဲ့တာေၾကာင့္မို႔ သ၀န္မတိုေနနဲ႕ေတာ့ ေရခ်ိဳး ထမင္းစားမယ္"
************************************
အာကာ ရန္ကုန္ကျပန္ေရာက္သည္မွာ တစ္ပတ္ေလာက္ရွိၿပီထင္တယ္။သူတို႔ႏွစ္ေယာက္
အခုတေလာ အိပ္လိုက္ စားလိုက္နဲ႕ ေနလာတာ တစ္ပတ္က ခဏေလးလိုပင္။ခ်စ္ရသူနဲ႕အတူေနရတာ
ဟာ အခ်ိန္တိုင္းက ေနေပ်ာ္စရာႀကီးပင္။
သိပ္မၾကာခင္အေမတို႔ျပန္လာခါနီးၿပီမို႔ ဒီလိုပုံစံနဲ႕
ဟိုမေရာက္ သည္မေရာက္အေျခအေနႀကီးမွာ မေနခ်င္ေတာ့ေပ။ျမန္ျမန္အေျဖေပးၿပီး ျမန္ျမန္ခ်စ္သူေတာ္လိုက္တာက အဆင္ေျပဆုံးပင္။
ဒါေၾကာင့္ အေျဖျပန္ေပးေတာ့မည္။
တစ္ခါမွ ရည္းစားမထားဖူးလို႔လားမသိ။ဆယ္ေက်ာ္သက္ေလးလိုပဲ ရင္တထိတ္ထိတ္ႏွင့္။႐ုတ္တရက္ သူအံ့ဩသြားေအာင္ ေျပာတာက ပိုေပ်ာ္စရာ ေကာင္းမယ္ထင္တယ္။
"အာကာ"
"ဟင္"
"ကြၽန္ေတာ္ ရည္းစားထားရင္ ခင္မ်ား စိတ္ဆိုးမွာလား"
႐ုတ္တရက္ ၾကက္သြန္နီလွီးေနတာကေန ေခတၱခဏ
တန႔္သြားရသည္။ဒါ ကိုယ့္ကို ျငင္းလိုက္တာလား
ဒီအေျခအေနႀကီးေရာက္မွ အျငင္းခံလိုက္ရတာလား။
ကိုယ့္လို ေယာက်ာ္းတစ္ေယာက္ကို ျပန္ခ်စ္ေပးရမွာကို ေၾကာက္လို႔လား။
"စိတ္ဆိုးပိုင္ခြင့္မွမရွိတာ မင္းဘယ္သူ႕ကို ခ်စ္ခ်စ္
ကိုယ္လက္ခံေပးရမွာေပါ့ ကိုယ္က မင္းကို ခ်စ္တာကို"
"အိုေက အဲ့တာဆို ကြၽန္ေတာ္ ခင္မ်ားကို ခ်စ္တယ္"
(အူဝါးးးး မနက္ျဖန္ အပ္ပုဒိတ္မေသခ်ာပါ အဲ့လိုေျပာမွ အပ္ပုဒိတ္လုပ္ခ်င္တာမို႔ပါ)