မောင်အရိုင်း ပန်း(ေမာင္ အရိုင...
By OwantSung
601K 51.7K 1.8K
အပိုငျး ၁/အပိုင်း ၁
အပိုငျး၂/အပိုင်း၂
အပိုင်း၃/အပိုငျး ၃
အပိုငျး ၄/အပိုင်း၎
အပိုင်း၅/အပိုငျး၅
အပိုင်း၆/အပိုငျး၆
အပိုင်း၇/အပိုငျး ၇
အပိုင်း၈/အပိုငျး ၈
အပိုင်း၉/အပိုငျး၉
အပိုင်း၁၀/အပိုငျး ၁၀
အပိုင်း၁၁/အပိုငျး ၁၁
အပိုင်း ၁၂/အပိုငျး ၁၂
အပိုင်း၁၃/အပိုငျး ၁၃
အပိုင်း၁၄/အပိုငျး ၁၄
အပိုင်း၁၅/အပိုငျး ၁၅
အပိုင်း ၁၆/အပိုငျး ၁၆
အပိုင်း ၁၇/အပိုငျး ၁၇
အပိုင်း ၁၈/အပိုငျး ၁၈
အပိုင်း ၁၉/အပိုငျး ၁၉
အပိုင်း ၂၀/အပိုငျး ၂၀
အပိုင်း ၂၁/အပိုငျး ၂၁
အပိုင်း ၂၂/အပိုငျး ၂၂
အပိုင်း ၂၃/အပိုငျး ၂၃
အပိုင်း ၂၅/အပိုငျး ၂၅
အပိုင်း၂၆/အပိုငျး ၂၆
အပိုင်း ၂၇/အပိုငျး ၂၇
အပိုင်း ၂၈/အပိုငျး ၂၈
အပိုငျး ၂၉/အပိုင်း ၂၉
No update
အပိုင်း ၃၀/အပိုငျး ၃၀
အပိုင်း ၃၁/အပိုငျး ၃‌၁
အပိုင်း ၃၂/အပိုငျး ၃ ၂
အပိုင်း ၃၃/အပိုငျး ၃၃
အပိုင်း ၃၄/အပိုငျး ၃၄
အပိုင်း ၃၅/အပိုငျး ၃၅
အပိုင်း ၃၆/အပိုငျး ၃၆
အပိုင်း ၃၇/အပိုငျး ၃၇
အပိုင်း ၃၈/အပိုငျး ၃၈
အပိုင်း ၃၉/အပိုငျး ၃၉
အပိုငျး ၄၀/အပိုင်း ၄၀
အပိုင်း ၂၄/အပိုင်း ၂၄
12K 1.1K 8
By OwantSung
Unicode
အိမ်တံခါးကြီး ဖွင့်ထားပြီး လူလည်းမတွေ့ဘူး။
ဘယ်များသွားလို့လည်း တစ်အိမ်လုံး နှံ့အောင်ရှာပေမဲ့
မတွေ့တာနဲ့ အပြင်က ပိတောက်ပင်ကြီးအောက် သူစာရေးလေ့ရှိတဲ့ နေရာလေးမှာ ထိုင်ပြီး စောင့်နေလိုက်တာပဲ ကောင်းပါတယ်‌။
သူက ဘယ်ကိုသွားတာပါလိမ့်။တစ်မြို့လုံးမှာ သူနဲ့
ခင်မင်ရင်းနှီးတာဆိုလို့ ငါပဲရှိတာလေ အဲ့တာကို
ဘယ်သွားနေတာပါလိမ့်။အသေးလေး ငါ့ကိုတော်တော်များ စိတ်ဆိုးသွားလား မသိဘူး။
မသိလို့ လုပ်မိတာကို စိတ်ကြီးပဲ ။
တစ်နေကုန်ထိုင်စောင့်နေတာ ညနေခြောက်နာရီတောင်ရှိပြီ။ကိုယ့်ဘာသာ သွားရှာ
ရင်းကော သူဘယ်တွေသွားပြီး ဘာတွေလုပ်နေတာလဲ။
ဒါမှမဟုတ် သူလမ်းများပျောက်နေတာလား။တစ်ကိုယ်
လုံး ထူပူသွားရသည်။ အသေးလေးက သူမပါပဲ ဘယ်မှ
မသွားဖူး မလာဖူးဘူး။တစ်နေရာရာမှာများ မျက်စိလည်နေတာလား မဖြစ်ဘူး ငါ သွား...သွားရှာမှ
ဖြစ်မယ်။
အိမ်ပြန်ပြေးပြီး ဆိုင်ကယ်ကို ကမန်းကတန်းထုတ်ပြီး
တစ်မြို့လုံးသွားဖူးတဲ့ နေရာတွေ လူရှုပ်တဲ့နေရာတွေ
အပြေးအလွှား လိုက်ရှာပေမဲ့ မတွေ့။ညက နက်လာခြင်းနဲ့အတူ စိုးရိမ်စိတ်တွေက သိပ်သည်းလာသည်။ဘယ်ရောက်နေတာလဲ
တစ်ခုခုများ ဖြစ်နေတာလား။ငါရူးတော့မယ်
အားလုံး ငါ့ကြောင့် ငါ့ကြောင့် ငါသာ အဲ့နေ့က
ဒီလို့ မလုပ်ခဲ့ရင် အခုလို ဖြစ်လာမှမဟုတ်ဘူး။
မဟုတ်ဘူး ဒီရေ ပေါက်ကရမတွေးနဲ့ ဘာမှမဖြစ်ဘူး
သူက ယောကျာ်းလေး ဘာအန္တရာယ်မှမရှိဘူး။မင်းစိုးရိမ်လွန်နေတာ ဟုတ်တယ် ငါ စိုးရိမ်လွန်နေတာ ဘာမှမဖြစ်ဘူး။
"အားးးးးးးး"
စိတ်ရှိလက်ရှိ အားကုန်အော်လိုက်သည်။ရင်ဘတ်တစ်ခုလုံး ပူထူပြီ
စုတ်ပြတ်သတ်နေပြီ။ဒီအသေးလေး သူ့ကို တော်တော်
အပူပေးတယ် ဘယ်သွားမယ် ဘယ်လာမယ်တောင်မပြောသွားဘူး။ဒီကျန်ခဲ့တဲ့သူကအရူးတစ်ပိုင်း ဖြစ်နေခဲ့ပြီ။
"သားရယ် ပြန်တော့မလို့လား တစ်ရက်နှစ်ရက်တော့နေပါအုံး"
"ပြန်တော့မယ်လေ မေမေရဲ့ သားဒီမှာလည်း ဘာအလုပ်မှ ရှိတာလည်း မဟုတ်ဘူး ဖေဖေလည်း
သက်သာနေတာပဲကို"
မေမေက ပြန်မလွှတ်ချင်သေးဟန်နဲ့ မပြန်ဖို့ ပြောပေမဲ့ သူအတော်ကိုပြန်ချင်နေပြီ။သူ့မသိစိတ်က
အလိုလိုသိနေတယ် ဒီရေ သူ့ကို စိတ်ပူနေလောက်ပြီ။
"မေမေရယ် မေမေ့သားက ဟိုမှာ လွမ်းရမဲ့သူ ကျန်ခဲ့လားမှမသိတာ"
"ဟာ မဟုတ်ပါဘူးမမရာ.... သူများကို ဆေးလိုက်ထိုးမနေနဲ့နော် အပျိုကြီးမမ"
မမရဲ့စကားကြောင့်ရှက်သလိုလိုဖြစ်သွားပေမဲ့
မသိချင်ယောင်ဆောင်ပြီး ပြန်စတော့ ဖေဖေကရယ်သည်။ဒီအသိုက်အမြုံလေးက နွေးထွေး
မှုအပြည့်နဲ့ အေးချမ်းဖွယ်ရာ။ဒီမိသားစု ဒီအသိုက်အမြုံထဲကို နောက်ထပ် ကိုယ်နဲ့ မျိုးတူ
ယောကျာ်းတစ်ယောက်ကို ဆွဲသွင်းရင်ရော
အဆင်ပြေပါ့မလား။
"တွေ့လား အခုတောင် ပြောစကားတွေကို မကြားတော့ဘူး"
မမရဲ့စကားကြောင့် အတွေးထဲက ရုန်းထွက်ပြီး လက်ရှိ
ပစ္စုပ္ပန်ကို ပြန်ရောက်လာရသည်။
"ဟီးဟီး ဘာပြောလိုက်တာလည်း သားမကြားလို့"
"အမလေး ကိုယ်တော်ချောရေ ဟိုမှာ အစစအရာရာ
ဂရုစိုက်ဖို့ ဖေ‌ဖေကမှာနေတာ "
"ဟုတ်တယ်သား ဆိုင်ကယ်စီးလည်းဆက်မသင်နဲ့တော့
မေမေ စိတ်မချဘူး "
"မေကြီးကလည်းကွာ သားက ယောကျာ်းလေးပါကွ
အဲ့လောက်တော့ အကြမ်းပတမ်းခံနိုင်ပါတယ်"
မေမေရဲ့ စိတ်မချဘူးဆိုတဲ့ အဆိုတင်သွင်းချက်ကို
ဖေဖေရဲ့ ယောကျာ်းဆိုတဲ့ စကားနဲ့ ပယ်ချသည်။
ဒီရေတို့မြို့မှာလို ကျားကျား မမ အကုန်ဆိုင်ကယ်
စီးနေကြသူတွေအတွက် ကိစ္စမရှိပေမဲ့ မေမေကတော့
မိခင်ပီပီ စိတ်ပူရှာသည်။
မမထည့်ပေးတဲ့ အ၀တ်အစားထုတ်ကို ယူပြီး ဖေဖေ မေမေနဲ့ မမတို့ကို ကန်တော့ တော့ မေမေက ထုံးစံအတိုင်း မျက်ရည်လေး တစ်ဝဲဝဲနဲ့ ဆုပေးရှာသည်။ တက္ကစီနဲ့ ကားဂိတ်ကို ကိုယ့်ဘာသာပဲ
ထွက်လာလိုက်သည်။မမက ကားဂိတ်ထိလိုက်ပို့မယ်ဆိုတာတောင် မစောင့်နိုင်တော့သည့်အထိ။
ဒီမြို့လေးကို ပြန်ရောက်တော့ မနက်လေးနာရီခွဲပြီ။
အထုတ်ကိုပစ်ချကာ ကုတင်ပေါ် ပက်လက်လှန်ပြီး
အနားယူဖို့ကြံလိုက်ပေမဲ့ မသိစိတ်က အလိုလို
ပြတင်းပေါက်နားကနေ ဒီရေတို့အိမ်ကို လှမ်းကြည့်မိသည်။မီးတွေဖွင့်ပြီး အိပ်နေတာလား
ဒီကောင်လေး အေးလေ တစ်ယောက်ထဲဆိုတော့ ကြောက်နေမှာပဲ။
မနက်မိုးလင်းမှပဲသွားတွေ့တော့မယ်ဆိုပြီး အလှည့်
လူရိပ်ဖြတ်ခနဲတွေ့လိုက်မိလို့ သေချာပြန်လှည့်ပြီး
ကြည့်တော့ ဒီရေ။အာာ ခုချိန်ထိ မအိပ်သေးတာလား
ဒါမှမဟုတ် ရေထသောက်တာလား။ရေသောက်တာလည်း မဖြစ်နိုင်ပါဘူး ညထဲကအိပ်ရင် မိုးစင်စင်လင်းမှ
နိုးတတ်တဲ့သူကို။
ဘာပဲဖြစ်ဖြစ် သွားတွေ့လိုက်တာ ကောင်းပါတယ်
ဒီမျက်နှာလေးကို မတွေ့ရတာ ဘယ်လောက်တောင်
ကြာနေပြီလဲ။
ဒေါက် ဒေါက် ဒေါက်
ရုတ်တရက် တံခါးခေါက်သံကြောင့် ဒီရေ လန့်သွားရသည်။ဒီအချိန်ကြီး ဘယ်သူပါလဲ
အမေ့ အကြွေးသမားဆိုရအောင်လဲ ဒီအချိန်ကြီးတော့
အကြွေးလာပေးတာတော့ မဖြစ်နိုင်ဘူး။အမေရေ
ကြောက်ပါတယ်ဆို ဘယ်သူကြီးလဲ မသိဘူး။
"ဒီရေ ဒီရေ"
ဟင် ဒါဟိုအသေးလေး အသံမဟုတ်လား။
တံခါးကို အပြေးအလွှား သွားဖွင့်တော့ မတွေ့ရတာအတော်ကြာပြီ ဖြစ်တဲ့ မျက်နှာနုနုသေး
သေးလေးက မျက်မှန်အောက်က မျက်လုံးဝိုင်းကြီးတွေနဲ့အပြိုင် တောက်ပနေသည်။
လူကိုတွေ့ပေမဲ့ အခုချိန်ထိ ဘာစကားမှမပြောပဲ
မတ်တပ်ကြီးရပ်နေတဲ့ ဒီရေကြောင့် အားနာသွားရသည်။ဒီကောင်လေး သူ့ကို စိတ်ဆိုး
နေတာမလား အဲ့တာကို မျက်နှာပြောင်တိုက်ပြီး
သွားခေါ်သလိုများ ဖြစ်နေပြီလား။မတွေ့ရတဲ့ရက်အတွင်း အစားအသောက် ကောင်းကောင်းမစားဘူးထင်တယ်
ပိန်သွားလိုက်တာ။
"ဟို ဆောရီးး ကိုယ် ဒီအချိန်ကြီး နှောင့်ယှက်သလိုဖြစ်သွားလား"
အင့်ခနဲမြည်အောင် အားပါသောပွေ့ဖက်မှုနဲ့အတူ
သူ့ရင်ဘတ်ပေါ် ရှည်လျားသောအရပ်ကို ခွေခေါက်ပြီး
မျက်နှာအပ်လာသောသူကြောင့် ပြောစရာ စကားတွေ
ပျောက်ရှသွားရသည်။စိုစွတ်လာသော အထိအတွေကြောင့် ‌ဒီကောင်လေးငိုနေပြီဆိုတာ
သိပေမဲ့ ဘာပြောလို့ပြောရမှန်းမသိတဲ့ အခြေအနေ။
"ဘာ....ဘာဖြစ်လို့လဲ ဒီရေ"
အတော်ကြာအောင်ငိုပြီးလောက်တော့မှ သူ့ပုခုံးနှစ်ဖက်ကို ကိုင်ပြီး မေးတော့ ရဲတွတ်နေတဲ့
မျက်လုံးတွေက အကြည့်ချင်းမဆုံရဲဟန်နဲ့ မျက်နှာလွဲသွားသည်။
"ခင်များ.....ခင်များ ဘယ်တွေသွားနေတာလဲ
ကျွန်..ကျွန်တော် ဘယ်လောက်ထိ စိတ်ပူနေလဲမှတ်တယ်။နည်းနည်ပါးပါးတော့
ပြော..ပြောသွားပေါ့ ဒီရက်တွေမှာ အိပ်လို့မရ စား
လို့မရတဲ့ အထိ ဖြစ်နေခဲ့ရတာ"
ရှိုက်သံကြားက တိုးတိမ်စွာထွက်လာတဲ့ လေသံက
စိုးရိမ်မှု ရေချိန်ကို ပြင်းထန်စွာဖြတ်သန်းလာခဲ့ရသူမှန်း သိသာစေသည်။
"ကိုယ်အိမ်ပြန်ရောက်တော့ ကိုယ်ဖေဖေ ဆေးရုံတင်ရလို့ အမြန်ပြန်လာဖို့ ဖုန်းရတာနဲ့
ကိုယ်အပြေးအလွှား ပြန်သွားခဲ့တာ ဖုန်းတောင်
ဒီမှာကျန်ခဲ့တယ်"
"အဲ့တာဆိုလည်း နည်းနည်းပါးပါးတော့ အသိပေးပေါ့
ကျွန်တော့်မှာ ခင်များ လာနိုးလာနိုးနဲ့ စောင့်နေခဲ့ရတာ
ခင်များမလာတဲ့အဆုံး အိမ်လိုက်သွားတော့လည်း
တံခါးတွေ ပွင့်နေပြီ ခင်များကိုမတွေ့လို့ တစ်နေကုန်ထိုင်စောင့်နေတဲ့အပြင် အပြင်မှာ တစ်ခုခု
များဖြစ်နေမလားဆိုပြီး တစ်ညလုံး လိုက်ရှာနေခဲ့တာ
တစ်မြို့လုံးကို ပြီးတော့ ခင်များ ကျွန်တော့်ကို စိတ်ဆိုးသွားပြီထင်တာ"
နောက်ဆုံးမှာ လေသံလေးတိုးပြီး ဖြေးညှင်းသွားတဲ့
အပြင်ခေါင်းလေးပါ ငုံ့သွားတဲ့ ဒီရေကြောင့်
စိတ်ထဲလုံး၀နေလို့မကောင်း။
"မဟုတ်တာကွာ ဆိုးစရာလား ကိုယ်မှားတာပါ မင်းကို
ကိုယ်ရှင်းပြပေးခဲ့သင့်တာလေ"
ဒီရေခေါင်းလေးကို အသာပွတ်ပြီး စိတ်မဆိုးကြောင်း
ပြောကာ ပြုံးပြလိုက်တော့ မျက်နှာငယ်လေးနဲ့
ကြည့်နေရှာသည်။ကိုယ်မင်းကို ဘယ်တော့မှ
အပြစ်မယူရက်ပါဘူးကွာ။
နှစ်ယောက်သားမအိပ်ရတာ အတော်ကြာပြီမို့
မိုးစင်စင်လင်းမှ စကားတွေပြောပြီး ဒီရေကုတင်ပေါ်
အိပ်ပျော်သွားရှာသည်။အရပ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်ကတော့ ရင်ခွင်သေးသေးလေးထဲမှာ
ခို၀င်ပြီး အိပ်ပျော်နေမှန်းမသိ အိပ်ပျော်နေခဲ့ပါပြီ။
(ဟယ်လို သဲငယ်လေးတို့ရေ နောက်အပိုင်းတွေမှာ
ဒီရေနဲ့ အာကာတို့ရဲ့ ချစ်ကြည်နူးခန်းလေးတွေ လာပါတော့မယ်နော် cmtတွေကိုလည်း Unicode zawgyi ခွဲပြီး ရီပလိုင်းပြန်တာမလို့ cmtတွေ ကျော်သွားရတာမျိုးရှိပါတယ် versionပြောင်းပြီးတာနဲ့ ပြန်ပါ့မယ်နော်
စောင့်မျှော်နေတဲ့သူတွေရှိတယ်ဆိုတဲ့ စာရေးရတာ
ပျော်ပါတယ်ရှင် ဒါနဲ့ ကိုယ့်အကောင့်ကို သိကြလား)
Zawgyi
ဖြစ်မယ်။
"အားးးးးးးး"
သက်သာနေတာပဲကို"
အဆင်ပြေပါ့မလား။
မေမေ စိတ်မချဘူး "
နိုးတတ်တဲ့သူကို။
ကြာနေပြီလဲ။
ဒေါက် ဒေါက် ဒေါက်
"ဒီရေ ဒီရေ"
ပိန်သွားလိုက်တာ။
"ဘာ....ဘာဖြစ်လို့လဲ ဒီရေ"
ဒီမှာကျန်ခဲ့တယ်"
အပြစ်မယူရက်ပါဘူးကွာ။
Continue Reading
You'll Also Like
268K 17K 99
လက်​​တွေ့ဘဝထဲက boys love အချစ်​ဆိုတာကို ရှာ​ဖွေကြည့်​ကြရ​အောင်​ #Romance,Bromance,BL,Angst
1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
308K 23.3K 30
The entire story line and character names are just the imagination of the author.
30.3K 2K 9
Chansoo(yaoi) မိမိရဲ့ဖြစ်တည်မှုကိုကြောက်ရွံ့အားငယ်မှု မရှိဘဲအထက်တန်းကျောင်းသားဘဝကို ရိုးသားကြိုးစားစွာဖြတ်သန်းနေတဲ့ကောင် လေးDo Kyung Soo တနေ့မှာမမျှော်...