မြနန်းစံတော် - MyaNanSanTaw (...

By suekhatpann

128K 10.5K 360

က်ိန္စာဆိုးမ်ားႏွင့္ျပည့္ႏွက္ေနေသာ ေၾကာက္မက္ဖြယ္ဝိညာဥ္ဆိုးမ်ားျဖင့္ ဆာေလာင္မြတ္သိပ္ေနေသာ "ျမနန္းစံေတာ္" အတိတ... More

part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33(End)

Part-14

3.1K 301 11
By suekhatpann

Zawgyi

~~ျမနန္းစံေတာ္~~
အပိုင္း(၁၄)

"အကၡရာ..."

ေခၚသံက နီးလာလိုက္ေဝးသြားလိုက္ႏွင့္..။
ထိုအသံက ပင္ပန္းႏြမ္းနယ္မႈေတြၾကား သူမအတြက္အားအင္တစ္ခုလို..

မ်က္လံုးကိုအတင္းအားယူဖြင့္ၾကည့္လိုက္ေတာ့ သူမမ်က္ႏွာထက္ဝယ္ အုပ္မိုးထားသူက ယမ္း

"ယမ္း..."

ယမ္းမ်က္ႏွာေခ်ာေခ်ာထက္မွ စိုးရိမ္ပူပန္မႈအရိပ္အေယာင္ေတြ။ ဘာေၾကာင့္မွန္းမသိ ရင္ထဲေႏြးခနဲ႔ျဖစ္သြားမိသည္။

နာက်င္ျခင္း ဝမ္းနည္းျခင္း အားငယ္ျခင္းေတြႏွင့္ ယမ္းရင္ခြင္ထဲသတိလက္လြတ္တိုးဝင္ရင္း သူမ႐ႈိက္ငိုမိသည္။ အလိုက္သင့္ေပြ႔ဖက္ထားသည့္ ယမ္းလက္ေတြၾကားဘယ္ေလာက္ထိၾကာေအာင္ ငိုလိုက္မိသည္မသိ။

"ေတာ္သင့္ျပီထင္တယ္ မငိုနဲ႔ေတာ့"

ယမ္းအသံၾကားမွသူမသတိဝင္လားရင္း ရွက္ရြံ႔ထူပူမိကာ သူ႔ရင္ခြင္မွ ကမန္းကတမ္းခြာလိုက္မိသည္။ ခုနက ျဖစ္တည္ေနသည့္ဝမ္းနည္းစိတ္တို႔အစား ရွက္ရြံ႔ျခင္းေတြက ရင္ထဲျပည့္လ်ွံလာေတာ့သည္။ ကိုယ့္ကိုကိုယ္ငံု႔ၾကည့္လိုက္ေတာ႔ ေယာက်ာၤးဝတ္အက်ႌႏွင့္ပုဆိုး..

အကၡရာမ်က္လံုးေလးေတြ၀ိုင္းစက္သြားရင္း အလန္႔တၾကားျဖင့္

"အကၡရာ..အက်ႌေတြ.."

"စိုေနလို႔ဒီအိမ္ရွင္အစ္မကိုလဲွခိုင္းထားတယ္ စိတ္ခ်ပါ ကိုယ္ဘာအခြင့္အေရးမွမယူဘူး.."

အကၡရာမ်က္ႏွာေလးရဲခနဲ႔ျဖစ္သြားရင္းႏွင့္ ေဘးဘီယာကို အရွက္ေျပလွည့္ၾကည့္မိကာ

"အကၡရာ..ဘယ္ေရာက္ေနလဲဟင္"

မ်က္ရည္ၾကားမွာ ရွက္စိတ္ေလးျဖင့္ ရဲသြားသည့္မ်က္ႏွာေလးက လွလြန္းေနသျဖင့္ သူေငးခနဲ႔တစ္ခ်က္ျဖစ္သြားျပီးမွ..

"အဲ႔ဒါအေရးမၾကီးဘူး မင္းအခုဘာျဖစ္လာသလဲဆိုတာ ကိုယ့္ကိုအရင္ေျပာျပပါ"

ရူိက္လိုက္သည့္သက္ျပင္းေတြထဲမွာ နာက်င္ျခင္းေတြ လိႈက္ခါလို႔။ ကိုယ္ၾကံဳခဲ႔ရသည့္အျဖစ္ကိုေျပာျပရင္း ထိန္းထားသည့္ၾကားမွ မ်က္ရည္တို႔က တေပါက္ေပါက္...။ သူမစကားအဆံုးရည္ရြယ္မထားဘဲ သူမမ်က္ရည္ေတြကို သူသုတ္ေပးမိလ်က္ႏွင့္..

"ေတာ္ေသးတယ္.. မင္းနဲ႔ကိုယ္တိုက္တိုက္ဆိုင္ဆိုင္ဆံုမိလို႔"

သူ႔စကားေၾကာင္႔ သူမငိုေနရာမွသူ႔ကိုေမာ့ၾကည့္မိရင္း..

"ယမ္း...ဘယ္လိုလုပ္ေရာက္လာသလဲ အကၡရာ ထင္ေတာင္မထင္ထားဘူး"

"ဟုတ္တယ္.. ေတာင္ၾကီးကိုအလုပ္ကိစၥနဲ႔လာရင္း ဒီဖက္ကိုတမင္ဝင္လာလိုက္တာ မင္းကိုမေျပာမိတာsorryပါ ကိုယ္ကဒီျမိဳ႕ေရာက္မွ ဖုန္းဆက္ေတာ့မယ္လို႔ စိတ္ကူးလိုက္လို႔"

သူ႔ကိုေငးစိုက္ၾကည့္ရင္း သူမဘာမွမတုန္႔မိပါ။ အားငယ္ေၾကာက္ရြံ႔မူေတြႏွင့္ တစ္ခ်ိန္လံုးသူ႔ကိုတမ္းတေနမိခဲ႔တာ သူမကိုယ္သူမအသိဆံုးပါ။ ေမွ်ာ္လင့္မထားတဲ႔ခ်ိန္ေတြ႔လိုက္ရသည့္ခါ ဝမ္းသာမႈက ရင္ထဲဆိုဖြယ္ရာမရွိေတာ့ပါ။ သူ႔ဆီကေႏြးေထြးမႈေတြႏွင့္ ရင္ဆိုင္ခဲ႔ရသမွ်နာက်င္ဝမ္းနည္းမႈေတြကို ေျဖသိမ့္ပစ္လိုက္ခ်င္သည္။

သူ႔ရင္ခြင္ေလးထဲဝင္ျပီးခါးသီးခဲ႔ရသမွ် ငိုရူိက္ပစ္ခ်င္သည္။ သို႔ေသာ္ယမ္းဟာသူမအတြက္ ဘယ္ေသာမွ မရွိခဲ႔ပါဘူးေလ

"ကိုယ္တကယ္စိတ္မေကာင္းပါဘူးအကၡရာ ကိုယ့္ေၾကာင့္ မင္းဒုကၡခံေနရတယ္ဆိုတာ ကိုယ္သိပါတယ္ ဒါပင္မယ့္ကိုယ္တကယ္မင္းကို လိုအပ္ေနတာပါ.."

".........."

"မင္းအသက္အႏၲရယ္ထိၾကံဳခဲ႔ရတာ ကိုယ္တာဝန္မကင္းပါဘူး ဒီေန႔လိုအျဖစ္မ်ိဳးမွာ ကံေကာင္းေထာက္မစြာ တိုက္တိုက္ဆိုင္ဆိုင္ ကိုယ္နဲ႔ဆံုခဲ႔ရလို႔ မင္းဘာမွမျဖစ္ခဲ႔ရပင္မယ္ဘ ေနာက္တစ္ၾကိမ္ဒီလိုကံမေကာင္းခဲ႔ရင္..."

သူ႔စကားေတြ ရပ္သြား၏။ သူမ..နားစြင့္ေနဆဲ။ မို႔အစ္ေနသည့္သူမမ်က္ႏွာေလးကို ယမ္းစက္ရွင္ေငးစိုက္ၾကည့္မိရင္း.

"မင္းတစ္ခုခုျဖစ္သြားရင္ငါ့ကိုငါခြင့္လြတ္ႏုိင္မွာမဟုတ္ဘူး အကၡရာ"

"............"

"ဒါပင္မယ့္.. ျမနန္းစံေတာ္ကို မင္းျပန္သြားေပးပါ"

မ်က္ရည္အခ်ိဳ႕က ေပါက္ခနဲ႔။ နာက်င္မႈေၾကာင့္ လွပေသာႏူတ္ခမ္းတို႔ကယဲ႔ယဲ႔ေလးျပံဳးမိလ်က္..

ျမနန္းစံေတာ္ကို သူမျပန္မသြားခ်င္ပါ။ အျမဲတေစ ေျခာက္ျခားေနရသည့္ေနရာ... ေၾကာက္ရြံ႔ထိတ္လန္႔မူေတြကို အျမဲထိေတြ႔ေနရသည့္ေနရာ... အိမ္မက္ဆိုးေတြႏွင့္အစဥ္ ေသြးပ်က္ေနရသည့္ေနရာ....

ဟင့္အင္း..သူမျပန္မသြားခ်င္ပါ။ ျမနန္းစံေတာ္ႏွင့္ ေဝးသည္ထက္ေဝးရာကို ထြက္ေျပးခ်င္သည္။ သို႔ေသာ္ သူမဘာမ်ားတတ္ႏုိင္မည္နည္း..

ဒီအေပးအယူကို သူမကိုယ္တိုင္ေက်နပ္စြာ လက္ခံခဲ႔သည္မဟုတ္လား။ လည္ကိုပိုင္းျဖတ္မည့္ဓါးဆိုရင္ေတာင္ ဓါးသြားေအာက္ ေက်နပ္စြာလည္စင္းေပးရုံသာ။

ဝဋ္ေၾကြးရွိခဲ႔သမွ်... ျမနန္းစံေတာ္မွာဆပ္ရေပဦးမည္။ အေတြးျဖင့္ နာက်င္လြန္းစြာျပံဳးမိရင္း

"ဟုတ္​ကဲ့ပါ အကၡရာ ျမနန္းစံေတာ္ကိုျပန္သြားမွာပါ"

"ေက်းဇူးတင္ပါတယ္ ဒါကမတရားဘူးဆိုတာ..."

"ဟင့္အင္း.. တရားပါတယ္ ဒါကအကၡရာတို႔ အေပးအယူလုပ္ခဲ႔တဲ႔ ကိစၥပဲေလ အကၡရာကိုယ္တိုင္ ေက်ေက်နပ္နပ္လက္ခံခဲ႔တာပါ ဘယ္လိုအေျခအေနမ်ိဳးျဖစ္ျဖစ္ အကၡရာျမနန္းစံေတာ္ကေန ထြက္မေျပးပါဘူး စိတ္ခ်ပါ ရွင့္ဆီကတင္ေနတဲ႔ အေၾကြးေတြေက်ေအာင္ ဆပ္ေပးခဲ႔ပါ့မယ္"

သူႏွင့္သူမၾကားအလိုလိုတိတ္ဆိတ္သြားမိသည္။ အကၡရာစကားေတြထဲမွ တစ္စံုတရာလြဲမွားမႈကို သူလက္မခံခ်င္သည့္တိုင္ သူမေျဖရွင္းမိပါ။

ရင္ထဲကိန္းေအာင္းေနသည့္ ခံစားခ်က္တို႔ကိုလိုလားစြာ ဥေပကၡာျပဳမိသည္။ ခုခ်ိန္မွာ ညီမေလးအတြက္သာ သူတာ၀န္ေက်ခ်င္သည္

ဒါပင္မယ့္ အဲ႔ဒီအတြက္အကၡရာကို သူဆံုးရူံးလိုက္ရမည္ဆိုပါက..

အေတြးေတြကို ခ်က္ခ်င္းခါထုတ္ပစ္လိုက္သည္။ ဆက္မစဥ္းစားခ်င္ေတာ့ပါ...

"သားသား... အဆင္ေျပရဲ႔လား"

"မင္းကိုလြမ္းေနတာကလြဲရင္ က်န္တာအဆင္ေျပပါတယ္ အဂၤလိပ္ေက်ာင္းမွာ တက္ေနတယ္ သူ႔ပညာေရးအတြက္ အေကာင္းဆံုးကိုယ္လုပ္ႏုိင္သမွ် လုပ္ေပးထားတယ္ သူ႔အတြက္ရည္ရြယ္ျပီး လုပ္ငန္းတစ္ခုလည္းဖြင့္ထားေပးတယ္ သူ၁၈ႏွစ္ျပည့္တာနဲ႔ လြဲေပးဖို႔လည္းစီစဥ္ေပးထားျပီးသားပါ သူ႔အတြက္စိတ္မပူပါနဲ႔.. စိတ္ခ်ေနပါ"

ရင္ထဲ နင့္ခနဲ႔..။ ဝမ္းသာျခင္းလား ဝမ္းနည္းျခင္းလားမသိ ရင္တစ္ခုလံုး လိူက္ခါလို႔။ မ်က္ရည္တို႔က မကုန္ႏုိင္မခမ္းႏုိင္ စီးက်လာျပန္၏။

ဟင့္အင္း... ဒါဟာဝမ္းေျမာက္ျခင္းအတြက္ပဲ
ျဖစ္ပါေစ

သားသားဘဝျပီးျပည့္စံုေနျပီပဲ။ ဘာကိုေၾကာက္ရြံတုန္လႈပ္ေနဦးမလဲ။ ျမနန္းစံေတာ္က ကိုယ့္ရဲ႔ေသျခင္းတရားျဖစ္ခဲ႔ရင္ေတာင္ ထိုက္တန္ပါတယ္။ ဘဝတစ္ခုထြန္းေတာက္ဖို႔အတြက္ ဘဝတစ္ခုခ်နင္းျပီး စေတးရမယ္ဆိုရင္ ခ်စ္လွစြာေသာသားသားအတြက္ သူမၾကည္ျဖဴစြာ စေတးခဲ႔မွာပါ။

ဒါပင္မယ့္ သားသားမ်က္ႏွာေလးေတာ့ ျမင္ခြင့္ရခ်င္ေသးပါရဲ႔။

"သားသားနဲ႔စကားေျပာခ်င္လိုက္တာ မေျပာျဖစ္တာေတာင္ ေတာ္ေတာ္ၾကာျပီ"

လြမ္းဆြတ္ျခင္းေတြေၾကာင့္ သူမအသံတုန္ယင္ေနေတာ့၏။ သူေခါင္းတစ္ခ်က္ညိတ္လိုက္ရင္း

"မနက္ျဖန္ကိုယ္ဖုန္းေခၚေပးမယ္ အခုညည့္နက္ေနျပီ သူလည္းအိပ္ေပ်ာ္ေနေလာက္ျပီ.. "

"ေက်းဇူးတင္ပါတယ္ သားသားအတြက္ ရွင္လုပ္ေပးခဲ႔တာေတြက ေျပာစရာမလိုေအာင္ တကယ္ျပီးျပည့္စံုပါတယ္ ဒါပင္မယ့္ အကၡရာဘက္က ရွင္ဝမ္းသာေစမယ့္အေျဖတစ္ခုမရႏုိင္တာ စိတ္မေကာင္းပါဘူး..."

သူမသက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း သူ႔ကို
မၾကည့္ရဲစြာ မ်က္ႏွာလြဲလိုက္မိျပီး...

"ႏွင္းဆီဆူးကို သတ္တဲ႔တရားခံ အကၡရာရွာေပးပါ့မယ္ "

သူ႔မ်က္ႏွာပ်က္ယြင္းသြားသည္မွာ ဆိုဖြယ္ရာမရွိေတာ့ေပ။ အံတစ္ခ်က္ၾကိတ္လိုက္ရင္းႏွင့္..

"ဆူးအသတ္ခံရတယ္ဆိုတာ ေသခ်ာျပီလား"

"ဟုတ္​ကဲ့ပါ ဘယ္သူမွန္းမသိပင္မယ့္ အကၡရာအသက္နဲ႔ရင္းျပီး ေဖာ္ထုတ္ေပးပါ့မယ္ ကတိေပးပါတယ္"

အသက္နဲ႔ရင္းျပီး..။ သူ႔အၾကည့္ေတြက သူမထံဖ်တ္ခနဲ႔ေရာက္လာေတာ့ သူမနားလည္စြာ
ျပံဳးလိုက္ရင္း

"ရွင္ေပးခဲ႔တာေတြအတြက္ အကၡရာျပန္ေပးရမယ့္အရာက ဘယ္ေလာက္တန္ဖိုးၾကီးပါေစ ထိုက္တန္ပါတယ္ လူဆိုတာကိုယ့္ယံုၾကည္ခ်က္နဲ႔ကို ရွင္သန္ေနၾကတာပဲေလ အၾကီးတစ္ေယာက္အေနနဲ႔ အကၡရာေမာင္ေလးဘဝအတြက္ အေကာင္းဆံုးေတြကိုေပးခ်င္တယ္ အဲ႔ဒီအရာက အကၡရာရွင္သန္ျခင္းေတြျဖစ္ေနမယ္ဆိုရင္ေတာင္ ေနာင္တမရပါဘူး သားသားကိုခ်စ္ခဲ႔တဲ႔အခ်စ္က ဘာရယူလိုမႈမွမပါခဲ႔ဘူးေလ အကၡရာခံယူထားတဲ႔အခ်စ္က ေပးဆပ္ေနဖို႔သပ္သပ္ပါ "

ၾကည့္စမ္း... သူမခ်စ္ျခင္းေမတၱာေတြက ျဖဴစင္လိုက္တာ။ သားသားဟာ အင္မတန္ကံေကာင္းတဲ႔ကေလးတစ္ေယာက္ပါ။ ဒီလိုအစ္မမ်ိဳးပိုင္ဆိုင္ထားရတာ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္ေလသလဲ.....

သူကေရာ....ဆူးကိုသိပ္ခ်စ္ခဲ႔ပါတယ္။ ဘာမွမလုပ္ေပးႏုိင္ခဲ႔တဲ႔ အေနအထားမွာ လုပ္ေပးဖို႔ရည္ရြယ္ခ်က္ေတြနဲ႔ အိပ္မက္ေတြမက္ရင္း အေကာင္အထည္ေဖာ္ႏုိင္ဖို႔ ၾကိဳးစားခဲ့ဖူးသည္။ ဆူးကိုခ်စ္တဲ႔ ခ်စ္ျခင္းတရားေတြနဲ႔ သူ႔ႏွလံုးသားေတြ သိမ္ေမြ႔လွပခဲ႔ဖူးသည္။

ဒါပင္မယ့္ သူတို႔မဆံုႏုိင္ေသးခင္မွာပင္ ကံတရားကရက္စက္စြာ ဆူးကိုေဖ်ာက္ပစ္ခဲ႔သည္။ ဘယ္ေပ်ာက္လို႔ ေပ်ာက္ခဲ႔မွန္းမသိသည့္ ညီမေလးအတြက္ ပူေဆြးခဲ႔ရသည့္အခ်ိန္က ၾကမ္းတမ္းလြန္းလွ၏။

အခုေတာ့...ညီမေလးအသတ္ခံခဲ႔ရသည္တဲ့။ ဒီအေျဖက ၾကိဳသိေနသည့္တိုင္ ဘယ္လိုမွေျဖလို႔မရခဲ႔ပါ။ ေဆာက္တည္ရာမဲ႔ အပူမီးေတြႏွင့္ အံၾကိတ္ထားမိသည္။

ညီမေလးအတြက္အမွန္တရားကို သူရေအာင္ေဖာ္ထုတ္ရမည္သာ။ ဒါေလးတစ္ခုေတာ့ သူတာဝန္ေက်ခဲ႔ခ်င္သည္။ မဟုတ္ပါက သူ႔ဘဝတစ္ေလွ်ာက္လံုး ေနာင္တေတြႏွင့္ ရွင္သန္ေနရမည္။

သို႔ေသာ္ဆူးအတြက္သူအသံုးခ်ခဲ႔သည္က အကၡရာ၏ျဖဴစင္ျမင့္ျမတ္ေသာ ခ်စ္ျခင္းတရားေတြကိုလား

သူတကယ္ပဲ...သူမကိုခ်နင္းခဲ႔မိသည္လား..

မေတြးခ်င္ေတာ့ပါ။ ေသခ်ာသည္က ေမတၱာခ်င္းအတူတူေတာင္ သူမေမတၱာတရားေတြက ပို၍ျမင့္ျမတ္ပါလိမ့္မည္...

သူမက...တကယ့္ကိုအျဖဴထည္သပ္သပ္။

"အကၡရာ..စိတ္မေကာင္းပါဘူး ဆူးကိုရေအာင္ကယ္တင္ေပးပါ့မယ္ "

သူမစကားေၾကာင့္ သူျပံဳးမိသလားမသဲကြဲ။ ဆူးအတြက္ အမွန္တရားတစ္ခုသူရခဲ႔မည္ဆိုပါက တစ္စံုတခုကိုမ်ားထပ္ျပီးဆံုးရူံးရမည္လား

သို႔ေသာ္ညီမေလးအတြက္ သူ႔ခံစားခ်က္ေတြခ်နင္းျပီးသား ျဖစ္ေနခဲ႔ရာ...

"ေက်းဇူးထပ္တင္တယ္အကၡရာ ဆူးနဲ႔ပတ္သတ္ျပီး အိပ္မက္ဆိုးေတြ ထပ္မမက္ခ်င္ေတာ့ဘူး မင္းလုပ္ႏုိင္လိမ့္မယ္လို့ ယံုၾကည္ပါတယ္ အခုမင္းအရမ္းပင္ပန္းေနျပီ ခဏနားလိုက္ပါ မနက္က်မွဆက္ေျပာရေအာင္ ဒီညဒီမွာပဲအိပ္လိုက္ေတာ့ အခ်ိန္လည္းလင့္ေနျပီ ေနာက္ရက္ကိစၥျပီးမွၾကည့္စီစဥ္မယ္"

"ဟုတ္​ကဲ့ပါ.."

"GOOD NIGHT"

ႏူတ္ဆက္ျပီးထြက္ခြာသြားသည့္ သူ႔ေက်ာျပင္ကို ေငးစိုက္ၾကည့္ရင္း ဘာေၾကာင့္မွန္းမသိနာက်င္မူက တဆစ္ဆစ္။ သူနဲ႔ကိုယ္ဟာ အစကတည္းက မတူမႈေတြနဲ႔မနီးစပ္ခဲ႔ပါဘူးေလ။

အေတြးျဖင့္ ေခါင္းအံုးေလးေပၚလဲခ်လိုက္ေတာ့ မ်က္ရည္အခ်ိဳ႕က ေပါက္ခနဲ႔ေၾကြခလာေတာ့၏။ ဒီညဟာျမနန္းစံေတာ္မွာ အိပ္စက္ခြင့္္မရသည့္တိုင္ တကယ္ကို ခက္ခဲပင္ပန္းသည့္ညျဖစ္ေနပါလား...

ၾကံဳခဲ႔သမွ်အျဖစ္တို႔ကိုလည္း ျပန္မေတြးခ်င္ေတာ့ပါ။ ဒီမ်က္ရည္ေတြဟာ ဘာအတြက္က်ေနမွန္းပင္ မသိေတာ့ေပ။

တကယ္ေတာ့ ဒီေန႔ဟာသူမအတြက္ တကယ္ကိုပင္ပန္းလြန္းတဲ႔ေန႔ေလးပါ။ ဒီခ်ိန္မွာ သူမလိုလားေတာင့္တသည္က ေႏြးေထြးတဲ႔ႏွစ္သိမ့္မႈေတြ..

သူမတကယ္ကို ငတ္မြတ္ေတာင့္တေနမိသည္က ေႏြးေထြးေသာအၾကင္နာတရားအခ်ိဳ႕။ ဒါပင္မယ့္ ယမ္းႏွလံုးသားက အင္မတန္မာေၾကာလြန္းလွပါသည္။

နာက်င္၀မ္းနည္းျခင္းတို႔ျဖင့္ ငိုရူိက္မိရင္း အားငယ္ေနေသာ ႏွလံုသားက ဖ်တ္ခနဲ႔သတိရမိသူက သခင္ေလးခြန္မင္းဆက္။

တကယ္ပဲဘဝေဟာင္းကေရစက္ပါခဲ႔သလား။ တစ္ခါတေလသူမစိတ္ေတြက သခင္ေလးထံေပ်ာ္ေမြ႔ျပီး မၾကာခဏဆိုသလို ယမ္းကိုတမ္းတေနမိတတ္ပါရဲ႔။

သူမအျဖစ္က သိပ္အေပါစားဆန္ေနခဲ႔ျပီလား။ ဒါပင္မယ့္ ဘဝႏွစ္ခုမွာ စိတ္တစ္ခုနဲ႔ကူလူးရွင္သန္ေနရသည့္အျဖစ္က ရူပ္ေထြးပင္ပန္းလြန္းလွ၏။

ကိုယ့္ကိုကိုခုထိ....ဘာမွမသဲကြဲႏုိင္ေသး..

ဒီညအတြက္ေတာ့ ယမ္းေပးတဲ႔ဥေပကၡာတရားအခ်ိဳ႕နဲ႔ ညကခါးသက္ခဲ႔ေခ်ျပီ။ မငိုဘူးဟု ဘယ္လိုပဲဆံုးျဖတ္ထားသည့္တိုင္ ေခါင္းအံုးေလးက မ်က္ရည္ေတြႏွင့္စြဲနစ္လို႔........။

"ေဒါက္....ေဒါက္"

မ်က္ရည္ေတြနဲ႔ညက ပင္ပန္းလြန္း၍ ဘယ္ေလာက္ေတာင္ အိပ္ေပ်ာ္သြားသည္မသိ။ တံခါးေခါက္သံၾကားမွ လူကႏုိးလာေတာ့သည္။

ဟင္......ေနေတာင္ထြက္ေနပါလား

ျပတင္းေပါက္မွန္ကေနျဖာထြက္လာသည့္
ေနေရာင္ေၾကာင့္ အကၡရာကမန္းကတမ္းထျပီး တံခါးဖြင့္လိုက္သည္။

လန္းဆန္းေသာ..အသြင္ျဖင့္ ယမ္း

"ခုမွႏုိးသလား..ေရမိုးခ်ိဳးလိုက္ဦး မနက္စာစားရေအာင္"

"ဟုတ္​ကဲ့..အကၡရာညကအိပ္မေပ်ာ္လို႔ပါ "

"ကိုယ္နားလည္ပါတယ္ အခုေရအျမန္ခ်ိဳးေတာ့ ေရာ့.. မင္းအတြက္အက်ႌဝယ္ခိုင္းထားတယ္ ေတာ္မေတာ္ အဆင္ေျပသလို၀တ္လိုက္"

သူကမ္းေပးသည့္အက်ႌေလးကို ယူျပီးတံခါးျပန္ပိတ္လိုက္သည္။ ေရအျမန္ခ်ိဳးျပီးဝတ္ၾကည့္လိုက္ေတာ့ နည္းနည္းပြေနသည့္တိုင္ ေယာက်ာၤေလးအဝတ္အစားႏွင့္စာရင္ ေတာ္ပါေသးသည္ဟု ေျပာရမည္။

အခန္းအျပင္ထြက္လာေတာ့ သူမမသိသည့္ အမ်ိဳးသမီးတစ္ေယာက္က ေႏြးေထြးေသာ အျပံဳးျဖင့္..

"ကိုယမ္း..အျပင္မွာမနက္စာစားဖို႔ေစာင့္ေနတယ္ရွင့္"

သူေစာင့္ေနတယ္ဆိုသည့္အသိေၾကာင့္ အကၡရာခပ္သြက္သြက္ေလး လွမ္းလာလိုက္၏။
အျပင္ဖက္ ဝရံတာေလးေပၚတြင္ထိုင္ရင္း ရူးခင္းေငးေနသည့္သူက ေျခသံေၾကာင့္ လွည့္ၾကည့္လာရင္း..

"မနက္စာေတြေအးေတာ့မယ္ အျမန္စားရေအာင္"

အကၡရာ သူ႔ေရွ႔အားနာစြာဝင္ထိုင္လိုက္ျပီး..

"စားႏွင့္လိုက္တာမဟုတ္ဘူး ေစာင့္ေနတာအားနာစရာၾကီး"

ယမ္းဘာမွမတုန္႔ျပန္။ အေငြ႔တစ္ေထာင္းေထာင္းထေနသည့္ ေခါက္ဆြဲပန္းကန္ကို သူမေရွ႔ကမ္းေပးကာ

"အားရွိေအာင္အရင္စားလိုက္ဦး ေကာက္ညွင္းေပါင္းနဲ႔ဆတ္သားေျခာက္ဖုတ္လည္း လုပ္ထားတယ္ ပူတုန္းေလးမွ စားေကာင္းတာ"

ဝမ္းကဟာေန၍လား သူႏွင့္အတူစားရသည့္မနက္စာမို႔လားမသိ။ ေတာ္ေတာ္ေလးစားျမိန္လြန္းလွ၏။

ဘာေၾကာင့္မွန္းမသိပါ။ လက္ဆံုစားသည့္ အခိုက္အတန္႔တြင္ ရင္ထဲၾကည္ႏႈးမႈကတေျမ့ေျမ့..

ငါ့ႏွယ္....ရူးေတာ့မွာပဲ..

ထမင္းစားျပီးသည္ႏွင့္ခုနကေတြ႔သည့္ အမ်ိဳးသမီးက ထမင္းပန္ကန္မ်ားကို လာသိမ္းဆည္းျပီးထြက္သြားေတာ့

"သူက. ..ဘယ္သူလဲဟင္"

"ဒီအိမ္ပိုင္ရွင္ရဲ႔အမ်ိဳးဆိုလား လိုတာခိုင္းလို႔ရေအာင္ ထားေပးထားတာပါ ကိုယ္ဒီအိမ္ကို မင္းျမနန္းစံေတာ္မေရာက္ခင္ကတည္းက ဌားထားတာ မင္းကိုကူညီမယ့္ တစ္ေယာက္လည္းဒီမွာပဲေနလိမ့္မယ္ သူမၾကာခင္လာလိမ့္မယ္"

"ေအာ္...."

ေတာင္ကုန္းေပၚကသစ္သားအိမ္ေလးက ေနခ်င္စဖြယ္အတိ။ အေပၚစီးကေနလွမ္းျမင္ရသည့္ စိမ္းစိုေနေသာရႈခင္းတို႔က ရူပ္ေထြးေနေသာစိတ္တို႔ကို ခဏတာျငိမ္းခ်မ္းသြားေစ၏။

"မင္းေမာင္ေလးနဲ႔ဖုန္းေျပာရမယ္ဆိုေရာ့.."

သူ႔အသံၾကားမွ အကၡရာအသိဝင္လာျပီး ကမ္းေပးသည့္ဖုန္းကို လွမ္းယူလိုက္သည္။ ခ်စ္လွစြာေသာ သားသားအသံက ေသာကဟူသမွ်ကို ဆြဲခါပစ္လိုက္သည့္အလား

"မမအျမန္ျပန္လာခဲ့ေနာ္. .သားေစာင့္ေနမယ္"

လြမ္းဆြတ္ဖြယ္သားသားစကားက ရင္ကိုထိရွနာက်င္လြန္းေစ၏။ ရည္ရြယ္မထားဘဲ မ်က္ရည္တို႔က အလိုလိုစီးက်လာရင္း

"အင္းပါသားရယ္ မမျပန္လာပါ့မယ္"

သို႔ေသာ္တကယ္ပဲသူမ သားသားဆီျပန္ေရာက္ႏုိင္ပါ့မလား။ ဒီအေတြးႏွင့္တင္ နာက်င္မႈကေသြးပ်က္မတက္...

အတန္ၾကာဖုန္းေျပာျပီးသည္ထိ မ်က္ရည္မခမ္းႏုိင္သည့္ အကၡရာကိုၾကည့္ျပီး ယမ္းတစ္ခ်က္ျပံဳးလိုက္ကာ..

"မင္းတကယ္ငိုလြယ္တဲ႔မိန္းကေလးပဲ"

အကၡရာမ်က္ရည္သုတ္ျပီး ယမ္းကိုမ်က္ေစာင္းထိုးလိုက္မိ၏။ ဘာရယ္မဟုတ္ ဒီအခိုက္အတန္႔ေလးတြင္ ခံစားခ်က္တစ္စံုတရာရယ္ ကိုယ္စီရင္ထဲ တိုးေ၀ွ႔လာၾကသည္။

"ဒါနဲ႔..ျမနန္းစံေတာ္ကို ဖုန္းတစ္ခ်က္ဆက္လိုက္ပါလား မင္းေပ်ာက္ေနတယ္ထင္ျပီး ရွာေနဦးမယ္"

ဟုတ္ပါရဲ႔...ယမ္းေျပာမွသူမအမွတ္ရမိသည္။ တစ္ေနကုန္ တစ္ညလံုးေပ်ာက္သြားတာ မသိဘဲေနမည္ မဟုတ္ပါ.

"ကိုယ့္ဖုန္းနဲ႔ပဲဆက္လိုက္ပါ ေမးခဲ႔ရင္လည္းအဆင္ေျပသလို ၾကည့္ေျဖလိုက္ပါ "

အကၡရာေခါင္းေလးညိတ္ျပီး ျမနန္းစံေတာ္ကို ဖုန္းေခၚလိုက္သည္။ လာကိုင္တာက နန္းစိန္..

"နန္းစိန္ အကၡရာမေန႔ညက အျပင္သြားရင္းမူးလဲသြားလို႔ အစ္မတစ္ေယာက္ကကူညီထားတယ္ ညကမိုးအရမ္းခ်ဳပ္ေနျပီမို႔ ျပန္မလာတာပါ ခဏေနျပန္လာပါ့မယ္ေနာ္"

"ဟုတ္​ကဲ့ ဆရာမျပန္မလာလို႔စိတ္ပူေနၾကတာ အခုေရာသက္သာျပီလာ လာၾကိဳခိုင္းလိုက္ပါမယ္"

"ဟင့္အင္းရပါတယ္ အကၡရာဘာသာလာလိုက္ပါ့မယ္ ဒါပဲေနာ္ ဆရာဝန္ေရာက္ေနလို႔"

စကားျဖတ္ျပီးဖုန္းခ်လိုက္ေတာ့ ယမ္းကပုခံုးတြန္႔လိုက္ရင္း

"မဆိုးပါဘူး ညဏ္ေတာ့ေျပးသားပဲ"

အကၡရာသူ႔ကို ဒုတိယအၾကိမ္မ်က္ေစာင္းထိုးမိသည္။ သူကမသိက်ြံျပဳရင္း...

"ကိုယ္ညေနျပန္မယ္ မင္းကိုဘာလုပ္ေပးခဲ႔ရမလဲ"

"ဟင္...ျပန္ေတာ့မလား ခ်က္ခ်င္းၾကီး"

"ဟုတ္တယ္ ဟိုဖက္မွာကိစၥတစ္ခုေပၚလာလို႔ စိတ္မပူပါနဲ႔ မင္းလိုတာအကူအညီေတာင္းလို႔ရေအာင္ လူတစ္ေယာက္ အျမန္ဆံုးလြတ္ေပးမယ္ ကိုယ္လည္းအဆင္ေျပရင္ျပန္လာခဲ႔မယ္"

ဘာေၾကာင့္မွန္းမသိ.. ရင္ထဲလွစ္ဟာသြားသလို ခံစားလိုက္ရ၏။ သို႔ေသာ္သူမမွာတားဆီးပိုင္ခြင့္မွမရွိတာ။ စိတ္ထဲအလိုလိုဝမ္းနည္းလာရင္းမွ ဖ်တ္ခနဲ႔သတိရမိသည္က

"ဒါနဲ႔....ေသာ့ ေသာ့ ဘယ္ေရာက္သြားပါလိမ့္ ေတြ႔မိေသးလား"

"ဘာေသာ့လဲ..."

"ဘာေသာ့လဲေတာ့ အကၡရာမသိဘူး ဒါပင္မယ့္အေရးၾကီးတဲ႔ ေသာ့ျဖစ္ပံုရတယ္ အဲဒါအကၡရာယူလာခဲ႔တယ္ အကၡရာဆီကေတြ႔မိေသးလားဟင္.."

သူမ်က္ေမွာင္က်ံဳ႕ရင္း ေခါင္းခါလိုက္ကာ

"မေတြ႔ဘူး "

"ဒုကၡပါပဲ.. ဘယ္မွာက်ခဲ႔မွန္းမသိဘူး ဘယ္လိုရွာရေတာ့မလဲ"

စိတ္ညည္းညဴဟန္ျဖင့္ ဆိုလိုက္ေသာအကၡရာစကားေၾကာင့္ ယမ္းကစိတ္ရူပ္သြားပံုရကာ

"နားလည္ေအာင္ရွင္းပါဦး အဲ့ဒီ့ေသာ့ကဘာမို႔ ဒီေလာက္ျဖစ္ပ်က္ေနရသလဲအမိ"

အကၡရာသက္ျပင္းေလးခ်ရင္း ေသာ့ရလာပံုကို ရွင္းျပေတာ့ ယမ္းေတြေဝသြားဟန္ျဖင့္

"အင္း.. ထူးေတာ့ထူးဆန္းတယ္ ဘာေသာ့ျဖစ္ႏုိင္ေခ်ရွိမွာလဲ"

"အကၡရာအထင္ေတာ့ ျမနန္းစံဂူသခ်ႌဳင္းေအာက္က ေျမေအာက္ခန္းေသာ့ျဖစ္ပံုရမယ္ အကၡရာေသာ့ပိတ္ထားတဲ႔ အခန္းတစ္ခန္းေတြ႔ခဲ႔တယ္ အထဲမွာေအာ္သံလည္းၾကားခဲ႔ရတယ္ တစ္ေယာက္ေယာက္ရွိေနပံုရတယ္"

"ျမနန္းစံဂူသခ်ႋဳင္း"

"ျမနန္းစံေတာ္ရဲ႔ဒ႑ာရီ ထင္ဟပ္ေစတဲ႔ေနရာတစ္ခုပါ အဲ႔ဒီမွာရွင္မယံုၾကည္တဲ႔ ရာဇဝင္ေတြရွိတယ္ ထူးဆန္းျပီး ေၾကာက္စရာေကာင္းတာေတြအမ်ားၾကီးရွိတယ္ ျမနန္းစံမင္းသမီး အသတ္ခံရတဲ႔ေနရာကို သူ႔ခ်စ္သူျမိဳ႕စားေလးက ျမနန္းစံဂူသခ်ႌဳင္း အျဖစ္ထားေစခဲ႔တာပါ"

စိတ္ဝင္းစားမႈေတြက ယမ္းမ်က္ႏွာထက္ဝယ္အထင္းသား။ ထို႔ေနာက္အတန္ၾကာျငိမ္ေနရင္းမွ

"ကိုယ္တို႔ျမနန္းစံဂူသခ်ႌဳင္းဆိုလား အဲ႔ဒီေနရာခဏသြားၾကည့္ရေအာင္ ကိုယ့္အထင္လွ်ိဳ၀ွက္ထားတာ တစ္ခုခုရွိပံုရတယ္"

"ရွင္....ျဖစ္ျဖစ္ပါ့မလားဟင္"

"ျဖစ္ပါတယ္..လာအခုပဲသြားရေအာင္"

ေျပာေျပာဆိုဆိုႏွင့္သူကထသြားသျဖင့္ အကၡရာသက္ျပင္းသာ ခ်မိေတာ့သည္။ ေတာ္ေတာ္လည္းခက္တဲ႔လူ...

ျမနန္းစံဂူသခ်ႋဳင္းကို ဘယ္လိုေနရာမ်ိဳးထင္ေနလဲမသိ။

မတတ္ႏုိင္သည့္အဆံုး အကၡရာသူ႔ကိုလမ္းညႊန္ရေတာ့သည္။ ကားကိုလမ္းတစ္ေနရာတြင္ရပ္ထားခိုင္းျပီး ေတာလမ္းအတိုင္း ႏွစ္ေယာက္သား ဆင္းေလွ်ာက္လာၾကသည္။

အေတာ္ေလးေလွ်ာက္လာျပီး ျမနန္းစံဂူသခ်ႌဳင္းကို လွမ္းျမင္ေနရသည့္ေနရာတြင္ သူမေျခလွမ္းရပ္လိုက္ျပီး

"ဟိုေရွ႔က ျမနန္းစံဂူသခ်ႌဳင္းပဲ"

ယမ္းပတ္ဝန္းက်င္ကို တစ္ခ်က္အကဲခတ္ၾကည့္ရင္း

"အင္း... အတြင္းထဲဝင္ၾကည့္ရေအာင္"

"ဟင္.ဘာသြားလုပ္မလဲ သြားလို႔ေကာင္းတဲ႔ေနရာမဟုတ္ဘူးေနာ္"

အကၡရာအထိတ္အလန္႔ဆိုသည့္တိုင္ သူကမမႈဘဲ..

"ျပသာနာရွိရင္အေျဖရွာရမွာပဲေလ ဘာေတြးေၾကာက္ေနမလဲ လာပါ ကိုယ္တစ္ေယာက္လံုးရွိတယ္ ေၾကာက္မေနနဲ႔"

သက္ျပင္းခ်ရုံမွတစ္ပါး မတက္ႏုိင္ေတာ့ေပ။ သူႏွင့္အတူ ျမနန္းစံဂူသခ်ႌဳင္းထဲလွမ္းဝင္ေတာ့ ဝန္းက်င္တစ္ခုလံုးသိသိသာသာ တိတ္ဆိတ္ေန၏။ ထူးဆန္းလြန္းစြာ တိတ္ဆိတ္ေနသည့္ ဝန္းက်င္ကို လွည့္ပတ္ၾကည့္ရင္းႏွင့္ယမ္းက

"ေျမေအာက္ခန္းဆိုတာ ဘယ္နားမွာလဲ"

"ဟင့္အင္းအကၡရာမမွတ္မိဘူး သြားရင္းလာရင္းခလုတ္တိုက္ျပီး က်ြံက်သြားတဲ႔ခ်ိန္ေတြ႔လိုက္တာပါ "

ယမ္းတစ္ခုခုေျပာဟန္ျပင္ျပီးမွ သူ႔အၾကည့္တို႔က တစ္ေနရာေရာက္ေတာ့ ရပ္တန္႔သြားသည္။

သခ်ႌဳင္းအလယ္ကခမ္းနားေသာအုတ္ဂူႏွစ္ခု.

မေျပာမဆိုႏွင့္ထိုေနရာကိုဖ်တ္ခနဲ႔လွမ္းသြားလိုက္ရာ

"ယမ္း...ခဏ မသြားနဲ႔"

တားခ်ိန္မရလိုက္ပါ။ ျမနန္းစံအုပ္ဂူေရွ႕ေျခလွမ္းေတြ ရပ္သြားျပီးေနာက္ အုတ္ဂူေရွ႔မွစိုက္ထူထားသည့္စာႏွင့္ ပံုကိုၾကည့္မိျပီးခ်ိန္တြင္ေတာ့

အံ႔ၾသရိပ္တို႔က သူ႔မ်က္ႏွာထက္ဝယ္ထင္ဟပ္လာရင္း

"ျမနန္းစံ.... ျမနန္းစံကဘာကိစၥမင္းနဲ႔တစ္ေထရာတည္း တူေနရသလဲအကၡရာ.. မင္းနဲ႔ျမနန္းစံက ဘာလဲ"

အကၡရာ မ်က္လႊာေလးခ်ျပီးဘာမွမေျဖမိ။ ဒီအေျဖကို သူမကိုယ္တိုင္မ၀ံ႔မရဲျဖစ္ေနဆဲ...

သူကေဘးနားကအုတ္ဂူဆီသို႔ လွမ္းၾကည့္လိုက္ျပန္ရာ..

"ျမိဳ႕စားကိုယ္ေတာ္ေလးစဝ္ခြန္မိႈင္း သူကသခင္ေလးခြန္မင္းဆက္နဲ႔ တစ္ပံုစံတည္းပဲ ေနပါဦး မင္းတို႔ကဘာေတြလဲ..."

အံ႔ၾသျခင္းႏွင့္အတူစိတ္ေတြပါ ရူပ္ေထြးသြားပံုရေသာ ယမ္းကိုၾကည့္ရင္း အကၡရာသက္ျပင္းေလးခ်မိလ်က္ႏွင့္.

"အကၡရာေျပာျပမယ္ ဒါပင္မယ့္ ဒီေနရာမွာကအၾကာၾကီးေနဖို႔ မသင့္ဘူး အကၡရာတို႔အျမန္ဆံုးထြက္သြားသင့္ျပီ"

သူဘာမွမတုန္႔ျပန္ဘဲအကၡရာႏွင့္အတူ ဂူသခ်ႌဳင္းမွ ထြက္လာေတာ့သည္။ ကားနားျပန္ေရာက္သည္ႏွင့္ သူမမ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ...

"ဆိုစမ္းပါဦး... မင္းကိစၥ"

"လြန္ခဲ႔တဲ႔ႏွစ္ေျခာက္ဆယ္တုန္းက တကယ္ျဖစ္ခဲ႔တဲ႔အျဖစ္ေလး တစ္ခုပါ......."

သူမေျပာျပသည့္ျမနန္းစံဒ႑ရီကို စိတ္၀င္စားစြာ နားေထာင္ျပီးေနာက္တြင္ေတာ့...

လွပေသာသူမမ်က္ႏွာကို မလြတ္တမ္းအကဲခတ္ ၾကည့္ရင္း

"သခင္ေလးက ျမိဳ႕စားကိုယ္ေတာ္ေလးဝင္စားတယ္ဆိုရင္ မင္းကေရာ ျမနန္းစံနဲ႔သက္ဆိုင္ေနလား.."

"ဟင့္အင္း.. အကၡရာကိုယ့္ကိုကိုယ္ ဒီလိုမခံစားမိဘူး ဒါပင္မယ့္လျပည့္ညေနာက္ပိုင္း စိတ္ထဲေတာ့ တစ္ခုခုထူးဆန္းေနသလို ခံစားရတယ္ အကၡရာလည္းမေျပာတတ္ဘူး တကယ္မေျပာတတ္တာ"

"အံ႔ၾသဖို႔ေကာင္းလိုက္တာ အရာအားလံုးက အကြက္က်က်စီစဥ္ထားသလိုပဲ.. ျမနန္းစံေတာ္ကို ဆူးအတြက္ေရာက္လာတဲ႔ မင္းကျမနန္းစံနဲ႔ တစ္ပံုစံတည္းတူေနရတယ္"

"အကၡရာတို႔ျပန္ရေအာင္.."

အကၡရာဆက္မၾကားခ်င္ေတာ့သျဖင့္ စကားကိုျဖတ္ခ်လိုက္ျပီး ကားထဲလွမ္းအဝင္ သူသူမလက္ကိုဆတ္ခနဲ႔လွမ္းဆြဲလိုက္ျပီး

"ေနဦး..ေျပာဖို႔က်န္ေသးတယ္ မင္းနဲ႔သခင္ေလး လက္ရွိအေျခအေနကဘာလဲ အရင္ဘဝေတြပါေရစက္ေတြရွိခဲ႔တာ ငါမသိခဲ႔ရပါလား အခုဘယ္အေျခအေနထိေတာင္ ေရာက္သြားျပီလဲ မင္းသူ႔အေပၚဘယ္လိုစိတ္ထားေနလဲ"

ယမ္းအသံကတင္းမာေနရင္း အလိုမက်မႈေတြအျပည့္။ ဘာကိုသူ႔စိတ္ေတြအလိုမက်ျဖစ္မွန္း သူကိုယ္တိုင္လည္းမသိေတာ့။ မ်က္ေမွာင္ကုပ္ျပီးေမးေနသည့္ သူ႔ပံုစံက တကယ့္ကိုတင္တင္စီးစီး။

အကၡရာစိတ္ထဲတင္းခနဲ႔ျဖစ္သြားျပီး...

"ရွင့္ေမးခြန္းေတြကေဘာင္ေက်ာ္ေနျပီသိလား အကၡရာေျဖစရာ ဘာအေၾကာင္းမွမရွိဘူး"

"ဘာလဲ..မင္းဘာကိုဝန္ခံရမွာေၾကာက္ေနလဲ"

ေထ့သလိုရိသလိုႏွင့္ေျပာလိုက္ဟန္ေၾကာင့္ အကၡရာေဒါသထြက္လာမိ၏။ ဘယ္ေသာမွေမာ့မၾကည့္ရဲခဲ႔သည့္သူ႔မ်က္ႏွာကို ခပ္စူးစူးစိုက္ၾကည့္ရင္း..

"ဟုတ္တယ္..သခင္ေလးက ရူးေလာက္ေအာက္ေခ်ာတယ္ ဘယ္မိန္းမကမ်ားသူ႔ကိုမၾကိဳက္ဘဲေနမလဲ ကၽြန္မသူ႔ကိုခ်စ္တယ္ ဟိုးဘဝေရာ ဒီဘဝေရာ အဲ႔ဒီေတာ့ ဘာျဖစ္လဲ"

ေဒါသေတြႏွင့္ျပန္ရြဲ႔ရင္း ရည္ရြယ္မထားပါဘဲ ေျပာမိတဲ႔စကားေတြ သတိဝင္လာခ်ိန္ေတာ့ ကၽြံ႔ခဲ႔ေခ်ျပီ။ ယမ္းမ်က္ႏွာကာ တစ္ခ်က္ပ်က္သြားျပီးမွ ဘာမွမျဖစ္သလိုႏွင့္ ဟက္ခနဲ႔ရယ္လိုက္ကာ

"ဘာမွမျဖစ္ဘူး အခ်စ္စိတ္မြန္ျပီး မင္းတာဝန္မေက်မွာစိုးလို႔ သတိေပးတာ က်န္တာမင္းတို႔ဘာျဖစ္ျဖစ္ စိတ္မဝင္စားဘူး"

အထိမခံသည့္မာနေတြႏွင့္တုန္႔ျပန္လိုက္ေသာစကား။ တစ္စံုတရာဆံုးရူံးသလိုခံစားလိုက္ရသည့္တိုင္ ဘယ္ေသာမွအရူံးမေပးခ်င္ေသာ ဒီမာနတရားေတြ...

အခုေရာ... ခံရခက္ေသာအျပံဳးတို႔ျဖင့္သူဟန္ေဆာင္ေကာင္းဆဲ။

အကၡရာ သူ႔လက္မွဆတ္ခနဲ႔႐ုန္းလိုက္ျပီး လွည့္အထြက္ ေပါက္ခနဲ႔ေၾကြခလာသည္က မ်က္ရည္စက္မ်ား။ အျပန္လမ္းတစ္ေယာက္ ကိုယ္စီတိတ္ဆိတ္ေနမိ၏။ ရင္ထဲထင္က်န္ခဲ႔သည့္ နာက်င္မႈအပိုင္းအစမ်ားက ရင္ထဲတႏုံ႔ႏုံ႔..

ဒီေဝးကြာေစမႈကမာနေၾကာင့္ဆိုလွ်င္ ယမ္းစက္ရွင္ဆိုသည့္လူက အဲ႔ဒီမာနကိုဆက္ျပီး တယုတယထားမည့္သူ..

အေတြးျဖင့္ သူျပံဳးမိလ်က္ႏွင့္

"ျမနန္းစံေတာ္ကို တစ္ခါတည္းပို႔ေပးရမလား"

ေမးလိုက္ပံုက ဘာမွမျဖစ္ထားသလို။ အကၡရာ ခံရခက္စြာျပံဳးလိုက္မိသည္။ ၾကင္နာမလိုႏွင့္ ခဏခဏပုပ္ခ်ခံရသည့္ နာက်င္မႈအတြက္ ရင္ထဲသိမ္းထားမေနေတာ့ပါ။

သူမလိုလားရင္.. ကိုယ္လည္းေၾကြခစရာ
ဘာအေၾကာင္းမွ မရွိပါ။

"ဟင့္အင္း အကၡရာမျပန္ခ်င္ေသးဘူး"

"ဘာသြားခ်င္လို႔လဲ"

အကၡရာ ခ်က္ခ်င္းမေျဖမိ။ မျပန္ခ်င္ေသးသည့္စိတ္ႏွင့္အတူ သတိရလိုက္မိသူက ဘြားႏြံ...

ဟုတ္တယ္..သူမဘြားႏြံဆီေမးစရာ ေမးခြန္းေတြအမ်ားၾကီး ရွိသည္။ အေျဖမရသည့္ ပေဟဋိအတြက္ ဘြားႏြံသိတန္ေကာင္းပါရဲ႔။

"အကၡရာ ေတာင္ေျခရြာကဘြားႏြံဆီသြားခ်င္တယ္"

"ဘြားႏြံဆိုတာ..."

"ျမနန္းစံနဲ႔အတူၾကီးျပင္းလာတဲ႔သူ ဘြားႏြံကသိပ္ထူးဆန္းတယ္ ဒီအိမ္နဲ႔ပတ္သတ္ျပီး ေတာ္ေတာ္မ်ားမ်ားလည္းေျပာႏုိင္တယ္ စိတ္ထဲမတင္မက်ျဖစ္တာေလး ေမးၾကည့္ခ်င္တယ္ ဘာဘဲျဖစ္ျဖစ္ သူနဲ႔ေတြ႔ၾကည့္ရင္ မမွားပါဘူး "

"အင္း...သြားေလအခ်ိန္ရပါေသးတယ္"

ခုက်ေတာ့ ခုနကသူမဟုတ္သည့္တိုင္းပဲ။ ယမ္းစိတ္ကိုလုိက္ဖမ္းပါက အကၡရာတကယ္ရူးရပါလိမ့္မည္။

ေတာင္ေျခရြာေရာက္ေတာ့ ဘြားႏြံ႐ွိရာတန္းတန္းမတ္မတ္ပင္ လာလိုက္သည္။ ျခံထဲဝင္လိုက္သည္ႏွင့္ ပထမဆံုးသတိထားမိသည္က

ႏွင္းဆီပန္း......ႏွင္းဆီပန္းနီနီေတြ...
အို..... ညိွဳးႏြမ္းလို႔ပါလား

အျမဲတေစလတ္ဆက္လွပေသာပန္းပင္ေတြ အခုေတာ့ ဘယ္လိုျဖစ္လို႔မ်ား တစ္ျခံလံုး ေသတဲ႔အပင္ကေသ က်ိဳးတဲ႔အပင္ကက်ိဳး ႏြမ္းတဲ႔အပင္ကႏြမ္းနဲ႔ ပ်က္ဆီးေနပါလား

ဘုရားေရ.... ဒီႏွင္းဆီေတြ
ဘယ္လိုမ်ားျဖစ္သြားပါလိမ့္

ႏွင္းဆီပင္ထံမွလြင့္ပ်ံလာသည့္ ရနံ႔တို႔ကေမြးပ်ံ႔ေနသည့္တိုင္ ႏွစ္လိုဖြယ္ေကာင္းမေနဘဲ တစ္ခုခုကိုဝမ္းနည္းေစသည့္အလား..

အကၡရာအံ႔ၾသသင့္စြာ ျခံထဲဝင္လာရင္းဘြားႏြံကို ရွာေနမိ၏။ ဟိုးျခံေတာင့္ေလးမွာ ရီေဝစြာထိုင္ရင္း ပန္းပင္ေတြေငးစိုက္ေနသည့္ ဘြားႏြံတစ္ေယာက္ သူမကိုျမင္ေတာ့...

"ျမနန္းစံ"

ယမ္းေရွ႔မွာမို႔ အကၡရာမ်က္ႏွာပူမိကာ

"ဟို ဘြားႏြံႏွင္းဆီပန္းပင္ေတြက ဘယ္လိုျဖစ္ရသလဲဟင္"

ဘြားႏြံကသူမအေမးကိုမေျဖဘဲယမ္းကို တစ္ခ်က္စိုက္ၾကည့္လိုက္ရင္း...

"မင္းက တစ္ခုျပီးတစ္ခုဆံုးရူံးရေတာ့မယ္ မင္းခ်စ္တဲ႔မိန္းကေလးေတြ တစ္ေယာက္ျပီးတစ္ေယာက္စံအိမ္ေတာ္မွာ ေပ်ာက္ကြယ္သြားရေတာ့မွာပါလား ျဖဴစင္တဲ႔ခ်စ္ျခင္းေမတၱာေတြနဲ႔ အႏုိင္ယူပါ"

ဘြားႏြံစကားကို သူမေရာယမ္းပါနားမလည္။ ဘြားႏြံက သက္ျပင္းတစ္ခ်က္ရူိက္လိုက္ျပီး သူမထံအၾကည့္ျပန္ေရာက္ကာ

"ႏွစ္ေျခာက္ဆယ္လံုးဘယ္ေသာမွမေၾကြခဲ႔တဲ့
ႏွင္းဆီေတြ မညိွဳးခဲ႔တဲ႔ပန္းေတြ အခုပ်က္ဆီးေနျပီ ဒါဟာမၾကာခင္အၾကီးမားဆံုး ေျပာင္းလဲမႈတစ္ခုေရာက္လာေတာ့မယ္ ဆိုးဝါးတဲ႔အရာေတြ ျမနန္းစံေတာ္မွာက်ေရာက္လာေတာ့မယ္ "

"ရွင္...."

"မင္းမထြက္ေျပးပါနဲ႔ ထြက္ေျပးခဲ႔ရင္ ေနာင္ဘဝအဆက္ဆက္ေတြထိ ထပ္ပါလာလိမ့္မယ္ ဝဋ္ေၾကြးလို႔သေဘာထားျပီး ဒီဘဝနဲ႔ျပီးေအာင္ ဆပ္ခဲ႔ပါ လိုအပ္ရင္စေတးပါ "

"ဟင္..."

ယမ္းစိတ္ရူပ္သြားသည့္တိုင္ ဘာမွဝင္မေျပာပါ။ အကၡရာမ်က္ႏွာေလးက သိသာစြာပ်က္ယြင္းသြားရင္း

"ဘြားႏြံဘာေတြေျပာေနသလဲ..အကၡရာ"

"မဟုတ္ဘူးျမနန္းစံ မင္းသိထားဖို႔ကဒီတစ္ခါသူ႔ကိုထပ္ျပီးအႏုိင္မေပးမိေစနဲ႔ ရေအာင္တိုက္ပါ ေလာင္ျမိဳက္ေနတဲ႔အမုန္းေတြနဲ႔ သူမၾကာခင္ျပန္ေရာက္လာေတာ့မယ္ အႏၲရယ္က မင္းလက္တစ္ကမ္းမွာပဲ႐ွိတယ္ သူမင္းကိုဘယ္ေသာမွ ခြင့္လြတ္မွာမဟုတ္ဘူး "

"သူဆိုတာ...ဘယ္သူလဲ"

ထိုစကားကိုဝင္ေမးလိုက္သူက ယမ္း။ ဘြားႏြံအၾကည့္က သူမထံမေရြ႕ဘဲ...

"ျမနန္းခင္..."

"ဟင္.."

ရင္ထဲထိတ္ခနဲ႔ျဖစ္သြားသည္။ ျမနန္းခင္ရွိေနေသးသလား..

"ဘြားႏြံျမနန္းခင္က စံအိမ္မွာရွိေနေသးသလား"

"သူဘယ္ေသာမွထြက္မသြားခဲ႔ဘူး အမုန္းတရားေတြနဲ႔သူ႔၀ိညာဥ္ဆိုးက အျမဲျမနန္းစံေတာ္မွာရွိေနခဲ႔တာ မင္းနဲ့သခင္ေလးေပါင္းဖက္မွာကို သူသိပ္ေၾကာက္တာ သူရေအာင္လိုက္ခြဲလိမ့္မယ္ ဒီဘဝနဲ႔ျပီးျပတ္ပါေစေတာ့ သံသရာထိထပ္မသယ္ပါနဲ႔ေနာ္ ျမနန္းစံ မင္းရဲ႔ေသြးေတြနဲ႔အားလံုးေဆးေၾကာခဲ႔ပါ "

အကၡရာစိုးရြံမႈႏွင့္အတူ ႏူတ္ခမ္းေတြဆြံ႔အေနေတာ့၏။ ယမ္းကေျပာသမွ်ကို နားမလည္သျဖင့္စိတ္ရူပ္လာကာ

"အကၡရာ...ျပန္ရေအာင္"

"ဟုတ္​ကဲ့..ဟိုဘြားႏြံ အကၡရာတစ္ခုေမးခဲ႔ခ်င္လို႔ပါ အကၡရာက ျမနန္းစံဝင္စားတယ္ဆိုရင္ဘာလို႔ဘာတစ္ခုမွအကၡရာလံုးဝမမွတ္မိရသလဲ ရွင္သန္ခဲ႔တဲ႔ဘဝတစ္ေလွ်ာက္လံုး တစ္ခါမွေတာင္ဒီအေၾကာင္းအရာကို အိပ္မက္ေတာင္မမက္ဘူး သာမာန္လူတစ္ေယာက္လိုပဲ ရွင္သန္ခဲ႔တာပါ ျပီးေတာ့.."

အကၡရာစကားကိုရပ္ျပီး ယမ္းကိုတစ္ခ်က္
ငဲ႔ၾကည့္ေတာ့ ယမ္းကပါ စိတ္ဝင္စားစြာနားစြင့္ဆဲ။ သက္ျပင္းေလးခ်မိရင္းႏွင့္

"သခင္ေလးနဲ႔ ဘဝေဟာင္းကေရစက္ပါခဲ႔မယ္ဆိုရင္ ဘာလို႔အဲ႔ဒါကိုစိတ္ထဲမခံစားရသလဲ အကၡရာသိတဲ႔လူဝင္စားဆိုတာ ဒီလိုမဟုတ္ဘူး အဲ႔ဒီ့လူကိုေတြ႕တာနဲ႔ စိတ္ထဲအခါခါရင္းႏွီးေနတာ မဟုတ္လားဟင္"

ဘြားႏြံကအလိုလိုပ်က္ဆီးသြားသည့္ ပန္းခင္းကိုရီေဝစြာေငးရင္းႏွင့္

"ျမနန္းခင္ေၾကာင့္ပါ မင္းတို႔ျပန္လည္ရွင္သန္ေမြးဖြားရပင္မဲ့ အားျပင္းလြန္းတဲ႔သူ႔က်ိန္စာကေန မလြတ္ႏုိင္ခဲ႔ဘူး မင္းတို႔ႏွစ္ေယာက္ကသူသတ္လို႔ေသခဲ႔ရတယ္ေလ သူအလြတ္ေပးမွာမဟုတ္ဘူး ဘုရားတည္ျပီးေတာင္းဆုျပဳခဲ့ၾကတဲ႔ သစၥာေၾကာင့္ေနာင္ဘဝမွာ မင္းတို႔ခ်စ္သူႏွစ္ေယာက္ျပန္ဆံုမွာ သူအရမ္းေၾကာက္ေနတယ္ ဒါေၾကာင့္ အတိတ္ဘဝေတြကို အေမွာင္ဖံုးခဲ႔တာ ဒါပင္မယ့္ေလာကၾကီးကဆန္းၾကယ္လြန္းတယ္ ျမနန္းစံေတာ္ကို မင္းေရာက္ျဖစ္ေအာင္ေရာက္လာခဲ႔တယ္"

အကၡရာႏူတ္ခမ္းေတြေျခာက္ေသြ႔ကာ ရင္ထဲေမာဟပ္လာသကဲ့သို႔ ခံစားရ၏။ ယမ္းက ေက်ာက္ရုပ္လိုျငိမ္သက္ေနသည့္ သူမလက္ေလးကို ဖမ္းဆုပ္ရင္း

"သြားရေအာင္..."

ဘြားႏြံကို ႏႈတ္ဆက္မိလား ဒီတိုင္းျပန္ခဲ႔သလားမသိေတာ့ပါ။ အျပန္လမ္းတစ္ေလွ်ာက္ သူမစိတ္ႏွင့္ကိုယ္ႏွင့္မကပ္ေတာ့ပါ။ ဘာမွန္းမသိစိုးထင့္ေနရင္း ျမနန္းစံေတာ္ကိုျပန္ရမွာ ေၾကာက္ေနမိ၏။

ယမ္းကကားေမာင္းေနရင္းသူမကို တစ္ခ်က္
ငဲ႔ၾကည့္ကာ

"မင္းဒါေတြကို ယံုၾကည္သလားအကၡရာ"

အလိုမက်ဟန္ျဖင့္ဆိုလိုက္ေသာ ယမ္းေၾကာင့္ အကၡရာယမ္းကို ဖ်တ္ခနဲ႔ၾကည့္လိုက္မိ၏။ ႏုိင္ငံျခားမွာ ၾကီးျပင္းလာသည့္ယမ္းအတြက္ ဒါေတြကယံုဖို႔သိပ္ခဲယဥ္းေနသလား...

ျမနန္းစံေတာ္မွာ ဘယ္လိုဆန္းၾကယ္မႈေတြ႐ွိတာယမ္းမွမသိတာ

ရင္ထဲဆိုမိသည့္တိုင္ ဘာမွမတုန္႔ျပန္မိပါ။ ယမ္းထံမွ မ်က္ႏွာလြဲလိုက္ျပီး...

"အကၡရာ...အဆင္ေျပပါတယ္.."

သူမစကားကတိုးရွလြန္းေန၏။ ယမ္းကဘာကိုေတြးမိသည္မသိ ခနဲ႔ျပံဳးျပံဳးလိုက္ရင္း

"စိတ္မပူပါနဲ႔...မင္းကိုကာကြယ္ေပးမယ့္ လူတစ္ေယာက္လံုးရွိေနပါတယ္"

ယမ္းဆိုလိုရင္းကိုသိေနသျဖင့္ ရင္ထဲေအာင့္မိျပန္သည္။ ကိုယ္တိုင္ကမၾကင္နာလိုသည့္တိုင္ သူမ်ားနမ္းရူိက္မွာကိုေတာ့ မလိုလားသည့္သူဟာ သိပ္အတၱၾကီးလြန္းေနျပီ။

"ဟုတ္တယ္..အကၡရာေၾကာက္ဖို႔မလိုပါဘူးေလ"

အစိုင္အခဲကိုယ္စီႏွင့္ တိတ္ဆိတ္သြားျပန္၏။ ကားကျမနန္းစံေတာ္ႏွင့္ မနီးမေဝးတြင္ထိုးရပ္သြားရင္း

"ဒီကေနပဲသြားေတာ့ တစ္ခုခုဆိုဖုန္းဆက္ပါ"

ရင္ထဲတစ္ခုခုလွစ္ဟာသြားသကဲ႔သို႔ ခံစားရသည့္တိုင္ အကၡရာအားတင္းျပံဳးလိုက္ျပီး..

"ဟုတ္​ကဲ့ပါ သားသားကိုဂ႐ုစိုက္ေပးပါ ရွင္လည္းဂ႐ုစိုက္ျပန္ပါ အကၡရာသြားေတာ့မယ္"

ကားေပၚမွဆင္းသြားသည့္သူမႏွင့္အတူ တစ္စံုတရာသည္ပါသြားခဲ႔ျပီလား
ဟာက်သြားသည့္ရင္က သူမလက္ကိုေျပးဆြဲကာ ေထြးေပြ႔ထားခ်င္သည္....

သို႔ေသာ္သူေထြးေပြ႔ထားမိသည္က မာနေတြ. ထို႔ေၾကာင့္သူႏွင့္သူမ....ပို၍ေဝးကြာသြားခဲ႔ရာ။

ယမ္းကိုလွည့္မၾကည့္မိေအာင္ထိန္းရင္း တင္းထားသည့္ၾကားမွ မ်က္ရည္ေတြကတေပါက္ေပါက္...

အလိုလိုအားငယ္စိတ္ႏွင့္အတူ အကၡရာသည္အေငြ႕ပ်ံျပီးေပ်ာက္ကြယ္ သြားခ်င္သည္။ သို႔ေသာ္ ဘဝကံေစရာအတိုင္း လည္စင္းခံရဦးမည္။

စိတ္ကိုတင္းရင္းျမနန္းစံေတာ္ထဲ၀င္လာေတာ့ တစ္အိမ္လံုး တိတ္ဆိတ္ျငိမ္သက္ေနသည္။ ဒီလိုတိတ္ဆိတ္မႈအတြက္ အထူးအဆန္းျဖစ္မေနေတာ့ေပ။

သုႏၷ႐ီေနမေကာင္းသည္ကို သတိရမိေတာ့ သုႏၷ႐ီအခန္းထဲ အရင္ဝင္ၾကည့္မိ၏။ သုႏၷရီကေဆးရွိန္ျဖင့္ အိပ္ေမာက်ေနျပီး သူမကိုျပဳစုသည့္ေကာင္မေလးက အကၡရာကိုျမင္ေတာ့

"ေဟာ..ဆရာမပါလား သခင္မေလး ခုေလးတင္ အိပ္ေပ်ာ္သြားတာပါ"

"ဟုတ္လား...မသက္သာေသးဘူးလားဟင္"

"နည္းနည္းေတာ့သက္သာျပီဆရာမ"

"သခင္ၾကီးတို႔ျပန္ေရာက္ျပီလာ"

"ဟင့္အင္း သခင္ၾကီးေရာသခင္ေလးေရာ ႏွစ္ေယာက္လံုး မေန႔ညကတည္းကျပန္မေရာက္ေသးဘူးရွင့္"

အကၡရာ အေႏွာင့္အယွက္မေပးလိုသျဖင့္ ျပန္ထြက္လာလိုက္၏။ သူမအခန္းထဲအသြား ေလွကားကိုအျဖတ္တြင္

ရိပ္ခနဲ႔ျဖတ္ေျပးသြားသည့္အရာတစ္ခု မ်က္ဝန္းေတာင့္တြင္ လွမ္းျမင္လိုက္ရသျဖင့္ အကၡရာအေပၚထပ္ကို ၾကည့္လိုက္မိသည္။

ေအာက္ထပ္ကေနလွမ္းၾကည့္ရသည္မို႔မသဲကြဲ။ သို႔ေသာ္ေလွကားလက္ရင္းေတာင့္ေလးတြင္ တစ္စံုတစ္ေယာက္ရပ္ေနသလို ခံစားရသည္။ စိတ္ထဲမတင္မက်ျဖစ္လာသျဖင့္ ေသခ်ာၾကည့္မိေတာ့...

"ဟင္..."

ရင္ထဲလွပ္ခနဲ႔ျဖစ္သြားမိ၏။ ေအာက္နားဆီကမီးေရာင္ဟပ္သျဖင့္ ျမင္လိုက္ရသည္က ေျခေထာက္ျဖဴျဖဴေလးတစ္စံု..

ထိတ္လန္႔တုန္လႈပ္စြာ ကမန္းကတမ္းမ်က္ႏွာလြဲျပီး အခန္းထဲေျပးဝင္လာမိသည္။

အေပၚထပ္မွာ....ဘယ္သူရွိေနပါလိမ့္

မိန္းကေလးတစ္ေယာက္ေျခေထာက္ျဖစ္ဟန္တူသည္။ ျပန္ျမင္ေယာင္ရင္း စိတ္ေတြကေျခာက္ျခားလာေတာ့၏။ အိမ္အေပၚထပ္မွာသူမ မသိသည့္တစ္စံုတစ္ေယာက္ရွိေနသလား

ေသခ်ာျမင္လိုက္ရသည့္ေျခေထာက္ပိုင္ရွင္ကဘယ္သူျဖစ္မလဲ

အေတြးျဖင့္တုန္လႈပ္ေနရင္း ယမ္းကိုသတိတရရွိမိျပန္၏။သို႔ေသာ္.......

ဆက္ရန္
ဆူးခတ္ပန္း

Unicode

~~မြနန်းစံတော်~~
အပိုင်း(၁၄)

"အက္ခရာ..."

ခေါ်သံက နီးလာလိုက်ဝေးသွားလိုက်နှင့်..။
ထိုအသံက ပင်ပန်းနွမ်းနယ်မှုတွေကြား သူမအတွက်အားအင်တစ်ခုလို..

မျက်လုံးကိုအတင်းအားယူဖွင့်ကြည့်လိုက်တော့ သူမမျက်နှာထက်ဝယ် အုပ်မိုးထားသူက ယမ်း

"ယမ်း..."

ယမ်းမျက်နှာချောချောထက်မှ စိုးရိမ်ပူပန်မှုအရိပ်အယောင်တွေ။ ဘာကြောင့်မှန်းမသိ ရင်ထဲနွေးခနဲ့ဖြစ်သွားမိသည်။

နာကျင်ခြင်း ဝမ်းနည်းခြင်း အားငယ်ခြင်းတွေနှင့် ယမ်းရင်ခွင်ထဲသတိလက်လွတ်တိုးဝင်ရင်း သူမရှိုက်ငိုမိသည်။ အလိုက်သင့်ပွေ့ဖက်ထားသည့် ယမ်းလက်တွေကြားဘယ်လောက်ထိကြာအောင် ငိုလိုက်မိသည်မသိ။

"တော်သင့်ပြီထင်တယ် မငိုနဲ့တော့"

ယမ်းအသံကြားမှသူမသတိဝင်လားရင်း ရှက်ရွံ့ထူပူမိကာ သူ့ရင်ခွင်မှ ကမန်းကတမ်းခွာလိုက်မိသည်။ ခုနက ဖြစ်တည်နေသည့်ဝမ်းနည်းစိတ်တို့အစား ရှက်ရွံ့ခြင်းတွေက ရင်ထဲပြည့်လျှံလာတော့သည်။ ကိုယ့်ကိုကိုယ်ငုံ့ကြည့်လိုက်တော့ ယောကျာၤးဝတ်အင်္ကျီနှင့်ပုဆိုး..

အက္ခရာမျက်လုံးလေးတွေဝိုင်းစက်သွားရင်း အလန့်တကြားဖြင့်

"အက္ခရာ..အင်္ကျီတွေ.."

"စိုနေလို့ဒီအိမ်ရှင်အစ်မကိုလဲှခိုင်းထားတယ် စိတ်ချပါ ကိုယ်ဘာအခွင့်အရေးမှမယူဘူး.."

အက္ခရာမျက်နှာလေးရဲခနဲ့ဖြစ်သွားရင်းနှင့် ဘေးဘီယာကို အရှက်ပြေလှည့်ကြည့်မိကာ

"အက္ခရာ..ဘယ်ရောက်နေလဲဟင်"

မျက်ရည်ကြားမှာ ရှက်စိတ်လေးဖြင့် ရဲသွားသည့်မျက်နှာလေးက လှလွန်းနေသဖြင့် သူငေးခနဲ့တစ်ချက်ဖြစ်သွားပြီးမှ..

"အဲ့ဒါအရေးမကြီးဘူး မင်းအခုဘာဖြစ်လာသလဲဆိုတာ ကိုယ့်ကိုအရင်ပြောပြပါ"

ရိူက်လိုက်သည့်သက်ပြင်းတွေထဲမှာ နာကျင်ခြင်းတွေ လှိုက်ခါလို့။ ကိုယ်ကြုံခဲ့ရသည့်အဖြစ်ကိုပြောပြရင်း ထိန်းထားသည့်ကြားမှ မျက်ရည်တို့က တပေါက်ပေါက်...။ သူမစကားအဆုံးရည်ရွယ်မထားဘဲ သူမမျက်ရည်တွေကို သူသုတ်ပေးမိလျက်နှင့်..

"တော်သေးတယ်.. မင်းနဲ့ကိုယ်တိုက်တိုက်ဆိုင်ဆိုင်ဆုံမိလို့"

သူ့စကားကြောင့် သူမငိုနေရာမှသူ့ကိုမော့ကြည့်မိရင်း..

"ယမ်း...ဘယ်လိုလုပ်ရောက်လာသလဲ အက္ခရာ ထင်တောင်မထင်ထားဘူး"

"ဟုတ်တယ်.. တောင်ကြီးကိုအလုပ်ကိစ္စနဲ့လာရင်း ဒီဖက်ကိုတမင်ဝင်လာလိုက်တာ မင်းကိုမပြောမိတာsorryပါ ကိုယ်ကဒီမြို့ရောက်မှ ဖုန်းဆက်တော့မယ်လို့ စိတ်ကူးလိုက်လို့"

သူ့ကိုငေးစိုက်ကြည့်ရင်း သူမဘာမှမတုန့်မိပါ။ အားငယ်ကြောက်ရွံ့မူတွေနှင့် တစ်ချိန်လုံးသူ့ကိုတမ်းတနေမိခဲ့တာ သူမကိုယ်သူမအသိဆုံးပါ။ မျှော်လင့်မထားတဲ့ချိန်တွေ့လိုက်ရသည့်ခါ ဝမ်းသာမှုက ရင်ထဲဆိုဖွယ်ရာမရှိတော့ပါ။ သူ့ဆီကနွေးထွေးမှုတွေနှင့် ရင်ဆိုင်ခဲ့ရသမျှနာကျင်ဝမ်းနည်းမှုတွေကို ဖြေသိမ့်ပစ်လိုက်ချင်သည်။

သူ့ရင်ခွင်လေးထဲဝင်ပြီးခါးသီးခဲ့ရသမျှ ငိုရိူက်ပစ်ချင်သည်။ သို့သော်ယမ်းဟာသူမအတွက် ဘယ်သောမှ မရှိခဲ့ပါဘူးလေ

"ကိုယ်တကယ်စိတ်မကောင်းပါဘူးအက္ခရာ ကိုယ့်ကြောင့် မင်းဒုက္ခခံနေရတယ်ဆိုတာ ကိုယ်သိပါတယ် ဒါပင်မယ့်ကိုယ်တကယ်မင်းကို လိုအပ်နေတာပါ.."

".........."

"မင်းအသက်အန္တရယ်ထိကြုံခဲ့ရတာ ကိုယ်တာဝန်မကင်းပါဘူး ဒီနေ့လိုအဖြစ်မျိုးမှာ ကံကောင်းထောက်မစွာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နဲ့ဆုံခဲ့ရလို့ မင်းဘာမှမဖြစ်ခဲ့ရပင်မယ်ဘ နောက်တစ်ကြိမ်ဒီလိုကံမကောင်းခဲ့ရင်..."

သူ့စကားတွေ ရပ်သွား၏။ သူမ..နားစွင့်နေဆဲ။ မို့အစ်နေသည့်သူမမျက်နှာလေးကို ယမ်းစက်ရှင်ငေးစိုက်ကြည့်မိရင်း.

"မင်းတစ်ခုခုဖြစ်သွားရင်ငါ့ကိုငါခွင့်လွတ်နိုင်မှာမဟုတ်ဘူး အက္ခရာ"

"............"

"ဒါပင်မယ့်.. မြနန်းစံတော်ကို မင်းပြန်သွားပေးပါ"

မျက်ရည်အချို့က ပေါက်ခနဲ့။ နာကျင်မှုကြောင့် လှပသောနူတ်ခမ်းတို့ကယဲ့ယဲ့လေးပြုံးမိလျက်..

မြနန်းစံတော်ကို သူမပြန်မသွားချင်ပါ။ အမြဲတစေ ခြောက်ခြားနေရသည့်နေရာ... ကြောက်ရွံ့ထိတ်လန့်မူတွေကို အမြဲထိတွေ့နေရသည့်နေရာ... အိမ်မက်ဆိုးတွေနှင့်အစဉ် သွေးပျက်နေရသည့်နေရာ....

ဟင့်အင်း..သူမပြန်မသွားချင်ပါ။ မြနန်းစံတော်နှင့် ဝေးသည်ထက်ဝေးရာကို ထွက်ပြေးချင်သည်။ သို့သော် သူမဘာများတတ်နိုင်မည်နည်း..

ဒီအပေးအယူကို သူမကိုယ်တိုင်ကျေနပ်စွာ လက်ခံခဲ့သည်မဟုတ်လား။ လည်ကိုပိုင်းဖြတ်မည့်ဓါးဆိုရင်တောင် ဓါးသွားအောက် ကျေနပ်စွာလည်စင်းပေးရုံသာ။

ဝဋ်ကြွေးရှိခဲ့သမျှ... မြနန်းစံတော်မှာဆပ်ရပေဦးမည်။ အတွေးဖြင့် နာကျင်လွန်းစွာပြုံးမိရင်း

"ဟုတ်ကဲ့ပါ အက္ခရာ မြနန်းစံတော်ကိုပြန်သွားမှာပါ"

"ကျေးဇူးတင်ပါတယ် ဒါကမတရားဘူးဆိုတာ..."

"ဟင့်အင်း.. တရားပါတယ် ဒါကအက္ခရာတို့ အပေးအယူလုပ်ခဲ့တဲ့ ကိစ္စပဲလေ အက္ခရာကိုယ်တိုင် ကျေကျေနပ်နပ်လက်ခံခဲ့တာပါ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အက္ခရာမြနန်းစံတော်ကနေ ထွက်မပြေးပါဘူး စိတ်ချပါ ရှင့်ဆီကတင်နေတဲ့ အကြွေးတွေကျေအောင် ဆပ်ပေးခဲ့ပါ့မယ်"

သူနှင့်သူမကြားအလိုလိုတိတ်ဆိတ်သွားမိသည်။ အက္ခရာစကားတွေထဲမှ တစ်စုံတရာလွဲမှားမှုကို သူလက်မခံချင်သည့်တိုင် သူမဖြေရှင်းမိပါ။

ရင်ထဲကိန်းအောင်းနေသည့် ခံစားချက်တို့ကိုလိုလားစွာ ဥပေက္ခာပြုမိသည်။ ခုချိန်မှာ ညီမလေးအတွက်သာ သူတာဝန်ကျေချင်သည်

ဒါပင်မယ့် အဲ့ဒီအတွက်အက္ခရာကို သူဆုံးရူံးလိုက်ရမည်ဆိုပါက..

အတွေးတွေကို ချက်ချင်းခါထုတ်ပစ်လိုက်သည်။ ဆက်မစဉ်းစားချင်တော့ပါ...

"သားသား... အဆင်ပြေရဲ့လား"

"မင်းကိုလွမ်းနေတာကလွဲရင် ကျန်တာအဆင်ပြေပါတယ် အင်္ဂလိပ်ကျောင်းမှာ တက်နေတယ် သူ့ပညာရေးအတွက် အကောင်းဆုံးကိုယ်လုပ်နိုင်သမျှ လုပ်ပေးထားတယ် သူ့အတွက်ရည်ရွယ်ပြီး လုပ်ငန်းတစ်ခုလည်းဖွင့်ထားပေးတယ် သူ၁၈နှစ်ပြည့်တာနဲ့ လွဲပေးဖို့လည်းစီစဉ်ပေးထားပြီးသားပါ သူ့အတွက်စိတ်မပူပါနဲ့.. စိတ်ချနေပါ"

ရင်ထဲ နင့်ခနဲ့..။ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားမသိ ရင်တစ်ခုလုံး လိူက်ခါလို့။ မျက်ရည်တို့က မကုန်နိုင်မခမ်းနိုင် စီးကျလာပြန်၏။

ဟင့်အင်း... ဒါဟာဝမ်းမြောက်ခြင်းအတွက်ပဲ
ဖြစ်ပါစေ

သားသားဘဝပြီးပြည့်စုံနေပြီပဲ။ ဘာကိုကြောက်ရွံတုန်လှုပ်နေဦးမလဲ။ မြနန်းစံတော်က ကိုယ့်ရဲ့သေခြင်းတရားဖြစ်ခဲ့ရင်တောင် ထိုက်တန်ပါတယ်။ ဘဝတစ်ခုထွန်းတောက်ဖို့အတွက် ဘဝတစ်ခုချနင်းပြီး စတေးရမယ်ဆိုရင် ချစ်လှစွာသောသားသားအတွက် သူမကြည်ဖြူစွာ စတေးခဲ့မှာပါ။

ဒါပင်မယ့် သားသားမျက်နှာလေးတော့ မြင်ခွင့်ရချင်သေးပါရဲ့။

"သားသားနဲ့စကားပြောချင်လိုက်တာ မပြောဖြစ်တာတောင် တော်တော်ကြာပြီ"

လွမ်းဆွတ်ခြင်းတွေကြောင့် သူမအသံတုန်ယင်နေတော့၏။ သူခေါင်းတစ်ချက်ညိတ်လိုက်ရင်း

"မနက်ဖြန်ကိုယ်ဖုန်းခေါ်ပေးမယ် အခုညည့်နက်နေပြီ သူလည်းအိပ်ပျော်နေလောက်ပြီ.. "

"ကျေးဇူးတင်ပါတယ် သားသားအတွက် ရှင်လုပ်ပေးခဲ့တာတွေက ပြောစရာမလိုအောင် တကယ်ပြီးပြည့်စုံပါတယ် ဒါပင်မယ့် အက္ခရာဘက်က ရှင်ဝမ်းသာစေမယ့်အဖြေတစ်ခုမရနိုင်တာ စိတ်မကောင်းပါဘူး..."

သူမသက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့ကို
မကြည့်ရဲစွာ မျက်နှာလွဲလိုက်မိပြီး...

"နှင်းဆီဆူးကို သတ်တဲ့တရားခံ အက္ခရာရှာပေးပါ့မယ် "

သူ့မျက်နှာပျက်ယွင်းသွားသည်မှာ ဆိုဖွယ်ရာမရှိတော့ပေ။ အံတစ်ချက်ကြိတ်လိုက်ရင်းနှင့်..

"ဆူးအသတ်ခံရတယ်ဆိုတာ သေချာပြီလား"

"ဟုတ်ကဲ့ပါ ဘယ်သူမှန်းမသိပင်မယ့် အက္ခရာအသက်နဲ့ရင်းပြီး ဖော်ထုတ်ပေးပါ့မယ် ကတိပေးပါတယ်"

အသက်နဲ့ရင်းပြီး..။ သူ့အကြည့်တွေက သူမထံဖျတ်ခနဲ့ရောက်လာတော့ သူမနားလည်စွာ
ပြုံးလိုက်ရင်း

"ရှင်ပေးခဲ့တာတွေအတွက် အက္ခရာပြန်ပေးရမယ့်အရာက ဘယ်လောက်တန်ဖိုးကြီးပါစေ ထိုက်တန်ပါတယ် လူဆိုတာကိုယ့်ယုံကြည်ချက်နဲ့ကို ရှင်သန်နေကြတာပဲလေ အကြီးတစ်ယောက်အနေနဲ့ အက္ခရာမောင်လေးဘဝအတွက် အကောင်းဆုံးတွေကိုပေးချင်တယ် အဲ့ဒီအရာက အက္ခရာရှင်သန်ခြင်းတွေဖြစ်နေမယ်ဆိုရင်တောင် နောင်တမရပါဘူး သားသားကိုချစ်ခဲ့တဲ့အချစ်က ဘာရယူလိုမှုမှမပါခဲ့ဘူးလေ အက္ခရာခံယူထားတဲ့အချစ်က ပေးဆပ်နေဖို့သပ်သပ်ပါ "

ကြည့်စမ်း... သူမချစ်ခြင်းမေတ္တာတွေက ဖြူစင်လိုက်တာ။ သားသားဟာ အင်မတန်ကံကောင်းတဲ့ကလေးတစ်ယောက်ပါ။ ဒီလိုအစ်မမျိုးပိုင်ဆိုင်ထားရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လေသလဲ.....

သူကရော....ဆူးကိုသိပ်ချစ်ခဲ့ပါတယ်။ ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့ အနေအထားမှာ လုပ်ပေးဖို့ရည်ရွယ်ချက်တွေနဲ့ အိပ်မက်တွေမက်ရင်း အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့ဖူးသည်။ ဆူးကိုချစ်တဲ့ ချစ်ခြင်းတရားတွေနဲ့ သူ့နှလုံးသားတွေ သိမ်မွေ့လှပခဲ့ဖူးသည်။

ဒါပင်မယ့် သူတို့မဆုံနိုင်သေးခင်မှာပင် ကံတရားကရက်စက်စွာ ဆူးကိုဖျောက်ပစ်ခဲ့သည်။ ဘယ်ပျောက်လို့ ပျောက်ခဲ့မှန်းမသိသည့် ညီမလေးအတွက် ပူဆွေးခဲ့ရသည့်အချိန်က ကြမ်းတမ်းလွန်းလှ၏။

အခုတော့...ညီမလေးအသတ်ခံခဲ့ရသည်တဲ့။ ဒီအဖြေက ကြိုသိနေသည့်တိုင် ဘယ်လိုမှဖြေလို့မရခဲ့ပါ။ ဆောက်တည်ရာမဲ့ အပူမီးတွေနှင့် အံကြိတ်ထားမိသည်။

ညီမလေးအတွက်အမှန်တရားကို သူရအောင်ဖော်ထုတ်ရမည်သာ။ ဒါလေးတစ်ခုတော့ သူတာဝန်ကျေခဲ့ချင်သည်။ မဟုတ်ပါက သူ့ဘဝတစ်လျှောက်လုံး နောင်တတွေနှင့် ရှင်သန်နေရမည်။

သို့သော်ဆူးအတွက်သူအသုံးချခဲ့သည်က အက္ခရာ၏ဖြူစင်မြင့်မြတ်သော ချစ်ခြင်းတရားတွေကိုလား

သူတကယ်ပဲ...သူမကိုချနင်းခဲ့မိသည်လား..

မတွေးချင်တော့ပါ။ သေချာသည်က မေတ္တာချင်းအတူတူတောင် သူမမေတ္တာတရားတွေက ပို၍မြင့်မြတ်ပါလိမ့်မည်...

သူမက...တကယ့်ကိုအဖြူထည်သပ်သပ်။

"အက္ခရာ..စိတ်မကောင်းပါဘူး ဆူးကိုရအောင်ကယ်တင်ပေးပါ့မယ် "

သူမစကားကြောင့် သူပြုံးမိသလားမသဲကွဲ။ ဆူးအတွက် အမှန်တရားတစ်ခုသူရခဲ့မည်ဆိုပါက တစ်စုံတခုကိုများထပ်ပြီးဆုံးရူံးရမည်လား

သို့သော်ညီမလေးအတွက် သူ့ခံစားချက်တွေချနင်းပြီးသား ဖြစ်နေခဲ့ရာ...

"ကျေးဇူးထပ်တင်တယ်အက္ခရာ ဆူးနဲ့ပတ်သတ်ပြီး အိပ်မက်ဆိုးတွေ ထပ်မမက်ချင်တော့ဘူး မင်းလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် အခုမင်းအရမ်းပင်ပန်းနေပြီ ခဏနားလိုက်ပါ မနက်ကျမှဆက်ပြောရအောင် ဒီညဒီမှာပဲအိပ်လိုက်တော့ အချိန်လည်းလင့်နေပြီ နောက်ရက်ကိစ္စပြီးမှကြည့်စီစဉ်မယ်"

"ဟုတ်ကဲ့ပါ.."

"GOOD NIGHT"

နူတ်ဆက်ပြီးထွက်ခွာသွားသည့် သူ့ကျောပြင်ကို ငေးစိုက်ကြည့်ရင်း ဘာကြောင့်မှန်းမသိနာကျင်မူက တဆစ်ဆစ်။ သူနဲ့ကိုယ်ဟာ အစကတည်းက မတူမှုတွေနဲ့မနီးစပ်ခဲ့ပါဘူးလေ။

အတွေးဖြင့် ခေါင်းအုံးလေးပေါ်လဲချလိုက်တော့ မျက်ရည်အချို့က ပေါက်ခနဲ့ကြွေခလာတော့၏။ ဒီညဟာမြနန်းစံတော်မှာ အိပ်စက်ခွင့်မရသည့်တိုင် တကယ်ကို ခက်ခဲပင်ပန်းသည့်ညဖြစ်နေပါလား...

ကြုံခဲ့သမျှအဖြစ်တို့ကိုလည်း ပြန်မတွေးချင်တော့ပါ။ ဒီမျက်ရည်တွေဟာ ဘာအတွက်ကျနေမှန်းပင် မသိတော့ပေ။

တကယ်တော့ ဒီနေ့ဟာသူမအတွက် တကယ်ကိုပင်ပန်းလွန်းတဲ့နေ့လေးပါ။ ဒီချိန်မှာ သူမလိုလားတောင့်တသည်က နွေးထွေးတဲ့နှစ်သိမ့်မှုတွေ..

သူမတကယ်ကို ငတ်မွတ်တောင့်တနေမိသည်က နွေးထွေးသောအကြင်နာတရားအချို့။ ဒါပင်မယ့် ယမ်းနှလုံးသားက အင်မတန်မာကြောလွန်းလှပါသည်။

နာကျင်ဝမ်းနည်းခြင်းတို့ဖြင့် ငိုရိူက်မိရင်း အားငယ်နေသော နှလုံသားက ဖျတ်ခနဲ့သတိရမိသူက သခင်လေးခွန်မင်းဆက်။

တကယ်ပဲဘဝဟောင်းကရေစက်ပါခဲ့သလား။ တစ်ခါတလေသူမစိတ်တွေက သခင်လေးထံပျော်မွေ့ပြီး မကြာခဏဆိုသလို ယမ်းကိုတမ်းတနေမိတတ်ပါရဲ့။

သူမအဖြစ်က သိပ်အပေါစားဆန်နေခဲ့ပြီလား။ ဒါပင်မယ့် ဘဝနှစ်ခုမှာ စိတ်တစ်ခုနဲ့ကူလူးရှင်သန်နေရသည့်အဖြစ်က ရူပ်ထွေးပင်ပန်းလွန်းလှ၏။

ကိုယ့်ကိုကိုခုထိ....ဘာမှမသဲကွဲနိုင်သေး..

ဒီညအတွက်တော့ ယမ်းပေးတဲ့ဥပေက္ခာတရားအချို့နဲ့ ညကခါးသက်ခဲ့ချေပြီ။ မငိုဘူးဟု ဘယ်လိုပဲဆုံးဖြတ်ထားသည့်တိုင် ခေါင်းအုံးလေးက မျက်ရည်တွေနှင့်စွဲနစ်လို့........။

"ဒေါက်....ဒေါက်"

မျက်ရည်တွေနဲ့ညက ပင်ပန်းလွန်း၍ ဘယ်လောက်တောင် အိပ်ပျော်သွားသည်မသိ။ တံခါးခေါက်သံကြားမှ လူကနိုးလာတော့သည်။

ဟင်......နေတောင်ထွက်နေပါလား

ပြတင်းပေါက်မှန်ကနေဖြာထွက်လာသည့်
နေရောင်ကြောင့် အက္ခရာကမန်းကတမ်းထပြီး တံခါးဖွင့်လိုက်သည်။

လန်းဆန်းသော..အသွင်ဖြင့် ယမ်း

"ခုမှနိုးသလား..ရေမိုးချိုးလိုက်ဦး မနက်စာစားရအောင်"

"ဟုတ်ကဲ့..အက္ခရာညကအိပ်မပျော်လို့ပါ "

"ကိုယ်နားလည်ပါတယ် အခုရေအမြန်ချိုးတော့ ရော့.. မင်းအတွက်အင်္ကျီဝယ်ခိုင်းထားတယ် တော်မတော် အဆင်ပြေသလိုဝတ်လိုက်"

သူကမ်းပေးသည့်အင်္ကျီလေးကို ယူပြီးတံခါးပြန်ပိတ်လိုက်သည်။ ရေအမြန်ချိုးပြီးဝတ်ကြည့်လိုက်တော့ နည်းနည်းပွနေသည့်တိုင် ယောကျာၤလေးအဝတ်အစားနှင့်စာရင် တော်ပါသေးသည်ဟု ပြောရမည်။

အခန်းအပြင်ထွက်လာတော့ သူမမသိသည့် အမျိုးသမီးတစ်ယောက်က နွေးထွေးသော အပြုံးဖြင့်..

"ကိုယမ်း..အပြင်မှာမနက်စာစားဖို့စောင့်နေတယ်ရှင့်"

သူစောင့်နေတယ်ဆိုသည့်အသိကြောင့် အက္ခရာခပ်သွက်သွက်လေး လှမ်းလာလိုက်၏။
အပြင်ဖက် ဝရံတာလေးပေါ်တွင်ထိုင်ရင်း ရူးခင်းငေးနေသည့်သူက ခြေသံကြောင့် လှည့်ကြည့်လာရင်း..

"မနက်စာတွေအေးတော့မယ် အမြန်စားရအောင်"

အက္ခရာ သူ့ရှေ့အားနာစွာဝင်ထိုင်လိုက်ပြီး..

"စားနှင့်လိုက်တာမဟုတ်ဘူး စောင့်နေတာအားနာစရာကြီး"

ယမ်းဘာမှမတုန့်ပြန်။ အငွေ့တစ်ထောင်းထောင်းထနေသည့် ခေါက်ဆွဲပန်းကန်ကို သူမရှေ့ကမ်းပေးကာ

"အားရှိအောင်အရင်စားလိုက်ဦး ကောက်ညှင်းပေါင်းနဲ့ဆတ်သားခြောက်ဖုတ်လည်း လုပ်ထားတယ် ပူတုန်းလေးမှ စားကောင်းတာ"

ဝမ်းကဟာနေ၍လား သူနှင့်အတူစားရသည့်မနက်စာမို့လားမသိ။ တော်တော်လေးစားမြိန်လွန်းလှ၏။

ဘာကြောင့်မှန်းမသိပါ။ လက်ဆုံစားသည့် အခိုက်အတန့်တွင် ရင်ထဲကြည်နှုးမှုကတမြေ့မြေ့..

ငါ့နှယ်....ရူးတော့မှာပဲ..

ထမင်းစားပြီးသည်နှင့်ခုနကတွေ့သည့် အမျိုးသမီးက ထမင်းပန်ကန်များကို လာသိမ်းဆည်းပြီးထွက်သွားတော့

"သူက. ..ဘယ်သူလဲဟင်"

"ဒီအိမ်ပိုင်ရှင်ရဲ့အမျိုးဆိုလား လိုတာခိုင်းလို့ရအောင် ထားပေးထားတာပါ ကိုယ်ဒီအိမ်ကို မင်းမြနန်းစံတော်မရောက်ခင်ကတည်းက ဌားထားတာ မင်းကိုကူညီမယ့် တစ်ယောက်လည်းဒီမှာပဲနေလိမ့်မယ် သူမကြာခင်လာလိမ့်မယ်"

"အော်...."

တောင်ကုန်းပေါ်ကသစ်သားအိမ်လေးက နေချင်စဖွယ်အတိ။ အပေါ်စီးကနေလှမ်းမြင်ရသည့် စိမ်းစိုနေသောရှုခင်းတို့က ရူပ်ထွေးနေသောစိတ်တို့ကို ခဏတာငြိမ်းချမ်းသွားစေ၏။

"မင်းမောင်လေးနဲ့ဖုန်းပြောရမယ်ဆိုရော့.."

သူ့အသံကြားမှ အက္ခရာအသိဝင်လာပြီး ကမ်းပေးသည့်ဖုန်းကို လှမ်းယူလိုက်သည်။ ချစ်လှစွာသော သားသားအသံက သောကဟူသမျှကို ဆွဲခါပစ်လိုက်သည့်အလား

"မမအမြန်ပြန်လာခဲ့နော်. .သားစောင့်နေမယ်"

လွမ်းဆွတ်ဖွယ်သားသားစကားက ရင်ကိုထိရှနာကျင်လွန်းစေ၏။ ရည်ရွယ်မထားဘဲ မျက်ရည်တို့က အလိုလိုစီးကျလာရင်း

"အင်းပါသားရယ် မမပြန်လာပါ့မယ်"

သို့သော်တကယ်ပဲသူမ သားသားဆီပြန်ရောက်နိုင်ပါ့မလား။ ဒီအတွေးနှင့်တင် နာကျင်မှုကသွေးပျက်မတက်...

အတန်ကြာဖုန်းပြောပြီးသည်ထိ မျက်ရည်မခမ်းနိုင်သည့် အက္ခရာကိုကြည့်ပြီး ယမ်းတစ်ချက်ပြုံးလိုက်ကာ..

"မင်းတကယ်ငိုလွယ်တဲ့မိန်းကလေးပဲ"

အက္ခရာမျက်ရည်သုတ်ပြီး ယမ်းကိုမျက်စောင်းထိုးလိုက်မိ၏။ ဘာရယ်မဟုတ် ဒီအခိုက်အတန့်လေးတွင် ခံစားချက်တစ်စုံတရာရယ် ကိုယ်စီရင်ထဲ တိုးဝှေ့လာကြသည်။

"ဒါနဲ့..မြနန်းစံတော်ကို ဖုန်းတစ်ချက်ဆက်လိုက်ပါလား မင်းပျောက်နေတယ်ထင်ပြီး ရှာနေဦးမယ်"

ဟုတ်ပါရဲ့...ယမ်းပြောမှသူမအမှတ်ရမိသည်။ တစ်နေကုန် တစ်ညလုံးပျောက်သွားတာ မသိဘဲနေမည် မဟုတ်ပါ.

"ကိုယ့်ဖုန်းနဲ့ပဲဆက်လိုက်ပါ မေးခဲ့ရင်လည်းအဆင်ပြေသလို ကြည့်ဖြေလိုက်ပါ "

အက္ခရာခေါင်းလေးညိတ်ပြီး မြနန်းစံတော်ကို ဖုန်းခေါ်လိုက်သည်။ လာကိုင်တာက နန်းစိန်..

"နန်းစိန် အက္ခရာမနေ့ညက အပြင်သွားရင်းမူးလဲသွားလို့ အစ်မတစ်ယောက်ကကူညီထားတယ် ညကမိုးအရမ်းချုပ်နေပြီမို့ ပြန်မလာတာပါ ခဏနေပြန်လာပါ့မယ်နော်"

"ဟုတ်ကဲ့ ဆရာမပြန်မလာလို့စိတ်ပူနေကြတာ အခုရောသက်သာပြီလာ လာကြိုခိုင်းလိုက်ပါမယ်"

"ဟင့်အင်းရပါတယ် အက္ခရာဘာသာလာလိုက်ပါ့မယ် ဒါပဲနော် ဆရာဝန်ရောက်နေလို့"

စကားဖြတ်ပြီးဖုန်းချလိုက်တော့ ယမ်းကပုခုံးတွန့်လိုက်ရင်း

"မဆိုးပါဘူး ညဏ်တော့ပြေးသားပဲ"

အက္ခရာသူ့ကို ဒုတိယအကြိမ်မျက်စောင်းထိုးမိသည်။ သူကမသိကျွံပြုရင်း...

"ကိုယ်ညနေပြန်မယ် မင်းကိုဘာလုပ်ပေးခဲ့ရမလဲ"

"ဟင်...ပြန်တော့မလား ချက်ချင်းကြီး"

"ဟုတ်တယ် ဟိုဖက်မှာကိစ္စတစ်ခုပေါ်လာလို့ စိတ်မပူပါနဲ့ မင်းလိုတာအကူအညီတောင်းလို့ရအောင် လူတစ်ယောက် အမြန်ဆုံးလွတ်ပေးမယ် ကိုယ်လည်းအဆင်ပြေရင်ပြန်လာခဲ့မယ်"

ဘာကြောင့်မှန်းမသိ.. ရင်ထဲလှစ်ဟာသွားသလို ခံစားလိုက်ရ၏။ သို့သော်သူမမှာတားဆီးပိုင်ခွင့်မှမရှိတာ။ စိတ်ထဲအလိုလိုဝမ်းနည်းလာရင်းမှ ဖျတ်ခနဲ့သတိရမိသည်က

"ဒါနဲ့....သော့ သော့ ဘယ်ရောက်သွားပါလိမ့် တွေ့မိသေးလား"

"ဘာသော့လဲ..."

"ဘာသော့လဲတော့ အက္ခရာမသိဘူး ဒါပင်မယ့်အရေးကြီးတဲ့ သော့ဖြစ်ပုံရတယ် အဲဒါအက္ခရာယူလာခဲ့တယ် အက္ခရာဆီကတွေ့မိသေးလားဟင်.."

သူမျက်မှောင်ကျုံ့ရင်း ခေါင်းခါလိုက်ကာ

"မတွေ့ဘူး "

"ဒုက္ခပါပဲ.. ဘယ်မှာကျခဲ့မှန်းမသိဘူး ဘယ်လိုရှာရတော့မလဲ"

စိတ်ညည်းညူဟန်ဖြင့် ဆိုလိုက်သောအက္ခရာစကားကြောင့် ယမ်းကစိတ်ရူပ်သွားပုံရကာ

"နားလည်အောင်ရှင်းပါဦး အဲ့ဒီ့သော့ကဘာမို့ ဒီလောက်ဖြစ်ပျက်နေရသလဲအမိ"

အက္ခရာသက်ပြင်းလေးချရင်း သော့ရလာပုံကို ရှင်းပြတော့ ယမ်းတွေဝေသွားဟန်ဖြင့်

"အင်း.. ထူးတော့ထူးဆန်းတယ် ဘာသော့ဖြစ်နိုင်ချေရှိမှာလဲ"

"အက္ခရာအထင်တော့ မြနန်းစံဂူသင်္ချီုင်းအောက်က မြေအောက်ခန်းသော့ဖြစ်ပုံရမယ် အက္ခရာသော့ပိတ်ထားတဲ့ အခန်းတစ်ခန်းတွေ့ခဲ့တယ် အထဲမှာအော်သံလည်းကြားခဲ့ရတယ် တစ်ယောက်ယောက်ရှိနေပုံရတယ်"

"မြနန်းစံဂူသင်္ချိုင်း"

"မြနန်းစံတော်ရဲ့ဒဏ္ဍာရီ ထင်ဟပ်စေတဲ့နေရာတစ်ခုပါ အဲ့ဒီမှာရှင်မယုံကြည်တဲ့ ရာဇဝင်တွေရှိတယ် ထူးဆန်းပြီး ကြောက်စရာကောင်းတာတွေအများကြီးရှိတယ် မြနန်းစံမင်းသမီး အသတ်ခံရတဲ့နေရာကို သူ့ချစ်သူမြို့စားလေးက မြနန်းစံဂူသင်္ချီုင်း အဖြစ်ထားစေခဲ့တာပါ"

စိတ်ဝင်းစားမှုတွေက ယမ်းမျက်နှာထက်ဝယ်အထင်းသား။ ထို့နောက်အတန်ကြာငြိမ်နေရင်းမှ

"ကိုယ်တို့မြနန်းစံဂူသင်္ချီုင်းဆိုလား အဲ့ဒီနေရာခဏသွားကြည့်ရအောင် ကိုယ့်အထင်လျှိုဝှက်ထားတာ တစ်ခုခုရှိပုံရတယ်"

"ရှင်....ဖြစ်ဖြစ်ပါ့မလားဟင်"

"ဖြစ်ပါတယ်..လာအခုပဲသွားရအောင်"

ပြောပြောဆိုဆိုနှင့်သူကထသွားသဖြင့် အက္ခရာသက်ပြင်းသာ ချမိတော့သည်။ တော်တော်လည်းခက်တဲ့လူ...

မြနန်းစံဂူသင်္ချိုင်းကို ဘယ်လိုနေရာမျိုးထင်နေလဲမသိ။

မတတ်နိုင်သည့်အဆုံး အက္ခရာသူ့ကိုလမ်းညွှန်ရတော့သည်။ ကားကိုလမ်းတစ်နေရာတွင်ရပ်ထားခိုင်းပြီး တောလမ်းအတိုင်း နှစ်ယောက်သား ဆင်းလျှောက်လာကြသည်။

အတော်လေးလျှောက်လာပြီး မြနန်းစံဂူသင်္ချီုင်းကို လှမ်းမြင်နေရသည့်နေရာတွင် သူမခြေလှမ်းရပ်လိုက်ပြီး

"ဟိုရှေ့က မြနန်းစံဂူသင်္ချီုင်းပဲ"

ယမ်းပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်ရင်း

"အင်း... အတွင်းထဲဝင်ကြည့်ရအောင်"

"ဟင်.ဘာသွားလုပ်မလဲ သွားလို့ကောင်းတဲ့နေရာမဟုတ်ဘူးနော်"

အက္ခရာအထိတ်အလန့်ဆိုသည့်တိုင် သူကမမှုဘဲ..

"ပြသာနာရှိရင်အဖြေရှာရမှာပဲလေ ဘာတွေးကြောက်နေမလဲ လာပါ ကိုယ်တစ်ယောက်လုံးရှိတယ် ကြောက်မနေနဲ့"

သက်ပြင်းချရုံမှတစ်ပါး မတက်နိုင်တော့ပေ။ သူနှင့်အတူ မြနန်းစံဂူသင်္ချီုင်းထဲလှမ်းဝင်တော့ ဝန်းကျင်တစ်ခုလုံးသိသိသာသာ တိတ်ဆိတ်နေ၏။ ထူးဆန်းလွန်းစွာ တိတ်ဆိတ်နေသည့် ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းနှင့်ယမ်းက

"မြေအောက်ခန်းဆိုတာ ဘယ်နားမှာလဲ"

"ဟင့်အင်းအက္ခရာမမှတ်မိဘူး သွားရင်းလာရင်းခလုတ်တိုက်ပြီး ကျွံကျသွားတဲ့ချိန်တွေ့လိုက်တာပါ "

ယမ်းတစ်ခုခုပြောဟန်ပြင်ပြီးမှ သူ့အကြည့်တို့က တစ်နေရာရောက်တော့ ရပ်တန့်သွားသည်။

သင်္ချီုင်းအလယ်ကခမ်းနားသောအုတ်ဂူနှစ်ခု.

မပြောမဆိုနှင့်ထိုနေရာကိုဖျတ်ခနဲ့လှမ်းသွားလိုက်ရာ

"ယမ်း...ခဏ မသွားနဲ့"

တားချိန်မရလိုက်ပါ။ မြနန်းစံအုပ်ဂူရှေ့ခြေလှမ်းတွေ ရပ်သွားပြီးနောက် အုတ်ဂူရှေ့မှစိုက်ထူထားသည့်စာနှင့် ပုံကိုကြည့်မိပြီးချိန်တွင်တော့

အံ့သြရိပ်တို့က သူ့မျက်နှာထက်ဝယ်ထင်ဟပ်လာရင်း

"မြနန်းစံ.... မြနန်းစံကဘာကိစ္စမင်းနဲ့တစ်ထေရာတည်း တူနေရသလဲအက္ခရာ.. မင်းနဲ့မြနန်းစံက ဘာလဲ"

အက္ခရာ မျက်လွှာလေးချပြီးဘာမှမဖြေမိ။ ဒီအဖြေကို သူမကိုယ်တိုင်မဝံ့မရဲဖြစ်နေဆဲ...

သူကဘေးနားကအုတ်ဂူဆီသို့ လှမ်းကြည့်လိုက်ပြန်ရာ..

"မြို့စားကိုယ်တော်လေးစဝ်ခွန်မှိုင်း သူကသခင်လေးခွန်မင်းဆက်နဲ့ တစ်ပုံစံတည်းပဲ နေပါဦး မင်းတို့ကဘာတွေလဲ..."

အံ့သြခြင်းနှင့်အတူစိတ်တွေပါ ရူပ်ထွေးသွားပုံရသော ယမ်းကိုကြည့်ရင်း အက္ခရာသက်ပြင်းလေးချမိလျက်နှင့်.

"အက္ခရာပြောပြမယ် ဒါပင်မယ့် ဒီနေရာမှာကအကြာကြီးနေဖို့ မသင့်ဘူး အက္ခရာတို့အမြန်ဆုံးထွက်သွားသင့်ပြီ"

သူဘာမှမတုန့်ပြန်ဘဲအက္ခရာနှင့်အတူ ဂူသင်္ချီုင်းမှ ထွက်လာတော့သည်။ ကားနားပြန်ရောက်သည်နှင့် သူမမျက်နှာကို စေ့စေ့ကြည့်ကာ...

"ဆိုစမ်းပါဦး... မင်းကိစ္စ"

"လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်တုန်းက တကယ်ဖြစ်ခဲ့တဲ့အဖြစ်လေး တစ်ခုပါ......."

သူမပြောပြသည့်မြနန်းစံဒဏ္ဍရီကို စိတ်ဝင်စားစွာ နားထောင်ပြီးနောက်တွင်တော့...

လှပသောသူမမျက်နှာကို မလွတ်တမ်းအကဲခတ် ကြည့်ရင်း

"သခင်လေးက မြို့စားကိုယ်တော်လေးဝင်စားတယ်ဆိုရင် မင်းကရော မြနန်းစံနဲ့သက်ဆိုင်နေလား.."

"ဟင့်အင်း.. အက္ခရာကိုယ့်ကိုကိုယ် ဒီလိုမခံစားမိဘူး ဒါပင်မယ့်လပြည့်ညနောက်ပိုင်း စိတ်ထဲတော့ တစ်ခုခုထူးဆန်းနေသလို ခံစားရတယ် အက္ခရာလည်းမပြောတတ်ဘူး တကယ်မပြောတတ်တာ"

"အံ့သြဖို့ကောင်းလိုက်တာ အရာအားလုံးက အကွက်ကျကျစီစဉ်ထားသလိုပဲ.. မြနန်းစံတော်ကို ဆူးအတွက်ရောက်လာတဲ့ မင်းကမြနန်းစံနဲ့ တစ်ပုံစံတည်းတူနေရတယ်"

"အက္ခရာတို့ပြန်ရအောင်.."

အက္ခရာဆက်မကြားချင်တော့သဖြင့် စကားကိုဖြတ်ချလိုက်ပြီး ကားထဲလှမ်းအဝင် သူသူမလက်ကိုဆတ်ခနဲ့လှမ်းဆွဲလိုက်ပြီး

"နေဦး..ပြောဖို့ကျန်သေးတယ် မင်းနဲ့သခင်လေး လက်ရှိအခြေအနေကဘာလဲ အရင်ဘဝတွေပါရေစက်တွေရှိခဲ့တာ ငါမသိခဲ့ရပါလား အခုဘယ်အခြေအနေထိတောင် ရောက်သွားပြီလဲ မင်းသူ့အပေါ်ဘယ်လိုစိတ်ထားနေလဲ"

ယမ်းအသံကတင်းမာနေရင်း အလိုမကျမှုတွေအပြည့်။ ဘာကိုသူ့စိတ်တွေအလိုမကျဖြစ်မှန်း သူကိုယ်တိုင်လည်းမသိတော့။ မျက်မှောင်ကုပ်ပြီးမေးနေသည့် သူ့ပုံစံက တကယ့်ကိုတင်တင်စီးစီး။

အက္ခရာစိတ်ထဲတင်းခနဲ့ဖြစ်သွားပြီး...

"ရှင့်မေးခွန်းတွေကဘောင်ကျော်နေပြီသိလား အက္ခရာဖြေစရာ ဘာအကြောင်းမှမရှိဘူး"

"ဘာလဲ..မင်းဘာကိုဝန်ခံရမှာကြောက်နေလဲ"

ထေ့သလိုရိသလိုနှင့်ပြောလိုက်ဟန်ကြောင့် အက္ခရာဒေါသထွက်လာမိ၏။ ဘယ်သောမှမော့မကြည့်ရဲခဲ့သည့်သူ့မျက်နှာကို ခပ်စူးစူးစိုက်ကြည့်ရင်း..

"ဟုတ်တယ်..သခင်လေးက ရူးလောက်အောက်ချောတယ် ဘယ်မိန်းမကများသူ့ကိုမကြိုက်ဘဲနေမလဲ ကျွန်မသူ့ကိုချစ်တယ် ဟိုးဘဝရော ဒီဘဝရော အဲ့ဒီတော့ ဘာဖြစ်လဲ"

ဒေါသတွေနှင့်ပြန်ရွဲ့ရင်း ရည်ရွယ်မထားပါဘဲ ပြောမိတဲ့စကားတွေ သတိဝင်လာချိန်တော့ ကျွံ့ခဲ့ချေပြီ။ ယမ်းမျက်နှာကာ တစ်ချက်ပျက်သွားပြီးမှ ဘာမှမဖြစ်သလိုနှင့် ဟက်ခနဲ့ရယ်လိုက်ကာ

"ဘာမှမဖြစ်ဘူး အချစ်စိတ်မွန်ပြီး မင်းတာဝန်မကျေမှာစိုးလို့ သတိပေးတာ ကျန်တာမင်းတို့ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး"

အထိမခံသည့်မာနတွေနှင့်တုန့်ပြန်လိုက်သောစကား။ တစ်စုံတရာဆုံးရူံးသလိုခံစားလိုက်ရသည့်တိုင် ဘယ်သောမှအရူံးမပေးချင်သော ဒီမာနတရားတွေ...

အခုရော... ခံရခက်သောအပြုံးတို့ဖြင့်သူဟန်ဆောင်ကောင်းဆဲ။

အက္ခရာ သူ့လက်မှဆတ်ခနဲ့ရုန်းလိုက်ပြီး လှည့်အထွက် ပေါက်ခနဲ့ကြွေခလာသည်က မျက်ရည်စက်များ။ အပြန်လမ်းတစ်ယောက် ကိုယ်စီတိတ်ဆိတ်နေမိ၏။ ရင်ထဲထင်ကျန်ခဲ့သည့် နာကျင်မှုအပိုင်းအစများက ရင်ထဲတနုံ့နုံ့..

ဒီဝေးကွာစေမှုကမာနကြောင့်ဆိုလျှင် ယမ်းစက်ရှင်ဆိုသည့်လူက အဲ့ဒီမာနကိုဆက်ပြီး တယုတယထားမည့်သူ..

အတွေးဖြင့် သူပြုံးမိလျက်နှင့်

"မြနန်းစံတော်ကို တစ်ခါတည်းပို့ပေးရမလား"

မေးလိုက်ပုံက ဘာမှမဖြစ်ထားသလို။ အက္ခရာ ခံရခက်စွာပြုံးလိုက်မိသည်။ ကြင်နာမလိုနှင့် ခဏခဏပုပ်ချခံရသည့် နာကျင်မှုအတွက် ရင်ထဲသိမ်းထားမနေတော့ပါ။

သူမလိုလားရင်.. ကိုယ်လည်းကြွေခစရာ
ဘာအကြောင်းမှ မရှိပါ။

"ဟင့်အင်း အက္ခရာမပြန်ချင်သေးဘူး"

"ဘာသွားချင်လို့လဲ"

အက္ခရာ ချက်ချင်းမဖြေမိ။ မပြန်ချင်သေးသည့်စိတ်နှင့်အတူ သတိရလိုက်မိသူက ဘွားနွံ...

ဟုတ်တယ်..သူမဘွားနွံဆီမေးစရာ မေးခွန်းတွေအများကြီး ရှိသည်။ အဖြေမရသည့် ပဟေဋိအတွက် ဘွားနွံသိတန်ကောင်းပါရဲ့။

"အက္ခရာ တောင်ခြေရွာကဘွားနွံဆီသွားချင်တယ်"

"ဘွားနွံဆိုတာ..."

"မြနန်းစံနဲ့အတူကြီးပြင်းလာတဲ့သူ ဘွားနွံကသိပ်ထူးဆန်းတယ် ဒီအိမ်နဲ့ပတ်သတ်ပြီး တော်တော်များများလည်းပြောနိုင်တယ် စိတ်ထဲမတင်မကျဖြစ်တာလေး မေးကြည့်ချင်တယ် ဘာဘဲဖြစ်ဖြစ် သူနဲ့တွေ့ကြည့်ရင် မမှားပါဘူး "

"အင်း...သွားလေအချိန်ရပါသေးတယ်"

ခုကျတော့ ခုနကသူမဟုတ်သည့်တိုင်းပဲ။ ယမ်းစိတ်ကိုလိုက်ဖမ်းပါက အက္ခရာတကယ်ရူးရပါလိမ့်မည်။

တောင်ခြေရွာရောက်တော့ ဘွားနွံရှိရာတန်းတန်းမတ်မတ်ပင် လာလိုက်သည်။ ခြံထဲဝင်လိုက်သည်နှင့် ပထမဆုံးသတိထားမိသည်က

နှင်းဆီပန်း......နှင်းဆီပန်းနီနီတွေ...
အို..... ညှိုးနွမ်းလို့ပါလား

အမြဲတစေလတ်ဆက်လှပသောပန်းပင်တွေ အခုတော့ ဘယ်လိုဖြစ်လို့များ တစ်ခြံလုံး သေတဲ့အပင်ကသေ ကျိုးတဲ့အပင်ကကျိုး နွမ်းတဲ့အပင်ကနွမ်းနဲ့ ပျက်ဆီးနေပါလား

ဘုရားရေ.... ဒီနှင်းဆီတွေ
ဘယ်လိုများဖြစ်သွားပါလိမ့်

နှင်းဆီပင်ထံမှလွင့်ပျံလာသည့် ရနံ့တို့ကမွေးပျံ့နေသည့်တိုင် နှစ်လိုဖွယ်ကောင်းမနေဘဲ တစ်ခုခုကိုဝမ်းနည်းစေသည့်အလား..

အက္ခရာအံ့သြသင့်စွာ ခြံထဲဝင်လာရင်းဘွားနွံကို ရှာနေမိ၏။ ဟိုးခြံတောင့်လေးမှာ ရီဝေစွာထိုင်ရင်း ပန်းပင်တွေငေးစိုက်နေသည့် ဘွားနွံတစ်ယောက် သူမကိုမြင်တော့...

"မြနန်းစံ"

ယမ်းရှေ့မှာမို့ အက္ခရာမျက်နှာပူမိကာ

"ဟို ဘွားနွံနှင်းဆီပန်းပင်တွေက ဘယ်လိုဖြစ်ရသလဲဟင်"

ဘွားနွံကသူမအမေးကိုမဖြေဘဲယမ်းကို တစ်ချက်စိုက်ကြည့်လိုက်ရင်း...

"မင်းက တစ်ခုပြီးတစ်ခုဆုံးရူံးရတော့မယ် မင်းချစ်တဲ့မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်စံအိမ်တော်မှာ ပျောက်ကွယ်သွားရတော့မှာပါလား ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အနိုင်ယူပါ"

ဘွားနွံစကားကို သူမရောယမ်းပါနားမလည်။ ဘွားနွံက သက်ပြင်းတစ်ချက်ရိူက်လိုက်ပြီး သူမထံအကြည့်ပြန်ရောက်ကာ

"နှစ်ခြောက်ဆယ်လုံးဘယ်သောမှမကြွေခဲ့တဲ့
နှင်းဆီတွေ မညှိုးခဲ့တဲ့ပန်းတွေ အခုပျက်ဆီးနေပြီ ဒါဟာမကြာခင်အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုရောက်လာတော့မယ် ဆိုးဝါးတဲ့အရာတွေ မြနန်းစံတော်မှာကျရောက်လာတော့မယ် "

"ရှင်...."

"မင်းမထွက်ပြေးပါနဲ့ ထွက်ပြေးခဲ့ရင် နောင်ဘဝအဆက်ဆက်တွေထိ ထပ်ပါလာလိမ့်မယ် ဝဋ်ကြွေးလို့သဘောထားပြီး ဒီဘဝနဲ့ပြီးအောင် ဆပ်ခဲ့ပါ လိုအပ်ရင်စတေးပါ "

"ဟင်..."

ယမ်းစိတ်ရူပ်သွားသည့်တိုင် ဘာမှဝင်မပြောပါ။ အက္ခရာမျက်နှာလေးက သိသာစွာပျက်ယွင်းသွားရင်း

"ဘွားနွံဘာတွေပြောနေသလဲ..အက္ခရာ"

"မဟုတ်ဘူးမြနန်းစံ မင်းသိထားဖို့ကဒီတစ်ခါသူ့ကိုထပ်ပြီးအနိုင်မပေးမိစေနဲ့ ရအောင်တိုက်ပါ လောင်မြိုက်နေတဲ့အမုန်းတွေနဲ့ သူမကြာခင်ပြန်ရောက်လာတော့မယ် အန္တရယ်က မင်းလက်တစ်ကမ်းမှာပဲရှိတယ် သူမင်းကိုဘယ်သောမှ ခွင့်လွတ်မှာမဟုတ်ဘူး "

"သူဆိုတာ...ဘယ်သူလဲ"

ထိုစကားကိုဝင်မေးလိုက်သူက ယမ်း။ ဘွားနွံအကြည့်က သူမထံမရွေ့ဘဲ...

"မြနန်းခင်..."

"ဟင်.."

ရင်ထဲထိတ်ခနဲ့ဖြစ်သွားသည်။ မြနန်းခင်ရှိနေသေးသလား..

"ဘွားနွံမြနန်းခင်က စံအိမ်မှာရှိနေသေးသလား"

"သူဘယ်သောမှထွက်မသွားခဲ့ဘူး အမုန်းတရားတွေနဲ့သူ့ဝိညာဉ်ဆိုးက အမြဲမြနန်းစံတော်မှာရှိနေခဲ့တာ မင်းနဲ့သခင်လေးပေါင်းဖက်မှာကို သူသိပ်ကြောက်တာ သူရအောင်လိုက်ခွဲလိမ့်မယ် ဒီဘဝနဲ့ပြီးပြတ်ပါစေတော့ သံသရာထိထပ်မသယ်ပါနဲ့နော် မြနန်းစံ မင်းရဲ့သွေးတွေနဲ့အားလုံးဆေးကြောခဲ့ပါ "

အက္ခရာစိုးရွံမှုနှင့်အတူ နူတ်ခမ်းတွေဆွံ့အနေတော့၏။ ယမ်းကပြောသမျှကို နားမလည်သဖြင့်စိတ်ရူပ်လာကာ

"အက္ခရာ...ပြန်ရအောင်"

"ဟုတ်ကဲ့..ဟိုဘွားနွံ အက္ခရာတစ်ခုမေးခဲ့ချင်လို့ပါ အက္ခရာက မြနန်းစံဝင်စားတယ်ဆိုရင်ဘာလို့ဘာတစ်ခုမှအက္ခရာလုံးဝမမှတ်မိရသလဲ ရှင်သန်ခဲ့တဲ့ဘဝတစ်လျှောက်လုံး တစ်ခါမှတောင်ဒီအကြောင်းအရာကို အိပ်မက်တောင်မမက်ဘူး သာမာန်လူတစ်ယောက်လိုပဲ ရှင်သန်ခဲ့တာပါ ပြီးတော့.."

အက္ခရာစကားကိုရပ်ပြီး ယမ်းကိုတစ်ချက်
ငဲ့ကြည့်တော့ ယမ်းကပါ စိတ်ဝင်စားစွာနားစွင့်ဆဲ။ သက်ပြင်းလေးချမိရင်းနှင့်

"သခင်လေးနဲ့ ဘဝဟောင်းကရေစက်ပါခဲ့မယ်ဆိုရင် ဘာလို့အဲ့ဒါကိုစိတ်ထဲမခံစားရသလဲ အက္ခရာသိတဲ့လူဝင်စားဆိုတာ ဒီလိုမဟုတ်ဘူး အဲ့ဒီ့လူကိုတွေ့တာနဲ့ စိတ်ထဲအခါခါရင်းနှီးနေတာ မဟုတ်လားဟင်"

ဘွားနွံကအလိုလိုပျက်ဆီးသွားသည့် ပန်းခင်းကိုရီဝေစွာငေးရင်းနှင့်

"မြနန်းခင်ကြောင့်ပါ မင်းတို့ပြန်လည်ရှင်သန်မွေးဖွားရပင်မဲ့ အားပြင်းလွန်းတဲ့သူ့ကျိန်စာကနေ မလွတ်နိုင်ခဲ့ဘူး မင်းတို့နှစ်ယောက်ကသူသတ်လို့သေခဲ့ရတယ်လေ သူအလွတ်ပေးမှာမဟုတ်ဘူး ဘုရားတည်ပြီးတောင်းဆုပြုခဲ့ကြတဲ့ သစ္စာကြောင့်နောင်ဘဝမှာ မင်းတို့ချစ်သူနှစ်ယောက်ပြန်ဆုံမှာ သူအရမ်းကြောက်နေတယ် ဒါကြောင့် အတိတ်ဘဝတွေကို အမှောင်ဖုံးခဲ့တာ ဒါပင်မယ့်လောကကြီးကဆန်းကြယ်လွန်းတယ် မြနန်းစံတော်ကို မင်းရောက်ဖြစ်အောင်ရောက်လာခဲ့တယ်"

အက္ခရာနူတ်ခမ်းတွေခြောက်သွေ့ကာ ရင်ထဲမောဟပ်လာသကဲ့သို့ ခံစားရ၏။ ယမ်းက ကျောက်ရုပ်လိုငြိမ်သက်နေသည့် သူမလက်လေးကို ဖမ်းဆုပ်ရင်း

"သွားရအောင်..."

ဘွားနွံကို နှုတ်ဆက်မိလား ဒီတိုင်းပြန်ခဲ့သလားမသိတော့ပါ။ အပြန်လမ်းတစ်လျှောက် သူမစိတ်နှင့်ကိုယ်နှင့်မကပ်တော့ပါ။ ဘာမှန်းမသိစိုးထင့်နေရင်း မြနန်းစံတော်ကိုပြန်ရမှာ ကြောက်နေမိ၏။

ယမ်းကကားမောင်းနေရင်းသူမကို တစ်ချက်
ငဲ့ကြည့်ကာ

"မင်းဒါတွေကို ယုံကြည်သလားအက္ခရာ"

အလိုမကျဟန်ဖြင့်ဆိုလိုက်သော ယမ်းကြောင့် အက္ခရာယမ်းကို ဖျတ်ခနဲ့ကြည့်လိုက်မိ၏။ နိုင်ငံခြားမှာ ကြီးပြင်းလာသည့်ယမ်းအတွက် ဒါတွေကယုံဖို့သိပ်ခဲယဉ်းနေသလား...

မြနန်းစံတော်မှာ ဘယ်လိုဆန်းကြယ်မှုတွေရှိတာယမ်းမှမသိတာ

ရင်ထဲဆိုမိသည့်တိုင် ဘာမှမတုန့်ပြန်မိပါ။ ယမ်းထံမှ မျက်နှာလွဲလိုက်ပြီး...

"အက္ခရာ...အဆင်ပြေပါတယ်.."

သူမစကားကတိုးရှလွန်းနေ၏။ ယမ်းကဘာကိုတွေးမိသည်မသိ ခနဲ့ပြုံးပြုံးလိုက်ရင်း

"စိတ်မပူပါနဲ့...မင်းကိုကာကွယ်ပေးမယ့် လူတစ်ယောက်လုံးရှိနေပါတယ်"

ယမ်းဆိုလိုရင်းကိုသိနေသဖြင့် ရင်ထဲအောင့်မိပြန်သည်။ ကိုယ်တိုင်ကမကြင်နာလိုသည့်တိုင် သူများနမ်းရိူက်မှာကိုတော့ မလိုလားသည့်သူဟာ သိပ်အတ္တကြီးလွန်းနေပြီ။

"ဟုတ်တယ်..အက္ခရာကြောက်ဖို့မလိုပါဘူးလေ"

အစိုင်အခဲကိုယ်စီနှင့် တိတ်ဆိတ်သွားပြန်၏။ ကားကမြနန်းစံတော်နှင့် မနီးမဝေးတွင်ထိုးရပ်သွားရင်း

"ဒီကနေပဲသွားတော့ တစ်ခုခုဆိုဖုန်းဆက်ပါ"

ရင်ထဲတစ်ခုခုလှစ်ဟာသွားသကဲ့သို့ ခံစားရသည့်တိုင် အက္ခရာအားတင်းပြုံးလိုက်ပြီး..

"ဟုတ်ကဲ့ပါ သားသားကိုဂရုစိုက်ပေးပါ ရှင်လည်းဂရုစိုက်ပြန်ပါ အက္ခရာသွားတော့မယ်"

ကားပေါ်မှဆင်းသွားသည့်သူမနှင့်အတူ တစ်စုံတရာသည်ပါသွားခဲ့ပြီလား
ဟာကျသွားသည့်ရင်က သူမလက်ကိုပြေးဆွဲကာ ထွေးပွေ့ထားချင်သည်....

သို့သော်သူထွေးပွေ့ထားမိသည်က မာနတွေ. ထို့ကြောင့်သူနှင့်သူမ....ပို၍ဝေးကွာသွားခဲ့ရာ။

ယမ်းကိုလှည့်မကြည့်မိအောင်ထိန်းရင်း တင်းထားသည့်ကြားမှ မျက်ရည်တွေကတပေါက်ပေါက်...

အလိုလိုအားငယ်စိတ်နှင့်အတူ အက္ခရာသည်အငွေ့ပျံပြီးပျောက်ကွယ် သွားချင်သည်။ သို့သော် ဘဝကံစေရာအတိုင်း လည်စင်းခံရဦးမည်။

စိတ်ကိုတင်းရင်းမြနန်းစံတော်ထဲဝင်လာတော့ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဒီလိုတိတ်ဆိတ်မှုအတွက် အထူးအဆန်းဖြစ်မနေတော့ပေ။

သုန္နရီနေမကောင်းသည်ကို သတိရမိတော့ သုန္နရီအခန်းထဲ အရင်ဝင်ကြည့်မိ၏။ သုန္နရီကဆေးရှိန်ဖြင့် အိပ်မောကျနေပြီး သူမကိုပြုစုသည့်ကောင်မလေးက အက္ခရာကိုမြင်တော့

"ဟော..ဆရာမပါလား သခင်မလေး ခုလေးတင် အိပ်ပျော်သွားတာပါ"

"ဟုတ်လား...မသက်သာသေးဘူးလားဟင်"

"နည်းနည်းတော့သက်သာပြီဆရာမ"

"သခင်ကြီးတို့ပြန်ရောက်ပြီလာ"

"ဟင့်အင်း သခင်ကြီးရောသခင်လေးရော နှစ်ယောက်လုံး မနေ့ညကတည်းကပြန်မရောက်သေးဘူးရှင့်"

အက္ခရာ အနှောင့်အယှက်မပေးလိုသဖြင့် ပြန်ထွက်လာလိုက်၏။ သူမအခန်းထဲအသွား လှေကားကိုအဖြတ်တွင်

ရိပ်ခနဲ့ဖြတ်ပြေးသွားသည့်အရာတစ်ခု မျက်ဝန်းတောင့်တွင် လှမ်းမြင်လိုက်ရသဖြင့် အက္ခရာအပေါ်ထပ်ကို ကြည့်လိုက်မိသည်။

အောက်ထပ်ကနေလှမ်းကြည့်ရသည်မို့မသဲကွဲ။ သို့သော်လှေကားလက်ရင်းတောင့်လေးတွင် တစ်စုံတစ်ယောက်ရပ်နေသလို ခံစားရသည်။ စိတ်ထဲမတင်မကျဖြစ်လာသဖြင့် သေချာကြည့်မိတော့...

"ဟင်..."

ရင်ထဲလှပ်ခနဲ့ဖြစ်သွားမိ၏။ အောက်နားဆီကမီးရောင်ဟပ်သဖြင့် မြင်လိုက်ရသည်က ခြေထောက်ဖြူဖြူလေးတစ်စုံ..

ထိတ်လန့်တုန်လှုပ်စွာ ကမန်းကတမ်းမျက်နှာလွဲပြီး အခန်းထဲပြေးဝင်လာမိသည်။

အပေါ်ထပ်မှာ....ဘယ်သူရှိနေပါလိမ့်

မိန်းကလေးတစ်ယောက်ခြေထောက်ဖြစ်ဟန်တူသည်။ ပြန်မြင်ယောင်ရင်း စိတ်တွေကခြောက်ခြားလာတော့၏။ အိမ်အပေါ်ထပ်မှာသူမ မသိသည့်တစ်စုံတစ်ယောက်ရှိနေသလား

သေချာမြင်လိုက်ရသည့်ခြေထောက်ပိုင်ရှင်ကဘယ်သူဖြစ်မလဲ

အတွေးဖြင့်တုန်လှုပ်နေရင်း ယမ်းကိုသတိတရရှိမိပြန်၏။သို့သော်.......

ဆက်ရန်
ဆူးခတ်ပန်း

Continue Reading

You'll Also Like

146K 26.8K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
222K 13.5K 49
ဗီလိန္တစ္ေယာက္၏ဖြင့္ဟဝန္ခံခ်က္ by byun baekkie coverလက္ေဆာင္အတြက္ေက်းဇူးတင္ပါတယ္ညီမေလးSuSu602 #chanbaek #normal @Matainyu
1.1M 32.7K 61
ဘုရားက ငါ့ကိုကောင်းချီးတစ်ခုပေးတယ်.. နေရဲ့စက်ကွင်းထဲမှာ နေကြာတွေ အဆုံးမဲ့ပွင့်စေ..တဲ့... ငါ့လက်တစ်ဖက်က သွေးစွန်းနေရင်တောင် ကျန်လက်တစ်ဖက်ထဲမှာ...
168K 10.5K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...