Unicode
"ချီးဖြစ်လို့ ကြောက်ရမှာလား လာကိုင် လာ"
မပြောဘူးလား ဒီကောင်လေးကို ဘယ်လိုချုပ်ကိုင်ရမလဲဆိုတာ ကိုယ့်လောက်ဘယ်သူမှ ကောင်းကောင်းနားမလည်ပါဘူး။အခုလည်းကြည့်
အကျီကြီး အတင်းလှန်ပြီ ကိုင်ခိုင်းနေတယ်။
ဒါမျိုးကို လက်လွတ်ခံရင် အာကာတို့ ရူးနေလို့ပဲ ဖြစ်မယ်။
ကျစ်လစ်တဲ့ ဗိုက်သားနဲ့ကြွက်သားအသွယ်သွယ်တို့ကြောင့် ကိုင်ရတာနဲ့တင် အားမရ။
"တော်ပြီလေ ဘယ်ချိန်ထိ ကိုင်နေအုံးမှာလဲ"
တွန့်တိုစွာ ဆွဲချခြင်းခံရတဲ့အကျီလေးကို နှမြောတသနဲ့
ကြည့်မိသည်။ယောကျာ်းတစ်ယောက်ရဲ့ အသွင်အပြင်တွေနဲ့ ပြည့်စုံလှတဲ့ဒီကောင်လေးက
သူ့အပိုင် ဘယ်တော့များမှ ဖြစ်လာမှာပါလိမ့်။
"ကဲ ဒီရေ အလှည့်ပဲ ခေါင်းလားပန်းလား"
"ပန်းပဲကွာ"
"ကိုယ့်ဆရာ ဒီတစ်ခါတော့ ပန်းမဖြစ်နိုင်ဘူးနော်"
ဟုတ်ပါတယ် ပန်းမဟုတ်ပါဘူး။ကျေနပ်အားရစွာနဲ့
ပြုံးရယ်လိုက်တဲ့ ကောင်ငယ်လေးရဲ့ အပိုင်သွားတက်လေးက ဖွေးခနဲလှစ်ခနဲ။
"မပြောဘူးလား ပန်းမဟုတ်ပါဘူးဆို ချွတ်အကျီ ဒီတစ်ခါ ကျွန်တော့်အလှည့်"
"ကိုယ်လုပ်ပြီးသားကြီး ထပ်မလုပ်နဲ့လေ"
"မရဘူး ခင်များမညစ်နဲ့နော် ချွတ်အခု"
အတင်းချွတ်ခိုင်းနေတဲ့ ကလေးဆိုးကြောင့် ချွတ်ရပေအုံးမယ်။ကိုယ်ကပဲ သူ့ပြီးပြည့်စုံတဲ့
ခန္ဓာကိုယ်ကို ကြည့်ချင်တာ။ကိုယ့်ကိုယ်လုံး ဖြူဖြူသေးသေးလေးကိုတော့ မပြချင်ဘူး။သူနဲ့
ယှဉ်ရင် သေးကွေးနေတဲ့ကိုယ့်ကိုကိုယ် အားမရေပ။
"ခင်များ အတော်ဖြူတာပဲ"
သူ့အကျီအောက်က ဗိုက်သားဖွေးဖွေးနဲ့ပြေပြေလေး
က မိန်းမသားတစ်ယောက်ရဲ့ ကိုယ်နေဟန်အတိုင်းပင်။ထိတွေ့မိလိုက်ချိန်မှာ အိစက်နေတဲ့ ဗိုက်သားပြင်လေးက အသဲယားစဖွယ်။ကိုင်ရုံပဲဆိုတဲ့အတွေးက လက်တွေ့နဲ့
ကွာခြားလှသည်။ဗိုက်သားအိအိလေးကို သွေးကြောစိမ်းတွေ ထောင်ထနေသည့် လက်ရှည်ရှည်သွယ်သွယ်တွေနဲ့ ဖိညစ်မိသည်။
"အားးးး ဘာလို့ညှစ်တာလည်း"
"ဟီးဟီး နာသွားလား အသဲယားလို့ ဖွတေး ဖွတေး"
ဘုရားရေ သူ့လက်ရှည်ရှည်တွေကို နှုတ်ခမ်းနဲ့ ဖိပြီး
အာငွေ့ပေးကာ သူ့ဗိုက်ကို လာထိနေသည်။ ဒီအချိန်ခဏမှာ လောကတစ်ခုလုံးရဲ့ လည်ပတ်မှုတွေအကုန် ရပ်တန့်သွားသလိုပင်။
ဒါဘယ်လို ရင်ခုန်တိမ်းညွှတ်မှုမျိုးလို့ ပြောရမှန်းမသိပေ။
"ကဲ ထပ်ဆော့မယ်နော် ခေါင်းလားပန်းလား"
"ခေါင်း"
စိတ်မကောင်းစွာနဲ့ပဲ ဒီရေကို ရှုံးရပြန်သည်။
အကျီလက်ကို သေချာခေါက်တင်ပြီး သူ့နဖူးကို စိုက်ကြည့်နေသည်။နဖူးသီးသွားအောင်လောက်တော့
မတောက်လောက်ပါဘူးနော်။
"ဒါနောက်ဆုံးပဲ ပြီးရင် ထမင်းစားမယ် ခေါင်းလား ပန်းလား"
"ခေါင်းပဲကွာ"
ဒီတစ်ခါတော့ သူ့အနှိုင်ရပြီ။လာထား ကောင်လေး။
ကလိကို ထိုးပစ်အုးမယ်။
"ဟင့်အင်း ကလိမထိုးနဲ့ယားတတ်တယ်"
"မရပါဘူး ကတိအတိုင်းပဲ"
ကိုယ်လုံးသေးသေးလေးက ဒီနေရာမှာ အတော်အသုံး၀င်သား။ဒီရေ ကိုယ်ပေါ် အလျင်အမြန်တက်ခွပြီး ကလိထိုးတော့ လူးလိမ့်နေရှာသည်။
"တော်ပြီ တော်ပြီလို့ယားတယ် ဟားးးး...ဟားးးး
ယားတယ် တော်...တော့ ဟားးး"
"ကိုကိုလို့ ခေါ်ရင်ရပ်ပေးမယ်"
"မခေါ်ဘူး....ရပ် ...တော့ ဟားးးး...ဟားးး"
"မရပ်ပါဘူး မခေါ်သရွေ့"
"ဟားးး...ဟားးးး...ခေါ်....ခေါ်မယ် ကိုကို...ကို..ကို
ဟားးး..ဟားး ယားတယ်"
သူရပ်ပေးလိုက်တော့ ပါးစပ်လေးဟပြီး အသက်ကို မနည်းရှုနေသည်။ အခုချိန်ထိ ဒီရေပေါ်က ခွထားရာကနေ မထမိသေး။ကုတင်ပေါ်မှာ ပက်လက်
လှဲနေတဲ့ ကောင်ငယ်လေးကို အပေါ်စီးက ကြည့်ရတာ
ငြီးငွေ့မသွားချင်စရာကောင်းတဲ့ ပန်းချီကား တစ်ချပ်လိုပင်။
Ring Ring Ring
နစ်မျောနေတဲ့ အတွေးတွေကို လှုပ်ခတ်နိုးလိုက်သည်က ဖုန်းသံပင်။
"ခင်များဖုန်း လာနေတယ် ဆင်းတော့"
ဒီရေပေါ်က မဆင်းချင်ဆင်းချင်နဲ့ ဆင်းလာပြီး ဖုန်းကို ယူကြည့်လိုက်တော့ အိမ်က ဖုန်းပင်။ဖုန်းယူပြီး
အိမ်သာဘက်ကို အပြေးထွက်လာရသည်။
"ဟယ်လို သား ဖုန်းကိုင်တာကြာလှချည်လား"
"ဟုတ်မေမေ သားရေချိုးနေလို့ မကြားလိုက်တာ"
"ခုချိန်ကြီး ချိုးရလားသားငယ်ရယ် အပူရှပ်ပြီး ဖျားအုံးမယ်"
မေမေ့မျက်လုံးထဲမှာ အခုချိန်ထိ သူက အရွယ်မရောက်သေးတဲ့ ကလေးလေးလိုပင်။နေရာတကာ စိတ်မချဖြစ်နေတတ်သည်။အမြဲတမ်း အချစ်ခံ ဂရုစိုက်ခံနေရတဲ့သူက တခြားတစ်ယောက်ကို ချစ်ပေး ဂရုစိုက်ပေးနေတဲ့သူ ရှိတယ်ဆိုတာ မေမေတို့သိရင်
ဘယ်လိုနေကြမလဲမသိ။
"သား မေမေပြောတာ ကြားရဲ့လား"
"ဗျာ ဆော်ရီးမေမေ သားမကြားလိုက်လို့"
"အော် သားလေး ဘယ်တော့ပြန်လာမှာလဲလို့ မေးတာ"
"အာ နောက်တစ်လလောက်ဆို သားအိမ်ခဏပြန်လာမယ်လေ အခုရက်ပိုင်းက သားလည်း သိပ်မအားလို့"
"ငါ့မောင်လေးကတော့ အိမ်ကိုတောင် သတိရဖော်မရတော့ဘူးပဲ ဘာလဲ ကောင်မလေးတွေ့နေပြီလား"
အပြင်က ပြန်လာဟန်တူသည့် မမအသံကို ကြားလိုက်ရသည်။မမသည်လည်း ဒုတိယအမေပင်။
အသက်သိပ်မကွာပေမဲ့ အမေတစ်ယောက်လို
အမတစ်ယောက်လို ချစ်ခင်ယုယပေးသူပင်။
ဘ၀မှာ ဒီလိုအမမျိုးရတာလည်း ဘုရားပေးတဲ့ လက်ဆောင်ပဲ ထင်ပါတယ်။
"မရှိရပါဘူး မမရယ် သားက လူပျိုကြီးပဲ လုပ်မှာ
မမလိုပေါ့"
"အမယ် ကိုယ်တော်ချော ကျွန်မက မရတာမဟုတ်ဘူးနော် မယူတာ ကိုယ့်ရဲ့ တစ်ဦးတည်း
သော မောင်ငယ်လေးကို စိတ်မချလို့ နင်သာ
အမျိုးသမီးကောင်းလေးနဲ့ လက်ထပ်ပြီးရင် ငါလည်း
အိမ်ထောင်ပြုမှာ"
စိတ်မကောင်းပါဘူးမမရယ် မမမောင်လေးက
အမျိုးသမီးကောင်းလေးနဲ့ လက်ထပ်မှာမဟုတ်ဘူး။
အမျိုးသားဆိုးလေးနဲ့ လက်ထပ်မှာဗျ လက်ထပ်မှာ။
"နောက်ကား ကျော်တက်ရမယ်ဆိုပါတော့"
"မကျော်တတ်လို့ အတင်းဝိုင်းတွန်းတင်နေရတာပေါ့ဟယ်"
"ဟားဟား ဖေဖေရောမမ "
"သားရေ သားဖေဖေက အလုပ်ကပြန်မရောက်သေးဘူး
သားအဖေကိုလည်း ဖုန်းလေးဘာလေးဆက်ပါအုံး
သူ့ခမျာ သားကိုသတိရနေရှာတာ ပါးစပ်ကသာဖွင့်မပြောပေးမဲ့ သူက သားကို သိပ်ချစ်တာ"
"ဟုတ်ပါပြီ မေမေရယ် သား ညကျရင်တစ်ခါ ထပ်ဆက်မယ်နော် အခုတော့ တာ့တာ ချစ်တယ် အာဘွား မမ
ချစ်တယ်နော် အာဘွား"
စကာစဖြတ်ပြီး အိမ်သာအပြင်ကို ပြန်ထွက်ရသည်။ အိမ်ကလူတွေက စကားစမဖြတ်လို့မရဘူး တနေကုန်ပြောဆိုလည်း
သူနဲ့သာဆို မကုန်မခမ်းနိုင်တဲ့ စကားတွေ ရှိနေတတ်သည်။
တံခါးဖွင့်လိုက်တော့ အိမ်သာရှေ့မှာ ေခါင်းကိုပွတ်ပြီး ဟိုဘက်သည်ဘက် အပြန်အလှန်လျှောက်နေသည့် ဒီရေကို တွေ့လိုက်ရသည်။
"ဒီရေ ဘာလုပ်နေတာလဲ ဒီမှာ"
"အာာ ရေ ...ရေဆာလို့"
"ရေဆာရင် မီးဖိုထဲသွားလေ ဘာလို့ အိမ်သာလာတာလည်း"
"အင်းးး အဲ့တာက ရေကသောက်ပြီးပြီ အပေါ့သွားမလို့ လာတာ ဖယ်ပေး"
အသေးလေးကို တွန်းတိုက်ပြီး အိမ်သာထဲ ခပ်တည်တည်နဲ့ ၀င်လာရသည်။အိမ်သာဖုံးပေါ်ထိုင်ချပြီး
တွေနေမိသည်။ဖုန်းပြောတာ သူ့ရှေ့ပြောလို့ရတာကို
ဘာလို့ အိမ်သာထဲမှာ လာပြောရတာလဲ။စိတ်ထဲစနိုးစနောင့် ဖြစ်လို့ လာချောင်းတာ။ ချစ်တယ် အာဘွားပဲ ကြားလိုက်ရတယ် သူဘယ်သူနဲ့ ပြောနေတာပါလိမ့်။
(မမညမွှေးရဲ့ စာအုပ်လေးရောက်လာပြီးတဲ့အပြင် အိတ်နဲ့ အကျီေလးပါ ဒီနေ့ထပ်ရောက်လာတယ်
ဟီးဟီး စိတ်ချမ်းသာလိုက်တာ ပြီးတော့ သဲငယ်လေးတို့ဆီက ကိုယ့်ကလေးလေးတွေကို သဘောကျတဲ့အပြင် followလေးတွေ လုပ်ပေးကြလို့ ကျေးဇူးတင်ပါတယ် 0 followerကနေ80 ဖြစ်သွားပါပြီ ဆာရာငဲ)
Zawgyi
"ခ်ီးျဖစ္လို႔ ေၾကာက္ရမွာလား လာကိုင္ လာ"
မေျပာဘူးလား ဒီေကာင္ေလးကို ဘယ္လိုခ်ဳပ္ကိုင္ရမလဲဆိုတာ ကိုယ့္ေလာက္ဘယ္သူမွ ေကာင္းေကာင္းနားမလည္ပါဘူး။အခုလည္းၾကည့္
အက်ီႀကီး အတင္းလွန္ၿပီ ကိုင္ခိုင္းေနတယ္။
ဒါမ်ိဳးကို လက္လြတ္ခံရင္ အာကာတို႔ ႐ူးေနလို႔ပဲ ျဖစ္မယ္။
က်စ္လစ္တဲ့ ဗိုက္သားနဲ႕ႂကြက္သားအသြယ္သြယ္တို႔ေၾကာင့္ ကိုင္ရတာနဲ႕တင္ အားမရ။
"ေတာ္ၿပီေလ ဘယ္ခ်ိန္ထိ ကိုင္ေနအုံးမွာလဲ"
တြန႔္တိုစြာ ဆြဲခ်ျခင္းခံရတဲ့အက်ီေလးကို ႏွေျမာတသနဲ႕
ၾကည့္မိသည္။ေယာက်ာ္းတစ္ေယာက္ရဲ႕ အသြင္အျပင္ေတြနဲ႕ ျပည့္စုံလွတဲ့ဒီေကာင္ေလးက
သူ႕အပိုင္ ဘယ္ေတာ့မ်ားမွ ျဖစ္လာမွာပါလိမ့္။
"ကဲ ဒီေရ အလွည့္ပဲ ေခါင္းလားပန္းလား"
"ပန္းပဲကြာ"
"ကိုယ့္ဆရာ ဒီတစ္ခါေတာ့ ပန္းမျဖစ္နိုင္ဘူးေနာ္"
ဟုတ္ပါတယ္ ပန္းမဟုတ္ပါဘူး။ေက်နပ္အားရစြာနဲ႕
ၿပဳံးရယ္လိုက္တဲ့ ေကာင္ငယ္ေလးရဲ႕ အပိုင္သြားတက္ေလးက ေဖြးခနဲလွစ္ခနဲ။
"မေျပာဘူးလား ပန္းမဟုတ္ပါဘူးဆို ခြၽတ္အက်ီ ဒီတစ္ခါ ကြၽန္ေတာ့္အလွည့္"
"ကိုယ္လုပ္ၿပီးသားႀကီး ထပ္မလုပ္နဲ႕ေလ"
"မရဘူး ခင္မ်ားမညစ္နဲ႕ေနာ္ ခြၽတ္အခု"
အတင္းခြၽတ္ခိုင္းေနတဲ့ ကေလးဆိုးေၾကာင့္ ခြၽတ္ရေပအုံးမယ္။ကိုယ္ကပဲ သူ႕ၿပီးျပည့္စုံတဲ့
ခႏၶာကိုယ္ကို ၾကည့္ခ်င္တာ။ကိုယ့္ကိုယ္လုံး ျဖဴျဖဴေသးေသးေလးကိုေတာ့ မျပခ်င္ဘူး။သူနဲ႕
ယွဥ္ရင္ ေသးေကြးေနတဲ့ကိုယ့္ကိုကိုယ္ အားမရေပ။
"ခင္မ်ား အေတာ္ျဖဴတာပဲ"
သူ႕အက်ီေအာက္က ဗိုက္သားေဖြးေဖြးနဲ႕ေျပေျပေလး
က မိန္းမသားတစ္ေယာက္ရဲ႕ ကိုယ္ေနဟန္အတိုင္းပင္။ထိေတြ႕မိလိုက္ခ်ိန္မွာ အိစက္ေနတဲ့ ဗိုက္သားျပင္ေလးက အသဲယားစဖြယ္။ကိုင္႐ုံပဲဆိုတဲ့အေတြးက လက္ေတြ႕နဲ႕
ကြာျခားလွသည္။ဗိုက္သားအိအိေလးကို ေသြးေၾကာစိမ္းေတြ ေထာင္ထေနသည့္ လက္ရွည္ရွည္သြယ္သြယ္ေတြနဲ႕ ဖိညစ္မိသည္။
"အားးးး ဘာလို႔ညွစ္တာလည္း"
"ဟီးဟီး နာသြားလား အသဲယားလို႔ ဖြေတး ဖြေတး"
ဘုရားေရ သူ႕လက္ရွည္ရွည္ေတြကို ႏႈတ္ခမ္းနဲ႕ ဖိၿပီး
အာေငြ႕ေပးကာ သူ႕ဗိုက္ကို လာထိေနသည္။ ဒီအခ်ိန္ခဏမွာ ေလာကတစ္ခုလုံးရဲ႕ လည္ပတ္မႈေတြအကုန္ ရပ္တန႔္သြားသလိုပင္။
ဒါဘယ္လို ရင္ခုန္တိမ္းၫႊတ္မႈမ်ိဳးလို႔ ေျပာရမွန္းမသိေပ။
"ကဲ ထပ္ေဆာ့မယ္ေနာ္ ေခါင္းလားပန္းလား"
"ေခါင္း"
စိတ္မေကာင္းစြာနဲ႕ပဲ ဒီေရကို ရႈံးရျပန္သည္။
အက်ီလက္ကို ေသခ်ာေခါက္တင္ၿပီး သူ႕နဖူးကို စိုက္ၾကည့္ေနသည္။နဖူးသီးသြားေအာင္ေလာက္ေတာ့
မေတာက္ေလာက္ပါဘူးေနာ္။
"ဒါေနာက္ဆုံးပဲ ၿပီးရင္ ထမင္းစားမယ္ ေခါင္းလား ပန္းလား"
"ေခါင္းပဲကြာ"
ဒီတစ္ခါေတာ့ သူ႕အႏွိုင္ရၿပီ။လာထား ေကာင္ေလး။
ကလိကို ထိုးပစ္အုးမယ္။
"ဟင့္အင္း ကလိမထိုးနဲ႕ယားတတ္တယ္"
"မရပါဘူး ကတိအတိုင္းပဲ"
ကိုယ္လုံးေသးေသးေလးက ဒီေနရာမွာ အေတာ္အသုံး၀င္သား။ဒီေရ ကိုယ္ေပၚ အလ်င္အျမန္တက္ခြၿပီး ကလိထိုးေတာ့ လူးလိမ့္ေနရွာသည္။
"ေတာ္ၿပီ ေတာ္ၿပီလို႔ယားတယ္ ဟားးးး...ဟားးးး
ယားတယ္ ေတာ္...ေတာ့ ဟားးး"
"ကိုကိုလို႔ ေခၚရင္ရပ္ေပးမယ္"
"မေခၚဘူး....ရပ္ ...ေတာ့ ဟားးးး...ဟားးး"
"မရပ္ပါဘူး မေခၚသေ႐ြ႕"
"ဟားးး...ဟားးးး...ေခၚ....ေခၚမယ္ ကိုကို...ကို..ကို
ဟားးး..ဟားး ယားတယ္"
သူရပ္ေပးလိုက္ေတာ့ ပါးစပ္ေလးဟၿပီး အသက္ကို မနည္းရႈေနသည္။ အခုခ်ိန္ထိ ဒီေရေပၚက ခြထားရာကေန မထမိေသး။ကုတင္ေပၚမွာ ပက္လက္
လွဲေနတဲ့ ေကာင္ငယ္ေလးကို အေပၚစီးက ၾကည့္ရတာ
ၿငီးေငြ႕မသြားခ်င္စရာေကာင္းတဲ့ ပန္းခ်ီကား တစ္ခ်ပ္လိုပင္။
Ring Ring Ring
နစ္ေမ်ာေနတဲ့ အေတြးေတြကို လႈပ္ခတ္နိုးလိုက္သည္က ဖုန္းသံပင္။
"ခင္မ်ားဖုန္း လာေနတယ္ ဆင္းေတာ့"
ဒီေရေပၚက မဆင္းခ်င္ဆင္းခ်င္နဲ႕ ဆင္းလာၿပီး ဖုန္းကို ယူၾကည့္လိုက္ေတာ့ အိမ္က ဖုန္းပင္။ဖုန္းယူၿပီး
အိမ္သာဘက္ကို အေျပးထြက္လာရသည္။
"ဟယ္လို သား ဖုန္းကိုင္တာၾကာလွခ်ည္လား"
"ဟုတ္ေမေမ သားေရခ်ိဳးေနလို႔ မၾကားလိုက္တာ"
"ခုခ်ိန္ႀကီး ခ်ိဳးရလားသားငယ္ရယ္ အပူရွပ္ၿပီး ဖ်ားအုံးမယ္"
ေမေမ့မ်က္လုံးထဲမွာ အခုခ်ိန္ထိ သူက အ႐ြယ္မေရာက္ေသးတဲ့ ကေလးေလးလိုပင္။ေနရာတကာ စိတ္မခ်ျဖစ္ေနတတ္သည္။အၿမဲတမ္း အခ်စ္ခံ ဂ႐ုစိုက္ခံေနရတဲ့သူက တျခားတစ္ေယာက္ကို ခ်စ္ေပး ဂ႐ုစိုက္ေပးေနတဲ့သူ ရွိတယ္ဆိုတာ ေမေမတို႔သိရင္
ဘယ္လိုေနၾကမလဲမသိ။
"သား ေမေမေျပာတာ ၾကားရဲ႕လား"
"ဗ်ာ ေဆာ္ရီးေမေမ သားမၾကားလိုက္လို႔"
"ေအာ္ သားေလး ဘယ္ေတာ့ျပန္လာမွာလဲလို႔ ေမးတာ"
"အာ ေနာက္တစ္လေလာက္ဆို သားအိမ္ခဏျပန္လာမယ္ေလ အခုရက္ပိုင္းက သားလည္း သိပ္မအားလို႔"
"ငါ့ေမာင္ေလးကေတာ့ အိမ္ကိုေတာင္ သတိရေဖာ္မရေတာ့ဘူးပဲ ဘာလဲ ေကာင္မေလးေတြ႕ေနၿပီလား"
အျပင္က ျပန္လာဟန္တူသည့္ မမအသံကို ၾကားလိုက္ရသည္။မမသည္လည္း ဒုတိယအေမပင္။
အသက္သိပ္မကြာေပမဲ့ အေမတစ္ေယာက္လို
အမတစ္ေယာက္လို ခ်စ္ခင္ယုယေပးသူပင္။
ဘ၀မွာ ဒီလိုအမမ်ိဳးရတာလည္း ဘုရားေပးတဲ့ လက္ေဆာင္ပဲ ထင္ပါတယ္။
"မရွိရပါဘူး မမရယ္ သားက လူပ်ိဳႀကီးပဲ လုပ္မွာ
မမလိုေပါ့"
"အမယ္ ကိုယ္ေတာ္ေခ်ာ ကြၽန္မက မရတာမဟုတ္ဘူးေနာ္ မယူတာ ကိုယ့္ရဲ႕ တစ္ဦးတည္း
ေသာ ေမာင္ငယ္ေလးကို စိတ္မခ်လိဳ႕ နင္သာ
အမ်ိဳးသမီးေကာင္းေလးနဲ႕ လက္ထပ္ၿပီးရင္ ငါလည္း
အိမ္ေထာင္ျပဳမွာ"
စိတ္မေကာင္းပါဘူးမမရယ္ မမေမာင္ေလးက
အမ်ိဳးသမီးေကာင္းေလးနဲ႕ လက္ထပ္မွာမဟုတ္ဘူး။
အမ်ိဳးသားဆိုးေလးနဲ႕ လက္ထပ္မွာဗ် လက္ထပ္မွာ။
"ေနာက္ကား ေက်ာ္တက္ရမယ္ဆိုပါေတာ့"
"မေက်ာ္တတ္လို႔ အတင္းဝိုင္းတြန္းတင္ေနရတာေပါ့ဟယ္"
"ဟားဟား ေဖေဖေရာမမ "
"သားေရ သားေဖေဖက အလုပ္ကျပန္မေရာက္ေသးဘူး
သားအေဖကိုလည္း ဖုန္းေလးဘာေလးဆက္ပါအုံး
သူ႕ခမ်ာ သားကိုသတိရေနရွာတာ ပါးစပ္ကသာဖြင့္မေျပာေပးမဲ့ သူက သားကို သိပ္ခ်စ္တာ"
"ဟုတ္ပါၿပီ ေမေမရယ္ သား ညက်ရင္တစ္ခါ ထပ္ဆက္မယ္ေနာ္ အခုေတာ့ တာ့တာ ခ်စ္တယ္ အာဘြား မမ
ခ်စ္တယ္ေနာ္ အာဘြား"
စကာစျဖတ္ၿပီး အိမ္သာအျပင္ကို ျပန္ထြက္ရသည္။ အိမ္ကလူေတြက စကားစမျဖတ္လို႔မရဘူး တေနကုန္ေျပာဆိုလည္း
သူနဲ႕သာဆို မကုန္မခမ္းနိုင္တဲ့ စကားေတြ ရွိေနတတ္သည္။
တံခါးဖြင့္လိုက္ေတာ့ အိမ္သာေရွ႕မွာ ေခါင္းကိုပြတ္ၿပီး ဟိုဘက္သည္ဘက္ အျပန္အလွန္ေလွ်ာက္ေနသည့္ ဒီေရကို ေတြ႕လိုက္ရသည္။
"ဒီေရ ဘာလုပ္ေနတာလဲ ဒီမွာ"
"အာာ ေရ ...ေရဆာလို႔"
"ေရဆာရင္ မီးဖိုထဲသြားေလ ဘာလို႔ အိမ္သာလာတာလည္း"
"အင္းးး အဲ့တာက ေရကေသာက္ၿပီးၿပီ အေပါ့သြားမလို႔ လာတာ ဖယ္ေပး"
အေသးေလးကို တြန္းတိုက္ၿပီး အိမ္သာထဲ ခပ္တည္တည္နဲ႕ ၀င္လာရသည္။အိမ္သာဖုံးေပၚထိုင္ခ်ၿပီး
ေတြေနမိသည္။ဖုန္းေျပာတာ သူ႕ေရွ႕ေျပာလို႔ရတာကို
ဘာလို႔ အိမ္သာထဲမွာ လာေျပာရတာလဲ။စိတ္ထဲစနိုးစေနာင့္ ျဖစ္လို႔ လာေခ်ာင္းတာ။ ခ်စ္တယ္ အာဘြားပဲ ၾကားလိုက္ရတယ္ သူဘယ္သူနဲ႕ ေျပာေနတာပါလိမ့္။
(မမညေမႊးရဲ႕ စာအုပ္ေလးေရာက္လာၿပီးတဲ့အျပင္ အိတ္နဲ႕ အက်ီေလးပါ ဒီေန႕ထပ္ေရာက္လာတယ္
ဟီးဟီး စိတ္ခ်မ္းသာလိုက္တာ ၿပီးေတာ့ သဲငယ္ေလးတို႔ဆီက ကိုယ့္ကေလးေလးေတြကို သေဘာက်တဲ့အျပင္ followေလးေတြ လုပ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္ 0 followerကေန80 ျဖစ္သြားပါၿပီ ဆာရာငဲ)