Zawgyi
~~~ျမနန္းစံေတာ္~~~
အပိုင္း(၄)
စာခ်ဳပ္ေပၚလက္မွတ္ထိုးျပီးသည္ႏွင့္ ဘာရယ္မဟုတ္ သူမစိတ္ေတြေလးလံသြားမိသည္။ သူက သူမလက္မွတ္ထိုးထားသည့္စာခ်ဳပ္ကို ေကာက္သိမ္းလိုက္ရင္းႏွင့္.....
"သေဘာတူညီမႈအရ မင္းကိုယ့္အတြက္ တစ္ႏွစ္အလုပ္လုပ္ေပးရမယ္ ဘာအေၾကာင္းပဲျဖစ္ျဖစ္ ကိုယ္ခြင့္မျပဳရင္မင္းျပန္မလာရဘူး တကယ္လို႔ တစ္ႏွစ္ျပည့္သြားခဲ႔ရင္ ကိုယ့္ကိစၥေတြမျပီးလည္းအခ်ိန္မေရြးမင္းျပန္လာလို႔ရတယ္"
"ဟုတ္ကဲ႔..."
"ကိုယ့္ဖက္ကပဲမင္းကိုအဆက္အသြယ္လုပ္မယ္ လိုအပ္တဲ့လမ္းညႊန္မႈေတြေပးမယ္ ကိုယ္ခိုင္းတာကိုပဲမင္းလုပ္ရမယ္ အေရးၾကီးတာကအေနအထိုင္ပိရိပါေစ "
ေခါင္းေလးအသာညိတ္ျပီးသူေျပာသမ်ွျငိမ္ျပီး နားေထာင္မိသည္။ သူမမွာေျပာစရာစကားမွမရွိတာ......
သူ သူမမ်က္ႏွာေလးကိုေစ့ေစ့ၾကည့္ျပီး
"တကယ္လို႔ ျမနန္းစံေတာ္က မင္းဘာအတြက္ လာသလဲဆိုတာသိသြားခဲ႔ရင္ မင္းလံုျခံဳေရးအတြက္ ကိုယ္အာမမခံႏုိင္ဘူး အကၡရာေမ"
"ရွင္..."
"ငါ့ညီမဘာျဖစ္ခဲ႔သလဲဆိုတာေတာင္ မသိႏုိင္လို႔ မင္းကိုလြတ္ခဲ႔တာပါအကၡရာေမ ဒါေၾကာင့္ျမနန္းစံေတာ္မွာ မင္းအျပည့္အဝလံုျခံဳလိမ့္မယ္လို႔ ကိုယ္အာမမခံႏုိင္တာအမွန္ပဲ ကိုယ္အာမခံႏုိင္တာတစ္ခုက ရွားထက္သားအတြက္ေတာ့ မင္းလံုးဝစိတ္ခ်ေနပါ"
အကၡရာသက္ျပင္းသဲ႔သဲ႔ေလးခ်မိ၏။ သူမဘာကိုစိုးရြံ႕ေနဦးမည္နည္း....
တကယ္လို႔ျမနန္းစံေတာ္က သားသတ္ရုံဆိုေတာင္ သားသားဘဝအတြက္လည္စင္းေပးဖို႔ သူမသြားကိုသြားရမည္သာ။
ဘယ္အရာကမ်ားသားသားထက္ပိုအေရးၾကီးေနဦးမွာလဲ....
အေတြးျဖင့္ အကၡရာေမ ျပံဳးလိုက္ျပီး
"ကၽြန္မအတြက္ကအဆင္ေျပပါတယ္ သားသားကိုသာဂ႐ုစိုက္ေပးပါ ရွင့္လက္ထဲယံုၾကည္စိတ္ခ်စြာနဲ႔ အပ္ထားပါရေစ"
"စိတ္မပူပါနဲ႔ ရွားထက္သား မ်က္လံုးခြဲစိတ္ကုသဖို႔အေကာင္းဆံုးဆရာဝန္ၾကီးေတြနဲ႔ ကိုယ္စီစဥ္ထားျပီးျပီ သူခြဲစိတ္မယ့္ေန႔ေတာ့ မင္းရွိေနႏုိင္မွာမဟုတ္တဲ႔အတြက္ အဲ႔ဒီေန့က်ရင္ မင္းနဲ႔သူဖုန္းေျပာႏုိင္ေအာင္ကိုယ္စီစဥ္ေပးမယ္ ခြဲစိတ္ကုသမႈေအာင္ျမင္ျပီးခဲ႔ရင္ အေကာင္းဆံုးေက်ာင္းထားေပးမယ္ မင္းလုပ္သမ်ွအရာေတြအားလံုးဟာ မင္းေမာင္ေလးအတြက္အေကာင္းေတြခ်ည္း ျဖစ္ေစရမယ္ဆိုတာ စိတ္ထဲသြင္းထားပါ"
"ေက်းဇူးတင္ပါတယ္ကိုယမ္းစက္ရွင္ သားသားက ကၽြန္မဘဝပါ ရွင္သူ႔အေပၚတစ္ခါေကာင္းတိုင္း ကၽြန္မအေပၚဆယ္ခါေက်းဇူးတင္ေနမွာပါ ရွင့္ညီမေလးအတြက္လည္း ကၽြန္မအေကာင္းဆံုး ၾကိဳးစားေပးပါ့မယ္ "
ထိုစကားကိုသူမရင္ထဲရွိသည့္တိုင္း ေလးေလးနက္နက္ပင္ ေျပာလိုက္သည္။ သားသားအနာဂတ္လင္းလက္ဖို႔ ရင္းႏွီးျမွပ္ႏွံ႔ရမည့္အရာက သူမဘဝျဖစ္ခဲ႔မယ္ဆိုရင္ေတာင္.....
အကၡရာေနာင္တရမည္ မဟုတ္ပါ။ အေမွာင္ထဲက သားသားငိုသံေတြေပ်ာက္ကြယ္ဖို႔အတြက္ ဘာမဆို သူမစေတးရဲပါသည္။
"တစ္ခုေတာ့ မင္းကိုသတိေပးခ်င္တယ္"
"ဟုတ္ကဲ႔....ေျပာပါ"
"ျမနန္းစံေတာ္နဲ႔ပတ္သတ္ျပီး တစ္ခ်ိဳ႕ေကာလဟာလေတြနားမေယာင္ပါနဲ႔ ေခါင္းထဲလည္း မထည့္မိေစနဲ႔"
"ရွင္......"
ရူပ္ေထြးသြားသည့္စိတ္ႏွင့္သူ႔ကိုဖ်တ္ခနဲ႔ေမာ့ၾကည့္မိေတာ့ သူကေခါင္းတစ္ခ်က္သာ ညိတ္ျပသည္။ ဘာမွဆက္မေျပာ. ...
သိခ်င္စိတ္ေလးျဖင့္ အကၡရာမဝံ့မရဲေမးလိုက္မိသည္။
"ျမနန္းစံေတာ္မွာဘယ္လိုကိစၥေတြရွိလို႔လဲ"
"အလကားပါ ေရွးေဟာင္းအိမ္ဆိုေတာ့ အမ်ိဳးမ်ိဳး ေျပာၾကလိမ့္မယ္ မင္းစိတ္ထဲမထားဖို႔ပဲ လိုတယ္ "
ေျဖခ်င္ပံုမရသျဖင့္ သူမဆက္မေမးေတာ့ပါ။ သူ့မ်က္ႏွာထက္မွတစ္စံုတရာကို လွ်ိဳဝွက္ထားလိုဟန္ေတြခံစားမိေသာ္လည္း သူမဘာမ်ားတတ္ႏုိင္မွာလဲ။ ဘာပဲျဖစ္ျဖစ္ ျမနန္းစံေတာ္ကို သူမသြားရမည္သာ။
"ဆူးအတြက္ငါ့ေမွ်ာ္လင့္ခ်က္ေတြ အကုန္မင္းဆီ ပံုအပ္ထားတယ္အကၡရာ ငါသူ႔ကိုျပန္ရခ်င္တယ္ ဒါငါ့ဘဝမွာအလိုခ်င္ဆံုးဆႏၵပဲ"
"ကၽြန္မ အတတ္ႏုိင္ဆံုးၾကိဳးစားေပးပါ့မယ္"
"ျမနန္းစံေတာ္မွာငါ့ညီမကိုေတြ႔ေအာင္ရွာေပးပါ ဘယ္လိုအေျခအေနနဲ႔ျဖစ္ျဖစ္ ဘယ္လိုအေနအထားနဲ႔ျဖစ္ျဖစ္ ငါလက္ခံေပးမယ္ မင္းသူ႔ကိုရွာေတြ႕ဖို႔ပဲလိုတယ္"
ေျပာရင္းအစဥ္မာေၾကာေနတတ္ေသာ သူ႔အသံက တုန္ယင္သြားသည္ကို အကၡရာသတိျပဳမိသည္။ စူးရွထက္ျမက္ေသာမ်က္ဝန္းတို႔ကလည္း မႈိင္းညိွဳ႕ေနသည္ကိုျမင္ေတာ့.....
သူမ ရင္ထဲမေကာင္းျဖစ္မိသည္။ ကိုယ္တိုင္ကလည္း အစ္မတစ္ေယာက္ျဖစ္ေနသည္မို႔ သူ႔ခံစားခ်က္ကို ေကာင္းေကာင္းနားလည္ႏုိင္ပါသည္။ ခ်စ္ျခင္းမွမဟုတ္ပါ... ေမတၱာလည္းေလာင္ျမိွက္တတ္သည္ပဲေလ
သူမသည္လည္း ေမတၱာမီးေတာက္ေတြၾကား ပူေလာင္ခဲ႔ရဖူးပါတယ္။ သူ႔နာက်င္မူက အကၡရာရင္ကိုပါထိခိုက္ေစေတာ့ သက္ျပင္းေလးသာခိုးရူိက္လိုက္ရင္း
"ကၽြန္မကတိေပးပါတယ္ ႏွင္းဆီဆူးကို ရွာေတြ႔ႏုိင္ေအာင္ကၽြန္မၾကိဳးစားေပးမယ္ ရွင့္ညီမေလးနဲ႔႐ွင္ျပန္ဆံုရမွာပါ"
သူ ေအးစက္စက္ျပံဳးလိုက္မိသည္။ ဒီေမ်ွာ္လင့္ခ်က္ေတြနဲ႔ဒီအခ်ိန္ထိ ဘယ္ေလာက္ေတာင္ ေတာင့္ခံၿပီး ေနခဲ႔ရသလဲ...
ဆူးဘာမ်ားျဖစ္ေနသလဲဆိုတာေတာင္ သိခြင့္မရခဲ႔သည့္အေျခအေနတစ္ခုမွာ သူနာက်င္ခဲ႔ရတဲ႔ညေတြက ထုနဲ႔တည္း...
တကယ္လို႔..ဒီေလာကထဲဆူးမရွိေတာ့ဘူးဆိုရင္
အေတြးျဖင့္ အံကိုတင္းခနဲ႔ၾကိတ္မိသည္။ ျမနန္းစံေတာ္ဆိုတာ ဘာဘဲျဖစ္ေနပါေစ......
ညီမေလးအတြက္ အေကာင္းဆံုးသူတုန့္ျပန္မည္။ ပူေလာင္စြာစီးဝင္လာေသာ အမုန္းတရားတို႔ျဖင့္ သူ႔မ်က္ႏွာကေအးစက္တင္းမာလာသည္။ သူ႔ေရွ႕တြင္ရွိေနေသာမိန္းခေလးကို သူစူးခနဲ႔ၾကည့္မိသည္။
အကၡရာေမ.......တဲ့
နာမည္လွသလိုလူလည္းေတာ္ေတာ္လွသည္။
ဆံပင္ရွည္ၾကီးေတြႏွင့္အိစက္လွပလြန္းေသာ သူမက သူ႔အတြက္ေတာ့ အသံုးခ်ခံသပ္သပ္သာ။ ႏူးညံ႔လြန္းေသာသူမက နာမည္ဆိုးႏွင့္ ေက်ာ္ၾကားေသာ ျမနန္းစံေတာ္ကို သြားရမည္။
ျမနန္းစံေတာ္မွာ ဘယ္လိုဆိုးဝါးရက္စက္မႈေတြ ရွိသလဲဆိုတာသူမေျပာဘဲတမင္ဖံုးကြယ္ထားလိုက္သည္။ ဆူးကိုျပန္ရဖို႔အတြက္ သူမကိုေစလြတ္ခဲ႔သည္ပဲေလ...
တရားသည္ မတရားသည္ သူဂ႐ုမစိုက္ပါ။ ဒီအရာေတြအတြက္ သူ႔ဖက္က သူမလိုအပ္သည့္အရာေတြအကုန္ျဖည့္ဆည္းေပးျပီးသားပါ။ တန္ရာျပန္လုပ္ေပးရမွာလည္း သူမတာ၀န္။
က်န္တာေတြ သူမစဥ္းစားခ်င္ေတာ့ပါ။ လိုလည္း မလိုအပ္ပါ။ ယမ္းစက္ရွင္ႏွင့္အကၡရာေမဆိုတာ ကိုယ္လိုခ်င္တာတစ္ခုအတြက္တစ္ခုကို ေပးထားၾကျခင္းသာ။
ဒီၾကားထဲဘာမွရွိစရာမလိုပါ။ အေတြးျဖင့္ သူထရပ္လိုက္ျပီး
"ဒီေလာက္နဲ႔ေတာ္ရေအာင္ ငါနားေတာ့မယ္ မင္းလည္းခ႐ီးထြက္ရမယ္ဆိုေတာ့ ျပင္ဆင္သင့္တာေတြ ျပင္ထားလိုက္ဦး ပန္းျခံထဲမွာမင္းေမာင္ေလး႐ွိတယ္ သြားေတြ႔ခ်င္ေတြ႕လိုက္ပါ"
ေျပာျပီးလွည့္အထြက္တစ္စံုတရာကို အမွတ္ရဟန္ျဖင့္
"ေနဦးမင္းကိုေပးစရာရွိေသးတယ္"
"ေပးစရာ........"
ေျပာရင္းႏွင့္အခန္းထဲဝင္သြားသျဖင့္ သူမသာအူေၾကာင္ေၾကာင္ႏွင့္က်န္ခဲ႔ရသည္။ ခဏေနျပန္ထြက္လာေတာ့လက္ထဲပါလာသည္က ကတၳီပါ ဗူးေသးေသးေလးတစ္ဗူး..
အထဲမွာေတာ့ ေငြေရာင္ဆြဲၾကိဳးေလးတစ္ခု
လက္စြပ္ေသးေသးေလးတစ္ခုႏွင့္ တြဲခ်ဥ္ထားပါရဲ႔.......
"ဒီဆြဲၾကိဳးကိုအျမဲဆြဲထားပါ တကယ္လို႔ ဆူးနဲ႔မင္းဆံုတဲ႔အခါ မင္းကငါ့လူဆိုတာ သူသိလိမ့္မယ္ ဖယ္မင္းဆံပင္ေတြ မထားေပး ငါဆြဲေပးမယ္"
ေျပာေျပာဆိုဆိုႏွင့္ဆြဲေပးဖို႔ျပင္ေတာ့ သူမေယာင္ျပီးဆံပင္ေတြဖယ္ေပးမိသည္။ နီးကပ္လြန္းသည့္အေနအထားေၾကာင့္ ဘာရယ္မသိရင္က လိႈက္ခနဲ႔....
ေႏြးေထြးသည့္အသက္ရႈသံက အကၡရာတစ္ကိုယ္လံုးကို ေအးစက္သြားေစ၏။
ဘုရားေရ..... သူမဘာျဖစ္ေနပါလိမ့္
"ဘယ္ေသာမွဒီဆြဲၾကိဳးကိုမခၽြတ္မိေစနဲ႔အကၡရာ"
"ဟုတ္ကဲ႔ပါ..."
သူမအသံကသိသာစြာပင္ တိုးေဖ်ာ့ေနပါသည္။
"ျမနန္းစံေတာ္ကိုေရာက္ရင္ ဂရုစိုက္ေနပါ"
ရင္ထဲေႏြးခနဲ႔......။သို႔ေသာ္
"ဆူးကိုျပန္ေတြ႕ဖို႔က မင္းအေပၚပဲမူတည္တယ္"
သက္ျပင္းေလးခ်ရင္း ကိုယ့္ကိုကိုယ္ ရယ္ခ်င္မိသည္။ ဘာေတြေလွ်ာက္ေတြးေနမိပါလိမ့္
သူႏွင့္အကၡရာၾကားလုပ္ငန္းသေဘာသာရွိသည္မဟုတ္လား။ သူကေပးသည္။သူမ ယူသည္။ ယူခဲ႔တာေတြအတြက္ သူမျပန္ေပးရမယ္....
ဒီေလာက္ပါပဲ..။အေတြးကိုျဖတ္ျပီး ပန္းျခံထဲဆင္းလာလိုက္သည္။ ခံုတန္းေလးေပၚထိုင္ေနသည့္သားသားမ်က္ႏွာက ၾကည္လင္ဝပလို့ေနပါရဲ႔
သားမ်က္ႏွာေလးၾကည္ေနတာျမင္ေတာ့ ရင္ထဲအလိုလို ၾကည္ႏူးသြားမိသည္။ သားေဘးနား၀င္ထိုင္လိုက္ရင္း.......
"သားသားဘာေတြေတြးေနလဲ မမကိုေျပာျပေလ"
"ပန္းရနံ႔ေတြကအရမ္းေမြးတာပဲမမ ပန္းျခံၾကီးက အရမ္းလွမွာပဲေနာ္"
"သိပ္လွတာေပါ့သားသားရဲ႔ သိပ္မၾကာေတာ့ဘူး သားလည္းဒီဥယ်ာဥ္ေလးဘယ္ေလာက္လွလဲဆိုတာ သိရေတာ့မယ္ေနာ္"
သူမေမွ်ာ္လင့္သလိုသားမ်က္ႏွာကေပ်ာ္႐ႊင္သြားဟန္မရွိပါ။ ညိွဳးငယ္စြာႏွင့္ပင္...
"မမ သြားေတာ့မွာလားဟင္"
"သြားရေတာ့မွာေပါ့...သားရယ္ သားသားမ်က္လံုးျမင္ရဖို႔အတြက္ မမ အလုပ္သြားလုပ္တာပါ"
"သား မမနဲ႔မခြဲခ်င္ဘူး "
သားဆံပင္ေလးကိုဖြသပ္ေပးမိရင္း သူမအားတင္းျပံဳးလိုက္ျပီး
"မမလည္းဘယ္ခြဲခ်င္မလဲသားရယ္ သားေကာင္းဖို႔အတြက္မမလုပ္ေနတာပါ မၾကာပါဘူး မမအလုပ္ျပီးတာနဲ႔ျပန္လာပါ့မယ္ေနာ္"
"အျမန္ျပန္လာခဲ႔ေနာ္ မမ"
"အင္းပါ မမ ကတိေပးပါတယ္"
"ေသခ်ာျပန္လာေပးပါေနာ္မမသားမ်က္လံုးမျမင္ရရင္ေနပါေစေတာ့မမရွိရင္သားေပ်ာ္ပါတယ္"
အို....သားရယ္။ ရင္ထဲနင့္ကနဲ႔ျဖစ္သြားသလို မ်က္ရည္အခ်ိဳ႕ကေပါက္ခနဲ႔........။ တကယ္တမ္းခြဲရမယ္ဆိုေတာ့ သားေလးမေပ်ာ္ႏုိင္ရွာပါလားသူမကေရာဘာထူးလဲ သားကိုခြဲႏုိင္ပါမည္လား
အေတြးႏွင့္တင္ရင္ထဲစို႔နင့္လာေတာ့သည္။ နာက်င္မူေတြရင္ႏွင့္မဆန္႔လည္း သားကိုထားျပီး သူမ သြားကိုသြားရမည္။
အေမွာင္ကမာၻထဲဆက္ျပီးဘယ္နည္းနဲ႔မွ သားမရွင္သန္ေစရပါ။ သားအလင္းေရာင္ေတြ႔ဖို႔ သူမမ်က္လံုးေတြေဖာက္ထုတ္ပစ္ရမယ္ဆိုရင္ေတာင္ အကၡရာလုပ္ဖို႔ ဝန္မေလးပါ။
သားေပၚထားတဲ႔ခ်စ္ျခင္းေမတၱာႏွင့္ျမနန္းစံေတာ္မွာ ျဖတ္သန္းရမည့္ေန႔ေတြကို သူမရေအာင္ေက်ာ္ျဖတ္မည္။ သားသားဆီျပန္မလာႏုိင္စရာ အေၾကာင္းမရွိပါ။
မ်က္ရည္အခ်ိဳ႕ကို လက္ႏွင့္အသာသုတ္လိုက္ရင္းသားကိုတင္းတင္းေပြ႔ဖက္ထားလိုက္မိသည္။
"ျပန္လာမွာေပါ့သားကလဲ သတိရရင္ဖုန္းဆက္လို႔ရတာပဲ ျပန္လာမွမမတို႔အတူတူ ေလ်ွာက္လည္ၾကမယ္ေနာ္"
"ဟုတ္ မမ သားသူတို႔နဲ႔ေနခဲ႔ရမလားဟင္ "
"ဟုတ္တယ္သားရဲ႔ ဒီမွာသားအတြက္ အန္တီ့အိမ္ထက္စာရင္ အစစအရာရာအဆင္ေျပတယ္မဟုတ္လား"
ဒီလိုဆိုေတာ့လည္း...သားမျငင္းႏုိင္ရွာပါ။ ခုခ်ိန္ သူမတို႔အိမ္ေပၚကဆင္းသြားသည့္အတြက္ ေဒၚမာယာႏွင္းဝမ္းသာလံုးဆို႔ကာ ေပ်ာ္ပြဲေတြမ်ား က်င္းပေနျပီလားမသိ။ ဘာပဲျဖစ္ျဖစ္ ထိုမိန္းမႏွင့္အကၡရာ ဝဋ္ေၾကြးကုန္ပါျပီေလ။ မုန္းျခင္း ခ်စ္ျခင္းေတြ ရင္ထဲမရွိေတာ့ပါ။
"သားကမ်က္လံုးဖြင့္တာနဲ႔မမ မ်က္ႏွာခ်က္ခ်င္း ျမင္ခ်င္တာ"
"သားရယ္"
ရင္ထဲဘယ္လိုမွမေကာင္းႏုိင္ေတာ့ပါ။ ဝမ္းနည္းလာသည့္စိတ္ကို အတင္းထိန္းထားရင္းႏွင့္...
"အခ်ိန္တန္ေတြ႕ရမွာေပါ့သားရဲ႕ သားမ်က္လံုး
ျမင္တာနဲ႔ ကိုယမ္းစက္ရွင္ကိုကန္ေတာ့ရမယ္ေနာ္ သူကသားရဲ႔ေက်းဇူးရွင္ဆိုတာမေမ့နဲ႔ "
"ဒါပင္မယ့္ အဲ႔ဒီအတြက္မမလည္း အေဝးၾကီးသြားျပီး အလုပ္လုပ္ရတာပဲကို "
"အဲ့လိုမေတြးရဘူးသား တစ္လုပ္စားဖူးတာကို သူ႔ေက်းဇူးလို႔ေတာင္သတ္မွတ္ၾကေသးတာပဲ သားရဲ႔အျမင္အာရုံေတြျပန္ရေအာင္ သူလုပ္ေပးတာ ဘယ္ေလာက္ေတာင္ေက်းဇူးၾကီးလဲ သူေပးလည္းငါျပန္လုပ္ေပးရတာပဲ ေက်းဇူးတင္စရာမလိုဘူးဆိုတဲ႔စိတ္ေတြထားၾကလို႔ လူ႔ဝန္းက်င္ၾကီးကပ်က္ဆီးေနတာ မွတ္ထားသား သူေကာင္းေကာင္းမေကာင္းေကာင္း ကိုယ္ကေကာင္းေအာင္ေန ကိုယ့္အေပၚေကာင္းခဲ႔တာေတြအတြက္ ဘယ္ေသာမွမေမ့ေလ်ာ့နဲ႔ ဒီေလာကမွာ ေက်းဇူးတရားေမ့တတ္တာေလာက္ရုိင္းစိုင္းတာမ႐ွိဘူး"
"ဟုတ္ကဲ႔ပါ မမ သားမွတ္ထားပါ့မယ္ "
"ကိုယမ္းစက္ရွင္ေျပာတဲ႔စကားေတြနားေထာင္ရမယ္ေနာ္ သားသား လိမ္လိမ္မာမာေနျပီး အလိုက္သိရမယ္"
"ဟုတ္ကဲ႔ သားမမစကားေတြအကုန္နားေထာင္ပါ့မယ္ မမသာသားဆီအျမန္ဆံုးလာခဲ႔ပါေနာ္"
ေျပာရင္း သားငိုခ်လာေတာ့ သူမရင္ထဲနာမိသည္။ဟင့္အင္း.... မငိုပါနဲ႔သားရယ္..........
သူမသာေသေလာက္ေအာင္နာက်င္ပါေစ။သားမ်က္ရည္ကိုေတာ့အလိုမရွိပါ။ အကၡရာ အံကိုတင္းတင္းၾကိတ္ထားလိုက္ရင္းႏွင့္
"မငိုနဲ႔သားမ်က္ရည္က်တာ မမမျမင္ခ်င္ဘူးေနာ္"
ေလသံမာသြား၍ထင့္။သားမ်က္ရည္ကို ကပ်ာကယာသုတ္ရင္း သူမကိုတင္းတင္းဖက္ထားရွာသည္။
သားသားငိုတာမၾကိဳက္ေသာ အကၡရာေမ ..
သားကိုေပြ႕ဖက္ရင္း မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်ေနမိ၏။ ရူိက္သံမထြက္ေအာင္ထိန္းထားရင္း ရင္ေတြကြဲလုမတက္... ခြဲခြာမူအတြက္နာက်င္မႈက တနင့္တပိုး...
ဝမ္းနည္းျခင္းေတြကိုခံစားမိသေယာင္ႏွင့္
ဥယ်ာဥ္ၾကီးက တိတ္ဆိတ္လို႕......
ပန္းေတြလည္းမေမြးေတာ့ပါ...ဌက္ေတြေတာင္ယေတးမသီေတာ့။ အရာရာဟာ ျငိမ္သက္လို႔..။
မ်က္ရည္ေတြၾကားမွသူမတိုးတိတ္စြာ ဆုေတာင္းေနမိ၏။ ေဖေဖနဲ႔ေမေမသားသားကို ေစာင့္ေရွာက္ေပးပါ
ဟင့္အင္း.......အကၡရာကိုေမ့ခ်င္ေမ့ထားပါ
သား ကိုပဲေစာင့္ေရွာက္ပါ။သားက အကၡရာဘဝမို႔ပါ။ သားအေပၚသူမ၏ခ်စ္ျခင္းေမတၱာေတြ
ျဖဴစင္သန္႔စင္ခဲ႔ပါသည္။
ဤမွန္ေသာ သစၥာတရားေၾကာင့္.......
သားဘဝ ျငိမ္းခ်မ္းရပါေစလို၏။
ဆက္ရန္......
Unicode
~~~မြနန်းစံတော်~~~
အပိုင်း(၄)
စာချုပ်ပေါ်လက်မှတ်ထိုးပြီးသည်နှင့် ဘာရယ်မဟုတ် သူမစိတ်တွေလေးလံသွားမိသည်။ သူက သူမလက်မှတ်ထိုးထားသည့်စာချုပ်ကို ကောက်သိမ်းလိုက်ရင်းနှင့်.....
"သဘောတူညီမှုအရ မင်းကိုယ့်အတွက် တစ်နှစ်အလုပ်လုပ်ပေးရမယ် ဘာအကြောင်းပဲဖြစ်ဖြစ် ကိုယ်ခွင့်မပြုရင်မင်းပြန်မလာရဘူး တကယ်လို့ တစ်နှစ်ပြည့်သွားခဲ့ရင် ကိုယ့်ကိစ္စတွေမပြီးလည်းအချိန်မရွေးမင်းပြန်လာလို့ရတယ်"
"ဟုတ်ကဲ့..."
"ကိုယ့်ဖက်ကပဲမင်းကိုအဆက်အသွယ်လုပ်မယ် လိုအပ်တဲ့လမ်းညွှန်မှုတွေပေးမယ် ကိုယ်ခိုင်းတာကိုပဲမင်းလုပ်ရမယ် အရေးကြီးတာကအနေအထိုင်ပိရိပါစေ "
ခေါင်းလေးအသာညိတ်ပြီးသူပြောသမျှငြိမ်ပြီး နားထောင်မိသည်။ သူမမှာပြောစရာစကားမှမရှိတာ......
သူ သူမမျက်နှာလေးကိုစေ့စေ့ကြည့်ပြီး
"တကယ်လို့ မြနန်းစံတော်က မင်းဘာအတွက် လာသလဲဆိုတာသိသွားခဲ့ရင် မင်းလုံခြုံရေးအတွက် ကိုယ်အာမမခံနိုင်ဘူး အက္ခရာမေ"
"ရှင်..."
"ငါ့ညီမဘာဖြစ်ခဲ့သလဲဆိုတာတောင် မသိနိုင်လို့ မင်းကိုလွတ်ခဲ့တာပါအက္ခရာမေ ဒါကြောင့်မြနန်းစံတော်မှာ မင်းအပြည့်အဝလုံခြုံလိမ့်မယ်လို့ ကိုယ်အာမမခံနိုင်တာအမှန်ပဲ ကိုယ်အာမခံနိုင်တာတစ်ခုက ရှားထက်သားအတွက်တော့ မင်းလုံးဝစိတ်ချနေပါ"
အက္ခရာသက်ပြင်းသဲ့သဲ့လေးချမိ၏။ သူမဘာကိုစိုးရွံ့နေဦးမည်နည်း....
တကယ်လို့မြနန်းစံတော်က သားသတ်ရုံဆိုတောင် သားသားဘဝအတွက်လည်စင်းပေးဖို့ သူမသွားကိုသွားရမည်သာ။
ဘယ်အရာကများသားသားထက်ပိုအရေးကြီးနေဦးမှာလဲ....
အတွေးဖြင့် အက္ခရာမေ ပြုံးလိုက်ပြီး
"ကျွန်မအတွက်ကအဆင်ပြေပါတယ် သားသားကိုသာဂရုစိုက်ပေးပါ ရှင့်လက်ထဲယုံကြည်စိတ်ချစွာနဲ့ အပ်ထားပါရစေ"
"စိတ်မပူပါနဲ့ ရှားထက်သား မျက်လုံးခွဲစိတ်ကုသဖို့အကောင်းဆုံးဆရာဝန်ကြီးတွေနဲ့ ကိုယ်စီစဉ်ထားပြီးပြီ သူခွဲစိတ်မယ့်နေ့တော့ မင်းရှိနေနိုင်မှာမဟုတ်တဲ့အတွက် အဲ့ဒီနေ့ကျရင် မင်းနဲ့သူဖုန်းပြောနိုင်အောင်ကိုယ်စီစဉ်ပေးမယ် ခွဲစိတ်ကုသမှုအောင်မြင်ပြီးခဲ့ရင် အကောင်းဆုံးကျောင်းထားပေးမယ် မင်းလုပ်သမျှအရာတွေအားလုံးဟာ မင်းမောင်လေးအတွက်အကောင်းတွေချည်း ဖြစ်စေရမယ်ဆိုတာ စိတ်ထဲသွင်းထားပါ"
"ကျေးဇူးတင်ပါတယ်ကိုယမ်းစက်ရှင် သားသားက ကျွန်မဘဝပါ ရှင်သူ့အပေါ်တစ်ခါကောင်းတိုင်း ကျွန်မအပေါ်ဆယ်ခါကျေးဇူးတင်နေမှာပါ ရှင့်ညီမလေးအတွက်လည်း ကျွန်မအကောင်းဆုံး ကြိုးစားပေးပါ့မယ် "
ထိုစကားကိုသူမရင်ထဲရှိသည့်တိုင်း လေးလေးနက်နက်ပင် ပြောလိုက်သည်။ သားသားအနာဂတ်လင်းလက်ဖို့ ရင်းနှီးမြှပ်နှံ့ရမည့်အရာက သူမဘဝဖြစ်ခဲ့မယ်ဆိုရင်တောင်.....
အက္ခရာနောင်တရမည် မဟုတ်ပါ။ အမှောင်ထဲက သားသားငိုသံတွေပျောက်ကွယ်ဖို့အတွက် ဘာမဆို သူမစတေးရဲပါသည်။
"တစ်ခုတော့ မင်းကိုသတိပေးချင်တယ်"
"ဟုတ်ကဲ့....ပြောပါ"
"မြနန်းစံတော်နဲ့ပတ်သတ်ပြီး တစ်ချို့ကောလဟာလတွေနားမယောင်ပါနဲ့ ခေါင်းထဲလည်း မထည့်မိစေနဲ့"
"ရှင်......"
ရူပ်ထွေးသွားသည့်စိတ်နှင့်သူ့ကိုဖျတ်ခနဲ့မော့ကြည့်မိတော့ သူကခေါင်းတစ်ချက်သာ ညိတ်ပြသည်။ ဘာမှဆက်မပြော. ...
သိချင်စိတ်လေးဖြင့် အက္ခရာမဝံ့မရဲမေးလိုက်မိသည်။
"မြနန်းစံတော်မှာဘယ်လိုကိစ္စတွေရှိလို့လဲ"
"အလကားပါ ရှေးဟောင်းအိမ်ဆိုတော့ အမျိုးမျိုး ပြောကြလိမ့်မယ် မင်းစိတ်ထဲမထားဖို့ပဲ လိုတယ် "
ဖြေချင်ပုံမရသဖြင့် သူမဆက်မမေးတော့ပါ။ သူ့မျက်နှာထက်မှတစ်စုံတရာကို လျှိုဝှက်ထားလိုဟန်တွေခံစားမိသော်လည်း သူမဘာများတတ်နိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် မြနန်းစံတော်ကို သူမသွားရမည်သာ။
"ဆူးအတွက်ငါ့မျှော်လင့်ချက်တွေ အကုန်မင်းဆီ ပုံအပ်ထားတယ်အက္ခရာ ငါသူ့ကိုပြန်ရချင်တယ် ဒါငါ့ဘဝမှာအလိုချင်ဆုံးဆန္ဒပဲ"
"ကျွန်မ အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်"
"မြနန်းစံတော်မှာငါ့ညီမကိုတွေ့အောင်ရှာပေးပါ ဘယ်လိုအခြေအနေနဲ့ဖြစ်ဖြစ် ဘယ်လိုအနေအထားနဲ့ဖြစ်ဖြစ် ငါလက်ခံပေးမယ် မင်းသူ့ကိုရှာတွေ့ဖို့ပဲလိုတယ်"
ပြောရင်းအစဉ်မာကြောနေတတ်သော သူ့အသံက တုန်ယင်သွားသည်ကို အက္ခရာသတိပြုမိသည်။ စူးရှထက်မြက်သောမျက်ဝန်းတို့ကလည်း မှိုင်းညှို့နေသည်ကိုမြင်တော့.....
သူမ ရင်ထဲမကောင်းဖြစ်မိသည်။ ကိုယ်တိုင်ကလည်း အစ်မတစ်ယောက်ဖြစ်နေသည်မို့ သူ့ခံစားချက်ကို ကောင်းကောင်းနားလည်နိုင်ပါသည်။ ချစ်ခြင်းမှမဟုတ်ပါ... မေတ္တာလည်းလောင်မြှိက်တတ်သည်ပဲလေ
သူမသည်လည်း မေတ္တာမီးတောက်တွေကြား ပူလောင်ခဲ့ရဖူးပါတယ်။ သူ့နာကျင်မူက အက္ခရာရင်ကိုပါထိခိုက်စေတော့ သက်ပြင်းလေးသာခိုးရိူက်လိုက်ရင်း
"ကျွန်မကတိပေးပါတယ် နှင်းဆီဆူးကို ရှာတွေ့နိုင်အောင်ကျွန်မကြိုးစားပေးမယ် ရှင့်ညီမလေးနဲ့ရှင်ပြန်ဆုံရမှာပါ"
သူ အေးစက်စက်ပြုံးလိုက်မိသည်။ ဒီမျှော်လင့်ချက်တွေနဲ့ဒီအချိန်ထိ ဘယ်လောက်တောင် တောင့်ခံပြီး နေခဲ့ရသလဲ...
ဆူးဘာများဖြစ်နေသလဲဆိုတာတောင် သိခွင့်မရခဲ့သည့်အခြေအနေတစ်ခုမှာ သူနာကျင်ခဲ့ရတဲ့ညတွေက ထုနဲ့တည်း...
တကယ်လို့..ဒီလောကထဲဆူးမရှိတော့ဘူးဆိုရင်
အတွေးဖြင့် အံကိုတင်းခနဲ့ကြိတ်မိသည်။ မြနန်းစံတော်ဆိုတာ ဘာဘဲဖြစ်နေပါစေ......
ညီမလေးအတွက် အကောင်းဆုံးသူတုန့်ပြန်မည်။ ပူလောင်စွာစီးဝင်လာသော အမုန်းတရားတို့ဖြင့် သူ့မျက်နှာကအေးစက်တင်းမာလာသည်။ သူ့ရှေ့တွင်ရှိနေသောမိန်းခလေးကို သူစူးခနဲ့ကြည့်မိသည်။
အက္ခရာမေ.......တဲ့
နာမည်လှသလိုလူလည်းတော်တော်လှသည်။
ဆံပင်ရှည်ကြီးတွေနှင့်အိစက်လှပလွန်းသော သူမက သူ့အတွက်တော့ အသုံးချခံသပ်သပ်သာ။ နူးညံ့လွန်းသောသူမက နာမည်ဆိုးနှင့် ကျော်ကြားသော မြနန်းစံတော်ကို သွားရမည်။
မြနန်းစံတော်မှာ ဘယ်လိုဆိုးဝါးရက်စက်မှုတွေ ရှိသလဲဆိုတာသူမပြောဘဲတမင်ဖုံးကွယ်ထားလိုက်သည်။ ဆူးကိုပြန်ရဖို့အတွက် သူမကိုစေလွတ်ခဲ့သည်ပဲလေ...
တရားသည် မတရားသည် သူဂရုမစိုက်ပါ။ ဒီအရာတွေအတွက် သူ့ဖက်က သူမလိုအပ်သည့်အရာတွေအကုန်ဖြည့်ဆည်းပေးပြီးသားပါ။ တန်ရာပြန်လုပ်ပေးရမှာလည်း သူမတာဝန်။
ကျန်တာတွေ သူမစဉ်းစားချင်တော့ပါ။ လိုလည်း မလိုအပ်ပါ။ ယမ်းစက်ရှင်နှင့်အက္ခရာမေဆိုတာ ကိုယ်လိုချင်တာတစ်ခုအတွက်တစ်ခုကို ပေးထားကြခြင်းသာ။
ဒီကြားထဲဘာမှရှိစရာမလိုပါ။ အတွေးဖြင့် သူထရပ်လိုက်ပြီး
"ဒီလောက်နဲ့တော်ရအောင် ငါနားတော့မယ် မင်းလည်းခရီးထွက်ရမယ်ဆိုတော့ ပြင်ဆင်သင့်တာတွေ ပြင်ထားလိုက်ဦး ပန်းခြံထဲမှာမင်းမောင်လေးရှိတယ် သွားတွေ့ချင်တွေ့လိုက်ပါ"
ပြောပြီးလှည့်အထွက်တစ်စုံတရာကို အမှတ်ရဟန်ဖြင့်
"နေဦးမင်းကိုပေးစရာရှိသေးတယ်"
"ပေးစရာ........"
ပြောရင်းနှင့်အခန်းထဲဝင်သွားသဖြင့် သူမသာအူကြောင်ကြောင်နှင့်ကျန်ခဲ့ရသည်။ ခဏနေပြန်ထွက်လာတော့လက်ထဲပါလာသည်က ကတ္ထီပါ ဗူးသေးသေးလေးတစ်ဗူး..
အထဲမှာတော့ ငွေရောင်ဆွဲကြိုးလေးတစ်ခု
လက်စွပ်သေးသေးလေးတစ်ခုနှင့် တွဲချဉ်ထားပါရဲ့.......
"ဒီဆွဲကြိုးကိုအမြဲဆွဲထားပါ တကယ်လို့ ဆူးနဲ့မင်းဆုံတဲ့အခါ မင်းကငါ့လူဆိုတာ သူသိလိမ့်မယ် ဖယ်မင်းဆံပင်တွေ မထားပေး ငါဆွဲပေးမယ်"
ပြောပြောဆိုဆိုနှင့်ဆွဲပေးဖို့ပြင်တော့ သူမယောင်ပြီးဆံပင်တွေဖယ်ပေးမိသည်။ နီးကပ်လွန်းသည့်အနေအထားကြောင့် ဘာရယ်မသိရင်က လှိုက်ခနဲ့....
နွေးထွေးသည့်အသက်ရှုသံက အက္ခရာတစ်ကိုယ်လုံးကို အေးစက်သွားစေ၏။
ဘုရားရေ..... သူမဘာဖြစ်နေပါလိမ့်
"ဘယ်သောမှဒီဆွဲကြိုးကိုမချွတ်မိစေနဲ့အက္ခရာ"
"ဟုတ်ကဲ့ပါ..."
သူမအသံကသိသာစွာပင် တိုးဖျော့နေပါသည်။
"မြနန်းစံတော်ကိုရောက်ရင် ဂရုစိုက်နေပါ"
ရင်ထဲနွေးခနဲ့......။သို့သော်
"ဆူးကိုပြန်တွေ့ဖို့က မင်းအပေါ်ပဲမူတည်တယ်"
သက်ပြင်းလေးချရင်း ကိုယ့်ကိုကိုယ် ရယ်ချင်မိသည်။ ဘာတွေလျှောက်တွေးနေမိပါလိမ့်
သူနှင့်အက္ခရာကြားလုပ်ငန်းသဘောသာရှိသည်မဟုတ်လား။ သူကပေးသည်။သူမ ယူသည်။ ယူခဲ့တာတွေအတွက် သူမပြန်ပေးရမယ်....
ဒီလောက်ပါပဲ..။အတွေးကိုဖြတ်ပြီး ပန်းခြံထဲဆင်းလာလိုက်သည်။ ခုံတန်းလေးပေါ်ထိုင်နေသည့်သားသားမျက်နှာက ကြည်လင်ဝပလို့နေပါရဲ့
သားမျက်နှာလေးကြည်နေတာမြင်တော့ ရင်ထဲအလိုလို ကြည်နူးသွားမိသည်။ သားဘေးနားဝင်ထိုင်လိုက်ရင်း.......
"သားသားဘာတွေတွေးနေလဲ မမကိုပြောပြလေ"
"ပန်းရနံ့တွေကအရမ်းမွေးတာပဲမမ ပန်းခြံကြီးက အရမ်းလှမှာပဲနော်"
"သိပ်လှတာပေါ့သားသားရဲ့ သိပ်မကြာတော့ဘူး သားလည်းဒီဥယျာဉ်လေးဘယ်လောက်လှလဲဆိုတာ သိရတော့မယ်နော်"
သူမမျှော်လင့်သလိုသားမျက်နှာကပျော်ရွှင်သွားဟန်မရှိပါ။ ညှိုးငယ်စွာနှင့်ပင်...
"မမ သွားတော့မှာလားဟင်"
"သွားရတော့မှာပေါ့...သားရယ် သားသားမျက်လုံးမြင်ရဖို့အတွက် မမ အလုပ်သွားလုပ်တာပါ"
"သား မမနဲ့မခွဲချင်ဘူး "
သားဆံပင်လေးကိုဖွသပ်ပေးမိရင်း သူမအားတင်းပြုံးလိုက်ပြီး
"မမလည်းဘယ်ခွဲချင်မလဲသားရယ် သားကောင်းဖို့အတွက်မမလုပ်နေတာပါ မကြာပါဘူး မမအလုပ်ပြီးတာနဲ့ပြန်လာပါ့မယ်နော်"
"အမြန်ပြန်လာခဲ့နော် မမ"
"အင်းပါ မမ ကတိပေးပါတယ်"
"သေချာပြန်လာပေးပါနော်မမသားမျက်လုံးမမြင်ရရင်နေပါစေတော့မမရှိရင်သားပျော်ပါတယ်"
အို....သားရယ်။ ရင်ထဲနင့်ကနဲ့ဖြစ်သွားသလို မျက်ရည်အချို့ကပေါက်ခနဲ့........။ တကယ်တမ်းခွဲရမယ်ဆိုတော့ သားလေးမပျော်နိုင်ရှာပါလားသူမကရောဘာထူးလဲ သားကိုခွဲနိုင်ပါမည်လား
အတွေးနှင့်တင်ရင်ထဲစို့နင့်လာတော့သည်။ နာကျင်မူတွေရင်နှင့်မဆန့်လည်း သားကိုထားပြီး သူမ သွားကိုသွားရမည်။
အမှောင်ကမ္ဘာထဲဆက်ပြီးဘယ်နည်းနဲ့မှ သားမရှင်သန်စေရပါ။ သားအလင်းရောင်တွေ့ဖို့ သူမမျက်လုံးတွေဖောက်ထုတ်ပစ်ရမယ်ဆိုရင်တောင် အက္ခရာလုပ်ဖို့ ဝန်မလေးပါ။
သားပေါ်ထားတဲ့ချစ်ခြင်းမေတ္တာနှင့်မြနန်းစံတော်မှာ ဖြတ်သန်းရမည့်နေ့တွေကို သူမရအောင်ကျော်ဖြတ်မည်။ သားသားဆီပြန်မလာနိုင်စရာ အကြောင်းမရှိပါ။
မျက်ရည်အချို့ကို လက်နှင့်အသာသုတ်လိုက်ရင်းသားကိုတင်းတင်းပွေ့ဖက်ထားလိုက်မိသည်။
"ပြန်လာမှာပေါ့သားကလဲ သတိရရင်ဖုန်းဆက်လို့ရတာပဲ ပြန်လာမှမမတို့အတူတူ လျှောက်လည်ကြမယ်နော်"
"ဟုတ် မမ သားသူတို့နဲ့နေခဲ့ရမလားဟင် "
"ဟုတ်တယ်သားရဲ့ ဒီမှာသားအတွက် အန်တီ့အိမ်ထက်စာရင် အစစအရာရာအဆင်ပြေတယ်မဟုတ်လား"
ဒီလိုဆိုတော့လည်း...သားမငြင်းနိုင်ရှာပါ။ ခုချိန် သူမတို့အိမ်ပေါ်ကဆင်းသွားသည့်အတွက် ဒေါ်မာယာနှင်းဝမ်းသာလုံးဆို့ကာ ပျော်ပွဲတွေများ ကျင်းပနေပြီလားမသိ။ ဘာပဲဖြစ်ဖြစ် ထိုမိန်းမနှင့်အက္ခရာ ဝဋ်ကြွေးကုန်ပါပြီလေ။ မုန်းခြင်း ချစ်ခြင်းတွေ ရင်ထဲမရှိတော့ပါ။
"သားကမျက်လုံးဖွင့်တာနဲ့မမ မျက်နှာချက်ချင်း မြင်ချင်တာ"
"သားရယ်"
ရင်ထဲဘယ်လိုမှမကောင်းနိုင်တော့ပါ။ ဝမ်းနည်းလာသည့်စိတ်ကို အတင်းထိန်းထားရင်းနှင့်...
"အချိန်တန်တွေ့ရမှာပေါ့သားရဲ့ သားမျက်လုံး
မြင်တာနဲ့ ကိုယမ်းစက်ရှင်ကိုကန်တော့ရမယ်နော် သူကသားရဲ့ကျေးဇူးရှင်ဆိုတာမမေ့နဲ့ "
"ဒါပင်မယ့် အဲ့ဒီအတွက်မမလည်း အဝေးကြီးသွားပြီး အလုပ်လုပ်ရတာပဲကို "
"အဲ့လိုမတွေးရဘူးသား တစ်လုပ်စားဖူးတာကို သူ့ကျေးဇူးလို့တောင်သတ်မှတ်ကြသေးတာပဲ သားရဲ့အမြင်အာရုံတွေပြန်ရအောင် သူလုပ်ပေးတာ ဘယ်လောက်တောင်ကျေးဇူးကြီးလဲ သူပေးလည်းငါပြန်လုပ်ပေးရတာပဲ ကျေးဇူးတင်စရာမလိုဘူးဆိုတဲ့စိတ်တွေထားကြလို့ လူ့ဝန်းကျင်ကြီးကပျက်ဆီးနေတာ မှတ်ထားသား သူကောင်းကောင်းမကောင်းကောင်း ကိုယ်ကကောင်းအောင်နေ ကိုယ့်အပေါ်ကောင်းခဲ့တာတွေအတွက် ဘယ်သောမှမမေ့လျော့နဲ့ ဒီလောကမှာ ကျေးဇူးတရားမေ့တတ်တာလောက်ရိုင်းစိုင်းတာမရှိဘူး"
"ဟုတ်ကဲ့ပါ မမ သားမှတ်ထားပါ့မယ် "
"ကိုယမ်းစက်ရှင်ပြောတဲ့စကားတွေနားထောင်ရမယ်နော် သားသား လိမ်လိမ်မာမာနေပြီး အလိုက်သိရမယ်"
"ဟုတ်ကဲ့ သားမမစကားတွေအကုန်နားထောင်ပါ့မယ် မမသာသားဆီအမြန်ဆုံးလာခဲ့ပါနော်"
ပြောရင်း သားငိုချလာတော့ သူမရင်ထဲနာမိသည်။ဟင့်အင်း.... မငိုပါနဲ့သားရယ်..........
သူမသာသေလောက်အောင်နာကျင်ပါစေ။သားမျက်ရည်ကိုတော့အလိုမရှိပါ။ အက္ခရာ အံကိုတင်းတင်းကြိတ်ထားလိုက်ရင်းနှင့်
"မငိုနဲ့သားမျက်ရည်ကျတာ မမမမြင်ချင်ဘူးနော်"
လေသံမာသွား၍ထင့်။သားမျက်ရည်ကို ကပျာကယာသုတ်ရင်း သူမကိုတင်းတင်းဖက်ထားရှာသည်။
သားသားငိုတာမကြိုက်သော အက္ခရာမေ ..
သားကိုပွေ့ဖက်ရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေမိ၏။ ရိူက်သံမထွက်အောင်ထိန်းထားရင်း ရင်တွေကွဲလုမတက်... ခွဲခွာမူအတွက်နာကျင်မှုက တနင့်တပိုး...
ဝမ်းနည်းခြင်းတွေကိုခံစားမိသယောင်နှင့်
ဥယျာဉ်ကြီးက တိတ်ဆိတ်လို့......
ပန်းတွေလည်းမမွေးတော့ပါ...ဌက်တွေတောင်ယတေးမသီတော့။ အရာရာဟာ ငြိမ်သက်လို့..။
မျက်ရည်တွေကြားမှသူမတိုးတိတ်စွာ ဆုတောင်းနေမိ၏။ ဖေဖေနဲ့မေမေသားသားကို စောင့်ရှောက်ပေးပါ
ဟင့်အင်း.......အက္ခရာကိုမေ့ချင်မေ့ထားပါ
သား ကိုပဲစောင့်ရှောက်ပါ။သားက အက္ခရာဘဝမို့ပါ။ သားအပေါ်သူမ၏ချစ်ခြင်းမေတ္တာတွေ
ဖြူစင်သန့်စင်ခဲ့ပါသည်။
ဤမှန်သော သစ္စာတရားကြောင့်.......
သားဘဝ ငြိမ်းချမ်းရပါစေလို၏။
ဆက်ရန်......