Unicode
ကား၀န်းထဲထိ အမေနဲ့သီရိမကိုလိုက်ပို့ပေးရသည်။
အမေနဲ့တစ်ခါမှ မခွဲဖူးလို့လားမသိဘူး စိတ်ထဲ ၀မ်းနည်းသလိုကြီး။ဖြစ်နိုင်ရင် မသွားနဲ့တော့ဆိုပြီး
အထုပ်ဆွဲပြီး အိမ်သာပြန်ခေါ်လာချင်တယ်။သူတို့ညီအမချင်းလည်း
မတွေ့တာကြာပြီဆိုလို့သာ တကယ်မခွဲချင်ဘူး။
"ဟဲ့ဒီရေ နင့်မျက်ကြီးက ဘာဖြစ်လို့ ရှုံ့မဲ့နေတာလည်း"
နားရင်းသာပြေးအုပ်ချင်တယ် သီရိမကို ဒီမှာ ၀မ်းနည်းနေပါတယ်ဆိုမှ ရန်လာစပြန်ပြီ။
"နင့်အပူလား"
ငါ့အပူပေါ့ ငါ့မောင်လေးရယ် ။နင့်ဘ၀ကြီးတစ်ခုလုံးကို
အကိုသေးသေးလေးလက်ထဲကို ငါထည့်ခဲ့တာပဲဟာ။
ငါ့မောင်လေး လင်ကောင်းသားကောင်းရစေချင်တဲ့
ဒီအမရဲ့ စေတနာပါ။
"သား ဒီရေ အိမ်မှာပဲနေနော် ဘယ်မှလျှောက်မသွားနဲ့
အရက်ဝိုင်းကော ဖဲဝိုင်းကော ပြဿနာဖြစ်ရင် အမေလည်း ဒီမှာရှိတာမဟုတ်တော့ လိုက်ရှင်းပေးနိုင်မှာမဟုတ်ဘူး။လိမ်လိမ်မာမာနေ
စိတ်ပူရအောင် မလုပ်နဲ့ ကြားလား"
"ကြားပါတယ် အမေရယ် အမေမှာနေတာ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ဘူး သား
နားတွေလည်းလျှံကျကုန်ပြီ"
"ဒေါ်လေး အကိုအာကာစကားကိုလည်း နားထောင်ဖို့
မှာခဲ့အုံးလေ ဟိုက အဖော်လာနေပေးမှာ ပြီးတော့
အကြီးလေ ဒီရေအကြောင်းက ဒေါ်လေးလည်း သိရဲ့နဲ့"
ဝိုင်းလှော်နေတဲ့ သီရိမကို အဝေးကြီးရောက်သွားအောင်သာ ကန်ထုတ်လိုက်ချင်ပြီ။ကားမြန်မြန်ထွက်ပါတော့။
"အာကာကိုလည်း ရိုရိုသေေသနဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံနော်
ဟိုကလေးက ဘာမှ မဟုတ်တာလုပ်တာမရှိဘူး
နင်ပဲ ဖျက်လိုဖျက်ဆီးသွားသွားလုပ်နေတာ"
အမေရေ အမေမှားနေပြီ။အမေ့သားကို ဖျက်ဆီးသွားတာ အဲ့အကောင်အမေရဲ့။ဘုရားမှတ်လို့ရှိခိုး ကိုးကွယ်
ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆိုသလို အဲ့အကောင်က
ဖွတ်မှ ဖွတ်။ဖွတ်တောင် ရိုးရိုးဖွတ်မဟုတ်ဘူး ဖွတ်မုဒိမ်းကြီး။
"ဒေါ်လေး ကားထွက်တော့မယ် တက်ရအောင်"
ကားပေါ်အထုပ်တွေ ဝိုင်းတင်ပေးပြီး ကားထွက်မှပဲ
ပြန်လာခဲ့သည်။အိမ်မှာ အမေမရှိတာကို သတိရမိတော့
အိမ်တောင်မပြန်ချင်ဘူး။ ကလေးဘ၀ထဲက အမေနဲ့ မတည့်အတူနေ နေခဲ့ရတော့ အမေမရှိတော့ ရင်ထဲဟာတာတာကြီး။အမေသာ တစ်သက်လုံးသူ့ကို ထားသွားရင် တွေးတောင်မတွေးရဲပါ။
အိမ်မပြန်ချင်တာနဲ့ တစ်နေကုန် ဆိုင်ကယ်ပတ်စီးနေမိသည်။ငါးနာရီကျော် ခြောက်နာရီလောက်မှ အိမ်ပြန်လာခဲ့သည်။
"ဒီရေ ဘာလို့ အိမ်ပြန်နောက်ကျရတာလည်း ဒီမှာ စိတ်ပူနေရတယ် "
အိမ်ပေါက်၀ရောက်ရောက်ချင်း အပြောခံလိုက်ရသောကြောင့် ၀မ်းနည်းမှုတွေကနေ
ဒေါသအဖြစ်ကူးပြောင်ူသွားသည်။
"ခင်များစောက်ပူပါလား။ ဘယ်သွားတယ် ဘာလုပ်တယ်နေရာတကာ သံတော်ဦးလိုက်တင်နေရအောင် ခင်များက ကျုပ်အဖေလား"
ကွက်ခနဲ ပျက်သွားတဲ့ မျက်နှာနုနုက ကိုယ့်စကားရိုင်းသွားကြောင်းကို သိသာစေသည်။ကိုယ့်ဘက်က လွန်သွားတယ်ဆိုပေမဲ့
မတောင်းပန်ချင်ဘူး။ဒီအသက်အရွယ်ထိ ဘယ်သူ့ကိုမှ
မတောင်းပန်ဖူးသလို အားလည်းမနာဖူးဘူး။
"ဆောရီး ရေချိုးတော့လေ ကိုယ်ထမင်းပွဲပြင်ထားလိုက်မယ်"
ကိုယ်က အစိုးရိမ်လွန်ပြီးပြောတယ်ဆိုပေမဲ့ တစ်ဖက်ကကျတော့ အရွယ်ရောက်ပြီးသား ယောကျာ်းပျို။ဘာပဲလုပ်လုပ် သူ့စိတ် သူ့သဘောအတိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ကိုယ့်နဲ့
သွေးသားတော်စပ်တာလည်းမဟုတ်ပဲနဲ့ တားဆီးပိတ်ပင်ပိုင်ခွင့်မရှိဘူးဆိုတာ မေ့သွားေလာက်သည့်အထိ မင်းအပေါ် စိုးရိမ်လွန်သွားခဲ့တာ။
ရေကမန်းကတန်းချိုးပြီး ၀တ်နေကျ စပို့ရှပ်အစိမ်းရောင်နဲ့ ဘောင်းဘီတိုကို ၀တ်လိုက်ရင်
ရေချိုးခြင်းမှု ပြီးစီးပြီ။နက်မှောင်နေတဲ့ ဆံပင်တွေကို
နဖူးပေါ်ပြေမကျအောင် ခေါင်းစီသရေကြိုးလေးနဲ့
စီးလိုက်ရင် အားလုံး perfectဖြစ်ပြီ။
တစ်နေကုန်ေလျှာက်သွားနေတုန်းက မဆာတဲ့ဗိုက်က
အိမ်ရောက်မှာ အတိုးနဲ့အရင်းပေါင်းပြီး ဆာနေပြီမို့
မီးဖိုခန်းထဲကို အပြေးသွားရသည်။ထမင်းခူးပေးနေတဲ့
အသေးလေးကို တွေ့မှ ဟန်ကိုယ့်ဖို့ မာန်ကိုယ့်ဖို့ အရှိန်သတ်လိုက်သည်။
"ဘာတွေ ချက်ထားတာလဲ"
"ကြက်အသည်းအမြစ်ကို အခြောက်ချက်လေးချက်ပြီး
ဟင်းချိုရယ် မင်းအကြိုက် ဆူးပုတ်ရွက်နဲ့ ကြက်ဥကြော်တယ်"
ဝါးးးမွှေးပြန့်နေတဲ့ ဟင်းအနံ့က ဗိုက်ထဲက ပိုးမွှားတွေကို ပိုပြီး ဆာလောင်စေသည်။
အမေ့ကို စားခါနီးတိုင်း ဦးချနေကျမို့ ခပ်ပြီးထည့်ပေး
မယ်ဆိုတော့ မှ အမေကမရှိ။ခပ်ပြီးမှ ရှက်ရှက်နဲ့ ရှိတဲ့လူပဲ ဦးချလိုက်ရသည်။ဦးမချပဲ ကိုယ့်ပန်းကန်ထဲ
ခပ်မထည့်တတ်တာ။
ဦးချပြီးမှ ရှက်ပြီး နားရွက်တွေပါရဲတက်နေတဲ့ ကောင်ငယ်လေးကို စိတ်ရှိလက်ရှိ ဖက်နမ်းပစ်ချင်လိုက်တာ။စားခါနီးမို့ ဦးချတာပါတဲ့
ဒီလိုသာ တစ်သက်လုံးနေသွားရမယ်ဆို ငပိရည်နဲ့လည်းစားနိုင်မယ်ထင်တယ်။
အချစ်တွေက
ချိုမြိန်လိုက်တာကွာ။
"စောစောက ကိုယ်မေးမိတာအတွက် ဆောရီးနော်
ကိုယ်က ဒီမြို့မှာ လည်လည်၀ယ်၀ယ်နဲ့ ကျွမ်းကျွမ်းကျင်ကျင်မရှိဘူးလေ တစ်ခုခုဆို
ကိုယ်က ဘယ်မှ မသွားတတ် မလာတတ်တော့
စိတ်ပူပေးရုံပဲ ရတာမို့လို့"
ဒီလူကတော့ မျက်နှာပူအောင်လုပ်နေပြန်ပြီ။အားနာပါတယ်ဆိုမှပဲ။
ခင်များ အပြစ်မှ မဟုတ်တာကို တောင်းပန်မနေနဲ့လေ။
မျက်မှန်အောက် မျက်၀န်းဝိုင်းဝိုင်းတွေကို ကြည့်မိတော့ စိတ်မကောင်းဟန်အပြည့်။ဘာကြောင့်
ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့များ ခံစားနေရတာပါလိမ့်။
"ရပါတယ် စားပြီးရင် ပန်းကန်တွေ ကျွန်တော်သိမ်းလိုက်မယ်"
ဒီကောင်လေး ကျွန်တော်လို့ ယဉ်ယဉ်ကျေးကျေးသုံးနှုန်းပုံအရ စိတ်ဆိုးပြေပြီဆိုတာ အတပ်သိလိုက်သည်။ထစ်ခနဲရှိ ဒေါသကြီးပြီး စိတ်ဆိုးတတ်ပေမဲ့လည်း ကြာကြာစိတ်မဆိုးတတ်ပြန်ဘူး။
"ဟင် ခင်များက ဒီမှာ အိပ်မှာလား"
ထမင်းစားပြီး အိပ်ယာထဲ၀င်လှဲနေတုန်း စောင်နဲ့ ခေါင်းအုံးပိုက်ပြီး ၀င်လာတဲ့ ပိစိကြောင့်မျက်လုံးပြူးသွားရသည်။
"ကိုယ်က သူများအိမ်မှာဆို တစ်ယောက်ထဲ မအိပ်တတ်လို့ အိပ်မယ်နော်"
ဟင့်အင်း တစ်ခါသေဖူး ပျဉ်ဖိုးနားလည်တဲ့။တစ်ခါပဲခံမယ် နှစ်ခါမခံနိုင်....
အယ်....ထားပါတော့ နှစ်ခါ မအိပ်နိုင်ဘူး။
"မရဘူး ခင်များ ကိုယ့်ဘာသာအိပ် မယုံဘူးခင်များကို
တစ်ခါပဲရမယ် နှစ်ခါမရဘူး"
"အင်းပါ ကိုယ်လည်း မယူတော့ပါဘူး"
ချီးပဲ!ဒီစောက်အသေးလေး ငါ့ကိုရွဲ့များရွဲ့နေတာလား။
ခေါင်းအုံးပိုက်ပြီး မျက်နှာငယ်လေးနဲ့ရပ်နေပုံက
တစ်ကယ် သနားစရာ။ကျားသနားမှ နွားချမ်းသာမယ်ဆိုတဲ့ စကားပုံကိုပြောင်းပြန်လှန်ပစ်မှဖြစ်မယ်။နွားသနားရင်
ကျားချမ်းသာမယ်။မသနားနဲ့ဒီရေ အဲ့တာ ထောင်ချောက်။
"လုပ်ပါ ကိုယ်တကယ်မအိပ်တတ်လို့"
နောက်နေ့updateမသေချာပါ။ဒီနေ့လည်း ကိုယ်upပေးဖို့ တော်တော်စဉ်းစားရပါတယ်။စိတ်ဖိစီးမှု
များနေလို့ upဖို့တော်တော်အရှိန်ယူရပါတယ်။ဘာပဲဖြစ်ဖြစ် အားလုံးကို ချစ်တယ်နော်🙆
Zawgyi
ကား၀န္းထဲထိ အေမနဲ႕သီရိမကိုလိုက္ပို႔ေပးရသည္။
အေမနဲ႕တစ္ခါမွ မခြဲဖူးလို႔လားမသိဘူး စိတ္ထဲ ၀မ္းနည္းသလိုႀကီး။ျဖစ္နိုင္ရင္ မသြားနဲ႕ေတာ့ဆိုၿပီး
အထုပ္ဆြဲၿပီး အိမ္သာျပန္ေခၚလာခ်င္တယ္။သူတို႔ညီအမခ်င္းလည္း
မေတြ႕တာၾကာၿပီဆိုလို႔သာ တကယ္မခြဲခ်င္ဘူး။
"ဟဲ့ဒီေရ နင့္မ်က္ႀကီးက ဘာျဖစ္လို႔ ရႈံ႕မဲ့ေနတာလည္း"
နားရင္းသာေျပးအုပ္ခ်င္တယ္ သီရိမကို ဒီမွာ ၀မ္းနည္းေနပါတယ္ဆိုမွ ရန္လာစျပန္ၿပီ။
"နင့္အပူလား"
ငါ့အပူေပါ့ ငါ့ေမာင္ေလးရယ္ ။နင့္ဘ၀ႀကီးတစ္ခုလုံးကို
အကိုေသးေသးေလးလက္ထဲကို ငါထည့္ခဲ့တာပဲဟာ။
ငါ့ေမာင္ေလး လင္ေကာင္းသားေကာင္းရေစခ်င္တဲ့
ဒီအမရဲ႕ ေစတနာပါ။
"သား ဒီေရ အိမ္မွာပဲေနေနာ္ ဘယ္မွေလွ်ာက္မသြားနဲ႕
အရက္ဝိုင္းေကာ ဖဲဝိုင္းေကာ ျပႆနာျဖစ္ရင္ အေမလည္း ဒီမွာရွိတာမဟုတ္ေတာ့ လိုက္ရွင္းေပးနိုင္မွာမဟုတ္ဘူး။လိမ္လိမ္မာမာေန
စိတ္ပူရေအာင္ မလုပ္နဲ႕ ၾကားလား"
"ၾကားပါတယ္ အေမရယ္ အေမမွာေနတာ ဘယ္ႏွစ္ေခါက္မွန္းေတာင္ မသိေတာ့ဘူး သား
နားေတြလည္းလွ်ံက်ကဳန္ၿပီ"
"ေဒၚေလး အကိုအာကာစကားကိုလည္း နားေထာင္ဖို႔
မွာခဲ့အုံးေလ ဟိုက အေဖာ္လာေနေပးမွာ ၿပီးေတာ့
အႀကီးေလ ဒီေရအေၾကာင္းက ေဒၚေလးလည္း သိရဲ႕နဲ႕"
ဝိုင္းေလွာ္ေနတဲ့ သီရိမကို အေဝးႀကီးေရာက္သြားေအာင္သာ ကန္ထုတ္လိုက္ခ်င္ၿပီ။ကားျမန္ျမန္ထြက္ပါေတာ့။
"အာကာကိုလည္း ရိုရိုေသေသနဲ႕ေကာင္းေကာင္းမြန္မြန္ဆက္ဆံေနာ္
ဟိုကေလးက ဘာမွ မဟုတ္တာလုပ္တာမရွိဘူး
နင္ပဲ ဖ်က္လိုဖ်က္ဆီးသြားသြားလုပ္ေနတာ"
အေမေရ အေမမွားေနၿပီ။အေမ့သားကို ဖ်က္ဆီးသြားတာ အဲ့အေကာင္အေမရဲ႕။ဘုရားမွတ္လို႔ရွိခိုး ကိုးကြယ္
ဖြတ္ထြက္မွ ေတာင္ပို႔မွန္းသိဆိုသလို အဲ့အေကာင္က
ဖြတ္မွ ဖြတ္။ဖြတ္ေတာင္ ရိုးရိုးဖြတ္မဟုတ္ဘူး ဖြတ္မုဒိမ္းႀကီး။
"ေဒၚေလး ကားထြက္ေတာ့မယ္ တက္ရေအာင္"
ကားေပၚအထုပ္ေတြ ဝိုင္းတင္ေပးၿပီး ကားထြက္မွပဲ
ျပန္လာခဲ့သည္။အိမ္မွာ အေမမရွိတာကို သတိရမိေတာ့
အိမ္ေတာင္မျပန္ခ်င္ဘူး။ ကေလးဘ၀ထဲက အေမနဲ႕ မတည့္အတူေန ေနခဲ့ရေတာ့ အေမမရွိေတာ့ ရင္ထဲဟာတာတာႀကီး။အေမသာ တစ္သက္လုံးသူ႕ကို ထားသြားရင္ ေတြးေတာင္မေတြးရဲပါ။
အိမ္မျပန္ခ်င္တာနဲ႕ တစ္ေနကုန္ ဆိုင္ကယ္ပတ္စီးေနမိသည္။ငါးနာရီေက်ာ္ ေျခာက္နာရီေလာက္မွ အိမ္ျပန္လာခဲ့သည္။
"ဒီေရ ဘာလို႔ အိမ္ျပန္ေနာက္က်ရတာလည္း ဒီမွာ စိတ္ပူေနရတယ္ "
အိမ္ေပါက္၀ေရာက္ေရာက္ခ်င္း အေျပာခံလိုက္ရေသာေၾကာင့္ ၀မ္းနည္းမႈေတြကေန
ေဒါသအျဖစ္ကူးေျပာင္ူသြားသည္။
"ခင္မ်ားေစာက္ပူပါလား။ ဘယ္သြားတယ္ ဘာလုပ္တယ္ေနရာတကာ သံေတာ္ဦးလိုက္တင္ေနရေအာင္ ခင္မ်ားက က်ဳပ္အေဖလား"
ကြက္ခနဲ ပ်က္သြားတဲ့ မ်က္ႏွာႏုႏုက ကိုယ့္စကားရိုင္းသြားေၾကာင္းကို သိသာေစသည္။ကိုယ့္ဘက္က လြန္သြားတယ္ဆိုေပမဲ့
မေတာင္းပန္ခ်င္ဘူး။ဒီအသက္အ႐ြယ္ထိ ဘယ္သူ႕ကိုမွ
မေတာင္းပန္ဖူးသလို အားလည္းမနာဖူးဘူး။
"ေဆာရီး ေရခ်ိဳးေတာ့ေလ ကိုယ္ထမင္းပြဲျပင္ထားလိုက္မယ္"
ကိုယ္က အစိုးရိမ္လြန္ၿပီးေျပာတယ္ဆိုေပမဲ့ တစ္ဖက္ကက်ေတာ့ အ႐ြယ္ေရာက္ၿပီးသား ေယာက်ာ္းပ်ိဳ။ဘာပဲလုပ္လုပ္ သူ႕စိတ္ သူ႕သေဘာအတိုင္း လုပ္ပိုင္ခြင့္ရွိတယ္။ကိုယ့္နဲ႕
ေသြးသားေတာ္စပ္တာလည္းမဟုတ္ပဲနဲ႕ တားဆီးပိတ္ပင္ပိုင္ခြင့္မရွိဘူးဆိုတာ ေမ့သြားေလာက္သည့္အထိ မင္းအေပၚ စိုးရိမ္လြန္သြားခဲ့တာ။
ေရကမန္းကတန္းခ်ိဳးၿပီး ၀တ္ေနက် စပို႔ရွပ္အစိမ္းေရာင္နဲ႕ ေဘာင္းဘီတိုကို ၀တ္လိုက္ရင္
ေရခ်ိဳးျခင္းမႈ ၿပီးစီးၿပီ။နက္ေမွာင္ေနတဲ့ ဆံပင္ေတြကို
နဖူးေပၚေျပမက်ေအာင္ ေခါင္းစီသေရႀကိဳးေလးနဲ႕
စီးလိုက္ရင္ အားလုံး perfectျဖစ္ၿပီ။
တစ္ေနကုန္ေလွ်ာက္သြားေနတုန္းက မဆာတဲ့ဗိုက္က
အိမ္ေရာက္မွာ အတိုးနဲ႕အရင္းေပါင္းၿပီး ဆာေနၿပီမို႔
မီးဖိုခန္းထဲကို အေျပးသြားရသည္။ထမင္းခူးေပးေနတဲ့
အေသးေလးကို ေတြ႕မွ ဟန္ကိုယ့္ဖို႔ မာန္ကိုယ့္ဖို႔ အရွိန္သတ္လိုက္သည္။
"ဘာေတြ ခ်က္ထားတာလဲ"
"ၾကက္အသည္းအျမစ္ကို အေျခာက္ခ်က္ေလးခ်က္ၿပီး
ဟင္းခ်ိဳရယ္ မင္းအႀကိဳက္ ဆူးပုတ္႐ြက္နဲ႕ ၾကက္ဥေၾကာ္တယ္"
ဝါးးးေမႊးျပန႔္ေနတဲ့ ဟင္းအနံ႕က ဗိုက္ထဲက ပိုးမႊားေတြကို ပိုၿပီး ဆာေလာင္ေစသည္။
အေမ့ကို စားခါနီးတိုင္း ဦးခ်ေနက်မိဳ႕ ခပ္ၿပီးထည့္ေပး
မယ္ဆိုေတာ့ မွ အေမကမရွိ။ခပ္ၿပီးမွ ရွက္ရွက္နဲ႕ ရွိတဲ့လူပဲ ဦးခ်လိဳက္ရသည္။ဦးမခ်ပဲ ကိုယ့္ပန္းကန္ထဲ
ခပ္မထည့္တတ္တာ။
ဦးခ်ၿပီးမွ ရွက္ၿပီး နား႐ြက္ေတြပါရဲတက္ေနတဲ့ ေကာင္ငယ္ေလးကို စိတ္ရွိလက္ရွိ ဖက္နမ္းပစ္ခ်င္လိုက္တာ။စားခါနီးမို႔ ဦးခ်တာပါတဲ့
ဒီလိုသာ တစ္သက္လုံးေနသြားရမယ္ဆို ငပိရည္နဲ႕လည္းစားနိုင္မယ္ထင္တယ္။
အခ်စ္ေတြက
ခ်ိဳၿမိန္လိုက္တာကြာ။
"ေစာေစာက ကိုယ္ေမးမိတာအတြက္ ေဆာရီးေနာ္
ကိုယ္က ဒီၿမိဳ႕မွာ လည္လည္၀ယ္၀ယ္နဲ႕ ကြၽမ္းကြၽမ္းက်င္က်င္မရွိဘူးေလ တစ္ခုခုဆို
ကိုယ္က ဘယ္မွ မသြားတတ္ မလာတတ္ေတာ့
စိတ္ပူေပး႐ုံပဲ ရတာမို႔လို႔"
ဒီလူကေတာ့ မ်က္ႏွာပူေအာင္လုပ္ေနျပန္ၿပီ။အားနာပါတယ္ဆိုမွပဲ။
ခင္မ်ား အျပစ္မွ မဟုတ္တာကို ေတာင္းပန္မေနနဲ႕ေလ။
မ်က္မွန္ေအာက္ မ်က္၀န္းဝိုင္းဝိုင္းေတြကို ၾကည့္မိေတာ့ စိတ္မေကာင္းဟန္အျပည့္။ဘာေၾကာင့္
ကိုယ့္ကိုကိုယ္ အျပစ္ရွိတယ္လို႔မ်ား ခံစားေနရတာပါလိမ့္။
"ရပါတယ္ စားၿပီးရင္ ပန္းကန္ေတြ ကြၽန္ေတာ္သိမ္းလိုက္မယ္"
ဒီေကာင္ေလး ကြၽန္ေတာ္လို႔ ယဥ္ယဥ္ေက်းေက်းသုံးႏႈန္းပုံအရ စိတ္ဆိုးေျပၿပီဆိုတာ အတပ္သိလိုက္သည္။ထစ္ခနဲရွိ ေဒါသႀကီးၿပီး စိတ္ဆိုးတတ္ေပမဲ့လည္း ၾကာၾကာစိတ္မဆိုးတတ္ျပန္ဘူး။
"ဟင္ ခင္မ်ားက ဒီမွာ အိပ္မွာလား"
ထမင္းစားၿပီး အိပ္ယာထဲ၀င္လွဲေနတုန္း ေစာင္နဲ႕ ေခါင္းအုံးပိုက္ၿပီး ၀င္လာတဲ့ ပိစိေၾကာင့္မ်က္လုံးျပဴးသြားရသည္။
"ကိုယ္က သူမ်ားအိမ္မွာဆို တစ္ေယာက္ထဲ မအိပ္တတ္လို႔ အိပ္မယ္ေနာ္"
ဟင့္အင္း တစ္ခါေသဖူး ပ်ဥ္ဖိုးနားလည္တဲ့။တစ္ခါပဲခံမယ္ ႏွစ္ခါမခံနိုင္....
အယ္....ထားပါေတာ့ ႏွစ္ခါ မအိပ္နိုင္ဘူး။
"မရဘူး ခင္မ်ား ကိုယ့္ဘာသာအိပ္ မယုံဘူးခင္မ်ားကို
တစ္ခါပဲရမယ္ ႏွစ္ခါမရဘူး"
"အင္းပါ ကိုယ္လည္း မယူေတာ့ပါဘူး"
ခ်ီးပဲ!ဒီေစာက္အေသးေလး ငါ့ကို႐ြဲ႕မ်ား႐ြဲ႕ေနတာလား။
ေခါင္းအုံးပိုက္ၿပီး မ်က္ႏွာငယ္ေလးနဲ႕ရပ္ေနပုံက
တစ္ကယ္ သနားစရာ။က်ားသနားမွ ႏြားခ်မ္းသာမယ္ဆိုတဲ့ စကားပုံကိုေျပာင္းျပန္လွန္ပစ္မွျဖစ္မယ္။ႏြားသနားရင္
က်ားခ်မ္းသာမယ္။မသနားနဲ႕ဒီေရ အဲ့တာ ေထာင္ေခ်ာက္။
"လုပ္ပါ ကိုယ္တကယ္မအိပ္တတ္လို႔"
ေနာက္ေန႕updateမေသခ်ာပါ။ဒီေန႕လည္း ကိုယ္upေပးဖို႔ ေတာ္ေတာ္စဥ္းစားရပါတယ္။စိတ္ဖိစီးမႈ
မ်ားေနလို႔ upဖို႔ေတာ္ေတာ္အရွိန္ယူရပါတယ္။ဘာပဲျဖစ္ျဖစ္ အားလုံးကို ခ်စ္တယ္ေနာ္🙆